မိမိအမှားကို တစ်ဘ၀လုံးယူမသွာပါနဲ့
လူတိုင်းဟာမှာတက်ကြပါတယ်....ေ၇ှလူတွေက ပြောတယ်အမှားသိ၇င် ပြင်၇မယ်တဲ.....
ဒီစကားဟာ..သိပ်တန်ဖိုး၇ှိပြီးလိုက်နာသင့်ပါတယ်.....တချိုလူတွေကကိုယ်မှာနေတာကိုလည်သိတယ်....
ပြင်ဘို့ ကြတော့ ..ဂုဏ်တွေ..မာနတွေ...နာကြည်မုန်တီးတာတွေနဲ.....ဖုံးကွယ်ထားတယ်..........
အမှာကိုသိပြီးအမှန်မပြင်ပဲ.....တဘ၀လုံးယူဆောင်သွား၇င်တော့...မိမိအတွက်လည်းမကောင်းဘူး
မိသာစုအတွက်လည်းမကောင်းဘူး.....သူငယ်ချင်း၁ယောက်ကပြောတယ်.....သူအမှာက ပြင်လိုမ၇ဘူးတဲ.....
ပြင်လို့မ၇တော့ တဲ....အမှာတွေလဲ၇ှိပါတယ်....ပြင်လို့ မ၇၇င် ကောင်အောင်နေပါ....ထပ်မမှားပါနဲ........
ပြင်လို့ မ၇တော့ လို့ ထပ်မှားနေတဲလူတယောက်အကြောင်း ပြောပြမယ်လေ..
ကိုယ်တွေ့ ဇာတ်လမ်းလေးပါ.............................
သိပ်ချစ်ကြတဲချစ်သူ၂ဦးဖြစ်တယ်.......ချစ်သက်တမ်းကလည်း...၄နှစ်ကျော်ခဲ့ ပြီး....မိဘချင်ကလည်းအဆင်ပြေကြတယ်......
သူတို၂ယောက်လက်ထပ်ဘို ၇က်ကလည်း၁လကျော်ကျော်...လောက်ဘဲလိုတောတယ်.......ဒီအချိန်မှာပဲ..ယောက်ကျာလေးဘက်ကဆွေမျိုး၁ယောက်ဆုံးသွာတယ်လေ..
နာေ၇းဖြစ်နေလို့  ကောင်လေးကမဖြစ်မနေသူအမျိုးတွေ၇ှိတဲနယ်ကိုသွား၇တယ်....၈၇က်လောက်ကြာသွားတယ်...ဲပန်ေ၇ာက်လာတော့ ...
ကောင်လေးကို ကောင်မလေကအတွေမခံတဲ....အပြင်လက်ထက်ဘို့ ကိုဖျက်သိမ်းသွာတယ်......ကေင်လေးကမတွေ့ တွေ့ အောင်လုပ်ပြီး...
မေးတယ်.....ဘာကြောင်လဲ.........ကောင်မလေကပြောတယ်...ချစ်လို့ တဲ့.....ဘာပဲမေးမေးဒါပဲပြောနေတယ်......နောက်တော့ ကောင်လေး
အမှန်တွေကိုသိ၇ပြီး....ကောင်လေးမ၇ှိတဲအချိန်မှာကောင်မလေးက မွေနေပွဲ၁ခုကိုသွားခဲတယ်......တဖတ်သက်ကြိုက်နေတဲသူကမွေးနေပွဲကို...
အကြောင်ပြုပြီးကောင်မလေးကိုအ၇ယူလိုက်တယ်......ကောင်လေးကသိသိချင်ပဲ....ကောင်မလေကိုခွင်လွှက်ကြောင်းပြောတယ်.........
ကောင်မလေးက လက်မထပ်နိုင်တော့ တဲအကြောင်းနဲ မွေနေပွဲကကောင်လေးကိုပဲလက်ထပ်တောမယ်....၇က်လည်းသူကိယ်တိုင်ေ၇ွးပြီပြီးတဲ......................
ဒီလိုနဲလက်ထက်ဘို့ ........၁၇က်အလိုမှာကောင်မလေးက...ကောင်လေးကိုအဆက်အသွယ်လုပ်ပြီး.....၁ခုတောင်ဆိုတယ်........
ဘု၇ာလိုက်ပို့ ပေးပါတဲ့ ....နောက်ဆုံးအနေနဲ့ ပေါ့ ......ကောင်လေးမငြင်း၇က်ခဲဘူး....အဲဒီညကကောင်မလေးကသူကိုအပိုင်ကြံတဲ့ သူ.........
တသက်လုံးနာကျည်းစေ၇မယ်တဲ.......၇ုပ်၇ှင်ကြည်ကြတယ်.....အိမ်ေ၇ာက်တော့ ၁၁နာ၇ီထိုးပြီး......ကောင်မလေးမင်ဂလာဆောင်းပြီနောက်နေ့ 
သူယောက်ကျား.......ကောင်လေးအိမ်ေ၇ာက်လာပြီးမေတယ်...အကိုတိုမနေက အေးချမ်းတဲနေ၇ာသွာတယ်ဆီူတဲ.....မင်းကိုဘယ်သူပြောလဲလို့ ....
ကောင်လေးကမေးတယ်........ကောင်မလေးကပြောတယ်လို့ .....သူကပြောတယ်....ဟုတ်တယ်...ဒါပေမယ်မင်းထင်သလိုမဟုတ်ဘူး..........
ဘု၇ားသွားတာလို...ကောင်လေကပြောတယ်......အဲဒီအချိန်တဲက အိမ်ထောင်ေ၇း အဆင်မပြေတာ ခုခလေး၁ယောက်၇တဲအထိပါပဲ..........
ကသိကအောက်
အချို့သောအရာတွေမှာ... အရာအားလုံးကို
သိနားလည်တာထက် ဘာမှမသိတာမျိုးက
ပိုကောင်းတတ်ပါတယ်။ အဲ...
မသိချင်ယောင် ဆောင်နေရတာမျိုးကတော့
နည်းနည်းကသိကအောက် နိုင်တာပေါ့ဗျာ။
မောင်ချမ်းသာ(ဆိုက်ကား)နှင့် မနှင်းပုလဲ (ပဲပြုတ်)တို့၏ မင်္ဂလာဆောင်
တရားသူကြီး သုံးယောက်ရှေ့တွင် မောင်ချမ်းသာနှင့် မနှင်းပုလဲတို့ ခပ်ယို့ယို့လေး ရပ်နေကြသည်။ မောင်ချမ်းသာက ခေါက်ရိုး မပြေသေး သော လုံချည်အသစ် စက်စက်ကို သလုံးသားပေါ်အောင် ၀တ်ထား၏။ လျှော်ပြီးသား အင်္ကျီလက်ရှည် အဖြူကို လက်တ၀က် ခေါက်၍ ထား၏။ မနှင်းပုလဲကတော့ မော်ရေးရှံ သက်တံရောင်နှင့် အပေါ်က အိရှံအဖြူလက်စကနှင့် ဖြစ်သည်။ သူတို့ နောက်တွင်တော့ မောင်ချမ်းသာ၏ ရောင်းရင်းများက ၀ါး ဦးထုပ်၊ စစ်ဦးထုပ် အစိမ်းပျော့ စသည့် ခေါင်းဆောင်း အမျိုးမျိုးကို လက်တွင်ကိုင်၍ စုပြုံ ရပ်နေကြ၏။ တရားရုံးရှေ့တွင်တော့ ဆိုက်ကားများ တန်းစီ ရပ်ထားသည်။
ယနေ့သည် ဆိုက်ကားသမားလေး မောင်ချမ်းသာနှင့် မနှင်းပုလဲတို့၏ လက်ထပ် မင်္ဂလာပွဲ ဖြစ်ပါသည်။ အလယ်ထိုင် နာယကကြီးက ရှေ့ဖတ်စာရေး ကမ်းပေးသော ရွှေရောင်ဖြင့် ရိုက်ထားသည့် လက်ထပ်စာချုပ် ကပ်ထူရွက် နှစ်ရွက်ကို အသေအချာ စစ်ဆေးကြည့်နေ၏။ 'အဘ ဦးသူတော်၏သား မောင်ချမ်းသာ အသက် ၂၆ နှစ်၊ ဟုတ်သလား' နာယကကြီးက စာချုပ်တွင်ပါသည်များကို ဖတ်၍ လှမ်းမေးလိုက်ရာ မောင်ချမ်းသာက မ၀ံ့မရဲ ခေါင်းညိတ်ပြသည်။ 'အလုပ်က ဆိုက်ကား နင်းတယ်နော်' မောင်ချမ်းသာ ခေါင်းညိတ်ရပြန်သည်။ 'အဘ ဦးကွန်ပါ၏ သမီး မနှင်းပုလဲ၊ အသက် ၂၂ နှစ်၊ အလုပ်အကိုင် ပဲပြုတ်ဈေးသည်၊ ဟုတ်တယ်နော်' မနှင်းပုလဲက ဘာပြန်ပြောရမှန်းမသိသဖြင့် မောင်ချမ်းသာကို လှမ်းကြည့်၏။ မောင်ချမ်းသာက လက်တို့၍ ခေါင်းညိတ်ပြသည်။ မနှင်းပုလဲက တရားသူကြီးဘက်လှည့်ပြီး ကမန်းကတန်း ခေါင်းညိတ်ပြလိုက်၏။'အခု မင်းတို့နှစ်ဦး သဘောတူ လက်ထပ်ကြမယ် ဟုတ်ပြီလား' နှစ်ယောက်လုံးက 'ဟုတ်ကဲ့' ဟု သံပြိုင် ဖြေလိုက်ကြသည်။ 'မနှင်းပုလဲက အခု လက်ထပ်တာ ဘယ်သူ့ရဲ့ သွေးဆောင် ဖြားယောင်းခြိမ်းခြောက်ခြင်းမှ မရှိဘဲ မိမိရဲ့ ကင်းလွတ်တဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ သဘောတူတာလား၊ ဒါမှမဟုတ် တစုံတယောက်ရဲ့ ခြိမ်းခြောက်မှု၊ သွေးဆောင်မှု၊ ဖြားယောင်းမှုကြောင့် လက်ထပ်ရတာလား ဆိုတာကို ဖြေပါ' မနှင်းပုလဲက ဘာမှမဖြေဘဲ မောင်ချမ်းသာ ဘက်သို့သာ လှည့်ပြီး ငေးကြည့်နေသည်။
မောင်ချမ်းသာက ပခုံးချင်းတိုက်၍ မျက်ရိပ်ပြလိုက်၏။ 'ကျွန်မ ကြိုက်လို့ ယူတာရှင့်' နောက်က ဆိုက်ကားအဖွဲ့က '၀ါး' ခနဲ ရယ်လိုက်သဖြင့် နာယကကြီးက ခပ်တည်တည် လှမ်းကြည့် လိုက်သောအခါ မျက်နှာပိုးသတ်၍ ငြိမ်သွားကြသည်။ ဤလက်ထပ်ပွဲကို ကမကထ ပြုလုပ်ပေးခဲ့သော ရှေ့ဖတ်စာရေးမှာ ရယ်ချင်နေသော မျက်နှာထားကို ခေါင်းငုံ့၍ ဟန်ဆောင်ထားရသည်။ 'ကဲ.. ကဲ.. ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ လာ လာ ဒီမှာ လက်မှတ်ထိုးကြ' လက်မှတ်ထိုးရမည့် နေရာကို ရှေ့ဖတ်စာရေးက ထောက်ပြသည်။ မောင်ချမ်းသာက အလျင် လက်မှတ်ထိုး၏။ ဒုတိယ မနှင်းပုလဲက တုန်တုန်ယင်ယင်နှင့် လက်မှတ်ထိုးရာ တလုံး တလုံးကို အတော်ကြာကြာ ရေးနေရ၏။တရားသူကြီးများက စိတ်ရှည်စွာ စောင့်ကြည့်နေကြ၏။ 'သက်သေနှစ်ယောက် လာ လက်မှတ်ထိုးပါ' ဟု ရှေ့ဖတ်စာရေးက ခေါ်လိုက်ရာ၊ အောင်ဗလနှင့် လှကြည်တို့ နှစ်ယောက် အလုအယက် ထွက်လာကြပြီး သူအလျင် ကိုယ်အလျင် လုပ်နေကြသေးသည်။ နောက်မှ လှကြည်က အလျင် လက်မှတ်ထိုးဖြစ်သည်။xxxxx xxxxx xxxxxလက်မှတ်ထိုးခြင်းကိစ္စ ပြီးစီးကြသဖြင့် သတို့သားနှင့် သတို့သမီး တွဲ၍ ဆိုက်ကားအဖွဲ့ ခြံရံပြီး ရုံးတွင်းမှ ထွက်လာကြ၏။ အောင်ဗလက သပြေပန်းတွေ ဝေေ၀ဆာဆာ လက်ကိုင်ထိပ်၌ ထိုးစိုက်ထားသော ဆိုက်ကားကို အလျင်ဆုံးထုတ်၍ လမ်းပေါ်တွန်းတင်လိုက်သည်။ ထိုဆိုက်ကားသည် သတို့သား မောင်ချမ်းသာပိုင် ဆိုက်ကားဖြစ်သည်။ အောင်ဗလက နေ့စဉ် သူနင်းနေကျ ဆိုက်ကားကို ယနေ့အဖို့ ဆိုက်ကားပိုင်ရှင်အိမ်က ထုတ်ယူမလာပေ။ မောင်ချမ်းသာ၏ ဆိုက်ကားကို ယူကာ နင်းပေးရမည် ဖြစ်၍ ဖြစ်၏။ အောင်ဗလနင်းသော ဆိုက်ကားပေါ်သို့ မောင်ချမ်းသာနှင့် မနှင်းပုလဲတို့ တက်ကြသည်။
မောင်ချမ်းသာ က ရှေ့ထိုင်ခုံမှာ နေရာယူ၍ မနှင်းပုလဲက နောက်ဘက်ခုံတွင် ယို့ယို့ကလေး ထိုင်လိုက်၏။ သူတို့နောက်မှ ဆိုက်ကား ဆယ့်နှစ်စီးက တန်းစီ၍ နေရာယူလိုက်ကြသည်။ တရားရုံးရှိ လူအားလုံးတို့သည် ထူးဆန်းသော မင်္ဂလာပွဲကြီးကို ပြုံးကာ ပြုံး၊ ရယ်ကာရယ်ဖြင့် ကြည်နူးစွာ လှမ်းကြည့်ကြလေ၏။
ဆိုက်ကား စထွက်တော့ အောင်ဗလက သူ၏ ညာဘက်လက်ကိုင်တွင် တပ်ဆင်ထားသော ခေါင်းလောင်းကို အဆက်မပြတ်တီးရင်း နင်းလာသည်။ 'ဟေ့ကောင်အောင်ဗလ၊ ဘာလုပ်တာလဲကွ၊ လူတွေ ကြည့်နေကြပြီ၊ ရှက်စရာကြီး' 'ဟေ့ကောင် ချမ်းသာ၊ ငြိမ်ငြိမ်လိုက်လာစမ်း၊ တရုတ်မင်္ဂလာဆောင်ဆိုရင် ကားဟွန်းသံတွေ တညံညံနဲ့ ဒီလောက်တီးလာတာပဲကွာ' 'သူတို့က ကားကွ' 'တို့လည်း တို့အထွာနဲ့ တို့ပေါ့ကွ၊ ဘီးပါတာပဲ၊ သူတို့က မော်တော်ကား၊ တို့က ဆိုက်ကား... ဟား... ဟား... ဟား...' 'ငါ မျက်နှာ ပူတယ်ကွ' 'မျက်နှာပူရင် မင်းနားရွက်ကားသားပဲ၊ နားရွက် နှစ်ဖက်နဲ့ ကာထားပေါ့ကွ' 'အစ်ကို... လုပ်ပါဦး၊ အစ်ကို့ လူတွေက အော်ကြီးဟစ်ကျယ်နဲ့၊ ရှက်စရာကြီး' မနှင်းပုလဲက နောက်မှ လှမ်းပြောသည်ကို နောက်ဆိုက်ကားနင်းလာသူ ကြည်မြင့်က ကြားသွားဟန်တူသည်။ 'တို့ကတော့ အော်ကြီးဟစ်ကျယ်ပဲဟေ့၊ လမ်းထောင့်က ဆိုက်ကားဂိတ်ဆိုတော့ ဆူဆူညံညံ ကားသံ၊ လူသံတွေ ကြားထဲမှာ ပြောရ ဆိုရမို့ အော်ပြောရတာ အကျင့်ဖြစ်နေပြီ၊ ရှက်ရင် ခေါင်းငုံ့ပြီး လိုက်လာ၊ ရောက်တော့မယ်' 'ဒီကလဲ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား အော်ပြီး ဈေးလိုက်ရောင်းရတဲ့ ပဲပြုတ်သည်ပါပဲ တော်၊ အခုဟာက လွန်လွန်းလို့' မနှင်းပုလဲဆီက အသံထွက်လာခြင်းမဟုတ်ပါ။
စိတ်ထဲက ရန်တွေ့ လိုက်ခြင်း ဖြစ်သည်။ နောက်ဘက်မှ ဆိုက်ကားများသည်လည်း ဟွန်းနှိပ်သူနှိပ်၊ ခေါင်းလောင်းတီးသူတီးဖြင့် တသီတတန်းကြီး ဆူညံစွာ ထွက်လာကြလေသည်။ လမ်းတလျှောက် လူများ ထွက်ကြည့်နေကြသဖြင့် မောင်ချမ်းသာနှင့် မနှင်းပုလဲမှာ ရှက်လွန်း၍ ခေါင်းငုံ့ပြီးသာ လိုက်လာကြရလေသည်။
xxxxx xxxxx xxxxx
အိမ်ကလေးပေါ်သို့ စုပြုံ တက်လာကြသော အဖွဲ့ကြီးကို ကြည့်၍ မနှင်းပုလဲ၏အမေ ဒေါ်အေးမမှာလည်း အလိုလို ရွံ့သလိုလို ဖြစ်ပြီး ခေါင်းရင်းဘက် ဘုရားစင်ရှိရာ အောက်ဘက်သို့ ယို့ယို့ကလေး သွားထိုင်နေလေသည်။ လူဆယ့်ငါးယောက်၏ အလေးချိန် ဒဏ်ကြောင့် အိမ်ကလေးမှာ ယိမ်းထိုး လှုပ်ခါနေသည်။ 'ဟဲ့.... ဟဲ့.... အိမ်ပြိုပါ့မယ်' အိမ်မှာ ထိုင်စောင့်နေကြသော မနှင်းပုလဲ၏ မိတ်ဆွေ အမျိုးသမီး အုပ်စုထဲမှ တယောက်က အော်လိုက်သည်။ 'ကဲ... ကဲ... အခန်းအပ်ပြီး မင်္ဂလာသြဘာစကား ပြောရမယ်' အောင်ဗလက အခန်းဝမှနေ၍ သံနေသံထားဖြင့် ဟန်ပန်ထုတ်၍ မိန့်ခွန်းခြွေရန် ပြင်လိုက်သည်။ 'ဟေ့... အောင်ဗလ မင်းက ကြီးကြီးကျယ်ကျယ် ဘာတတ်လို့ ပြောမှာလဲ၊ မလိုပါဘူးကွ၊ သူတို့နှစ်ယောက်ထားခဲ့၊ တို့က မရီဆိုင် ပြေးပြီး မင်္ဂလာအောင်ပွဲလေး ကျင်းပမယ်၊ ဒါပဲ' လှအောင်က ကပြင်တွင် ထိုင်နေလျက်က လှမ်းကန့်ကွက်နေ၏။
'နေပါဦးကွ၊ ငါ့ ဆိုက်ကားရှင်သမီး သမ္မတမှာ လက်ထပ်တုန်းက သြဘာမင်္ဂလာစကားပြောတာ ကြားဖူးလို့ပါ့၊ ငါပြောတတ်ပါတယ်ကွ' 'ကဲ... ဒါဆို ပြောကွာ မြန်မြန်၊ ငါ လေပျို့လာပြီ' ကိုချစ်တီးက နောက်ကျနေသဖြင့် လှေကားအ၀တွင် တစ်ဆို့ကြီး ရပ်နေလျက်က လှမ်းပြောလိုက်၏။ 'ဒီလိုပါ ခင်ဗျ၊ အခု မင်္ဂလာလက်ထပ်ပွဲကတော့ ဆိုက်ကားပိုင်ရှင် မော်ချမ်းသာနှင့် ပဲပြုတ်ပိုင်ရှင် မနှင်းပုလဲတို့ရဲ့...' 'ပဲပြုတ်တောင်း ပိုင်တယ်ပြောပါကွ' 'ဟုတ်ကဲ့၊ ပဲပြုတ်တောင်းပိုင်ရှင် မနှင်းပုလဲတို့ရဲ့ မင်္ဂလာလက်ထပ်ပွဲ ဖြစ်ပါတယ်' 'တော်ပြီဟေ့ သွားမယ်၊ ချမ်းသာ ပေးထားတဲ့ ခဲဖိုးပိုက်ဆံ ဘယ်သူ့ဆီမှာလဲ ဟေ့' 'ကျုပ်ဆီမှာပါဗျ' လှအောင်က ပြောရင်း အင်္ကျီအိတ်ကို ပုတ်ပြလိုက်သည်။ ဆိုက်ကား အဖွဲ့ကြီးက ဘဲလ်သံ ဆူညံစွာဖြင့် ထွက်ခွါသွားကြလေသည်။ မောင်ချမ်းသာတို့ နှစ်ယောက် အခန်းဝတွင် မောမောပန်းပန်း ထိုင်ချလိုက်ကြတော့သည်။ 'အဲဒီလူတွေ ရုတ်ရုတ် လုပ်တာနဲ့ ကြိုးလည်း မတားလိုက်ရပါဘူးနော်' ဟု ဒေါ်မြမြ ခေါင်းဆောင်သော အမျိုးသမီးတစု ရယ်ရယ်မောမောဖြင့် ထွက်သွားကြလေသည်။
xxxxx xxxxx xxxxx
ဒေါ်အေးမကလည်း အလိုက်သိစွာ ဘေးအဖီ မီးဖိုဘက်သို့ ထွက်သွားသည်။ မနှင်းပုလဲသည် အခန်းတွင်းသို့ မရဲတရဲ လှမ်းကြည့်လိုက်၏။ ပြီးတော့ ရှက်စနိုးဖြင့် ခေါင်းငုံ့နေသည်။ ဤအခန်းသည် မနေ့ကအထိ သူ့အမေနှင့် သူ အိပ်နေကျ အခန်းဖြစ်၏။ ယခုတော့ ဤအခန်းပင် သူ့အတွက် မင်္ဂလာအခန်း ဖြစ်နေ၏။ အမေ့အိပ်ရာ ဖျာလိပ်က အိမ်ရှေ့ခန်း ခေါင်းရင်းဘက်တွင် လိပ်လျက်သား တွေ့ရ၏။ အခန်းတွင်းမှာတော့ နံနက်က မိမိကိုယ်တိုင် အိမ်ဘေးက မမြနဲ့အတူ ပြင်ဆင်ထားသော အိပ်ရာ အသစ်စက်စက်ကို တွေ့ရ၏။ နှစ်ယောက်အိပ်ဖျာချော အသစ်စက်စက်ပေါ်တွင် ရွှေဘုံသာလမ်းက ဆိုက်ကားအုပ်စုက လက်ဖွဲ့အဖြစ်ဝယ်ပို့ထားသော ခေါင်းအုံးအသစ်စက်စက်နှစ်လုံးနှင့် ခြေရင်းတွင် အညာစောင် အသစ်စက်စက်က ခေါက်လျက် ပုံချထားသည်။ စိန်ဂျွန်းဈေးက အမေ သွားဝယ်ပေးထားသော နှစ်ယောက်အိပ် နိုင်လွန်ခြင်ထောင် ပန်းရောင်က အပေါ်ကမိုးလျက်...။ နံရံဘေးတွင် မနေ့က ကိုချမ်းသာ လာပို့ထားသော ဆေးပြယ်စ ပြုပြီဖြစ်သည့် အနက်ရောင် သံသေတ္တာ အဟောင်းတခုကလည်း အခန်းအတွင်း ပစ္စည်းအသစ် ဖြစ်သည်။ မိမိ အ၀တ်များထည့်သည့် ထန်းခေါက်ဖာက ခြေရင်းထောင့်တွင် ယခင်နေရာအတိုင်း ဖြစ်၏။ အမေ့သံသေတ္တာကလည်း ယခင်နေရာဟောင်းမှာ....။
မောင်ချမ်းသာက ပြုံးပြုံးကြီး မနှင်းပုလဲကို ကြည့်နေ၏။ 'ဘာကြည့်တာလဲ' မနှင်းပုလဲက မျက်စောင်းထိုး၍ မေ့မေ့လျော့လျော့ နှုတ်ခမ်းစူထားရမည့်အစား ပြုံးလိုက်မိ၏။ 'အဟင်း... ဟင်း.. ဘာလုပ်ရမှန်းမသိလို့' 'ခစ်..ခစ်...ခစ်...' မနှင်းပုလဲက ပါးစပ်ကို လက်နှင့်အုပ်ပြီး ရုတ်တရက် အဆက်မပြတ် ရယ်ချလိုက်၏။ 'ဘာရယ်တာလဲ ဟ' မောင်ချမ်းသာက မလုံမလဲ ပြုံးဖြဲဖြဲနှင့် လှမ်းမေးသည်။ 'ဘာမှမဟုတ်ပါဘူး၊ တခြားပါ' ခုမှ တကယ် ရယ်စရာ တွေ့လိုက်ရ၍ မနှင်းပုလဲ ရယ်လိုက်ခြင်း ဖြစ်သည်။ ယခင်က အမှတ်တမဲ့ ဖြစ်ခဲ့ပြီး ယခု လမ်းမှာ ကိုအောင်ဗလ ပြောမှ သတိထားကြည့်လိုက်မိသည်။ ကိုချမ်းသာ နားရွက်ကြီးက တကယ် ရယ်စရာ ကောင်းအောင် ကားကားကြီး တွေ့နေရ၏။ သို့သော် လူကြီးသူမများက ပြောဖူးသည်။ နားရွက်ကောင်းရင် ဥာဏ်ကောင်းသည်ကို...။ 'ဟုတ်မှာပါပဲ၊ ဒါကြောင့် အစ်ကိုက ကိုယ်ပိုင် ဆိုက်ကားနဲ့ ဘာနဲ့ ဖြစ်နေတာ' မနှင်းပုလဲ မျက်နှာပိုး ပြန်သတ်သွားသည်။
xxxxx xxxxx xxxxx
'နှင်းပုလဲဆိုတဲ့ နာမည်က ဆန်းတယ်ဟ၊ နင်နဲ့လိုက်တယ်၊ နင့်ကို ဘာကြောင့် ဒီနာမည် မှည့်ပေးတာလဲ... ဟင်' 'အို အကိုကလဲ၊ ကျွန်မကို နှင်းပုလဲမှာ မွေးတာတော့၊ ဒါကြောင့် အဖေက လွယ်လွယ်ပဲ နှင်းပုလဲလို့ ပေးလိုက်တာ' 'ဟာ... စိတ်ကူးပျက်လိုက်တာဟာ၊ ငါက ပုလဲလေးလို နင်က ဖြူလို့ ပေးတာလားလို့ သဘောကျနေတာ' 'ကျွန်မက ဖြူမှ မဖြူတာ၊ အစ်ကို မြင်တဲ့ အတိုင်းပဲဟာ' 'ငါ့မျက်စိထဲကတော့ ဖြူနေတာပဲဟာ' 'ပို မနေစမ်းပါနဲ့' 'မပိုပါဘူးဟ၊ ဟောဒီမှာ' 'အို.... ကြည့်စမ်း.... ခစ်..ခစ်..' အိမ်ရှေ့ခန်းက အမေ ဒေါ်အေးမက ချောင်းတချက် ဆိုးလိုက်၏။ ဤတော့မှ အခန်းထဲမှ မနှင်းပုလဲတို့၏ အသံ တိတ်သွားလေသည်။
xxxxx xxxxx xxxxx
ခြင်္သေ့မင်း လက်ဖက်ရည်ဆိုင်တွင် မနှင်းပုလဲအတွက် နံပြားစောင့်ရင်း မောင်ချမ်းသာနှင့် မနှင်းပုလဲတို့ လက်ဖက်ရည် ထိုင်သောက်နေကြ၏။ ဆိုက်ကားရှေ့ခုံပေါ်တွင်တော့ မနှင်းပုလဲ၏ ပဲပြုတ်တောင်းကား အငွေ့တထောင်းထောင်းနှင့်....။ မောင်ချမ်းသာသည် ဤ လက်ဖက်ရည်ဆိုင်ကလေးက စ၍ မိမိနှင့် မနှင်းပုလဲတို့ ရေစက်ဆုံစည်းမိ ကြသည်ကို ပြန်လည်တွေးနေမိ၏။ မောင်ချမ်းသာသည် တကောင်ကြွက်၊ ဆွေမရှိမျိုးမရှိ။ ရန်ကုန်တွင် မြို့သစ်လေး၌ ဆိုက်ကားနင်းစားသူ ဖြစ်သည်။ မိမိ၏ ကြိုးစားမှု၊ ချွေတာမှု၊ လိမ္မာမှုကြောင့် သူတပါးဆိုက်ကားကို နေ့ပေးအငှား နင်းလာခဲ့ရာမှ ဆိုက်ကားတစီး ကိုယ်ပိုင်ဖြစ်လာသူ ဖြစ်၏။ မိမိနှင့် ဘ၀တူ ဆိုက်ကားဆရာ ကိုချစ်တီးအိမ်တွင် တလ လေးဆယ်ပေးပြီး နေခဲ့သူ ဖြစ်၏။ မနက်စောစော ဆိုက်ကားနင်းထွက်လာပြီး ဤလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်တခွက် မှန်မှန် သောက်နေကျ ဖြစ်၏။ မနှင်းပုလဲကလည်း အခြား ပဲပြုတ်သည်များနှင့် အတူတူ ဤလက်ဖက်ရည်ဆိုင်၌ နံပြားဝယ်နေကျ ဖြစ်၏။
မောင်ချမ်းသာက မနှင်းပုလဲကို နံနက်တိုင်း တွေ့နေ မြင်နေရာမှ မျက်စိကျလာသလို မနှင်းပုလဲကလည်း မောင်ချမ်းသာအပေါ် စိတ်ယိုင်လာခဲ့ခြင်း ဖြစ်၏။ ငယ်ငယ်ရွယ်ရွယ် သူများတကာလို နေ့စားအငှားနင်းတာ မဟုတ်ဘဲ ကိုယ်ပိုင်ဆိုက်ကားနှင့် တကိုယ်ရေ တကာယ နေသူဖြစ်မှန်း တခွန်းစ နှစ်ခွန်းစ မေးရင်း သိလာရတော့ အားကိုးလိုစိတ်ကလေးက ၀င်လာမိ၏။ နောက်တော့ သူတို့ချင်း သဘောမျှလာကြသည်။ အစ ပထမတွင် မောင်ချမ်းသာနောက်ပိုးပုံကလေးက ရယ်စရာကောင်း၏။ 'ညီမ ပဲပြုတ်ကလေး ဆီဆမ်းပြီး နံပြားကလေးနဲ့ စားချင်တယ်ဗျာ။ ပဲပြုတ်နာမည်က ဘယ်လိုတဲ့တုံး' 'ပဲပြုတ်ပဲ နာမည်ရှိမလားတော့' 'အို... အို... ယောင်လို့၊ လူနာမည် မေးတာပါ' မနှင်းပုလဲက လက်ဖက်ရည်ကြမ်းသောက်ရင်း ရယ်မိသဖြင့် သီးသွားသည်။ ယခုတော့ တူနှစ်ကိုယ် တစားပွဲတည်း ထိုင်၍ လက်ဖက်ရည် သောက်နေရပြီ ဖြစ်၏။
xxxxx xxxxx xxxxx
'ဟောဒီ လမ်းထိပ် ချပေးရင် တော်ပြီအကို' နှင်းပုလဲက သူရောင်းနေကျ နှစ် ရပ်ကွက် လမ်းထိပ်သို့ ရောက်သောအခါ မောင်ချမ်းသာကို ဆိုက်ကားရပ်ခိုင်းသည်။ ဆိုက်ကားပေါ်မှ လှမ်းဆင်းလိုက်ပြီး ပေါင်ပေါ် တင်ထားသော ပဲပြုတ်တောင်းကို ခေါင်းပေါ် ခေါင်းအခုယူ၍ ရွက်လိုက်သည်။ 'အကို သွားတော့လေ' 'နေပါဦးဟ၊ နင်အော်တဲ့ အသံလေးကြားချင်လို့၊ ပြီးတော့ ဘယ်အချိန် ဒီနေရာက လာကြိုရမလဲ ဆိုတာ မေးမလို့' 'အို... အကိုကလဲ ကျွန်မဘာသာ ပြန်ပါ့မယ်၊
ကိုယ့်အလုပ်ကိုယ် လုပ်စမ်းပါ၊ အလကား အမောခံပြီး လာကြို လာပို့ လုပ်နေရဦးမယ်၊ အကို အဲဒီအချိန် လူရနေတော့ ဘယ့်နှယ်လုပ်မလဲ' 'သူများ လွှဲပေးလိုက်မှာပေါ့ဟ၊ ပြောစမ်းပါ၊ ဘယ်အချိန် ပြန်လာစောင့်ရမလဲ' 'ကဲ... ကဲ... ကိုယ်တော်ရယ်၊ အကိုတော့ ပိုက်ဆံမရဘဲ မောနေရမှာ စိုးလို့ ပြောတာ၊ ခါတိုင်း တနာရီ ကျော်ကျော်လောက် လှည့်လိုက်ရင် ကုန်တတ်တာပဲ' 'ဒီလိုဆို ငါလာခေါ်မယ်၊ လုပ်ပါဟ၊ ငါကြားအောင် အော်လိုက်စမ်းပါဦး' 'ပိုလိုက်တာနော်' နှင်းပုလဲက မျက်စောင်းလေး ပြုံး၍ ထိုးရင်း လမ်းကျဉ်းဘက်သို့ လှည့်ထွက်သွား၏။ 'ပဲပြုတ်... နံပြား...' မောင်ချမ်းသာအဖို့ကား နှင်းပုလဲ၏ အော်သံသည် မေဆွိသီချင်းသံထက် များစွာကောင်းကာ နားဝင်ချို သာယာလှပါသည်။ ကျေနပ်စွာပြုံး၍ ဆိုက်ကားကို မတ်တတ် အရှိန်ယူကာ နင်းချလိုက်ပြီးလျှင်- 'မောတော့ မောတာပေါ့၊ ဒါပေမယ့် မမောဘူး' ဟု သီချင်းကို ညည်းကာ ထွက်သွားလေသည်။ မနှင်းပုလဲသည် နောက်သို့ လည်ပြန်ကြည့်လိုက်ရာ ဆိုက်ကားဘီး ချိုင့်ထဲကျသွားသံကို ကြားရပြီး မြူနှင်းများ အကြားတွင် မှုန်၍ ပျောက်ကွယ်သွားသော လင်တော်မောင်အား သူရဲကောင်းကြီး စစ်မြေပြင်သို့ ထွက်သွားသည်ကို မျက်စိတဆုံး လှမ်းမျှော်၍ ကြည့်နေမိသော ဇနီးသည်ကဲ့သို့ ကျေနပ်ပီတိ ဖြစ်နေမိတော့၏။
'ပဲပြုတ်... နံပြား....' မောင်ကိုယု [မြတ်လေးမဂ္ဂဇင်း၊ မေ ၁၉၈၆]
နေသော်ခ တကယ့် အချစ်စစ်နဲ့ သာချစ်တယ်ဆိုရင် ........တစ်ကြိမ်တစ်ခါလောက် ခွင့် လွှတ်ပေးလိုက်ပါ
လူတစ်ယောက်ဘ၀တစ်ခုကိုဖြစ်တည်လာပြီဆိုရင် အချစ်ဆိုတဲ့ အရာနဲ့ ကြုံတွေ့ စမြဲပဲ .....လူ့ ဘ၀အသက်လေးတစ်ဆယ့် ငါးနှစ်ကျော် တစ်ဆယ့် ခြောက်နှစ်ဆိုရင် အချစ်ဆိုတဲ့ အရာကို သူတို့  လက်တည့် စမ်းချင်လာပြီ ..တကယ်တမ်းပြောရရင်တော့  ငယ်ပါသေးတယ် ..အချစ်ဆိုတဲ့ အရာကို အဲ့ အသက်လေးနဲ့  အကဲမစမ်းစေချင်ပါဘူး ..ကျောင်းနေတဲ့ အရွယ်ကျောင်းစာတွေပဲသင်စေချင်တယ်..တက္ကသိုလ်ရောက်မှ ရည်းစားထားတာ ကောင်းတယ်..ဘာလို့ လဲဆိုတော့  ဆုံးဖြတ်နိုင်တဲ့ အတွေးအခေါ်၇ှိနေပြိလေ ...အဲ့ လို ရည်းစားတွေထား ..ချစ်သူတွေထားပြီးရင် ....သီးချိန်တန်သီး ပွင့် ချိန်တန်ပွင့် ဆိုတဲ့ အတိုင်း သင့် တင့် လျောက်ပတ်တဲ့  အိမ်ထောင်ရေးတစ်ခုကို ထူထောင်ကြတယ် ...အဲ့ လိုထူထောင်ကြတဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက် တိုင်ပင်ဆွေးနွေးကြဖို့ လိုအပ်ပါတယ် ....အိမ်ထောင်ပြုပြီးပါမှ နောက်မှမလိုလားအပ်တဲ့ ပြသာနာတွေ ဖြစ်ကုန်မှာစိုးလို့ ပါ ....မိန်းကလေးရော..ယောကျာ်းကလေးများပါ ချစ်သူသမီးရည်းစား ဘ၀မှာကတည်းကတစ်ယောက်နဲ့ တစ်ယောက်ဟာ မိမိတို့ ရဲ့  အပျိုရည်ဘဘ၀တို့ ထိန်းသိမ်းသင့် တယ် ..ချစ်သူဘ၀မှာကတည်းက အချစ်နယ်ကျွန်ခဲ့ ကျရင် မိန်းကလေးအမြင်ဘက်မှာတော့  ငါသူ့ ကိုချစ်လို့  ငါ့ ဘ၀ကိုပုံအပ်လိုက်တာ ...သူလဲငါ့ ကိုအတည်ယူမှာပဲ ဆိုပြီး မိန်းကလေးဘက်ကတွေး ....ယောကျာ်းလေးဘက်ကျတော့  ငါနဲ့ တောင်ဒီအတိုင်းအတာအထိကျော်လွန်ခဲ့ ကြပြီ ..ငါ့ အရင်မတိုင်ခင်ကော သူဒီလိုဖြစ်ခဲ့ သလား ဆိုပြီးတွေး ....ကောင်မလေးက သူနဲ့ ခင်တဲ့ ယောကျာ်းလေး သူငယ်ချင်းနဲ့ တွဲလမ်းလျှောက်လာတာကို ကောင်လေးက တစ်ခါနှစ်ခါလောက်တွေ့ ရင် ပြသာနာ၇ှာ..မိန်းကလေးလဲထို့ နည်းတူပြသာနာ၇ှာ ..အဲ့ ဒီလိုပဲပဲ သံသဃ စိတ်တွေနဲ့  လမ်းခွဲကြ ...နောက်ဆုံးကျတော့  မိမိတို့ ရဲ့  အပျိုရည် ..လူပျိုရည်ပဲ ပျက်တာပဲ အဖတ်တင်တယ် ...တစ်ချို့ ကျတော့ လဲ အွန်လိုင်းမှာတွေ့ ကြတယ် ...နောက်ဖုန်းနံပတ်တောင်းတယ် ....ပြီး၇င်ခင်ကြမင်ကြနဲ့  တစ်ယောက်နဲ့ တစ်ယောက် ချစ်သူရည်းစားဖြစ်ကြတယ် ....ပြီးတော့  အချစ်နယ်ကျွမ်ခဲ့ ကြတယ် ....ကောင်လေးရဲ့ အတွေးမှာတော့  သူ့ ကိုငါက အွန်လိုင်းပေါ်မှာတွေ့ တာပဲ .....သူလဲအရင်ကဒီလိုမဖြစ်ခဲ့ ဘူးလို့ လဲ ငါမသိနိုင်ဘူး ....မိန်းကလေးကျပြန်တော့ လဲ ငါ သူ့ ကိုအရမ်းချစ်လို့ ဘ၀ကိုပုံအပ်ခဲ့ တာ ...သူလခဲအ၇င်က ဒီလိုအဖြစ်မျိုးလုပ်ခဲ့ ရင်ဆိုတဲ့ သံသဃအတွေးတွေက သူတို့ နှစ်ယောက်ကို နှိပ်စက်စေပါတယ် ....အဖြစ်ပျက်လေးနှစ်ခုပြောပြပါမယ်၊ဘယ်သူဘယ်ဝါရယ်လို့ အတိအကျတော့ မပြောပြတော့ ပါဘူး ..ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်က အရမ်းချစ်ကြပါတယ် ...တနေ့ သူတို့ ချိန်းတွေ့ ကြပြီး တစ်ယောက်နဲ့ တစ်ယောက်လက်ထပ်မယ်လို့ ပြောကျပြီးနယ်ကျွမ်ခဲ့ ကြတယ် ....အဲ့ မှာကောင်မလေးက သူအပျို တစ်ယောက်မဟုတ်ကြောင်းပြောပါတယ် .......ကောင်မလေးက သူအရင်က အိမ်ထောက်ကျဖူးကြောင်း ..ယင်းအိမ်ထောင်သည် သူ့ အိမ်အား အရွဲ့ တိုက်ချင်သောကြောင့်  အိမ်ထောင်ပြုလိုက်ကြောင်းနှင့်  အိမ်ထောင်လဲ ကြာကြာမတည်တံ့ မခိုင်းမြဲကြောင်းပြောပါတယ် .....အဲ့မှာကောင်လေးက ဘယ်နှယ့် နေမလဲ ..အရမ်းခံစားသွားရတာပေါ့  ....သူ့ ကိုဘာ့ ကြောင့် အပျိုလို့ ပြောလဲပေါ့  ....ကောင်မလေးက သူသည် ကောင်လေးကိုအရမ်းချစ်ကြောင်း၊ပျော်ရွှင်စေချင်ကြောင်းနှင့် ကောင်လေးတောင်းဆိုတာကို ဘာမဆိုလုပ်ပေးချင်တယ်ဆိုတဲ့ အကြောင်းပြောပါတယ် .....ကောင်မလေးက ဖြူစင်တဲ့ ကောင်လေးကို သူ့ ကိုလက်မထပ်ချင်လဲ ရပါသည် ဟုပြောဆိုပါသည် ။ ကဲ စာရှုသူတို့ကောင်လေး ဘယ်လိုဆုံးဖြတ်လိုက်သည်ဟု သင်တို့ ထင်ပါသလဲ .....ကောင်မလေးကိုလမ်းခွဲလိုက်သည်ဟု သင်တို့ ထင်ပါသလား ....အဲ့ သည်လိုထင်မြင်လျှင်လွဲမှားသွားပါမည် .....ကောင်ကလေးသည် ကောင်မလေးကို သူ့ ကိုတကယ်ချစ်လားဟုမေးပါသည် ကောင်မလေးက လွန်စွာချစ်ကြောင်းပြောဆိုလျှင်....ကောင်လေး၏ ဆုံးဖြတ်ချက်သည် အလွန်ပြတ်သားပါသည် ..သူ၏ဆုံးဖြတ်ချက်သည် .... ကောင်မလေးကို ခွင့် လွှတ်ကြောင်းပြောပါသည်။အတိတ်ကဖြစ်ပျက်ခဲ့ တာတွေသည် သူနဲ့ ပတ်သက်ခဲ့ သည့် အချိန်မှစ၍ခွင့် လွှတ်ကြောင်းနှင့် သူ့ အပေါ်တွင်သစ္စာ၇ှိရန်သာပြောပါသည်။ ယင်းတို့ နှစ်ယောက်သည်ယခုချိန်အထိ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြည်ဖြူစွာ ပေါင်းသင်းနေထိုင်လျှက်ရှိနေပါသည် ။ ကောင်းလေး၏ခွင့် လွှတ်ခြင်းသည် ဂုဏ်ယူလောက်ပါသည် ။
Archive
Blog Archive
kothu1987@gmail.com. Powered by Blogger.
Recent
Comment
My Blog List
Blogger templates
Pages
Blogger news
About