ဥာဏ်စမ်းပါဗျာ

မေးခွန်း (၁) သင်ပါဝင်တဲ့ အပြေးပြိုင်ပွဲတစ်ခုမှာ နံပါတ်(၂)ကို သင်ဖြတ်ကျော်ခဲ့ပြီဆိုရင် သင်ဟာနံပါတ် ဘယ်လောက်မြှောက်လဲ?

အဖြေ နံပါတ် (၁) လို့ ဖြေခဲ့ရင် သင့်အဖြေဟာ မှားသွားပါပြီ။ နံပါတ် ၂ကိုပဲ ဖြတ်ခဲ့တာလေ... နံပါတ် ၂ နေရာကိုပဲ သင်ရမှာပေါ့။


မေးခွန်း (၂)ကို ဖြေတဲ့အခါ မေးခွန်း(၁)လောက် အချိန်မပေးပါနဲ့။

မေးခွန်း (၂) သင်ပါဝင်တဲ့ အပြေးပြိုင်ပွဲတစ်ခုမှာ နောက်ဆုံးလူကို သင်ဖြတ်ကျော်ခဲ့တယ်ဆိုရင် သင်ဟာနံပါတ် ဘယ်လောက်မြှောက်လဲ?

အဖြေ နောက်ကရေရင် ဒုတိယလို့ သင်ဖြေအုန်းမလား? ဒါဆိုရင် မှားပြန်ပြီနော်။ နောက်ဆုံးလူပါဆိုမှ သင်ဘာဖြစ်လို့ နောက်ဆုံးကို ပြန်ပြေးချင်ရသလဲ?


မေးခွန်း (၃)က အလှည့်အစား ပုစ္ဆာလေးတစ်ပုဒ်ပါ။ ဘာအကူမှ မယူဘဲ အောက်ကပေးထားတဲ့ ဂဏန်းတွေကို စိတ်တွက်နဲ့ပဲ တွက်ကြည့်ပါ။

မေးခွန်း(၃) ၁ဝဝဝ ကို ၄ဝပေါင်းပါ၊ ၁ဝဝဝ ထပ်ပေါင်းပါ၊ ၃ဝ ထပ်ပေါင်းပါ၊ ၁ဝဝဝ ထပ်ပေါင်းပါ၊ ၂ဝ ထပ်ပေါင်းပါ၊ ၁ဝဝဝ ထပ်ပေါင်းပါ၊ ၁ဝ ထပ်ပေါင်းပါ စုစုပေါင်း ဘယ်လောက်ရမလဲ?

အဖြေ အဖြေက ၅ဝဝဝ လား? အမှန်က ၄၁ဝဝ ဖြစ်တယ်။ မယုံရင် ချတွက်ကြည့်ပါ။



ဒီနေ့ဟာ သင့်အတွက် ပြဿဒါးနေ့ ဆိုခဲ့ရင်တောင် မေးခွန်း(၄)ကို သင်ကောင်းကောင်း ဖြေနိုင်လိမ့်မယ် ထင်ပါတယ်။

မေးခွန်း(၄) Mary အဖေ့မှာ သမီး ၅ယောက်ရှိတယ်။ ပထမသမီးက Nana၊ ဒုတိယသမီးက Nene၊ တတိယသမီးက Nini၊ စတုတ္ထသမီးက Nono၊ ပဉ္စမ သမီးနာမည်က ဘာလဲ?

အဖြေ အဖြေက Nunu လား? လုံးဝမဟုတ်ပါဘူး။ မေးခွန်းကို ထပ်ဖတ်ကြည့်ပါ Mary ဖြစ်ပါတယ်။

အရောင်မတူတဲ့ အိမ် ၅ အိမ်မှာ လူမျိုး ၅မျိုးနေပြီး မတူတဲ့အကောင် တစ်ကောင်စီကို မွေးထားကြတယ်။ သူတို့ဟာ မတူတဲ့ဆေးလိပ်နဲ့ အရည်တွေကို သောက်ကြတယ်။

၁) အင်္ဂလိပ်လူမျိုးက အနီရောင်အိမ်မှာနေတယ်။
၂) ဆွီဒင်လူမျိုးက ခွေးမွေးထားတယ်။
၃) ဒိန်းမတ်လူမျိုးက လက်ဖက်ရည်သောက်တယ်။
၎) အဖြူရောင်အိမ်ရဲ့ ဘယ်ဘက်မှာ အစိမ်းရောင်အိမ်ရှိတယ်။
၅) အစိမ်းရောင် အိမ်ပိုင်ရှင်က ကော်ဖီသောက်တယ်။
၆) pall တံဆိပ်ဆေးလိပ်သောက်သူက ငှက်မွေးတယ်။
၇) အဝါရောင် အိမ်ပိုင်ရှင်က dunhill သောက်တယ်။
၈) အလယ်အိမ်က နွားနို့သောက်တယ်။
၉) နော်ဝေးလူမျိုးက ပထမတစ်အိမ်မှာနေတယ်။
၁ဝ) blend တံဆိပ် ဆေးလိပ်သောက်သူက ကြောင်မွေးထားသူရဲ့ အိမ်ဘေးမှာနေတယ်။
၁၁) မြင်းမွေးထားသူရဲ့ ဘေးမှာ dunhill သောက်သူနေတယ်။
၁၂) Blue Master ဆေးလိပ်သောက်သူက ဘီယာသောက်တယ်။
၁၃) ဂျာမဏီလူမျိုးက prince တံဆိပ်ဆေးလိပ်သောက်တယ်။
၁၄) နော်ဝေးလူမျိုးက အပြာရောင် အိမ်ဘေးမှာနေတယ်။
၁၅) ရေပဲသောက်တဲ့လူက blend ဆေးလိပ်သောက်သူရဲ့ ဘေးမှာနေတယ်။

မေးခွန်း
ဘယ်သူ့အိမ်မှာ ငါး မွေးထားသလဲ?

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About