အချစ် ရှိသေးရဲ့လား♥..............?


လိုအပ်တဲ့ အချိန်၊ နေမကောင်းတဲ့ အချိန် အင်အားမဲ့နေတဲ့ လက်ကို တင်းတင်းဆုတ်ကိုင် ဖေးမပေးတဲ့ အချစ်။




အေးအတူ ပူအမျှ တသက်လုံး ကြင်နာ အနစ်နာခံတဲ့ အချစ်။



ပစ္စည်းဥစ္စာ ပကာဓနတွေ မလိုပါဘူး။ ဆံဖြူသွားကျိုးတဲ့ အထိ ဘ၀လမ်းဆုံးထိ ကြင်ကြင်နာနာနဲ့ ချစ်မဲ့ အချစ်။



တယောက်လက်ကိုတယောက် တင်းတင်းဆုတ်ကိုင်လို့ လူ့ဘ၀ရဲ့ ကန့်လန့်ဖြတ်မျဉ်း (ခယောင်းတောလမ်း) တွေကို အတူတူဖြတ်ကျော်မဲ့ အချစ်။




မောင်တထမ်း မယ်တရွက် ဆိုးတူ ကောင်းဖက် တာဝန်နဲ့ အချစ်တွေကို ဝေမျှကြတဲ့ အချစ်။



အချစ်ကို လိုက်ရှာစရာ မလိုပါဘူး။ လိုက်တောင်းခံနေ စရာလည်း မလိုပါဘူး။ ကြည့်တတ်ရင် ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ဘေးမှာ အချစ်တွေဟာ လုံလုံ လောက်လောက် ရှိနေပြီးသားပါ။




တခါတလေ အချစ်မရှိတော့ဘူးလို့ ထင်နေတဲ့ လောကကြီးကို မျက်စိစုံမှိတ်ပြီး ခဏတာလောက် လျှစ်လျူရှူလိုက်ချင်တယ်။ဒါပေမဲ့ မမြင်ချင်လို့ မျက်စိကိုဇွတ်မှိတ်ထားလဲ နာကျင်နေတဲ့ အသဲရဲ့ ငိုညည်းသံကိုတော့ ကြားနေရတယ်။




အချစ် ရှိသေးရဲ့လား....


မသာယာတဲ့ မိသားစုက မွေးဖွားလာတဲ့ ကလေးတွေ အတွက် ဒီလောကကြီးမှာ အချစ်” ရှိသေးတယ် ဆိုတာ ခံစားဖူးကြပါ့မလား။



မြို့ပြမှာ ကြီးပြင်းလာတဲ့ လူတွေအတွက် ဒီမြင်ကွင်းဟာ မထူးဆန်းပါဘူး။ လပ်ရှားနိုင်သေးတဲ့ ကိုယ့်အတွက် တပြား တချပ် လျော့သွားတာ အရေးမကြီး ပေမယ့် တချို့လူတွေအတွက် တပြားတချပ်မရှိလို့ လွတ်လိုက်ရတဲ့ ညစာတွေ အများကြီးပါ။

အချစ် ရှိသေးရဲ့လား........

နိုင်းနိုင်းစနေရေးသားသည်

အချစ်ရေး အဆင်မပြေသောအခါ အမျိုးသား များသည် အမျိုးသမီး များထက် ပိုမိုထိခိုက် ခံစားရသည်

အချစ်ရေး၌ စိတ်မချမ်းသာဘဲ ရှုံးနိမ့်ရသော အခါ အမျိုးသား များသည် အမျိုးသမီး များထက် ပိုမို နာကျင် ခံစားရလေ့ရှိသည်ဟု လေ့လာမှု တစ်ရပ်အရ သိရကြောင်း ဇွန်လထုတ် ကျန်းမာရေးနှင့် လူမှုရေး ဂျာနယ်တွင် ဖော်ပြထားသည်။

ကယ်လီဖိုးနီးယား မြောက်ပိုင်း Wake Forest တက္ကသိုလ်မှ ပါမောက္ခ Robin Simon က အဆိုပါ သုတေသနလုပ်ငန်းကို ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၃ နှစ်အတွင်းရှိ လက်မထပ်ရသေးသော အမျိုးသား နှင့် အမျိုးသမီး ၁၀၀၀ ကျော်ကို လေ့လာခဲ့ကြောင်း FOX သတင်းဌာနက ဖော်ပြခဲ့သည်။

လေ့လာမှုမှ ရရှိလာသော အချက်အလက်များကို နှိုင်းယှဉ်ချက်အရ အချစ်ရေးတွင် လမ်းခွဲ အဆုံးသတ်သောအခါ အမျိုးသားများသည် အမျိုးသမီးများထက် ပိုမို စိတ်ထိခိုက် ခံစားရကြောင်း သိရသည်။

ထိုအချက်က အမျိုးသားများသည် အမျိုးသမီးများထက် ပျော်ရွင်ဖွယ် ကောင်းသော အချစ်ရေးတွင် ပိုမို စိတ်တက်ကြွ ပျော်ရွင်ကြပြီး စိတ်မချမ်းသာစရာ အခြေအနေမျိုးတွင်လည်း ပိုမိုကြီးမားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရသည်ကို ဖော်ပြလျက်ရှိသည်။ လူငယ်များအနေဖြင့် အဆင်မပြေသော အချစ်ရေးတွင် မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးသည်အထိ ခံစားရလေ့ရှိကြောင်း ပါမောက္ခ Robin Simon က ပြောပါသည်။

ဤသုတေသနမှ ထွက်ပေါ်လာသော အံ့အားသင့်ဖွယ် အဖြေမှာ လူငယ် အမျိုးသား တစ်ဦးအတွက် ဘဝတွင် အကြီးမားဆုံး ပတ်သက်ရင်းနှီးသူမှာ သူ၏ ချစ်သူဖြစ်ပြီး အမျိုးသမီးများ အတွက်မှု သူတို့၏ အရင်းနှီးဆုံးသူမှာ ချစ်သူထက်စာလျင် သူငယ်ချင်း သို့မဟုတ် မိဘ ဖြစ်သည်ဟု သိရသည်။

မှားပို့မိတဲ့ စာတိုလေးတစ်ကြောင်း....

မှားပို့မိတဲ့ စာတိုလေးတစ်ကြောင်း....

လွန်ခဲ့တဲ့နှစ်အတော်ကြာက သူတို့နှစ်ယောက်ချစ်ကြိုက်နေတဲ့ အချိန်ကပေါ့....

ဟမ်းဖုန်းဝယ်လာတဲ့ ပထမတစ်နေ့မှာ ဆန့်ကျင်ဖက်ဘတ်စ်ကားပေါ်မှာ သူတို့လိုက်ပါရင် သူမ ဆီကနေ "နင့်ကိုလွမ်းတယ်"ဆိုတဲ့ စာတိုလေးတစ်ကြောင်းကို သူရလိုက်တယ်။ ဒါဟာ သူတို့နှစ်ယောက်ကြားက စာတိုတွေအပြန်အလှန်ပို့တဲ့ ပထမဆုံးအကြိမ်ပေါ့။ ကာလအတော်ကြာတဲ့အထိ အဲဒီစာတိုလေးကို သူ မဖျက်ရက်ခဲ့ဘူး။

အဲဒီတုန်းက သူတို့ဟာ ဒီမြို့ရဲ့အရှေ့အနောက်အရပ်ဆီမှာ ခွဲနေကြရသူတွေပေါ့။ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံချိန်နည်းခဲ့တဲ့ သူတို့နှစ်ယောက်အတွက် ဟမ်းဖုန်းကနေပို့တဲ့ စာတိုလေးက သူတို့ရဲ့ လွမ်းစာ၊ ချစ်စာတွေဖြစ်ခဲ့ကြတယ်။ တစ်ညနေမှာ စကားတွေပြောကြဖို့ သူတို့အချိန်ချိန်းခဲ့တယ်။ သူမဆီကို သူစာတိုတွေ သုံးလေးခေါက်ပို့ခဲ့လည်း သူမဆီက ပြန်စာမရခဲ့ဘူး။ ဖုန်းဆက်တော့လည်း မကိုင်ဘူး။ သူ စိတ်ပူမိတယ်။ အဝတ်အစားကောက်လဲပြီး ချက်ချင်းပဲ သူမနေတဲ့နေရာဆီ သူသွားခဲ့တယ်။ ဖြစ်ချင်တော့ သူမက အဝတ်လျှော်နေတဲ့အချိန် ရေသံကြောင်း သူ့ရဲ့အချစ်သံလေးကို သူမ မကြားခဲ့တာဖြစ်တယ်။ သူ့ရဲ့စိုးရိမ်စိတ်က သူမကို မျက်ရည်ဝဲစေတဲ့အထိ ခံစားစေခဲ့တယ်။

သိပ်မကြာပါဘူး.. သူတို့ လက်ထပ်လိုက်ကြတယ်။

ဖုန်းနဲ့ စာတိုလေးတွေ အပြန်အလှန် သူတို့ပို့နေကြတုန်းပဲ။ ဒါပေမဲ့ စာအများက ရိုးရိုးရှင်းရှင်းတွေပဲဖြစ်တယ်။

"ဘယ်မှာလဲ?" .... "ကားစောင့်နေတယ်"

"ဘယ်အချိန် အိမ်ရောက်မလဲ?"........... "နောက် ဆယ်မိနစ်"

တကယ်တော့ သူဟမ်းဖုန်းထဲမှာ တခြားကပို့လာတဲ့ စာတိုတွေက ပိုများခဲ့တယ်။ စာတိုတွေများလာတာနဲ့အမျှ သူမ ပို့တဲ့စာတိုကို သူအရင်ဆုံး ဖျက်ပစ်တတ်တယ်။

သူတို့ရဲ့ အိမ်ထောက်သက်လေး (၈)နှစ်ပြည့်ခဲ့ပါပြီ။ အချိန်ကြာလာတာနဲ့အမျှ အချစ်ဆိုတဲ့အရာက တဖြေးဖြေးပါးလျားလာပြီး မျက်စိနဲ့တောင် မမြင်နိုင်ခဲ့တော့ဘူးလို့ သူထင်ခဲ့တယ်။ အဲဒီအချိန်မှာ "မေ"ဆိုတဲ့ အမျိုးသမီးတစ်ယောက် သူ့ဘဝထဲကို အချိန်ကိုက်ဝင်ရောက်လာခဲ့တယ်။ သူနဲ့မေက သဘာဝကျကျ ရင်းနှီးကျွမ်းဝင်ခဲ့ကြတယ်။

တစ်ညမှာ သူနဲ့မေ တည်းခိုခန်းတစ်ခုမှာတွေ့ဖို့ ချိန်းခဲ့ကြတယ်။ သူ ဘာအားစိုက်စရာမှမလိုဘဲ မေက လိုက်လိုက်လျောလျော လက်ခံခဲ့တယ်။ ညတဖြေးဖြေး နက်လာခဲ့တယ်။ အားရကျေနပ်စွာနဲ့ တည်းခိုခန်းဖက် သူကားမောင်းလာခဲ့တယ်။ အဲဒီမှာ အတွေးတစ်ခုက ရုတ်တရက် သူ့ခေါင်းထဲရောက်လာခဲ့တယ်။ မေ သူ့ကို တကယ်ချစ်မချစ် သူစမ်းကြည့်ချင်လာတယ်။ အဲဒီလိုနဲ့ ကားရပ်ပြီး မေ့ဆီ သူစာတိုလေးတစ်ကြောင်း ရေးပို့လိုက်တယ်။

"မောင်ကားအက်ဆီဒင့်ဖြစ်လို့ xxx လမ်းဝကို အမြန်လာခဲ့ပါ"

အချိန်တော်တော်ကြာတဲ့အထိ မေဆီက ဘာပြန်စာမှမရတော့ သူ နောက်တစ်ကြိမ်ထပ်ပို့လိုက်တယ်။ ဘာပြန်စာမှ မရခဲ့ပါဘူး။ ဒါကို သူကစိတ်တိုတိုနဲ့ ကားမောင်းထွက်ဖို့ ပြင်တယ်။ အဲဒီအချိန်မှာ အရှိန်ပြင်းပြင်းနဲ့ ကားဘရိတ်အုပ်သံကို သူကြားလိုက်တယ်။ ကားတစ်စီးသူ့ဘေးမှာ ထိုးရပ်ပြီး ကားပေါ်ကနေ အဝတ်အစားပိုသီပတ်သီဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် အမြန်ဆင်းလာတယ်။ အမျိုးသမီးကို သူသေချာကြည့်လိုက်တော့ သူ့ အမျိုးသမီးဖြစ်နေတယ်။ ဖုန်းကို သူအမြန်ကြည့်လိုက်မိတယ်။ တကယ်တော့ မေ့ဆီပို့မယ့် ဒုတိယစာတိုကို သူ့အမျိုးသမီးဆီ မှားပို့လိုက်မိတာဖြစ်တယ်။

သူ့ကားမှန်ကို သူမ ခပ်ပြင်းပြင်းခေါက်ပြီးမေးတယ်။

"မောင်... မောင် ဘာဖြစ်သွားသေးလဲ?"

"ပြင်းပြင်းထန်ထန် မဟုတ်ပါဘူး။ ထိမိရုံလေးပါ"

ူပြောပြောဆိုဆို စိုးရိမ်ပူပန်နေတဲ့သူမကို သူ့ရင်ခွင်ထဲဆွဲသွင်းပြီး တင်းတင်းလေး ပွေ့ထားလိုက်မိတယ်။

"မိုင်ပေါင်းထောင်ချီဝေးလည်း သင့်ကိုချစ်တဲ့သူက သင့်နဲ့အနီးဆုံးမှာ အမြဲရှိနေပါတယ်၊ နီးနီးကပ်ကပ်ရှိနေလည်း သင့်ကိုမချစ်တဲ့သူက သင့်နဲ့အဝေးဆုံးမှာ ရှိနေပါတယ်" ဆိုတဲ့စကားကို သူကြားယောင်လိုက်မိတော့တယ်။

မူရင်း-- http://www.xiaole8.com/ganrengushi/2264.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ချစ်သူဆိုတာ

ချစ်သူဆိုတာပျင်းလို့စကားပြောတဲ့
အဖော်မှမဟုတ်တာ ချစ်သူဆိုတာ
ပျော်ရင်စလို့ကောင်းတဲ့သူငယ်ချင်း
မှမဟုတ်တာချစ်သူဆိုတာ
စိတ်ညစ်ရင်ထွက်ပေါက်ရှာဖို့
ပြတင်းပေါက်မှမဟုတ်တာ

အောင်ချက်များတဲ့ကျောင်း

အချစ်ကိုမြင်တတ်လာအောင်
ငါ့မျက်လုံးတွေကို အတော်သင်ယူရဦးမယ်
လည်လည်ပတ်ပတ်ပြောတတ်အောင်လည်း
ပါးစပ်ကို”ဂိုက်”ငှားပေးရမယ်
သွေးလေးနေတဲ့နှလုံးသားလည်း
အောင်ချက်များတဲ့ကျောင်းမှာထားပြီ

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About