ခေတ်သစ် မိန်းကလေးတွေဦးဆောင်မှုခံလိုက်ရတဲ့ ခေတ်သစ်ယောက်ျားလေးများ

မိန်းမနှင့်ယောက်ျားဟူ၍ကမ္ဘာပေါ် တွင် စတင်ဖြစ်ပေါ်လာကတည်းကပင် မိန်းမတို့သည် ယောက်ျားတို့၏ စိုးမိုးအုပ် ချုပ်ခြင်း ကိုခံရကာ၊ ယောက်ျားတို့ပြု သမျှနု
ခဲ့ကြရသော ဘ၀အခြေအနေတွင် နေထိုင်ခဲ့ကြရ ရာမှ ခေတ်သစ့်ပြောင်းလာသောအခါမိန်းမတို့၏ အကြံဥာဏ်အယူအဆတို့သည် ခေတ်နှင့်အတူ ပြောင်းလဲလာကြပြီး
နောက် မိမိတို့၏ အောက်ကျနောက်ကျဘ၀ကို ငြီးငွေ့လာကြပြီးလျှင် ထုံးစံတို့ကို ဆန့်ကျင် ပုန်ကန်လိုသောစိတ်ထားများ ပေါ်ပေါက်လာကြသည်။
ယောက်ျားတို့ ကဲ့သို့လွတ်လပ်ခြင်းကို လိုလားတောင့်တကြသည်။
မိန်းမ တို့သည် ယောက်ျားတို့ထက် မသာနိုင်စေကာမူ ယောက်ျားတို့နှင့်တန်းတူညီမျသော အခွင့်အရေးကို ကြွေးကြော်တောင်းဆိုစပြုလာကြလေသည်။ယောက်ျားတို့သည်မိန်းမတို့အားမိမိနှင့် တန်းတူညီမျှသော အခွင့်အရေးကို ပေးလိုက်ခြင်း အားဖြင့် အနာဂါတ်
ကာလ တွင် မိမိတို့၏ ဘ၀အခြေအနေ မည်သို့ထိခိုက်မည်ကို တွေးတောခြင်းမပြုကြဘဲ မိန်းမတို့အပေါ် တွင် ကရုဏာတရားကြီးစွာဖြင့် မိမိတို့နှင့်မခြားနားသော တန်းတူ လွက်လပ်ခွင့်ပေးလိုက်လေရာ ကာလ ရှည် ကြာစွာ ယောက်ျားတို့၏နှိပ်ကွပ်ဖိစီးခြင်းကို ခံခဲ့ကြရသောမိန်းမတို့သည်ဇောင်းမှလွှတ်လိုက်သောမြင်းကဲ့သို့လွ တ် လပ်ခြင်း၏
အရသာကို မီးကုန်ယမ်းကုန် အစွမ်းကုန်အကြွင်းမဲ့ စံစားအသုံးပြုကြတော့၏၊
ထိုအခွင့်အရေးကိုရရှိသည့်အခါမှစ၍ယခင်ကယောက်ျားများသာလျင်လုပ်ကိုင်လေ့ရှိသောနေရာဌာန အရပ်ရပ် တွင်ဝင်ရောက်လုပ်ကိုင်ခြင်းပြုကြရုံမကဘဲ၊ အပြုအမူအနေ
အထိုင် အမူအကျင့် တို့ပင်လျင် ယောက်ျား နှင့်မခြား နားသော အခြေအနေသို့ ဆိုက်ရောက်ခဲ့လေ၏။
မိန်းမများ သည် စာရေးစာချီအလုပ်မှစ၍တိုင်းပြည်အုပ်ချုပ်သော မင်း-မှူး-မတ် ရာထူးများအထိ အလုပ်အကိုင် များ ကို ယောက်ျားတို့လက်ထဲမှ လုယက်ယူကြလေ၏။
ထိုသို့ မိန်းမ များ ယောက်ျားတို့၏နေရာကို တိုးဝင်လာခြင်းအားဖြင့်ယောက်ျားတို့သည် မိန်းမများအားနေရာဖယ်ပေးကြရသောအဖြစ်မျိုးသို့ဆိုက်ရောက်လာခဲ့ တော့ သည်။
မိန်းမ ဦးရေ တယောက်တိုးလျင် ယောက်ျားတစ်ယောက်အလုပ်လက်မဲ့ဖြစ်ခြင်းသို့ရောက်ခဲ့ရာ အလုပ်အကိုင် အသီးသီးတွင် မိန်းများ ပိုမိုဝင်တိုးလေလေ၊ ယောက်ျားအလုပ်
လက်မဲ့ ပိုမိုများပြားလေလေ ဖြစ်လာ တော့၏။ ”

“အညိုရေ၊ ဟေး အညို၊ ဘယ်ရောက်နေလဲ”
အပြင်ဖက်ကကြားလိုက်ရသော ဖေဖေ့ အသံကြောင့် လက်ထဲကဖတ်လက်စ စာအုပ်ကို မွေ့ယာအောက်ထိုးသွင်း လိုက်ပြီး ကမန်းကတန်း ပြန်ထူးလိုက်ရ သည်။
“ခင်ဗျာ ၊ သားဒီမှာ ပါဖေဖေ”
အခန်းထဲဝင်လာသော ဖေဖေ့မျက်နှာက မသာမယာဖြစ်နေသည်။ ဖြူနုသော မျက်နှာတွင်သွေးရောင် အနည်း ငယ်မျှလွှမ်းနေပြီး သပ်သပ်ရပ်ရပ် ပုံဖေါ်ထားသည့် ဇင်ယော်တောင် မျက်ခုံးနှစ်ဖက်က တွန့်ကွေးနေသည်။ ကျွန် တော့် မျက်ခုံးတွေက ဖေဖေ နှင့် အလွန်တူသည်ဟု မေမေ နှင့် ဆွေမျိုးတွေက ပြောဖူးသည်။
“ဘာဖြစ်လို့လဲ ဖေဖေ၊ မျက်နှာလဲ မကောင်းပါလား”
“ဧည့်ခန်းထောင့် က ဘီရိုပုလေးပေါ်မှာ တင်ထားတဲ့ စာအုပ်တအုပ်တွေ့မိလား ..သားရေ”
ကျွန်တော်ယူလာသော စာအုပ် ကျွန်တော်ဖတ်နေသော စာအုပ်ကို ပြောတာမှန်းသိပြီးနောက် ကျွန်တော့်ရင် တွေ ဒိန်းကနဲ ခုန်သွားကာ မုသားစကားတခွန်းကို အမှတ်မဲ့စွာပြောလိုက်မိပါသည်။
“မတွေ့ပါဘူး ဖေဖေ”
ဖေဖေ့ မျက်နှာ နေထိပန်းလိုညိုးကျသွား၏။
“ဘယ်မှာ ထားမိမှားတယ် မသိပါဘူး။ သားမေမေ သာတွေ့သွားရင် ဖေဖေ့ကို ဆူတော့မှာပဲ”
“ဘာဖြစ်လို့လဲ ဖေဖေ”
“အော် သားမေမေ က ဒီလိုစာအုပ်တွေ မဖတ်စေချင်ဘူးလေ၊ အကျိုးမရှိတဲ့ စာတွေတဲ့”
တုန်လှုပ်နေသော ဖေဖေ့ကိုကြည့်ရင်း ကျွန်တော်ဆက်၍ မလိမ်ရက်တော့ဘဲ မွေ့ယာအောက်တွင် ထိုးသွင်းထားသောစာအုပ်ကို ထုတ်ယူလိုက်ကာ ဖေဖေ့ကိုပြလိုက်မိပါသည်။
“ဒီစာအုပ်လား ဖေဖေ”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ယူရင်လဲ ဘာကြောင့်ညာရတာလဲ သားရယ်”
ကျွန်တော်ညာမိသည့် အတွက်ဖေဖေ စိတ်မဆိုးကြောင်း ကျွန်တော်သိပါသည်။ ကျွန်တော့်ဖေဖေ သည် စိတ် ထားအလွန်နူးညံ့ပျော့ပျောင်း သလောက် ကျွန်တော့် ကိုလည်း အလွန်ချစ်ရှာပါသည်။ စာအုပ် ကိုဖေဖေ့ လက် ထဲပြန်ထည့် မပေးသေးဘဲ လက်ထဲဆက်ကိုင်ထားရင်း ဖေဖေ့ကို သိချင်တာမေးမိပါသည်။
“ဒီစာအုပ်ထဲ ရေးထားတာတွေ အမှန်တွေလားဖေဖေ”
ဖေဖေ့ မျက်နှာမှာ အလွန်ထိတ်လန့်သည့် အမူအရာတွေ ပေါ်လာပါသည်။ ကျွန်တော့်ကို မျက်လုံးပြူး မျက်ဆန် ပြူးနှင့်ကြည့်ရင်း
“သားမေမေ ရှေ့မှာတော့ ဒီလိုတွေ မမေးရဘူးနော်၊ သားကို မေမေ က တအားစိတ်ဆိုးလိမ့်မယ်”
“မပြောပါဘူး ဖေဖေရဲ့၊ ဒါကသားအဖချင်း မေးတာပါ။”
ကျွန်တော့်ဘေးမှာ ၀င်ထိုင်ပြီးဖေဖေ ကျွန်တော့်ကို ဖက်လိုက်သည်။ ခုလောလောလတ်လတ် မီးဖို ချောင်ထဲ ကထွက်လာခြင်း ဖြစ်သော် လည်း ဖေဖေ့ကိုယ် က မွှေးပျံ့နေ ၏။ မေမေ နိုင်ငံခြားသွားတုန်း က ၀ယ်လာသောရေမွှေးရနံ့ မှန်းသိလိုက်ပါသည်။ အိမ်ဖေါ်ကောင်လေးတွေ ရှိသော်လည်း ဖေဖေ က ကိုယ်တိုင်ချက်ပြုတ်ရမှကျေနပ် သည်။
ဖေဖေ ဟင်းချက်ကောင်းတာကို လူတိုင်းသိ၏။ ကျွန်တော့် ကိုလည်း သင်ယူဖို့ မေမေ နှင့် တ ခြားလူတွေက တိုက်တွန်းကြသော်လည်း ခုချိန်ထိ သင်ယူဖြစ်သည့်
ဆီမရောက်သေးပါ။
“ဟုတ်လား၊ မှန်လား ဖေဖေ၊ သားတို့ ကျောင်းမှာ သင်တာတွေနဲ့လဲ မတူဘူးနော်”
“ဒီစာအုပ်က ပိတ်ပင်ထားတဲ့စာအုပ်ကွဲ့၊ ရေးတဲ့ သူလဲ အဖမ်းခံရပြီး ထောင်ထဲမှာပဲ သေသွားတယ်၊ အပြင်မှာ ငါ့ သား လက်ထဲ ကိုင်ပြီးသွားကြည့်ပါလား ရဲတွေ ရောက်လာပြီး
သားကို ဖမ်းလိမ့်မယ်”
ဝါကျင်ကျင် စာအုပ်ဟောင်းလေးကို ကျွန်တော် မယုံနိုင်စွာ ပြန်ကြည့်နေမိပါသည်။
“ဖေဖေ တို့ ငယ်ငယ်ထဲကထွက်ခဲ့တဲ့ စာအုပ်ပေါ့၊ အစိုးရကလိုက်သိမ်း ပေမယ့် ဖွက်ထားကြတော့ ကျန်နေတာလေ”
“ဖေဖေ ဖွက်ထားတာလား”
“မဟုတ်ဘူး၊ ဦးချစ်ချစ် ဆီကရတာ”
ဦးချစ်ချစ် ကိုကျွန်တော် သိပါသည်။ သူ့မိန်းမက လည်း မေမေ့အသိဖြစ်လို့ အိမ်လာဖူးသည်။ ကျွန်တော့်ကိုမျက် စိ ဒေါက်ထောက်ကြည့်ပြီး အပြစ်ရှာလွန်း၍ ကျွန်တော်သဘော
မကျပါ။
“သား ဖတ်ပြီးပြီ မဟုတ်လား၊ ဖေဖေ့ကို ပြန်ပေးတော့၊ ဒီစာအုပ်ထဲက အကြောင်း ဘယ်သူ့ကိုမှ မပြောရဘူးနော် မေမေ့ ကိုလဲ မပြောရဘူး၊ ကျောင်းက သူငယ်ချင်းတွေကိုလဲ မပြောရဘူးနော်”
“မပြောပါဘူး ဖေဖေရဲ့၊ ဒါပေမယ့် သားဖတ်ချင်သေးတယ်။ မပြီးသေးဘူး၊ စိတ်ချပါ၊ မေမေ ပြန်မလာခင် ပြန်ပေးမယ်၊ ကတိပေးတယ်”
ဖေဖေ့ရင်ခွင်ကို ခေါင်းနှင့် ခွေ့ပြီးပြောလိုက်သောအခါ ဖေဖေကျွန်တော့်ကို အလိုလိုက်ရှာပါသည်။
“ကတိတည်ရမယ် နော်”
“ဟုတ်ကဲ့၊ ဒါနဲ့ ဘာဟင်းချက်လဲ ဖေဖေ”
“မန်ကျည်းရွက်သုတ်၊ ပဲကြီးဟင်းချို နဲ့ ငါးခူကြော်နှပ် စပ်စပ်လေး”
ဖေဖေ့လက်ရာဆိုတော့ ကောင်းမှာသေချာသည်။ ကျွန်တော် ဗိုက်ဆာသလိုလို ဖြစ်လာသော်လည်း လက်ထဲက စာအုပ်ကို ဆက်ဖတ်ချင်နေသေးတာကြောင့် ဆာလောင်စိတ် ကို ဖြေဖျောက်ရင်း စာဆက်ဖတ်ဖို့ အိပ်ယာပေါ်ပြန် လှဲချလိုက်ပြီးမှ သတိရပြီး အခန်းဝသို့ ရောက်နေသည့် ဖေဖေ့ကို လှမ်းမေးလိုက်မိသည်။
“ဒီစာအုပ် ရေးတဲ့ သူက ယောက်ျားလား မိန်းမလား ဟင်”
“ယောက်ျားပေါ့ သားရယ်၊ မိန်းမက ရေးမလားလို့”
မှန်ပါသည် ကျွန်တော် ဖတ်ခဲ့ပြီးသလောက်ဆိုလျှင် မိန်းမတယောက်က ဒီလိုအကြောင်းအရာတွေ ရေးမည် မဟုတ်ပေ။

“ယောက်ျားတို့ ၏ အလုပ်ကို မိန်းမများ ၀င်လုပ်ရာတွင် ယောက်ျားတို့မှာအလုပ်လုပ်စရာနေရာမရှိတော့ဘဲ အလုပ်လက်မဲ့အဖြစ်ဖြင့် အိမ်တွင်း၌ကုပ်၍ မှိုတက်ခံနေကြရလေရာ
ထိုကဲ့သို့ အိမ်တွင်းတွင်ကာလရှည်မြင့်စွာ နေရခြင်းသည် အချိန်အားလူအား အသားမွေး အလှသွေးနေရသော ဘ၀သို့ရောက်ရှိစေလျက် မိမိတို့ကိုယ် ကို လှပနုနယ်ပြေပြစ်အောင် ဖန်တီးခြင်းသာလျင် အလုပ်ကြီးတစ်ခုဖြစ်လာပေတော့၏။
သို့ဖြင့် မိန်းမဟူက အလုပ်လုပ်ကိုင်ကြပြီး ယောက်ျားဟူသည် သည်အိမ်မှာ နေထိုင်ကြရသည်ဖြစ်ရာ ယောက်ျားတို့၏ ၀တ္တရား မှာ ထမင်းချက်ပြုတ်ကျွေးမွေးခြင်း၊ ကလေးထိန်းခြင်း၊ အနှီးလျော်ဖွတ်ခြင်း ဈေးဝယ်ခြင်း၊ မယားအလုပ်ပြန်ချိန်စောင့်မျော်ခြင်း စသည်တို့သာဖြစ်လာတော့သည်။

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About