အောင်မြင်ချင်သူတိုင်း ရှိထားသင့်တဲ့ အကျင့်လေးတွေထဲက တစ်ခု

၁. ပါစပ်ပိတ်ထားပါ….
ဟုတ်တယ်နော် တစ်ဦးတစ်ယောက်နဲ့ ပြောဆိုညှိနှိုင်းတဲ့အခါ တစ်ဖက်သားရဲ့ ပြောဆိုတာတွေကို စိတ်ဝင်စားကာ အဆုံးသတ်ကို ပါစပ်ပိတ်ပြီး အလေးထား နားထောင်ခြင်းက တစ်ဖက်သားကို လေးစားမှုပေးသလိုလည်းဖြစ်တယ် ဒါပေမယ့်လေ အဲ့အကျင့်လေးက တကယ် ပြုလုပ်တဲ့အချိန်မှာတော့ မလွယ်လှဘူး သိလား…အမြဲ သတိထားပြီး ထိန်းနေရတယ် အကျင့်မရခင်ထိပေါ့…အကျင့်ဖြစ်သွားရင်တော့ အဲ့အကျင့်လေးရဲ့ အကျိုးကျေးဇူးလေးတွေ ဘယ်လောက်ထိရှိတယ်ဆိုတာ ယုယ မပြောပြတော့ဘူးနော်….သူငယ်ချင်းတို့ လက်တွေ့စမ်းသတ်ကြည့်ပေါ့
၂. သည်းခံစောင့်ပါ….
စောင့်တယ်ဆိုတဲ့ အလုပ်ကို သူငယ်ချင်းတို့တော့ မသိဘူး ယုယ အတွက်တော့ တော်တော် မလွယ်တဲ့အလုပ်….အဲ့ မစောင့်တဲ့ အကျင့်လေးတွေကြောင့် အခက်အခဲတော်တော်များ ကြုံခဲ့ရဖူးတယ်…အဲ့သည်းခံစောင့်ဆိုင်းစိတ်လေးကို ကျင့်သုံးကြည့်တော့ တကယ် အကျိုးရှိခဲ့တာတွေ အများကြီး…. လွယ်လွယ်ပြောရရင်….ယုယ တို့ သူငယ်ချင်းတွေ အလောင်းတော်ကသဖ ကို ဘုရားဖူးသွားတုန်းက ယုယ တို့ရောက်တဲ့အချိန် ဆင်တွေမရှိတော့ဘူး…ဘုရားပေါ်ကို ခြေချင်တတ်ခဲ့ရတာပေါ့..ပြန်ဆင်းတဲ့အချိန်ကျတော့ ဘုရားဖူးတွေများနေတော့ ဆင်တွေက ပြည့်နေတယ်လေ….ယုယ သူငယ်ချင်းတွေက စိတ်မရှည်တော့ မစောင့်နိုင်ကြဘူးပေါ့…အဲ့တုန်းက ယုယ က အဲ့အကျင့်လေးကို သိတာတော့မဟုတ်ဘူး ….ဆင် စီးချင်တာလေ ဒီတော့ တစ်ယောက်တည်း စောင့်တာပေါ့ စိတ်ရှည်စွာနဲ့…..အဲ့ ယုယ စိတ်ရှည်ရကျိုးနပ်ခဲ့တယ်…ယုယ ဆင်စီးခဲ့ရတယ်….သူတို့တွေ မောမောနဲ့ အောက်ဆင်းတဲ့အချိန် ဆင်ပေါ်ကနေ လက်ပြပြီး ပြောင်ပြခဲ့တာ ခုထိ မှတ်မှတ်ရရပါဘဲ ဘာလို့လဲဆိုတော့ယုယ တို့ သူငယ်ချင်းတွေ အားလုံး ထဲ ယုယတစ်ယောက်တည်း ဆင်စီးခဲ့ရတာကိုး …စောင့်ဆိုင်းချင်းရဲ့ အကျိုးလေးပေါ့…..ဆိုင်လာတော့ မသိပါဘူုး….
၃. တစ်ဖက်သားရဲ့ အမြင်ကို လေးစားပါတဲ့…..
ဟုတ်တယ် နော် တစ်ချို့တွေက ငါ မှန်တယ် ငါတော်တယ် ဆိုပြီး တစ်ဖက်လူရဲ့ အမြင်ကို မလေးစားတတ်ကြဘူး …ကိုယ့်လက်အောက်ငယ်သားဆိုပေမယ့် တစ်ချို့ အထင်လေးတွေက လက်ခံသင့်ရင် လက်ခံရတယ် …
၎.မမျှော်လင့်တဲ့နေရာမှာ လူကဲခတ်ပါ…
ဥပမာ လူ၂ယောက် ဆွေးနွေးဖို့ ကိုယ့်ဆီလာတယ် ဆိုပါစို့…..တစ်ခါမှ မမြင်ဖူးဘူး…အဆင့်အတန်းကိုကြည့်ပြီး အဓိက ကျတဲ့သူဟာ ဘယ်သူလဲ မသိနိုင်ဘူး ပေါ့…ဒါပေမယ့် သူတို့ ၀င်ထိုင်တဲ့ ထိုင်ခုံအနေထားပေါ် …အရင်ထိုင် ခြင်း နောက်မှ ထိုင်ခြင်း စသဖြင့်ပေါ့ ဘယ်သူက အဓိကလဲဆိုတာ ခန့်မှန်းနိုင်တယ်ပေါ့…..
၅. လူကိုယ်တိုင် ဆက်သွယ်ပါ
ကိုယ် ရဲ့ CUSTOMER အပေါ် ကိုယ့်လက်အောက်ဝန်ထမ်း နဲ့ ဆက်ဆံတာထက် အရေးကြီးတဲ့ အကြောင်းအရာတွေ၊ တစ်ချို့ လူမှုရေးတွေမှာ လူကိုယ်တိုင် ဆက်သွယ်ခြင်း သွားရောက်ခြင်း ဥပမာ လူမမာ သတင်းမေးခြင်း မင်္ဂလာ အခမ်းအနားကို သွားခြင်း စသဖြင့်ပေါ့ မိမိကိုယ်တိုင် နာရီဝက်သွားခြင်းက တခြားသူကို ၂နာရီလောက် သွားခြင်းထက် ပိုပြီး အကျိုးရှိစေမယ်ဆိုတာ သတိထားသင့်ပါတယ်………….

အမျိုးသမီးတိုင်း ရှိသင့်သော ဖိနပ်လေးရန်

ဖိနပ်ဆိုတာ အမျိုးသမီးတွေရဲ့ သည်းခြေကြိုက်ပါပဲ၊ ဖိနပ်လှလှလေးတွေတွေ့တိုင်း ၀ယ်ပြီးသိမ်းထား လိုကြပါတယ်။ လှပပြီး ပုံစံဆန်းရင်သာ ၀ယ်ထားတတ်ကြတာကြောင့် ဖိနပ်တွေများပေမယ့် တကယ့်အသုံးလိုတဲ့ဖိနပ်တွေ မရှိဖြစ်နေတတ်ပါတယ်။ ကြိုက်လွန်းလို့သာ ၀ယ်ထားပေမယ့် အရမ်းပြောင်လက်တောက်ပနေရင် အပြင်စီးရမှာ နှမြောတာတို့၊ အရမ်းပုံစံဆန်းနေရင် အ၀တ်အစားနဲ့မလိုက် ဖြစ်နေတာတို့ဖြစ်ပြီး တကယ်မစီးဖြစ်ဘဲ ဗီရိုထဲမှာ အလှကြည့်သိမ်းထားရုံ သက်သက်သာ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တကယ်လိုအပ်တဲ့ ဖိနပ်လေးရန်ကို အကြံပေးလိုက်ပါတယ်။

ကတ္တီပါ ညှပ်ဖိနပ်---
မြန်မာမိန်းကလေးတွေအတွက် ကတ္တီပါဖိနပ်တရန်ကတော့ မရှိမဖြစ် လိုအပ်လှပါတယ်။ မြန်မာ့ရိုးရာ ထဘီနဲ့ အလိုက်ဖက်ဆုံးက ကတ္တီပါ ညှပ်ဖိနပ်ပါပဲ။ ဒါ့အပြင် ကတ္တီပါညှပ်ဖိနပ်က ပေါ့ပါးပြီး စီးရတာ သက်သောင့်သက်သာလည်း ရှိလှပါတယ်။

အလုပ်သွားဖိနပ်---
အလုပ်သွားဖို့အတွက် စမတ်ကျတဲ့ ဖိနပ်တရန်လည်း လိုအပ်ပါတယ်။ အလုပ်က စကတ်တိုယူနီဖောင်း အနေနဲ့ ၀တ်ဆင်ရမယ်ဆိုရင် ပိုပြီးလိုအပ်ပါတယ်။ အင်တာဗျူးဖြေရာမှာ၊ အရေးကြီးတဲ့ အစည်းအဝေး၊ တွေ့ဆုံခြင်းမျိုးမှာ အဲလိုဖိနပ်တရန်ကို စမတ်ကျကျဝတ်ဖို့လိုအပ်တယ်။ အလုပ်သွားဖိနပ်တွေကတော့ များသောအားဖြင့် အနက်ရောင်ရှူးဖိနပ်ဖြစ်ပြီး ဒေါက်အမြင့် နှစ်လက်မလောက်သာရှိတတ်ပါတယ်။ အရပ်ရှည်သလိုဖြစ်စေပြီး ၀တ်ရတာ သက်သောင့်သက်သာရှိတဲ့အပြင် စမတ်ကျပါတယ်။

ပွဲတက်ဒေါက်မြင့်ဖိနပ်---
မိန်းကလေးတွေအနေနဲ့ ဘယ်ပွဲသွားသွား၊ အလှဆုံး၊ အထင်ပေါ်ဆုံး ဖြစ်ချင်နေတတ်တာ သဘာဝပါ။ ဒါကြောင့် လူတွေကြားထဲ ထင်းခနဲပေါ်လွင်စေမယ့် ဒေါက်ဖိနပ်လှလှတရန်လောက်တော့ လိုပါတယ်။ ၀တ်ထားတဲ့ ဂါဝန်၊ ၀တ်စုံလေးက လှရဲ့နဲ့ ဖိနပ်ကြီးက အောက်နေရင် ဘယ်ဟုတ်လိမ့်မလဲ၊ ဒါကြောင့် ပွဲတက်ဝတ်စုံတွေနဲ့ လိုက်ဖက်မယ့် ဒေါက်ဖိနပ်လှလှလေးတရန်လည်း လိုအပ်ပါတယ်။

ဝေါ့ကင်းရှူး---
ဂျင်းဘောင်းဘီကို ဝေါ့ကင်းရှူးနဲ့ တွဲပြီးဝတ်တဲ့ခေတ် မဟုတ်တော့ပေမယ့် ဝေါ့ကင်းရှူးတရန်လောက်တော့ လိုပါတယ်။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ရာမှာ၊ လမ်းလျှောက်လေ့ကျင့်ရာမှာ၊ Gym သွားရာမှာ ၀တ်ဖို့ ဝေါ့ကင်းရှူးလှလှတရန် ရှိသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်လေ့မရှိသူဆိုရင်တောင် လမ်းများများ လျှောက်ရတဲ့ ခရီးသွားတဲ့အခါ ဝေါ့ကင်းရှူးတော့လိုမှာပါ။ ဝေါ့ကင်းရှူးမကြိုက်ရင် All star Canvas ရှူးထိနပ်တွေကလည်း စတိုင်ကျပါတယ်။

မိန်းကလေးများအတွက် ဘ၀ ဒဿန

(၁) သင့်မှာ အဝတ်အစားတွေ အများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့မလိုက်ဖက်တော့တဲ့ ဇာပန်းထည်တွေကို ခေါက်သိမ်းလိုက်ပါ။

သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေဖြစ်နေပါစေ။


 


(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။ Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေးမတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေဖြစ်တယ်။



(၃) အချစ်ကို သင်ယုံကြည်လို့ရတယ်။ ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင်လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။ တော်ထက်တဲ့ယောက်ျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူမဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။


(၄) ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။ ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု..... ဘုရားသခင်က သင့်ကို လှပတဲ့မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။



(၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။ ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ကပေးတဲ့ အဖိုးတန်ဈေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင်လက်ခံယူမလဲ! ဇနီးမယား? ချစ်သူရည်းစား? တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူးဆိုခဲ့ရင် ဒီလက်ဆောင်အတွက် ဘယ်လိုပေးဆပ်ခြင်းမျိုးကို သင်ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။


(၆) ရိုးသားလို့ရတယ်၊ ဒါပေမဲ့ ရိုးစင်းနုံအလို့ မရဘူး။ ရိုးရှင်းလို့ရတယ်၊ ဒါပေမဲ့ အလွယ်လိုက်လို့မရဘူး။ အိမ်အလုပ်၊ အိမ်ပစ္စည်းတွေကို သင်နားမလည်လို့ရတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေရဲ့ အညွန်းစာအုပ်ကို သင်ဖတ်နိုင်ရမယ်။ ကိုယ့်အပေါ် ကူညီခဲ့သူတွေအတွက် ကျေးဇူးတရားကို ရင်ထဲအမြဲထည့်ထားပါ။ ကိုယ့်အပေါ် ကဲ့ရဲ့လှောင်ပြောင်သူတွေအတွက် ပုံမန်၊ သာမန်စိတ်ကိုမွေးပါ။


(၇) ငွေကြေးတွေကို အမြော်အမြင်ရှိရှိ သုံးပါ။ ကိုယ့်အတွက် ကောင်းမွန်တဲ့အတွင်းခံ၊ ဖိနပ်တွေဝယ်ဖို့ မနှမြောပါနဲ့။ အပြင်ပန်းလှပအောင် ဝတ်ဆင်တယ်ဆိုတာ သူတစ်ပါးကြည့်ဖို့အတွက်ပါ။ ဒါဟာ ဝင့်ဝါခြင်းကို ဝတ်ဆင်တာဖြစ်တယ်။ သင့်တော်ကောင်းမွန်တဲ့ အတွင်းဝတ်တွေက ကိုယ်တိုင်အတွက်ပါ။ ဒါဟာ သက်တောင့်သက်သာရှိခြင်းကို ဝတ်ဆင်တာဖြစ်တယ်။



(၈) လိုက်လျောညီထွေတဲ့စကားကို ပြောဆိုတတ်ရမယ်။ ကလေးကလားနိုင်တဲ့၊ ကပ်ချွဲနှပ်ချွဲစကားတွေက သင့်မှာရှိသင့်တဲ့ အမှတ်တံဆိပ်တွေ မဟုတ်ဘူး။ သင့်မှာ ဗဟုသုတမရှိလို့ရတယ်၊ ဒါပေမဲ့ အဆင့်အတန်းမရှိလို့ မရဘူး။ အမြင်မတူ၊ အသွင်ကွဲလို့ရတယ်။ ဒါပေမဲ့ လေးစားရိုသေမှုတော့ ရှိရတယ်။ ဖြစ်ခဲ့၊ ပျက်ခဲ့တဲ့အကြောင်းကိုပဲ ထပ်တလဲလဲ နာနာကျင်ကျင် မရွတ်ဆိုပါနဲ့။ ဒေါသထွက်နေတုန်း စကားတစ်ခွန်းပြောဖို့ ၁ကနေ ၂ဝအထိ ရေတွက်ပြီးမှ ပြောပါ။


(၉) သင်ဟာ တကိုယ်တည်းသမားပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် ဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက တစ်ပါးသူကို မှီတွယ်မယ်ဆိုတဲ့စိတ် မရှိဖို့ပဲလိုတယ်။ အရာရာတိုင်း သူတစ်ပါးကို အားကိုးနေလို့မဖြစ်ပါဘူး။ သိန်းသောင်းချီတဲ့ လခရနေတာက အကောင်းဆုံးပေါ့။ ထောင်ဂဏန်းလခဆိုလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုရှင်သန်အောင် ရပ်တည်နိုင်တဲ့အစွမ်း သင့်မှာရှိသေးတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်ယူစရာဖြစ်တယ်။


(၁ဝ) ဘဝကပေးတဲ့ အရာတိုင်းကို တန်းဖိုးထားမြတ်နိုးပါ၊ သင်ယူပါ။ အချစ်ခံရ၊ အနှစ်သက်ခံရတယ်ဆိုတာ ပျော်ရွှင်တဲ့ဥစ္စာပစ္စည်းဖြစ်တယ်။ သူတစ်ပါးကိုချစ်တယ်၊ နှစ်သက်တယ်ဆိုတာ ပျော်ရွှင်တဲ့ပေးဆပ်ခြင်းဖြစ်တယ်။ တကယ်လို့ သင့်ကို သူခွဲသွားမယ်ဆိုရင် ပြုံးပြုံးရွှင်ရွှင်နဲ့ တောင်းဆုတွေပေးပါ။ အထီးကျန်တာကို ဂုဏ်ရှိရှိခံယူတာက နာနာကျင်ကျင်ချစ်နေရတာထက်စာရင် ကောင်းပါတယ်။ ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ။ သူ့တစ်ပါးကို ခွင့်လွှတ်နားလည်တတ်ပါစေ။ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်၊ ခွင့်လွှတ်နားလည်တဲ့စိတ်၊ တာဝန်သိတတ်စိတ် .. စတဲ့စိတ်တွေ တစ်ခုမှ သင့်မှာ လျော့နေလို့ မဖြစ်ဘူးဆိုတာကို နားလည်ထားပါ။




(Source: နိုင်းနိုင်းစနေ - Friday, May 20, 2011 http://www.99sanay.com/)

လူပျိုကြီးဖြစ်ခါစ ဒုက္ခများ

လူပျိုကြီးဖြစ်ခါစ
ဒုက္ခများ
အင်း... ခေါင်းစဉ်ကြည့်တာနဲ့တင် ဘာရေးတော့မယ်ဆိုတာ ရိပ်မိလောက်ရောပေါ့နော့်။
ဘ၀ကံခေလေသူမို့ ရုပ်ရည်လေးသနားကမားရှိတာတောင် မစွံ့နိုင်ရှာသေးသူလေးပါခင်ဗျာ။
တကယ်ပါ၊ အရင်ကတည်းက ကလေးလိုလိုခွေးလိုလို မလောက်လေးမလောက်စား ဘ၀ကို
ဖြတ်သန်းနေတတ်သူဆိုလေတော့ လူကြီးတို့ဘာသာဘာဝ ချစ်ကြင်ထိမ်းမြားလက်ထပ်...
အိမ်ထောင်တည်သားမွေးဆိုတာ ခေါင်းထဲတောင် ထည့်ခဲ့တာမဟုတ်ဘူးလေ။ မေးကြပါလိမ့်မယ်၊
ဒါဆို ရည်းစားစကားတွေ ပြောတုန်းက အတည်မကြံပဲ အပျော်ကြံတာလားပေါ့။ မဟုတ်ရေးချ
မဟုတ်ရပါခင်ဗျ။ အဲဒီအချိန် အဲဒီတုန်း(တွေ)ကတော့ ချစ်ချစ်ချစ်ချစ်နဲ့
ဓာတ်ဆီဆိုင်ရှေ့ဖြတ်မလျှောက်ရဲလောက်အောင် ဒိန်းတလိန်းနတ်မီးတွေ
ဟုန်းဟုန်းတောက်နေခဲ့သကိုး။

ဆိုတော့ကာ... ခေါင်းစဉ်ကို ပြန်ကောက်ပါဦးမယ်။ အသက်ကလေးကလည်း နှစ်ဆယ်ကျော်
အစိတ်ပိုင်းထဲ ဝင်လာပြီးမဟုတ်လား။ ကိုရွာသားတို့ ကိုလင်းဒီပတို့အမှူးပြုတဲ့
လူပျိုသိုးအုပ်စုကြီးထဲကို ဝင်မJoinလောက်သေးပေမယ့် အများအမြင်မတော့
လူပျိုကြီးတပိုင်းဖြစ်လာပြီပေါ့လေ။ တကယ်ပါ၊ ကိုယ့်ကိုယ်ကို လူပျိုကြီးနေနေသာသာ
လူပျိုလေးလို့တောင် သတ်မှတ်ချင်သေးတာမဟုတ်ဘူးရယ်။ ခုထိ ပေါ့ပေါ့နေ
ပေါ့ပေါ့စားလို့ ၁၀တန်းအောင်ခါစကောင်လေးတစ်ယောက်လိုပဲ ခံစားနေရတုန်းပဲလေ။
အရင်ကဆို အိမ်ထောင်ကျသွားတဲ့ သူငယ်ချင်းတစ်ယောက်များလာရင်
ကျွန်တော်တို့အုပ်လိုက် ဝိုင်းတွယ်နေကျပေါ့။ ခုတော့ ရွာထဲမှာလည်း
ဂျိုထောင်မရှိသလောက်ဖြစ်ကုန်ပါပြီလေ။

ကိုယ့်ဖာသာမသတ်မှတ်ချင်သေးပေမယ့် ပတ်ဝန်းကျင်ဆိုတာကြီးက
သတ်မှတ်ပေးလိုက်တော့လည်း ခံယုံပဲပေါ့။ အိမ်ထောင်ကျ ရည်းစားရတာ
ဘယ်လိုနေလဲဆိုတာတော့ တခါမှမကြုံဘူးလို့ ဘာမှပြောနိုင်မှာမဟုတ်ပါဘူး။ တခါတလေ
အချစ်ဝတ္ထုလေးရေးဖို့တောင် ကုန်ကြမ်းစိတ်ကူး ဖမ်းရတာမဟုတ်။ အဲ..
လူပျိုကြီးဖြစ်ရတဲ့ ဒုက္ခတွေကိုတော့ တော်တော်ပြောနိုင်ပါလိမ့်မယ်။ အကြီးဆုံးနဲ့
ခဏခဏ ကသိကအောက်ဖြစ်ရတာက ရည်းစားမရသေးဘူးလားလို့ အမေးခံရတာပါပဲ။
ရည်းစားမထားဖူးတာကိုပဲ လူဖြစ်ရှုံးသလိုလို၊ တခုခုပဲ ချို့ယွင်းနေသလိုလို
အထင်ခံရသဗျို့။ ခဏခဏအမေးခံရတော့လည်း ကိုယ့်ဖာသာကိုယ်တောင် သံသယ ဝင်ဝင်လာလို့
မနည်းအားတင်းထားရသဗျာ။

ဒီထဲမှာ အောင်သွယ်လာလုပ်ပေးသူတွေလည်း ရှိသဗျ။ ကိုကြီးရေ ဒီကောင်မလေးတော့
လွတ်နေသေးတယ်၊ ဖမ်းထားလိုက်.. ရော့ သူ့အကောင့်ဆိုတဲ့ပို့လုံးတွေ၊
သူငယ်ချင်းအချင်းချင်းပဲကွာ လွတ်နေသူချင်း ဖိနပ်တိုက်ဆေးနဲ့ သွားပွတ်တံ
တွဲရောင်းလဲ ဖြစ်တာပါပဲဆိုတဲ့ချွန်လုံးတွေ၊ အများကြီးပေါ့လေ။
တခြားလူတွေတော့မသိဘူး။ ကျွန်တော့် အဲလိုလာလုပ်ရင်တော့ ကုသိုလ်လုပ်တယ်လို့ပဲ
သဘောထားပါတယ်။ နားရှုပ်သွားလားမသိဘူး။ ဒီလိုလေဗျာ။ ကျောင်းမှာကတည်းက
ဟိုကောင်မလေး မိုက်သဟဆို နောက်နေ့ ခြင်းဆွဲပေးတဲ့လူနဲ့၊ ဒီတယောက်တော့
အေးအေးလေးဟေ့ဆို သတင်းစာထဲ စေ့စပ်ကြောင်းလမ်းတာ တလအတွင်းပါလာတာတို့
ဖြစ်ခဲ့တာကိုး။ (အံမယ်... မယုံမရှိနဲ့ ခုထိမှန်တုန်း ) ဖိုးသင်္ကြန်ကြီး
ချိန်ပြန်ပဟေ့ဆို ဝိုင်းအုံလိုက်လိုက်ကြတာများဗျာ။ ကျွန်တော့်မှာတော့
ထိုးလိုက်တဲ့လက်ညိုးရာတွေသာ အဖတ်တင်တယ်။ နံမည်ကတော့
ကြီးပြီးရင်းကြီးရင်းပေါ့လေ။ မတော် လမ်းမှာပြန်တွေ့ရင်တောင် အဲဒါ
မင်းချိန်ခဲ့တဲ့ တယောက်လေကွာတဲ့... ကြည့်၊ ဖြစ်ပုံများပြောပါတယ်။

နောက်တခုက အထင်မှားခံရတာပါ။ ကိုယ့်ဖာသာ အကြောင်းတခုခုနဲ့
မိန်းကလေးတယောက်ယောက်ကို မိတ်ဖွဲ့မိရင်တောင် ဒီကောင်ကြီးတော့ လုံးပြီဟေ့လို့
ထင်ကြပြန်ရော။ ပတ်ဝန်းကျင်က ထင်ယုံဆိုတော်သေး။ ကာယကံရှင်ကပါ
တဖက်သက်ကြီးစိတ်ကူးတွေယဉ်လိုက်ပြီဆိုရင်တော့ ဆက်ဆံရေးတွေက
ကမောက်ကမတွေဖြစ်ကုန်တာပေါ့။ ဒါမျိုးတွေဆို ဘဝတူ အပျိုကြီးတွေက ပိုများတယ်။
သူတို့နဲ့စကားပြောရင် သတိထားနေရတယ်။ ခပ်ငယ်ငယ်လေးတွေကျပြန်တော့လည်း ဘေးက
ဝိုင်းနောက်တာနဲ့ ကြောက်ကန် ကန်ကုန်ကြရော။ ဒါပဲလားဆိုတော့ မဟုတ်သေးဘူး။
မိန်းကလေးတွေနဲ့ အပေါင်းအသင်းမလုပ်ဘူးကွာ၊ စိတ်တူကိုယ်တူ ဘော်ဒါတွေနဲ့ပဲ
ဟေးလားဟားလား နေမယ်ဆိုပြန်တော့လည်း Gay ဖြစ်သွားပြီလို့ သရိုးသရီလုပ်ကြပြန်ရော။
အဲလောက်ဆိုးတဲ့ ဘဝပါခင်ဗျာ။

ရှိပါသေးတယ်။ သာမန်လူတစ်ယောက် ပြုမူလှုပ်ရှားပုံနဲ့ လူပျိုကြီးလို့
အသတ်မှတ်ခံလိုက်ရသူ လှုပ်ရှားပုံ တန်ဖိုးဖြတ်ပုံချင်းလည်း မတူတော့ဘူးဗျ။
ကိုယ့်အဖေအမေဖို့ရှာတာတောင် ကျိတ်စုနေတာတဲ့။ ကိုယ့်ဖာသာမူးပြန်တော့လည်း
အဆက်ဟောင်းကို သတိရလို့တဲ့။ သီချင်းလေးညည်းပြန်တော့ တခုခုတော့ တခုခုပဲတဲ့။
ပိုသီပတ်သီနေတော့ လူပျိုသိုးကြီးမို့ ဒီလို၊ သန့်သန့်ပြန့်ပြန့်နေပြန်တော့
လမ်းကြောင်းရှာပြန်ပြီ.. တဲ့။

မင်းတို့အပြောတော့ မခံဘူးဟေ့၊ ထမင်းထုပ်ထမ်းပြီးရှာမယ်ဆိုရအောင်ကလည်း နဖူးပေါ်က
ချွန်းရာတွေကြောင့် ဗျည်းနွဲ့မြင် သတ်ချင်နေတော့တာနဲ့ပဲ အဆင်ကိုမပြေပါဘူးလေ။
လူပျိုကြီးဖြစ်တာ အားငယ်နေတာမဟုတ်ပါ။ လူတွေထဲမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့
လူလိုနေ နေသူတွေသာ ဖြစ်ပါတယ်ခင်ဗျာ။ များသောအားဖြင့် ကျွန်တော်တို့ဟာ
အများထင်ကြသလို လူ့မလွန်မသားတွေ မဟုတ်ရပါ။ ခံဖူးတဲ့သင်ခန်းစာတွေကြောင့်
သို့မဟုတ် တွေးကြောက်မိတဲ့ ထောင်အချုပ်တွေကြောင့် သို့မဟုတ်
ဖူးစာမှင်ရေခမ်းနေကြတာကြောင့်သာ အေးအေးဆေးဆေး နေနေကြသေးသူတွေပါ။
ဒီစာတွေရေးနေလို့ စာဖတ်သူတို့ ကျွန်တော်တို့လူသိုက်ကို သနားလာမယ်လို့
မမျှော်လင့်ပါဘူး။ စာနာပေးရင်ပဲ ကျေနပ်ပါပြီ။ နောက်နောင်များ
လူပျိုကြီးများတွေ့ရင် ကျေးဇူးပြု၍ ကျွန်တော်တို့ရဲ့ လွတ်လပ်သော
နေထိုင်မှုကြီးများကို မနှောင့်ယှက်ကြပါနဲ့၊ မယိုးစွတ်ကြပါနဲ့လို့
တောင်းပန်ရင်းနဲ့ပဲ....


ဖိုးသင်္ကြန်


--
*"**အို ကာလ**ာမတို့**-*

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ်
ဆုံးဖြတ်ချက်မချကြကုန်နှင့်။
(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။
(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း
လက်ခံမမှားကြကုန်နှင့်။
(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။
(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု
အတည်မယူကြကုန်နှင့်။
(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍
ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ
မယူကြကုန်နှင့်။
(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍
တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။
(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့်
ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။
(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည်
ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။
(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ
အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။ ဟူ၍ ဘုရားရှင်
မိန့်မှာတော်မူခဲ့သည်ကို သတိမူကြကုန်လော့....

ဟာသ

ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူ
ချင်းမလေးဆီက စာကိုရတော့
ဝမ်းသားအားရ ဖြစ်ပြီး စာဖောက်ဖတ်တာပေါ့ ။ စာထဲမှာပါတဲ့
စာလုံးပေါင်းသတ်ပုံအမှားတွေ ၊
စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊
ငိုရမလိုဖြစ်သွားလေရဲ့ ။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့
သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း
ပြန်ထည့်ပေးလိုက်တော့တယ် ။

ကိုယ်လုံး ... (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)

ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က
ခေါင်းပြတ်နေလို့လား) ။ ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို
ခေါင်းကြားညှပ်တာ..) မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲ
ဘာအကောင်ကြီး ဖြစ်မှန်းမသိ) မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ
(ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။
မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။ ကိုယ်လုံးလဲ
မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့်မီးမပြတ်တဲ့
နိုင်ငံခြားတောင်သွားမလားလို့) ။ မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင်
(အမ်!) ။ မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။

ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ
(ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။ ကိုယ်လုံးမပါဘဲ
မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး )
။ မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။ မီးက
ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။ ကျားပေါက်တွေ
ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာ ထင်တာပေါ့လေ့..
(မြက်လှည့်ပြတာတော့ ငါတောင်တတ်တယ်) ။ ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား
လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့.. အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက
ပြဲသကိုး တော်ရေ့ ( အသံ..အသံ!! အထင်လွဲစရာတွေဖြစ်တော့မယ်) ။ တို့ရွာက
သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.) မျိုကြီးဆိုတဲ့
အဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့...တ အ..အား အော်နေတာလေ
(အော်..အတံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်! ) ။

နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်)
အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။ မီး ဘကြီးအောင်းနေတဲ့
(ဘကြီးအောင်..ဘကြီးအောင်..တစ်မျ
ိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်တယ်)
ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ)
ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ ..
နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ
(ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ) ။
စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကို
အားကျလို့တဲ့အေ... သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါ
လို့ပေးမတဲ့ ။
(ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား ။ တကတဲ.
ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကို
အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။ မီးတို့လည်း အဲလို
ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်... ။

ုကိုယ်ရယ်..မီး အရန်လွမ်းတာပဲ (လွမ်းတာပဲ အရန်တွေ line-up တွေ
လွမ်းချင်သေးတယ်) ။ မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့)
..ဆီးပွားရေက အဆင်မပြေဘူးလေး..။ မီးလည်း ချီးစားနေရတော့ (အေးပါ စားစား)
အကြွေးတွေလည်း အလီလီ (တန်းပြင်ပေးလိုက်တယ်) ပဲ ။ မျိုသူတွေနဲ့ တွေ့ပီး
တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့ (တောင်ပေါ်က
ချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး) ။ ကိုယ်လုံး ပျံလာပါနော်
(တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။
မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ
(အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင်ဆောင့်ပေတော့)။
မီးစာ ရှည်သွားပီမို့ တော်သေပီ (မီးစာကုန်ပြီး မီးသေမှပဲ)

ခြစ်တဲ့မီး (မီးခြစ်ပေါ့)

*စပလင်မှားရင်ခွင်လွှတ်ပါ*
(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး..
ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်) :'(

--
*"**အို ကာလ**ာမတို့**-*

(၁)တဆင့်စကား အဆင့်ဆင့်ကြားရသည်တို့အပေါ်မှာလည်း အပြီးသတ်
ဆုံးဖြတ်ချက်မချကြကုန်နှင့်။
(၂) သင်တို့အထက်က ဘိုးဘေးဘီဘင် အစဉ်အဆက်လာ ဓလေ့ထုံးတမ်းများကိုလည်း
အဆုံးသတ် အားကိုးပြီး အဟုတ်မှတ်၍ မကျင့်သုံးကြကုန်နှင့်။
(၃)အခြေအမြစ်မပါသည့် သူပြောငါပြော ကောလာဟလ စကားတို့ကိုလည်း
လက်ခံမမှားကြကုန်နှင့်။
(၄)ဘာသာရေးကျမ်းစာတို့၏ အရှိန်ဩဇာအောက်မှာလည်း နစ်မြုပ်၍မနေကြကုန်နှင့်။
(၅) အကျင့်နှင့် အသိမပါ တက္ကီဝါဒီတို့၏ အတွေးအခေါ်များကိုလည်း ဟုတ်ပြီ မှန်ပြီဟု
အတည်မယူကြကုန်နှင့်။
(၆)အခြားအခြားသောလူတို့ အခြားအခြားသော အယူဝါဒတို့ထံမှ ပုံတူကူး၍
ကျင့်သုံးခြင်းသည်လည်း မိမိတို့ ဘဝနှင့် အပ်စပ်လိမ့်မည်ဟု အတည်တကျ
မယူကြကုန်နှင့်။
(၇) မိမိတို့အတွေးအခေါ် အယူအဆကို မိမိတို့၏ အတွေးဖြင့်သာလျှင် အကြောင်းယုတ္တိပေး၍
တင်ပြနိုင်ရုံမျှဖြင့် ကိုယ့်အတွေး ကိုယ့်ယုတ္တိ ဟုတ်ပြီဟု မယူကြကုန်နှင့်။
(၈)ဆရာတစ်ယောက်ယောက် လာရောက်ဟောပြောချက်သည် မိမိတွေးထင်ထားသည်နှင့်
ကိုက်ညီသွားပြီဆို ရုံမျှဖြင့်လည်း ဟုတ်ပြီမှန်ပြီဟု မယူဆကြကုန်နှင့်။
(၉) လေးစားထိုက်သော လောကကဂရုပြုနေသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ဝါဒသည်
ဖြစ်နိုင်ဖွယ်ရှိသည်ဟူ၍လည်း တစ်ထစ်ချ မယူကြကုန်နှင့်။
(၁၀) မိမိတို့ ဆည်းကပ်ကိုးကွယ်သော ဆရာတို့၏ စကားတိုင်းသည်လည်း ဟုတ်ပြီမှန်ပြီ
အကျိုးရှိပြီဟု အပြီးသတ် မမှတ်ယူကြကုန်နှင့်။ ဟူ၍ ဘုရားရှင်
မိန့်မှာတော်မူခဲ့သည်ကို သတိမူကြကုန်လော့....

ဟာသ

*ကွာခြားမှု*

(က)
အိမ်ထောင်ကျစ
မ။......... ။ တင်းနေအောင် ဖက်မထားနဲ့လေမောင်.. မ အသက်ရှုလို့ မဝတော့ဘူး။
မောင်။... ။ ဖက်မထားရင် မောင်အိပ်မပျော်လို့ပါ မရယ်။

နှစ်အတန်ကြာသော်
မ။......... ။ မောင်အိပ်ရင် မကို ဖက်မအိပ်တာကြာပြီနော်။
မောင်။...။။ ဖက်ပြီးအိပ်ရင် အသက်ရှုလို့ မဝဘူးဆိုတာ မသိဘူးလား။

(ခ)
ချစ်သူဘဝ
လူစည်ကားရာ နေရာတစ်ခုတွင် မောင်က မကို ပွေ့ဖက်လိုက်သည်။
မ။....... ။ မောင် ရူးနေလား? လူတွေကြည့်နေတယ်လေ.. ရှက်စရာကြီး
မောင်။..။ ကြည့်ကြည့်ပေါ့ မရယ်။ မောင်က ချစ်တာကို

အိမ်ထောင်ကျပြီးနောက်
မ။.....။ အရင်က ဒီနေရာမှာ မ့ကို မောင် ပွေ့ဖက်ဖူးတယ်နော်။ ခုဖက်ပါအုန်းလား
မောင်
မောင်။.... ။ လူတွေရှေ့မှာ ဖက်ရအောင် ရူးနေလား?

(ဂ)
အိမ်ထောင်ကျစ
မ။..... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်က မကို ပွေ့ပြီး ကုတင်ပေါ် တင်ပေးလိုက်တယ်။

နှစ်အနည်းငယ်ကြာသော်
မ။........... ။ မောင်ရေ မကို ပွေ့ပါအုန်း
မောင်။်..... ။ ခြေထောက်ကျိုးနေပြီလား?

(ဃ)
တစ်နေ့မှာ မောင်က
“မ ဝလာလည်း ချစ်မှာပဲ။ ဝဝကစ်ကစ် မ ခန္ဓာကို ပွေ့ခေါ်မယ်။ အသက်အရွယ်ကြီး
အိုမင်းသွားတဲ့အထိ မကို အမြဲချစ်မယ်။ မကို အမြဲဖက်မယ်” ဟု သစ္စာဆိုသည်။

နှစ်အနည်းငယ် ကြာသော်
မ။.......... ။ မောင် မကိုပွေ့ပါအုန်း
မောင်။.....။ ဒီခန္ဓာကိုယ်နဲ့ ငါ့ ခါးကျိုးအောင် လုပ်နေတာလား?


(၂)
မ။............ ။ မောင်ရေ.. မ အလှပြင်ပြီးပြီ၊ သွားရအောင်
မောင်။......။။ နေပါအုန်း.. ငါ မုတ်ဆိတ်ရိတ်နေသေးတယ်။
မ။............။ မုတ်ဆိတ်ရိတ်တာ ဒီလောက်ကြာသလား? မ တောင် ပြင်ပြီးနေပြီ..
မောင်။......။ နင်အလှပြင်တာကို စောင့်ရင်း ရိတ်ပြီးသား ငါ့မုတ်ဆိတ်တွေ
ထပ်ရှည်လာလို့ နောက်တစ်ခေါက် ထပ်ရိတ်နေတာ။


-ဘ၀တူဆိုတော့-

လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောင်နေသည်။ ဆရာဝန်တစ်ယောက်ကအောက်မှနေ ပြီး
ဆင်းလာဖို့ ပြောနေသည်။

လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။

"ဟေ့ကောင်.......မင်းဆင်းမှာလား
..မဆင်းဘူးလား..ငါ ပစ်လိုက်မှာနော်.."

"မဆင်းဘူး....ဆရာ ပစ်ချင်လဲပစ်လိုက်.."

"မင်းတကယ်မဆင်းဘူးလား.... ငါ ပစ်လိုက်မှာနော်.."

"မဆင်းဘူးဆရာ...မဆင်းဘူး"

ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။
ဆရာဝန်က

အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး

"ဟေ့ကောင်.... မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."

"ဟုတ်...ဟုတ်..ဆင်းလာပါပြီ...မပစ်ပါနဲ့ ...ဆင်းပါပြီ.."

ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ ဆရာဝန်က

"မင်းက ငါပြောတုံးကတော့ မဆင်းဘူး...ဘာလိုသူပြောမှဆင်းတာလဲ.."

"ဟာ..ဆရာကလူကောင်းဆရာရဲ
့..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်..အဲကောင်ကရုးနေတာ..တကယ်ပစ်မှာ.."



*မလွဲသောအမှား*


အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ရောက်လာ၏။
ရွေးချယ်သူ ။ မင်းနာမည်
လူငယ် ။ မောင်လှ
ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် “ ဆရာ ” ထည့်ဖြေရတယ်ကွ။ ပြန်ပြော
လူငယ် ။ ဟုတ်ကဲ့ “ ဆရာမောင်လှ ”



*ဘာကြောင့်ပြူးတာလဲ*

ဆရာမ။ ။ ကလေးတို့ရေ။ ငါးဖယ်ဘာကြောင့် ပြားသလဲ သိကြလား။
ပီတာ။ ။ ဝေလငါးနဲ့အိပ်လို့ပါ။

ထိုအခါဆရာမက စိတ်ဆိုးပြီး ပီတာလေးကို အပြင်သို့ထွက်သွားခိုင်းလေသည်။ ထို့နောက်
အတန်းကိုနောက်ထပ်မေးခွန်းတစ်ခုမေးလေသည်။

ဆရာမ။ ။ ကလေးတို့ရေ။ ပုဇွန်ဘာကြောင့်မျက်လုံးပြူးသလဲ။

အတန်းတံခါးဝမှ ပီတာလေးက ထပ်ဖြေလိုက်ပြန်သည်။
ပီတာ။ ။ ဝေလငါးနဲ့ငါးဖယ်နဲ့အိပ်တာကိုတွေ့သွားလို့ပါ။

မိန်းကလေးတွေ နှစ်သက်မဲ့ ယောက်ျား






image of couplesအသက် (၁ရ) နှစ် အရွယ်တုန်းက သူငယ်ချင်း အပေါင်းအသင်းနည်းပြီး အချစ်ရေးမှာလည်း ကံမကောင်းရှာတဲ့






စင်ကာပူသား Xavier See ဟာ ကျောင်းကနေ ထွက်လိုက်တယ်။ “ကျနော့်ကို ကြည့်လိုက်ရင် ခန္ဓာကိုယ် အချိုးအစားက မပြေပြစ်၊ ပေါင်းသင်းဆက်ဆံရေးက ညံ့၊ ဆံပင်ပုံစံက ခပ်တုံးတုံး၊ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုမရှိ ဖြစ်နေတော့ ဘယ်မိန်းကလေးကမှ ကျနော့်ကို စိတ်ဝင်စားမယ် မထင်ဘူး”  လို့ See က သူ့အကြောင်းကို ရှင်းပြပါတယ်။


 


ဒါပေမဲ့ အင်တာနက်ပေါ်ကနေ စုံတွဲချိန်းတွေ့မှု စီစဉ်ပေးတဲ့ ၀န်ဆောင်မှုကုမ္ပဏီတစ်ခုရဲ့ လူမှုဆက်ဆံရေး ဆရာတစ်ဦးနဲ့ တွေ့ဆုံပြီး ပညာသင်ယူပြီးတဲ့နောက် See ဟာ ယုံကြည်မှု အပြည့်ရှိသူ လူသစ်တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။


အခုဆိုရင် အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ See ဟာ စင်ကာပူမှာ စုံတွဲများချိန်းတွေ့ ပြောဆိုဆက်ဆံရေး နည်းပြဆရာတစ်ဦး ဖြစ်နေပြီး အရှက်အကြောက်ကြီးတဲ့ စင်ကာပူ ယောက်ျားလေးတွေကို မိန်းကလေးနဲ့ ပတ်သက်တဲ့ လူမှုဆက်ဆံရေး နည်းပညာတွေကို  ၃ ရက်အထူးသင်တန်းခ စင်ကာပူဒေါ်လာ ၁၈၀၀ နဲ့ သင်ကြားပေးနေပါတယ်။ ၂၀၀၉ ခုနှစ်မှာ သင်တန်းသား အယောက် ၅၀ ကနေ မနှစ်က ၂၀၁၀ ခုနှစ်မှာ သင်တန်းသား ၁၄၀ အထိ များလာခဲ့ပါတယ်။


“ရှေးရိုးစွဲအမြင် ထိန်းချုပ်မှုတွေရှိတဲ့ အာရှလူနေမှု အသိုင်းအ၀ိုင်းမှာ ကြီးပြင်းလာတဲ့ ကျနော်တို့ဟာ အခြားနိုင်ငံက ယောက်ျားလေးတွေလောက် လူမှုဆက်ဆံရေးမှာ အရဲမစွန့်ချင်ကြဘူး” လို့ နည်းပြဆရာ နောက်တစ်ဦး Skilldo က ရှင်းပြပါတယ်။


ချမ်းသာကြွယ်ဝတဲ့ စင်ကာပူနိုင်ငံမှာ အသက် (၃၀-၃၄) နှစ်အရွယ် (အိမ်ထောင်ကျဖို့ အရွယ်ကောင်း) လူပျို ယောက်ျားလေး ဦးရေဟာ ၄၃ ရာခိုင်နှုန်းရှိပြီး အသက်ရွယ်တူအုပ်စု မိန်းကလေး ဦးရေက ၃၁ ရာခိုင်နှုန်းပဲ ရှိပြီး ကျားမအချိုးအစား မညီမျှတာရယ်၊ နောက်တစ်ခုက စင်ကာပူမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားတွေရဲ့ ပြိုင်ဆိုင်မှုတွေရယ် အဲဒီအကြောင်းရင်း ၂ ချက်ကြောင့် Xavier See ရဲ့ သင်တန်းသားတွေ ပိုမိုများလာဖို့ ရှိပါတယ်။



“တချို့ယောက်ျားလေးတွေက အလုပ်လုပ်မယ်၊ ကွန်ပြူတာဂိမ်း ဆော့မယ် ဒါပဲ၊ ပေါင်းသင်းဆက်ဆံရေး မှာတော့ တော်တော် အားနည်းတယ်… သဘောကောင်း စိတ်ကောင်းရှိတယ် … ဒါပေမဲ့  အရှက်အကြောက်ကြီးပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတဲ့ ယောက်ျားလေးတွေ ဒီလိုသင်တန်းမျိုး တက်သင့်တယ်” လို့  ၂၁ နှစ်အရွယ် သင်တန်းသား Mike က ပြောပြပါတယ်။



x x x x x x


အထက်က သတင်းတိုလေးကို ဖတ်မိတော့ အတွေးနယ်ချဲ့မိပါတယ်။ ကျောင်းသားဘ၀တုန်းက သူငယ်ချင်းမိတ်ဆွေတွေ အများကြီးထဲမှာ တချို့ ယောက်ျားလေးတွေဟာ (မိမိအပါအ၀င်) သူတို့ ကြိုက်နှစ်သက်တဲ့ မိန်းကလေးကိုတွေ့ရင် ရှက်ကြောက်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်တယ်၊ နောက်ပြီး လက်ဖက်ရည်ဆိုင်လို နေရာမှာ ချိန်းတွေ့တဲ့အခါမှာလည်း လူချင်းဆုံမိရင် ဘာပြောရမှန်းမသိ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိ ဖြစ်တာတွေကို မြင်ဖူးကြုံဖူးပါတယ်။ တစ်ခါဆုံပြီးတာနဲ့ အဆင်မပြေဘဲ မိန်းကလေးဘက်က ငြင်းပယ်လိုက်တာ၊ ယောက်ျားလေးက ရှက်ကြောက်လို့ တပ်ခေါက်သွားတာ အဲလိုမျိုးတွေ ဖြစ်တတ်ပါတယ်။


မိန်းကလေးတွေ ယောက်ျားလေးဆီက ဘာကို မျှော်လင့်သလဲ၊ ဘယ်လို ယောက်ျားမျိုးကို နှစ်သက်ကြသလဲ၊ မိန်းကလေးနဲ့ ဆုံတွေ့တဲ့အခါ ဘယ်လိုပြောဆို နေထိုင်ရမယ်ဆိုတာတွေကို စင်ကာပူဒေါ်လာ ၁၈၀၀ မကုန်ကျစေရဘဲ စုံတွဲချိန်းတွေ့မှု လူမှုဆက်ဆံရေး ကျွမ်းကျင်သူ နဲ့ 247 Attractive Men ၀န်ဆောင်မှုလုပ်ငန်းကို တည်ထောင်သူ Troy Dizon ရဲ့နည်းလမ်း - ဆွဲဆောင်မှုရှိတဲ့ ယောက်ျားလေးတစ်ယောက် ဖြစ်ဖို့ အခြေခံလိုအပ်တဲ့ ၅ ချက် ကို ဝေမျှလိုက်ပါတယ်။


၁။ ဦးဆောင်မှု (ယောက်ျားတွေ မှတ်ထား၊ သေတဲ့အထိ ဦးဆောင်ရမယ်)


အလွန်ထက်တဲ့ အောင်မြင်တဲ့ မိန်းကလေးတွေတောင် ဦးဆောင်တဲ့ ယောက်ျားတွေကို လိုလားတယ်။ အကယ်၍ ယောက်ျားလေး ကိုယ်တိုင်က နောက်လိုက်ပုံစံဖြစ်မယ်၊ စိတ်ထဲကပြောချင်တာကို ပြောမထွက်ဘဲနေမယ် အဲဒီလို ယောက်ျားလေးတွေ အတွက် ပြောရတာလွယ်သလောက် လက်တွေ့လုပ်ရတာ ခက်ခဲပါတယ်။ ဘယ်လိုပြင်ရမလဲ?


မိန်းကလေးနဲ့ ချိန်းတွေ့တဲ့အခါ သူတို့ရဲ့ အကြိုက်၊ ၀ါသနာတွေကို မေးမယ့်အစား ယောက်ျားလေးကိုယ်တိုင်ရဲ့ အကြိုက် ၀ါသနာတွေကို အရင်ပြောပြရင်း စကားဝိုင်းမှာ ဦးဆောင်တဲ့နေရာ ယူပါ။ အဲဒီကနေ နှစ်ယောက်အတူ ဘာတွေလုပ်နိုင်မယ်၊ စနေ တနင်္ဂနွေလိုရက်မျိုးမှာ ဘယ်နေရာ သွားလည်မယ် ဘယ်ဆိုင်မှာ သွားစားမယ် စသဖြင့် အကြံတွေပေးပြီး ကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်ရမယ်။



၂။ မတုန်လှုပ်ပါနဲ့


မိန်းကလေးက မသေမချာ မပြတ်မသားတဲ့ ယောက်ျားလေးကို မနှစ်သက်ပါဘူး။ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာ ကိုယ်တိုင်သိရမယ်၊ မသေမချာ ဖြစ်နေရင် ယုံကြည်ချက်မရှိသူလို့ ဖော်ပြနေသလို ဖြစ်နေမယ်။ နောက်ပြီး မိန်းကလေးဆီက ထင်မြင်ချက် အကြံပေးချက်ကို မေးပါ တောင်းဆိုပါ။



မိန်းကလေးက သဘာဝအလျှောက် မသိစိတ်ကနေ ယောက်ျားလေးကို အမျိုးမျိုး စမ်းသပ်ချင်ကြတယ်။ မထင်မှတ်တဲ့ အဖြေတွေ ဝေဖန်ချက်တွေ အပြစ်တင်မှုတွေ ကို ပြောပြပြီး ယောက်ျားလေးဘက်က ဘယ်လို တုန့်ပြန်မယ်ဆိုတာ သိချင်တယ်။ အဲဒီလိုဖြစ်တဲ့အခါ ယောက်ျားလေးက စိတ်ညစ်သွားမယ် ဒါဟာ မတရားဘူးလို့  ထင်လိမ့်မယ်။ မိန်းကလေးကတော့ ပြောပြီးရင် မေ့သွားပြီ သူတို့လည်း မှတ်မိမှာ မဟုတ်ဘူး။


အမှန်စင်စစ် မိန်းကလေးက ယောက်ျားလေး ရှုံးနှိမ့်မှာ ချောင်ပိတ်မိနေမှာကို မလိုလားပါဘူး၊ ယောက်ျားလေးက  အခက်အခဲကြားကနေ ဘယ်လို ကျော်လွှားသွားမယ်၊ ရည်ရွယ်ချက်မဲ့ မေးခွန်းတွေ အပြစ်တင်တာတွေကို မတုန်မလှုပ် ဘယ်လို ဖြေရှင်းသွားမယ်ဆိုတာကို မိန်းကလေးတွေက (တိတ်တိတ်လေး) မျှော်လင့်နေကြတယ်။ မိန်းကလေးတွေက သူတို့ရဲ့ စမ်းသပ်မှုမျိုးစုံတွေကို ခေါင်းအေးအေးနဲ့ ဖြေရှင်းသွားနိုင်မဲ့ ယောက်ျားမျိုးကို နှစ်သက်ကြတယ်။ ဒါကြောင့် မှတ်ထားပါ… မိန်းကလေးတွေက စမ်းသပ်လိမ့်မယ်… မတုန်လှုပ်ပါနဲ့။


၃။ ရယ်မောစရာ


ရယ်မောရတာ မကြိုက်တဲ့လူ ရှိသလား? ဟာသဥာဏ်လေးက မိန်းကလေးရဲ့ နှလုံးသားဆီကို အမြန်ရောက်စေတဲ့ လမ်းတစ်ခုပါပဲ။ ရယ်မောစရာ လက်ဆောင်လေးက ဘာနဲ့မှ နှိုင်းမရပါဘူး။ ကြိုးစားပြီး ရယ်အောင်လုပ်တဲ့လူ နဲ့ ရယ်စရာကောင်းတဲ့လူ မတူကြပါဘူး။ အလိုအလျှောက် မဟုတ်ဘဲ အလွတ်ကျက်ထားတဲ့ ဟာသတွေ စာသားတွေကို ရွတ်ပြ ပြောပြတာ၊ ရယ်ရအောင် တမင်ဖန်တီးပြီး ခက်ခက်ခဲခဲ ကြိုးစားပြတာကို မိန်းကလေးတွေ မနှစ်သက်ပါဘူး။ မျက်နှာအမူအရာ ကလည်း ပျော်ရွှင်ရယ်မောစရာ ဖြစ်စေပါတယ်။ စကားပြောရင်း ပြုံးနေတတ်တဲ့ ယောက်ျားလေး အတွက် လွယ်ကူပါတယ်။


၎။ ကြွားစရာမလို ဖုံးကွယ်စရာလည်း မလိုပါ



ချိန်းတွေ့တဲ့အခါ ကိုယ့်အကြောင်းကို အလွန်ဂုဏ်ယူပြီး ကြွားဝါတဲ့ပုံစံနဲ့ မပြောဘဲ ရိုးရိုးသားသား နှိမ်ချစွာ ပြောပြပါ။ ယောက်ျားတွေက ဘွဲ့တွေ ရာထူးတွေ အိမ်တွေ ကားတွေ ငွေတွေ ဘယ်လောက်ရှိတယ် ဘယ်လောက်ချမ်းသာတယ် ဆိုတာကို အလွန် ဖော်ပြချင်ကြတယ်။ ယနေ့လို ခေတ်အခါမှာ မိန်းကလေးတွေကလည်း ယောက်ျားတွေနဲ့ တန်းတူ အလုပ်အကိုင် နဲ့ ငွေကြေးဆိုင်ရာမှာလည်း ကိုယ်တိုင်ရပ်တည်နိုင်သူတွေ ဖြစ်နေတော့ ဂုဏ်တွေငွေတွေထက် ယောက်ျားတစ်ယောက်ရဲ့ အခြားအရည်အချင်းကို ရှာဖွေလာကြတယ်။



ဆွဲဆောင်မှုရှိတဲ့ ယောက်ျားဟာ သူ့ရဲ့အားနည်းချက်တွေ ရှိနေလည်း မိန်းကလေးကို ပြောဆိုထုတ်ဖော်ရဲပြီး မိန်းကလေးရဲ့ ငြင်းပယ်မှုကိုလည်း မကြောက်တတ်သူ ဖြစ်ပါတယ်။ မိန်းကလေးကို မိမိရဲ့ စိုးရိမ်မှု၊ အားနည်းမှု၊ ၀မ်းနည်းမှုတွေကို ပြောဆိုရှင်းပြနိုင်ပါတယ်၊ ဒါမှလည်း မိန်းကလေးက ယောက်ျားလေးကို နှစ်သိမ့်နိုင်မယ် ခွန်အားတွေပေးနိုင်မယ်။


၅။ တစ်သမတ်တည်း မပြောင်းလဲပါနဲ့


ချိန်းတွေ့တဲ့အခါ တစ်ကြိမ်တည်း ကောင်းအောင် ကြိုးစားပြတာ မဟုတ်ဘဲ တောက်လျှောက် တစ်သမတ်တည်း ဖြစ်နေရမယ်။ မိမိကိုယ်တိုင်ထက် ပိုမိုကြီးမား ပိုအဓိပ္ပာယ်ရှိတဲ့ ခံယူချက်ရှိပြီး ကိုယ့်ကိုကိုယ် တစ်နေ့တစ်ခြား တိုးတက်အောင် ကြိုးစားနေထိုင်သွားတဲ့ ယောက်ျားလေးကို မိန်းကလေးက သိပ်စိတ်ဝင်စားပါတယ်။


မိန်းကလေးတွေဟာ ပန်းတိုင်ကိုရောက်ပြီးတဲ့ ယောက်ျားထက် ပန်းတိုင်ဆီကို သွားနေတဲ့ ယောက်ျားကို ပိုပြီးနှစ်သက်ပါတယ်။ အမြဲအောင်မြင်နေသူ ဖြစ်စရာ မလိုပါဘူး၊ ရည်မှန်းချက်အိပ်မက်တွေ ရှိမယ် အဲဒီအိပ်မက်ဆီကို တလှမ်းချင်း လျှောက်လှမ်းနေတဲ့ ယောက်ျားလေးကို မိန်းကလေးတွေ နှစ်သက်ပါတယ်။


ဒါကြောင့် အိမ်ထောင်မရှိသေးတဲ့ လူပျို ယောက်ျားလေးများ အားလုံး … မိန်းကလေးတစ်ယောက်ရဲ့ လက်တွဲဖော်ချစ်သူ ဖြစ်ဖို့ အဆင်သင့်ဖြစ်နေပြီလား?


အပျို မိန်းကလေးများ အားလုံး ... အကယ်၍ ယောက်ျားလေးတွေက သူတို့ရဲ့ ခံစားမှုတွေကို ရိုးသားပွင့်လင်းစွာ ထုတ်ဖော်ချင်တယ်၊ မိန်းကလေးတွေရဲ့ လိုအပ်ချက်တွေကို နားလည်သဘောပေါက်မယ် ဆိုရင်…  အခွင့်အရေးတစ်ခု၊ အချိန်လေးတစ်ခု၊ နေရာလေးတစ်ခု ယောက်ျားလေးတွေကို ပေးလိုက်ပါလားလို့ …။


 


(မှတ်ချက်။ ။ Asian Journal မှ Elgin Zulueta ရဲ့ Restoration Miracle ဆောင်းပါးနှင့် Channel News Asia  မှ Simin Wang ရဲ့ Shy Singapore men hire coaches to find partners တို့ကို ကိုးကားကောက်နုတ် ပြန်ဆိုထားပါသည်။)

မိန်းကလေးများအတွက် ဘဝဒဿန

 


clip art of lady(၁) သင့်မှာ အဝတ်အစားတွေ အများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့မလိုက်ဖက်တော့တဲ့ ဇာပန်းထည်တွေကို ခေါက်သိမ်းလိုက်ပါ။





သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေဖြစ်နေပါစေ။


 


(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။ Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေးမတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေဖြစ်တယ်။




(၃) အချစ်ကို သင်ယုံကြည်လို့ရတယ်။ ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင်လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။ တော်ထက်တဲ့ယောက်ျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူမဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။


(၄) ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။ ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု..... ဘုရားသခင်က သင့်ကို လှပတဲ့မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။


(၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။ ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ကပေးတဲ့ အဖိုးတန်ဈေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင်လက်ခံယူမလဲ! ဇနီးမယား? ချစ်သူရည်းစား? တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူးဆိုခဲ့ရင် ဒီလက်ဆောင်အတွက် ဘယ်လိုပေးဆပ်ခြင်းမျိုးကို သင်ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။


(၆) ရိုးသားလို့ရတယ်၊ ဒါပေမဲ့ ရိုးစင်းနုံအလို့ မရဘူး။ ရိုးရှင်းလို့ရတယ်၊ ဒါပေမဲ့ အလွယ်လိုက်လို့မရဘူး။ အိမ်အလုပ်၊ အိမ်ပစ္စည်းတွေကို သင်နားမလည်လို့ရတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေရဲ့ အညွန်းစာအုပ်ကို သင်ဖတ်နိုင်ရမယ်။ ကိုယ့်အပေါ် ကူညီခဲ့သူတွေအတွက် ကျေးဇူးတရားကို ရင်ထဲအမြဲထည့်ထားပါ။ ကိုယ့်အပေါ် ကဲ့ရဲ့လှောင်ပြောင်သူတွေအတွက် ပုံမန်၊ သာမန်စိတ်ကိုမွေးပါ။



(၇) ငွေကြေးတွေကို အမြော်အမြင်ရှိရှိ သုံးပါ။ ကိုယ့်အတွက် ကောင်းမွန်တဲ့အတွင်းခံ၊ ဖိနပ်တွေဝယ်ဖို့ မနှမြောပါနဲ့။ အပြင်ပန်းလှပအောင် ဝတ်ဆင်တယ်ဆိုတာ သူတစ်ပါးကြည့်ဖို့အတွက်ပါ။ ဒါဟာ ဝင့်ဝါခြင်းကို ဝတ်ဆင်တာဖြစ်တယ်။ သင့်တော်ကောင်းမွန်တဲ့ အတွင်းဝတ်တွေက ကိုယ်တိုင်အတွက်ပါ။ ဒါဟာ သက်တောင့်သက်သာရှိခြင်းကို ဝတ်ဆင်တာဖြစ်တယ်။



(၈) လိုက်လျောညီထွေတဲ့စကားကို ပြောဆိုတတ်ရမယ်။ ကလေးကလားနိုင်တဲ့၊ ကပ်ချွဲနှပ်ချွဲစကားတွေက သင့်မှာရှိသင့်တဲ့ အမှတ်တံဆိပ်တွေ မဟုတ်ဘူး။ သင့်မှာ ဗဟုသုတမရှိလို့ရတယ်၊ ဒါပေမဲ့ အဆင့်အတန်းမရှိလို့ မရဘူး။ အမြင်မတူ၊ အသွင်ကွဲလို့ရတယ်။ ဒါပေမဲ့ လေးစားရိုသေမှုတော့ ရှိရတယ်။ ဖြစ်ခဲ့၊ ပျက်ခဲ့တဲ့အကြောင်းကိုပဲ ထပ်တလဲလဲ နာနာကျင်ကျင် မရွတ်ဆိုပါနဲ့။ ဒေါသထွက်နေတုန်း စကားတစ်ခွန်းပြောဖို့ ၁ကနေ ၂ဝအထိ ရေတွက်ပြီးမှ ပြောပါ။


(၉) သင်ဟာ တကိုယ်တည်းသမားပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် ဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက တစ်ပါးသူကို မှီတွယ်မယ်ဆိုတဲ့စိတ် မရှိဖို့ပဲလိုတယ်။ အရာရာတိုင်း သူတစ်ပါးကို အားကိုးနေလို့မဖြစ်ပါဘူး။ သိန်းသောင်းချီတဲ့ လခရနေတာက အကောင်းဆုံးပေါ့။ ထောင်ဂဏန်းလခဆိုလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုရှင်သန်အောင် ရပ်တည်နိုင်တဲ့အစွမ်း သင့်မှာရှိသေးတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်ယူစရာဖြစ်တယ်။


(၁ဝ) ဘဝကပေးတဲ့ အရာတိုင်းကို တန်းဖိုးထားမြတ်နိုးပါ၊ သင်ယူပါ။ အချစ်ခံရ၊ အနှစ်သက်ခံရတယ်ဆိုတာ ပျော်ရွှင်တဲ့ဥစ္စာပစ္စည်းဖြစ်တယ်။ သူတစ်ပါးကိုချစ်တယ်၊ နှစ်သက်တယ်ဆိုတာ ပျော်ရွှင်တဲ့ပေးဆပ်ခြင်းဖြစ်တယ်။ တကယ်လို့ သင့်ကို သူခွဲသွားမယ်ဆိုရင် ပြုံးပြုံးရွှင်ရွှင်နဲ့ တောင်းဆုတွေပေးပါ။ အထီးကျန်တာကို ဂုဏ်ရှိရှိခံယူတာက နာနာကျင်ကျင်ချစ်နေရတာထက်စာရင် ကောင်းပါတယ်။ ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ။ သူ့တစ်ပါးကို ခွင့်လွှတ်နားလည်တတ်ပါစေ။ ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်၊ ခွင့်လွှတ်နားလည်တဲ့စိတ်၊ တာဝန်သိတတ်စိတ် .. စတဲ့စိတ်တွေ တစ်ခုမှ သင့်မှာ လျော့နေလို့ မဖြစ်ဘူးဆိုတာကို နားလည်ထားပါ။



(Source: နိုင်းနိုင်းစနေ - Friday, May 20, 2011 http://www.99sanay.com/)

ချစ်သူရှိသောအမျိုးသားများတွင် မရှိအပ်သည့်အချက် နှစ်ဆယ်

ချစ်သူရှိသောအမျိုးသားများတွင် မရှိအပ်သည့်အချက် နှစ်ဆယ်
-----------------------++++++++++ ------------------------------------------------


ပထမပို့စ်မှာတုန်းက ချစ်သူရှိသောအမျိုးသမီးတွေအတွက် ရေးပေးလိုက်တော့ တချို့ တလေတော့ အထိနာ သွားကြလို့လားမသိဘူး အနားမှာရှိနေရင် ကိုသက်တန့်ကြီးကို အမှုန့်ကြိတ်ပစ်မယ်တဲ့ ဟိဟိ တရားမျှတအောင် ဒီတခါ ယောင်္ကျားလေးတွေအတွက်ပြန်ရေးပေးလိုက်ပါတယ် ။ ကဲ ကိုပုရိသတို့ ကိုယ့်အလှည့်ကျ မနွှဲ့စ တမ်းပေါ့နော် :P

၁ ။ မိမိချစ်သူက ရှော့ပင်ထွက်ချိန်သည့်အခါတွင် အကြောင်းအမျိုးမျိုးပြ ပိုက်ဆံ မရှိလို့အချိန်မအားလို့ စသဖြင့် (အမှန် က သူငယ်ချင်းများနှင့် ဘီယာသောက် ၊ ဘောလုံးပွဲကြည့်ရန် ) မိမိချစ်သူကိုငြင်းပယ်တတ်ခြင်း ။

၂ ။ ချစ်သူရှေ့တွင် အလိုက်ကမ်းဆိုးမသိ ကွမ်းစား ခြင်း ဆေးလိပ်သောက်ခြင်း ဖြင့် ချစ်သူ အား ရော ဂါတိုးစေခြင်း ။


၃ ။ မိမိချစ်သူက အချော့ခံချင်၍ အသေးအဖွဲကိစ္စလေးကအစ စိတ်ကောက်သည့်အခါ နားလည်မှုမပေးပဲ ပြဿ နာ အကြီးကြီးရှာတယ် ဘာမှမဟုတ်တာလေးနဲ့ စိတ်ကောက်တယ် ဟု အထင်လွဲခြင်း ။

၎ ။ မိမိချစ်သူက စိတ်အားငယ်သည့်အခါတွင် အားပေးဖော်မရပဲ မင်းမျက်နှာကြီးကလည်း အမြဲစိတ် ပျက်နေ တဲ့ပုံကြီးပဲ ငါနဲ့တွဲရတာပျော်တော့ဘူးလားဟု ဘုဂလန့်စကားများပြောဆိုခြင်း ။

၅ ။ မိမိချစ်သူက အမှတ်တရလက်ဆောင်ပစစ္စည်းအသေးအဖွဲလေးများ လဲလိုသည့်အခါတွင် အရေးမကြီး တဲ့အ လုပ်တွေပါကွာ စိတ်ထဲက ချစ်နေရင်ပြီးတာပါပဲဟု ငြင်းပယ်တတ်ခြင်း ။

၆ ။ မိမိချစ်သူကိုပေးရမည့်အချိန်ထက် ဘောလုံးပွဲနှင့် မိမိအလုပ်များကို သာ အချိန်ပေးနေတတ်ခြင်း ။

၇ ။ မိမိချစ်သူက ရှေ့ရေးအတွက် အလေးအနက်ထားတိုင်ပင်သည့်အခါတွင် ပေါ့ပျက်ပျက်ဖြင့် အလေးမထားသလို အချိန်တန်ရင်နွားပိန်ကန်ပါလိမ့်မယ်ကွာ နောက်တော့လည်း ဖြစ်လာမှာပေါ့ စသဖြင့် ဆင်ခြေဆင်လက်ပေးတတ်ခြင်း ။

၈ ။ မိမိချစ်သူက လုပ်ဖော်ကိုင်ဖက် အမျိုးသားများနှင့် အလုပ်သဘောအရဆက်ဆံမှုရှိသည့်အခါမျိုးတွင် နားလည်မပေးနိုင်ပဲ နင်ငါ့ကွယ်ရာမှာ တခြားဘဲနဲ့ကြိတ်ပုန်းခုတ်နေတာလားဟု သံသယထား စွပ်စွဲတတ်ခြင်း ။


၉ ။ မိမိချစ်သူက အကြောင်းတစုံတခုကြောင့် စိတ်ကောက်နေသည့်အချိန်တွင် မိမိက ( ဘာကြောင့်ပဲ မှားမှား ယောင်္ကျားလေးဖက်က အရင်စချော့ရမည် ) ဟူသော မူကို လက်ကိုင်မထားပဲ ယောင်္ကျားတန်မဲ့ မိန်း ကလေးနှင့်အပြိုင်စိတ်ဆိုးစိတ်ကောက်တတ်ခြင်း ။

၁၀ ။ မိမိချစ်သူက မိမိအား တခြားအမျိုးသမီးများနှင့် မိန်းကလေးသဘာဝ သ၀န်တိုသောအခါများတွင် အော် ဒါ မိန်းကလေးသဘာဝပါလား ငါ့ကို ချစ်ရှာတာပဲလေဟု နားလည်မပေးပဲ နင်င့ါကို မယုံဘူးလား ငါ့အချစ်ကို စော်ကားတယ် စသဖြင့် ရန်စကားပြောဆိုခြင်း ။

၁၁ ။မိမိချစ်သူက မိမိအတွက် အလှပဆုံး ပြင်ဆင်လာသည့်အခါတွင် အော် သူလှတာလေးကို ငါ့ကို ကြည့်စေ ချင်ပါလား ဟု ဖြည့်စွက်မတွေးပဲ နင်ငါရှိနေတာတောင် တခြားဘဲတွေကြောင်အောင် ဘာလို့ အလှပြင်လာတာလဲ စသဖြင့် ပြဿနာရှာခြင်း ။

၁၂ ။ မိမိချစ်သူက တစ်ဖက်က PCO ဖုန်းပြောနေသည့်အခါတွင် မိမိက အားမနာလျှာမကျိုး အရည်မရအဖတ်မရ ဖုန်းဘေလ်တတ်အောင် ပြောဆိုခြင်း ။

၁၃ ။ မိမိချစ်သူက Facebook တွင်တခြားအမျိုးသား သာမန်သူငယ်ချင်းများသို့ သွားလည်သည့်အခါတွင် ထိုအမျိုး သားများအား အကြောင်းမရှိအကြောင်းရှာ ရန်သွားစတတ်ခြင်း ။

၁၄ ။ မိမိချစ်သူက အတူသုံးချင်၍ ဂျီမေလ်းပါ့စ၀ပ်တောင်းသည့်အခါတွင် ကိုယ်ကြူထားတာပေါ်သွားမှာစိုး၍ အကြောင်း အမျိုးမျိုးပြ ငြင်းပယ်တတ်ခြင်း ။


၁၅ ။ မိမိချစ်သူက ဘယ်မှာရောက်နေတာလဲဟု မေးသောအခါတွင် (ဘီယာဆိုင်တွင်ရောက်နေပါက Toilet ထဲ အမြန်ပြေးသွား၍ အေး ငါထမင်းဆိုင်မှာ ဟ ထမင်းစားနေတုန်းပဲ ) ( မာဆတ်ရောက်နေပါက အင်း ခဏလေးနော် ချစ်ရေ ကိုယ်ပုတီးစိပ်နေလို့ ) စသဖြင့် လိမ်ညာပြောဆိုတတ်ခြင်း ။

၁၆ ။ မိမိချစ်သူ၏ ဖေ့ဘုတ်စာမျက်နှာကို လာလည်သလိုလိုနှင့် သူ့သူငယ်ချင်းများအား လှည့်ပတ် ၍ အရောဝင်ခင်မင်၍ ကြုံရင် ကြုံသလို ကြူတတ်ခြင်း ။

၁၇ ။ မိမိချစ်သူက ကဗျာရေးသူစာရေးသူဖြစ်ပါက ကွန်မန့်ပေးဖော်မရပဲ အင်တာနက်သုံး၍ ကွန်နက်ရှင်ကျခြင်း လိုင်း မကောင်းခြင်းများကို အကြောင်းပြကာ ဒိုတာခုတ်ခြင်းဖြင့်အချိန်ကုန်နေတတ်ခြင်း ။

၁၈ ။ မိမိချစ်သူနှင့်ရှော့ပင်အတူထွက်သည့်အခါမျိုးတွင် ကိုယ်တော့ ဒီဟာလေးကြိုက်လာတာ ချစ်ရဲ့လက်ဆောင် အနေနဲ့ဝယ်ပေးပါလားဟင် ဟင် ..ဒီဖိနပ်လေးက ကိုယ်နဲ့သိပ်လိုက်မှာပဲ ကိုယ့်ကို လက်ဆောင် မပေးချင်ဘူးလားဟင်စသဖြင့် အားမနာတမ်းပူဆာတတ်ခြင်း ။

၁၉ ။ မိမိချစ်သူက ရေခြားမြေခြားတွင် ရှိနေ၍ မိမိအားမမြင်နိုင်သောအခါမျိုးတွင် ( သူမမြင်ရသော အလုပ် ကိစ္စနှင့်တခြားအကြောင်း ပြချက် များစွာကို အရင်းပြုကာ) အင်တာနက် ချက်တင်ထိုင်ရန်ပျက်ကွက်ခြင်း ။

၂၀ ။ မိမိချစ်သူက မိမိနှင့်တွေ့ဆုံရန်ချိန်းဆိုပြီးမှ ကိစ္စတစ်ခုခုကြောင့်ပျက်ကွက်ခြင်း ( မိန်းကလေးကျန်းမာရေး ၊ ဖျားနာခြင်း ) ဆိုလျှင် ချိန်းထားတာ အလေးအနက်ထားပြီးမလာဘူးဟု တစ်ဖက်လူပြဿနာကို အရင်မစုံစမ်းပဲ မိမိကအရင်ပြဿနာရှာတတ်ခြင်း ။

ယောက်ျား တယောက်၏ ဆွဲဆောင်မူ

မိန်းကလေး တစ်ယောက်အပေါ် ယောက်ျားတစ်ယောက်၏ ဆွဲဆောင်မူက သူရဲ.
ရုပ်ရည်ချောမော ပြေပြစ်မူပေါ်မှာ ၁၀၀ ရာခိုင်နူန်း မမူတည်ပါဘူး။
မိန်းကလေးတွေနဲ. တွေတဲ့ အချိန်မှာဘာတွေလုပ်ရမယ်၊ ပြောရမယ် ဆိုတာကို
မသိခဲ့ရင်လဲ သင်ဟာ ဘယ်လောက် ချောမော ခန်.ငြားပါစေ မိန်းကလေး တွေ သင့်ကို
မခုံမင်တက်ပါဘူး။
အများသောအားဖြင့် ပေါ်ပြူလာဖြစ်သော ယောက်ျားများဟာ မင်းသားတစ်ယောက်လို
ချောမော နေတာ ခပ်ရှားရှားပါ။ ဒါပေမယ့် သူတို.တွေက အပြောကောင်းတယ်၊
ပေါင်းသင်းဆက်ဆံရေး ပြေပြစ်တယ် စသည့် နေရာများမှာ ကျွမ်းကျင်သူများ
ဖြစ်ကျပါတယ်။

အလိုက်သင့်နေတတ်ခြင်း
သင်ချစ်တဲ့ မိန်းကလေး တစ်ယောက်နဲ. ရုပ်ရှင်ကြည့်ဖို.ထွက်လာတယ်ဆိုပါစို. ။
သင်က ကားမောင်းနေတယ်၊ အခြေအနေပေးလို. ကားလမ်းပိတ် နေတယ်
ရှေ.ဆက်မောင်းလို.မရတော့ဘူး။ ထိုအချိန်က သင်က "ဟ ကားအစုတ်ပလုပ်တွေ ဘာလို.
ကိုယ်ဖာသာအိမ်မှာ မနေပဲ ကမြင်းကြောထပြီး လမ်းပေါ်တက်လာကျတာတုန်း၊
လမ်းအစုတ်ပလုပ်ရဲ. ဒီလောက်တောင် ကျဉ်းရသလား" အဲ့သလို ဗျစ်တောက် ဗျစ်တောက်
ပြောနေမလား။ ဒါဆို သင့်ဘေး က သင်ချစ်နေတဲ့ မိန်းကလေးက
သင့်ကိုဘယ်လိုထင်မလဲ။
အဲ့လိုဗျစ်တောက်ဗျစ်တောက်ပြောမနေပဲ သင်ချစ်တဲ့ ကောင်မလေးကို သင့်ရဲ.
အချစ်တွေ ဖွင့်ချလိုက်ပါလား။ ဖွင့်မချရဲသေးရင်လဲ ခဏနေကြည့်မယ့်
ရုပ်ရှင်အကြောင်း တွေပြောလို.ရသေးတယ်၊ အဲ့ဒါမှ မဟုတ်ရင် အပျင်းပြေ ရယ်စရာ
စကားလေးတွေ ပြောပေါ့။ ဒါဆို သူမ က သင့်ကို အခြေအနေ အချိန်အခါ လိုက်ပြီး
ပြောတတ်ဆိုတတ်တယ် ဆိုတဲ့ အမှတ်ပေးသွားပါလိမ့်မယ်။

အပြောချိုခြင်း
သင်ရဲ.ရုပ်ရည်ထက် ဆွဲဆောင်မူရှိတာ တခုရှိတယ်။ သင့်ရဲ.အပြောချိုချိုလေးတွေ
ကြောင့် သူမ က သင့်ကို အားထားရတဲ့ သူအနေဖြင့် သတ်မှတ်တတ်ပါတယ်။ သင့်ရဲ.
အသံတွေ တုန်နေမယ်၊ အက်နေမယ် ဆို၇င် သင့်၇ဲ. ရာဇ၀င်ဘယ်လောက်ကောင်းပါစေ။
သင့် ကို အထင်ကြီးစိတ် တွေ ပျက်ပြယ် စေနိုင်ပါတယ်။

ဦးဆောင်တတ်ခြင်း
သင်တို.နှစ်ယောက် စားသောက်ဆိုင်တွင် တခုခုစားမယ် လုပ်ချိန်မှာ။ ကောင်မလေး
က menu ကြည့်ပြီး တွေဝေနေတယ်ဆိုပါတော့။ ထိုအချိန်မှာ သင်က 'ဒါဟာ
စားကြည့်ပါလား၊ အရမ်းကောင်းတယ် နင်ကြိုက်လောက်တယ်။ ' စသဖြင့်
ဦးဆောင်မူလေးတွေလုပ်ပြလိုက်ပါတယ်။ သူမ ဘာစားမှန်း မသိဖြစ်နေတာကို
ထိုင်ကြည့်မနေနဲ.လေ။

မိန်းကလေးတိုင်းက သူတို.ရဲ. စိတ်ကူးထဲက မင်းသားလေး တွေနဲ.
တွေ.ဖို.စိတ်ကူးယဉ်တတ်ကျတယ်။ သင်က မင်းသားလေး မဖြစ်ခဲ့ရင်တောင် အထက်ပါ
အချက်လေးတွေနဲ. ကိုက်ညီအောင် နေတတ်ရင် မင်းသားလေး နဲ.တော. စရိုက်ခြင်း
နီးစပ်နေပါပြီ။

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About