ပလေတို နဲ့ ဆိုကရေးတီးပြောတဲ့ (အချစ် + လက်ထပ်ခြင်း + တိတ်တိတ်ပုန်း + ဘ၀)

ပလေတို နဲ့ ဆိုကရေးတီးပြောတဲ့ (အချစ် + လက်ထပ်ခြင်း + တိတ်တိတ်ပုန်း + ဘ၀)



တစ်နေ့မှာ ပလေတို က ဆရာဖြစ်သူ ဆိုကရေတီး ကို "အချစ်ဆိုတာ ဘာလဲ"လို့မေးသတဲ့။

ဆိုကရေတီး က ပလေတို ကို ဂျုံခင်းထဲ နောက်ပြန်မလှည့်တမ်း တစ်ခေါက်သွားစေပြီး

သွားရာလမ်းတစ်လျှောက်မှာ "အကောင်းဆုံး၊ အကြီးဆုံး ဂျုံနှံတစ်ခု"ကိုခူးစေခဲ့တယ်။

ဆရာခိုင်းတာ အရမ်းလွယ်တယ်ထင်တဲ့ ပလေတို က ကိုယ့်ကိုယ်

ယုံကြည်မှုအပြည့်နဲ့ဂျုံခင်းထဲဝင်ခဲ့တယ်။ နေ့တစ်ဝက်ကုန်တဲ့အထိ သူဟာ ဂျုံခင်းထဲမှာပဲ ရှိနေခဲ့ပြီး

နောက်ဆုံးမှာ လက်ဗလာနဲ့ ခေါင်းငိုက်စိုက် ပြန်လာခဲ့ရတယ်။

ဆိုကရေတီးရှေ့ရောက်တော့ "အကောင်းဆုံးလို့ ထင်တဲ့ ဂျုံနှံကိုကျွန်တော် တွေ့ခဲ့ပါတယ်။

ဒါပေမဲ့ တစ်နှံပဲ ခူးရမယ်ဆိုတော့ အကောင်းဆုံးမှ ဟုတ်ပါ့မလားလို့ ထင်ပြီးမခူးခဲ့ဘူး။

ဒီထက်ကောင်းတဲ့ အနှံ ရှိဦးမယ်ဆိုတဲ့ အတွေးနဲ့ ယာခင်းအဆုံးထိ ကျွန်တော်ရောက်ခဲ့မှ

လက်ထဲမှာ ဘာမှမပါခဲ့မှန်း သတိထားမိတော့တယ်" လို့ ပြောတော့

ဆိုကရေတီးက "အဲဒါ..အချစ်" လို့ ပြောပြခဲ့တယ်။



Xx တစ်နေ့မှာ ပလေတို က ဆရာ ဆိုကရေတီး ကို "လက်ထပ်ခြင်းဆိုတာ ဘာလဲ"လို့ မေးပြန်သတဲ့။

ဆိုကရေတီး က ပလေတို ကို ထင်းရူးတောထဲ နောက်ပြန် မလှည့်တမ်း တစ်ခေါက်သွားစေပြီး

သွားရာ လမ်းတစ်လျှောက်မှာ ခရစ်စမတ်အတွက် အသုံးပြုဖို့ အကောင်းဆုံး ထင်းရူးပင် တစ်ပင်ကို ယူစေခဲ့တယ်။

သင်္ခန်းစာ တစ်ခါ ရခဲ့ဖူးတဲ့ ပလေတို က ဒီတစ်ကြိမ်မှာ အမှားအယွင်းမရှိအောင် ယုံကြည်မှုအပြည့်နဲ့ ထင်းရူးတောထဲ ၀င်ခဲ့တယ်။

နေ့တစ်ဝက်ရောက်တော့ အရွက်ကျိုးတို.ကျဲတဲ့၊ ပင်စည်ဖြောင့်တယ်လို့ ပြောနိုင်တဲ့ ထင်းရူးပင်တစ်ပင်ကို နွမ်းနယ်တဲ့ ခန္ဓာကိုယ်နဲ့ သူထမ်းပြီး ပြန်လာခဲ့တယ်။

"ဒါက အကောင်းဆုံး ထင်းရူးပင်လား" လို့ ဆိုကရေတီးက မေးတော့

"တစ်ပင်ပဲ ယူရမယ်ဆိုလို့ အကောင်းဆုံးကို တွေ့လိုတွေ့ငြား လိုက်ရှာရင်း

မဆိုးဘူးလို့ ထင်တဲ့ အပင်ကိုတွေ့တော့ ကျွန်တော့်မှာ အချိန်ရော၊ အင်အားပါ ကုန်ခမ်းနေတာကို သတိပြုလိုက်မိတယ်။

ဒါကြောင့် အကောင်းဆုံးလား ဘာလားဆိုတာ ဂရုမစိုက်တော့ဘဲ ယူပြန်လာခဲ့တာပါ"

လို့ပြောတော့ ဆိုကရေတီး က "အဲဒါ လက်ထပ်ခြင်း" လို့ ပြောပြခဲ့တယ်။



xxတစ်နေ့မှာ ပလေတို က ဆရာ ဆိုကရေတီး ကို "တိတ်တိတ်ပုန်း''ဆိုတာ ဘာလဲလို့မေးပြန်သတဲ့။

ဒီတစ်ခါ ဆိုကရေတီး က ပလေတိုကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။

ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ "အလှဆုံး ပန်းတစ်ပွင့် "ကို ယူခိုင်းစေခဲ့တယ်။

ဒီတစ်ခါလည်း ပလေတို က ယုံကြည်မှုအပြည့်နဲ့ ထွက်ခဲ့ပြန်တယ်။

(၂)နာရီ နီးပါးကြာတော့ စိတ်မသက်မသာနဲ့ အရောင်စုံပြီး အနည်းငယ် ညှိုးနွမ်းနေတဲ့ပန်းတစ်ပွင့်ကို ယူဆောင်ခဲ့တယ်။

"ဒါက အလှဆုံး ပန်းလား" လို့ ဆိုကရေတီး က မေးတော့

"၂နာရီနီးပါး ကျွန်တော်လိုက်ရှာတော့ အလှဆုံးလို့ ထင်ရတဲ့

ဒီပန်းကို ကျွန်တော်တွေ့ပြီး ခူးလာခဲ့တယ်။ အပြန်လမ်းမှာ ပန်းက တဖြေးဖြေး ညှိုးနွမ်းသွားခဲ့တယ်" လို့

ပြောတော့ ဆိုကရေတီး က "အဲဒါ တိတ်တိတ်ပုန်း" လို့ ဆိုတယ်။



Xx တစ်နေ့မှာ ပလေတို က ဆိုကရေတီး ကို ဘ၀ဆိုတာ ဘာလဲလို့ မေးပြန်သတဲ့။

ဆိုကရေတီး က အထက်ကအတိုင်း ပလေတို ကို တောထဲတစ်ခေါက် လမ်းလျှောက်စေခဲ့တယ်။

ဒီတစ်ကြိမ်မှာ ခေါက်တုန့်ခေါက်ပြန် လျှောက်လို့ရပြီး သွားရာလမ်းတစ်လျှောက်မှာ "အလှဆုံး ပန်းတစ်ပွင့် "ကို ယူခိုင်းစေခဲ့တယ်။

သင်္ခန်းစာ ရထားဖူးတော့ ပလေတို က သတိရှိရှိနဲ့ ထွက်ခဲ့ပြန်တယ်။

သုံးရက် သုံးညလွန်မြောက်တဲ့အထိ ပလေတို ပြန်မလာလို့ ဆိုကရေတီး က လိုက်ရှာတော့

တောအုပ်တစ်နေရာမှာ ပလေတို တဲထိုးပြီး နေနေတာကို တွေ့လိုက်တယ်။

"အလှဆုံးပန်းကို ရှာတွေ့ပြီလား" လို့ မေးတော့

ပလေတို က ပန်းတစ်ပွင့်ကို ထိုးပြပြီး "ဒီတစ်ပွင့်ကို အလှဆုံးလို့ ဆိုနိုင်မလား" လို့ မေးတယ်။

"ဒါဆို ဘာလို့ ခူးမပြန်လာတာလဲ"

"ကျွန်တော် ခူးလိုက်ရင် ပန်းက နွမ်းသွားတော့မယ်။

ကျွန်တော် မခူးရင်လဲ သူနွမ်းသွားမယ်ဆိုတာ သိပါတယ်။

ဒါကြောင့် လှလှပပ ဖူးပွင့်နေတာကို ကြည့်ပြီး

သူ ညှိုးနွမ်းသွားမှ နောက်တစ်ပွင့်ကို ကျွန်တော် ထပ်ရှာတော့မယ်။

ဒါ ကျွန်တော် တွေ့ခဲ့တဲ့ ပန်းထဲက အလှဆုံး ဒုတိယ ပန်းတစ်ပွင့်ပါပဲ"

"အင်း.. ဘ၀ ရဲ့ အဓိပ္ပါယ်ကို မင်းနားလည်ခဲ့ပြီပဲ" လို့ ဆိုကရေတီး က ပလေတို ကိုပြောခဲ့တယ်။

သင် တစ်ယောက်တည်း ရှိနေချိန် heart attack ရခဲ့သော်

သင် တစ်ယောက်တည်း ရှိနေချိန် heart attack ရခဲ့သော်
for everyone

သင် တစ်ယောက်တည်း ရှိနေချိန် heart attack ရခဲ့သော် (သို့ ) နှလုံးအဆုတ်
အသက်ကယ်နည်း CPR



ညနေ ၆း၁၅ လောက်မှာ သင်ဟာအိမ်ကိုတစ်ယောက်တည်းပြန်လာ
နေတယ် ဆိုကြပါစို့ ။
အလုပ်မှာကလည်း စိတ်လှုပ်ရှားပင်ပန်းခဲ့ တဲ့ နေ့ ဆိုပါတော့။ သင်ဟာ တကယ်မောပန်း
စိတ်ပျက်နေတဲ့အချိန်ပါပဲ။ ဒီချိန်မှာရုတ်တရက် ရင်ခေါင်းထဲက
ပြင်းထန်တင်းကြပ်နာကျင်မှုမျိုး သင်ခံစားလိုက်ရပါတယ်။အထဲက လက်နဲ့
ဆွဲဆုပ်ညှစ်ထားသလိုမျိုး၊ ရင်ဘတ်ပေါ် လူတစ်ယောက်တက် ထိုင်ထားသလိုမျိုး
ခံစားရပြီး အရမ်းပြင်းထန်လို့ ချွေးသီး ချွေးပေါက်တွေတောင် ကျလာပါတယ်။
ဒီနာကျင်မှုဟာ လက်မောင်းတွေ၊ မေးရိုးတွေအထိ ထုံကျင်ပျံ့ နှံ့ သွားပါတယ်။ ဒီတော့
သင် ကြားဖူးထားလို့ သိလိုက်ရတာက ဒါဟာနှလုံးသွေးကြောပိတ်ပြီး နှလုံးက
အောက်စီဂျင် မရတဲ့ရောဂါ ( Ischaemic Heart Disease ) ရဲ
့နှလုံးရုတ်တရက်ထဖောက်ခြင်း ( Heart Attack) ဆိုတာပါပဲ။ ကံဆိုးစွာပဲ သင်နဲ့
အနီးဆုံးဆေးရုံဆေးခန်းဟာ ၅မိုင်လောက် ဝေးပါတယ်။ ဒီချိန်မှာ နောက်
တစ်မိနစ်လောက်တောင် သင်အသက်ဆက် ရှင်နိုင်ပါတော့မလားလို့ ထင်ရလောက်အောင်
ဝေဒနာကလဲ ဆိုးဝါးလာပါတယ်။ ဒါဆို သင်ဘာလုပ်မလဲ........?

သင်အရင်တုန်းက Cardiopulmonary Resuscitation, CPR လို့ ခေါ်တဲ့
အရေးပေါ်နှလုံးအဆုတ် အသက်ကယ်နည်းကို သင်ခဲ့ရဖူးမှာပါ။ လူနာကို ရင်ဘတ်ပေါ်ကနေ
လက်နဲ့နှလုံးကို ၃ ချက်နှိုးလိုက်၊ လူနာကိုနှာ ခေါင်းပိတ်ပြီး ပါးစပ်ကနေ ၁ ချက်
လေမှုတ်သွင်းပေးလိုက် စည်းချက် ကျကျလုပ်ရတာဆိုတာ သင်သိပါတယ်။ အခုသင့်ကို
ဒီလိုလုပ်ပေးဖို့ လိုလာပြီဆိုတာ သင်သိလိုက်ပါပြီ။ ဒါပေမယ့် အနားမှာ
လူတစ်ယောက်မှ မရှိတဲ့နေရာကို သင်ရောက်နေတယ်ဆိုရင် သူများကို
ဘယ်လိုလုပ်ခိုင်းမလဲ။ ဒီအတွက် လူတိုင်းကိုယ့်ကိုယ်ကို လုပ်လို့ ရတဲ့ CPR
အသက်ကယ်နည်းကို တင်ပြပေးချင်ပါတယ်။

CPR ဆိုတာ heart attack ရလို့ ။ဓာတ်လိုက်သွားလို့ ၊ ရေနစ်လို့ ၊
အကြောင်းကြောင်းကြောင့် အသက်ရှူရပ်သွားလို့  စတာတွေဖြစ်ခဲ့ရင် လူနာရဲ့ အသက်ကို
ကယ်တင်ဖို့ နှလုံးနဲ့ အဆုတ်ကို ပုံမှန်အလုပ် ပြန်လုပ်အောင်
နှိုးပေးတာဖြစ်ပါတယ်။ ပါးစပ်ကနေ လေမှုတ်သွင်း အသက်ရှူစေခြင်းနဲ
့နှလုံးဖိနှိုးခြင်း ဆိုပြီး နှစ်ပိုင်းပါပါတယ်။ကမ္ဘာပေါ်မှာ နှစ်တိုင်း heart
attack ၊ အဆိပ်မိခြင်း၊ ရေနစ်ခြင်း စတာတွေကြောင့် နှစ်စဉ်လူတွေသန်းနဲ့ချီ
သေနေကြပါတယ်။ ဖြစ်ပြီးပြီးချင်း CPR သာလုပ်ပေးမယ်ဆိုရင် အများစုရဲ့  အသက်ကို
ကယ်လို့ ရမှာပါ။ ဒီတော့ လူတိုင်းဒီနည်းကို တတ်ထားသင့်တာပေါ့။ ဒါက ရိုးရိုးCPR
ကိုပြောတာပါ။ ဒါထက်အရေးကြီးတာက ကိုယ် တစ်ယောက်တည်း ရှိနေတဲ့အချိန် ရုတ်တရက်
heart attack ရတယ်။ လူကလဲမေ့မျောချင်လာပြီဆိုရင် ကိုယ့်ကိုယ်ကို CPR
လုပ်နည်းလေး မှတ်ထားကြပါ။

အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အားနဲ့ ချောင်း အဆက်မပြတ် လုပ်ဆိုးလိုက်ပါ။
ချောင်း တစ်ချက်ချင်းစီကိုလည်း ရင်ခေါင်းထဲကနေ ကြာကြာလေးဖြစ်အောင် ဆွဲဆိုးပါ။
သလိပ်တွေ ထွက်လာရင် ထွက်လာပလေ့ စေ။ အသက်ဆက်တိုက်ရှူပြီး ချောင်းဆက်တိုက်
ဆိုးပေးပါ။ အရမ်းမြန်ရင်တော့ ပိုမောစေလို့ မှန်မှန်ပဲလုပ်ပါ။ ဒါဟာသင့်အသက်ကို
သင်ကယ်နေတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းပိုပြီးနေလို့ ကောင်းလာတာ သင်ခံစားရမှာပါ။
သွားလိုတဲ့ဆေးရုံမရောက်သေးခင် ၊ကုသပေးမယ့် သူတွေမရောက်သေးခင် အထိ
ဒီလိုလုပ်ပေးပါ။

အသက်ပြင်းပြင်း ရှူလိုက်တော့ အဆုတ်ထဲလေတွေ အများကြီးဝင်လာပြီး လတ်တလော
အောက်စီဂျင်ပိုရစေပါတယ်။ ချောင်းဆိုးခြင်းက နှလုံးကို ဖျစ်ညှစ်ပေးပြီး
သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် နှလုံးပုံမှန်ပြန်ခုန်စေပြီး
နှလုံးရောဂါ ထဖောက်လာတဲ့လူနာက ဒီနည်းနဲ့ ဆေးရုံကို ဘေးကင်းစွာ
မျှော်လင့်ချက်ရှိရှိ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို
ဖတ်ပြီးပြီဖြစ်လို့ သင်ကိုယ်တိုင်ဖြစ်လာခဲ့ရင် CPR လုပ်ပြီး သင့်အသက်ကို
ကယ်ဆယ်ဖို့  သတိရပါ။ သူများတွေကိုလည်းဖြန့် ဝေပေးရင် အသက်ပေါင်း
မြောက်မြားစွာကို ကယ်တင်ပြီးသားဖြစ်မှာပါ။

( www.lucobest.multiply.com မှ ကူးယူတင်ပြပါသည် )

မိုနိုပိုလီကစားနည်းနဲ့တူတဲ့ လူ့ဘဝ ( အကျိုးရှိစေမယ့် ဘလော့လေးပါ )

လူရွယ်တစ်ယောက်ဟာ ပိုက်ဆံတွေအများကြီးရရင် မိသားစုတွေကို ဒီထက်ပိုကောင်းတဲ့ ဘဝပေးနိုင်လိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် အလုပ်တွေကို သူကြိုးစားပမ်းစားလုပ်ခဲ့တယ်။ သူ့ရဲ့အချိန်တော်တော်များများကို အလုပ်ထဲမှာပဲ နစ်မြုပ်ခဲ့တယ်။ တကယ်လည်း ပိုက်ဆံတွေအများကြီး သူရခဲ့ပါတယ်။ ကြီးပွားရေးလမ်းကြောထဲ သူဝင်လာချိန်မှာ ဇနီးဖြစ်သူက ရုတ်တရက် ကွာရှင်းခွင့်တောင်းခဲ့တယ်။ ဒီအတွက် သူနားမလည်နိုင်ဖြစ်ခဲ့တယ်။ ဇနီးဖြစ်သူက ဘဝမှာ ဘာပူပင်ကြောင့်ကြစရာမှ မလိုဘဲနဲ့ ဘာဖြစ်လို့ သူ့ဆီကွာရှင်းခွင့်တောင်းခဲ့သလဲ! ငွေကြေးတွေနဲ့ ပြည့်ပြည့်စုံစုံထားပါရက်နဲ့ ဘာဖြစ်လို့ မပြည့်ဝနိုင်သေးသလဲလို့ သူတွေးထင်ခဲ့တယ်။


တစ်နေ့မှာ သူဟာ ရွာကအဘွားဆီ စိတ်ပြေလက်ပျောက် ပြန်လည်ခဲ့တယ်။ ငယ်ငယ်လေးကတည်းက အဘွားအချစ်ကို ခံခဲ့ရတဲ့သူဟာ အဘွားကို အကြောင်းစုံရင်ဖွင့်လိုက်တယ်။ အဘွားက သူရင်ဖွင့်သမျှကို ဘာမှဝင်မပြောဘဲ ငြိမ်ငြိမ်လေးနားထောင်နေခဲ့တယ်။ သူပြောပြီးမှ အဘွားက စကားစတယ်။

"လာ.. မြေး.... ဘွားတို့ Monopoly ကစားရအောင်၊ မြေးငယ်ငယ်လေးတည်းက မိုနိုပိုလီကစားရတာကို ကြိုက်တယ်လေ!"

အဘွားရဲ့စကားက သူလုံးဝမျှော်လင့်မထားတဲ့ စကားဖြစ်တယ်။ ဂိမ်းကစားဖို့ သူနည်းနည်းလေးမှ စိတ်မပါခဲ့ဘူး။ ဒါပေမဲ့ ပျော်နေတဲ့အဘွားကိုကြည့်ပြီး သူ မငြင်းရက်ခဲ့လို့ သည်းခံပြီး အဘွားနဲ့သူကစားခဲ့တယ်။ အဘွားရဲ့လက်က ဂိမ်းကစားရတာ သွက်နေတယ်။ ခဏလေးအတွင်းမှာ ကစားတဲ့စက္ကူပေါ်မှာ အဘွားဆောက်ထားတဲ့ "အိမ်"တွေနဲ့ ပြည့်နေခဲ့တယ်။ အဘွားရဲ့လက်ထဲမှာလည်း ကစားပွဲထဲပါတဲ့ "ငွေ"တွေကို ဆုပ်ကိုင်ထားတယ်။ ဒီကစားပွဲမှာ အဘွားက အောင်နိုင်သူဖြစ်တယ်။

အဘွားက ပလပ်စတစ်အိမ်လေးတွေနဲ့ ငွေစက္ကူအတုတွေကို ဘူးတစ်ခုထဲ သိမ်းထားလိုက်တယ်။ ပြီးတော့ သူ့ဘက်လှည့်ပြီး "မြေးရေ... တကယ်ဆိုရင် လူ့ဘဝက မိုနိုပိုလီကစားနေတာနဲ့ အတူတူပဲ။ ကစားပွဲပြီးရင် ဘယ်လောက်များတဲ့ ငွေကြေးပဲဖြစ်ဖြစ်၊ အိမ်၊ အာဏာပဲဖြစ်ဖြစ် သူ့နေရာနဲ့သူ ဘူးထဲအသိမ်းခံလိုက်ရတယ်။ ပြီးရင် အဲဒီအရာတွေကို လူတွေက ခဏလေးနဲ့ မေ့သွားကြတယ်" လို့ပြောတယ်။

အဘွားစကားကို နားထောင်ပြီး "ဟုတ်တယ်.. ဘွား.. လူ့ဘဝက မိုနိုပိုလီကစားနည်းနဲ့ သိပ်တူတယ်" လို့ စဉ်းစားရင်း သူပြန်ပြောတယ်။

"ဒါပေမဲ့ လူ့ဘဝနဲ့ မိုနိုပိုလီရဲ့ခြားနားချက်ကို ငါ့ မြေးသိရဲ့လား"

အဘွားအမေးကို သူခေါင်းခါပြလိုက်တယ်။ အဘွားက နှစ်နှစ်လိုလိုပြုံးပြီး "မိုနိုပိုလီကစားပြီးရင် ဘာမှကျန်မနေခဲ့ဘူး။ ဒါပေမဲ့ လူ့ဘဝက ပြီးသွားရင် ချစ်ခြင်းမေတ္တာတွေ အများကြီးကျန်ခဲ့တယ်"လို့ ပြောတယ်။

အဘွားစကားက သူ့ကို မျက်ရည်ကျလုလုဖြစ်စေခဲ့တယ်။ အခုမှ သူအရာရာကို သူသဘောပေါက် နားလည်လာခဲ့တယ်။ ပိုက်ဆံငွေကြေးတွေကိုပဲ သူအသဲအသန်လိုက်ရှာပြီး မိသားစုတွေကို ပေးခဲ့တယ်။ သူတို့အတွက် ချစ်ခြင်းမေတ္တာပေးဖို့ကိုတော့ သူမေ့နေခဲ့တယ်။

လူတချို့က လူ့ဘဝကို ကစားနည်းတစ်ခုလို့ သတ်မှတ်ကြတယ်။ ကစားပွဲပြီးရင် ဖုန်မှုန်က ဖုန်မှုန်နေရာ၊ မြေကြီးက မြေကြီးနေရာပြန်ရောက်ပြီး နောက်ဆုံးမှာ "ချစ်ခြင်းမေတ္တာ"ကသာ အလွယ်တကူ မေ့ပျောက်မသွားဘဲ ကျန်ရစ်ခဲ့တာဖြစ်တယ်။

သက်ရှိထင်ရှားရှိနေတဲ့ ကျွန်တော်တို့က ဒီသဘောတရားကို အမြဲမေ့နေခဲ့ကြတယ်။ "ချစ်ခြင်းမေတ္တာ" ကိုစတေးခံပြီး များပြားတဲ့"ငွေကြေး"တွေ လှဲလှယ်ခဲ့ကြတယ်။ ငွေရှိရင် ချစ်ခြင်းမေတ္တာရှိမယ်လို့ မှားယွင်းယုံကြည်ခဲ့ကြတယ်။

လွန်ခဲ့တဲ့နှစ်များဆီက သတင်းတစ်ခုကို ကျွန်တော်မှတ်မှတ်ရရ ရှိနေခဲ့သေးတယ်။ သတင်းက အလယ်အလတ်တန်းစား မိသားစုတစ်စုက အဘိုးအိုတစ်ဦးဟာ သန်းချီတဲ့ထီ ပေါက်ခဲ့တယ်။ ဒါဟာ မိုးပေါ်ကကျလာတဲ့ "ကံကောင်းခြင်း"လို့ လူတွေထင်မြင်ခဲ့ပေမယ့် များပြားတဲ့ ဒီငွေကြေးတွေက အဘိုးအိုအတွက် "ကျိန်စာ" ဖြစ်ခဲ့တယ်။

ထီမပေါက်ခင်မှာ သားသမီးတွေက အဘိုးအိုကို ဂရုစိုက်စောင့်ရှောက်ကြပါတယ်။ အချင်းချင်းလည်း သင့်မြတ်ကြတယ်။ ဒါပေမဲ့ ထီပေါက်ပြီးတဲ့နောက်ပိုင်း သားသမီးတွေရဲ့ စိတ်ထဲမှာ သံသယအမျိုးမျိုး ထားလာခဲ့ကြတယ်။ အဘိုးအို ကျန်းကျန်းမာမာ ရှိနေဆဲမှာ သားသမီးတွေက အိမ်ခွဲဖို့၊ အမွေခွဲဖို့ကိစ္စအတွက် ဆူပူရန်ဖြစ်ကြတော့တယ်။ နောက်ဆုံးမှာ သားအငယ်တစ်ယောက်က သားကြီးကို သတ်ဖြတ်ခဲ့တဲ့အထိ ဖြစ်ခဲ့တယ်။

တကယ်တော့ "ပိုက်ဆံငွေကြေး"ဆိုတာ နတ်ဆိုးလည်းမဟုတ်သလို အိန်ဂျယ်လ်လည်း မဟုတ်ခဲ့ပါဘူး။ ပိုက်ဆံမှာ နဂိုကတည်းက အမှားအမှန်ဆိုတာ မရှိခဲ့ဘူး။ လူတွေရဲ့တွေးထင်တာ၊ ပြုမူတာနောက်လိုက်ပြီး ပြောင်းသွားတာဖြစ်တယ်။

တကယ်လို့ ကျွန်တော်တို့က ငွေကြေးရဲ့ အရှင်သခင်လုပ်မယ်ဆိုရင် ငွေကြေးက ကျွန်တော်တို့ကို ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်းတွေ သယ်ဆောင်ပေးလာနိုင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့က ငွေကြေးရဲ့ကျေးကျွန်လုပ်မယ်ဆိုရင် မသိမသာနဲ့ ကျွန်တော်တို့ဟာ လောဘကြီးသူဖြစ်လာနိုင်တဲ့အပြင် ငွေကြေးနောက် မျက်စိမှိတ်ဇွတ်လိုက်ခဲ့ရင် တခြားတန်ဖိုးထားသင့်တဲ့အရာတွေကို ကျွန်တော်တို့ လက်လွတ်ဆုံးရှုံးမိတတ်ပါတယ်။

လူ့ဘဝက မိုနိုပိုလီကစားတာနဲ့ တူပါတယ်။ ကစားပွဲပြီးရင် ငွေကြေး၊ နေရာတွေက သူ့နေရာသူ ပြန်ရောက်သွားတယ်။ ကိုယ့်ဆီမှာ ဘာမှမကျန်ခဲ့ဘူး။ ဒါပေမဲ့ လူ့ဘဝနဲ့ ကစားနည်းမတူတာက လူ့ဘဝမှာ ချစ်ခြင်းမေတ္တာက အမှတ်တရအဖြစ်၊ မပျောက်မပျက်၊ မမေ့မလျော့ဘဲ ထာဝရကျန်ရှိနေခဲ့ပါတယ်။

မူရင်း-- http://share.youthwant.com.tw/sh?id=31023318&do=D

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About