ဥာဏ်စမ်းပါဗျာ

မေးခွန်း (၁) သင်ပါဝင်တဲ့ အပြေးပြိုင်ပွဲတစ်ခုမှာ နံပါတ်(၂)ကို သင်ဖြတ်ကျော်ခဲ့ပြီဆိုရင် သင်ဟာနံပါတ် ဘယ်လောက်မြှောက်လဲ?

အဖြေ နံပါတ် (၁) လို့ ဖြေခဲ့ရင် သင့်အဖြေဟာ မှားသွားပါပြီ။ နံပါတ် ၂ကိုပဲ ဖြတ်ခဲ့တာလေ... နံပါတ် ၂ နေရာကိုပဲ သင်ရမှာပေါ့။


မေးခွန်း (၂)ကို ဖြေတဲ့အခါ မေးခွန်း(၁)လောက် အချိန်မပေးပါနဲ့။

မေးခွန်း (၂) သင်ပါဝင်တဲ့ အပြေးပြိုင်ပွဲတစ်ခုမှာ နောက်ဆုံးလူကို သင်ဖြတ်ကျော်ခဲ့တယ်ဆိုရင် သင်ဟာနံပါတ် ဘယ်လောက်မြှောက်လဲ?

အဖြေ နောက်ကရေရင် ဒုတိယလို့ သင်ဖြေအုန်းမလား? ဒါဆိုရင် မှားပြန်ပြီနော်။ နောက်ဆုံးလူပါဆိုမှ သင်ဘာဖြစ်လို့ နောက်ဆုံးကို ပြန်ပြေးချင်ရသလဲ?


မေးခွန်း (၃)က အလှည့်အစား ပုစ္ဆာလေးတစ်ပုဒ်ပါ။ ဘာအကူမှ မယူဘဲ အောက်ကပေးထားတဲ့ ဂဏန်းတွေကို စိတ်တွက်နဲ့ပဲ တွက်ကြည့်ပါ။

မေးခွန်း(၃) ၁ဝဝဝ ကို ၄ဝပေါင်းပါ၊ ၁ဝဝဝ ထပ်ပေါင်းပါ၊ ၃ဝ ထပ်ပေါင်းပါ၊ ၁ဝဝဝ ထပ်ပေါင်းပါ၊ ၂ဝ ထပ်ပေါင်းပါ၊ ၁ဝဝဝ ထပ်ပေါင်းပါ၊ ၁ဝ ထပ်ပေါင်းပါ စုစုပေါင်း ဘယ်လောက်ရမလဲ?

အဖြေ အဖြေက ၅ဝဝဝ လား? အမှန်က ၄၁ဝဝ ဖြစ်တယ်။ မယုံရင် ချတွက်ကြည့်ပါ။



ဒီနေ့ဟာ သင့်အတွက် ပြဿဒါးနေ့ ဆိုခဲ့ရင်တောင် မေးခွန်း(၄)ကို သင်ကောင်းကောင်း ဖြေနိုင်လိမ့်မယ် ထင်ပါတယ်။

မေးခွန်း(၄) Mary အဖေ့မှာ သမီး ၅ယောက်ရှိတယ်။ ပထမသမီးက Nana၊ ဒုတိယသမီးက Nene၊ တတိယသမီးက Nini၊ စတုတ္ထသမီးက Nono၊ ပဉ္စမ သမီးနာမည်က ဘာလဲ?

အဖြေ အဖြေက Nunu လား? လုံးဝမဟုတ်ပါဘူး။ မေးခွန်းကို ထပ်ဖတ်ကြည့်ပါ Mary ဖြစ်ပါတယ်။

အရောင်မတူတဲ့ အိမ် ၅ အိမ်မှာ လူမျိုး ၅မျိုးနေပြီး မတူတဲ့အကောင် တစ်ကောင်စီကို မွေးထားကြတယ်။ သူတို့ဟာ မတူတဲ့ဆေးလိပ်နဲ့ အရည်တွေကို သောက်ကြတယ်။

၁) အင်္ဂလိပ်လူမျိုးက အနီရောင်အိမ်မှာနေတယ်။
၂) ဆွီဒင်လူမျိုးက ခွေးမွေးထားတယ်။
၃) ဒိန်းမတ်လူမျိုးက လက်ဖက်ရည်သောက်တယ်။
၎) အဖြူရောင်အိမ်ရဲ့ ဘယ်ဘက်မှာ အစိမ်းရောင်အိမ်ရှိတယ်။
၅) အစိမ်းရောင် အိမ်ပိုင်ရှင်က ကော်ဖီသောက်တယ်။
၆) pall တံဆိပ်ဆေးလိပ်သောက်သူက ငှက်မွေးတယ်။
၇) အဝါရောင် အိမ်ပိုင်ရှင်က dunhill သောက်တယ်။
၈) အလယ်အိမ်က နွားနို့သောက်တယ်။
၉) နော်ဝေးလူမျိုးက ပထမတစ်အိမ်မှာနေတယ်။
၁ဝ) blend တံဆိပ် ဆေးလိပ်သောက်သူက ကြောင်မွေးထားသူရဲ့ အိမ်ဘေးမှာနေတယ်။
၁၁) မြင်းမွေးထားသူရဲ့ ဘေးမှာ dunhill သောက်သူနေတယ်။
၁၂) Blue Master ဆေးလိပ်သောက်သူက ဘီယာသောက်တယ်။
၁၃) ဂျာမဏီလူမျိုးက prince တံဆိပ်ဆေးလိပ်သောက်တယ်။
၁၄) နော်ဝေးလူမျိုးက အပြာရောင် အိမ်ဘေးမှာနေတယ်။
၁၅) ရေပဲသောက်တဲ့လူက blend ဆေးလိပ်သောက်သူရဲ့ ဘေးမှာနေတယ်။

မေးခွန်း
ဘယ်သူ့အိမ်မှာ ငါး မွေးထားသလဲ?

A TO Z ရည်းစားစာ

အချစ်နဲ့ ပက်သက်လာရင် ကိုယ်ရဲ့ခွန်အားတွေဆိုတာဟာ
(A)ရာဝတီတိုင်းမှာ မွှေနှောက်တိုက်ခတ်သွားတဲ့ နာဂစ်ဆိုင်ကလုန်းလေမုန် တိုင်းလို ကြီးမားပါရဲ့ မေရယ်.....။မေ့ရဲ့ ပတ်ဝန်းကျင်မှာ ..
(B)လူး၊ဂုမ္ဘာန် ၀န်းရံစောင့်ကြပ်နေအုံးတော့၊ ကိုယ် ဘာလို့ မှုနေရမှာလဲ ..ဟင်း ..ဟင်း ..၀ီစကီထဲ
(C) ပလပ်ရောစပ်ပြီးဆတ်ခနဲ မော့ချလိုက်ရင်း ရန်စွယ်တွေမှန်သမျှ အန္တရာဃ်တွေဟူသမျှကို ဟော
(D)ကောင်ဖြေရှင်းသုတ်သင်ပြပါမယ်
မေ။ တကယ်တော့ ကိုယ်ဟာ မေနဲ့ပက်သက်လာခဲ့ရင် အင်မတန်မှ စွဲလမ်းစိတ်ကြီးမားတဲ့သူပါမေရယ်၊ဘယ်လောက်တောင်မေ့အပေါ် စွဲ လမ်းသလဲဆိုတော့ မေအမှတ်မထင် လွှတ်ထုတ်လိုက်တဲ့
(E) သံကလေးကိုတောင် အာရုံထဲမှာ စွဲငြိနေပါ သေးတယ်၊ဘာပဲဖြစ်ဖြစ်ကိုယ့်အဖို့တော့ ကြင်နာသူက လမ်းခွဲသွားရင် ကိုယ့်အသည်းတစ်ခုလုံး
(F) ကွဲကြေမွသွား မှာသေချာပါတယ်မေ၊ မေရယ် ကိုယ်မေတ္တာကို တုံ့ပြန်ပေးပါ။ ကိုယ့်ကို ချစ်ခွင့်ပေးပါ၊ ကိုယ်မြတ်နိုးတဲ့ ပန်းကလေးရဲ့ ရနံ့ကို ပိုင်ပိုင်နှိင်နှိင် ရှိုက်နမ်း မွှေးကြူခွင့်ပြုပါ။ သည်လိုတောင်းဆိုလိုက်တာတွေနဲ့ ပက်သက်လို့ ကိုယ်ဟာ အင်မတန်မှ
(G) ကျတဲ့ သူရယ်လို့လည်းထင်မှတ် မသွားပါနဲ့အုံး။ မေရယ် ... ကိုယ်တောင်းခံထားတဲ့အချစ်နဲ့ ပက်သက်ပြီး
(H) ချင်ယောင်လည်း ဆောင်မနေပါနဲ့တော့၊ ကိုယ်ဟာတစ်သည်းမှာတစ်သက်၊ တစ်သက်မှာတစ်သည်း၊ မျက်နှာလည်း မများတက်သလို (I) တွေတိုင်းလည်း ခြေဆေးတက်သူ မဟုတ်ဘူးဆိုတာ ယုံထားလိုက်စမ်းပါ၊ ကိုယ်အခု
(J) ရုဆလင်နိုင်ငံနဲ့ ပက်သက်တဲ့ သတင်းတစ်ပုဒ် ဖတ်နေတယ်မေ၊ ပြည်တွင်းစစ်မှာ အချင်းချင်း တိုက်ကြခိုက်ကြနဲ့ အငြိုးအတေးကလည်း ကြီးပါ့၊ နဖူးကအမာရွတ် မြင်လေတိုင်း မင်းမဟော်ကို အခဲမကျေဖြစ်နေတဲ့
(K) ၀ဋ် ပုဏ္ဍားတောင် လက်မြှောက် အရှုံးပေးလောက်ပါရဲ့၊ မေနဲ့ကိုယ်တို့ကြားမှာတော့ လက်ကလေးတွေ တွက်ချိုးရေဖို့ရာ အမျက်ကလေးတွေ သက်ဆိုးမရှည်ခဲ့ပါဘူးနော်၊ ကိုယ်သူငယ်ချင်းတွေက ကိုယ့်ကိုမေးကြတယ်၊ ကိုယ်ဟာမေ့ရဲ့
(L) စတုံအိုးကြီးကို သဘောကြလို့ ချစ်သွားတာလားတဲ့၊ ရယ်ပဲရယ်စရာ ကောင်းသေးတော့၊ ကိုယ်က မေ့ရင်ထဲက ဖြူစင်တဲ့နှလုံးသားလေးကိုသာ ချစ်တဲ့အကြောင်းဖွင့် (M) ပြောပြလိုက်မှ ငြိမ်သွားကြတယ်၊ ဒါတောင်မှ အထွန့်တက်လာကြသေးတယ်။
မေရယ် .......။
(N) ဏ္ဏဝါလှိုင်းရေပြင်ထက်မှာတော့ ငှက်မောင်နှံက တူယှဉ်တွဲ ပျံသန်းလို့ပေါ။
ကိုယ်ဟာ မေ့အပေါ်
(O) မင်းရင့်ရော်တဲ့အထိ မပြယ်သောမေတ္တာများနဲ့ ချစ်သွားမယ်သူပါ၊ သည်လိုမျိုး မေ့ အပေါ် ထားတဲ့သစ္စာ မ
(P) ပြင်ခဲ့ဘူးဆိုရင် အဏ္ဏဝါမြစ်ရေအလျဉ်ကို အန်တုတားဆီးနေတဲ့
(Q) ပင်တွေကို နှုတ်ပြီး ကိုယ့်ရင်ဝကို ဆောင့်ထိုးလိုက်ပါတော့။
ကိုယ်ဟာ ဖြီးဖြန်းအပိုကဲလို့ မညာတက်သလို ကျီးကန်းလိုလည်း မ
(R) တက်ပါဘူး၊ ကိုယ်အချစ်က ငရဲမီး
(S) ဆစ် အစားခံရတဲ့ ဇဗ္ဗူရာဇ်ရွှေစင်နှလုံးသားပါ မေရယ်၊ စကားတွေကို
(T) တီတာတာ မဖွဲ့နွဲ့ တက်ပါဘူး၊မေတ္တာတွေပေးခဲ့ပြီင်္း သူမို့ မေတ္တာကိုတော့ ပြန်
(U)ချင်ပါတယ်မေ။ ကိုယ်အခု ချောင်းသာကမ်ခြေကို အလကားခေါ်မယ့်သူရှိလို့ ရောက်နေတယ်မေ။
သည်စာကို ပင်လယ်က
(V) ပင်တစ်ပင်အောက်မှာ ရေးနေတာ။ သည်အချိန်မှာပဲ ဘယ်ကကန်ထည့် လိုက်မှန်းမသိတဲ့
(W) ဘောလုံးတစ်လုံးက ကျောကုန်းကိုလာမှန်တယ်၊ အမယ်လေးလေး၊ အောင့် လိုက်တာ၊ နာလိုက်တာ၊ အဆုတ်တွေ ဘာဖြစ်သွားလဲမသိဘူး၊ ရန်ကုန်ပြန်ရောက်တော့မှပဲ
(X) ရေး ဓါတ်မှန် ရိုက်ကြည့်ရတော့မှာပဲ။ စာလည်းရှည်သွားခဲ့ ပြီ ....... မေ။ သည်းခံပြီး ဖတ်တာ ကျေးဇူးကမ္ဘာပါ။
အဲ ....... တစ်ခုတော့ ရှိတယ်။
ကိုယ်အပေါ် မေ့ ဆီက မေတ္တာ တုံ့ပြန်မလာဘူး ဆိုရင်တော့ ကိုယ်ဟာ အင်ဂျင်
(Y) နဲ့ ပိုးသတ်ဆေး သောက်ရင်း
(Z) ကျိုးလို့ နိဂုံး ချူပ်သွားပါလိမ့်မယ်မေ ´´

တော်ဝင်မယ့် အချစ်

ကိုယ့်မှာငွေ မရှိရင်တောင်
မင်းမရှိ လို့မဖြစ်ဘူး
မင်းကိုချစ်တဲ့ အချစ်တွေက
သမုဒ္ဒရာထဲက ရေတွေလိုပဲ
ဘယ်တော့မှ ခမ်းခြောက်သွားမှာ
မဟုတ်ဘူး ကိုယ့်အချစ်က
ရိုမီရိုထက် မသာရင်တောင်
သူ့ထက်တော့မလျော့ နိုင်ပါဘူး
မင်းဟာကိုယ့်ရဲ့ အနာဂတ်ဖြစ်လို့
မင်းမရှိရင် ကိုယ့်ဘ၀မှာအနာဂတ်
မရှိတာနဲ့ တူတူပါပဲ
မင်းမျက်နှာလေးကို မြင်နေရတဲ့
အချိန်လေးဟာ ကိုယ့်အတွက်တော့
အပျော်ဆုံး အချိန်လေးတစ်ခုပါပဲ
ပိုတယ်ပဲပြောပြော ရူးတယ်ပဲပြောပြော
ကိုယ်ကတော့ မင်းကို
အရမ်းချစ်တယ်...........။

ဟာသလေးတွေပါ.............

(၁) ဖခင်.....သား မတတ်တာ ဘာရှိလဲ ဖေဖေ့ကို ပြောပြ။
သား.....ဒီကမ္ဘာပေါ်မှာ သားမတတ်တာ (၂)ခုပဲရှိတယ်။
ဖခင်.....ဟာ....ငါ့သား တယ်တော်ပါလား...ဘယ်(၂)ခု မတတ်တာလဲ။
သား.....သား "ဒီဟာ" လဲ မတတ်ဘူး။ သား "ဟိုဟာ" လဲ မတတ်ဘူး။
ဖခင်.......... ^&(*&!")(!_)£$"

(၂)
ဖခင်..........သားကြီးလာရင် ဘယ်သူ့ကို ယူမလဲ
သား..........ဘွားဘွားက သားကို သိပ်ချစ်တယ်ဆိုတော့....သားကြီး
လာ
ရင် ဘွားဘွားကိုယူမယ်။
ဖခင်.........ဟာ....ဖေဖေ့ မေမေကို သားယူလို့ ဘယ်ရမလဲ။ အဲဒီလို ပြော
လို့မရဘူး သား..
သား........ ဒါဆိုရင် ဘာဖြစ်လို့ သား မေမေကိုကျတော့ ဖေဖေယူလို့ရလဲ။
ဖခင်.........^&!()%^$%!$"*(

(၃)
ဖခင်........... သား ၁ နဲ့ ၁ ပေါင်း ဘယ်လောက်ရလဲ
သား........... မသိဘူး ဖေဖေ
ဖခင်......... လူအ..၂ ရတယ်...ဟင်း...ဒါလေးတောင်မသိဘူး။ ဒါဆိုရင်
ဖေဖေနဲ့ သားပေါင်းရင် ဘာရလဲ။
သား........... ဖေဖေနဲ့ သားပေါင်းရင် လူအ နှစ်ယောက်ရတယ်။
ဖခင်...........&^!*"^!%"$!£")(*)

(၄)
"နင့်အမှတ် ဘယ်လောက်ရလဲ"
"သုည ..နင်ကော"
"ငါလဲ သုညပဲရတယ်"
"အမှတ်ချင်း တူနေပြန်ပြီ ဆရာက ငါတို့ကို ခိုးကြည့်တယ် ပြောဦးမလား မသိ
ဘူး"

ဖခင်........ဟင်း....ကျောင်းဖွင့်ခါစပဲ ရှိသေးတယ်။ ရမှတ်က သုညတဲ့...ဟင်း
သား........ ဆရာမက ပြောတယ်..ဘယ်အရာမဆို သုညက စရမယ်တဲ့။
ဖခင်............&*!^"!%"!^%"!08

(၅)
ဖခင်.......... ကျောင်းကောင်းကောင်းထားပေး တာ စာမကြိုးစားချင်ဘူး။ ဖေဖေ့
တုန်းက ဆင်းရဲလို့ ကျောင်းတက်ချင်တာတောင် မတက်ခဲ့ရဘူး။
သား........... ဖေဖေ....သားတို့ ဘယ်တော့ ပြန်ဆင်းရဲမှာလဲဟင်....
ဖခင်............&*!^"!%"!^%"!08


မင်းတို့ သိရဲ့လား......................

နွားသိုးခြံတစ်ခုမှာပေါ့ နွားသိုးသုံးကောင်း ရှိတယ်၊ နွားမက ၁၀၀ ရှိတာ...... နွားသိုးသုံးကောင်းက ခွဲတန်နဲ့ နွားမတွေကိုပိုင်ကြတယ်။ အကြီးကောင်းက ၅၀ ပိုင်တယ်၊ အလတ်ကောင်က ၃၀၊ အငယ်ကောင်က ၂၀ ပေါ့။ တစ်နေ့  မှာခြံရှင်က နွားပေါက်နှုန်းနည်းလို့ ဆိုပြီး နွားသိုးတစ်ကောင်ထပ်ဝယ်တော့........သူတို့ သုံးကောင်တိုင်ပင်တာပေါ့ ။

အကြီးကောင်က စပြီးပြောတယ်....“ငါ့ကတော့ တစ်ကောင်မှမခွဲပေးနိုင်ဘူးကွ..” အလတ်ကောင်ကလည် “ငါလည်မပေးနိုင်ဘူး” ဒေါသတွေထွက်နေကြတာပေါ့ ၃ ကောင်စလုံး......... ခဏနေတော့ ခြံရှင်ဝယ်လိုက်တဲ့ နွားသိုးအသစ်ရောက်လာရော ၁၀ ဘီးကားကြီနဲ့  ခြံထဲဝင်လာတယ်။ကားပေါ်ကနေ နွားသိုးကြီးလည်းဆင်းလာရော ၁၀ ဘီးကားခေါင်းတောင်ထောင်သွားတယ် နွားသိုးသုံးကောင်လန့် သွားတာပေါ့၊ ဒါနဲ့ အကြီးဆုံးအကောင်က “ငါတော့ ၂၀ကောင်လောက်ခွဲပေးလိုက်တော့မယ်ကွာ၊ အလတ်ကောင်ကလည် အေးငါလေည်း ၁၀ကောင်လောက်တော့ခွဲပေးမှဖြစ်မယ်ကွ”

အငယ်ဆုံးအကောင်က ဘာမှမပြောဘူး နှာမှုတ်လိုက် ခွာယှက်လိုက်ပဲ လုပ်နေတယ်....ဒါနဲ့ အကြီး နှစ်ကောင်ကမေးတာပေါ့ “ဟဲ့ကောင်မင်းလဲ နဲနဲခွဲပေးလိုက်လေကွာ မင်းနာအုံးမယ်” ပေါ့ အငယ်ကောင်ကပြန်ပြောတယ်.........“အေးငါသိတယ်ကွ ငါ့ကို နွားထီးမှန်း သိအောင်ငါလုပ်ပြနေတာ မင်းတို့ သိရဲ့လားတဲ့”



တရားမျှတလိုက်ပုံက....................

တစ်ခါကဆိတ်တစ်ကောင်က မောင်အေးရဲ့ ခြံထဲက ဟင်းသီးဟင်းရွက်တွေ စားပြီးဖျက်ဆီးပစ်လို့  မောင်အေးကရိုက်သတ်လိုက် သတဲ့။ အဲ့ဒီတော့ ဆိတ်ပိုင်ရှင်မောင်ခွေးက တင်းပြီးထင်တုံးနဲ့ ပေါက်လိုက်တာ မောင်အေး မိန်းမကိုမှန်ပြီး ကိုယ်ဝန်သုံးလ ပျက်ကျသွားတယ်။ ဒီလိုနဲ့ အချင်းများပြီး ရပ်ကွက်ကောင်စီ တရားရုံးကို ရောက်လာတော့ တရားသူကြီးက အဖြစ်အပျက်အစုံအလင်ကို နားထောင်ပြီး စီရင်ချက်ချလိုက်ပုံက မောင်အေးက မောင်ခွေးရဲ့ဆိတ်ကို သတ်လို့ ဆိတ်တစ်ကောင်ပြန် အစားပေးစေ။ မောင်ခွေးက မောင်အေးမိန်းမ ကိုယ်ဝန်သုံးလ ပျက်ကျအောင်လုပ်လို့  မောင်အေးမိန်းမကို ကိုယ်ဝန်သုံးလ ရှိအောင်ပြန်လုပ်ပေးစေတဲ့။



လူမှားလို့ ...............................

အလွန်အေးတဲ့ ဆောင်းတမနက်မှာ ကိုရီးယားသားတယောက်ဟာ ထုံစံအတိုင်း နှင်းလျှောစီးဘို့  မိန်းမကိုနှုတ်ဆက်ပြီးထွက်ခဲ့တယ်။ လမ်းရောက်မှ ရာသီဥတုက အရမ်းဆိုးလာတော့ လှည့်ပြန်လာပြီး၊ “အား.........ဒီနေ့  ရာသီဥတုကတော်တော်ဆိုးတာပဲ ”လို့ ပြောပြီးမိန်းမဘေး ပြန်ဝင်အိပ်ချိန်မှာ မိန်းမက လှည့်မကြည့်ပဲ ပြန်ပြောလိုက်ပုံက “ဒါတောင်အိမ်ကကောင်ကြီးက နှင်းလျှောစီးဖို့  သွားသေးတယ်” တဲ့။



ပစ်တာလည်းပစ်ပေါ့ နည်းနည်းတော့သတိထား...............

မြို့မှာ တက္ကသိုလ်သွားတက်တဲ့သား ပြန်လာတော့ ၊ တောမှာနေတဲ့ အဖေက (ရိုးရိုးအအ)ဒီလိုပြောတယ်

အဖေ ။ ။ “ငါ့သား မြို့မှာကျောင်းသွားတက်တာ ပညာကြိုးစားသင်နော်။ အပျော်အပါးတို့ လောင်းကစားတို့ မလုပ်နဲ့ ကြားလား”

သား ။ ။“မလုပ်ပါဘူးအဖေရယ်၊ တစ်ခါတစ်ရံပိုကာလေးဘာလေးတော့ ပစ်တာပေါ့။”

အဖေ ။ ။“အေး အေး..ပိုကာပစ်ရင်လည်း သေချာကြည့်ပစ် ၊ မျက်စိမျက်နှာမှန်ဦးမယ်။”



အိုဆေး...................

အမျိုးသမီးတစ်ဦးသည် အိမ်တစ်အိမ်၏ဆင်ဝင်အောက်တွင် လှုပ်ကုလားထိုင်တစ်လုံးဖြင့်ငြိမ့်နေသော လူကောင်သေးသေး အဖိုးအိုတစ်ဦးကို မြင်သဖြင့် စကားသွားပြောသည်။ “ဒီလောက်ပျော်နေတာကို မြင်တော့ဂရုမထားပဲနေနိုင်တော့လို့ ပါ။ဒီလို ပျော်ပျော်ကြီးအသက်ရှည်ဖို့ လျှို့ ဝှက်ချက်က ဘာပါလဲရှင့်”

“တစ်နေ့ ကိုစီးကရက်(၃)ဘူးသောက်တယ်၊ တစ်ပတ်ကို ဝီစကီတစ်သေတ္တာ ကုန်တယ်၊ အဆီများတဲ့ အစားအသောက်တွေကိုစားပြီး လေ့ကျင့်ခန်း မလုပ်ဘူး”

“အံ့သြစရာပါလား ၊ အသက်ဘယ်လောက်ရှိသွားပြီလဲ”

“နှစ်ဆယ့်ခြောက်နှစ်.....”



ရယ်မောခြင်းဖြင့် ဘဝအမောများ ပြေကြပါစေ....

မှတ်သားလောက်စရာပါ

မိသားစုဝင်နည်းနည်းနဲ့။

အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ်။

ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်။

ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ်။

ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ်။ ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ်။

ဆေးတွေ များများစားစား ရှိတယ်။ ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။

ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ်။

ရယ်တာတော့ အတော်နည်းသွားပြီ။

ကားမောင်းတာ အတော်မြန်လာကြတယ်။

ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ။

အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။

စာဖတ်တာ အတော်လေးနည်းတယ်။

ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား။ ဘုရားရှိခိုးတာ အတော်နည်းလာပြီ။

ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးပွားဖို့လုပ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တန်ဖိုးတွေတော့ လျော့လာကြတယ်။

ကျွန်တော်တို့ စကားကို ရွှန်းရွှန်းဝေအောင် ပြောကြတယ်။ မေတ္တာတွေနည်းလာပြီ။ လိမ်တာညာတာတော့ မကြာခဏပဲ။

ကျွန်တော်တို့ နေထိုင်ဖို့အတွက် သင်ယူခဲ့ကြတယ်။ ဒါပေမယ့် ဘ၀အတွက်မဟုတ်ဘူး။

ကျွန်တော်တို့ သက္ကရာဇ်မှာ ဘ၀ကို မြှုပ်နှံနေကြတယ်။ ဘ၀အတွက် သက္ကရာဇ်တွေကို အသုံးမချနိုင်ဘူး။

ကျွန်တော်တို့မှာ ကြီးမားတဲ့အဆောက်အဦးတွေ ရှိတယ်။ ဒါပေမယ့် စိတ်ရှည်သည်းခံနိုင်မှုဟာ အတော်သေးကွေးလာတယ်။

ကျယ်ပြန့်တဲ့ လမ်းမကြီးတွေ ရှိတယ်။ ဒါပေမယ့် အမြင်တွေ ရှုထောင့်တွေ သေးသိမ်လာတယ်။

ကျွန်တော်တို့ များများသုံးလာတယ်။ ဒါပေမယ့် နည်းနည်းပဲ ရတယ်။

ကျွန်တော်တို့ များများစားစား ၀ယ်လာတယ်။ ဒါပေမယ့် ကျေနပ်မှုကတော့ အတော်နည်းတယ်။

ကျွန်တော်တို့ လဆီကို သွားဖို့၊ ပြန်ဖို့ နည်းလမ်းတွေရှိတယ်။

ဒါပေမယ့် လမ်းကူးပြီး အိမ်နီးနားချင်းဆီသွားဖို့ အတော်ခက်နေတယ်။

ကျွန်တော်တို့ အပြင်အာကာသကို ကြီးစိုးနိုင်တယ်။ ဒါပေမယ့် အတွင်းအဇ္ဈတ္တကို မပိုင်နိုင်ဘူး။

ကျွန်တော်တို့ အက်တမ်ကို ခွဲခြမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အာဂါတ တရားကို မဟုတ်ဘူး။

ကျွန်တော်တို့ များများရေးတယ်။ ဒါပေမယ့် လေ့လာမှုတွေနည်းလာတယ်။ စီမံကိန်းတွေများတယ်။ ပြီးမြောက်တာ နည်းတယ်။

ကျွန်တော်တို့ ခပ်သုတ်သုတ်လုပ်ဖို့ သင်ယူကြတယ်။ ဒါပေမယ့် စောင့်စားတတ်ဖို့ မပါဘူး။

ကျွန်တော်တို့ မြင့်မားတဲ့ဝင်ငွေတွေ ရှိလာတယ်။ ဒါပေမယ့် သေးသိမ်တဲ့ စိတ်ဓါတ်တွေနဲ့။

ကျွန်တော်တို့ သတင်းအချက်အလက်များသိမ်းဖို့ ကော်ပီများများပွားဖို့ ကွန်ပြူတာတွေထွင်ခဲ့ကြတယ်။

ဒါပေမယ့် အဆက်အသွယ်တော့ နည်းလာကြတယ်။

ကျွန်တော်တို့ အရည်အတွက်များများ ထုတ်နိုင်ကြတယ်။ ဒါပေမယ့် အရည်အသွေး နည်းနည်းနဲ့။

အသင့်စားအစားအစာတွေ ခေတ်စားနေတယ်။ အစာချေဖျက်နိုင်မှုက အတော်နှေးလာတယ်။

လူ ခပ်မြင့်မြင့်တွေ ဖြစ်ပေမယ့် စရိုက်တွေက ခပ်သိမ်သိမ်ပဲ။

အားလပ်ချိန် ပိုလာပေမယ့် ပျော်ရွင်မှုတွေ နည်းလာတယ်။

အစားအစာအမျိုးအစားများလာပေမယ့် အဟာရတွေနည်းလာတယ်။

နှစ်ယောက်စာ ၀င်ငွေတွေဖြစ်လာပေမယ့် လင်မယားကွာရှင်းမှုတွေများလာတယ်။

လှပတဲ့ အိမ်ယာတွေမှာ ကျိုးပျက်နေတဲ့ အိမ်ထောင်တွေနဲ့။

ဒါကြောင့် ကျွန်တော် တင်ပြချင်တာက ဒီနေ့ကစပြီး ထူးခြားတဲ့အခြေအနေအတွက်ဆိုပြီး ဘာပစ္စည်းကိုမှ မသိမ်းပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းဟာ ထူးခြားတဲ့ နေ့ထူးနေ့မြတ်တွေပါပဲ။

အသိတရားအတွက် ရှာဖွေပါ။ စာများများဖတ်ပါ။

သင့်အိမ်ရှေ့ ၀ရံတာမှာထိုင်ပြီး သင့်လိုအပ်ချက်တွေကို အာရုံမထားဘဲ မြင်ရတဲ့ မြင်ကွင်းကို ခံစားကြည့်ပါ။

သင့်မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် အချိန်များများ သုံးပါ။

သင်ကြိုက်တဲ့ အစားအစာကို စားပါ။ သင် နှစ်သက်တဲ့နေရာတွေကို သွားပါ။

ဘ၀ဆိုတာ ပျော်ရွှင်မှုတွေနဲ့ စီကုံးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ အသက်ရှင်ရုံ သက်သက်မဟုတ်ပါဘူး။

သင်သိမ်းဆည်းထားတဲ့ တန်ဖိုးရှိတဲ့ပစ္စည်းတွေ၊ ရေမွှေးတွေကို အခုပဲသုံးလိုက်ပါ။

နောက်ပြီး သင်လိုမယ်ထင်တဲ့အချိန်တိုင်းမှာ သုံးပါ။

သင်ရဲ့ အဘိဓာန်ထဲက `တစ်နေ့နေ့´ တို့၊ `တစ်နေ့ရောက်ရင်´ ဆိုတာတွေကို ဖယ်ရှားလိုက်ပါ။

ကျွန်တော်တို့ရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေကို ကျွန်တော်တို့ ဘယ်လောက်ချစ်ကြောင်း ပြောကြရအောင်။

သင့်ဘ၀ကို ပျော်ရွင်စေမယ့်၊ ဘ၀အမောပြေစေမယ့် အရာတွေအားလုံးကို နောက်မကျပါစေနဲ့။

နေ့တိုင်း၊ အချိန်တိုင်း၊ မိနစ်တိုင်းဟာ ထူးခြားနေပါတယ်။

နောက်ပြီး အဲဒါဟာ ဘယ်လောက်ကြာကြာခံမလဲဆိုတာ သင်တို့မသိပါဘူး။

အကယ်၍ သင်ချစ်တဲ့သူဆီကို ဒီစာ ပို့ဖို့ အချိန်မပေးနိုင်သေးဘူး ဆိုပြီး သင် တစ်နေ့နေ့တော့ ဒီစာကို ပို့မှာပါလို့ပြောနေရင်တော့

ကျွန်တော့ကို ယုံပါ။ အဲဒီတစ်နေ့နေ့ဆိုတဲ့ အချိန်မှာ

ဒီစာကို ပို့ဖို့ သင်ဒီမှာ ရှိချင်မှရှိတော့မယ်။

ချစ်သူလေးအပေါ် romantic ဖြစ်ဖို့ 

၁။ နေ၀င်တာ အတူတူကြည့်ပါ

၂။ ချစ်သူနားကိုကပ်ပြီး တိုးတိုးလေး ပြောပါ

၃။ ချစ်သူအတွက် ကိုယ်တိုင် ချက်ကြည့်ပါ (အတူတူ ချက်ကြရင် ပိုတောင်ကောင်းသေး )

၎။ မိုးရေထဲမှာ အတူတူလျှောက်သွားပါ

၅။ လက်ကိုင်ထားပေးပါ

၆။ လက်ဆောင်လေးတွေပေးပါ

၇။ နှင်းဆီပန်းကလဲ romantic ဖြစ်စေပါတယ်

၈။ သူတို့ ကြိုက်တဲ့ ရေမွှေးကို မှတ်ထားပြီး သူတို့ နဲ့ တွေ့ တိုင်း သုံးပေးပါ

၉။ ကမ်းခြေမှာ အကြာကြီး လမ်းလျှောက်ပါ

၁၀။ ကဗျာလေးတွေ ပို့ ပေးပါ

၁၁။ ထွေးပိုက်ထားခြင်းကတော့ အကောင်းဆုံးဆေးတစ်လက်ပါ

၁၂။ တကယ်စိတ်ပါတဲ့အချိန်မှ ချစ်တယ်လို့ ပြောပြီး စိတ်ပါကြောင်းကိုလဲ သူသိပါစေ

၁၃။ သကြားလုံးတို့  ကဗျာတို့  ပန်းတို့ ကို အလှည့်ကျဖြစ်ပါစေ

၁၄။ သူသာလျှင်ကိုယ့်အတွက် တစ်ဦးတည်းသော လို့ ပြောပါ.....မညာပါနဲ့ 

၁၅။ ဖြစ်နိုင်ရင် စက္ကန့် တိုင်း အတူတူရှိပါစေ

၁၆။ သူရဲ့ မျက်ဝန်းထဲကို ကြည့် ပါ

၁၇။ သူ့ ရဲ့  ပါးလေးကို ဖြည်းဖြည်းလေးကိုင်ပြီး သူ့  မျက်ဝန်းကိုကြည့်ပြီး ချစ်တယ်လို့ ပြောပါ..ပြီးရင် ညင်သာစွာ နမ်းပါ

၁၈။ လူတွေကြားထဲ ရောက်နေရင် အချင်းချင်းပဲ ဂရုစိုက်ပါ

၁၉။ သူသတိမထားမိတုန်း သူ့ အိတ်ထဲသို့  ချစ်စာလေးများ ထည့် ပေးလိုက်ပါ

၂၀။ လက်စွပ်ဝယ်ပေးပါ

၂၁။ သီချင်းဆိုပြပါ

၂၂။ အမြဲ ပခုံးဖြစ်ဖြစ် ဖက်ထားပါ

၂၃။ dinner အတူတူစားပေးပါ

၂၄။ သူမရဲ့ လက်ကိုယူပြီးနမ်းပါ ပြီးတော့ ကိုယ့်ရင်ဘတ်ပေါ်တင်ထားပါ

၂၅။ အတူတူကပါ

၂၆။ သူ့ ကို ပေါင်ပေါ်မှာ အိပ်စက်ပါစေ

၂၇။ စာကိုပြောင်းပြန်ရေးပြီး သူ့ ကို မှန်ကြည့် ပြီးဖတ်ခိုင်းပါ

၂၈။ သူ့ ကို အကြောင်းမရှိ အကြောင်းရှာပြီး ဖုန်းဆက်ပါ

၂၉။ အရမ်းအလုပ်ရှုပ်နေရင်တောင် သူ့ ကို ချစ်တယ်လို့ ပြောမိပါစေ

၃၀။ ခရီးထွက်နေရင်လဲ သတိရကြောင်း ပြောပေးပါ

၃၁။ ကိုယ့်အိပ်မက်တွေကိုမှတ်ထားပြီး ပြန်ပြောပေးပါ

၃၂။ သင့်ရဲ့  အနက်ရှိုင်းဆုံး လျှို့ ဝှက်ချက် သင် အကြောက်ဆုံးအရာများကို သူသိပါစေ

၃၃။ သူ့ ရဲ့ မိသားစုကို လေးစားပါ

၃၄။ သူမရဲ့ ဆံပင်ကို ပွတ်သပ်ပေးပါ

၃၅။ သူ့ သူငယ်ချင်းတွေနဲ့  အတူလည်ပတ်ပေးပါ

၃၆။ ဘုရားအတူသွားပါ

၃၇။ အချစ်ကားတစ်ခုအတူကြည့် ပြီး သူကြိုက်သော အခန်းများကိုမှတ်ထားပါ

၃၈။ တူညီသောအမှားကို နှစ်ခါမလုပ်မိစေပါနဲ့ 

၃၉။ သူနဲ့ အတူ ပျော်ရွှင်မှုကို ဝေမျှပါ

၄၀။ သူ့ အတွက် အနစ်နာခံပါ

၄၁။ နေ့ တိုင်းမှာ သူ့ ကိုသတိရတယ်ဆိုတာ သူသိအောင်ပြောပါ

၄၂။ အခြားဘာသာများနှင့်လဲ ရင်ခုန်အောင် လုပ်တတ်ပါစေ

၄၃။ သူ့ အတွက် FM မှာပဲ ဖြစ်ဖြစ် သီချင်းတောင်းပေးပါ

၄၄။ ဖုန်းပြောရင်နဲ့  အိပ်ရာဝင်ပါ

၄၅။ တစ်ယောက်ယောက်က စွပ်စွဲရင်လည်း အမြဲချစ်သူဘက်သာ ရပ်တည်ပါ

၄၆။ good night kiss ပေးပါ

၄၇။ အိပ်မက်မက်လှလှမက်ပါစေ လို့ လဲ ပြောဖို့ မမေ့ပါနဲ့ 

မျော်နေတယ်....ခဏလေးလို


ချစ်သူချန်ရစ်


လွမ်းကျန်ရစ်တယ်......


မနေ့က လိုပဲ။


 


ဒီနေ့လဲ  စောင့်မျှော်...


မိုးကြီးချုပ်သွားသော်လဲ


နားစွင့်လို့ အိပ်ခဲ့တယ်.....



သူလာရင် မနိုးမှာစိုး


သူစိတ်ဆိုးမှာ စိုးလို့ပါ။



ဒီနေ့မလာရင်


မနက်ဖြန်ပေါ့...


မျှော်လင့်ခြင်းတွေကတော့


ရင်တွင်းမှာပြည့်နေတယ်လေ။


 


စောင့်လို့နေမှာပါ......


ဒီနေ့မတွေ့ပေမဲ့



မနက်ဖြန်တော့ တွေ့လိမ့်မယ်.......လို့


မနေ့ကတော့............. ကြာခဲ့ပြီ။


 


ချစ်သူရေ ကြာလေလေဝေး


ခဏလေးလိုပဲ.......နော်။



မျှော်ရတဲ့ ရက်တွေက


တကယ် ခဏလေးပါပဲ.........။


မျှော်ဆဲ၊ လွမ်းဆဲ၊ တမ်းတဆဲပေါ့


လွမ်းနေလျှက်လဲ  ချစ်နေဆဲ...........။

ကောင်မလေး သို့ .........

အမြဲတမ်းတ
သတိရနေတာကို
အချစ်လို့ ခေါ်မလား.........။

အထီးကျန်နေတဲ့ 
ငါ့ အတွက်
ညတွေတိုင်းဟာ
မှောင်မိုက်လွန်းပါတယ်....။

ကောင်မလေးရယ်.....
ငါကိုယ်တိုင်
ဖွင့် ဟမပြနိုင်တဲ့ 
ငါ့ ရင်ထဲကအချစ်တွေကို
ဥပက္ခာမပြုလိုက်ပါနဲ့ .......။

“ချစ်တယ်”လို့ 
ငါပြောချင်ပေမယ့် 
ပြောမထွက်ဘူး........။

မပြောရဲတာထက်
မပြောရက်လို့ ဆိုတာ
မင်းသိမှာပါ........။

နားလည်ပေးပါ ကောင်မလေးရယ်

အချိန်တိုင်း ငါ့ ရင်ထဲမှာနင်ရှိပါတယ်
အချိန်တိုင်း နင့် ကိုသတိရနေပါတယ်
ပြီးတော့ 
အချိန်တိုင်း နင့် ကိုငါတမ်း...တ...နေပါတယ်ဟာ........။


ကောင်မလေးရယ်..........................................................................။ ။

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About