Prepare for CCNA Exam

ရေးသားသူ Mandalar.Net on Thursday, October 20, 2011

CCNA ဖြေဖို့ကြိုးစားနေတဲ့ သူငယ်ချင်းများအတွက် ဒီ Post ကိုဝေမျှလိုက်ပါတယ်။

CCNA ဖြေဖို့အတွက် လိုအပ်တဲ့ Software တွေကတော့

1. Cisco Packet Tracer
2. Visual CertExam Suite တို့ပဲဖြစ်ပါတယ်။

အထက်ပါ Software တွေရပြီဆိုရင်တော့ လေ့လာစရာ Study Guide Book, Website နဲ့ Questions & Answers အတွက် vce File ပဲလိုပါတော့တယ်။

Study Guide Book ကိုတော့ ဒီနေရာကနေ ရယူလိုက်ပါ။
Simulation နဲ့ Simulation Questions & Answers အတွက်လေ့လာသင့်တဲ့ Website ကတော့ ဒီမှာပါ။
Questions & Answers အတွက်ဆိုရင်တော့ ဒီနေရာကနေ ရယူလိုက်ပါ။

CCNA နဲ့ ပတ်သက်ပြီး သင်တန်းတက်ရောက် ပြီးသားသူတွေဆိုရင်တော့ အထက်မှာဖော်ပြပေးထားတဲ့ Software တွေနဲ့ Exam Material တွေပြည့်စုံပြီဆိုရင်တော့ စာမေးပွဲဖြေဖို့အတွက် စာစကြည့်လို့ရပါပြီ။ တစ်ကယ်လို့ သင်တန်းတက်ရောက် ထားခြင်းမရှိဘူးဆိုရင်တော့။ Video Training တွေလိုအပ်ပါလိမ့်မယ်၊ Video Training ထဲမှာတော့ CBT Nuggets ရဲ့ Training ကတော်တော်လေးကောင်းပါတယ်။ Network နဲ့ပတ်သက်ပြီးအခြေခံမရှိ သေးတဲ့သူတွေတောင် CBT Nuggets ကို ၂ခေါက်၊ ၃ခေါက်လောက် သေသေချာချာကြည့်လိုက်တာနဲ့ နားလည်လာနိုင်ပါတယ်။ Trainer ပြောတဲ့ English ကလဲ အရမ်းခက်ခဲတဲ့ အသုံးအနှုန်းတွေ မပါသလို၊ စကားပြောတာကလဲ အရမ်းမမြန်ပါဘူး။

Training Video ကို Online ကနေ Share ပေးချင်ပေမဲ့ Connection အခြေအနေကြောင့် ဘယ်လိုမှ Share လို့အဆင်မပြေဘူးဖြစ်နေလို့ပါ။ Training Video ကိုလိုချင်တဲ့ ရန်ကုန်က သူငယ်ချင်းတွေကတော့ ကျွန်တော့ဆီကို လာယူလို့ရပါတယ်။

CCNA စာမေးပွဲကိုဖြေဖို့ အတွက် CCNA နဲ့ပတ်သက်တဲ့ စာတွေကိုလေ့လာပြီးပြီဆိုရင်တော့ Exam Collection ထဲကိုသွားပြီးတော့ မေးခွန်းကို Download လုပ်ယူလိုက်ပါ။ အဲ့လို Download လုပ်ယူတော့မယ်ဆိုရင် တော့ဘယ်မေးခွန်းကို ဘယ်သူတွေက ဘယ်လို Comment ပေးထားတယ်ဆိုတာကို အရင်ဆုံးလေ့လာကြည့်ရမှာဖြစ်ပါတယ်။ အဲ့လို လေ့လာကြီးပြီး အများစုက recommend ပေးထားမဲ့ အဲ့ဒီမေးခွန်းကို လေ့လာပါ။

မေးခွန်းတွေကို လေ့လာတဲ့အခါမှာ A,B,C,D စတဲ့ Answer Senior တွေကို အလွှတ်မကြည့်ပါနဲ့။ မေးခွန်းကို ကျက်မယ်ဆိုရင်တောင် အဖြေအပြည့်အစုံကိုပဲ ကျက်မှတ်ပါ။ ဘာလို့လဲဆိုတော့ စာမေးပွဲဖြေတဲ့အခါမှာ အဖြေတွေက ကိုယ်ကြည့်ထားတဲ့ မေးခွန်းထဲကအတိုင်း Senior အလိုက်အလာပါဘူး။ မေးခွန်းတွေကို လေ့လာလို့ (သို့) ကျက်မှတ်လို့ပြီးပြီဆိုရင်တော့ www.9tut.com ကိုသွားပြီးတော့ Simulation တွေကို Download လုပ်ယူပြီး လေ့လာရမှာဖြစ်ပါတယ်။ မေးခွန်းတွေကိုပဲ ကြည့်သွားပြီး Simulation ကိုလုံးဝမဖြေဘူးလို့တော့ အစဉ်းစားကျပါနဲ့ ဘာလို့လဲဆိုတော့ Simulation ကအနဲဆုံး (၄)ပုဒ်ပါပါတယ်။ တစ်ပုဒ် ကိုအမှတ် ၁၀၀ ၀န်းကျင်လောက် ပေးတယ်လို့ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် Simulation တစ်ပုဒ် မဖြေနိုင်လိုက်တာ အမှတ် ၁၅၀ လောက်လျော့သွားလို့ပါ။

Simulation မှာ ၂ မျိုးရှိပါတယ်။

ပထမအမျိုးအစားက Configuration Simulation ပါ။ မေးခွန်းမှာပေးထားတဲ့ အတိုင်း ကိုယ်ကိုယ်တိုင် Configure လုပ်ရတာမျိုးပါ။ (ဥပမာအားဖြင့် - Access List Simulation 2)

ဒုတိယအမျိုးအစားက Simulation Question & Answer ပါ။ သူတို့မေးထားတဲ့ မေးခွန်းတွေကို ဖြေဖို့အတွက် Show command ကိုအသုံးပြုပြီး လိုက်ရှာရတာမျိုးပါ။(ဥပမာအားဖြင့် - VTP Simulation)

နောက်ဆုံးတစ်ချက်အနေနဲ့ သတိထားရမှာက CCNA စာမေးပွဲ ဖြေချိန်က ၁၄၀ မိနစ်ပါ၊ ဖြေဆိုရမဲ့ မေးခွန်းက ၅၀ပုဒ်ကျော်ပါ၊ အောင်မှတ်ကတော့ ၈၂၅မှတ်ကျော်မှ အောင်မှာပါ။ မေးခွန်းတွေကို ဖြေတဲ့အခါမှာလဲ ဖြေပြီးလို့ Next ကိုနှိပ်လိုက်ပြီးရင် ပြန်ပြင်လို့မရသလို ပြန်ကြည့်ခွင့်လဲ မရှိပါဘူး။ ဒါကြောင့်မို့ စာမေးပွဲဖြေနေတဲ့အချိန်မှာ စိတ်အေးအေးထားပြီးတော့ အဖြေကိုသေချာစဉ်းစားပြီးရွေးပါ။ ရွေးပြီးလို့ Next ကိုနှိပ်လိုက်ပြီးရင်တော့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးသလိုပါပဲ။

CCNA ဖြေဆိုသူအားလုံး အောင်မြင်ကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Online ကနေ ပိုက်ဆံရှာ

online ကနေ ပိုက်ဆံရှာတဲ့ နည်းလေး ပြောပြ မလို့ပါ.. အခုပြထားတဲ့ပုံကို ကလစ်နှိပ်ပြီးကြည့်ကြည့်လိုက်ပါ. ကျွန်တော် ၅ဒေါ်လာ ရထားတာကို အနီရောင်လေးထောင့်ကွက်နဲ့ ပြထားပါတယ်။ စိတ်ချလက်ချ စမ်းကြည့်ပါ။ မယုံတ၀က် ယုံတ၀က်ဆိုရင်တော့ မစမ်းပါနဲ့။ ကျွန်တော် တစ်ကယ်ရလိုက်လို့ ကျန်တဲ့သူတွေလဲ စမ်းလို့ရအောင် တင်ပေးလိုက်တာ ဖြစ်ပါတယ်။ ကဲ စမ်းချင်တဲ့သူများ စကြည့်ရအောင်ဗျာ။
  • ပထမဆုံး အောက်ဆုံးမှာ ပြထားတဲ့ ဒေါ်လာပုံလေး (သို့) ၀ဘ်ဆိုက် ညာဖက်ခြမ်းက ဒေါ်လာပုံ ကို နှိပ်လိုက်ရင် ၀ဘ်ဆိုက် တစ်ခုကို ရောက်သွား ပါလိမ့်မယ်.
  • အဲ့ဒီ့မှာ သူက အကောင့် တစ်ခု လုပ်ဖို့ သူကပြော ပါလိမ့်မယ်.
  • အကောင့် မလုပ်ခင် megaupload, hotfile, megashares, fileserve. Mediafire. Depositefiles, Filefactory, Uploading စတဲ့ file hosting server နာမည်တွေကို ပြထားပါ့မယ်. မိမိလိုချင်တဲ့ hosting ကို ရွေးပေးပါ. ကျွန်တော်ကတော့ ကျွန်တော့်မှာ မရှိသေးတဲ့ fileserve ကို ရွေးပေးလိုက်ပါတယ်.
  • ရွေးပြီးတာနဲ့ အောက်ဆုံးလောက်မှာ Sign up Now! ဆိုတဲ့ အနီရောင် စာတမ်းအောက်မှာ မိမိ email လိပ်စာရိုက်ထည့်ပေးလိုက်ပါ. ပြီးတာနဲ့ I agree to the terms and conditions. ကို အမှန်ခြစ်ပေးလိုက်ပါ.
  • အကောင့် လုပ်ပြီးတာနဲ့ မိမိရဲ့ မေးလ်ထဲကို activate link ပို့ပေးပါလိမ့်မယ်. အဲ့ဒီ့အခါ ပို့ပေးတဲ့ activate link ကို နှိပ်ပေးလိုက်ပါ. activate ဖြစ်ပြီဆိုတာနဲ့ မိမိလုပ်ထားတဲ့ email address နဲ့ password ကို ရိုက်ပြီးဝင်လိုက်ပါ.
  • password က ကြိုက်တဲ့ password ပေးလို့ရပေမယ့် email ကိုတော့ မှန်မှန်ကန်ကန် ထည့်ပေးရပါလိမ့်မယ်. မဟုတ်ရင် activate link ရောက်လာမှာ မဟုတ်ပါဘူး.
  • အခုအပေါ်မှာ ပြထားတဲ့ ပုံအတိုင်း ကြိုက်ရာတစ်ခုကို နှိပ်ခိုင်းပါလိမ့်မယ်.
  • ကျွန်တော့်တုန်းက အပေါ်ဆုံးက တစ်ခုကို နှိပ်လိုက်ပါတယ်.
  • အဲ့ဒါနှိပ်ပြီးရင် register လုပ်ခိုင်းပါလိမ့်မယ်. register လုပ်လိုက်ပါ.
  • လုပ်ပြီးပြီးချင်း ပြီးဆုံးသွားပြီဆိုရင် mail ထဲကို activate link တစ်ခု ပို့ပေးပါလိမ့်မယ်. အဲ့ဒီ့ link ကို နှိပ်ပေးလိုက်တာနဲ့ activate ဖြစ်သွားပါပြီ. active ဖြစ်သွားပြီး အဲ့ဆိုက်ထဲကိုရောက်သွားပြီဆိုတာနဲ့ 5$ ချက်ချင်းရမှာ ဖြစ်ပါတယ်.
နောက်ထပ် ပိုက်ဆံ ထပ်တိုးအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ထပ်ပြောပြပေး ပါ့မယ်. အခုတော့ 5$ ရအောင် အရင်ကြိုးစားကြည့်လိုက်ပါ။ 5$ ရပြီး နောက်ထပ် သူပြောတဲ့နည်းအတိုင်း ဆက်သွား လိုက်ရင် ဒေါ်လာ ၃၀ အထိ ရမှာပါ. ဒေါ်လာ ၃၀ ရရင် တစ်ကြိမ်ထုတ်လို့ရပါပြီ. ပိုက်ဆံလွှဲဖို့အတွက်တော့ paypal account လိုပါလိမ့်မယ်. ဒါကတော့ မခက်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့သူတွေ ဖုန်းနဲ့ email လိပ်စာရှိရင် paypal account လုပ်လို့ရပါတယ်။ ကဲစမ်းကြည့်လိုက်ပါဦး။ ပိုက်ဆံရတော့ domain name တို့ဘာတို့ ၀ယ်လို့ရတာပေါ့.







Get premium accounts for free!

ယောင်္ကျားလေးတွေ ရည်းစားများများထားတာက.

၁။ ရှေးလူကြီးတွေအဆိုမိန့်တွေရှိတယ်မဟုတ်လား ယောက်ျားကောင်းတော့ မောင်းမတစ်ထောင်တဲ့ ယောက်ျားကောင်းမဖြစ်မှာဆိုးလို့ ရည်းစားများရတာပါ ။ ၂။ တယောက်ထဲထားပြီး ရွေးချယ်ရမှာထက် အများကြီးထားပြီးရွေးချယ်ရတာက ပိုကောင်းပါတယ် ။ ၃။ ယောက်ျားလေးတယောက်ဟာ ရည်းစာများလေလေ ဘ၀ရဲ့ အကောင်းဆုံးဖော်မွန်ကို ရွေးချယ်နိုင်ခွင့် များလေလေဘဲ။ ၄။ ရည်းစားများများထားဘူးတဲ့ ယောက်ျားလေးဟာ ရည်းစားမထားဘူးတဲ့ မိန်းကလေးတွေရဲ့စိတ်ကို မှန်ကန်အောင်အကဲခက်နိုင်စွမ်းများလေဘဲ။ ၅။ ဘယ်ရည်းစားက ကိုယ်ဘ၀အတွက် အကောင်းဆုံးဖြစ်မလဲဆိုတာလေ့လာပါ စမ်းသပ်ပါ ပြီးရင်အကောင်းဆုံးကို ရွေးချယ်ပါ ...ကျနော်တို့ ယောက်ျားလေးတွေဆိုတာက မိန်းမတယောက်ယူပြီးသွားရင် မိဘဆွေမျိုးသားချင်းတွေတောင် ပြန်လှည့်မကြည့်နိုင်ဘူလေ... ရသမျှ သူတို့ကို အကုန်အပ်ရမှာမဟုတ်လား ...တသက်လုံးလဲ လုပ်ကျွေးရမယ်...အဲဒီတော့ မယူခင်ထဲက သေချာလေး လေ့လာပါ စမ်းသပ်ပါ သူအသိုင်းဝိုင်း ကိုယ့်အသိုင်းဝိုင်း ညှိလို့ရမရ ဖြစ်နိုင်မဖြစ်နိုင်.....မယူခင်ထဲက မဖြစ်နိုင်ဘူးဆိုရင်တော့ နောက်တယောက်ရှာထား..... ယူပြီးသွားရင်တော့ ကျနော်တို့ မြန်မာလူမျိုတွေရဲ့ တလင် တမယားစနစ်ကိုဘဲ ကျင့်သုံးပါ ....မယူခင်ကြိုက်သလောက်ထားလို့ရတယ်နော်... ယူပြီးသွားရင်တော့ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ကိုယ့်ဇနီးမယားကိုဘဲ ကြင်နာပါ ၊ ချစ်ခင်ပါ ၊ဂရုစိုက်ပါ....ဘာအကြောင်းနဲ့မှ ကွဲကွာတာ မဖြစ်စေပါနဲ့ .... ဒီ တယောက်မကောင်းလို့ နောက်တယောက်ပြောင်းလို့မကောင်းတော့ပါဘူး.....လူတိုင်းမှာ အားနည်းချက်တွေ ကိုယ်စီရှိကြစမြဲပါ.... အဲဒီ အားနည်းချက်တွေကို ခွင့်လွှတ်နိုင်အောင်ကြိုးစားပါ.... အကောင်းဘက်ကကြည့်ပါ..စိတ်ဆိုးနေတုန်းမှာ ဘာမှမလုပ် ဘာမှမပြောဘဲ တနေရာသာ ရှောင်ထွက်သွားလိုက်ပါ.... အကျင့်စရိုက်ဆိုတာ အဖြူရောင်စာရွက်နဲ့တူတယ်..တစ်ခါစွန်းထင်သွားရင် ပြန်ဖြူအောင်လုပ်ဖို့ ခဲယဉ်းပါတယ်...အဲဒီတော့ ဘာမှမစွန်းထင်ပါစေနဲ့နော်.... အမှားပါရင်ခွင့်လွှတ်ပါ

မျက်နှာအနေအထားလေးပါ

(၁) မျက်နှာထားအလွန်တင်း၏။ (၂) အလွန်မောက်မာ၏။ (၃) သူတပါးအား မျက်မှောင်ကြုတ်ကြည့်လေ့ရှိ၏။ (၄) ဘယ်တော့မှမပြုံး။ (၅) သူတစ်ပါးအား ဘယ်တော့မှ စိတ်ဝင်စားမှုမရှိ။ (၆) အမြဲတမ်းမေးစေ့ကို ပင့်ထားလေ့ရှိသဖြင့် နှုတ်ခမ်းမှာ တင်းတင်းစေ့ထားလေ့ရှိပြီး မဆိုင်သလိုမျက်လုံးများ အေးစက်သောမျက်လုံးများ မျက်လုံးစိမ်းများနှင့် ကြည့်လေ့ ရှိ၏။ (၇) သူတစ်ယောက်ထဲ အေးစက်စိမ်းကားစွာနေလေ့ရှိ၏။ (၈) သူတစ်ပါးအား အလေးထားမှုမရှိ။ (၉) သူတစ်ပါးထက် သားသားနားနား သေသေသပ်သပ်(စမတ်ကျကျ)၀တ်စားလေ့ ရှိ၏။ (၁၀) ဟန်များ ပလွှားမှုကိုနှစ်သက်၏။ (၁၁) အရာရာကိုသူတစ်ယောက်ထဲသာ လျှင်သိတော့သလို ပြုမူလေ့ရှိပြီး၊အသံမြင့်မြင့် ကျယ်ကျယ်လောင်လောင် ပြောဆိုလေ့ရှိ၏။ (၁၂) သူတစ်ပါးစကားအား ဘယ်တော့မှနားထောင်လေ့မရှိ ၊အာရုံထားအလေးပေး ဂရုစိုက် လေ့မရှိ။ (၁၃) သူတစ်ပါးစကားဝိုင်းတွင် အတင်းဝင် ဖြတ်ပြောလေ့ရှိ၏။ (၁၄) သူတစ်ပါးအလေးပေးအာရုံစိုက် မှုကို အမြဲမျှော်လင့်လေ့ရှိ၏။ (၁၅) သူတစ်ပါးထက်ပိုပြီး ဗဟုသုတနှင့်ပြည့်စုံသည်၊ပိုပြီးပညာတတ်သည်၊ပိုပြီး အဆင့်မြင့်သည် ၊ ပိုပြီးကြည့်ကောင်းသည်၊ပိုပြီးကြွယ်ဝသည် ၊အရည်အသွေးပိုရှိသည်၊အစွမ်းပိုရှိသည် ။

တွေးနည်း ပဒေသာ

လူတော် တစ်ယောက်ဟာ ထက်မြက်လာတာနဲ့အမျှ တွေးခေါ် ဆင်ခြင်နိုင်မှု အစွမ်းဟာ ပိုပြီး မြန်ဆန်လာပါတယ်။ ဒီလို တွေးတောတာ မြန်ဆန်နိုင်တဲ့ အရည်အသွေးဟာ မွေးရာပါ စွမ်းရည်တစ်ရပ် ဖြစ်ပေမယ့် လေ့ကျင့် ပျိုးထောင်လို့လည်း ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဦးနှောက်ဆိုတာ ကြွက်သားတစ်မျိုးနဲ့ အလားတူပြီး လေ့ကျင့်လေလေ ထက်မြက်လေလေ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ တွေးနည်းလေးတွေ တချို့နဲ့ မိတ်ဆက် ပေးလိုက်ရပါတယ်။ ပါရမီရှင် တစ်ယောက်ကဲ့သို့ တွေးခြင်း ပါရမီရှင်တွေရဲ့ တွေးနည်းမှာ ယေဘူယျ တူညီတဲ့ အချက်တွေ ရှိပါတယ်။ အိုင်းစတိုင်းနဲ့ ဒါဗင်ချီတို့ဟာ စကားလုံးထက် ရုပ်ပုံ၊ ပန်းချီတွေကို အသုံးပြုခဲ့ပါတယ်။ စာလုံး၊ စာကြောင်းတွေ ရေးတာထက် ဇယားတွေ ဆွဲပြီး တွေးခဲ့ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ အတွေးတွေကို ရှာဖွေတဲ့အခါမှာ တခြားတွဲဖက်ပစ္စည်း၊ စဉ်းစားစရာတွေနဲ့ ဆက်စပ်ပြီး တွေးခဲ့ပါတယ်။ ရှု့ထောင့်ပေါင်းစုံကနေ တွေးပါတယ်။ အတွေးမှန်သမျှကို မှတ်တမ်းတင် ခဲ့ကြပါတယ်။ ဗဟုသုတ အခြေခံတဲ့ တွေးတောမှုတွေ ရှိပါတယ်။ သူတို့ရဲ့ အတွေးတွေကို အာရုံစိုက်ပြီး တွေးပါတယ်။ သူတို့ဟာ သူတို့ရဲ့ အတွေးတွေ အလုပ် မဖြစ်တဲ့အခါ ကျရှုံးမှု တစ်ခုရယ်လို့ သဘောမထားဘဲ ဒီနည်းနဲ့ အလုပ် မဖြစ်တာလို့ပဲ မှတ်ယူလေ့ ရှိကြပါတယ်။ ဘယ်တော့မှ အရှုံးပေးလေ့ မရှိကြပါဘူး။ ပါရမီရှင်ကဲ့သို့ တွေးတဲ့နည်းမှာ ကိုယ်ကြုံတွေ့နေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို အကုန်ရေးချတယ် အဆုံးသတ်၊ နိဂုံးမှာ ဖြစ်လာနိုင်တဲ့ဟာတွေ အားလုံး ရေးချတယ်။ ဘက်မလိုက်ဘဲ တွေးလေ့ ရှိတယ်။ ဥပမာ-သတ်မှတ်အချိန် အတွင်း အလုပ်မပြီးတဲ့ အကြောင်းရင်းဟာ အလုပ်နောက်ကျတာ၊ အလုပ်နဲ့ ပတ်သက်ပြီး တိကျရေရာ သိရှိနိုင်စွမ်း မရှိတာ၊ စီမံခန့်ခွဲမှု အားနည်းတာ စတဲ့ အချက်တွေကို ပီပီပြင်ပြင် မြင်ရအောင် မိမိကိုယ်ကို ဘက်မလိုက်ဘဲ ဆန်းစစ်တွေးတောတာ ဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ မှန်သမျှကိုလည်း အကုန်ရေးချပါတယ်။ တိကျ သေချာတဲ့ အကြောင်းရင်းကို ရှာဖွေ တွေ့ရှိပြီဆိုရင် ဖြေရှင်းနည်းကို ဆက်လက် စဉ်းစားပြီး အကောင်အထည်ဖော် ဆောင်ရွက်ပါတယ်။ တီထွင် ဖန်တီးတတ်တဲ့ တွေးနည်း တီထွင်ဖန်တီးတတ်တဲ့ အတွေးအခေါ်မျိုးကို လူတိုင်း လိုချင်ကြပါတယ်။ မခက်ပါဘူး။ လူတိုင်းတတ်နိုင်၊ တွေးနိုင်ကြပါတယ်။ ဘာတွေ လိုအပ်သလဲဆိုတော့ ပြဿနာကို ပြောင်းပြန်လှန်စဉ်းစား အဖြေရှာတတ်ရမယ်။ မေးခွန်းတွေ မေးတတ်ရမယ်။ ဖြန့်ထွက်တွေး တတ်ရမယ်။ ဦးထုပ်ခြောက်လုံး တွေးနည်းနဲ့လည်း တွေးတတ်ရမယ်။ ဦးထုပ်ခြောက်လုံး တွေးနည်းဟာ အချက်အလက်၊ ကိန်းဂဏန်းများအပေါ် အခြေခံပြီး တွေးခြင်း (အဖြူရောင်ဦးထုပ်)၊ စိတ်ပိုင်းဆိုင်ရာ အမြင်ဖြင့် ရှု့မြင်ခြင်း (အနီရောင်ဦးထုပ်)၊ အားနည်းချက်၊ ပြဿနာများအပေါ် အခြေခံပြီး တွေးခြင်း (အနက် ရောင်ဦးထုပ်)၊ အပြုသဘော ဆောင်ပြီး တွေးခြင်း (အဝါရောင် ဦးထုပ်)၊ တီထွင်ဖန်တီးပြီး တွေးခြင်း (အစိမ်းရောင် ဦးထုပ်)၊ စုစည်း ခြုံငုံပြီး တွေးခြင်း (အပြာရောင် ဦးထုပ်) တို့ ဖြစ်ပါတယ်။ မှန်၊ မှား တွေးနည်း အနောက်တိုင်း အတွေးအခေါ်တွေဟာ အရစ္စတိုတယ်ရဲ့ အတွေး အခေါ်အပေါ် အခြေခံပါတယ်။ လူတွေရဲ့ အတွေး၊ ဆုံးဖြတ်ချက်တွေဟာ မှန်လား၊ မှားလား၊ ဟုတ်လား၊ မဟုတ်လား အပေါ် အများကြီး မူတည်နေပါတယ်။ ဒီလိုမျိုးတွေးနည်းကို ကွန်ပျူတာတွေမှာလည်း အသုံးချပါတယ်။ အမှန်၊ အမှား အဖြေ နှစ်မျိုးရအောင် မေးတဲ့ မေးခွန်းတွေ မေးပြီးတွေးတာ ဖြစ်ပါတယ်။ ဥပမာ-လစာကောင်းလား၊ ပျော်လား။ စတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ စဉ်းစားဆင်ခြင် ဉာဏ်ရည် တိုးစေရန်တွေးနည်း ကိစ္စတစ်ခု၊ သတင်းတစ်ခု၊ အမှန်တရားတစ်ခု ကြားတဲ့အခါ ကိုယ်ကြားထားတဲ့ အမှန်တရား၊ သိထားတဲ့ သုတတွေနဲ့ မတူညီမှု ရှိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ “ဒါဘယ်လိုလုပ် မှန်နိုင်တာလဲ”။ “ဘာကြောင့်မှန်တယ်လို့ ပြောရတာလဲ” စတဲ့ မေးခွန်းနဲ့ တွေးရမှာ ဖြစ်ပါတယ်။ ကြားရတဲ့ သတင်း၊ အမှန်တရားကို လက်ခံဖို့ထက် ဖြစ်နိုင်ခြေ အများဆုံးရှိတဲ့ အချက်ကို စဉ်းစားခြင်းပဲ ဖြစ်ပါတယ်။ နောက်ပြီး ဘယ်အချက်တွေက ကောင်းတဲ့ အချက်တွေဖြစ်ပြီး ဘယ်အချက်တွေက မကောင်းတဲ့ အချက်တွေလဲ၊ ဘယ်အချက်တွေက စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တွေလဲဆိုတာလည်း စဉ်းစားတတ်ဖို့ လိုပါတယ်။ ဒါကို PMI (Plus,Minus and Interesting Points) လို့ မှတ်ပြီး တွေးတတ်တဲ့ အကျင့်လေး လုပ်ပေးပါ။ ဒီလို တွေးတာဟာ ကိုယ့်ရဲ့ အတွေးတွေကို ကျယ်ပြန့်စေပါတယ်။ ရှု့ထောင့်တစ်ခုမက တွေးခြင်း ကိုယ်တွေးလို့ မရ၊ ဖြေရှင်းလို့ မရတဲ့ ပြဿနာတစ်ခု ရင်ဆိုင်ကြုံတွေ့လာရတဲ့ အခါမှာ ကိုယ်နဲ့ အမြင်ချင်းမတူတဲ့ တခြား လူတစ်ယောက်ကို မေးပြီး သူတို့ ဘယ်လိုစဉ်းစား၊ လုပ်ကိုင်မလဲ ဆိုတာ မေးမြန်းပါ။ ကိုယ်နဲ့ အမြင်ချင်း မတူတဲ့ ဆန့်ကျင်ဘက် အတွေးအခေါ် ရှိတဲ့ သူဆီက အတွေးအခေါ်တွေဟာ ကိုယ့်အတွက် တွေးတဲ့အခါမှာ အထောက်အကူ ဖြစ်စေပါတယ်။ အပြန်အလှန်အားဖြင့် ပြောင်းပြန် တွေးတတ်ဖို့လည်း လိုအပ်ပါသေးတယ်။ တချို့အဖြေတွေဟာ ပြောင်းပြန် တွေးတောရာမှ ရရှိလာတာ ဖြစ်ပါတယ်။ အတွေးဖြစ်လာပုံကို တွေးခြင်း နည်းစနစ်တကျ တွေးနည်းဟာ အစိတ်အပိုင်း အားလုံးကို နားလည် သိရှိပြီးမှ တွေးခြင်းပဲ ဖြစ်ပါတယ်။ ဥပမာ- တချို့ ရုပ်ပုံတွေကို ကြည့်ရင် ပုံနှစ်ပုံ ရောထားတာ တွေ့ရပါလိမ့်မယ်။ ပထမ ကြည့်တဲ့အခါ ရောမြုပ်ထားတဲ့ ပုံတွေကို တွေ့ရလိမ့်မယ်။ ဒုတိယ တစ်ခေါက်ပုံ တစ်ပုံလုံးကို ကြည့်တဲ့အခါ ပထမပုံနဲ့ ဆက်စပ်ပြီး ဖော်ထားတဲ့ ပုံတွေကို တွေ့ရပါလိမ့်မယ်။ ခွဲခြမ်း စိတ်ဖြာပြီး မြင်ရမှာ ဖြစ်သလို ချုံငုံပြီးတော့လည်း မြင်တတ်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်ခုရဲ့ ဆက်စပ်ပုံကိုလည်း စဉ်းစားတွေးတတ်ရမှာ ဖြစ်ပါတယ်။ ဖြန့်ထွက်တွေးခြင်း ဖြန့်ပြီးတွေးခြင်း ဖြစ်ပါတယ်။ အဖြောင့်လိုက် တွေးရာကနေ ကွေ့ပတ်ပြီး တွေးတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ပြဿနာတစ်ခု ဖြစ်တဲ့အခါ ယင်းပြဿနာနဲ့ ဆက်စပ်တဲ့ဟာ မှန်သမျှအပေါ် အခြေခံပြီး တွေးတာကို ပြောင်းပြန်လှန်ပြီး တခြား မဆက်စပ်တဲ့ နေရာ၊ ရှု့ထောင့်ကနေ ပြန်ပြီးတွေးတဲ့ သဘောမျိုး ဖြစ်ပါတယ်။ တခြား စိတ်ဝင်စားဖွယ် ကောင်းတဲ့ တွေးနည်းတွေလည်း ရှိပါသေးတယ်။ အခါအခွင့်သင့်ရင် ဆက်လက်ဖော်ပြပေးပါဦးမယ်။ ဒီတစ်ပတ်တော့ ဒီမျှနဲ့သာ . . .။


ယောက်ျားတွေချက်ချင်းသတိထားမိသော အချက်များ
သင်ဟာ တောအုပ်တစ်ခုထဲကို လမ်းလျှောက်သွားနေတယ်။တစ်ယောက်တည်း သွားတာမဟုတ်ဘူး။ သင့်မှာ အဖော်ပါတယ်။ ဘယ်သူနဲ့ သွားနေတာလဲ။ ဘယ်သူနဲ့သွားချင်နေတာလဲ။

သင်ဟာ တောအုပ်ထဲကိုသွားနေတုန်း တိရစ္ဆာန်တစ်ကောင်နဲ့တွေ့တယ်ဆိုပါစို့။ သင်တွေ့တဲ့တိရစ္ဆာန်က ဘယ်လိုအကောင်မျိုးဖြစ်မလဲ။

အဲဒီတိရစ္ဆာန်နဲ့တွေ့တဲ့အခါသင့်ကို ဘယ်လိုမျိုး လုပ်မလဲလို့ထင်လဲ။

တောအုပ်ထဲကို သင်ဆက်သွားတယ်။ သွားရင်းသွားရင်း သင်အိပ်မက်ထဲက တောင့်တမျှော်လင့်ခဲ့ဖူးတဲ့ သင်နေချင်တဲ့ အိမ်ပုံစံမျိုးတွေ့ရတယ်။ အဲဒီ့အိမ်ဟာ ဘယ်လောက်ထိကြီးလဲ။

သင့်အိမ်မက်ထဲက တွေ့ရတဲ့အိမ်ဟာ ခြံစည်းရိုးခတ်ထားလား။အိမ်ထဲ ၀င်လိုက်တော့ ထမင်းစားခန်းတွေ့ရတယ်။ ထမင်းစားခန်းထဲမှာ စားပွဲတစ်လုံးတွေ့ရတယ်။စားပွဲပေါ်မှာ ဘာတွေရှိလဲ။

အိမ်ထဲ ဆက်ဝင်သွားရင်းနောက်ဖေးပေါက်ကနေ သင်ပြန်ထွက်လာခဲ့တယ်။ မြက်ခင်းပေါ်မှာခွက်တစ်လုံး ချထားတာ တွေ့ရတယ် ဆိုပါစို့၊ အဲဒီခွက်ဟာ ဘာနဲ့လုပ်ထားလဲ။

အဲဒီခွက်ကို သင်ဘာလုပ်မလဲလို့ စိတ်ကူးလဲ။

သင်ဟာ ချောင်းလေးတစ်ခုကိုထပ်တွေ့တယ်ဆိုပါစို့။ ဘယ်လိုချောင်းလေးလဲ၊ ဘယ်လောက်ကြီးလဲ၊ ရေစီးဘယ်လောက်သန်လဲ။

အဲဒီ့ချောင်းလေးကို သင်ဘယ်လိုကူးမလဲ။

အဖြေများ

သင်နဲ့တွဲလျှောက်တဲ့သူ၊ တွဲလျှောက်ချင်တဲ့သူဟာ သင့်ဘ၀မှာအရေးအကြီးဆုံးသူတစ်ယောက်ပဲဖြစ်ပါတယ်။

တိရစ္ဆာန်ရဲ့ အကြီး၊ အသေးပမာဏဟာ သင်ကြုံတွေ့နေရတဲ့ပြဿနာရဲ့ အတိမ်၊ အနက်ကိုညွှန်းဆိုပါတယ်။

တိရစ္ဆာန်နဲ့ ဘယ်လိုဆက်ဆံသလဲ၊ ဘယ်လိုပြုမူသလဲဆိုတာကပြဿနာအပေါ် ဘယ်လိုတုံ့ပြန်သလဲဆိုတာကို ညွှန်းပါတယ်။

သင့်ရဲ့အိမ်မက်ထဲကအိမ်ရဲ့အကြီး၊ အသေးပမာဏဟာ သင့်ရည်မှန်းချက်ရဲ့ အကြီး၊ အသေးကိုညွှန်းပါတယ်။

ခြံစည်းရိုးမခတ်ထားတာဟာ သင်ဟာ လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ ပွင့်လင်းတတ်သူတစ်ဦး၊လူတိုင်းနဲ့ ဖော်ရွှေခင်မင်တတ်သူတစ်ဦးဖြစ်ကြောင်းညွှန်းဆိုပြီး

ခြံစည်းရိုးခတ်ထားတယ်ဆိုရင်တော့သင်ဟာ အလွယ်တကူနဲ့ ခင်မင်မိတ်ဆွေဖြစ်လွယ်တဲ့သူမဟုတ်ကြောင်းညွှန်းဆိုပါတယ်။

တကယ်လို့ သင့်အဖြေမှာ အစားအသောက်၊ လူတွေ၊ ပန်းတွေမပါခဲ့ဘူးဆိုရင် သင်ဟာ အခုအချိန်မှာ ပျော်ရွှင်မှုနည်းပါးနေတယ်လို့ဆိုရပါလိမ့်မယ်။

သင်ပြောလိုက်တဲ့ ဖန်ခွက်ရဲ့သတ္တုခံနိုင်ရည်စွမ်းအားဟာ သင်နံပါတ်တစ်ကဖြေခဲ့တဲ့ လူနဲ့ပတ်သက်ပြီး ဆက်ဆံရေးမှာ ခံနိုင်ရည်ဘယ်လောက်ရှိတယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဥပမာ-ပလတ်စတစ်၊စာရွက်၊ ဖန်ခွက်၊ စာရွက်၊ ဖန်ခွက်အဲဒါ့တွေဟာ ခံနိုင်ရည်ရှိတဲ့ဟာတွေမဟုတ်ပါဘူး။ ပလတ်စတစ်နဲ့ သံသတ္ထုတို့ကတော့ ခံနိုင်ရည်ရှိတဲ့ဟာတွေ ဖြစ်ပါတယ်။

ဖန်ခွက်ကို ဘာလုပ်မလဲဆိုတာက နံပါတ်တစ်က သင့်ဘ၀ရဲ့အရေးအကြီးဆုံးပုဂ္ဂိုလ်နဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားရှိတယ်ဆိုတာကို ညွှန်းနေပါတယ်။

သင့်ရဲ့ လိင်စိတ်ပမာဏကိုညွှန်းဆိုပါတယ်။

ဖြတ်ကူးတဲ့အခါမှာ ရေဘယ်လောက်စိုသလဲဆိုတဲ့အပေါ်မူတည်ပြီး သင့်ဘ၀မှာ လိင်စိတ်ဟာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို ညွှန်းဆိုပါတယ်။ပြုံးပျော်ရွှင်နိုင်ကြပါစေသား….

အောင်ခြင်းရှစ်ပါး

မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။
နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။

ယောဇိနော=အကြင်ငါးမာရ်ပယ်ဘိ ဂုဏ်သတ္တိကြောင့် ဇိနအမည် ရွှေဘွဲ့တော်ချီအပ်သော မြတ်စွာဘုရားသည်။

၁။ မာရံ=ယူဇနာတရာ့ငါးဆယ် အံ့ဖွယ်ကြီးဘိ ဂိရိမေခလာ မည်သာတွင်ခြင်း နတ်ဆင်မင်းထက် စီးနင်းတက်၍ ကြောက်မက်ဖွယ်သာ စစ်ဗိုလ်ပါနဲ့ ၀ဲယာစီယှက် လက်ရုံးတထောင် ဖန်ဆင်းဆောင်၍ နိုင်ယောင်စစ်ထိုး ကျော်လွံ့ဟိုးသား တန်ခိုးတောက်ပ တေဇထန်ပြင်း မာရ်နတ်မင်းကိုလည်းကောင်း။

မာရ်နတ်မင်းကို အောင်တော်မူပုံ





၂။ ယက္ခံ=စွယ်ရှည်ငေါငေါ မြင်သူမောမျှ နက်ကျောနီကျင် မွေးမျှင်မုတ်ဆိတ် ဖွားလျားမြိတ်သား လန့်ထိတ်ဖွယ်သာ ကြီးဧရာနှင့် သင်္ချာမြားမြောင် လေးထောင်သုံးရာ နှစ်ဆယ်သာအောင် များစွာလူသား နေ့တိုင်းစားသည့် စွမ်းအားကြီးလှ အာဠာဝကတွင်ခြင်း ဘီလူးမင်းကိုလည်းကောင်း။


အာဠာဝက ဘီလူးမင်းကိုအောင်တော်မူပုံ



၃။ ဂဇံ=ဆယ့်ခြောက်မောင်းအိုး ဖြိုးဖြိုးပြည့်နှက် သေအရက်ကို တိုက်လျက်ထန်ပြင်း နင်းစိမ့်ရည်မှတ် ဒေ၀ဒတ်တို့ တိုက်လွှတ်သောအား ဘုရားမြတ်စွာ ဆွမ်းခံရာ၌ ပက်ပါဦးတည် စူးစူးရည်၍ သတ်မည်ဧကန် အမြန်ပြေးလာ သံဆိုးစွာဖြင့် နာဠာဂီရိ မည်ရှိခေါ်တွင် မင်းစီးဆင်ကိုလည်းကောင်း။


နာဠာဂီရိ ဆင်ကိုအောင်တော်မူပုံ



၎။ စောရံ=သုံးယူဇနာ ရှည်စွာချင့်မှန်း ခရီးလမ်းကို မပန်းမဟိုက် မရှိုက်လျင်ပြင်း တဟုန်ခြင်းဖြင့် ပြေးနင်းစွမ်းနိုင် ပြိုင်သူဘက်ရှား လူအများကို ဓားလှံစွဲကာ ဖမ်းသတ်ကာလျှင် ယူခါလက်ညှိုး ကြိုးဖြင့်သီရုံး ပန်းကုံးအသွင် လည်ဝယ်ဆင်သောကြောင့် အင်္ဂုလိမာလ မည်ရတွင်ပြီး သူခိုးကြီကိုလည်းကောင်း။




အင်္ဂုလိမာလ ကိုအောင်တော်မူပုံ



၅။ စိဉ္စမာနဉ္စ=ပရိသတ်အား မြတ်ဘုရားလျှင် တရားဟောကာ နေစဉ်ခါ၌ သေချာပြေပြစ် ပတ်ရစ်ဖွဲ့နှောင် ကိုယ်ဝန်ဆောင်၍ ဘုန်းခေါင်လူ့ဖျား ကျွန်မအားကို ပြစ်မှားပြီးခါ ဘယ့်ကြောင့်သာလျှင် အိပ်ရာမပြင် သူတော်စင်သို့ မမြင်သော့ထွေ ဣနြေ္ဒနှင့် နေသနည်းဟု အမှုဖွေရှာ စွပ်စွဲလာသော စိဉ္စမာမည်ထုတ် မိန်းမယုတ်ကိုလည်းကောင်း။


စိဉ္စမာန မိန်းမယုတ်ကိုအောင်တော်မူပုံ



၆။ သစ္စကံ=၀ါဒတထောင် အာဂုံဆောင်၍ ဂုဏ်ရောင်လွှားပ မိုက်မာနကြောင့် အနိစ္စအနတ္တ သင်္ခါရကို နိစ္စအတ္တာ ထပ်၍သာလျှင် မြတ်စွာရှင်စော တရားဟောလည်း သဘောမကျ မှားလေစွဟု ရှုတ်ချခါခါ ပြစ်တင်လာသော မိစ္ဆာယူကြိုက် ပရိဗိုဇ်သစ္စက ကူဋဒန္တကိုလည်းကောင်း။


သစ္စက ပရိဗိုဇ်ကိုအောင်တော်မူပုံ



၇။ နာဂံ=လေးလျံရောင်စို တောင်မြင်းမိုရ်ကို ကိုယ်ဖြင့်ခုနစ်ထပ် ရစ်ပတ်ကာလွှမ်း တတ်နိုင်စွမ်းသော ကြမ်းထန်းခက်ထန် မျက်စောင်းမာန်နှင့် ပဌမံအာလိန္ဒ နေသမျှတလွှား နတ်နဂါးကို ပိုင်ကာစိုးရ တန်ခိုးပြသည့် နန္ဒောပနန္ဒတွင်ခြင်း နဂါးမင်းကိုလည်းကောင်း။




နန္ဒောပနန္ဒ နဂါးမင်းကိုအောင်တော်မူပုံ



၈။ ဗကံ=သဿတဒိဋ္ဌိ မှားဘိအယူ မိစ္ဆာဟူသား ဘူဇဂမြွေ ကိုက်လေတုံလတ် အာဘဿရာ ဗြဟ္မာခပင်း တုံ့ဝပ်ခြင်းနှင့် ကြီးမင်းတေဇ တန်ခိုးပသား ဗကမည်သာ ထိုဗြဟ္မာကိုလည်းကောင်း။


ဗက ဗြဟ္မာကြီးအား အောင်တော်မူပုံ



အဇိနိ=တန်ခိုးဉာဏ်ရှိန် ၀ရဇိန်စက်မြတ် အတုလွှတ်ဖြင့် မချွတ်အောင်တော်မူလေပြီ။
တံ တေဇသာ=ထိုသို့အောင်ခြင်း တရားမင်း၏ ထွန်းဝင်းတေဇော် အာနုဘော်ဖြင့်။
မေ=အကျွန်ုပ်အား။
ဇယျမင်္ဂလံ=ရောဂါဘေးဒဏ် ရန်မာန်ခပင်း စိုးရိမ်ခြင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။
ဟောတု=စင်စစ်မသွေ ဖြစ်ပါစေသတည်း။

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About