ဘာကြောင့်ချစ်သူကိုချစ်ရသလဲ

ခင်ပွန်းသည်ဖြစ်သူက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်၊ အားကစားလိုက်စားပြီး ဂေါက်သီးရိုက်ကာ အပေါင်းအသင်း ဝင်ဆံ့သူ၊ ဧည့်ခံပွဲများ၊ ညစာစားပွဲများမှာ တက်ကြွပျော်ရွှင်နေတတ်သူ။ ဇနီးသည်ကတော့ အေးဆေး စကားနည်းပြီး ပွဲလမ်းသဘင်နဲ့ လူတွေနဲ့ တွေ့ဆုံ စကားပြောရမှာကို ရှောင်ရှားသူ။ အဲဒီလိုဖြစ်နေတဲ့ စုံတွဲကို သူတို့ နှစ်ယောက် ဘယ်လိုမှလည်း မလိုက်ဖက်ဘဲနဲ့ ဘယ်လိုများ လက်ထပ်ပြီး အိမ်ထောင်သာယာနေပါသလဲလို့ ထင်မြင်တတ်ကြပါတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဲဒီလိုမျိုး ဘယ်လိုမှ လိုက်ဖက်မှုမရှိဘူးလို့ မြင်ရတဲ့ စုံတွဲများကို တွေ့ရတတ်ပါတယ်။ဘယ်လို မြှားနတ်မောင်မျိုးကများ သူတို့နှစ်ယောက်ကို ဖူးစာဆုံပေးလိုက်ပါလိမ့်လို့လည်း တွေးကောင်း တွေးမိတတ်ကြပြန်ပါတယ်။ ဒီလိုမျိုး ဆန့်ကျင်ဘက်လို့ ယူဆရတဲ့လူနှစ်ယောက်ဟာ အိမ်ထောင်သာယာနေတာဟာ အချစ်မြေပုံကြောင့်ပါလို့ Johns Hopkins University မှ ပါမောက္ခ John Money ကရှင်းလင်းပြောကြားခဲ့ပါတယ်။

လူသားတွေရဲ့ ဦးနှောက်ထဲမှာ ရှိတဲ့ ကြိုက်နှစ်သက်ခြင်း၊ မနှစ်သက်ခြင်းတို့ဟာ ငယ်စဉ်ကလေးဘဝကတည်းက ရှိလာပြီးသားဖြစ်ပါတယ်။ ဆံပင်အရောင်၊ မျက်လုံးအရောင်၊ အသံ၊ ကိုယ်သင်းရနံ့၊ ကိုယ်ခန္ဓာဖွဲ့စည်းပုံ၊ ကိုယ်နေဟန်ထား စတာတွေအပြင် သနားကြင်နာတတ်ခြင်း၊ ဖော်ရွေခင်မင်တတ်ခြင်း၊ စကားများများပြောတတ်ခြင်း၊ တိတ်ဆိတ်အေးဆေးခြင်း စတဲ့ အမူအကျင့်စတာတွေကိုပါ ကြိုက်နှစ်သက်ခြင်း ၊ မနှစ်သက်ခြင်းဆိုတာ လူတစ်ဦးတစ်ယောက်နဲ့ ဖူးစာမဆုံမိခင်ကတည်းက ဦးနှောက်ထဲမှာ ရှိနေနှင့်ပြီးသားပါ။ မိမိစိတ်မှာ ဒီလူကို ချစ်တယ်ဆိုတာက ဦးနှောက်ထဲမှာ ရှိနေနှင့်ပြီးသား အချစ်မြေပုံနဲ့ ဒီလူနဲ့က တိုက်ဆိုင်တူညီနေလို့ပါပဲ။ ငယ်စဉ်ကလေးဘဝကတည်းက ဦးနှောက်ထဲမှာ အချစ်မြေပုံ ပုံဖော်ရေးဆွဲထားပြီးသားဖြစ်ပြီး အသက် ၈ နှစ်အရွယ်မှာတော့ မိမိဘဝအတွက် အသင်တော့်ဆုံး ဖူးစာဖက်ကို အလိုလို ပုံပေါ် သတ်မှတ်ပြီးဖြစ်နေပါပြီ။ မိမိရဲ့ချစ်သူ၊ မိမိရဲ့ အိမ်ထောင်ဖက်ကို ဘာကြောင့်ချစ်တာလဲလို့ မေးခွန်းမေးလိုက်မယ်ဆိုရင်သူ့ အသံကို ကြိုက်တာ၊ သူ့ရဲ့ ကြင်နာသနားတတ်တဲ့ စိတ်ကိုချစ်တာ၊ သူ ဟာသပြောတတ်တာလေးတွေကို ချစ်တာ စသည်ဖြင့် အမျိုးမျိုးဖြေကြပါလိမ့်မယ်။ ဒါ တကယ် ဟုတ်ပါတယ်။ တကယ်လို့များ အဲဒီလူတွေကို သူတို့ရဲ့ မိခင်တွေအကြောင်း ပုံဖော်ခိုင်းကြည့်မယ်ဆိုရင် မိခင်နဲ့ ချစ်သူဟာ ရုပ်ဆင်းအသွင်အပြင်၊ အမူအကျင့် ၊ စိတ်နေသဘောထား၊ လုပ်ငန်းသဘာဝမှာ တစ်ခုခုမှာတော့ အတော်များများတူနေတတ်တာကို တွေ့ရပါလိမ့်မယ်။

ကျွန်တော်တို့ရဲ့ဘဝမှာ ပထမဦးဆုံး အချစ်စစ်ဖြစ်တဲ့ မိခင်ကို ချစ်တဲ့အချစ်ဟာ ငယ်စဉ်ကလေးဘဝမှာကတည်းက ဦးနှောက်မှာ အလိုလို အချစ်မြေပုံရေးဆွဲပုံဖော်ပြီး ဖြစ်လို့ပါပဲ။ ကလေးဘဝမှာ မိခင်သာ ပဓာန၊ မိခင်သည်သာ မိမိရဲ့ လုံခြုံနွေးထွေးရာဖြစ်တဲ့ စိတ်ခံစားမှုကြောင့် မိခင်ကို မိမိရဲ့ မသိစိတ်ကနေ အထင်ကြီး ခင်တွယ် ချစ်ခင်နေပြီး အရွယ်ရောက်လာတဲ့ခါမှာာ မိခင်နဲ့ ရုပ်ဆင်းသွင်ပြင်သော်လည်းကောင်း၊ အမူအကျင့်သော်လည်းကောင်း၊ လုပ်ငန်းသော်လည်းကောင်း အတော်လေးကို ဆင်တူတဲ့ မိန်းကလေးမျိုးကို ချစ်နှစ်သက်တတ်ကြပါတယ်။ မိခင်ဖြစ်သူက ဟာသဉာဏ်ရှိသူ၊ ရယ်မောပျော်ရွှင်တတ်သူဆိုရင် သားဖြစ်သူကိုလည်း ဟာသဉာဏ်ရှိတဲ့မိန်းကလေးကသာ ဆွဲဆောင်နိုင်ပါတယ်။ မိခင်ဖြစ်သူက သနားကြင်နာတတ်တယ်ဆိုရင် သနားကြင်နာတတ်တဲ့ မိန်းကလေးမျိုးကသာ ချစ်စရာကောင်းတယ်လို့ သားဖြစ်သူက ထင်တတ်ပါတယ်။ မိခင်ဖြစ်သူက နွေးထွေးဖော်ရွေပြီး တာဝန်ယူတတ်တဲ့မိခင်မျိုးဆိုရင် သားဖြစ်သူကလည်း အဲဒီလို မိန်းမမျိုးကသာ မိန်းမ ဖြစ်တယ်လို့ သူ့စိတ်ထဲမှာ စွဲထင်ပြီး ထိုသို့သောမိန်းကလေးမျိုးကိုသာ နှစ်သက်တတ်ပါတယ်။ မိခင်ဖြစ်သူက စိတ်တိုတတ်ပြီး အေးစက်စွာပြုမူဆက်ဆံတတ်တယ်ဆိုရင် သားဖြစ်သူကလည်း မိခင်ဖြစ်သူရဲ့ တစ်ခါနဲ့ တစ်ခါ မတူညီတဲ့ ပြုမူဆက်ဆံပုံတွေကို ကလေးဘဝကတည်းက မသိစိတ်မှာ ကြောက်ရွံ့နေတတ်ခဲ့ပြီးနောက် ချစ်သူမိန်းကလေးအပေါ်မှာလည်း ထို့အတူ အေးစက်ပြီး လက်ထပ်ဖို့အတွက် ကြောက်ရွံ့ နှောင့်နှေးနေတတ်ပါတယ်။

မိခင်ကို ချစ်တဲ့သားတွေရဲ့ ချစ်သူမိန်းကလေးကလည်း မိခင်နဲ့ အတော်လေးကို တူညီတတ်တာကိုတွေ့ရပါတယ်။ မိခင်ဟာ မိမိဘဝမှာ ပထမဦးဆုံးချစ်မိတဲ့ အမျိုးသမီးဖြစ်သလို ဖခင်ဖြစ်သူကလည်း ဘဝမှာ ပထမဦးဆုံးချစ်မိ ၊ အထင်ကြီးမိတဲ့ ယောက်ျားဖြစ်ပါတယ်။သားဖြစ်သူရဲ့ အချစ်မြေပုံမှာ မိခင်ဖြစ်သူက လွှမ်းမိုးပုံဖော်သလို မိန်းကလေးများအတွက်လည်း ဖခင်ဖြစ်သူရဲ့ ပုံရိပ်က အချစ်မြေပုံမှာ လွှမ်းမိုးပါတယ်။ဖခင်ဖြစ်သူက သား ၊ သမီးများအပေါ်မှာ ချစ်ကြင်နာတယ်ဆိုရင် သမီးဖြစ်သူဟာ အမျိုးသားများနဲ့ ပတ်သက်ရာမှာလည်း သူ့ကိုယ်သူ ယုံကြည်တတ်ပြီးဖခင်ဖြစ်သူက အေးစက်ကာ သားသမီးအများအပေါ် ဖခင်ဝတ္တရားမကျေသူ၊ မေတ္တာမပြတတ်သူ၊ ဖခင်ကောင်းမပီသသူဆိုရင် သမီးဖြစ်သူကလည်း ဆန့်ကျင်ဘက် ယောက်ျားများရဲ့ မေတ္တာကို ယုံကြည်မှု နည်းပါးတတ်ပါတယ်။

ကျွန်တော်တို့ရဲ့ နေ့စဉ်ပတ်ဝန်းကျင်မှာ ပညာအရည်အချင်းတန်းတူဖြစ်သူ၊ အတွေးအခေါ်တူညီသူ၊၊ အလုပ်အကိုင် လုပ်ငန်းသဘာဝတူညီသူများနဲ့ ပြောဆိုဆက်ဆံရတာ ပိုမိုအဆင်ပြေပါတယ်။ အဲဒီအခြေအနေမျိုးအတိုင်းပါပဲ။ ကျွန်တော်တို့ရဲ့ မသိစိတ်မှာက ကိုယ့်မိသားစုနဲ့ တူညီတတ်သူကို နှစ်သက်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ကွင်းဆက်မှာရှိနေခြင်းကြောင့် မိမိနှစ်သက်တဲ့ မိသားစုဝင်တစ်ဦးဦးနဲ့ ရုပ်ဆင်းသွင်ပြင်သော်လည်းကောင်း၊ စိတ်နေသဘောထားသော်လည်းကောင်း တူညီတဲ့ လူတစ်ဦးတစ်ယောက်ကို ချစ်တယ်ဆိုတာမျိုး ဖြစ်လာတာပါ။

ဖူးစာဖက်ဖြစ်လာမယ့် လူ၂ယောက် ပထမဦးဆုံး ဆုံမိတဲ့အခိုက်၊ ပထမဦးဆုံး တစ်ယောက်နဲ့တစ်ယောက်တွေ့တဲ့ခိုက်မှာပဲ ဒီလူဟာ မိမိရဲ့ ဖူးစာဖက်၊ မိမိရဲ့ အိမ်ထောင်ဖက်ဖြစ်မယ့်လူလို့ အလိုလိုသိနေတတ်တာတွေကလည်း မိမိစိတ်ထဲမှာ ရှိနှင့်နေပြီးသားအချစ်လမ်းညွှန်မြေပုံကြောင့်ပါပဲ။

ကိုးကား။ ။ Dr. Joyce Brothers ၏ Why We Love Who We Love

အွန်လိုင်းထဲက ချစ်သူ........♥ + ♥

အွန်လိုင်းထဲကနေ ချစ်သူတစ်ယောက်ရခဲ့တယ်လို့ များ သူမက ရင်ဖွင့်ခဲ့ရင် သူမကို အတော်လေး ရူးနှမ်းတဲ့ ကောင်မလေးလို့ များ ပြောလာကြလေမလား..............။



“မမြင်ရတဲ့ အွန်လိုင်းလောကကြီးကိုများ ယုံစားပြီ ချစ်သူထားရဲလိုက်တာ” ဆိုတဲ့ ပြစ်တင်စကားများဆိုကြလေမလား.........။



“စောင့်ကြည့်နေပါ......... ဘယ်တော့ ခွာပြဲတဲ့ ဇာတ်လမ်း ကြားရမလဲဆိုတာ” ဆိုတဲ့ အပြောနဲ့  သံသယ မျက်လုံးပေါင်းစွာက ဝိုင်းပြီးစောင့်ကြည့်နေလေမလား.......။



“အသဲကောင်းလို့  ပွဲတောင်းတာလေ” အွန်လိုင်းအချစ်ကိုများ ယုံကြည်ပြီး နှလုံးသား တစ်ခုလုံး ရင်းနှီးပြီးခံစားနေတဲ့ ခပ်ပိန်းပိန်း ကောင်မလေးလို့ များ ရှုတ်ချလေမလား............။



“ချစ် ၊ ကြိုက် ၊ ကွဲ ဆိုတဲ့ အွန်လိုင်းဇာတ်လမ်းတွေထဲမှာ သူလဲ မင်းသမီးဝင်လုပ်ချင်နေသေးတယ်” လို့  ချီးကျူထောပနာများ ပြုလေကြမလား.....။



သူမ မမှုပါ...........။သူမ ကိုယ်တိုင်ကလဲ တစ်ချိန်က အွန်လိုင်းအချစ်ဇာတ်လမ်းကို အယုံအကြည်မရှိသူတွေထဲ ထိပ်ဆုံးက အပါအဝင်ပေါ့............။



အသေအချာ ပြောရလျှင် “မောင်” လို့  သူမ မြတ်နိုးစွာ ခေါ်ခဲ့သူ ချစ်သူ တစ်ယောက်ကို မတွေ့ ခင် အချိန်ထိပေါ့............။



ရင်ဘတ် တစ်ခြမ်းစီနဲ့  နှလုံးသားဒဏ်ရာဒဏ်ချက်တွေ ပြင်ထန်နေကြတဲ့ သူမနှင့် ထိုသူ မတော်တဆ ခလုတ်တိုက် ဆုံတွေ့ မိခဲ့ကြရင်း တစ်ယောက်ကိုတစ်ယောက် လဲနေသူချင်း ကူကာ တည့်မတ်တွဲခေါ်ရင်းနဲ့  ရင်းနှီးလာခဲ့ကြသူနှစ်ယောက်.............။



ထိုသူရဲ့  အိမ်လေးကို အလည်တစ်ခေါက်ရောက်ခဲ့တော့.................

အလို.................ပွစာကြဲနေလိုက်တာ..........။

ကြည့်စမ်းးးးးးး သူ့ နှလုံးသားတွေ ဟိုဒီ တစ်စစီ ကြေကွဲ ပဲ့ကြွေနေလိုက်တာ တစ်အိမ်လုံးရှုပ်ပွ နေလေရဲ့  .......။



သူမကရော...........ဘာထူးသေးလဲ..........။

အတူတူပါပဲ............။ သူမ နှလုံးသားတွေလဲ ဟိုတစ်စ ဒီတစ်စနဲ့ သူ့ အတိုင်း ပဲ့ကြွေနေတာပဲလေ.............။



သူနဲ့ ကျွန်မ နှလုံးသား အပိုင်းအစတွေ အတူလိုက်ကောက်ကြရင်း နှလုံးသား အပိုင်းအစတွေ မှားယွင်းရောထွေးသွားတယ်ထင်ပါရဲ့ .................။



ခုတော့ သူနှင့် သူမ ပိုင်ဆိုင်ခဲ့တဲ့ တစ်ခြမ်းပဲ့ နှလုံးသားတွေက ထပ်တူကျပြီး ပန်းနုရောင်သွေးစက်တွေနဲ့  ပြည့်စုံတဲ့ နှလုံးသားတစ်စုံလေး တစ်စုံအဖြစ် စီးဆင်းသက်ဝင်သွားခဲ့လေပြီ............။




အားနည်းသူချင်းမို့  တစ်ယောက်ကို တစ်ယောက်ဖေးမကူရင်း သံစဉ်သစ်တစ်ခုဆီ စီးဝင် မျောပါလာခဲ့ကြပြီး.........။



သူ ငတ်မွတ်နေတဲ့ အချစ်တွေကို သူမက ဖြည့်ဆည်းပေးရင်း သူမလိုအပ်နေတဲ့ ကြင်နာယုယ ဂရုစိုက်မှုတစ်ချို့  ကို သူ့ ဆီမှ ချိုမြိန်စွာ စားသုံးခွင့်တွေ ရလာခဲ့ပြီး...........။



တစ်ဖက်နဲ့  တစ်ဖက်မမြင်ရတဲ့ အွန်လိုင်းဆိုတဲ့ မာယာများတဲ့ ကမ္ဘာငယ်လေးတစ်ခုမှာ တွေ့ ခဲ့ရတဲ့ သူ့ ကို သူမ အရိုးသားဆုံးသော ရိုးသားမှုတွေ ပေးခဲ့တာ သူမ အသိဆုံးပါလေ............။



သူမဘက်ကသာ မေတ္တာမှန်ရင် သူ့ ဆီကလဲ တူညီတဲ့ တုံ့ ပြန်မှုနဲ့  စစ်မှန်တဲ့ မေတ္တာတွေ ထပ်တူကျလာမယ်လို့  သူမ ယုံကြည့်ခဲ့ပါသည်.............။



မမြင်ခဲ့ရဘူးတဲ့ သူ့ ပုံရိပ်ထဲက သူ့ နှစ်လုံးသား တစ်စုံကိုတော့ သူမ သေချာမြင်လိုက်ပါရဲ့ ..........။



နှလုံးသားဆိုတာ နှလုံးသားနဲ့ ပဲ ကြည့်မှ သေချာမြင်နိုင်တာမို့  သူ့ နှလုံးသားရဲ့  နူးညံ့မှုတွေကို သူမ မြင်ရပြီလေ..........။



ရှေ့ ဆက် ကျော်ဖြတ်ရမဲ့ အနာဂတ် ခရီးလမ်းတစ်ခုအတွက်ကိုတော့ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုတွေနဲ့ သာ ချုပ်နှောင်ပြီး လျှောက်ကြတာပေါ့............။



လေထဲမှာ အိမ်ဆောက်တာမျိုး မဟုတ်ပေမဲ့ သူနှင့်သူမရဲ့  ရှေ့ ရေးဆိုတာကို တွေးပြီး ရင်ခုန်ကြည်နူးခဲ့ရတဲ့ အချိန်လေးတွေထဲမှာ တိမ်းမူးခဲ့တဲ့ အချိန်တွေကလဲ အများသား.........။



စိတ်ကူးယဉ်တဲ့ အခြေအနေတွေကို ကျော်လွန်ပြီး လက်တွေ့ ဘဝထဲမှာ တွဲလက်တွေ ခိုင်မြဲဖို့  သူရော သူမပါ စိတ်အားထက်သန်စွာ ရုန်းကန်တော့ဖို့  အကောင်အထည်တွေဖော်ဆောင်ရင်း...........



အွန်လိုင်းချစ်သူဘဝကနေ ဘဝလက်တွဲဖော် ဖြစ်လာရမဲ့ နေ့ လေးတစ်နေ့ ကို သူမ ရင်ခုန်စွာ စောင့်နေခဲ့ပြီ အွန်လိုင်းထဲက ချစ်သူ..............။

မိန်းမတို့၏ ကောင်းမြတ်သောအင်္ဂါ(၁၄)ရပ်

၁။ လပြည့်ဝန်းနှင့်တူသော လက္ခဏာရှိခြင်း

၂။ တက်သစ်သော လရောင်နှင့်တူသောကိုယ်ရောင်ရှိခြင်း

၃။ မကျဉ်းမကျယ်လွန်းသော မျက်စိရှိခြင်း

၎။ ဟင်္သာမကဲ့သို့ အသံရှိခြင်း

၅။ ဖြူစင်သော နှလုံသားရှိခြင်း

၆။ ကောင်းသောသီလရှိခြင်း

၇။ ရှည်သောမျက်နှာရှိခြင်း

၈။ ချစ်ခင်ခြင်း

၉။ အရိပ်အခြည်ရှိခြင်း

၁၀။ သိမ်မွေ့သော ကိုယ်အင်္ဂါရှိခြင်း

၁၁။ ကြီးပြန့်သော သားမြတ်ရှိခြင်း

၁၂။ ဖွံ့ဖြိုးသော ပေါင်ရှိခြင်း

၁၃။ ပြည့်ဖြိုးသော ပါးရှိခြင်း

၁၄။ ပုမ္မာကြာပန်းနံ့ရှိခြင်း

အထက်ပါ (၁၄)ရပ်ဟာ သာမုဒ္နြိက ကျမ်းမှာ ဖော်ပြထားတာတွေဖြစ်ပါတယ်။

စာဆိုတွေရဲ့ အမြင်လေးတွေကို ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

“ကောင်းဆယ့်လေးရပ်

သွေးထပ်ထပ်ရုပ်ညီ

ရှေးနိပါတ် ထုတ်မီသည်

----------------

လမင်းထက် နှစ်လေးသာ

အေးမြလိုက်တာ

မြင်ရသူ ဖေသက်သာတယ်

ရွှေမျက်နှာ ကြည်လွန်းလို့လေး”

(ကုန်းဘောင်ခေတ် စာဆို ဖိုးသူတော်ဦးမင်း၏ “လမင်းကနှစ်လေးသာ”တေးထပ်)

“ပြစ်လုံးကင်းဝေးကွာ၊ မိုးသူဇာကို

ဆည်းဆာညရီတွင်၊ ကျွန်ုပ်မြင်သည်

ရယ်ရွှင်ပြုံးတို့ မပြုံးတို့”

(အင်းဝခေတ်စာဆို ရှင်မဟာရဌသာရ ၏ ၀ဏ္ဏပဘာရ)

“မွတ်မွတ်ကလေး လှတယ်လို့၊ ရွရွကလေးယဉ်တဲ့မေ”

(စာဆို ဦးပုည)

“နွဲ့ချင်နွဲ့ ၊ တွဲ့ချင်တွဲ့၊ လုပ်လဲ့လဲ့၊ တုပ်တဲ့တဲ့

အတကဲ့ ပိုးစီးတုတ်ကဲ့နှယ်၊ ခါးဆိတ်စလီ၊ ကလီကလေး၊ သေးပါဘိခြင်း”

မိန်းမကြိုက်ပိုးနည်း (၆) ချက်

အမှတ်(၁)

ပထမဆုံးအနေနဲ့ မိန်းကလေးတစ်ဦးကို လိုက်တော့မယ်ဆို ကတည်းက ကြိုတင် ပြင်ဆင်မှုတွေ အနည်းငယ်တော့လိုအပ်လာပါတယ်၊။မိန်းကလေးတွေအကြောင်း ကို မသိခဲ့ဘူးဆိုရင်တောင် ချစ်မိပြီဆိုရင်တော့

သိမှရတော့မယ်၊။သူမဘာတွေစိတ်ဝင်စားလဲ?သူမဘာတွေသဘောကျနှစ်သက်တတ် သလဲဆိုတာ သိထားမယ် ဆိုရင်

တော့propose လုပ်ဖို့ အခြေအနေကောင်းနိုင်ပါတယ်၊။မိန်းကလေး တစ်ယောက်ကို ချစ်ခွင့်ပန်တဲ့နေရာမှာ တစ်ဖက်

မိန်းကလေးရဲ့အနေအထိုင် အပြောအဆို ကို သတိထားပြီးမှ ဆက်လှုပ်ရှားပါ။ဥပမာ--သူမကအရှက်သည်း၊တစ်ခါတစ်ရံ အားငယ်တတ်သူ

လေးဆိုရင်တော့ဘယ်တော့မှလူများတဲ့နေရာမှာpropose မလုပ်မ်ပါစေနဲ့၊။နှစ်ယောက်တည်းအေးအေးဆေးဆေး ရှင်းရှင်း

လင်းလင်း ပြောဆိုလို့ရတဲ့နေရာမှာ ခွင့်ပန်ပါ။ဒါမှမဟုတ် သူမက စွန့်စားခန်းတွေပါတဲ့ ရုပ်ရှင် တွေကိုမှ ကြိုက်နှစ်သက်သူ

အားကစားလိုက်စားပြီး အချစ်ကို စွန့်စားမှုတစ်ခုလို့ သဘောထားသူ ဆိုရင်တော့ သူမရဲ့စိတ်ကို အခြေခံပြီးစိတ်လှုပ်ရှားဖွယ်

လူအများကြီးရဲ့ အလယ်မှာ ၊ရင်ခုန် လှုပ်ရှားဖွယ်ရာ...လှေကားထစ်တွေရဲ့ အလယ်မှာ..သူမ မထင်မှတ်ထားတဲ့ အချိန်မျိုး

မှာ သင့်ရဲ့ အချစ် ကို ဖွင့် ဟ လိုက်ပါ ......၊၊



အမှတ်(၂)

မိန်းကလေးတွေရဲ့သဘောသဘာဝအရ အယောက်100မှာ 99ယောက် လောက် က ပန်းကြိုက်တတ်သူလေး

တွေပါ။မပန်ရင်တောင် အနည်းဆုံး အလှကြည့်တတ် ကြပါတယ်။ဒီတော့ ဘယ်တော့မှ မရိုးဘဲ စိတ်ကို ကြည်နူးဆွတ်ပျံ့ စေတဲ့

နည်းလမ်းလေးကိုလည်း သိလောက်ပြီလို့လည်း ထင်ပါတယ်။ဒီနည်းကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီတွေ သို့မဟုတ်.

မိန်းကလေးရဲ့နေပုံ ထိုင်ပုံ စရိုက် သဘာဝ ကို ကြည့်ပြီးနှစ်သက်ရာ အရောင်ရွေးကာ...ပန်းစည်းကြီးကြီးနဲ့ propose လုပ်ရင်း

သင့်ရဲ့ အချစ်ကို တစ်ဖက်တစ်လမ်းက နူးညံ့စွာ ဖွင့် ဆိုလိုက် ပါ။



အမှတ်(၃)

ကိုယ်ချစ်တဲ့မိန်းကလေးကိုပြောရမယ့် စကားလုံးတွေလည်းအချစ်မှာ အရည်းပျော်ပြီး မေ့မသွားပါနဲ့ဦးနော်။။။။

မကြာခဏ ဆိုသလို သူမကို ဘယ်လောက်ချစ်ကြောင်း ။ ဘယ်လောက် အလေးထားကြောင်း ။သင့်ရဲ့အားလပ်တဲ့ အချိန်တိုင်း ကို

သူမအတွက် အမြဲရှိ ပေးနေမယ် ဖြစ်တဲ့ အကြောင်းကို သူမသိအောင်ပြောပြပါ။ မိန်းကလေး တစ်ဦးရဲ့ အားကိုး ယုံကြည်မှု

ကိုရဖို့ တကယ် ချစ်မိပြီရင် ကြိုးစားရကြိုးနပ်ပါတယ်။မိန်းကလေးတွေက အပြော ထက် လက်တွေ့ဆန်တာကို ပိုကြိုက်တတ်တယ်

ဆိုတာ သင်လည်းသိမှာ ပါနော်။



အမှတ်(၄)

သူမရဲ့ အချစ် ကိုရဖို့ကြိုးစားနေရင်း သူမကိုမှချစ်မိတဲ့ ကိုယ့်အတွက် ကို စိတ်အားငယ်မနေဘဲ အမြဲဂုဏ်ယူပါ။

သူမ ဘာမှမပြင်ဆင် ပဲ ဘာမိတ်ကပ်မှ မလိမ်းပဲ သဘာဝအတိုင်းလေးရှိနေတဲ့ အချိန် မှာ ''မင်းသိပ်လှတာပဲ'' ဆိုတဲ့ စကားမျိုးကို

တွင်တွင် သုံးပါ။ သူမစိတ်ညစ်နေတဲ့ အချိန်မျိုးမှာ ကိုယ်က ''''မင်းဟာ ကိုယ့်အတွက် အံ့သြမှုတွေနဲ့အရာရာကို ပြီးပြည့်စုံစေတဲ့

Angel လေးပါ ''' ဆိုတဲ့ စကား နဲ့ နှစ်သိမ့်ပေးပါ။။ဒီလို သွက်လက် ပြီးအကွက်မြင်တဲ့....ချစ်ခြင်းသရုပ်ပြ ပုံတွေနဲ့ တကယ် လက်တွေ့မှာ

လုပ်ပြနိုင်မယ် ဆိုရင် သင် ချစ်တဲ့ကောင်မလေးရဲ့ အချစ်ကို ရဖို့ အခွင့်အလမ်း တွေ ပိုများ လာပါပြီ။ သူမရဲ့ အချစ် ကို မရသေးခင် တောင် မှ သင့်ရဲ့လုပ်ရပ်တွေကို ရင်ဘတ်ထဲကို တိုက်ဆိုင်တိုင်း မကရောက် နေလောက်ပါပြီ။ဒါပေမယ့် အရမ်းပိုလွန်းတဲ့ အမူအယာတွေနဲ့တော့

မဖမ်းစားချင်ပါနဲ့......။မိန်းကလေးတွေက ပိုလွန်းတဲ့ယောက်ျားတွေကို တော်ရုံအထင်မကြီးတတ်ကြပါဘူး.....။



အမှတ်(၅)

နောက်ပြီးမိန်းကလေးတစ်ဦး ကို propose လုပ်ဖို့ရည်ရွယ်ထားတယ် ဆိုရင် တော့ မိန်းကလေး တို့ရဲ့ အကြိုက် ကို

လိုက်ပြီး အကြိုက် ဆုံးထဲ က အကြိုက် တစ်ခုဖြစ်တဲ့ အလိုလိုက်တဲ့ အကြိုက်ဆောင်တဲ့ ဆုကို ကောင်းကောင်း ပေးတတ်ရပါမယ်။

အဲ့ဒါကတော့ လုံဝမေ့ထားလို့မရတဲ့ အချက် တစ်ခုဖြစ်ပါတယ်။။သူမအတွက် သင်ဟာ အမြဲတမ်း ရှေ့တမ်းက နေရာယူပြီးတော့

hero ဖြစ်နေရမယ်...။သင့်ချစ်သူရဲ့ ခံစားချက်တွေကို ဘယ်တော့မှ လျစ်လျှုမရှုမိပါစေနဲ့။။ နောက်ပြီး သူမရဲ့ အထင်ကြီးအားကိုးမှုတွေကို

လွယ်လွယ်နဲ့အပျက် အဆီးမခံပါနဲ့။။အရေးကြီးဆုံးက ဘယ်တော့မှ လွယ်လွယ် ကတိ မပေးမိပါစေနဲ့...။



အမှတ်(၆)

နောက်ဆုံးအချက်အနေနဲ့ကတော့ သူမရဲ့ အချစ်ကို ရဖို့ အတင်းအကျပ် သိပ် မလုပ်ပါနဲ့ ။။သူမရဲ့ ဂုဏ် ကို ထောက်ထားပြီး

သရုပ်ပျက် တဲ့ အပြောအဆိုတွေ နဲ့ အမူအယာတွေကို အတတ်နိုင်ဆုံး ရှောင်ပါ။ သင်ဟာ သူမရှေ့မှာ အချိန်ကို တန်ဖိုးရှိစွာ..အသုံးချနိုင်ကြောင်း ပြပါ။။နောက်ပြီး သူမရဲ့ တန်ဖိုး ရှိတဲ့ အချိန်တွေကို အမြတ်တနိုးတန်ဖိုးထာပြီး...စောင့်နိုင်ရမယ်...။

သူမကို တန်ဖိုးထားပါ။။ကိုယ့်ကို ကိုယ် လည်းနိုင်ငံကြီးသားတစ်ယောက် လို အနေအထိုင် အပြောအဆို ယဉ်ကျေးပါ။သူမဟာ.....

သင့်ရဲ့ ချဉ်းကပ်မှူကို မနှစ်မြို့တဲ့ အမူအယာတွေပြ လာပြီ ဆိုရင်တောင် ဇွတ် အတင်း လုပ်ယူတဲ့ အမူအယာတွေ မလုပ်ပါနဲ့...။

သင့် ရဲ့ ချဉ်းကပ်နည်း ပုံစံ ပြောင်း လိုက်ပါတော့...။။မဟုတ်ရင်တော့ သင် အချစ်တွေမရပဲ.....အမုန်းတွေ ပဲ ရပါလိမ့်မယ်။။။။
နောက်ဆုံးတစ်ချက်လေးကျန်ခဲ့ပါတယ်....အဲ့ ဒါကတော့ .....တစ်ဦးနဲံ့တစ်ဦး အပြန်အလှန်.....ခိုင်မြဲစွာ ချစ်နေ ဖို့ လိုအပ် ပါတယ်

လှပသောအမျိုးသမီးများနှင့် တွေ့ ဆုံရခြင်းသည်ကျန်းမာရေးအတွက် ဆိုးရွားစေနိုင်..

နှလုံးခုန်မြန်လာခြင်းနှင့် ခြေဖဝါး လက်ဖဝါးများ၌ ချွေးပြန်လာခြင်းသည် ဆွဲဆောင်မှုရှိလွန်းသော အမျိုးသမီးများနှင့်

တွေ့ ဆုံရသည့်အခါ ဖြစ်တတ်ကြောင်း အမျိုးသားများစွာတို့ သတိပြုမိပြီးဖြစ်သည်။

ယခုအခါ သူတေသန အသစ်တစ်ရပ်အရ အမျိုးသားများသည် လှပသောသူစိမ်းတစ်ရံစာ အမျိုးသမီးတစ်ဦးနှင့် ငါးမိနစ်

မျှသာတွေ့ ဆုံရုံနှင့်စိတ်ဖိစီးမှုများ လွန်စွာ မြင့်တက်လြာ့ပီး ယင်းသည် ကျန်းမာရေးအတွက် ဆိုးရွားစေကြောင်း သိရသည်

။ “ ငါဒီလိုလူစားမျိုးမဟုတ်ဘူး ” ဟု တွေးလိုက်မိသောအခါ ၊ အဆိုပါ အမျိုးသမီးက အနားလာကပ် ထိုင်သောအခါ..

သို့ မဟုတ် အဆိုပါအမျိုးသမီး၏ စိတ်ဝင်စားမှုကို ရရှိအောင်ကြိုးစာသောအခါ အကြင် ပုရိသ၏ အခြေနေသည်အဆိုးရွား

ဆုံးသို့ ရောက်ရှိသွားသည်ဟု သိပ္ပံပညာရှင်တို့ က အခိုင်အမာပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားတို့ ၏ စိုးရိမ်သောက ဖြစ်မှုနှုန်းသည် လေယာဉ်ပျံတစ်စင်းပေါ်မှ ခုန်ချရသည့်အခါ ဖြစ်ပေါ်လာသော

နှုန်းနှင့်ညီမျှသည်ဟု ဆိုသည်။ အဆိုပါ အမျိုးသားတို့ ၏ ကော်တီဆောဟော်မုန်း ပါဝင်မှုနှုန်းသည် လေယာဉ်ပျံပေါ်မှ

ခုန်ချရသည်ထက်ပင် ပို၍မြင့်မားနိုင်သည်ဟု ပညာရှင်တို့ ကဆို၏ ။

ယင်းသို့  ကော်တီဆောဟော်မုန်း မြင့်တက်မှုက နှလုံးရောဂါဖြစ်နိုင်ခြေနှင့် နှလုံးရောဂါကြောင့် အမောဖောက်လာနိုင်ခြေ

ကိုလွန်စွာမြင့်တက်စေသည်ဟု ဆိုသည် ။

စပိန်နိုင်ငံ ဗလင်စီယာ တက္ကသိုလ်မှ ပညာရှင်များသည် ၄င်းတို့ ၏ သုတေသနတွင် အမျိုးသား ၈၄ ဦးကိုပါဝင်စေလျက်

တစ်ဦးတည်းရှိနေစဉ်နှင့် လှပသော အမျိုးသမီးများနှင့်တွေ့ ဆုံပြီးနောက် ကော်တီဆော ဟောမုန်း ပါဝင်မှုနှုန်းကို

တိုင်းတာကာ တွက်ချက်၍ သုတေသန ပြုခဲ့ကြကြောင်း သိရပါသည်..။

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About