လမ်းခွဲဇယား..

လမ်းခွဲဇယား..
ဒီနေ့ ကျနော်နဲ့ လမ်းခွဲမယ်လို့ သူမပြောခဲ့တယ်။

မနေ့ညက တစ်ညလုံး ကျနော်အိပ်မပျော် နိုင်ခဲ့ဘူး။ ကံဆိုးစွာနဲ့
ဒီနေ့မနက်စောစော ကတည်းက မိုးရွာနေခဲ့ပြန်တယ်။ တစ်ကယ်ကို
ကျနော်ဘာလုပ်သင့်လဲ သေချာစဉ်းစား ခဲ့တယ်။ ကျနော်ထီးမစောင်းပဲ ခပ်စောစော
ထွက်လာခဲ့တယ်။ ကျနော်တို့ နောက်ဆုံး ချိန်းထားတဲ့ နေရာက ကော်ဖီဆိုင်
အစွန်ဆုံးက စားပွဲဝိုင်းလေးမှာ။ ကျနော်ရောက်တော့ သူမကရောက်နှင့် နေပြီ။
သူမဘာသာ ကော်ဖီတစ်ခွက်မှာ သောက်နေတယ်။ ကျနော်ရောက်တော့ ခံစားချက်မဲ့တဲ့
မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ ကျနော်အသက်ပါပါ ပြုံးပြလိုက်ပေမယ့်
သူမနှုတ်ခမ်းတွေ နှုတ်ဆိတ်နေခဲ့တယ်။ ကျနော်တို့ အတန်ကြာနှုတ်ဆိတ်
နေခဲ့ကြတယ်။

" လမ်းခွဲတဲ့ အတွက်စိတ်မကောင်းပါဘူး..အဲဒီအတွက်လည်း ကျမ
မတောင်းပန်နိုင်ဘူး...." လို့သူမပြောခဲ့တယ်။ ကျနော်တို့ အတန်ကြာ
ဘာမှမပြော ဖြစ်ကြပြန်ဘူး။ ခဏကြာတော့ သူမလက်သန်းကြွယ်က ပလက်တီနမ်
လက်စွပ်လေးကို ချွတ်လိုက်တယ်။ ကျနော့်ကို လှမ်းပေးခဲ့တယ်။ ကျနော့်မှာ
ပြောစရာစကား ရှားပါးနေခဲ့တယ်။

" ကျမ သွားတော့မယ်..နှုတ်ဆက်ခဲ့ပါတယ်.." တဲ့။ ကျနော် သတိဝင်လာပြီး
သူမလက်ကို လှမ်းဆွဲ လိုက်မိတယ်။ ပြီးမှ ပြန်တောင်းပန် လိုက်တယ်။

" ကိုယ်တို့ စာရင်းရှင်းကြရအောင်..." ကျနော်ခပ်တိုတို ပဲပြောပြီး
အသင့်ယူထာတဲ့ မှတ်စုစာအုပ်လေး ကိုထုတ်လိုက်တယ်။

" လမ်းခွဲဇယား "

1.1st, June, ကျနော့်မွေးနေ့မှာသူ့ကိုပထမဆုံးလက်ဆောင်ပေးခဲ့တယ်။ (Sony
Ericsson Handset = 150$)
2. 3rd, June , KFC စားကြတယ်..( 30$ / 2= 15$ per each )
3. 15th, June , သူအိမ်ပြောင်းတာ ( Taxi = 25$ for 13 minutes )
4. 30th, June , သူ့အမေအတွက် CG Brand လက်ဆွဲအိတ် ( 45 $ )
5. 15th, July, သူငယ်ချင်း မင်္ဂလာဆောင်သွားဖို့ အင်္ကျီဖိုး ( 39 $ )
6. 30th, July ,အိမ်လခစဖော်ဖိုး ခုထိပြန်မပေးရသေး ( 300 $ )
7. 17th, October, passport သက်တမ်းတိုးဖို့ အခွန်ဆောင်ပိုက်ဆံမလောက်လို့
စိုက်ထားတာ ( 50 $ )
( မှတ်ချက်။ လကုန်ရင် လွဲမယ်ဆိုပြီး ခုထိမလွဲရသေး )
8. Hari Raya Haji Holiday >> Zoo သွားတော့ လက်မှတ်ခ ( သူမနဲ့
သူမရဲ့သူငယ်ချင်းအတွက် 20 $ )
9. Phone Card ဖိုး ( Total 5 cards = 8x5= 40$ )
( Date မမှတ်မိတော့...)
10. 2006-07 New Year Night ( Party ဖိုးသူ့အတွက်စိုက်ခ = 30$ )

" ချစ်သူအတွက်နှစ်ချုပ် "

စုစုပေါင်း ရည်းစားသက်တမ်း - June to December ( 7 Months )
စုစုပေါင်း ကုန်ကျငွေ - 702 $
Remarks - ရည်းစားသက်တမ်း ၇ လအတွင်း သူမလက်ကိုသာ ကိုင်ခိုင်းခြင်း။
( ရုပ်ရှင်လက်မှတ်ဖိုးများ ထည့်မတွက်ထားပါ။ ကျနော်က လက်မှတ်ဝယ်၍
သူမကမုန့်ဝယ်သော ကြောင့်ဖြစ်သည်။ )


" ဟင်..နင်..နင်.." သူမတုန်လှုပ် စွာကျနော့်ကို အော်ခဲ့တယ်။

" နောက်တစ်နှစ်အတွက်က ဟိုဘက်စာမျက်နှာမှာပါ...." လို့ကျနော်
သူမမျက်နှာကို မကြည့်ပဲ ပြောလိုက်တယ်။ ဖြတ်ကနဲ သူမလက်ညှိုးလေးနဲ့ 2007-08
နှစ်ချုပ်လေးကို တန်းခနဲ ထောက်ကြည့် လိုက်တယ်။

" 975$ and 50cents...ဟင် ပြားငါးဆယ်က ဘာအတွက်စွန်း နေရတာလဲ...." တဲ့။

" ချစ် ဒန်ပေါက်စားတဲ့နေ့ ကတစ်ရှူးလာရောင်းလို့ ၀ယ်လိုက်တာလေ..."

" ကို..ရယ်..အဲဒီလောက်တောင် မှတ်မိတာလားဟင်..." သူမပြောနေရင်း
မျက်ရည်ဝိုင်းလာခဲ့တယ်။ ချစ်သူ သက်တမ်း တစ်လျှောက်လုံး ခေါ်လာတဲ့ " ကို "
ဆိုတဲ့အသုံးအနှုန်း ရုတ်တရက် ပြန်ပေါ်လာ ခဲ့တယ်။ ရုတ်တရက် ဆိုသလို
သူမမျက်နှာထားတင်း လာပြန်တယ်။

" အေး ..ကောင်းပြီလေ....ငါ ..နင့်ကို လကုန်ရင် ဒီငွေတွေ
အားလုံးလွဲလိုက်မယ်..." သူမ ဒေါသသံနဲ့အတူ ငိုသံပါ ရောနေခဲ့တယ်။

" ကျန်သေးတယ်...." ကျနော်ခပ်ပြတ်ပြတ် ပြောမိလိုက်တယ်။

" ဘာလဲ..ဘာကျန်သေးလဲ..နင်ဘာပြန်လိုချင်သေးလဲ..." သူမနှုတ်ခမ်းတွေ
တစ်ဆတ်ဆတ် တုန်ရီလာခဲ့တယ်။

" လက်ထဲက လက်ကိုင်ဖုန်း၊ ပြီးတော့ ဒီဖိနပ်ကလည်း Anniversary တုန်းက
အမှတ်တရ ပေးခဲ့တဲ့ဟာမလား..."

သူမဆောက်တည်ရာမရ ထထွက်သွားခဲ့တယ်။ မြက်ခင်းပြင်ပေါ် ရောက်တော့
ဖိနပ်ချွတ်ပြီး ကျနော့် ရင်ဘတ်ကို ကောက်ပေါက်ခဲ့တယ်။ မိုးတွေကလည်း
သဲကြီးမဲကြီးပါပဲ ရွာနေလိုက်ကြတာ။ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတဲ့
ပွဲကြည့်ပရိသတ်တွေ လိုပဲ။ သူမလှည့်ထွက် သွားခဲ့တယ်။ သူမငိုနေတာ
ကျနော်မြင်နေရတယ်။ ကျနော်လည်း မတတ်နိုင်တော့ဘူး။

" ခဏ..ခဏ..."

သူမကိုက်စား လုမတတ်မျက်လုံးစိမ်းကြီးတွေနဲ့ လှမ်းကြည့်နေခဲ့တယ်။ သူမနဲ့
တော်တော် ဝေးတာတောင် အသက်ရှုသံတွေ ကြားနေရတယ်။ သူမပါးမှာ မိုးရေတွေလား၊
မျက်ရည်တွေလား ကျနော်မခွဲခြား တတ်တော့ဘူး။

" ထီးလည်း ပြန်ပေးခဲ့ဦး..."

" ဘာ....!!!!!! "

*ထူးဆန်းအံ့သြဖွယ်ကောင်းသောဖိနပ်များ

















ငါးမွေးမယ်

၁။ ပုံမှန် တယ်လီဖုန်းရုံတစ်ခုကို ရေလုံအောင် ပြင်ဆင်ပြီး အလှဆင်လိုက်သော အခါ ဆန်းဆန်းပြားပြား ငါးမွေးကန်လေး ရရှိလာသည်။



၂။ Octopus Studio မှ ပုံစံထုတ်ထားသော ငါးမွေးကန်သည် အလုံးပုံ ဖန်အိုးများကို တစ်ကန်နှင့် တစ်ကန် ဆက်ထားသော ပုံစံဖြစ်ပြီး ငါးမွေးဖန်အိုးများနှင့် ငါးအများကြီး မွေးမြူလိုသူများ အတွက် ရော ကန်လည်ထွက်လိုသည့် ရွေငါးလေးများ အတွက်ရော အဆင်ပြေမည့်ပုံစံ ဖြစ်သည်။





၃။ သင့်၏ လက်ဆေး ကြွေဇလုံအောက်တွင် ငါးလေးများ ကူးခတ်နေသည့်ကို စိတ်ကူးမိပါသလား။ ဖန်သားနှင့် ပြုလုပ်ထားသော လက်ဆေးကန်ဖြစ်သည့် sink aquarium ကတော့ ထိုစိတ်ကူးကို အကောင်အထည် ဖော်ပေးပေလိမ့်မည်။



၎။ သင့် ၏ Nike Air Max 360 ဖိနပ် ဟောင်းသွားပြီးလား။ လွင့်ပြစ်ဖို့ မလုပ်ခင် အပြင်အခွံကို လှလှပပ ငါးကန်လေးအဖြစ် ဖန်တီးကြည့်ပါ။ ငါးအကြီးတွေတော့ မွေးလို့ မရဘူးပေါ့။




၅။ အကယ်၍ သင်ဟာ Apple ခရေစီ တစ်ယောက်ဖြစ်သည် ဆိုပါစို့။ သင်၏ Apple G4 Cube ကွန်ပျူတာကို မသုံးတော့ဘူးဆိုလျင် Computer Case ကို Apple တံဆိပ်နှင့် လှလှပပ ငါးကန်လေးအဖြစ် ပြောင်းလဲနိုင်ပါသည်။



၆။ ကော်ဖီစားပွဲ အောက်ဖက်မှာ အလှမွေးငါးလေးများ လှလှပပ ကူးခတ်နေသည်ကို မြင်ချင်ပါသလား။ OpulentItems.com မှာ ရောင်းချတဲ့ Coffee Table aquarium က သင့်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မှာပါ။ အောက်ခံ လျှပ်စစ်မီး၊ ရေစစ်နဲ့ ရေပန့်တွေ အပါအဝင် ဖြစ်ပြီး ဒေါ်လာ ၅၅၀ လောက်တော့ ကျသင့်ပါလိမ့်မယ်





၇။ တစ်ခါတစ်ရုံ ငါးလေးတွေကို တစ်နေရာရာ သယ်သွားဖို့ အခက်တွေ့နေလား။ ဒီ ဖန်အိုးလေးကတော့ ဒီအခက်အခဲတွေကို ပြေလည်ပါလိမ့်မယ်။



၈။ ငါးမွေးကန်တွေရဲ့ ဖန်သား ထောင့်အချွန်တွေကို မကြိုက်ဘူးဆိုရင်တော့ အခုလို အနားဝိုင်းနဲ့ ငါးမွေးကန်ကို နှစ်သက်မှာ အသေအချပါပဲ



၉။ ဆန်းဆန်းပြားပြား ငါးမွေးကန်ပါပဲ။ ကန်နှစ်ခုကို ဖန်သား ကန်တစ်ခုနဲ့ ထပ်ပြီး ဆက်သွယ်ထားတာပါ။





၁၀။ ဂျာမနီနိုင်ငံ ဘာလင်မြို့က Radisson SAS ဟိုတယ်ရဲ့ ဧည့်ခန်းမဆောင်မှာ ၁၅ မီတာ (၈၂ ပေ) မြင့်တဲ့ ငါးမွေးကန်ကြီးပါ။ ဆလင်ဒါပုံ ငါးကန်တွေထဲမှာ အကြီးဆုံး အလှမွေးငါးကန်လို့ ပြေရပါမယ်။


အချစ်

(၁) အချစ်ရှိတဲ့နေရာတိုင်းမှာ ထူးခြားဆန်းကြယ်မှုတွေရှိတယ်။

(၂) အချစ်ဆိုတာ လိပ်ပြာတစ်ကောင်ပါ။ ပျံသန်းရာနေရာတိုင်းကို ပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးတယ်။

(၃) တကယ်လို့ မင်းကိုလွမ်းတိုင်း ပန်းတစ်ပွင့်ပွင့်မယ်ဆိုရင် ငါဟာ ပန်းခင်းထဲ အမြဲလမ်းလျှောက်နေသူဖြစ်မယ်။

(၄) အချစ်မြစ်ထဲ မျှောပါနေသူတိုင်းဟာ ကဗျာဆရာဖြစ်တယ်။

(၅) အကွာအဝေးက နှလုံးသားနှစ်ခုကို ပိုနီးကပ်စေတယ်။

(၆) တကယ်လို့ ညီမျှတဲ့အချစ် မရှိနိုင်ဘူးဆိုရင် ငါ့ဖက်က ပိုတိုးပြီး ချစ်ပါရစေ။

(၇) အချစ်ဆိုတာ ကျွန်တော်တို့ရင်ထဲမှာ ရှင်သန်နေတဲ့နွှယ်ပင်ဖြစ်တယ်။

(၈) အချစ်ဆိုတာ ဘဝကို အားသစ်တိုးစေတဲ့ အကောင်းဆုံးဆေးဖြစ်တယ်။

(၉) တကယ်လို့ ကျွန်တော်တို့ကို ချစ်တဲ့လူမရှိခဲ့ရင် ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုချစ်တတ်လိမ့်မှာ မဟုတ်ဘူး။

(၁ဝ) အချစ်ကြောင့်ရလာတဲ့ ဒဏ်ရာကိုကုသတဲ့ တစ်ခုတည်းသောနည်းက လူတွေကို ဆတိုးပြီးချစ်တာပါပဲ။

(၁၁) တကယ်လို့ ရူးရူးမိုက်မိုက်မချစ်ရင် အချစ်က အချစ်မမည်ဘူး။

(၁၂) အချစ်ရှိတဲ့ နှလုံးသားက အမြဲနုပျိုလန်းဆန်းတယ်။

(၁၃) စိတ်ဝိညာဉ်က အချစ်မရှိဘဲ မရှင်သန်နိုင်ဘူး။

(၁၄) ဘဝက တိုတောင်းတယ်ဆိုပေမယ့် အချစ်က အဓွန့်ရှည်တယ်။

(၁၅) ချစ်သူတွေရဲ့အကြည့်ထဲမှာ မိုင်(၁ဝဝဝ)ဆိုတဲ့ခရီးက နီးနီးလေးပါ။

(၁၆) အချစ်က အနွေးထည်တွေထက် အအေးဓာတ်ကို ပိုလုံစေတယ်။

(၁၇) အချစ်မရှိတော့ရင် ကမ္ဘာကြီးက သုဿန်ဖြစ်သွားတယ်။

(၁၈) ဒီလောကကြီးမှာ ယောက်ျားလေးအတွက် အဖိုးတန်ဆုံးပစ္စည်းဥစ္စာက မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားဖြစ်တယ်။

(၁၉) ကျွန်တော်တို့ရဲ့ဘဝထဲက နာကျင်မှုနဲ့ လေးလံတဲ့ဝန်တွေကို ပထုတ်ပေးတဲ့ စကားလုံးတစ်လုံးရှိတယ်။ အဲဒီစကားလုံးက "အချစ်" လို့ အမည်တွင်တယ်။

(၂ဝ) မင်းမရှိတဲ့နေ့ရက်တွေက စာမျက်နှာမရှိတဲ့ စာအုပ်နဲ့တူတယ်။

(၂၁) အချစ်ဆိုတာ ဘယ်တော့မှမငြိမ်းတဲ့ မီးအိမ်တစ်လုံးပါ။

(၂၂) တကယ်လို့ ဘဝဟာ ပန်းတစ်ပွင့်ဆိုရင် အချစ်က ပျားတစ်ကောင်ဖြစ်တယ်။

(၂၃) တစ်သက်မှာ တစ်ခါလောက်မချစ်ဖူးသူဟာ ဘဝမှာ မရှင်သန်ဖူးသူဖြစ်တယ်။

(၂၄) အချင်းချင်းချစ်နေကြတဲ့ နှလုံးသားနှစ်ခုမှာ စကားလုံးတွေ များများမလိုပါဘူး။

(၂၅) အချစ်ရှိရာကိုသွားတဲ့လမ်းက ဘယ်တော့မှ မရှည်လျားဘူး။

(၂၆) အချစ်ကိုချစ်ဖို့ အချိန်နှောင်းတယ်ဆိုတာ မရှိပါဘူး။

(၂၇) အချစ်ရှိတဲ့နေရာတိုင်းမှာ မျှော်လင့်ချက်ဆိုတာရှိတယ်။

(၂၈) လှတဲ့မိန်းကလေးတစ်ယောက်ကို သင်ချစ်မိချင်မှ ချစ်မိမယ်။ ဒါပေမဲ့ သင့်အချစ်ကြောင့် မိန်းကလေးဟာ လှပသွားတတ်တယ်။

(၂၉) အချစ်က ထာဝရပါ။ သွင်ပြင်လက္ခဏာ ပြောင်းရင်ပြောင်းသွားမယ်။ အနှစ်သာရကတော့ ဘယ်တော့မှ မပြောင်းလဲဘူး။

(၃ဝ) အချစ်ဆိုတာ နေ့ရက်တွေကို ရေတွက်ဖြတ်ကျော်တာ မဟုတ်ဘူး။ နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းစေတာဖြစ်တယ်။

(၃၁) အချစ်ဆိုတာ ရက်ထည်တစ်ခုဖြစ်တယ်။ စိတ်ကူးနဲ့တန်ဆာဆင်ပြီး သဘာဝတရားအတိုင်း ရက်လုပ်တယ်။

(၃၂) ချစ်နေချိန်အတွင်းမှာ မိုက်မဲတဲ့အပြုအမူကလည်း ချစ်စရာကောင်းနေတတ်တယ်။

(၃၃) အချစ်တောင်းဆိုတဲ့ တစ်ခုတည်းသောလက်ဆောင်က အချစ်ပဲဖြစ်တယ်။

(၃၄) တစ်ကြိမ်တစ်ခါ စစ်စစ်မှန်မှန်ချစ်ခဲ့တဲ့ နှလုံးသားက ဘယ်တော့မှ မမေ့တတ်တော့ဘူး။

(၃၅) အချစ်ရဲ့အနွေးဓာတ်က မီးအပုံတစ်ထောင်ထက်တောင် ပိုပါသတဲ့။

(၃၆) အချစ်ကို ချစ်မိဖို့ခက်တယ်။ ဒါပေမဲ့ ချစ်မိပြီဆိုရင် မေ့ဖို့ ပိုခက်တယ်။


အချစ်အကြောင်းပြောနေချိန်မှာ အမုန်းတွေ ကြားဖြတ်ပြောရင် ဒါအချစ်မဟုတ်တော့ဘူး။

အချစ်အကြောင်းပဲ ပြောချင်တဲ့....

နိုင်းနိုင်းစနေ (ဘာသာပြန်သည်)

ထပ်တူညီတဲ့အချစ်....

ညနေစာအတူစားရင်း ကောင်မလေးက ကောင်လေးထံမှ သူ့ကိုချစ်ပါတယ်ဆိုတဲ့
အသံလေးကိုနားထောင်ချင်နေမိတယ်။ ဘယ်လိုပဲ ချစ်ပါတယ်လို့ စိတ်ထဲက သိနေပါစေ။
ထပ်ကာထပ်ကာ ကြားနေချင်တယ်။ မင်းကိုသိပ်ချစ်တာပဲ ဆိုတဲ့ စကားတစ်ခွန်းနဲ့
ကမ္ဘာကြီးတခုလုံးကို မေ့ထားပြီး ဒီအချစ်တခုတည်းနဲ့ လွမ်းခြုံနေချင်မိတယ်။

ဒီလိုနဲ့ ကောင်မလေးက ကောင်လေးကိုမေးလိုက်တယ်။ “ငါ့ကိုချစ်တယ်မလား” တဲ့။
ကောင်လေး က ကောင်မလေးကို စားနေရင်း တချက်မော့ကြည့်လိုက်တယ်။
ကောင်လေးတိတ်ဆိတ်နေခဲ့တယ်။
တိတ်ဆိတ်ခြင်းသည် ၀န်ခံခြင်းလို့ဆိုပေမဲ့......... ဒီနေရာမှာတော့
ကောင်မလေး ကြားချင်နေတယ်။ ကောင်မလေးက သူကြားချင်တာ မကြားရလို့
စိတ်ဆိုးလာတယ်။

ကောင်လေးကို ထပ်ပြောလိုက်တယ်။ “အပြောတွေမလိုပဲ သက်သေပြမလို့လား”။

ကောင်လေးကိုအားမလိုအားမရဖြစ်ရင်း ငွေရှင်းချိန်ရောက်တော့
သူတို့နှစ်ယောက်စားတာ ကျသင့်ငွေ ၄၀၀၀ ဖြစ်နေတယ်။ ကောင်လေးက ငွေ ၃၀၀၀
သာထုတ်ပြီး ကျန် ၁၀၀၀ ကို ကောင်မလေးဆီလှမ်းတောင်းလိုက်တယ်။
ကောင်မလေးဆီတောင်ရင်း ကောင်လေးပြောလိုက်တာကတော့
“ဒါငါ့ရဲ့အချစ်ပါ။ ငါ့ဘက်ကနေ ၄၀၀၀ ဆိုလဲ ထုတ်ပါ့မယ်။ ဒါပေမဲ့
ချစ်ခြင်းဆိုတာ အသွားတစ်ခုတည်းရှိလို့မရဘူး။ ငါ ၃ခါလောက်
နင့်ကိုချစ်တယ်ပြောရင်တောင် ၁ခါလောက် နင်ငါ့ကိုပြန်ပြောဖို့
ငါမျှော်လင့်နေတာကို သိစေချင်တယ်။ ငါလဲ နင့်အချစ်ကို လိုအပ်တယ်။”

ကောင်လေးပြလိုက်တဲ့ အချစ်ရဲ့ သက်သေဟာ ငွေကြေးကိုဆိုလိုတာမဟုတ်ပါဘူး။
တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ချစ်ခြင်းမေတ္တာမျှတာကို ပြောချင်တာပါ။
ကောင်မလေး ကြားချင်သလို ကောင်လေးလဲ ကြားချင်မှာပါ။ ငါ့ကိုချစ်လားလို့
မေးတာထက် ငါနင့်ကိုချစ်တယ်လို့ပြောရင် တစ်ဖက်ကလဲ ငါလဲနင့်ကိုချစ်တယ် လို့
ပြန်ပြောလာမှာ မလွဲပါ။ တန်ပြန်သက်ရောက်မှုနိယာမသဘောလေးပေါ့။

ချစ်ခြင်းမေတ္တာများထပ်တူကျနိုင်ပါစေ။

ပျော်ရွှင်စရာ(၁၀)ခု

ပစ္စည်းဥစ္စာ

ငွေကြေးနဲ့ ပျော်ရွှင်ခြင်းကို အတိုင်းအတာတစ်ခုအထိ ဝယ်ယူလို့ရနိုင်သလို ရာထူး၊ နေရာတွေကိုလည်း ဝယ်ယူလို့ရနိုင်ပါတယ်။ဒါပေမဲ့စားဝတ်နေရေးဆိုတာကိုဖြေရှင်းနိုင်ပြီးနောက်သင့်မှာရှိတဲ့ပိုလျှံတဲငွေတစ်ပြား တစ်ချပ်တိုင်းရဲ့အရေးပါမှုဟာသေးသထက်သေးငယ်သွားပါတယ်။

လိုအင်ဆန္ဒ

လိုအင်ဆန္ဒကပျော်ရွှင်ခြင်းရဲ့ရန်သူဖြစ်တယ်။ရောင့်ရဲတင့်တိမ်နိုင်သူမှပျော်ရွှင်တယ်။ဆန်းစစ်ချက်အရ တခြားလူနဲ့အနိမ့်အမြင့်မနှိုင်းယှဉ်ဘဲရတဲ့ပျော်ရွှင်မှုဟာဝင်ငွေကောင်းလို့ရတဲ့ပျော်ရွှင်မှုထက် ငါးဆလို့ဆိုပါတယ်။

အသိဉာဏ်

အသိဉာဏ်ရဲ့ပံ့ပိုးမှုဟာလည်း ပျော်ရွှင်ခြင်းနဲ့ သက်ဆိုင်ပါတယ်။ ဆန်းစစ်ချက်အရ ပိုထက်မြက်တဲ့လူဟာ အလိုဆန္ဒပိုများကြောင်းတွေ့ရတယ်။ပိုမြင့်တဲ့အောင်မြင်မှုကိုမရလေဆန္ဒမပြည့်ဝလေမပျော်ရွှင်လေဖြစ်တယ်။

နောက်ပြီးအသိဉာဏ်မြင့်တိုင်းလူလူချင်းပေါင်းသင်းဆက်ဆံရေးကိုအဆင်ပြေချောမွတ်အောင်

လုပ်နိုင်စွမ်းရှိတယ်လို့မဆိုသာပါဘူး။

မျိုးရိုးဗီဇ

ပျော်ရွှင်ခြင်းရဲ့အတိုင်းအတာတစ်ခုဟာမွေးရာပါကလာတာဖြစ်တယ်။

ပျော်ရွှင်ခြင်းကို သိနားလည်၊ ခံစားနိုင်တဲ့ ၉ဝ%အတိုင်းအတာက မျိုးရိုးဗီဇကြောင့်ဖြစ်တယ်။ တစ်ပြိုင်တည်းမှာပဲ မိဘတွေရဲ့ မှန်ကန်တဲ့ အတွေးအမြင်၊ ဆုံးဖြတ်ချက်နဲ့ကောင်းမွန်တဲ့ဆုံးမသွန်သင်မှုတွေနဲ့လည်းတိုက်ရိုက်သက်ဆိုင်ပါတယ်။

အလှအပ

လှပတဲ့လူတွေပိုပျော်ရွှင်တယ်ဆိုတဲ့စကားကလူအများအတွက်သတင်းဆိုးဖြစ်နိုင်တယ်။ဒါပေမဲ့သင်လှတယ်လို့ သင့်ကိုယ်သင်ယုံကြည်ဖို့ပဲလိုအပ်ပါတယ်။မိန်းကလေးတွေလည်းကိုယ့်ကိုယ်ကိုအရမ်းဝတယ်လို့ အမြဲမထင်ဖို့နဲ့ ယောက်ျားလေးတွေကလည်းကိုယ့်ကိုယ်ကိုမခန့်ဘူး၊မတောင့်တင်းဘူးလို့အမြဲမထင်ဖို့ပဲလိုပါတယ်။

သူငယ်ချင်း

သူငယ်ချင်းဆိုတာပျော်ရွှင်ခြင်းရဲ့ရေသောက်မြစ်ဖြစ်တယ်။ပညာရှင်တွေရဲ့ဆန်းစစ်ချက်မှာဝင်ငွေနဲ့ ရာထူးအနိမ့်အမြင့် မတူတဲ့လူတွေမှာ တူညီတဲ့ပျော်ရွှင်မှုတွေ ရနေတာဟာ သူငယ်ချင်းတွေကြောင့်လို့ ဆိုပါတယ်။

အိမ်ထောင်ရေး

အိမ်ထောင်ကျသူဟာအိမ်ထောင်မကျသူတွေထက်ပိုပျော်ရွှင်တာတွေ့ရတယ်။ကမ္ဘာ့သိပ္ပံပညာရှင်တွေရဲ့ သဘောတူဆွေးနွေးချက်မှာ အပျော်ရွှင်ဆုံး စိတ်ခံစားချက်ဟာ အိမ်ထောင်ကျပြီး နောက်တစ်နှစ်အထိ ရှိနိုင်ကြောင်းတွေ့ရတယ်။

ကိုးကွယ်ယုံကြည်မှု

ဒါဟာလည်း ပျော်ရွှင်ခြင်းနဲ့ တနည်းနည်း သက်ဆိုင်နေခဲ့ပါတယ်။ ယုံကြည်ကိုးကွယ်မှုက ကံမကောင်းခြင်း၊ ဘေးဆိုးကဒ်ဆိုးတွေကို မောင်းထုတ်နိုင်တဲ့ လူလူချင်း တစ်ယောက်ကိုတစ်ယောက် ကူညီအားပေးနိုင်တဲ့ အကျိုးကိုဖြစ်စေပါတယ်။

ချစ်ခြင်းမေတ္တာ

ချစ်ခြင်းမေတ္တာဟာလည်းပျော်ရွှင်ခြင်းကိုဖြစ်စေကြောင်းလူအနည်းစုလောက်သာသိခဲ့ကြတယ်။

ကောင်းမှုလုပ်တဲ့သူ၊ချစ်ခြင်းမေတ္တာဖြန့်ဝေသူတွေဟာပိုပျော်ရွှင်တာကိုတွေ့ရတယ်။ ဒါပေမဲ့ ဒီလိုပျော်ရွှင်ခြင်းက ကိုယ်ကျိုးမငဲ့တဲ့၊စေတနာရှိတဲ့ပေးဆပ်ခြင်းနဲ့ပဲသက်ဆိုင်ပါလိမ့်မယ်။

အသက်အရွယ်

အသက်အရွယ်ကြီးသူတွေဟာပိုပျော်ရွှင်ကြတယ်။အသက်အရွယ်ကြီးရင့်အိုမင်းလာသည့်နည်းတူ အသက်ကြီးသူတွေဟာပျော်ရွှင်နိုင်မယ့်အရာတွေကိုပဲဖမ်းဆုပ်တတ်ဖို့ပိုနားလည်လာခဲ့ကြတယ်။ ပြဿနာဖြစ်စေတဲ့၊ စိတ်ညစ်စေတဲ့အရာကို အလွယ်တကူ လက်လွတ်တတ်ဖို့ သူတို့နားလည်ခဲ့ကြတယ်။

တစ်ခုခုရွေးမယ်

[polldaddy poll=5299060]

သေချာကြည့်ထားနော်ဒါမျိုးလေးတွေလိုချင်တာ




Baby Pictures Scraps and Graphics

Baby Pictures Scraps and Graphics
Baby Pictures Scraps and Graphics

Baby Pictures Scraps and Graphics
Baby Pictures Scraps and Graphics



Baby Pictures Scraps and Graphics
Hindi Scraps and GreetingsBaby Pictures Scraps and Graphics





Baby Pictures Scraps and Graphics

Baby Pictures Scraps and Graphics


Baby Pictures Scraps and Graphics


Baby Pictures Scraps and GraphicsBaby Pictures Scraps and Graphics


Hindi Scraps and GreetingsBaby Pictures Scraps and Graphics

Baby Pictures Scraps and GraphicsBaby Pictures Scraps and Graphics


Baby Pictures Scraps and GraphicsBaby Pictures Scraps and Graphics


Baby Pictures Scraps and GraphicsBaby Pictures Scraps and GraphicsBaby Pictures Scraps and GraphicsBaby Pictures Scraps and Graphics


Baby Pictures Scraps and GraphicsBaby Pictures Scraps and Graphics


Baby Pictures Scraps and Graphics


Baby Pictures Scraps and Graphics


Baby Pictures Scraps and GraphicsBaby Pictures Scraps and Graphics




 

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About