**သော့လေးတစ်ချောင်းပဲလိုပါတယ်..**

သူငယ်ချင်းမောင်နှများအားလုံးကောင်းသောနေ့လေးပါနော်..

ဆုဂျေကိုတစ်နေ့က...သူငယ်ချင်းလေးတစ်ယောက်ကမေးတယ်..ဆုဂျေကငယ်ငယ်လေးနဲ့..ဘာလို့အောင်မြင်တာလဲတဲ့..

ဆုဂျေကတော့..ကိုယ့်ကိုကိုယ်..ရိုးရိုးလေးပဲမြင်ပါတယ်..သူပြောသလိုလည်းတစ်ခါမှတော့..မထင်ခဲ့မိပါဘူး..မှန်တာပြော

တာပါ...တကယ်တော့..အောင်မြင်မှုဆိုတာ..လူသားတိုင်းတောင့်တကြတယ်မဟုတ်ပါလားရှင်..

ဒီတော့..အောင်မြင်မှုတစ်ခုရဖို့..ဘာတွေလိုအပ်လဲ..ကြည့်ကြည့်ရအောင်လား...

ဆုဂျေကတော့..SUCCESS ဆိုတဲ့စကားလုံးလေးတွေကိုအခြေခံပြီး..တွေးယူပြလိုက်ပါတယ်နော်..သူငယ်ချင်းတို့နဲ့..

ယုံကြည်ချက်ကတော့..တူချင်မှတူမယ်လို့..ဆုဂျေကြိုတင်ပြောကြားပါတယ်နော်...ဆုဂျေရဲ့အတွေးလေးသက်သက်ပါနော်..



**S=Sympathy =ကိုယ်ချင်းစာတရား..

ဒီစကားလုံးလေးကတော့..ရိုးရိုးလေးပါ..သူတစ်ပါးနေရာမှာ..စာနာစိတ်လေးထားခိုင်းတာပါနော်..

တကယ်တော့..ပြောတော့သာလွယ်တာပါ..တကယ်စစ်မှန်တဲ့စာနာစိတ်ထားဖို့ဆိုတာကတော့..အခက်သားမလား..

ခေတ်ကြီးကိုက..ကိုယ့်ထက်သာမနာလိုခေတ်လေ..ဟုတ်တယ်ဟုတ်..ဘာပဲဖြစ်ဖြစ်..ဆုဂျေချစ်တဲ့သူငယ်ချင်းတို့အနေနဲ့..

စစ်မှန်တဲ့ကိုယ်ချင်းစာနာစိတ်လေးထားပြီး.နေထိုင်မယ်ဆိုရင်..အောင်မြင်လာမှာမလွဲပါဘူးရှင်..



**U=Utmost=အစွမ်းကုန်..

ဒီစကားလေးအတိုင်းဘာပဲလုပ်လုပ်..ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်..အားသွန်ခွန်စိုက်..ကြိုးစားလုပ်ဆောင်

မယ်ဆိုရင်ဖြင့်..ကံတရားကလည်း..မိမိဘက်မှာရှိလာမယ်လို့..ဆုဂျေယုံတယ်နော်..အခက်မခဲတွေ့လည်းခဏပေါ့...တစ်ခါနဲ့

မအောင်မြင်ရင်..အခါခါသာအစွမ်းကုန်ဆက်လုပ်ပါလို့..ဆုဂျေအကြံပေးပါရစေနော်..



**C=Control=ထိန်းချုပ်နိုင်မှု..

ထိန်းချုပ်နိုင်တယ်ဆိုတာ..စောင့်ထိန်းခြင်းတစ်မျိုးမဟုတ်ပါလားရှင်..ဘယ်နယ်ပယ်မှားပဲဖြစ်ပါစေ..

မလုပ်သင့်မလုပ်ထိုက်တာကို..စောင့်ထိန်းနိုင်ရင်..နာကျင်မှုနဲ့ဝေးပြီပေါ့နော်..နောက်ပြီး..မိန်းကလေးတွေအနေနဲ့လည်း..

မိမိစောင့်ထိန်းအပ်တဲ့...ကိုယ်ကျင့်တရား...ဂုဏ်သိက္ခာကို..အသက်လိုတန်ဘိုးထားမယ်ဆိုရင်ဖြင့်..အောင်မြင်တဲ့..

မိန်းမကောင်းလေးတွေဖြစ်လာမှာ..အမှန်ပဲမဟုတ်လားရှင်..



**C=Courage=သတ္တိ..

ဘာပဲလုပ်လုပ်..သတ္တိရှိရှိနဲ့လုပ်ဆောင်တဲ့သူနဲ့..ကြောက်တတ်တဲ့သူဆိုရင်..သတ္တိရှိရှိနဲ့လုပ်ဆောင်တတ်သူ

က..တစ်ပန်းသာစမြဲနော်..အခွင့်အရေးကောင်းဆိုတာကလည်း..မိမိရဲ့..လုပ်ဆောင်နိုင်စိတ်...မိမိကိုယ်ကိုအားကိုးချင်စိတ်

တွေအပေါ်မှာပဲ..မှီတည်နေတယ်မဟ်ုလားရှင်..ဒီတော့..သူငယ်ချင်းတို့ရေ...မကြောက်ရဘူးနော့..



**E=Empathy=မျှဝေခံစားခြင်း..

မိတ်ဆွေကောင်း..သူငယ်ချင်းကောင်းတွေအတွက်..အလွန်အင်မတန်..တန်ဘိုးရှိတဲ့..စကားလေးပါနော်..

သူတစ်ပါးခံစားချက်တွေကို..မျှဝေခံစားပေးတတ်သူသာလျှင်..မိတ်ဆွေကောင်း...သူငယ်ချင်းကောင်းတွေက..စစ်စစ်မှန်မှန်

ခင်မင်ကြ..သတိ၇ကြတယ်ဆိုတာ..ဘယ်တော့မှမမေ့ရဘူးနော်..ဆုဂျေရင်ဖွင့်မယ်..မှဝေမယ်မလား..?..း)



**S=Secrect=လျှို့ဝှက်ချက်..

ဒါကတော့..positive ဘက်ကနေကြည့်ရအောင်နော်..မိမိရဲ့လုပ်ဆောင်ချက်..မိမိရဲ့ခံယူချက်တွေကို..

ပါးစပ်ဖွာပြီးလျောက်ပြောနေမယ့်အစား..စီးဂရက်လေး.ထားကြည့်မယ်ဆိုရင်..အရာရာသိုသိပ်နိုင်တဲ့...တစ်နည်းပြောရရင်..

စနစ်ကျတဲ့သူတစ်ယောက်ဖြစ်လာမယ်မလား..သိုသိပ်နိုင်စွမ်းကလည်း..အောင်မြင်သူတွေရဲ့..စီးဂရက်ပဲလေနော်..



**S=Self-acceptance=မိမိကိုယ်ကိုလက်ခံနိုင်မှု..

ဒါကတော့..လူတစ်ယောက်ရဲ့ဘ၀မှာ..အင်မတန်အရေးကြီးပါတယ်..မိမိကိုယ်ကိုလက်ခံနိုင်တဲ့သူသာလျှင်..

အောင်မြင်ပျော်ရွှင်နိုင်ပါတယ်နော်..အဲလိုမှမဟုတ်ဘူးဆိုရင်တော့..မိမိအနေအထားကိုလည်းမသိ..မိမိယှဉ်ပြိုင်နေတဲ့သူရဲ့

အနေအထားကိုလည်းသိသိရက်နဲ့..လိုက်ပြိုင်နေရင်တော့..မိမိစိတ်က..ဘယ်လိုမှ..အေးချမ်းတော့မယ်မထင်ပါဘူးနော်..

ဒီတော့..ကိုယ်ဘာလဲဆိုတာ...အရင်သိအောင်လုပ်ကြပါစို့နော်..

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About