အချစ်နဲ့ နားလည်မှု

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက်ချမ်းသာစေတဲ့အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က နောက်ဆုံးမှာ သင့်ကိုဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။ အဲဒီတွေးတောစရာက "လူ့ဘဝမှာ "နားလည်မှုရှိတာ"ဟာ "ချစ်တာ"ထက် ပိုအရေးပါတယ်" ဆိုတာပဲဖြစ်တယ်။

"သင့်ကိုနားလည်တဲ့သူ ချစ်ပါစေ"ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်မှာ သီချင်းစာသားတစ်ခုက..... "ချစ်ကြိုက်တယ်ဆိုတာ တစ်ဘက်သားရဲ့ နေထိုင်မှုထဲဝင်ရုံတင်မဟုတ်ဘူး.. အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်"လို့ ဆိုထားပါတယ်။ "အချစ်"ရဲ့ အမြင့်ဆုံးအဆင့်က "နားလည်မှု"ဖြစ်တယ်။

"နားလည်တာလား! ချစ်တာလား!"ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့် သဘောထားပြီး လူအများက "ချစ်တယ်"ဆိုတာကို ရွေးချယ်တတ်ကြတယ်။ နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့ဖြစ်တယ်။

တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး...
မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှုမပေးနိုင်ကြလို့ဖြစ်တယ်။ လူ့လောကထဲမှာ အချင်းချင်းနာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့ ယောက်ျားမိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ်ဘူး။ နားလည်မှု မရှိကြလို့ဖြစ်တယ်။

ချစ်သူဖြစ်ချိန်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို နားလည်မှုပေးနိုင်တယ်လို့ သူတို့ကိုယ်သူတို့ ထင်ခဲ့ကြတယ်။ အသဲကွဲလမ်းခွဲချိန်ရောက်မှ အရင်ကနားလည်ခဲ့တဲ့ "နားလည်မှုတွေ"ဟာ "နားလည်မှုအလွဲ"တွေဆိုတာကို သူတို့သိကြရတယ်။

မိန်းကလေးတွေက နားလည်မှုမရှိဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။
မိန်းကလေးတွေက သူတို့ကိုယ်သူတို့ နားလည်မှုရှိတယ်လို့ ထင်ကြတယ်။

ယောက်ျားလေးတွေရဲ့စိတ်ကို မိန်းကလေးတွေ နားမလည်ကြဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့စိတ်ဒုက္ခကို ယောက်ျားလေးတွေ နားမလည်လို့လို့ မိန်းကလေးတွေက ထင်ကြတယ်။

ဒါကြောင့် နှစ်ယောက်ကမ္ဘာမှာ နားလည်မှုရှိဖို့က ချစ်ဖို့ထက် ပိုလုပ်နိုင်ဖို့ ခက်ခဲခဲ့တယ်။
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က တစ်ဝက်လုပ်ပြီး ဆတိုးခံစားတယ်၊ ချစ်ရတာလည်း သက်တောင့်သက်သာရှိပြီး စိတ်ချမ်းမြေ့စေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုတွေ ခံစားစေတယ်။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က ဆတိုးလုပ်ပြီး တစ်ဝက်ပဲခံစားတယ်။ ချစ်ရတာလည်း စိတ်ပင်ပန်း၊ လူပင်ပန်းစေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုမပေးနိုင်ဘူး။

သင့်ကိုနားလည်မှုပေးနိုင်တဲ့သူ သင့်ကိုချစ်ပါစေ...
ချစ်တယ်ဆိုတိုင်း နားလည်မှုပေးနိုင်သူ မဟုတ်ပါဘူး။
အချစ်ကို အညံ့ခံ၊ အရှုံးပေးလိုက်ရတဲ့ လူတွေအများကြီးပါ။ ဒါပေမဲ့ အဲဒီလိုအညံ့ခံပြီးနောက် နောက်ဆုံးမှာ သူတို့နားလည်သဘောပေါက်လိုက်တာက "နားလည်မှုမပေးနိုင်သူတစ်ယောက်ရဲ့ အချစ်ဟာ အချစ်နက်လေ နာကျင်ညှင်းပန်းမှုများလေ" ဆိုတာပဲဖြစ်တယ်။

မူရင်းလင့် --- http://www.duwenzhang.com/wenzhang/aiqingwenzhang/ganwu/20110822/197585.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

မိန်းကလေးများမှာရှိသင့်သောကောင်းခြင်း( ၅ )ဖြာ

ဇနီးမယားအဖြစ် ထိမ်းမြားအပ်သောမိန်းမများနှင့် လောကနီတိကျမ်းလာမယားမြတ် အကြောင်းနှစ်ခုကို
ဘောဒါ သူငယ်ချင်းများကို သိသလောက်တင်ပြ ပြီးသွားပါပြီ အခုအခါမှာတော့ မိန်းကလေးများမှာရှိသင့်သောကောင်းခြင်း
( ၅ )ဖြာကိုတင်ပြလိုက်ပါတယ်နော်


မှာ
မိန်းကလေးများမှာရှိသင့်သောကောင်းခြင်း( ၅ )ဖြာ

( ၁ ) ဆံပင်၏ကောင်းခြင်း - မိန်းမ၏ဆံပင်သည်ဥဒေါင်းမြီးစည်းနှင့် တူကုန်သည်ဖြစ်၍ ခေါင်းမှ ဖြေချလိုက်ပါကအ၀တ်ထဘီ
စွန်းကိုထိ၍အဖျားကော့တက်လျက်ရှိသည် ။


( ၂ )အသား၏ကောင်းခြင်း -သွားကိုဖုံးသောနှုပ်ခမ်းသားသည် ကျီးအာသီးမှည့်နှင့်တူပြီး နီမြန်းသောအဆင်းနှင့်ပြည့်စုံသည်ဖြစ်
၍ညီညွတ်၏။ကောင်းစွာထိခြင်း၊စပ်ခြင်းရှိသည်။

( ၃ )အရိုး၏ကောင်းခြင်း -အရိုးအဆစ်တို့ ချောမွေ့ပြေပြစ်စွာရှိခြင်း ၊ သွားတို့သည် ဖြူစင်ခြင်း ၊ ညီညွတ်ခြင်း ၊ မကျဲခြင်းရှိကုန်
သည်ဖြစ်၍စိုက်၍ထားသော ၀ဋီရစိန်ရတနာ အစီအတန်းကဲ့သို့လည်းကောင်း၊ ကောင်းမွန်ညီညွတ်စွာ
ဖြတ်အပ်သော ခရုသင်းအစီအတန်းကဲ့သို့လည်းကောင်းတင့်တယ်ကုန်၏ ။

( ၄ )အရေ၏ကောင်းခြင်း -အသားညိုသောမိန်းမ၏ အရေအဆင်းသည် ကဆည်မှုန် စသည့်တို့ မလိမ်းမကျံဘဲသာလျင် ပင်
ကိုညက်ညောပြေပြစ်သည်။ကြာညိုပန်းဆိုင်နှင့်တူ၏။အသားဖြူသော မိန်းမ၏အရေအဆင်းသည်
မဟာလှေကားပန်းဆိုင်နှင့် တူသည်။

( ၅ )အရွယ်၏ကောင်းခြင်း -ဆယ်ကြိမ်တိုင်အောင် သားသမီးမွေးဖွားပြီးသော်လည်း တစ်ကြိမ်သားဖွားသော မိန်းမကဲ့သို့
အရွယ်တင်လှပလျှက်ရှိ၏ဟုဆိုမိတ်ထားသည်။

I LOVE U ရဲ့  အ ဓိ ပ္ပယ် ဖွင့်ဆိုချက်

I =I LOVE U ရဲ့  အ ဓိ ပ္ပယ် ဖွင့်ဆိုချက်

် Idyllic love is only for you!။

ငါ့ရဲ့ငြိမ်းချမ်းပြီးအပြစ်ကင်းတဲ့အချစ်ကမင်းတစ်ယောက်အတွက်ပါ။



L = Live with your love !

ငါဟာမင်းရဲ့အချစ်နဲ့အသက်ဆက်နေရတာပါ။



O = One life,one love!

ဘာဝတစ်ခုလုံးအတွက်တစ်ခါပဲချစ်ခဲ့တာပါ။



V = Vacant of my heart is only for you!

ငါ့နှလုံးသားရဲ့နေရာလွတ်ကမင်းတစ်ယောက်ထဲနေဖို့ပါ။



E = Except your love_need nothing!

မင်းရဲ့အချစ်ကလွဲပြီးငါဘာမှမလိုချင်ပါဘူးကွာ။



Y = Your are my life!

မင်းဟာငါ့ရဲ့အသက်ပါ။



O = Oxygen for me you are!

မင်းဟာငါ့အတွက်တော့လိုအပ်တဲ့အောက်စီဂျင်လေးပါ။



U = Use my heart to be happy!

မင်းလေးပျော်ရွှင်ဖို့ဆို့ငါ့နှလုံးသားကိုအသုံးချလိုက်ပါကွာ။

မိန်းကလေးတွေစိတ်ပျက်တဲ့ ယောက်ျားလေးပုံစံ.....

မိန်းကလေးတွေ ရည်းစားထားပြီ၊ချစ်သူထားပြီဆိုရင် ကိုယ့်ချစ်သူ
ယောက်ျားလေးကို လေ့လာတတ်ကြပါတယ်...ချစ်သူစဖြစ်ပြီး ပထမဆုံး Date
လုပ်တဲ့နေ့က စလို့ပေါ့...ချစ်သူမဖြစ်ခင်ထဲက
အပြင်ပန်းလေ့လာသလို...ချစ်သူဖြစ်ပြီးမှ အတွင်းစိတ်နေသဘောထားကို
လေ့လာတတ်ကြပါတယ်...
အဲဒီတော့ ယောက်ကျားလေးတွေ သတိထားသင့်တဲ့အချက်တွေကို List လုပ်ကြည့်ရအောင်...
(1)ကပ်စီးနဲတတ်ခြင်း
(2)ဂျီတိုက်ခြင်း
(3)နားလည်မပေးတတ်ခြင်း
(4)Over လုပ်လွန်းခြင်း
(5)သတ္တိမရှိခြင်း
(6)ကလဲ့စားချေတတ်ခြင်း
(7)မိန်းကလေးအကြိုက် မသိခြင်း
(8)မိန်းကလေးကို အထင်သေးသလို ပြောခြင်း
(9)ယုံကြည်မှုမထားခြင်း
(10)ဦးစားမပေးခြင်း
ပထမ တစ်ချက်ကို အရင်ပြောချင်ပါတယ်...မိန်းကလေးတစ်ယောက်ကို
ပိုးပန်းတုန်းကတော့ လက်ဆောင်တွေပေး မုန့်ဖိုးတွေရှင်းပေးနဲ့...ချစ်သူဖြစ်မှ မိန်းကလေးကကြီး
အိတ်စိုက်ထုတ်နေရတာကို မိန်းကလေးတွေ စိတ်ပျက်တတ်ပါတယ်...
(မှတ်ချက်။ ။ယောက်ျားလေးကကြီးပိုက်ဆံထုတ်ရမယ်မပြောပါဘူး...သူတစ်လှည့်ကိုယ်တစ်လှည့်ပေါ့...)
တစ်ချို့ယောက်ျားလေးတွေရှိတယ်...ဖုန်းဆက်ဖို့
ဖုန်းဖိုးတောင်နှမြောနေတတ်တာမျိုးပေါ့...ပြီးတော့မှ မင်းမအားမှာစိုးလို့
အနှေင့်ယှက်ဖြစ်မှာစိုးလို့ဆိုတာ ဖြီးတာ...:D
နောက်တစ်ချက် ဂျီတိုက်တာ...မိန်းကလေးက မအားလို့ပါ
သင်တန်းရှိလို့ အလုပ်ရှိလို့ဆိုတာကို...အတင်းတွေ့မယ်ဆိုပြီး
ဂျီတိုက်တာမျိုး...မတွေ့ပေးရင် မင်းငါ့ကို
မချစ်ပါဘူးဆိုတာမျိုး....
ပြီးတော့ မိန်းကလေးစိတ်ညစ်နေတာကို
နားလည်မပေးဘူး...မင်းမျက်နှာကို ပြုံးပြုံးလေးနေစမ်းပါတဲ့...အော်
စိတ်ညစ်နေရင် နင်တို့ယောက်ျားးလေးတွေကော ပြုံးနိုင်လားလို့
မေးချင်တတ်ကြတယ်........
မင်းကငါ့ဘ၀ပါ...မင်းမရှိရင်သေသွားနိုင်တယ်ဆိုတာမျိုးက
အပိုတွေ...ပြီးရင်သူတို့ပဲ???
ပြီးရင်ရှိသေးတယ်...ကိုယ်ကဖြင့် မိန်းကလေးရှေ့မှာ
ချစ်တယ်လို့ မပြောရဲဘဲ မင်းကိုယ့်ကိုချစ်လားဆိုတဲ့ သတ္တိကြောင်တဲ့
ယောက်ျားလေးတွေ...သူတို့က အရင်ပြောမှာပေါ့...ကိုယ်မင်းကို
သိပ်ချစ်တယ်...မင်းကောလို့...ဟုတ်တယ်ဟုတ်?
ဒီတစ်ချက်က ပိုဆိုးသေးတယ်...မိန်းကလေးက ချိန်းထားပြီး
မအားလပ်လို့ မလာဖြစ်တာကို နောက်တစ်ခါချိန်းတော့
မလာဘူးလေ...ကလဲ့စားချေတာတဲ့...လုပ်သင့်လား...
မိန်းကလေးက ဒီလိုမျိုးပြောရင်ကြိုက်တယ်ဆိုပြီး.ကြင်ကြင်နာနာ
မပြောတတ်တာမျိုး...ကြည့်ပါဦး...မင်းကိုစောက်ရမ်းချစ်တယ်တဲ့...
ပြီးတော့ ဒီတစ်ချက် အရေးကြီးပါတယ်...မိန်းကလေးကို
အထင်ကြီးတဲ့စကား မပြောရင်နေပါ...အထင်သေးသလိုတော့
မပြောသင့်ဘူး...မင်းဘာစာစာမကြိုးစားဘဲ
ခုမှနောင်တရမနေနဲ့တဲ့..
မိန်းကလေးဘက်ကို ယုံကြည်မှုမထားတတ်တာလဲ တော်တော်
ဆိုးပါတယ်...မိန်းကလေးကို
သံသယမထားသင့်ဘူးတော့မဟုတ်ဘူးပေါ့...ဒါပေမဲံအလွန်အကျွှံတော မထားသင့်ဘူး...
ပြီးတော့ နောက်ဆုံးတစ်ချက်...ကိုယ့်ရဲံချစ်သူ မိန်းကလေးကို
မိဘပြီးရင် ဒုတိယ ဦးစားပေးသင့်ပါတယ်...ဥပမာ။ ။ကိုယ့်ရဲ့မွေးနေ့ကို
ကိုယ့်ချစ်သူနဲ့တူတူ ကုန်ဆုံးတာတို. ၊၀မ်းနည်းစရာ၊၀မ်းသာစရာတွေကို
မိဘပြီးရင် ကိုယ့်ချစ်သူကို ရင်ဖွင့်တာတို့ပေါ့...

ဒီအချက်တွေက ကိုယ့်ချစ်သူကို တစ်ဘ၀လုံး
လက်တွဲသွားမယ့် ယောက်ျားလေးတွေ အတွက်နော်...အပျော်ချစ်တဲ့
ယောက်ျားလေးတွေအတွက် လုံးဝ(လုံးဝ) မဟုတ်ပါ...

အချစ်စစ်ရဲ့ရုပ်ပုံလွှာ

အချစ်စစ်ရဲ့ရုပ်ပုံလွှာ



ရှေ့ဆက်ရမယ့်လမ်းက အရှည်ကြီး
တင်းတင်းဆုတ်ထားတဲ့ လက်ကို ဖြုတ်မချခဲ့နဲ့.........
တစ်နေ့က မဆုံတာကြာပြီဖြစ်တဲ့ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်နဲ့ ညစာစားဖြစ်တယ်။ အိမ်ထောင်သက် (၃)နှစ် ရှိပြီဖြစ်တဲ့ သူ့အမျိုးသားကိုပါ ခေါ်လာခဲ့တယ်။

ပထမဆုံးအကြိမ်ဆုံတဲ့ သူ့အမျိုးသားကို ကျွန်မ အကဲခတ်လိုက်မိတယ်။ အရပ်မမြင့်၊ ရုပ်မချောတဲ့အပြင် ဝတ်စားပုံကလည်း ခေတ်နဲ့ တပြေးမညီခဲ့ဘူး။ စကားလက်ဆုံကျရင် စကားထဲက သူ့အမျိုးသားဟာ ဘဏ်တစ်ခုရဲ့ သာမန်တာဝန်ထမ်း တစ်ဦးဆိုတာ သိရပြန်တယ်။

မှတ်မိပါသေးတယ်။ ကျောင်းနေတုန်းက ကျွန်မတို့မေဂျာဟာ အချောအလှပေါတဲ့ မေဂျာအဖြင့် နာမည်ကြီးခဲ့တယ်။ ဒုတိယနှစ်ကစပြီး အတန်းတစ်ချိန်နားတိုင်း အတန်းထက်ဝက်ကျော် မိန်းကလေးတွေက မိတ်ကပ်တွေထုတ်၊ မှန်တွေထုတ်ပြီး နူတ်ခမ်းနီ ပါးနီဖို့တတ်ကြတယ်။ အဲဒီတုန်းက ခေတ်စားတဲ့ အဝတ်အစား၊ ဘောင်းဘီ၊ ဖိနပ်တွေက ကျွန်မတို့မေဂျာမှာ လျော့ခဲ့တယ်ဆိုတာ မရှိခဲ့ဖူးဘူး။

ကျွန်မရဲ့ ဒီသူငယ်ချင်းက အရပ်(၁၆၆) စီတီမီတာရှိတဲ့အပြင် ကိုယ်လုံးကိုယ်ပေါက်ကလည်း သူ့နေရာနဲ့သူ ပြည့်စုံလှပနေသူ ဖြစ်တယ်။ နှာတံစင်းစင်းနဲ့ မျက်နှာပေါက်ကလည်း ပြောစရာမရှိဘူး။ လမ်းလျှောက်ရင်လည်း နာမည်ကျော် မော်ဒယ်စတိုင်လ် အပြည့်နဲ့မို့ ကျောင်းဝင်းထဲ သူဝင်လာပြီဆိုရင် ဘာသားချောတွေက တစ်ဝုန်းဝုန်းပဲ။ အဆောင်ရှေ့မှာဆိုရင်လည်း အပေါက်စောင့် နှစ်ဦးထက် ပိုထားရတယ်။

ဒါပေမယ့် သူက ဖြစ်သလိုနေတတ်တဲ့ မိန်းကလေးမဟုတ်မှန်း ကျွန်မတို့သိတယ်။ အစာစားရင်လည်း ထမင်းနဲ့ ကော်ဖီလွဲရင် တစ်ခြားသူဘာမှ မစားဘူး။ ကိုယ်စရိတ်ကိုယ်ရှင်း ဆိုတာမျိုးပဲ သူကျင့်သုံးတယ်။ တတိယနှစ်နောက်ပိုင်းမှာ မပြတ်ဝင်လာတတ်တဲ့ သူ့ဖုန်းတွေ၊ ပုံစံမတူတဲ့ကား၊ ဒါရိုက်ဘာတွေ သူပြောင်းစီးတတ်တာ မြင်နေကျ ကျွန်မတို့အတွက် ရိုးနေခဲ့တယ်။

မတူတဲ့ယောက်ျားလေးတွေနဲ့ သူတွဲပေမယ့် ရည်းစား လုံးဝ သူမထားခဲ့ဘူး။ ရွေးစရာလူတွေများလို့ အခက်တွေ့နေတာလား? အချစ်စစ်ကို မတွေ့ခဲ့လို့လား? လို့ တစ်နေ့မှာ ကျွန်မ မအောင့်နိုင်ဘဲ သူကိုမေးခဲ့တယ်။

"ခံစားမှုဆိုတာ ကြာရှည်တဲ့အရာလို့ ထင်လား?" သူ့အမေးကို ကျွန်မခေါင်းညိတ်လိုက်တယ်။

"ဒါဆိုရင် ကြာရှည်တဲ့အရာတွေက တည်ငြိမ်ရမှာပေါ့ ဟုတ်လား?" သူ့စကားကို ကျွန်မ ချက်ချင်း ပြန်မဖြေနိုင်ခဲ့ဘူး။

"ကားကောင်းတွေကို ကျွန်မအများကြီး စီးခဲ့ဖူးတယ်။ ဒါပေမယ့် ဒါရိုက်ဘာတွေက ပေါ့ပေါ့တန်တန်ပဲ ကားကို ဂရုတစိုက်မမောင်းခဲ့ဘူး။ စီးရတဲ့လူကို စိုးရိမ်ထိတ်လန့်စေတယ်။ အစားကောင်းတွေ ကျွန်မအများကြီး စားဖူးတယ်။ ဒါပေမယ့် တစ်ဖက်လူတွေက သူတို့အစာကို ချန်ချန်ခဲ့တတ်တယ်။ ဒါကြောင့် အစားကောင်းရဲ့ အရသာကို ကျွန်မ မခံစားခဲ့ရဘူး။ အိမ်ကြီးအိမ်ကောင်းတွေကို ကျွန်မမြင်ဖူးတယ်။ တကယ်လို့ လစဉ်ပုံမှန်ဝင်ငွေ ရှိမယ်ဆိုရင် ဒီလိုအိမ်ကောင်းမျိုးနဲ့ မဝေးဘူးဆိုတာကို ကျွန်မနားလည်လိုက်တယ်။ သိပ်ချော သိပ်ခန့်တဲ့ ယောက်ျားလေးတွေ ကျွန်မအများကြီး ကြုံခဲ့ဖူးတယ်။ ဒါပေမယ့် နောင်၁ဝနှစ်မှာ သူတို့ ဒီလိုမချောနိုင်တော့သလို ကျွန်မလည်း အခုလိုလှပနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီအချိန်ကျရင် အပြင်ပန်းကြည့်ပြီး တစ်ယောက်ကိုတစ်ယောက် နှစ်သက်တာမျိုး ဖြစ်နိုင်တော့မလား?"

ပြောစရာစကားမရှိအောင် ကျွန်မဆွံအသွားခဲ့တယ်။

"ဒါကြောင့် ပတ်ဝန်းကျင် အဆောင်အယောင်တွေကြားမှာ မပြောင်းမလဲဘဲ ရှိနိုင်တာတွေက တကယ့် ရင်ထဲကနေလာတဲ့ ဂရုစိုက်မှု၊ စောင့်ရှောက်မှုတွေပဲဖြစ်တယ်။ တည်မြဲတဲ့ ပုခုံးတစ်စုံလိုပေါ့။ ငြိမ်ငြိမ်လေး ကိုယ့်ဘေးမှာပဲရှိနေပြီး ကိုယ်နာကျင်တဲ့အခါ၊ ထိခိုက်ခံစားရတဲ့အခါ ကိုယ်ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပြီး ပျော့ညံ့တဲ့ဖက်ကနေ ကြံ့ခိုင်တဲ့ဖက်ကို တွဲခေါ်ပေးတတ်တယ်"

အဲဒီစကားကို ခုထက်ထိ ကျွန်မမှတ်မိနေခဲ့တယ်။ ခွဲခွါပြီး ၇နှစ်ရဲ့ ဒီနေ့မှာ သူ့ဘေးက သူနဲ့လုံးဝ မလိုက်ဖက်တဲ့၊ မချမ်းသာတဲ့၊ လူတွေ ထင်မှတ်မထားတဲ့ အမျိုးသားတစ်ဦးက သူ့ဖူးစာရှင်ဖြစ်ခဲ့တယ်။ ညစာစားနေတဲ့အခိုက် သိချင်တဲ့ မေးခွန်းပေါင်းများစွာက ကျွန်မရင်ထဲ စုပြုံတိုးဝင်လို့လာတယ်။

ညစာအပြီးမှာ သူ့အမျိုးသားက သူ့လက်ကိုကိုင်ဆွဲပြီး တွဲခေါ်လိုက်တယ်။ ကြင်ကြင်နာနာနဲ့ လုံးဝ တွဲလက် မဖြုတ်ခဲ့ဖူးသလိုပါပဲ။ ကျွန်မရင်ထဲက မေးခွန်းတွေကို သူမြင်သွားတယ် ထင်ပါရဲ့.... ကျွန်မနား နား တိုးတိုးလေးကပ်ပြီး "ကျွန်မတို့ ချစ်သူ စဖြစ်တဲ့နေ့ကနေ အခုချိန်ထိ သူက အဲလိုပုံစံပဲ" လို့ ရှက်ပြုံးလေးနဲ့ ပြောတယ်။

ဒါကပဲ ကျွန်မသိချင်တဲ့ အဖြေဖြစ်မယ်လို့ ကျွန်မထင်တယ်။ မပြောင်းလဲတဲ့၊ ခိုင်မြဲတဲ့၊ ဒီလိုဂရုစိုက် ကြင်နာခြင်းတွေနဲ့ နွေးထွေးနေတဲ့ လက်တစ်စုံက သက်ဆုံးထိတိုင် တွဲလက်မဖြုတ်တမ်း တွဲသွားမယ်ဆိုတာကို ကျွန်မယုံကြည်နေမိတယ်။

တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ထွက်သွားတဲ့ သူတို့နှစ်ယောက်ရဲ့ ရုပ်ပုံကို ကြည့်ပြီး အချစ်စစ်ဆိုတာ ဒါပဲဖြစ်ရမယ်လို့ ကျွန်မခံစားလိုက်မိတယ်။

soeminkhant ဘာသာပြန်ခံစားသည်။
(just sharing forwarded mail)

မိမိ ချစ်သူနဲ့ ပထမဆုံးချိန်းတွေ့တဲ့ နေ့မှာဆောင်ရန် ရှောင်ရန်များ..

မိန်းကလေးများအတွက်

် -အ၀တ်အစားသေချာရွေးဝတ်ပါ။

-လက်သည်းနီဆိုးထားရင် ဟိုတစ်ကွက် ဒီတစ်ကွက် ပျက်မနေပါစေနဲ့။

-နှုတ်ခမ်းနီအရောင် ရင့်တွေကိုရှောင်ပါ။ရှိရင်စွဲ အသက်ထက်ပိုရင့်သွားစေလို့ပါ။

-မျက်နှာကိုမိတ်ကပ်အလွန်အကျွံ မလူးမိပါစေနဲ့။သဘာဝကျကျပဲပြင်သွားပါ။

-၀က်ခြံတွေရှိနေရင်Concealer နဲ့သေချာဖုံးသွားပါ။

-တစ်ကိုယ်ရေသန့်ရှင်းမှု ကိုသေချာပြုလုပ်သွားပါ။

-ဆံပင်သားတွေအဆီထွက်ပြီးကပ်မနေအောင်ဂရုစိုက်ပါ။

-ခါးမတ်မတ်ထိုင်ပြီးတက်တက်ကြွကြွ နေပါ။

-ဒေါက်ဖိနပ်စီးသွားမယ်ဆိုရင်ဖိနပ်အသစ်ကိုရှောင်ပါ။

-ဒေါက်(၂) လက်မခွဲထက်ပိုမစီးမိပါစေနဲ့။လမ်းလျှောက်လို့အဆင်မပြေပါ။

-နှုတ်ခမ်းနီကို အစာစားပြီးချိန်တိုင်းပြန်ဆိုးပေးပါ။

-အဆီပြန်တာကိုသိစေဖို့မှန်ဆောင်ထားပါ။

-နှုတ်ခမ်းသားတွေခြောက်ကပ်မနေအောင် အဆီပါတဲ့နှုတ်ခမ်းနီရွေးသုံးပါ။

-အကျီင်္င်္လက်ပြတ်ဝတ်မယ်ဆိုရင်လက်မောင်းတွေကို hand @ body lotion လူးသွားဖို့မမေ့နဲ့နော်။



ယောကျာ်းလေးများအတွက်

-မျက်နှာအဆီမပြန်ပါစေနဲ့။

-၀က်ခြံတွေပေါက်နေရင်သွေးမထွက်အောင် ဂရုတစိုက်သန့်စင်ထားပါ.။

-နှာခေါင်းသန့်ရှင်းရေးပြုလုပ်ထားပါ။ -လက်သည်း၊ခြေသည်းတွေသေသေချာချာလှီးဖြတ်သွားပါ။

-နားကိုရှင်းထားပါ။

-လေအန်ချင်ရင် လက်နဲ့ကွယ်ပြီးမျက်နှာလှည့်အန်ပါ။

-ချွေးနံ့မထွက်အောင် ဂရုစိုက်ပါ။

-တစ်ကိုယ်ရေသန့်ရှင်းမှုကိုအလေးထားပါ.။

-ခြေထောက်မှအနံ့မထွက်အောင် ဆေးကြောထားပါ။

-ခြေအိတ်နဲ့ဖိနပ်ဝတ်မယ်ဆိုရင်ခြေအိတ်လျှော်ထားပါ။

-အ၀တ်အစားကိုအသစ်စက်စက်ကြီးဝတ်မှာထက်တစ်ခါဝတ်ပြီးသားကိုပဲဝတ်ပါ။

-အကျီင်္ကော်လံတွေညိုညစ်မနေစေနဲ့နော်။

ပါးစပ်ဟပြီးစတိုလ်ပျက်လောက်တဲ့အထိအော်မရယ်ပါနဲ့။

-နာရီကိုမမေ့မလျော့ဝတ်ဆင်သွားပါ။

-ရေမွှေးကို နှစ်ကိုယ်ကြားအနံ့ရရုံလေးပဲဆွတ်သွားပါ။ ရနံ့ပြင်းပြင်းတွေကိုရှောင်ပါ။ -ဆံပင်ပုံစံနဲံ့အ၀တ်အစားကိုလိုက်ဖက်မှုရှိအောင်ပြင်သွားပါ။

-ချွေးထွက်သန်ရင်အိတ်ထဲမှာ tissue အမြဲဆောင်ထားပါ။

-ခံတွင်းနံ့ကိုစိတ်မချဖြစ်တတ်ရင်ပီကေဆောင်သွားပါ။

-ပိုက်ဆံလုံလုံလောက်လောက်ထည့်သွားဖို့ကတော့အရေးအကြီးဆုံးပဲနော်။

မိန်းမတို့၏မာယာ(၄၀)

(၁) မိမိကိုယ်ကိုဆန့်သည့်မာယာ
(၂) ကိုယ်ညွှတ်၍စမ္ပယ်သည့်မာယာ
(၃) ရှက်ဟန်ဖြင့် မျက်နှာကို အ၀တ်ဖုံးသည့်မာယာ
(၄) လက်သည်းချင်းချင်းဆတ်သည့်မာယာ
(၅) ခြေဖြင့်ခြေကိုနင်းသည့်မာယာ
(၆) သူငယ်ကိုကြည့်သည့်မာယာ
(၇) သူငယ်ကိုချစ်ချင် ဆိတ်ချင်ပြုသည့်မာယာ
(၈) သူငယ်ကိုချီမြှောက်ကစားသည့်မာယာ
(၉) သူငယ်ကိုနမ်းသည့်မာယာ
(၁၀) မိမိကိုယ်ကိုသူငယ်အားနမ်းစေသည့်မာယာ
(၁၁) ၀ါးခြမ်းဖြင့် မြေကိုခြစ်သည့်မာယာ
(၁၂) သူငယ်ကိုသွားဖြင့် ကိုက်ယောင်ပြုသည့်မာယာ
(၁၃) မိမိကိုယ်ကိုသူငယ်အားသွားဖြင့်ကိုက်စေသည့်မာယာ
(၁၄) သူငယ်ကို ယောက်ျားအားပေး၍ချီစေသည့်မာယာ
(၁၅) မိမိကတစ်ဖန်တောင်း၍ ချီပြန်သည့်မာယာ
(၁၆) သူငယ်ပြုသည့်အတိုင်း တိမ်းညွတ်ပြုသည့်မာယာ
(၁၇) ပြက်ရယ်သောစကားကိုဆိုသည့်မာယာ
(၁၈) အမြဲအမြံစကားကိုဆိုသည့်မာယာ
(၁၉) ဖုံးဝှက်စကားကိုဆိုသည့်မာယာ
(၂၀) ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းဖြင့် စမ္ပယ်သည့်မာယာ
(၂၁) တန်ဆာဆင်ဟန်ပြုသည့်မာယာ
(၂၂) ဆံပင်ကို လက်ဖြင့် သုံးသပ်သည့်မာယာ
(၂၃) ပြင်းစွာရယ်သည့်မာယာ
(၂၄) အင်္ဂါဇာတ်ကိုလှပ်ပြသည့်မာယာ
(၂၅) ခါးကိုညွှတ်သည့်မာယာ
(၂၆) ဦးခေါင်းကိုဘယ်ညာလှုပ်သည့်မာယာ
(၂၇) ပေါင်ကိုလှစ်ပြသည့်မာယာ
(၂၈) သားမြတ်ကိုပြသည့်မာယာ
(၂၉) လက်ကိုမြှောက်သည့်မာယာ
(၃၀) လက်ကတီးကိုပြသည့်မာယာ
(၃၁) မျက်စိကိုစောင်း၍ကြည့်သည့်မာယာ
(၃၂) မျက်မှောင်ကိုချီသည့်မာယာ
(၃၃) နှုတ်ခမ်းကိုဖွင့်တုံလှစ်တုံပြုသည့်မာယာ
(၃၄) လျှာကိုထုတ်သည့်မာယာ
(၃၅) ထဘီတဘက်ကိုချွတ်ချင် ၀တ်ချင် ပြုသည့်မာယာ
(၃၆) ဆံထုံးကိုဖြေဟန်ပြုသည့်မာယာ
(၃၇) ဆံထုံးကိုထုံးဟန်ပြုသည့်မာယာ
(၃၈) မျက်စိကိုမှိတ်၍ပြုသည့်မာယာ
(၃၉) လည်ကိုငဲ့၍ပြသည့်မာယာ
(၄၀) လည်ကိုညိတ်၍ပြသည့်မာယာ

ယောကျာင်္းလေးနဲ့မိန်းကလေးသီအိုရီ

ယောကျာင်္းလေးသီအိုရီ

လွမ်းတယ် ( အနေဝေးရင် )
ပိုင်ဆိုင်ချင်တယ် ( တစ်ဘ၀စာ )
အရမ်းချစ်တယ် ( တစ်သက်လုံး )
သတိရတယ် ( မတွေ.ရတဲ့အခါ )
အတူနေချင်တယ် ( လိုက်လျောရင် )
နမ်းချင်တယ် ( ဖြူစင်စွာ )
ထိုင်ကြည်.ချင်တယ် ( ၂၄ နာရီ )
ချော့သိပ်ချင်တယ် ( ညတိုင်း )
သီချင်းဆိုပြချင်တယ် ( အိပ်ခါနီး )
မျှော်လင့်ချင်တယ် ( ရင်ခုန်စွာ )
အရမ်းပြန်ချစ်ပါ ( အလိုလားဆုံး )
အရမ်းဂရုစိုက်ပါ ( အမြဲ )
မမုန်းဘူး ( ဘယ်တော့မှ )
လက်ကလေးကိုင်ချင်တယ် ( ခွင့်ပြုရင် )
အဆင်မပြေဘူး ( မင်းမရှိတဲ့အချိန် )
မခွဲနိုင်ဘူး ( ယုံ )
ထပ်ကာထပ်ကာပြောချင်တယ် ( I LOVE YOU )




မိန်းကလေးသီအိုရီ

လွမ်းတယ် ( ပိုက်ဆံပြတ်ရင် )
ပိုင်ဆိုင်ချင်တယ် ( မင်းရဲ.ဘဏ်စာအုပ်ကို )
အရမ်းချစ်တယ် ( မင်းရဲ.ပစ္စည်းဥစ္စာ )
သတိရတယ် ( ၀ယ်စရာတွေ.ရင် )
အတူနေချင်တယ် ( အမြဲပျော်အောင်ထားမယ်နိုင်ရင် )
နမ်းချင်တယ် ( စိန်လက်စွပ်ဝယ်ပေးရင် )
ထိုင်ကြည်.ချင်တယ် ( တခြားကောင်လေးကို )
ချော့သိပ်ချင်တယ် ( မင်းအိတ်ထဲကပိုက်ဆံခိုးဖို. )
သီချင်းဆိုပြချင်တယ် ( ပါးစပ်အားရင် )
မျှော်လင့်ချင်တယ် ( မာစီဒီး )
အရမ်းပြန်ချစ်ပါ ( ငါဘယ်သူနဲ.တွဲတွဲ )
အရမ်းဂရုစိုက်ပါ ( သေခါနီး )
မမုန်းဘူး ( ပိုက်ဆံရှိနေသရွေ. )
လက်ကလေးကိုင်ချင်တယ် ( အိပ်သာထဲကထွက်လာရင် )
အဆင်မပြေဘူး ( မင်းငွေမရှိတဲ့အချိန် )
မခွဲနိုင်ဘူး ( အလကားပြောတာ )
ထပ်ကာထပ်ကာပြောချင်တယ် ( သေနာကြီး )

မိန်းမတို့ပျက်စီးကြောင်း (၉)ချက်

၁.ယောက်ျားလေးတွေနဲ့ ပူးကပ်ပြီး အရောတ၀င်နေတာ..

၂.လင်နဲ့လပေါင်းများစွာ ကင်းဝေးနေတာ...

၃.အ၀တ်အစားချို့ငဲ့လွန်းတာ..(မိန်းမသားဆိုတာ ယောက်ျားတွေထက် ပိုပြီးအ၀တ်အစားလိုတယ်ဆိုတာတော့ မှန်ပါတယ်..)

၎.လင်/ရည်းစားချစ်သူက လိင်ဘက်ဆိုင်ရာမှာ ၊ကာမဆိုင်ရာမှာ မစွမ်းတာ၊စံချိန်မမှီတာ...

၅.ပျင်းရိထှိုင်းမှိုင်းနေတာ..

၆.လူများရာကို သွားတတ်လွန်းတာ

၇.ပွဲသဘင်/အပျော်အရွှင်မက်လွန်းတာ၊လိုက်စားမက်မောတာ...

၈.လင်နဲ့ ခွဲပြီး မိဘ.ညီအကိုမောင်နှမအိမ်မှာ အနေများတာ...

၉.တစ်ယောက်တည်းတည်း ရောက်တတ်ရာရာ လျှောက်သွားနေတတ်တာမျိုးတွေပါဘဲ..အဲဒါလေးတွေဘဲ သတိထားပေးရင် တော်တော် ကျက်သရေရှိမယ့် မိန်းကလေးလို့ ထင်ပါတယ.်..မြန်မာမိန်းကလေးများ..တန်ကြေးရှိသောမိန်းကလေးနဲ့ တန်ဖိုးရှိတဲ့ မိန်းကလေးကို ခွဲခြား သိနိုင်ပါစေ..

သင်၏ ပထမဆုံး အလုပ်တွင် ရှောင်လွှဲရမည့် အမှား ၈ ရပ်

ကဲ သင် တက္ကသိုလ်ကနေ ဘွဲ့တစ်ခုရပြီး ၊ စီးပွားရေးတွေကျဆင်းနေတဲ့ ကြားထဲက အလုပ်တခုရပြီနော် ၊ ဂုဏ်ယူပါတယ်။ အခုမှ တကဲ့လုပ်ငန်းခွင် ဘဝစမှာပါ။ အခု ပထမဆုံး အလုပ်မှာ ပိတ်မိမနေဘဲ နောက်နောင် ယခုထက်ပိုကောင်းတဲ့ အလုပ်တွေရအောင် အောက်ပါပြောထားတဲ့ အလွဲရှစ်ရပ်ကို ရှောင်ကျဉ်ဖို့လိုပါတယ်။

(က) ဆန္ဒစောခြင်း

ပထမဆုံး အလုပ်ခွင်ဝင်တဲ့နေ့မှာ ကိုယ့်အစွမ်းအစကို သိအောင်ထုတ်ပြချင်တာကတော့ သဘာဝပါပဲ။ ဒါပေမယ့် အများအမြင်မှာ ကိစ္စတစ်ခုကို တက်တက်ကြွကြွ ဦးဆောင်လုပ်တာနဲ့ လူတွင်ကျယ်အောင်လုပ်တာနဲ့ သိပ်မကွာဘူးဖြစ်နေတတ်တယ်။ "They Don't Teach Corporate in College" စာအုပ်ကို ရေးသားသူ Alexandra Levit ကတော့ ဒီလိုဆိုပါတယ်။ "ကိုယ့် နာမည်ရဖို့ ကိစ္စတွေကို ချက်ချင်း ဝုန်းဒိုင်း ဝုန်းဒိုင်း ထမလုပ်ပါနဲ့ ၊ သူများတွေ ဘယ်လိုအလုပ်လုပ်တယ် ၊ သူတို့ စိတ်ကူးတွေကို ဘယ်လို တင်ပြတယ်ဆိုတာကို အရင် လေ့လာပါ။ ဘယ်လို အလုပ်လုပ်ကြတယ် ဆိုတာကို သေချာသိပြီဆိုမှ သင့်ရဲ့ အကြံကို တင်ပြပြီး သူများတွေရဲ့ ထင်မြင်ယူဆချက်ကို တောင်းခံပါ။"

(ခ) အချိန်ယူလွန်းခြင်း

ကိုယ့်ရဲ့ပထမဆုံး ဌာနတွင် အစည်းအဝေးကို ပြုပြင်ပြောင်းလဲစရာတွေ ရေးမှတ်ထားတဲ့ စာရွက်ကြီးနဲ့ မသွားသင့်သလို၊ အလုပ်စလုပ်တဲ့ပထမ တစ်လလုံး အခန်းထဲမှာငုတ်တုတ်ထိုင်ပြီး တခြားလူတွေက လာမိတ်ဆက်မှာကို စောင့်မနေသင့်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးမှုရယူပြီး သူတို့ဘာတွေ လုပ်တယ်ဆိုတာလေ့လာသင့်ပါတယ်။ လူတွေက ကိုယ့်ကိုလျှစ်လျူရှုထားတယ်ဆို ပြီး အမြင်မစောင်းသင့်ပါဘူး။

(ဂ) နည်းပညာကိုတလွဲသုံးခြင်း

အစည်းအဝေးလုပ်နေတုန်း text message ပို့လို့ရလား ၊ ရုံးချိန်အတွင်း Facebook သုံးလို့ရလား အလုပ်လုပ်ရင်းနဲ့ i-pod နားထောင်လို့ ရလား။ ဒီကိစ္စတွေကို ကုမ္ပဏီ တခု နဲ့ တခု ခွင့်ပြုတာခြင်း မတူကြပါဘူး။ တခြားလူတွေ ဘယ်လို နည်းပညာကို သုံးနေကြတယ်ဆိုတာကို ဂရုစိုက်လေ့လာပါ။

(ဃ) အစတည်းကယဉ်သကို

အဝတ်ဝတ်တာကအစ ၊ လက်ဆွဲနှုတ်ဆက်တာအဆုံး အခြားလူတွေကလူသစ်ဖြစ်တဲ့သင့်ကို သတိထားစောင့်ကြည့်နေလိမ့်မယ်။ Levit ကလူတွေနဲ့ ပထမဆုံးတွေတဲ့အချိန်မှာသင်ဘယ်လို ပြုမူတယ်ဆိုတာကို အထူးသတိထားဖို့အဆိုပြုထားပါတယ်။

(င) သင့်အထက်လူကြီး၏လိုအပ်ချက်များအားလေ့လာခြင်း

အလုပ်ခွင်ဝင်ဝင်ခြင်း ပထမသုံးလအတွင်း သင့်အထက်လူကြီးက သင့်ထံမှဘာတွေ မျှော်လင့်ထားတယ်ဆိုတာ သိအောင်လုပ်ဖို့လိုပါတယ်။ အလုပ်အကိုင်အကြံပေး Peter Jacobs ကတော့သင်ရဲ့လူကြီးနဲ့ ပုံမှန်တွေ့ ဆုံဆွေးနွေးပြီး နှစ်ဦးနှစ်ဖက်လိုအပ်ချက်တသားထဲဖြစ်အောင် လုပ်ဖို့လိုကြောင်း တိုက်တွန်းပြောဆိုထားပါတယ်။

(စ) သင့်အထက်လူကြီးကိုနားမလည်ခြင်း

သင်နှင့်သင့် အထက်လူကြီး ပြောဆိုဆက်ဆံပုံ စတိုင်ချင်း တူခြင်မှတူပါလိမ့်မယ်။ သူဘယ်လိုပြုမှုပြောဆိုဆက်ဆံတာကို နှစ်သက်တယ်ဆိုတာ သိအောင်လေ့လာပါ။ သင့်လူကြီးက သတင်းအချက်အလက်တွေကို နှစ်သက်တယ်ဆိုတာ သိအောင်လေ့လာပါ။ သင့်လူကြီးကသတင်းအချက်အလက်တွေကို အီးမေးနဲ့လိုချင်တာလား၊ အစီရင်ခံစာနဲ့လိုချင်တာလား၊ ဘယ်လိုပုံစံနဲလိုချင်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ အမြဲတမ်းအစီရင်ခံနေဖို့လိုလား၊ အရေးကြီးအကြောင်းအရာတွေကိုပဲသိချင်တာလား၊ ဆိုတာသိအောင်လုပ်ဖို့လိုပါလိမ့်မယ်။

(ဆ) အထီးကျန်စွာနေထိုင်ခြင်း

သင့်အထက်အရာရှိသည် လွန်စွာအသုံးဝင်သော အရင်းအမြစ်တခုဖြစ်ပါသည်။ သို့သော်လည်း ခိုင်မာသော အသက်မွေးဝမ်းကြောင်း အလုပ်တခုတည်ဆောက်နိုင်ရန် လူအများအပြားထံမှ အကြံဥာဏ်များရယူရန်လိုအပ်သည်။ မိမိအားနည်းမှန်လမ်းမှန်ကို ညွှန်ပြပေးနိုင်မည့်ဆရာကောင်းများ၊ တိုင်ပင်ဆွေးနွေးစရာ ပုဂ္ဂိုလ်များ ရှာဖွေထားရန်လိုသည်။

(ဇ) အလုပ်ကိုတန်ဖိုးမထားခြင်း

သင်၏လက်ရှိအလုပ်က အရမ်းကောင်းတာပာုတ်ချင်မှပာုတ်ပါလိမ့်မည်။ ဒါပေမဲ့ လက်ရှိအလုပ်မှာ အတတ်ပညာသစ်တွေကို ရနိုင်တဲ့အခွင့်အရေး၊ စီးပွားရေးအခွင့်အရေးလောကအကြောင်းကို လေ့လာနိုင်တဲ့အခွင့်အရေး၊ အသိမိတ်ဆွေအသစ်တွေကိုရနိုင်တဲ့အခွင့်အရေးအဖြစ် ရှုမြင်နိုင်မယ်ဆိုရင် အကျိုးရှိပါလိမ့်မယ်။ယခုအချိန်ကို သိမှတ်စရာတွေ သင်ယူရတဲ့ အချိန်အဖြစ် သဘောထားပြီး ပျော်ပျော်နေလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအချိန်ကို နောင်ဘယ်တော့မှ ပြန်ရနိုင်မှာမပာုတ်တော့လိုပါ။

Read more: သင်၏ ပထမဆုံး အလုပ်တွင် ရှောင်လွှဲရမည့် အမှား ၈ ရပ် - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A346153&xgs=1&xg_source=msg_share_topic#ixzz1WTK5wHc6

...မိန်းကလေးတွေရှောင်ကြတဲ့ စကားလေးများ ...

Boy: ဒီတစ်သက် တို့ကိုပဲချစ်မှာလား။
Girl : အင်း (ပျင်းစရာကြီး)

Boy :တို့မရှိရင် ချစ်ဘယ်လိုလုပ်မလဲ။
Girl : ရူးသွားမှာပေါ့ ။ (ပျော်လွန်းလို့)

Boy : တို့က ချစ်ရဲ့ ရည်းစားဦးလား။
Girl : ဟုတ်။ (အရင်တစ်ယောက်ပြီးရင်)

Boy : ချစ်ကိုယ့်ကို မလိမ်ပါဘူးနော်။
Girl : ဘုရားစူး မိုးကြိုးပစ်။ (ရှင့်ကို)

Boy :အိုသွားရင်ကောချစ်မှာလား။
Girl : မမုန်းပါဘူး။ (ချစ်လည်းမချစ်ဘူး)

Boy : ဘရက်ပစ်လို ချောတယ်မို့လား။
Girl : သူ့ထက်တောင်ပိုသေး။ (ရုပ်ဆိုးချက်က)

Boy : ချောလာလား။
Girl : အင်း။ (စိတ်မပါစွာနှင့်)

Boy :အခု တခြားကောင်မလေးက တို့ကို အရူးအမူးလိုက်နေတာ။
Girl :ဟင် ဟုတ်လား။ (၀မ်းသာလိုက်တာ ကန်တော့ပွဲနဲ့ကို လိုက်ပို့ဦးမှာ)

Boy :နောက်တာပါ။ အဲလောက်လည်းသ၀န်မတိုပါနဲ့။
Girl : ...........

Boy : ဘာလဲ စိတ်ကောက်သွားတာလား။
Girl : ကောက်တာပေါ့။ (တကယ်ဘာလို့မဟုတ်ရတာလဲ)

ကြောင် နှစ်ကောင်ရဲ့ ထူးဆန်းတဲ့အချစ်


ခုံတန်းလေးပေါ်မှာ ခေါင်းလေးမှီရင် ငါ့ကို ပေကလက်ပေကလက်နဲ့ကြည့်နေတဲ့မင်းကိုစတွေ့ခဲ့တာပေါ့


နင့်ကိုငါက ပြန်ပြုံးပြတော့



နင့်ကငါ့ဆီ အပြေးလေးလာပြီး



နှုတ်ဆက်တာ နင်မှတ်မိသေးလား


အဲ့ဒီနေ့ကစပြီးငါတို့ခင်မင်ကြပြီး ပေါကြောင်ကြောင်နဲ့တောင် ကလိုက်သေးတယ်လေ ဟီး


နင်ကမတွေ့ရတဲ့အချိန်မှည အွန်လှိုင်းကတွေ့မယ်ဆိုလို့ ငါအကောင့်ပေးလိုက်တာ
အိပ်ပြန်ရောက်လို့စက်ဖွင့် အကောင့်ဖွင့်လိုက်ယင်ပဲ
နင်အက်ထားတာတွေ့လို့လက်ခံစကားပြောခဲ့တယ်နော်

နင်နဲ့အပြင်မှာမတွေ့တဲ့ရက်တိုင်း အွန်လှိုင်းက စကားတွေပြောရင်း သံယောဇဉ်တွယ်လာခဲ့တယ်


အွန်လှိုင်းမှာမတွေ့ရတဲ့ရက်ဆို နင့်ဖုန်းများလာမလာလို့စောင့်ရတာအမောပါပဲ


အားလပ်တဲ့ ငါတို့ရဲ့နေ့ရက်များမှာ နင်နဲ့ငါ စာပွဲတင်တင်းနစ်ကစားခဲ့တဲ့အချိန်လေးတွေကို မမေ့နိုင်ဘူးဟာ


ကစားကွင်းကအပြန် ကြောင်တကက် ရိတဲ့တဲ့စကားပြောတုန်းက နင်ငါ့ဘက်ကနေ ရန်ဖြစ်ခဲ့တယ်နော်

အခုဆိုရင် နင်လာမဲ့လမ်းလေးကို မျှော်ငေးနေတတ်ပြီဟာ

အွန်လှိုင်းမှာနင်မရှိရင်လဲငါဒေါသထွက်တတ်နေပြီ


နင်နဲ့ငါ သူငယ်ချင်းအဆင့်ကကျော်ပြီး ချစ်သူဘ၀ကိုရောက်ခဲ့ကြတယ်နော်






ချစ်သူဘ၀ရဲ့ ပျော်ရွှင်စရာနေ့ရက်များကို အတူဖြတ်သန်းယင်း

ဂုဏ်ငွေတွေကိုမက်မောတဲ့ ငါ့အမေရဲ့ ပေါက်ပေါက်ဖောက်သံ

ငါ့အဖေရဲ့ သဘောမတူတဲ့အကြည့်


ဒီလိုနဲ့ငါတို့တွေဝေးခဲ့ရပြီး အဝေးကနေပဲ အလွမ်းစာလေးတွေနဲ့ နှစ်သိမ့်နေရတယ်နော်

နင်လဲငါနဲ့ဝေးရလို့အကြောင်းပြပြီး အရက်သောက် ဘီယာသောက်တောင်လုပ်တတ်နေပြီနော်


မူးပြီးတော့ ပေါက်ကွဲသံဇဉ်တွေနဲ့ထွက်ပေါက်ပေးနေတာလားဟာ


ဘာပဲဖြစ်ဖြစ် ငါတို့တကယ်အချစ်စစ်ခဲ့ရင် တနေ့ပြန်ဆုံပါစေလို့ ဘုရားမှာငါအမြဲဆုတောင်းနေပါတယ် ချစ်သူရယ်


အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ညာ။ ဧဒင်ဥယျာဉ် jasmine ပိုစ်မှကူးယူထားချင်းဖြစ်ပါတယ်။

ဂွတ်နိုက် အိပ်တော့ချစ်သူရယ်

ကိုယ်ချစ်တဲ့သူနဲ့ သန်းခေါင်ယံညဥ့်နက်တဲ့အထိ စကားထိုင်ပြောဖူးလား?
ချက်တင်(chatting) ပြောဖူးပါသလား?

တကယ်လို့ပြောဖူးရင် ဖုန်းမချခင် ဒါမှမဟုတ် စက်မပိတ်ခင်
ဝမ်အမ်(ဂွတ်နိုက်)လို့ ပြောတတ်တဲ့အကျင့် ရှိသလား?

ဝမ်အမ်နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်လေးတစ်ခု ပြောပြချင်ပါတယ်။

တစ်နေ့မှာ အားလပ်ရက်ရတဲ့ အိန်ဂျယ်တစ်ပါး လူ့ပြည်ကိုအလည်ရောက်လာခဲ့တယ်။
လူ့ပြည်ကိုရောက်ပြီး ပျင်းတာနဲ့ အိန်ဂျယ်ဟာ ကောင်မလေးတစ်ယောက်ကို
"မင်းရဲ့လိုအင်ဆန္ဒတွေအားလုံး ငါဖြည့်ပေးနိုင်တယ်။ အာဏာ... ငွေကြေး...
ရုပ်ရည်... အချစ်.. ဘာတွေလိုချင်သလဲ" လို့ မေးလိုက်တယ်။ အိန်ဂျယ်အမေးကို
ကောင်မလေး အသေချာစဉ်းစားလိုက်တယ်။ ကောင်မလေးတောင်းဆိုသမျှကို
သူအစွမ်းကုန်ဖြည့်ပေးပြီး သူ့ကို လေးစားကြည်ညိုလာအောင် ဘုန်းတန်ခိုးတွေ
ပြလိုက်မယ်လို့ အိန်ဂျယ်စိတ်ကူးနေခဲ့တယ်။

"ညတိုင်း ကျွန်မအိပ်ရာမဝင်ခင် အရှင့်ဆီက ဝမ်အမ်ဆိုတဲ့စကားတစ်ခွန်းကို
ကြားချင်ပါတယ်"

ကောင်မလေးရဲ့ ရိုးရှင်းတဲ့စကားကိုကြားတော့ အိန်ဂျယ်အံ့သြသွားတယ်။
သူထင်ထားတာက ရုပ်ရည်၊ ငွေကြေး စတာတွေကို ကောင်မလေးတောင်းလိုက်မယ်လို့
ထင်ခဲ့တယ်။

"ကောင်းပြီ.. ဒါ အလွယ်ကူဆုံးပဲ" ဆိုပြီး အိန်ဂျယ်က ဘာမှမစဉ်းစားဘဲ
ကောင်မလေးကို လွယ်လွယ်ကူကူ ဂတိပေးလိုက်တယ်။ ကောင်မလေးက
မျှော်လင့်ချက်အပြည့်နဲ့ ညတိုင်း အိန်ဂျယ်ဆီက "ဝမ်အမ်"
ဆိုတဲ့စကားတစ်ခွန်းကို စောင့်နေခဲ့တယ်။ အိန်ဂျယ်က
ကောင်းကင်ပေါ်ပြန်ရောက်သွားလည်း ကောင်မလေးကို "ဝမ်အမ်"
ဆိုတဲ့စကားတစ်ခွန်းနဲ့ အသဲပုံလေးပါဆွဲပြီး ဂွတ်နိုက်kiss:-*လေးကို
အင်တာနက်ကတစ်ဆင့် အမြဲပေးခဲ့တယ်။ အိန်ဂျယ်ဆီက နှစ်သိမ့်စကားတွေနဲ့
ညတိုင်း ကောင်မလေးကျေကျေနပ်နပ် အိပ်ရာဝင်ခဲ့တယ်။ သူ့အိပ်မက်ထဲမှာတောင်
ကြည်နူးခြင်းရနံ့တွေနဲ့ သင်းပျံ့မွှေးကြိုင်လို့နေတယ်။

ဒီလိုနဲ့ တစ်ခါတလေ အင်တာနက်လိုင်း ပြတ်တောက်သွားရင်
အိန်ဂျယ်ကဖုန်းဆက်ပြီး ကောင်မလေးကို ဝမ်အမ်လို့ပြောတတ်တယ်။
ဖုန်းတစ်ဖက်ကနေ ကောင်မလေးနဖူးလေးကိုနမ်းပြီး အိပ်မက်လှလှမက်ပါစေလို့
ဆုတောင်းပေးတတ်တယ်။

ဒါပေမယ့် ဘယ်အချိန်ကစပြီး အိန်ဂျယ်အလုပ်စရှုပ်ခဲ့မှန်း မသိဘူး!
အလုပ်တွေများလွန်းလို့ ကောင်မလေးကို ဝမ်အမ်လို့ နှုတ်ဆက်ရမှာကို
အိန်ဂျယ်တဖြေးဖြေး မေ့သွားခဲ့တယ်။ ကောင်မလေးက ညတိုင်း
အိန်ဂျယ်ရဲ့"ဝမ်အမ်"ဆိုတဲ့ စကားတစ်ခွန်းကိုပဲ စောင့်မျှော်နေခဲ့တယ်။
စောင့်ခဲ့ပေမယ့် ညတိုင်းစိတ်ပျက်အားငယ်စွာနဲ့ အိပ်ရာဝင်ခဲ့ရတယ်။
အိန်ဂျယ်ရဲ့နှစ်သိမ့်သံတွေ မကြားရတော့ ကောင်မလေးလည်း အိပ်မက်တွေ
ကယောင်ချောက်ချားမက်လို့။ အိပ်မက်ထဲမှာ အဝေးတစ်နေရာကနေ အလုပ်များနေတဲ့
အိန်ဂျယ်ကိုပဲ သူငေးကြည့်နေခဲ့မိတယ်။ အလုပ်မများတော့တဲ့တစ်ရက်
ဝမ်အမ်ပြောဖို့ သူသတိရကောင်း ရလာလိမ့်မယ်လို့ ထင်ပြီး
ကောင်မလေးစောင့်နေခဲ့တယ်။ အိန်ဂျယ်အတိုးချပြီး ပြောလာမယ့် ဝမ်အမ်တွေကို
ကောင်မလေး မျှော်နေခဲ့မိတယ်။

ဒါပေမယ့် နောက်ဆုံးမှာ ကောင်မလေးကိုပါ အိန်ဂျယ်မေ့သွားခဲ့တယ်။
လုံးဝမေ့သွားပြီး ဝမ်အမ်အကြွေးတသီကြီးနဲ့ အဝေးကိုပျံသန်းသွားခဲ့တယ်။

နှစ်အတန်ကြာတဲ့အခါ ကောင်းကင်ပိတ်ရက်ရတဲ့ အိန်ဂျယ်တချို့
လူ့ပြည်ကိုအလည်လာပြန်တယ်။ ကောင်မလေးကိုတွေ့တော့ သူ့ရဲ့လိုအင်ဆန္ဒတွေ
ဖြည့်ဆည်းပေးမယ်လို့ဆိုပြန်တယ်။ အာဏာ၊ အချစ်၊ ငွေကြေး... စတာတွေ
ဘာအလိုရှိသလဲလို့ မေးတော့ ကောင်မလေးက ဘာမှပြန်မဖြေခဲ့တော့ဘူး။
ရိုးရှင်းလွယ်ကူတဲ့သူ့ဆန္ဒကို တန်ခိုးကြီးတဲ့အိန်ဂျယ်လည်း
ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ကြောင်း သူသိနေခဲ့တယ်။

ကိုယ်ချစ်တဲ့သူနဲ့ သန်းခေါင်ယံညဥ့်နက်တဲ့အထိ စကားထိုင်ပြောဖူးလား?
ချက်တင်(chatting) ပြောဖူးပါသလား?

တကယ်လို့ပြောဖူးရင် ဖုန်းမချခင် ဒါမှမဟုတ် စက်မပိတ်ခင်
ဝမ်အမ်(ဂွတ်နိုက်)လို့ ပြောတတ်တဲ့အကျင့် ရှိသလား?

ဝမ်အမ်း WAN AN

"WAN AN" ဆိုတဲ့စကားလုံးကို ဖြန့်လိုက်ရင် ထိပ်စီးစာလုံးတွေက
စာလုံးတစ်လုံးစီကို ကိုယ်စားပြုနေတာတွေ့ရလိမ့်မယ်။

WAN AN = Wo Ai Ni, Ai Ni (ဝေါ်အိုက်နီ, အိုက်နီ) နင့်ကိုငါချစ်တယ်၊ ချစ်တယ်
တဲ့။

ဝမ်အမ်လျှို့ဝှက်ချက်ကိုသိသွားပြီးရင် ကိုယ်ချစ်တဲ့သူနဲ့
စကားပြောပြီးတိုင်း "ဝမ်အမ်" (ဂွတ်နိုက်)လို့ နှုတ်ဆက်ဖို့
မမေ့ပါနဲ့နော်..

ကြိုးတစ်ချောင်းကို ဖြတ်ဖို့လွယ်ပေမယ့် သံယောဇဉ် ကြိုးကိုတော့ ဖြတ်ဖို့
တော်တော် ကြိုးစားယူရဦးမယ်..... :

ဂွတ်နိုက် အိပ်တော့ချစ်သူရယ်

ပါရမီဖြည့်ဖက်ဆိုတာ ..

တခါတုန်းက စာရေးဆရာလေးတလောင်းလျာ တစ်ယောက်မှာ ထူးခြားသောဇနီးသည်တယောက် ရှိခဲ့ဖူးသည်။သူမနာမည်မှာ ဆိုဖီယာဖြစ်သည်။သူမ၏ခင်ပွန်း နသန်နီယယ်သည် အကောင်ခွန်ရုံးအမှုထမ်းတဥိးဖြစ်၍ တနေ့တွင် အိမ်သို့ အကြီးအကျယ် မှိုင်တွေလျက်ပြန်ရောက်လာသည်။သူ အလုပ်ပြုတ်လာခဲ့ပြီဖြစ်ကြောင်း ပြောသည့်အခါ ဇနီးသည်က ၀မ်းသာအားရ ထ အော်လေသည်။ မိန်းမဘယ်လိုဖြစ်သွားပါလိမ့်ဟု သူငေးနေစဉ်ဇနီးသည်က
"ဟန်ကျပြီ ရှင်ရေးချင်နေတဲ့ ၀တ္တု အခုမှ ရေးရတော့မယ်"ဟုဆို၏။
"အေးကွာ အားသွားတာတော့မှန်တယ် ဒါပေမဲ့စာထိုင်ရေးနေတော့ ဘာနဲ့သွားစားမလဲ" ယောင်္ကျားကစိတ်ဓာတ်ကျလျက်ပင်ပြန်ပြောသည်။ဇနီးသည်က အံဆွဲတခုဖွင့်လိုက်ပြီး အထဲမှ ငွေစက္ကူတစ်ထပ်ကိုယူ၍ ထောင်ပြလိုက်သောအခါ နသန်နီယယ် အံ့အားသင့်သွားသည်"မင်းဘယ်ကရသလဲ" ဟုတအံ့တသြမေးသည်။
"ကျွန်မက ရှင့်မှာ ပါရမီရှိတယ်ဆိုတာ ယုံကြည်ထားပြီးသား။တနေ့ကျရင် ဂန္တ၀င်တွင်မယ့် ၀တ္တု ကြီး တပုဒ်ရှင်ရေးလိမ့်မယ်လို့ သိနေတယ်၊
ဒါကြောင့်မို့လို့ ရှင်အပတ်စဉ် ပေးတဲ့ငွေထဲက နည်းနည်းစီ ကျွန်မဖဲ့ဖဲ့ပြီး စုထားတာ၊ ဒီပိုက်ဆံနဲ့ တနှစ်လုံးစားလို့ရတယ် ၊ရှင်ရေးပေတော့"
ဟု ဆိုဖီယာက ယုံကြည်မှု အပြည့် ပြောလိုက်လေသည်။ မိမိအပေါ် အားထားယုံကြည်လှသည့် ဇနီးသည်ထံမှ ထက်သန်တက်ကြွစိတ်တွေ ကူးစက်ကာ နသန်နီယယ် သည် အမေရိကန်စာပေသမိုင်းတွင်
အထင်ရှားဆုံးလက်ရာတခုဖြစ်လာမည့် ' ကြက်သွေးရောင်စာလုံး' (The Scarlet Letter ) ၀တ္တုကြီးကို ရေးသားဖြစ်ခဲ့ပြီး နသန်နီယယ်ဟော်သွန်း (Nathaniel Hawthorne)
ဟူသော သူ၏ အမည်ကိုလည်း ကမ္ဘာကသိစေခဲ့ပါသည်။

.............တန်ဖိုးရှိသောစကားလုံးများ..............

.“ စကားလုံးတစ်လုံးစာတစ်ကြောင်းဟာလူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပစ်နိုင်တယ်တဲ့လေ“.....

ဖက်ဖူးခဲ့တဲ့စကားလုံးလေးတွေပါ.....တန်ဖိုးကတော့ဖက်ကြည့်ပေါ့....အကျိုမယုတ်လောက်ပါဘူး...........

1။ ခွင့်မလွှတ်နိုင်ရင်.....ဘဝဟာနာကြည်းမှုနဲ့လက်စားချေမှု..သံသရာထဲမှာပဲလည်နေတော့မှာပေါ့..

ကံကိုယုံပါ...ဒါပေမယ့်...စိုက်ခင်းကိုတော့ရေလောင်းပါ..။

2။ အောင်မြင်မှုဆိုတာစက်ဘီးစီးနေရတာနဲ့တူတယ်....ရှေ့ဆက်နင်းရင်နင်း..မနင်းရင်တော့လဲကျသွားမှာပဲ.....။

3။ ချီးမွမ်းစကားဆိုတာ...လက်ခံယူဖို့စိတ်ကျေနပ်စရာကောင်းပါရဲ့...ဒါပေမဲ့..

သင့်ကိုဘာအသစ်ဆန်းမှသင်ပေးနိုင်မှာမဟုတ်ဘူး...........။

4။ ကိုယ့်အမှားကိုအမှားပါလို့လက်ခံပြီး...ပြင်ရဲတဲ့သတ္တိဟာအကြီးမားဆုံးသတ္တိဖြစ်တယ်.....။

5။ ကြယ်တွေဆီကိုအရောက်လှမ်းကြ...သူတို့ကိုမှီချင်မှမှီမယ်..ဒါပေမယ့်..

သင့်အနေနဲ့လက်တစ်ကမ်းစာရွှံ့တွေနဲ့တော့...ဘဝနိဂုံးချုပ်ရလိမ့်မယ်မဟုတ်ဘူး.........။

6။ စကားလုံးဆိုးဆိုးတွေကိုမပြောပဲမျိုချလိုက်ရုံနဲ့တော့..ဘယ်သူမှအစာအိမ်ထိခိုက်မှာမဟုတ်ပါဘူး..........။

7။ တစ်ယောက်ယောက်ကသာ..သူဟာအလွန်နုံအတဲ့တောသားတစ်ယောက်ပါလို့ပြောလာရင်....

သင့်ရဲ့ပိုက်ဆံအိတ်ကိုလက်နဲ့အုပ်ထားပေတော့.......။

8။ ဘဝဆိုတာကနေပိုရချင်ရင်..........ကိုယ့်ဆီကလည်း..ပိုပြီပေးဆပ်ပါ.....။

ဒေါသစိတ်ရယ်...အစာသွတ်မုန့်ရဲ့အပြင်အကာတွေဟာ....

နှစ်ရက်လောက်ကြာရင်ပျော့ပြဲသွားတက်ကြတယ်........။

9။ သင့်ကိုမွေးဖွားစဉ်က..သင်သည်ငိုးကြွေးနေ၏...သင့်ကိုဝိုင်းကြည့်နေသူအပေါင်းကပြုံး၍နေကြ၏...

သင်သေခါနီးအချိန်၌သူတို့ကဝိုင်း၍ငိုးကြွေးနေကြ၏...ထိုအခါ....သင်ကပြုံးနိုင်ပါစေ....။

10။ သည်းခံမှုသည်..အတိုင်းအတာရှိ၏...အတိုင်းတာကျော်သည့်တိုင်သည်းခံနေပါက..

သူရဲဘောကြောင်မှုဖြစ်သည်.......။

11။ သင်၏ဘဝကို..အခြားသူများနှင့်နိုင်းယှဉ်ခြင်းမပြုပဲ..ပျော်ရွှင်အောင်နေပါ..။

12။ အလှသည်သေရည်ထက်ဆိုးတက်၏...ဆင်သူကိုရော...မြင်သူကိုပါယစ်မူးစေတက်၏...။

13။ သင်သည်အလုပ်မရှိဘဲအားနေလျှင်...တစ်ယောက်ထဲမနေပါနှင့်....တစ်ယောက်ထဲနေခဲ့လျှင်..

ဘာမှမလုပ်ပဲ....ထိုင်မနေပါနှင့်.....။

စကားလုံးလေးတွေကောင်းတယ်....စကားလုံးတိုင်းမှာအသက်တွေပါနေတယ်

တို့ယူတက်ဖို့ပဲလိုတော့တယ်.....တို့လည်းကြိုးစားနေပါတယ်.....သူငယ်ချင်းတို့ရေ......

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About