၅သိန်းဖုန်းလေး

“ ကိုကိုရေ..ဖုန်းလာနေတယ်..” “ ကိုကို့…ဖုန်းလာနေတယ်..ဆို့..”

ယခုရက်ပိုင်းအတွင်း ကျွန်တော်တို့မြို့လေးမှာ ငါးသိန်းတန်ဖုန်းရောဂါ အတော်ထနေပါတယ်၊

သဲသဲကိုလှုပ်လို့ပါ၊ သူများ ထတော့ အောင်ထက်လဲ ရွလာ ကြွလာပါတယ်။

ခက်တာက ဖွတ်ကလိဒင်္ဂါးက မလောက်မင ဖြစ်နေပါတယ်၊

ကျူရှင်ဖိုးရတဲ့ထဲက အမေ့မပေးပဲ ဘတ်ထားတဲ့ ဘတ်ငွေလေးက နှစ်သိန်းပြူပြူလေးပဲရှိပါတယ်..



လက်ဘက်ရည်ဆိုင်အတူထိုင်ကြရင်း..သူငယ်ချင်းတွေက..

“ အေး..အေး..ပြောလေ..ဟုတ်ပါပီ..ငါပြန်ဆက်မယ်လေ..”

“ ညလေးလား..လိုင်းပေါ်ဘာလို့မတက်တာလဲ..စောင့်တဲ့သူကို မောအောင်ဖန်တာလား..”

သူတို့ခါးချိတ်ထားတာလေးတွေနဲ့ အဲလိုလုပ်လေ..အောင်ထက်ရင်ထဲ ကတုန်ကရင်ကြီးဖြစ်လေ..

မအီမသာကြီးဖြစ်လေပါ..



တစ်ခါကတော့ အဲဒီငါးသိန်းဖုန်းကြောင့် အောင်ထက်သူငယ်ချင်းလင်မယား အရှက်ကွဲဘူးလေရဲ့..

သူတို့အိမ်မှာ မကြာခင်က ၀ါဆိုသင်္ကန်းကပ်ပါတယ်၊ ငွေစကြေးစ ရွှင်သူများမို့ ပရိသတ်ကခပ်များများ..

ဆရာတော်က တရားဟောအပြီး..ရေစက်ချပါတယ်..

သူငယ်ချင်းလင်မယားက ခပ်တည်တည် ရေစက်ခွက်လေးတွေကိုယ်စီနဲ့ပေါ့..

ပရိသတ်က..” သာဓု “ သုံးကြိမ်ခေါ်ရမဲ့အချိန်လဲရောက်ရော..

“ အရက်ကိုကြိုက်လို့သောက်တဲ့သူ..စိတ်ပျော်တတ်လို့ သောက်တဲ့သူ..

သောက်ပစ်လိုက်မယ် ခပ်များများ…….. ”

အလှူတကာဖြစ်သူ.. သူငယ်ချင်းခါးက ငါးသိန်းဖုန်းလေးက..ထသောင်းကျန်းပါတော့တယ်..

ဆရာတော်လဲ..ကယာင်ကတန်းတောင်ဖြစ်လို့.

သာဓုခေါ်ဖို့လုပ်နေတဲ့..အောင်ထက်တို့လည်း ..ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ

သာဓု ခေါ်ပြန်ရင်လည်း သူအရက်များများ သောက်လိုက်မှာကို.“.ကောင်းလေစွ .” ဖြစ်ရအုန်းမယ်..



ကြုံတုန်းလေး..တစ်ခုရှိပါသေးတယ်..

ရွေးကောက်ပွဲမတိုင်ခင်လေးကပါ..အင်အားအကြီးဆုံးပါတီကြီးက..လာမဲဆွယ်ပါတယ်.

အောင်ထက်တို့ကလဲ..စပ်စပ် စပ်စပ် သမားဆိုတော့ တက်ရောက်လိုက်ပါတယ်..

ကိုယ်စလည်လောင်းကြီးကအားပါးတရပေါ့လေ ဟောပြောကောင်းနေတုန်းမှာပဲ..

“ လိမ်တယ် ညာတယ် လူညာကြီးရယ်..ယုံအောင် ဖြီးတတ်တယ်…”

ပရိသတ်ထဲက ငါးသိန်းတန်လေးက ဖေါ်ကောင် ဘညွန့်လုပ်ပါတော့တယ်..

ကိုယ်စလည်လောင်းကြီးကိုမျက်နှာပူလိုက်တာ..



×××××× ×××××× ×××××××



တစ်နေ့..အမေ့ မီးဖိုချောင်မှာ ..

အောင်ထက်.. ဟိုဟာလေးကူလုပ်လိုက်..ဒီဟာလေး ကူလိုက်လုပ်နေပါတယ်..

အမှန်က ဟန်ဆောင်ပြီး အမေ့အလုပ်တွေကိုကူလုပ်ပြနေတာပါ။

အမေက ထူးဆန်းတဲ့ အောင်ထက်အပြုမူကို မျက်စောင်းလေးထိုးရင်း အကဲခပ်နေပါတယ်..

သားအမိအချင်းချင်း မြွေမြွေ ချင်း ခြေမြင်တဲ့ သဘောပါ။

“အမေ.. အမေ့ကို..သားပြောစရာရှိတယ်..”

“ နိဒါန်းပျိုး မနေနဲ့ ..ပြောစမ်း ဘာလိုခြင်ပြန်လဲ ”

“ သားကို ငါးသိန်းဖုန်း ၀ယ်ပေးပါလား..အမေ ..”

“ အလိုတော်..အိမ်မှာ ကြိုးဖုန်းရှိရဲ့ သားနဲ့..”

“ လုပ်ပါအမေရယ်..သူများတွေခါးမှာ ချိတ်နေကြတာ အမေရဲ့.”

“ အောင်ထက်..ဒီနှစ် နင့်ကို ငါမိန်းမပေးစားတော့မလို့ ငွေစုနေတာ.. ”

“ အမေကလဲ..သားမိန်းမ မလိုချင်ပါဘူး ဖုန်းပဲ ခါးချိတ်ချင်တာ..”

“နင့်အသက်မငယ်တော့ဘူး..ငါတောက ကောင်မလေးတစ်ယောက်တွေ့ထားတယ်..”

“ ဟာ..အမေကလဲ အမေ့ တောသူမ သားမကြိုက်ပါဘူး..သားက အမေ့ကိုလုပ်ကျွေးချင်သေးတာ..”

“ အမလေးတော်..ခုမှ လိမ္မာနေလိုက်တာ..နင့်ကိုငါမွေးထားတာ..ယုံနိုင်ဖွယ် “

“ အမေနော်..ဖုန်းခါးမချိတ်ရလို့ကတော့..သားကျူရှင်မလုပ်တော့ဘူး..အမေ့တောသူမလဲ မယူဘူး..”

အမေတစ်ခု သားတစ်ခုမို့ အမေ့ရဲ့ချွေးမရှာ စီမံကိန်းကြီးက မီးဖိုချောင်လွှတ်တော်မှာ

ရှုံးနိမ့်သွားပါတော့တယ်..ကျွန်တော့်ရဲ့ငါးသိန်းဖုန်းစီမံကိန်းက အောင်ပွဲခံလိုက်ပါတယ်..



×××××× ××××××× ×××××××



တနင်္လာနေ့..

မြို့နယ် ဘဏ်ခွဲတစ်ခုမှ ကျွန်တော်အောင်ထက်နဲ့ အဖေါ်သူငယ်ချင်း တစ်ယောက်ပြန်ထွက်လာပါတယ်..

လက်ထဲမှာ..ငါးသိန်းဖုန်း ငွေသွင်းချလံလေးကိုင်လို့..ပျော်လိုက်တဲ့ဖြစ်ခြင်း..

ဆိုင်ကယ်နှစ်စီး ဆီထည့်..နောက် လူဆီလေးလဲ အနည်းအကျဉ်းထည့်လိုက်ကြပါတယ်..

ကိစ္စ၀ိစ္စတွေလဲပြီးရော..အိပ်ကပ်ထဲမှာ..ငါးရာတန် အစုပ်လေးတစ်ရွက်က မျက်နှာငယ်ငယ်..

ရတယ် ဖုန်းခါးချိတ်ရပီးရော၊ အထက်လေကလေးမိမိနဲ့ ပျော်ရွှင်စွာပြန်အလာ..မြို့အထွက်တစ်နေရာ..

“ ရွှီး..ရွှီး “

မော်တော်ပီကယ်၊ အားလုံး OK တယ် အပြည့်အစုံပါတယ်။ဘာရမလဲပေါ့။

“ ကဲညီလေးတို့ တစ်စီးမှ ဘက်မှန်မပါဘူး တစ်စီးငါးထောင်စီကျတယ် “

“ အကိုရယ်..မလုပ်ပါနဲ့ ဖုန်းလာထုတ်တာပါ..မယကကြေးကလဲ သွင်းရသေး.. “

“ ဟေ့ ဟေ့ ..မဆိုင်တာတွေမပြောနဲ့.. မရဘူး ဆောင်သွား “

အမျိုးမျိုးတောင်းပန်ကြည့်ပါတယ်..ဘယ်လိုမှတောင်းပန်လို့မရပါ..

အဲဒီအချိန်မှာဘဲ အရေးထဲကျနော်သူငယ်ချင်းဖုန်းက ခေါ်သံမြည်လာပါတယ်၊။

“ ဟုတ်ကဲ့..ခင်မောင်လတ်ပါ “

“…………………………………………..”

“ ဟုတ်ကဲ့..အဘခရိးစဉ်တွက် အားလုံးစီစဉ်ပြီးပါပီ “

“…………………………………………..”

“ ဟုတ်ကဲ့..စိတ်ချပါ..ဆည်မြောင်းပြီးရင်..ကျောင်းဖွင့်ပွဲပါ “

“…………………………………………..”

“ ဟုတ်ကဲ့..ကျနော်..အခုလမ်းမှာပါ..ဆိုင်ကယ် အဖမ်းခံနေရလို့ပါ အဘ “

“…………………………………………..”

“ ဘက်မှန်ပဲမပါတာပါ..ဟုတ်..ဟုတ်..နာမယ်နဲ့ ကိုယ်ပိုင်နံပါတ်မေးခဲ့ရမယ်..ဟုတ် “

ဖုန်းလည်းပြောပြီးရော သူငယ်ချင်းက..

“ ကဲ အကိုကြီးရေ..ဆိုင်ကယ်တစ်စီးထားခဲ့မယ်..နောက်နေ့မှလာရွေးမယ်နော် “

“ ဟာ မဟုတ်တာ သွားကြပါကွာ အကိုကြီးက နောက်တာပါ “

“ အကိုကြီးရယ်..အားမနာပါနဲ့ ယူထားလိုက်ပါ..”

“ သွားကြပါကွာ..မချင်းချင်းတွေပဲ..”

“ ဟုတ်ကဲ့..အကိုကြီး သွားမယ်နော် ကျေးဇူးပဲ “



လမ်းရောက်တော့ ကျနော်က သူငယ်ချင်းကို စောစောကဖုန်းဆက်တာ ဘယ်ကလဲလို့မေးပါတယ်။

သူကအားရပါးရရီမောပြီးမှ..ငါ့မိန်းမဆီကပါတဲ့

ကျန်တာကတော့စိတ်ကူးပေါက်တာပြောလိုက်တာပါတဲ့။

အော်..ငါးသိန်းဖုန်းလေး..တယ်ဟုတ်ပါလား..အစွမ်းထက်လှပါလားနော်..

အဘ ကယ်ပေလို့သာပေါ့နော်..

ဒီလိုသာဆိုရင် ဒီနှစ် အမေပေးစားမဲ့တောသူမ မရလဲတန်ပါတယ် အမေရေ..



xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx



(၀န်ခံချက်..အဟောင်းလေးပြန်ပြင်ပီး..တင်လိုက်ပါတယ်..ခေတ်ကြီးက ဒီလိုပြဲဖစ်နေလို့)

ချစ်သူပုံရိပ်

_(▒)(▒)_______███☼████___(░)(░)
(▒)(▓)(▒)__ ███__ ██████ (░)(▒)(░)
_(▒)(▒)___██____███▒████ (░)(░)
_________██____███▒▒▄▒
__________██____█▒▒▒▒▒▒
___________██____ █▒▒▒♥__(░)(▒)
____________██_____▒▒___(▒)(█)(░)
____________ ██____▒▒_____(░)(▒)
_____________██__▓▓▒▓______█
________█✯ _██ ▓▓▓▒▒▒▓____█_█
_(░)(░)___███_ ▓▓_▓▓▓▓▓▓__ █▀
(░)(▒)(░)______▓▓_▓▓▓▓▓▓___█
_(░)(░)_____ _▓▓_▓▓▓▓▓_____ █
___________ ▓▓__▓▓▓▓_▓____▒░
__________ ▓▓__▓▓▓▓___▓__▓▒
_________ ▓▓___███❋█__▓▓_
________▒▒__ ♥▒▒♥▒▒♥▒
_______░___ ♥▒▒♥▒▒♥▒▒♥
__________ ♥▒▒♥▒▒♥▒▒♥▒▒
_________♥▒▒♥▒▒♥▒▒♥▒▒♥▒
________♥▒▒♥▒▒♥▒▒♥▒▒♥▒▒♥
______ ♥▒▒♥▒▒♥▒▒♥▒▒♥▒▒♥▒▒
_______________▓▓ ▓▓
_(▒)(▒)_________▓▓_▓▓
(▒)(▓)(▒)_______▓▓__▓▓
_(▒)(▒)_________▓▓__ ▓▓
_______________▓▓__▓▓
_______________▓▓ ▓▓
_______________▓▓▓
______████████▓
_______█☼█___██____(░)(░)
______███____ ██__ (░)(▒)(░)
______█_______██____(░)(░)

♦♦♦♦♦ နိုင်းနိုင်းစနေရေးသာထားသောစာလေးတပုဒ်♦♦♦♦♦

၁) လူ့ဘဝမှာ အစမ်းလေ့ကျင့်(rehearsal)တယ်ဆိုတာ မရှိဘူး။ တိုက်ရိုက်ထုတ်လွှင့်မှုပဲ ရှိတယ်။

(၂) တကယ်တော့ ဘဝဆိုတာပျော်စရာပါ။ ဘဝက ကျွန်တော်တို့ကို ဘယ်လိုပျော်ဖို့ သင်ပေးနေခဲ့ပါတယ်။

(၃) လူတွေရဲ့အသိဉာဏ်က ကြီးကျယ်မြင့်မြတ်တယ်။ အဲဒီအသိဉာဏ်က မျော်လင့်ချက်မဲ့နေသူ တစ်ယောက်ကို မျှော်လင့်ချက်ရှိလာအောင် လုပ်ဆောင်နိုင်သလို မျှော်လင့်ချက်ရှိသူတစ်ယောက်ကိုလည်း မျှော်လင့်ချက်မဲ့သူဖြစ်အောင် လုပ်ဆောင်နိုင်တယ်။

(၄) ကမာကောင်တစ်ကောင်ဟာ သူ့ကိုယ်တွင်းကသဲတွေကို လှပတဲ့ပုလဲတစ်လုံးဖြစ်အောင် တစ်သက်တာအချိန်ကို သုံးရသတဲ့။ မိုးရွာပြီးစမှာ လှပတဲ့သက်တန့်တစ်စင်းဖြစ်ဖို့ မရေမတွက်နိုင်တဲ့ ရေစုံရေမွှားလေးတွေ စုရသတဲ့။ တကယ်လို့ ဒါတွေကို ဖြစ်ပြီးရင်းထပ်ဖြစ်တဲ့ ဒုက္ခအခက်အခဲတွေလို့ သဘောထားခဲ့ရင် အဲဒီဒုက္ခအခက်အခဲပြီးနောက် လှပတဲ့ပုလဲတစ်လုံး၊ လှပတဲ့သက်တန့်တစ်စင်း ထွက်ပေါ်လာခဲ့ဦးမယ် မဟုတ်ပါလား!

(၅) ဘဝဆိုတာ အစဉ်အမြဲပွင့်တဲ့ မညှိုးပန်းတစ်ပွင့်ဆိုရင် ဒုက္ခအခက်အခဲတွေက ပန်းကိုကြီးထွားသန်မာစေတဲ့ မြေသြဇာပဲဖြစ်မယ်။ မြေသြဇာမရတဲ့ပန်းဟာ ညှိုးနွမ်းခြောက်သွေ့လွယ်သလို အခက်အခဲဒုက္ခတွေကို ရင်မဆိုင်ဖူးသူတွေက ပြီးပြည့်စုံတဲ့ဘဝကို မရနိုင်ဘူး။

(၆) လူအများရဲ့ ကွဲလဲတဲ့ထင်မြင်ချက်၊ အကြံဉာဏ်တွေကြားမှာ ရှေ့ဆက်ရမယ့်လမ်း ပျောက်နေခဲ့ပြီလား? လူတွေရဲ့သွေးထိုးဖြားယောင်းတဲ့ စကားတွေကြားမှာ အခက်အခဲကိုဖြတ်ကျော်ဖို့ အတောင်တစ်စုံ မဲ့နေခဲ့ပြီလား?

ကြံ့ခိုင်မှုကိုမရွေးချယ်ခဲ့တဲ့၊ အားပေးစကားတွေ မကြားခဲ့ရတဲ့ ရင်တစ်စုံမှာ လမ်းပြမယ့် ထွန်းတောက်တဲ့ နေရောင်တွေ ကင်းမဲ့နေခဲ့ပြီလား?

စိတ်မပူပါနဲ့.. အားမငယ်ပါနဲ့... ရိုးသား၊ စစ်မှန်ခြင်းတွေကို အော်ခေါ်နေတဲ့ ကိုယ့်ရင်ဘတ်ထဲက နှလုံးသားရဲ့အသံကို နားထောင်လိုက်ပါ။ နှလုံးသားရဲ့ အလင်းရောင်က သင့်ကို လမ်းပြခေါ်ဆောင်သွားပါလိမ့်မယ်။

(၇) လူ့ဘဝလမ်းခရီးတစ်လျှောက်မှာ ချိုင့်ခွက်တွေ၊ အကွေ့အကောက်တွေရှိတယ်ဆိုတာ ဓမ္မတာပါ။ ဘယ်လို အခက်အခဲနဲ့ပဲ ကြုံရပါစေ၊ ဘယ်လို ဆင်းရဲဒုက္ခနဲ့ပဲ ရင်ဆိုင်ရပါစေ၊ ဘယ်လိုပဲ မျှော်လင့်ချက်မဲ့ပါစေ၊ ဘယ်နှခါပဲ ခလုတ်တိုက် လဲကျပါစေ... ကြံ့ကြံ့ခံထရပ်ဖို့ မမေ့ပါနဲ့။ လက်မလွတ်ပါနဲ့... တစ်ကြိမ်ထရပ်တိုင်း အောင်မြင်မှုက သင်နဲ့ပိုနီးလာခဲ့ပါပြီ။

(၈) ခွင့်လွှတ်ခြင်းဆိုတာ သူတော်ကောင်းတရားတစ်မျိုးဖြစ်တယ်။ အမုန်းရန်ငြိုးတွေကို ပျယ်ပြက်စေနိုင်တယ်။ စိတ်ကောင်းစေတနာရှိတဲ့ လူတစ်ယောက် မတော်တဆ အမှားအယွင်းလုပ်ခဲ့မိရင် ခွင့်လွှတ်ပေးလိုက်ပါ။ ခွင့်လွှတ်ခြင်းဆိုတာ သူတစ်ပါးကို ကောင်းကောင်းဆက်ဆံတဲ့နည်းဖြစ်တယ်။ သူ့ကို အခွင့်အရေးတစ်ခု ပေးတာဟာ ကိုယ့်ကိုကိုယ်လည်း အပြစ်မတင်၊ ဒေါသမကြီးစေတဲ့ အခွင့်အရေးတစ်ခု ပေးလိုက်တာနဲ့တူတယ်။ ခွင့်လွှတ်ခြင်းက ဘဝမှာ ယုံကြည်မှုကင်းမဲ့သွားသူကို အခွင့်အရေးတစ်ခု ပေးတာဖြစ်တယ်။ နွေးထွေးမှုပေးတာဖြစ်တယ်။ သူတစ်ပါးကို ခွင့်လွှတ်တာဟာ ကိုယ့်စိတ်ကို ကြည်လင်ပေါ့ပါးစေတယ်။ ခွင့်လွှတ်စိတ်ကလေးတွေကို ရင်ထဲထည့်ထားကြရအောင်...

(၉) ဘဝကာလိုက်ကာကို ဆွဲဖွင့်လိုက်ပြီဆိုမှတော့ စိတ်ပါလက်ပါနဲ့ အကောင်းမြင်စိတ်မွေးပြီး ငါကပြရမယ်။ ခြေတစ်လှမ်း စလှမ်းလိုက်ပြီးဆိုတာနဲ့ ချိုင့်ခွက်၊ အကွေ့အကောက်တွေ့လဲ နောက်မဆုတ်ဘူး။ နေပူမိုးရွာလဲ မရှောင်ဘဲ ငါ့ဇာတ်ကိုငါပြီးတဲ့အထိ အောင်အောင်မြင်မြင် ကပြသွားမယ်။

(၁ဝ) လူ့ဘဝလမ်းခရီးကို ကိုယ်တိုင်လျှောက်ရတယ်။ တခြားသူက သင့်အတွက် ကိုယ်စားလျှောက်ပေးလို့ မရဘူး။ သင့်နောက်ကျောက အလင်းတန်းကို သင့်အရိပ်ဝါးမြိုသွားမှာ စိုးမကြောက်ပါနဲ့... ဘဝမှာ နေရောင်ခြည်နဲ့ တစ်ကြိမ်တစ်ခါ မျက်နှာချင်းဆိုင်ရတာဟာလည်း ဂုဏ်တစ်မျိုးပါ။

လူငယ်စုံတွဲတိုင်း တရားဝင် ကြင်ဖက်များ

ယခုခေတ်ကာလတွေမှာ လူငယ်စုံတွဲလေးများပြားလာတဲ့အတွက် သူတို့လေးတွေ နှောင်တစ်ချိန်တရားဝင်အကြင်လင်မယားတွေဖြစ်ကြဖို့ အတွက်လိုအပ်တဲ့အင်္ဂါရပ်အချို့မှာတော့
(၁)ယေကျာ်းလေးဟာ အိမ်ထောင်ပြုဖို့အတွက် ကျန်းမာသန်စွမ်းရမယ်။(အသက်ကန့်သတ်ထားခြင်းမရှိပါ)
(၂) မိန်းခလေးဟာ မုဆိုးမ (သို့)တစ်ခုလပ်မဟုတ်ရင် အသက်(၂၀)ပြည့်ရမယ်။ (တစ်ကယ်လို့အသက်(၂၀)မပြည့်သေးရင် မိဘ ဒါမှမဟုတ် အုပ်ထိန်းသူတို့ ရဲ့သဘောတူညီမူကို ရယူဖို့လိုပါတယ်)
(၃) ကောင်လေး ရော ကောင်မလေးရော သူတို့ နှစ်ဦးစလုံးရ လွတ်လပ်တဲ့သဘောဆန္ဒလိုပါတယ်။ (တစ်စုံတစ်ဦးရဲဖြားယောင်းသွေးဆောင်မူ၊ခြိမ်းခြောက်မူကြောင့်လက်ထပ်ဒါမဖြစ်ရဘူးပေါ့။ ဒါပေမဲ့ကောင်လေးက ကောင်မလေးတစ်ယောက်ကို လက်ထပ်ပါမယ်လို ယုံကြည်အောင်ပြောဆိုပြီး ကာမကိုရယူခဲ့ မယ်ဆိုရင် ပြစ်မူဆိုင်ရ ဥပဒေပုဒ်မ-၄၁၇ အရပြစ်မူမြောက်ပါတယ်)
(၄) လက်ထပ်မဲလူ နှစ်ဦးစလုံး ဒါမှမဟုတ် တစ်တစ်ဦးက စိတ်ပေါသွပ်သူတွေမဖြစ်ရဘူး။ (လက်ထပ်ခြင်းဟာ တစ်ဦးနဲ့တစ်ဦးပဋိဥာဏ်ပြုဒါကြောင့် ပဋိဥာဏ်ဥပဒေအရအရူးတွေကို ပဋိဥာဏ်ပြုဖို့ ပိတ်ပင်ထားပါတယ်)
(၅) မိန်းခလေးမှာ တရားဝင်လင်ယေကျာ်းမရှိရဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီမိန်းခလေးရဲ့ တရားဝင်လင်က သူမိန်းမကိုယူတဲ့ ယေကျာ်းကို ပြစ်မူဆိုင်ရဥပဒေပုဒ်မ-၄၉၇ (မယားခိုးမူ) အဖြစ်တရားစွဲနိုင်လို့ပါဘဲ။

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About