သူ့ကိုယ်ချစ်တယ်

သူများတွေ အချစ်လို့ပြောနေကြချိန်မှာ

အချစ်ဆိုတာဘာလည်း ငါမသိလိုက်ခဲ့ဘူး

ရင်ခုန်တယ်ဆိုတာအလကားပါလို့ တွေးထင်ထားတဲ့ငါ

သူနဲ့တွေ့ရှိခဲ့မှ ငါရင်ခုန်သံတွေကို ငါပြန်ကြားနေခဲ့မိတယ်

အချစ်ကို မျက်ကွယ်ပြုမိတဲ့ငါ

သူ့စကားသံအောက်မှာ မူးယစ်သွားစေခဲ့တယ်

သူ့အပြုံးချိုချိုလေးကို ပျောက်ကွယ်သွားမှာကို

ငါကြောက်မိခဲ့တယ်လေ

နွေးထွေးတဲ့ သူ့လက်ကလေးကို

မလွှတ်တမ်း ငါဖမ်းဆုပ်နေမိခဲ့တယ်

နေ့တိုင်းနေ့တိုင်းတွေ့ချင်မိတယ် သူ့ကိုလေ

လွမ်းတာထက်ပိုလွမ်းတယ်

သတိရမိတာထက်ကိုပိုပိုပြီးသတိရမိတယ်

သူ့ကိုယ် အရမ်းချစ်နေမိတယ်

အချစ်က တကယ်တန်ခိုးကြီးတာပဲနော့

လူတစ်ယောက်ကို လုံးဝပြောင်းလဲသွားစေခဲ့တယ်

ဒါအချစ်ရဲ့ ကြီးမားသောအစွမ်းတစ်ခုပေါ့...........................။

အသည်းကွဲဒသိနကတဲ့!!!

ရိ ဒဿနိကဗေဒ ပညာရှင် ဆိုကရေးတီးသည် မစားမသောက်ဘဲ မှိုင်တွေ ငေးမောနေသော လူငယ်တစ်ဦးကို မြင်သော် အဘယ်ကြောင့် ဤသို့ ခံစားနေရသနည်းဟု မေးလေ၏။

လူငယ်.....ကျွန်တော် အသဲကွဲနေပါတယ်။
ဆိုကရေးတီး....အော်...ဒါကဖြစ်
တတ်ပါတယ်။ အသဲကွဲလို့ နာကျင်တာ မခံစားရဘူးဆိုရင် ချစ်ခဲ့ရတာ အရသာ မရှိသလိုဘဲ။ ဒါပေမယ့်....လူလေးက ဘာဖြစ်လို့ ဒီအသဲကွဲတဲ့ ဝေဒနာကို ချစ်တာထက် ပိုနစ်ပြီး ခံစားနေရ သလဲ...?

လူငယ်....လက်ထဲရောက်လာတဲ့ စပျစ်သီးကို ပစ်လိုက်ရတယ်။ ဒီလိုခံစားရတဲ့ ဆုံးရှုံးမှု ဝေဒနာကို လူငယ် မဟုတ်တဲ့ ခင်ဗျားက ဘယ်နားလည်နိုင်မလဲ...
တီး....ပစ်လိုက်ရပြီဆိုလဲ ပစ်လိုက်ရပြီပေါ့။ ဘာလို့ရှေ့ဆက် မလျောက်ရတာလဲ... ဒီထက် ပိုချိုတဲ့ စပျစ်သီးတွေ အများကြီးပါ။

လူငယ်...ကျွန်တော် စောင့်မျှော်နေတာ။ သူလည်ပြန် လာမဲ့နေ့ကို ကျွန်တော် စောင့်နေတာပါ။
တီး....တကယ်လို့ ဒီလိုနေ့မျိုး လုံးဝ ရောက်မလာခဲ့ဘူးဆိုရင် တစ်ခြားတစ်ယောက် လက်ထဲ သူပါသွားတာကိုပဲ လူလေး ကြည့်နေရလိမ့်မယ်။

လူငယ်....ကျွန်တော့်ကို ကျွန်တော်အဆုံးစီရင်ပြီး သူ့ကိုချစ်တဲ့အကြောင်း သက်သေ ပြမှာပေါ့။
တီး.....ဒီလိုသာ သက်သေပြမယ်ဆိုရင် ကိုယ့်ချစ်တဲ့သူကိုလဲ ဆုံးရှုံးမယ်။ ကိုယ့်ကိုကိုယ် လည်း ဆုံးရှုံးမယ်။ နှစ်ဦးနှစ်ဖက်ရဲ့ ဆုံးရှုံးခြင်းကို လူလေး ခံစားရလိမ့်မယ်။

လူငယ်....ဒါဆို သူ့ဘ၀ ပျက်စီးအောင်လုပ်မယ်။ ကျွန်တော်မရတာကို သူတစ်ပါး လည်း မရစေချင်ဘူး။
တီး......ဒီလိုလုပ်ရပ်က သူနဲ့ ပိုဝေးစေမယ်။ လူလေးက သူနဲ့နီးချင်တာ မဟုတ်လား။

လူငယ်....ဒါဆို ကျွန်တော် ဘာလုပ်ရမလဲ။ ကျွန်တော် သူ့ကို အရမ်းချစ်တယ်။
တီး.....တကယ် အရမ်းချစ်လား....?

လူငယ်....တကယ်။
တီး......ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တယ် မဟုတ်လား....?

လူငယ်.....ဒါပေါ့...ကိုယ့်ချစ်တဲ့သူကို ပျော်ရွှင်စေချင်တာပေါ့။
တီး.......တကယ်လို့...လူလေးကို ခွဲသွားတာက သူ့အတွက် ပျော်ရွှင်ခြင်းလို့ သူထင်ခဲ့ ရင်ကော...

လူငယ်.....မဖြစ်နိုင်တာ...ကျွန်တော်နဲ့နေမှ သူပျော်ရွှင်တယ်လို့ အရင်က သူပြော ခဲ့ဖူးတယ်။
တီး.....အဲတာက အရင်က...ပြီးခဲ့ပြီလေ။ ခုတော့ သူက ဒီလိုမထင်တော့ဘူးလေ။

လူငယ်....သဘောက ကျွန်တော့်ကို သူလိမ်ခဲ့တာပေါ့။
တီး.....ဒီသဘော မဟုတ်ဘူး။ လူလေးအပေါ် သူသစ္စာရှိခဲ့တယ်။ ချစ်တုန်းက လူလေးနဲ့ အတူနေခဲ့တယ်။ အခုမချစ်တော့ ခွဲသွားတယ်။ ဒီလောကမှာ ဒီထက်မြတ်တဲ့ သစ္စာ မရှိတော့ဘူး။ မချစ်တော့ဘဲနဲ့ သူဟာချစ်ချင် ဟန်ဆောင်ပြီး လူလေးနဲ့ အတူရှိနေမယ်၊ မင်္ဂလာဆောင်မယ်၊ သားသမီးတွေ မွေးမယ် ဒါကမှ တကယ့် လိမ်ညာတယ်လို့ ခေါ်တာ။

လူငယ်....သူ့ကို နစ်နစ်ကာကာ ချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်တွေ အလာဟသ ဖြစ်ကုန်ပြီပေါ့။ ဘယ်သူ အလျော်ပေးနိုင်မလဲ...?
တီး.....မဟုတ်ဘူး...လူလေးရဲ့ အချစ်တွေ အလာဟသ မဖြစ်ခဲ့ပါဘူး။ အလျော် ဆိုတာ အချစ်မှာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူလေးရဲ့ အချစ်တွေ သူ့ကိုပေးဆပ်နေတဲ့ အချိန်မှာ သူကလဲ သူ့အချစ်ကို လူလေး အတွက် ပေးဆပ်နေတယ်။ သူ့ကို ပျော်ရွှင်စေခဲ့သလို လူလေးကိုလဲ သူက ပျော်ရွှင်စေခဲ့တယ်။

လူငယ်....ဒါပေမယ့်...အခု ကျွန်တော့်ကို သူက မချစ်တော့ဘူး။ ကျွန်တော်က သူ့ကို ချစ်နေသေးတယ်။ ဒါဟာ မတရားဘူး။
တီး.....ဟုတ်တယ် မတရားဘူး။ ဆိုလိုချင်တာက လူလေးချစ်တဲ့သူအတွက် မတရားဘူး။ သူ့ကိုချစ်တာဟာ လူလေးရဲ့ အခွင့်အရေး ဒါပေမယ့် သူပြန်ချစ်တာ မချစ်တာက သူ့အခွင့်အရေး၊ ကိုယ့်အခွင့်အရေးကိုပဲ မျှော်ကိုးပြီး သူတစ်ပါးရဲ့ လွတ်လပ်တဲ့ အခွင့်အရေးကို ကိုယ်က တားဆီးပိတ်ပင်မယ်။ ဒါမှ မတရားတာ ...ဘယ်လောက် ကိုယ်ချင်းစာစိတ် မရှိသလဲ...

လူငယ်....ခင်ဗျားပြောပုံနည်းအရဆိုရင် နောက်ဆုံးတော့ အရာအားလုံးဟာ ကျွန်တော့် အမှားတွေပေါ့။
တီး....ဟုတ်တယ်...စတာနဲ့ လူလေးမှားခဲ့ပြီ။ တကယ်လို့ ကိုယ်ကသူ့ကို ပျော်ရွှင်ခြင်းတွေ ပေးနိုင်ခဲ့ရင် ကိုယ့်ကို သူခွဲသွားမှာ မဟုတ်ဘူး။ ပျော်ရွှင်ခြင်းနဲ့ ကင်းကွာချင်တဲ့လူ မရှိဘူး...ဒါကိုတော့ မှတ်ထားပါ။

လူငယ်....ပျော်ရွှင်ခြင်းဆိုတာ ဘာလဲ....? ကျွန်တော့်အသဲနှလုံး အချစ်တွေ အားလုံး ပုံပေးလိုက်တာတောင် သူက မလုံလောက်လို့လား..?သူဘာကြောင့် ကျွန်တော့်ကို ခွဲသွားရသလဲ....? ဒါဟာ ရက်စက်တယ်လို့ မထင်ဘူးလား...?
တီး.....ရက်စက်တယ်။ ဒီလို ရက်စက်တဲ့ လူတစ်ယောက်ရဲ့ စက်ကွင်းက လွတ်သွားတာကိုပဲ ပျော်ရွှင်ရမယ် မဟုတ်လား...? လူလေး

လူငယ်....ပျော်ရမယ်...? မဖြစ်နိုင်တာ.....ဘာပဲပြောပြော ကျွန်တော်ဟာ အစွန့်ပစ်ခံရသူ၊ ကိုယ့်ကိုကိုယ် ညံ့တယ်လို့ ခံစားမိတယ်ဗျာ။
တီး.....မဖြစ်နိုင်တာ...လူငယ်တွေရဲ့ စိတ်မှာ ကြီးမြတ်တာပဲ ရှိသင့်တယ်။ ညံ့တယ်ဆိုတာ မရှိသင့်ဘူး။ မှတ်ထားရမှာက စွန့်ပစ်ခံရတိုင်း မကောင်းလို့ မဟုတ်ဘူး။

လူငယ်....ဒါ ဘာအဓိပ္ပါယ်လဲ....?
တီး.....တစ်ခါက ဆိုင်တစ်ဆိုင်မှာ တန်ဖိုးကြီးတဲ့ ၀တ်စုံတစ်စုံကို ကျွန်တော် တွေ့ခဲ့တယ်။ လိုချင်တာလဲ အရမ်းပဲ။ ရောင်းတဲ့လူက ကျွန်တော့်ကို ယူမလား မယူဘူးလားတဲ့။ ကျွန်တော် ဘာပြန်ပြော လိုက်သလဲ သိလား...? အ၀တ်စက ညံ့လွန်းတယ် မယူဘူးလို့။ တကယ်တော့ ကျွန်တော့် အိတ်ကပ်ထဲမှာ ပိုက်ဆံမရှိလို့။ လူလေးက အဲဒီ အစွန့်ခံ ၀တ်စုံလိုပါပဲ။

လူငယ်....ခင်ဗျား တော်တော်နှစ်သိမ့်တတ်တာပဲ။ ဒါပေမယ့် နှမြောဖို့ကောင်းတာက ဒီအသဲကွဲတဲ့ ဝေဒနာထဲ ကနေ ကျွန်တော်ကို ခင်ဗျား ဆွဲမထုတ်နိုင်ခဲ့ဘူး။
တီး....ဟုတ်ပါတယ်။ ဆွဲထုတ်နိုင်တဲ့အစွမ်း မရှိခဲ့လို့ ကျွန်တော်ဝမ်းနည်းပါတယ်။ ဒါပေမယ့် အစွမ်းရှိတဲ့ လူတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။

လူငယ်.... ဘယ်သူလဲ....?
တီး.....အချိန်တဲ့။ အချိန်ဆိုတာ လူတွေရဲ့ အကြီးမားဆုံးသော လမ်းညွှန်ဆရာ...အသဲကွဲ ဝေဒနာကို အလူးအလှိမ့် ခံစားနေရတဲ့ လူတွေကို ကျွန်တော်မြင်ဖူးတယ်။ အချိန်က သူတို့ ခံစားရတာတွေကို ကုစားပေးလိုက်တယ်။ နောက်ပြီး လူတွေကို အသစ်တစ်ဖန် ရွေးချယ်စေခဲ့တယ်။ လူတွေက ကိုယ်နဲ့ ထိုက်တန် တဲ့ ရွေးချယ်မှုတွေမှာ ပျော်ရွှင်ခြင်းတွေကို ခံစားခဲ့ရတယ်။

လူငယ်.....ဒီလိုဖြစ်လာမယ့်နေ့ကို ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်ဘယ်က နေ ခြေလှမ်း စလှမ်း ရမလဲ...?
တီး....ကိုယ့်ကို စွန့်ပစ်ခဲ့တဲ့ လူကို အရင်ဆုံး ကျေးဇူးတင်ပါ။ တောင်းဆုပြုပါ။

တကယ်ဆို


တကယ်ဆို ငါ့စိတ်က မင်းနဲ့ကျမှ မချစ်ဖူးတဲ့အချစ်နဲ့ ချစ်ခဲ့မိတာပါ နောက်တစ်ယောက် တွေ့နိုင်ပေမယ့် အချစ်စစ်ကို နောက်ထပ်မတွေ့နိုင်ပါဘူး။ တကယ်ပါ တမ်းတမ်းတတ လွမ်းဆွတ်မိတာပါ အချစ်ဆိုတဲ့ အရာဟာ ခါးသပ်လွန်းသော အဆိပ်တစ်ခွက်မှန်း သိသိလျှက်နဲ့ မော့သောက်ခဲ့မိတာ ငါ့ရင်ထဲမှာ ဘယ်လောက်ပဲ ပူလောင်နေပါစေ ချစ်ရသူအတွက် အေးမြတဲ့အရာလေး ဖန်းဆင်ပေးချင်တယ။် တကယ်ပါ မင်းကိုသာပိုင်ဆိုင်ခွင့်ရခဲ့မယ်ဆို ငါဟာ ကမ္ဘာမှာ အပျော်ဆုံး လူသားတစ်ယောက်ဖြစ်ခဲ့မှာပါ။ အရာရာကိုကြိုတင်ပြီး သိခွင့်ရှိခဲ့မယ်ဆို မင်းနဲ့ ခွဲခွာရမယ့် နေ့ရက်ကို ငါ့ရင်ထဲက ပြက္ခဒိန်မှာ ဆုတ်ဖြဲပစ်ခဲ့မှာပါ။ ခုတော့ သိပ်ရိုင်းဆိုင်းလွန်းတဲ့ ကံကြမ္မာက ငါ့တို့နှစ်ယောက်ချစ်ခြင်းကို ရက်ရက်စက်စက် ခွဲခွာပစ်လိုက်တယ။် ခုချိန် ငါတစ်ယောက်တည်း ရှင်သန်နေရတဲ့ အထီးကျန်နေ့ရက်တွေကြားမှာ မင်းကို အမြဲတန်း သတိတရလွမ်းဆွတ်နေတယ်ဆိုတာ အဝေးကနေ မင်းသိနိုင်ပါစေ။

အိပ်မက်မဖြစ်ချင်ဘူး



အိပ်မက်မဖြစ်ချင်ဘူး






နင့်ကို ငါ



ယုံကြည်မှုနဲ့  ချစ်ခဲ့ရတာ




…အိပ်မက်မဖြစ်ချင်ဘူး…





နင်နဲ့ ငါ



ပျော်ခဲ့ရတဲ့ နေ့ ရက်တွေ



…အိပ်မက်မဖြစ်ချင်ဘူး…





ငါချစ်တဲ့ နင့်ကို




စက္ကန့် တိုင်း လွမ်းနေရတာတွေ



…အိပ်မက်မဖြစ်ချင်ဘူး…





ငါတို့ နှစ်ယောက်



ပြန်ဆုံတွေ့ ဖို့  မျှော်လင့်ခဲ့ရတာ



…အိပ်မက်မဖြစ်ချင်ဘူး…






နင်ပြန်လာရင်



ငါ့ကိုမှတ်မိပါ့မလား ရင်ခုန်နေရတာ



…အိပ်မက်မဖြစ်ချင်ဘူး…





နင်နဲ့ ငါ




အိုမင်းသွားလဲ မပြောင်းလဲပဲ



တစ်သက်လုံး ချစ်သွားကြမယ်ဆိုတာ



…အိပ်မက်မဖြစ်ချင်ဘူး…

ဟာသစုစည်းမှု

နိမိတ်ကောက် တော်လိုက်ပုံက



ကိုခင်ဇော်တယောက် ကြက်ဝိုင်းတွင် ရောက်နေပြန်သည်။

ဘယ်ကြက်လောင်းရမည်ကို စဉ်းစားနေခိုက် တိုက်ကြက်ပိုင်ရှင်တဦးက-

“ ‘သေချင်းဆိုး’ တဲ့ကွ အသေဆိုးနဲ့ သေချင်တဲ့ကြက်တွေ စိမ်ခေါ်တယ်ကွ၊ သူဌေးဖြစ်ချင် ‘သေချင်း ဆိုး’ဘက်နေ။” ဟု စိမ်ခေါ်လိုက်သည်။

တခြားသူတွေကတော့ နာမည်ကိုက နိမိတ်မရှိ နမာမရှိနဲ့ ဆိုပြီး တခြားကြက်ကို ၀ိုင်းလောင်းကြသည်။

ကိုခင်ဇော်တယောက်သာ ပါတဲ့ ပိုက်ဆံအားလုံးကို သေချင်းဆိုးဖက်မှ လောင်းလိုက်သည်။

ပွဲစပြီး နှစ်ချီမြောက်တွင် သေချင်းဆိုးက တဖက်တိုက်ကြက်ကြီးကို လည်ငိုက်ကျသွားအောင် အနိုင်ပိုင်းသွား သဖြင့် ကိုခင်ဇော်တစ်ယောက် လောင်းကြေး အမြောက်အများရသွားသည်။

“ဒီ ‘သေချင်းဆိုး’ ကြက်အနိုင်ရမယ်ဆိုတာ ခင်ဗျား ဘယ်လိုလုပ်သိလဲဗျ။” ဟု အနားက လူတစ်ယောက် က မေးလိုက်သည်။

“ကျွန်တော့်မိန်းမပေါ့ဗျာ၊ သူပေးလိုက်တဲ့ နိမိတ်ပေါ့၊ ကြက်ဝိုင်းသွားမယ်လဲသိရော၊ ကျွန်တော်အိမ်က အထွက် သတိလှမ်းပေးလိုက်တယ်လေ၊”

“ဘယ်လိုသတိပေးတာလဲဗျ။”

“ ‘သေချင်းဆိုး’ တဲ့ဗျ။”

..................................................................

ထင်တာကတခြား

တရားခွင်တခုတွင်ဖြစ်သည်။

တရားသူကြီး။ ။"တရားခံက သူငယ်မကို ပွဲခင်းထဲက ခေါ်ထုတ်သွားပြီး လူရှင်းတဲ့နေရာရောက်မှ ပါသမျှ လုယက် သွားတယ်ဆိုတာ ဟုတ်သလား "

တရားလို။ ။ " ဟုတ်ပါတယ် ၊ တရားသူကြီးမင်း "

တရားသူကြီး။ ။ " ဒါဖြင့်ရင် ပွဲခင်းပရိသတ်ထဲမှာတုန်းက ဘာဖြစ်လို့အော်ဟစ်အကူအညီ မတောင်းခဲ့တာလဲ "

တရားလို။ ။ " ကျွန်မနားကိုအသာကပ်ပြီး လက်ကုတ်ခေါ်သွားတုန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့မိလို့ပါရှင် "

.........................................................



ထပ်နာချင်ပြီထင်တယ်

ဇနီးဖြစ်သူ မခင်၏ နှိပ်စက်မှုကို မခံနိုင်သည့်အဆုံး ကွာရှင်းပြတ်စဲခွင့်ပြုပါရန် ယောက်ျားဖြစ်သူ ကိုမောင်က တရားရုံးတွင် တင်ပြလိုက်သည်။

တရားသူကြီးက မခင်ကို မေးမြန်းသည်။

“မခင် ကိုမောင်ရဲ့ ပါးကိုရိုက်တယ်ဆို။ ဟုတ်လား။”

“ကျမရဲ့ ယောက်ျားပဲ တရားသူကြီးရယ်။ ကျမက ရိုက်ရက်ပါ့မလားရှင်။”

တရားသူကြီး ထပ်မမေးခင် ---

“မဟုတ်ဘူး တရားသူကြီးမင်း။ သူလိမ်ပြောနေတာပါ။” ဟု ကိုမောင် က ဖြတ်ပြော လိုက်ရာ--

မခင်က ဒေါသတကြီးဖြင့် ----

“ကိုမောင် ရှင့်ပါးစပ်ပိတ်ထားစမ်း။ ကျန်တဲ့ ပါးတဖက် ထပ်ကွဲချင်လို့လား။”

...............................................................................


အထိုးခံရမှာ စိုးလို့

ကိုစိုးပိုင်သည် အင်းစိန်မှ ဘတ်စကားစီး၍ လာလေသည်။

လမ်းတွင် ကိုယ်ကာယခပ်တောင့်တောင့်နှင့် လူတယောက်တက်လာ၏။

ထိုင်ခုံများမှာ ပြည့်နေပြီဖြစ်၍ သူထိုင်ခုံဘေးတွင် မတ်တပ်ရပ်လျှက် လိုက်ပါလာသည်။

လမ်းခရီးတွင် ထိုလူက ကိုစိုးပိုင်ကို မေးသည်။

ညီညီညီလေး - - လှည်း - လှည်း - တန်း - ကို - - - ဆင်း - - - ဆင်း - - ရင် ဘယ် -ဘယ်မှာ ဆင်း - - ဆင်းရ - - မှာလဲ။

ကိုစိုးပိုင်က စကားထစ်သော ထိုလူ၏ အမေးကို ပြန်လည်၍ အဖြေမပေးချေ။

သို့နှင့်ထိုသူက ထပ်မေးပြန်လေ၏။

ကိုစိုးပိုင်ကလည်းမဖြေ။

ထိုလူဆင်းရမည့်မှတ်တိုင်လွန်လာသောအခါမှ ဘေးက လူတယောက်က မနေနိုင်၍ ထိုလူကို တမှတ်တိုင်လွန် လာကြောင်းပြောလေသည်။

ထို ဗလကောင်းကောင်းလူက ကိုစိုးပိုင်အား ဘုကြည့်ကြည့်၍ ဆင်းသွားလေသည်။

ထိုအခါ ကားပေါ်ပါလာသူများက ကိုစိုးပိုင်အား ၀ိုင်း၍ အပြစ်တင်ကြလေသည်။

မင်းက ဒါလေးမေးတာကို ဘာလို့ ပြန်မဖြေရတာလဲကွ။

ထိုအခါ ကိုစိုးပိုင်က ယခုလို ပြန်ဖြေလေသည်။

ကျ - ကျ နော် - ပြန်- ပြန်ဖြေ - - ရင် - - သူ- သူက - - ထိုး - - - ထိုး - - ထိုး - မှာ- ပေါ့ -ဗျ - - ။

ချစ်သူ = ရည်းစား........တူသလား.....?

ချစ်သူ..နဲ့..ရည်းစား....တဲ့..တစ်ချို့ကပြောတော့..အတူတူပဲလေ..တဲ့.. ချစ်သူက..ချစ်သူ..ရည်းစားက ရည်းစားလို့ထင်ကြတယ်လေ..သူ့တို့တွေမှာ ရည်းစားရလိုက်တယ်ဆိုတာနဲ့..ငါ့ချစ်သူက ငါ့ချစ်သူက..ဆိုပြီး..ဂုဏ်ယူဝံ့ကြွား စွာပြောတတ်ကြတယ်..အဲဒါ ...သူတို့က..ချစ်သူနဲ့ရည်းစားဆိုတဲ့..အဓိပါယ်ကို သေသေချာချာ မသိလို့လားလို့ထင်မိတယ်လေ...အဲဒါကြောင့်..ချစ်သူနဲ့ရည်း စားဆိုတဲ့သရုပ်ကို နဲနဲလောက်ခွဲကြည့်လိုက်မယ်နော်.....။မှားတယ်ဆိုရင် လည်း ပြန်ပြောပြပါ..ကျနော်နားမလည်တာမျိုးဆိုရင်..သေချာ မှတ်ထား ပါ့မယ်နော်..အခု သရုပ်ခွဲတယ်ဆိုတာကလည်း..ကျနော် နားလည်ထား သလောက်ပါပဲနော်...။
ချစ်သူ.....ဆိုတာကို အရင်ပြောကြည့်မယ်လေ.နော်...။
ချစ်သူဆိုတာက..ကိုယ်က ချစ်ရတဲ့သူ..ဒါမှ မဟုတ်ရင်..သူ့ကချစ်နေတဲ့သူကို..ချစ်သူလို့ခေါ်တယ်လေ.နော်..။ ချစ်သူ ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် အတူတွဲသွားမှ..အတူစားမှ..အတူ နေမှ..တွတ်တီးတွတ်တာလေးတွေပြောနေမှ..ချစ်သူတွေမှ မဟုတ်ဘဲ..နော်...။ ချစ်သူဆိုတာ..ကိုယ်ကချစ်နေရတဲ့သူတစ်ယောက်စိတ် ချမ်းသာပျော်ရွှင်စေဖို...အားလုံး တတ်နိုင်သမျှ လိုက်လျောဖြည့်စွမ်းပေးနေပြီး...ချစ်ရတဲ့သူပျော်နေတယ်ဆိုရင်..အမှောင် ထဲကနေကြည့်ပြီးတောင်..အပျော်ရယူနေရတယ်..။ချစ်ရတဲ့သူ..စိတ်ညစ်မှာကိုမလိုလားဘူး.။။ အရာအားလုံးကိုချစ်သူအတွက်ပေးဆပ်နေတယ်..ဒါပေမဲ့..သူနဲ့ကိုယ်က..အတူသွားအတူလာ..အတူထိုင်အတူစားမရှိပါဘူး..အဲဒါမျိုးကိုတော့..ချစ်သူလို့ခေါ်တယ်လို့ထင်ပါတယ်.နော်..။ ချစ်သူဆိုတာ..ကိုယ်ချစ်ရတဲ့.သူ..သိသိ..မသိသိ...သူ့အတွက်..အားလုံးပေးဆပ်နေချင်တဲ့စိတ်ရှိနေရင်..အဲဒီသူကိုချစ်သူလို့ခေါ်တယ်ထင်တယ်လေ.နော်...။ရင်ထဲမှာပဲ..တိတ်တိတ်လေးစွဲလန်းနေရတဲ့..သူကိုလည်းချစ်သူလို့ခေါ်တယ်လေ.နော်..။
ရည်းစားဆိုတာကတော့.......အတူတူသွားကြမယ်..။။အတူတူစားကြမယ်..စကားလေးတွေတွတ်တီးတွတ်တာပြောမယ်..တွေ့ချင်တဲ့အချိန်ဆိုရင်ချိန်းတွေ့မယ်..ဘုရားတွေ..ရုပ်ရှင်တွေကိုအတူတူကြည့်ကြမယ်..နောက်ပြီး မကြိုက်တာတွေ့ရင်..ချက်ချင်စိတ်ဆိုးမယ်..စိတ်ကောက်မယ်..လာမချော့ရင်ပြတ်သွားမယ်..အဲဒါမျိုးကိုတော့ရည်းစားလို့ခေါ်တယ်လေ.. ရည်းစားဆိုတာက..အချိန်မရွှေးပြတ်သွားနိုင်ပါတယ်....စိတ်တွေတည်ငြိမ်လာတာပဲဖြစ်ဖြစ်..တစ်ခြားတစ်ယောက်ကိုစိတ်ယိုင်သွားတာပဲဖြစ်ဖြစ်...အချိန်နဲ့အမျှပြောင်းလည်းသွားနိုင်ပါတယ်..။မြန်မာဆိုရိုးစကားလည်းရှိပါတယ်..ရည်းစားတစ်ထောင် လင်ကောင် တစ်ယောက်တဲ့...ရည်းစားဆိုတာက..တော့..ထောင်ဂဏာန်း..ရာဂဏာန်းလောက်ရှိချင်လဲရှီသွားနိုင်တာပါပဲ...ချက်ချင်းဖြစ်လာတတ်သလို..ချက်ချင်းပျောက်ကွယ်သွားတတ်ကြတယ်လေ..ကောင်းကင်ကမိုးတိမ်တွေလိုပါပဲ...။တည်မြဲခြင်းဆိုတာ မ ရှိသလောက်ပါပဲ..ချစ်သူဆိုတာကတော့...တစ်ယောက်ကနေတစ်ယောက် ပြောင်းလည်း.သွားဖို့ဆိုတာက..ရာခိုင်နှုန်းအတော်လေးနည်းပါးပါတယ်..ကိုယ်ချစ်ရတဲ့သူတစ်ယောက်ရင်ထဲကိုေ၇ာက်လာပြီးပြီဆိုရင်..ပျောက်ကွယ်သွားဖို့ရာက..နှစ်တွေ..လတွေအများကြီးကြိုးစားရတယ်လေ...တိုက်ဆိုင်မှူုတွေရှိလာတိုင်းသတိရတမ်းတခြင်းတွေဖြစ်လာရတယ်..သေသည်အထိ..စွဲမြဲသွားတဲ့..ချစ်ရတဲ့သူတွေအများကြီးရှိပါတယ်နော်..။
အဲဒါကြောင့်..ချစ်သူဆိုတာက..ဖြစ်တည်ဖို့ခက်ခဲသလို...ပျောက်ကွယ်ဖို့ခဲယဉ်းပါတယ်..။တစ်ခါ ဖြစ်ပေါ်ပြီးရင်..နောက်ထပ် တစ်ခါဆိုတာ..ထပ်ဖြစ်ဖို့ခက်ခဲသွားပါတယ်..။ ရည်းစားဆိုတာကတော့..လက်ရှိ တစ်ယောက်နဲ့တွဲနေရင်းနဲ့ကို နောက်ထပ် တစ်ယောက်..နောက်ထပ်တစ်ယောက်လို့...အခါခါ ပေါ်ပေါက်လာနိုင်သလို..ပျောက်ကွယ်ဖို့ကလည်း..မြန်ဆန်ပါတယ်..ပျောက်ကွယ်သွားလို့လည်း ရင်ထဲမှာ...ထိခိုက်ရတာ..ရက်ပိုင်းလောက်နဲ့ပျောက်ကင်းသွားတတ်တယ်လေ..။ချစ်သူကတော့..မျှော်လင့်ခြင်းတွေအားလုံး..လိုအပ်ချက်တွေအားလုံး..အနာဂတ်တွေအားလုံးကိုပိုင်စိုးထားတတ်တယ်..ဖြစ်ပေါ်ဖို့ခက်ခဲသလို..ပျောက်ကွယ်ဖို့ခဲယဉ်းတယ်လေ..။ပျောက်ကွယ်သွားခဲ့ရင်လဲ..နှစ်ပေါင်းများစွာ..သေသည်အထိ..တမ်းတနေကြရတယ်..တစ်ချို့ ဆို..ဘ၀ ပျက်သွားကြတဲ့အထိ...ထိခိုက်ကြေကွဲကြရပါတယ်..။
အဲဒါကြောင့်..ရည်းစားနဲ့..ချစ်သူ..ဆိုတာ..မတူဘူးလို့..ထင်ပါတယ်နော်...။

ချစ်သူ.

ချစ်သူ....................................................ရင်မှာလွန်းလို့



မျှော်မှန်းတမ်းတ



နွမ်းလှပြီပေါ့



ကျနော့်ရင်မှာ......။



ချစ်သူ...................................................နင့်ကိုလွမ်းလို့



ကျတဲ့မျက်ရည်



ချောင်းငယ်ရေလို



စီးဆင်းလို့နေ.......။



ချစ်သူ...................................................နင့်အတွက်ဆို



ငါ့ဘဝကို



ပေးဆပ်ရလဲ



ပျော်နေမယ်၊ ငါ့ ပါဟာ......။



ချစ်သူ..............................................နင်ကသာ



ပန်းချီဆရာ



တစ်ဦးဆိုရင်



င့ါဘဝကို



နင့်စိတ်ကြိုက်



ချယ်မှုန်းလိုက်ပါ.......။



ချစ်သူ..........................................နင့်ဖြစ်နိုင်ရင်



ငါ့နေရာကို



ခနလောက်



ဝင်ကြည့်ပေးပါလား............။



ငါ့ဘယ်လောက်



ခံစားနေရတယ်



ဆိုတာ......နင့်



သိစေချင်တယ်ဟာ...........။.......။

သို့  Mr.Billgate

သို့  Mr.Billgate

ကျွန်တော်တစ်နေ့က ကွန်ပြူတာတစ်လုံးဝယ်ယူခဲ့ပါသည်။ ပြသနာလေးတွေရှိနေသဖြင့် စာရေးအကြောင်းခြင်းဖြစ်ပါသည်။

၁။ ကွန်ပြူတာဝယ်ပြီး အင်တာနက်ချိတ်လိုက်ပါသည်။ E-mail မှာ ပြသနာဖြစ်ပါတော့သည်။ Password ဆိုတဲ့ နေရာမှာ ******** အဲဒါတွေပဲပေါ်နေတယ်။ တခြားနေရာမှာမဖြစ်ဘူး။
အဲဒီနေရာမှာပဲ။
ကွန်ပြူတာကို စစ်ဆေးကြည့်လိုက်တော့လည်း အကုန်လုံးကောင်းပါသည်။ ဒါကြောင့်
ဒီပြသနာကို ကိုင်တွယ်ဖြေရှင်းပေးစေလိုပါသည်

၂၊ နောက်တစ်ခုက turn off ခလုပ်ကို နှိပ်လိုက်လျှင် ကွန်ပြူတာက ဆက်ပြီး အလုပ်မလုပ်တော့ပါ။ ပြီးတော့ start button ပဲပါသည်။ stop button လည်းမပါ။
အဲဒါလေးကိုလည်း တပ်ဆင်ပေးစေချင်ပါသည်။

၃၊ ကျွန်တော့်သူငယ်ချင်းတစ်ယောက် Run ဆိုတဲ့ ခလုပ်ကိုနှိပ်လိုက်လို့ ပြေးလိုက်ရတာ တခြားမြို့ကို ရောက်သွားရောဗျာ။ ဒါကြောင့်
ကျွန်တော်တောင်းဆိုချင်တာက Sit ဆိုတဲ့ ခလုတ်လေးတစ်ခုလောက်ကို
လည်းတပ်ဆင်ပေးချင်ပါသည်။ ဒါမှသာ ကျွန်တော်တို့ ထိုင်ပြီးမှ ကွန်ပြူတာကို
သုံးနိုင်မယ်မဟုတ်ပါလား။

၎။ ပီးတော့ ဟိုတစ်နေ့က ကျွန်တော့် ကောင်မလေး လက်စွပ်ပျောက်သွားလို့။ search မှာ ရှာကြည့်တာ ရှာမတွေ့ပါ။ search button က ဟန်လုပ်ပြီးတပ်ထားတာများလား။

၅။ ကျွန်တော် ကွန်ပြူတာမှာ ဖဲရိုက်တုံးက နိုင်ထားတဲ့ ပိုက်ဆံတွေ ဘယ်တော့လောက်ရမလဲဆိုတော့ သိပရစေ။

၆။ ဟိုတစ်နေ့ကအိမ်နားမီးလောင်တုံးက F1 နှိပ်ပြီးအကူအညီလှမ်းတောင်တာ... .ရောက်မလာပါ။

၇။ နောက်ပြီး window button/key ကိုနှိပ်လိုက်ရင်ပြတင်းပေါက်ကပွင့်မလာပါ ။ ပတ်တာများပျက်နေလားမသိပါ ။

၈။ ကျွန်တော် ကလေးတွေကို Mircrosoft Word သင်ပြီးပါပီ။ သူတို့က Microsoft sentence သင်ချင်နေကြပီ။ အဲဒါလေးလည်း ဘယ်တော့လောက်ထွက်မလဲ မသိဘူးနော်..:P:P.....

ယောင်္ကျားလေး vs မိန်းကလေး စိတ်ခံစားမှုကွာခြားချက်

(ယောင်္ကျားလေး vs မိန်းကလေး စိတ်ခံစားမှုကွာခြားချက်)



မိန်းကလေးတွေက ညာပြောတဲ့စကားကိုတောင်မှ အမှန်လို့ယုံကြည်ချင်တယ်..


ယောင်္ကျားလေးတွေက အမှန်ပြောတဲ့စကားကိုတောင် ညာပြောတယ်လို့ သံသယရှိကြတယ်.



မိန်းကလေးတွေက စတိုင်ရှိတဲ့ ဆေးလိပ်လို့ စဉ်းစားပြီး သောက်တယ်..


ယောင်္ကျားလေးတွေက အရသာရှိတဲ့ ဆေးလိပ်လို့ စဉ်းစားပြီးသောက်တယ်.



မိန်းကလေးတွေက တစ်စုံတစ်ခုကို မပြုလုပ်ခင်မှာ ဖြစ်ပေါ်လာမယ့်
အကြောင်းအရာတွေကို စဉ်းစားထားပြီး..


ယောင်္ကျားလေးတွေက တစ်စုံတစ်ခုကို ပြုလုပ်ပြီးမှ ထွက်ပေါ်လာတဲ့
အကြောင်းအရာတွေကို ညှိယူတယ်.



မိန်းကလေးတွေက ချစ်တဲ့ယောကျာ်းလေးအပေါ် စိတ်ပျက်မှ ပထမဆုံးအေနနဲ့ ဖောက်ပြန်ပြီး..


ယောင်္ကျားလေးတွေက ချစ်တဲ့မိန်းကလေး ရှိနေတာတောင်မှ ဖောက်ပြန်ကြတယ်.



မိန်းကလေးတွေက ကိုယ်စိတ်ဝင်စားတဲ့ အရာတွေမှာ စိတ်မ၀င်စားချင်ယောင်ဆောင်ပြီး.
.


ယောင်္ကျားလေးတွေက ကိုယ်စိတ်ဝင်စားတဲ့ အရာတွေကို အမြန်ဆုံးသိရအောင် ကြိုးစားကြတယ်.



မိန်းကလေးတွေက ရှုံးနိမ့်မှုတွေမှာတောင် စိတ်ဝင်စားမှုကို ဖော်ပြကြပြီး..


ယောင်္ကျားလေးတွေက အောင်မြင်တော့မှ စိတ်ဝင်စားမှုကို ဖော်ပြကြတယ်.



မိန်းကလေးတွေက အမြဲတမ်း သူများအပေါ်မှာ မှီခိုချင်ပြီး..


ယောင်္ကျားလေးတွေက အမြဲတမ်း ကိုယ့်ကိုကိုယ်ဘဲ မှီခိုချင်ကြတယ်.

ကြိုက်မိတဲ့ စာသားများ

ကိုယ့်နှုတ်ခမ်းကို ဖွဖွလေးကိုက်ထားမိချိန်ဟာ ဘ၀ကို နူးညံ့စွာ ကြည့်မိတဲ့ အချိန်ပါပဲ။

တစ်ချို့က မှောင်လွန်းလို့ ဘာမှ မမြင်ရဖြစ်နေကြတာ။ ကျွန်တော်က လင်းလွန်းလို့ ဘာမှ မမြင်ရဘူးဖြစ်နေတယ်။

ချစ်တတ်တဲ့ နှလုံးသားနဲ့ လွမ်းတတ်တဲ့ နှလုံးသားဟာ တစ်ခုတည်းရှိတယ်။

အချစ်ဆိုတာ ပန်းဘာသာနဲ့ ရေးထိုးထားတဲ့ အလျို့ဝှက်ဆုံး အက္ခရာတစ်လုံးဖြစ်တယ်။

လူတစ်ယောက်ဟာ ဘယ်ရွေ့ဘယ်မျှအထိ
ကြိုးတစ်ချောင်းနဲ့ ညှိနေမလဲ
ရနိုင်မယ်ဆိုရင်
မျက်နှာကို လက်နဲ့အုပ်ပြီး
လက်ချောင်းတွေကြားက ချောင်းကြည့်ချင်တယ်။

အမှားကို ထပ်ခါထပ်ခါ လက်ခံထားလိုက်ရင် ကြာတော့ အားလုံး အမှန်ဖြစ်သွားတယ်။

ဟာကွာ ! အားပါးတရ စုထားတဲ့အပြုံးကို ဘယ်သူ ရေခဲတုံးဖြစ်အောင် ရိုက်ပစ်တာလဲ။

မှားတယ် ဆိုရင် ဘာကြောင့်မှားကြောင်း မှန်တယ်ဆိုရင် ဘာကြောင့်မှန်ကြောင်း ပြောနိုင်ရမယ်။ မှားတယ် မှန်တယ်လို့ သူများနောက် ရောယောင်ပြီး လိုက်ပြောတာ လူညံ့ပဲ။

လူတစ်ယောက်ဟာ အလွန်ကြီးမားတဲ့ ကျောက်တုံးတစ်တုံးကို နေပူမရှောင် မိုးရွာမရှောင် နေ့မအား ညမနားတွန်းနေပေမယ့် ကျောက်တုံးဟာ မရွေ့ခဲ့ဘူး။ သင်လုပ်နေတဲ့ အလုပ်တွေ အဲလိုမဖြစ်စေနဲ့။

ကျွန်တော် မသိတဲ့အရာတွေနဲ့ ခြင်းတောင်းတစ်လုံးအပြည့်ထည့်ထာ
းတဲ့ အိပ်မက်ဟာ မနေ့ညက ကျွန်တော်ရဲ့ ဘယ်ဘက်ပခုံးအောက်နားလေးကို ချောင်းပစ်သွားတယ်။ အပေါင်လေးတစ်ပေါက်နဲ့ သွေးအနည်းငယ် ထွက်ကျလာတယ်။ သူတို့ ပြောတော့ အချစ်တဲ့။

အပြစ်ပြောလွန်းသူလောက် အပြစ်ကျူးလွန်တဲ့သူဟာဖြင့် ရှိကို မရှိသေးဘူး။

နှစ်ကိုယ်တူ တဲအိုပျက်မှာ ထမင်းရည်လျက်ရ လျက်ရ ဆိုတာ ခပ်နုံနုံယောက်ျားတွေရဲ့ သွေးဆောင်ဖျားယောင်မှုဆိုတာ မှတ်ထားပါ။

ဝက်ဝံဟာ ခုန်ဖို့ မကြိုးစားဘူး။ မြင်းဟာ အတိုင်းအတာကျော်တဲ့ စည်းရိုးကို မကျော်ဘူး။ ငါးဟာ ကောင်းကင်ပျံဖို့ မကြိုးစားဘူး။ ငှက်ဟာ သမုဒ္ဒရာ ကြမ်းပြင်ကို လေ့လာဖို့ မလုပ်ဘူး။ အချစ်ကတော့ အားလုံးလုပ်တယ်။

အလှအပဟာ မျက်စိရဲ့ အာဟာရဖြစ်ပြီးတော့ စိတ်ဝိညာဏ်ကို သောကရောက်စေတဲ့ အရာဖြစ်တယ်။

လူတစ်ယောက်ကို ခွင့်လွတ်တယ်လို့ ပြောလိုက်တာဟာ အမှားကို ဆက်လက်ကျူးလွန်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။ မကျူးလွန်တော့မယ့်သူအတွက်တော့ သူ့ဟာသူ ခွင့်လွတ်တယ်။

“လက်ခံမှု”

“လက်ခံမှု”



မောင်လေးတစ်ယောက်က မြန်မာပြည်ကနေ စာအုပ်လှမ်းမှာလို့
မနေ့ကသွားဝယ်ဖြစ်ပါတယ်။ စာအုပ် title လေးက “Happiness in Hard Times”
တဲ့ ။ စာအုပ်လေးကိုတွေ့တော့ ကြိုက်လို့ သူ့အတွက်ဝယ်ရင်းနဲ့ ကိုယ့်အတွက်ပါ
ဝယ်မလို့ပဲ။ ဒါပေမဲ့ $ 23 နဲ့ ၂အုပ်ဆိုရင်ဒေါ်လာ (၅ဝ) နီးပါး သွားကျမယ် ။
အဲ့ဒီတော့ သူ့အတွက် (၁)အုပ်ပဲ အရင်ဝယ်လာပြီး လူကြုံနဲ့ထည့်မပေးခင်
ဖတ်နိုင်သမျှ ဖတ်လိုက်ပါဦးမယ်ဆိုတဲ့ စိတ်ကူးနဲ့ ဖတ်မိတဲ့ ပထမစာမျက်နှာ
(Acceptance) “လက်ခံမှု” ဆိုတဲ့စာပိုဒ်လေးဟာ လွန်စွာ အကျိုးရှိလှပါတယ် ။



နည်းနည်းမျှဝေပါရစေ ။

-------------------------

ကျွန်တော့်မိတ်ဆွေတစ်ယောက်က စက်ဘီးတစ်စီးနဲ့ကမ္ဘာပတ်နေသူတစ်ယောက်ပေါ့ ..
တနေ့တော့ သူ စက်ဘီးနဲ့ဖြတ်သွားတဲ့ မြို့ငယ်လေးတစ်ခုမှာ
မုန့်ဆိုင်လေးဖွင့်ဖို့ ဆောက်နေတဲ့ Bakery ဆိုင်ငယ်လေးကို တွေ့တော့ သူ
ကူဦးမယ်ဆိုပြီး ခဏနားပါတယ် ။



အဲ့ဒီဆိုင်လေးကို သူကူဆောက်နေတုံး မြို့လေးမှာနေထိုင်တဲ့ကလေးငယ်လေးတွေကလဲ
သူ့ကို လာကူတယ်ပေါ့ ။ အဲ့ဒီထဲမှာ ခြေစွပ်တစ်ဖက်တည်းကိုသာ
နေ့တိုင်းဝတ်ဆင်လေ့ရှိတဲ့ ကောင်လေးတစ်ယောက်ကို သူက သတိ ထားမိနေတယ်။



ဆိုင်လေးလဲ ပြီးခါနီး သူလဲ ကလေးတွေနဲ့ ရင်းနှီးလာချိန်မှာ သူက
အဲ့ဒီကလေးလေးကို မေးတယ် ။



“ခြေစွပ်တစ်ဖက်လေး လာပါဦးကွ .. မင်းက အဲ့ဒီခြေစွပ်လေးကို
အမြဲဝတ်တယ်နော်” လို့ သူကမေးတော့ ကောင်လေးက ဂုဏ်ယူဝံ့ကြွားစွာနဲ့ ..
“ဟုတ်တယ် .. ကျွန်တော့်အမေက ညတိုင်းလျှော်ပေးတာ ။ မနက်ဆို ကျွန်တော်
ပြန်ဝတ်လာရုံပဲ” လို့ ဖြေတယ် ။



အဲ့ဒါနဲ့ သူက “ဟုတ်ပါတယ် .. အဲ့ဒါကို ငါသိတယ်လေ ။ ဒါပေမဲ့ မင်းဘာလို့
တစ်ဖက်တည်း အမြဲဝတ်ထားရတာ လဲဆိုတာ သိချင်လို့ပါ” လို့ ပြောတော့ ကောင်လေးက
သူ့ကို အတော်ရူးကြောင်ကြောင်နိုင်တဲ့ မေးခွန်းမျိုး မေးတာပဲဆိုတဲ့
အကြည့်မျိုးနဲ့ လှမ်းကြည့်ပြီး ..



“ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ တစ်ဖက်တည်းရှိလို့ပေါ့ဗျ” လို့ ပြန်ပြောသွားတယ် ။



သူ ကျွန်တော့်ကို အလွန်လှပတဲ့ အတွေးလေးတစ်ခုကို ပေးသွားပါတယ် စာဖတ်သူ ။



“ခြေစွပ်ဆိုတာ နှစ်ဖက်ရှိမှဖြစ်မယ် .. နှစ်ဖက်ရှိမှပဲ ပြည့်စုံတယ်လို့
ခေါ်မယ် .. နှစ်ဖက်လုံးစုံမှ ဝတ်ရမယ်” လို့ သူမယူဆဘူး ။
သူ့မှာတစ်ဖက်ပဲရှိတယ် ၊ သူ့ရှိတာနဲ့ သူကြိုက်သလို နှစ်သက်စွာဝတ်ဆင်တယ်
။ ပြီးတော့ သူ့လက်ခံထားမှုနဲ့သူ ပျော်နေတယ် ။



သင်တစ်ခုခုကို ဆုံးရှုံးမှုကြောင့် စိတ်ပင်ပန်းဆင်းရဲရတဲ့အခါ
“ဘာလုပ်ရမှန်းကိုမသိတော့ပါဘူး” လို့ သင်ပြောလေ့ရှိပါလိမ့်မယ် ။
လုပ်ရမှာတစ်ခုတည်းပါပဲ .. “သင်ရောက်နေတဲ့နေရာမှာ ဖြစ်နေတဲ့အနေအထားကိုပဲ
လက်ခံလိုက်ပါ” ။



ရင်းနှီးမြုပ်နှံမှုတစ်ခုခုမှာ ငွေဆုံးရှုံးခဲ့တယ်ဆိုပါစို့ ..
“တကယ်လို့များ အဲ့ဒါကို ငါ မလုပ်ခဲ့မိရင်” ဆိုတဲ့ အတွေးကို ထားခဲ့တော့
..ပယ်လိုက်တော့ ( “တကယ်လို့” ဆိုတဲ့ အတွေးတိုင်းက စိတ်သက်သာစေတာရှားတယ်)
။ အဲ့ဒီအစား ငါ့ဘဝအတွက်တော့ အကြီးမားဆုံး သင်ခန်းစာပါပဲလို့ မှတ်ယူရင်း
အဲ့ဒီအခြေအနေကို အဲ့ဒီအတိုင်း လက်ခံလိုက်ပါ (နောက်ကြောင်းပြန်မသွားပါနဲ့)




သင်အရမ်းဝနေလို့ ကျန်းမားရေလိုက်စားမှုတစ်ခုခုလုပ်နေတဲ့အခါ အဲ့ဒါကို
(သင်လုပ်ဖို့လိုအပ်တယ်ထင်လို့၊ လုပ်ချင်လို့ လုပ်နေတာလို့)
တွေးတောပျော်ရွှင်ပါ .. “ငါ့ညီမတွေကျတော့ ငါ့လိုမဟုတ်ဘူး ၊
တခြားမိန်းကလေး တွေကျ ငါနဲ့ကွာခြားလိုက်တာ၊ အမေသာ ငါ့ကို
ကြည့်ကောင်းတဲ့ခန္ဓာကိုယ်လေးဖြစ်အောင် မွေးခဲ့ရင်” စသဖြင့် မလိုအပ်တဲ့
(တကယ်လို့များ ဆိုတဲ့) အတွေးတွေကို ဖျောက်ပါ ။ ကိုယ့်ကိုကိုယ်
အရှိအတိုင်း အခြေအနေ အတိုင်း လက်ခံပါ။



အရှိကိုအရှိအတိုင်း ကြုံလာသမျှအခြေအနေကို လက်ခံတာဟာ
အရှုံးပေးခြင်းမဟုတ်ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘဝရဲ့ အတွေ့အကြုံ
တပိုင်းတစလို့ လက်ခံလိုက်တာပါပဲ ။



အားလုံးပဲ ကျန်နေသေးတဲ့ဘဝခရီးကို လက်ခံမှုဆိုတဲ့ သဘောထားလေးနဲ့
(ခြေစွပ်တစ်ဖက်နဲ့ ကောင်လေးလိုပဲ) ပျော်ရွှင်စွာခရီးဆက်နိုင်ကြပါစေ ။

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About