ဒီနေ့ဘာလုပ်မှာလဲ
















ကျော့မော့ သပ်ရပ်သော၂၀၁၁ ဖက်ရှင် ပုံရိပ်များ

ဗြိတိသျှ မော်ဒယ် Sam Whitman ၏ ကျော့မော့ သပ်ရပ်သော၂၀၁၁ ဖက်ရှင် ပုံရိပ်များ

ဗြိတိသျှ မော်ဒယ် Sam Whitman ၏ ကျော့မော့ သပ်ရပ်သော၂၀၁၁ ဖက်ရှင် ပုံရိပ်များ

ဗြိတိသျှ မော်ဒယ် ထိပ်တန်း မော်ဒယ် Sam Whitman သည် တောင်ကိုရီးယား ဖက်ရှင်လုပ်ငန်း ‘Comodo Sqaure’ အတွက် ဖက်ရှင်ပုံများ ရိုက်ကူးခဲ့ရာ ချောမော ပြေပြစ်သော ဗြိတိသျှ မော်ဒယ်ကို ကျော့မော့ သပ်ရပ်သော၂၀၁၁ ကိုရီးယား ဖက်ရှင် များဖြင့် မြင်တွေ့ရသည်။



PatheinCity News | Source:malemodelscene

အချိန်ရဲ့တန်ဖိုး

တစ်နှစ်ရဲ့ တန်ဖိုးကို သိချင်ရင်
စာမေးပွဲကျတဲ့ ကျောင်းသားကို မေးကြည့်ပါ။

တစ်လရဲ့ တန်ဖိုးကို သိချင်ရင်
လမစေ့ဘဲ ကလေးမွေးတဲ့ မိခင်ကို မေးကြည့်ပါ။

တစ်ပတ်ရဲ့ တန်ဖိုးကို သိချင်ရင်
အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာကို မေးကြည့်ပါ။

တစ်နေ့ရဲ့ တန်ဖိုးကို သိချင်ရင်
ကလေးခြောက်ယောက်ကို ကျွေးမွေးရတဲ့
နေ့စားအလုပ်သမားကို မေးကြည့်ပါ။

တစ်နာရီရဲ့ တန်ဖိုးကို သိချင်ရင်
ဆုံစည်းခွင့်ကို စောင့်နေကြတဲ့
ချစ်သူများကို မေးကြည့်ပါ။

တစ်မိနစ်ရဲ့ တန်ဖိုးကို သိချင်ရင်
ရထားမမီလိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ။

တစ်စက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင်
ယာဉ်တိုက်မှုနဲ့ သီသီလေးလွဲသွားတဲ့
ဒရိုင်ဘာကို မေးကြည့်ပါ။

တစ်မီလီစက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင်
အိုလံပစ် ငွေတံဆိပ်ရှင်ကို မေးကြည့်ပါ…………………။

စကားတစ်ခွန်း ဘဝတစ်ခုကို ပြောင်းလဲစေသည်




စကားတစ်ခွန်း ဘဝတစ်ခုကို ပြောင်းလဲစေသည်...။

 

်ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတစ်ခုမှာ မိခင်တစ်ဦးက ၃နှစ်သား

ကလေးငယ်ကို ရောင်စုံ k ဝယ်ပေးခဲ့တယ်။ ကလေးငယ်က ပူစီဖောင်း

ကကြိုးသေးလေးကို ကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ခွ ခုန်ခွနဲ့ ပျော်နေခဲ့တယ်။
ပွဲခင်းထဲမှာ ပြေးလွှားကစားရင်း မမျှော်လင့်ဘဲ လက်ထဲက ပူစီဖောင်း
လွတ်သွားခဲ့တယ်။

ရုတ်တရက်မို့ ကလေးငယ်က အံ့သြတုန်လှုပ်ပြီး ကောင်းကင်ပေါ် တက်

သွားတဲ့ ပူစီဖောင်းကိုကြည့်ပြီး နှမြောတသနဲ့ ငိုမဲ့မဲ့ဖြစ်နေခဲ့တယ်။ ဒါကို
ထက်မြက်တဲ့ မိခင်ကမြင်တော့ သားရှေ့ထိုင်ချပြီး ဝမ်းသာပျော်ရွှင်တဲ့

အသံနဲ့ "သားရေ.. ကြည့်စမ်း ပူဖောင်းရဲ့မေမေက ပူဖောင်းကလေးကို

ထမင်းစားပြန်ဖို့ ခေါ်သွားပြီ.. သား လက်ပြ နှုတ်ဆိတ်လိုက်လေ" လို့

ပြောလိုက်တယ်။

ထူးခြားဆန်းသစ်တဲ့ မိခင်ရဲ့စကားကြောင့် ဝမ်းနည်းတာတွေကို သားတဒင်္ဂ
မေ့သွားခဲ့ပြီး အမြင့်ပေါ် ပျံတက်သွားတဲ့ ပူစီဖောင်းကို လက်ပြ နှုတ်ဆက်

နေခဲ့တယ်။ ပါးစပ်မှာလည်း "တာ့တာ.. တာ့တာ" နဲ့ ဝဝကစ်ကစ် ကလေး

ငယ်ရဲ့ မျက်နှာမှာ လင်းလက်တဲ့ အပျော်တွေ သမ်းနေခဲ့တယ်။

ဒီမြင်ကွင်းက ကျွန်တော့် မျက်စိကနေတစ်ဆင့် ရင်ထဲကို စူးစူးနစ်နစ်
ထိုးဝင်ခံစားစေခဲ့ပါတယ်။

မိခင်က အခက်အခဲကို ကယ်ဆယ်လိုက်ရုံမက ဝမ်းနည်းစိတ်ကို ပျော်ရွှင်

စိတ်ဘက် မသိမသာ ပြောင်းရွေ့လိုက်ပြီး ကျန်းမာတဲ့အမြင်ကို သားရင်ထဲ
အရောက်ပို့ပေးခဲ့တယ်။

တစ်ကယ်တော့ ဘဝမှာဖြစ်ပျက်တဲ့ ပြဿနာ အခက်အခဲကိစ္စတွေလည်း
ဖြေရှင်းပုံမမှန်ခဲ့ရင် အဆိုးဘက် ပိုရောက်ပြီး ပြဿနာကို
ကြီးထွားစေနိုင်ပါတယ်။

အကယ်၍ ပူစီဖောင်း ပျံတက်သွားတဲ့ တခဏမှာ မိခင်က " မငိုနဲ့ သား.. မငိုနဲ့
မေမေနောက်တစ်လုံး ဝယ်ပေးမယ်" လို့ ပြောခဲ့ရင် သားရဲ့ စိတ်ထဲမှာ "ကိုယ်
အမှားလုပ်ခဲ့မိရင် လူကြီးတွေက တာဝန်ယူလိမ့်မယ်၊ လူကြီးတွေက ဖာထေး

ပေးမယ်၊ အလျှော်ပေးမယ်" ဆိုတဲ့ အတွေးမှားမျိုး ဝင်ရောက်နိုင်ပါတယ်။
ဒီလိုအတွေးမှားက အကျင့်တစ်ခုလို သူရင်မှာ ခိုအောင်းနေလိမ့်မယ်။

အကယ်၍ မိခင်က " အာ.. ကြည့်စမ်း.. ဒီလောက်တောင် တုံးရသလား?
ပူဖောင်းတစ်လုံးကိုတောင် မြဲအောင် မကိုင်နိုင်ဘူးလား" လို့ ဆူပူခဲ့ရင်
ကလေးငယ်က ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့လာပြီ ဒါလေးတောင်
ငါမလုပ်နိုင်ဘူးဆိုတဲ့ သိမ်ငယ်စိတ်တွေ ဝင်သွားနိုင်ပါတယ်။

အကယ်၍ မိခင်က "ဟင်း.... ပူဖောင်းရောင်းတဲ့လူ သွားလိုက်ပြီ။ သားကို

မေမေ နောက်တစ်လုံး ဝယ်ပေးလို့ မရတော့ဘူး" လို့ သက်ပြင်းချ ငြီးငြူ

ခဲ့ရင် နောင်တစ်ချိန်မှာ အခက်အခဲနဲ့ ကြုံလာတဲ့အချိန် ကလေးငယ်မှာ

လည်း စိတ်ပျက်ငြီးငြူ၊ လက်လျော့မှုတွေ များလာတတ်ပါတယ်။

အပေါ်က မိခင်လို အဓိပ္ပါယ်ရှိတဲ့ ထီထွင်ဆန်းသစ်မှုအသစ်နဲ့ ကလေး

ငယ်ရဲ့ ဝမ်းနည်းနေတဲ့အာရုံကို အဝေးသို့ လွင့်စင်သွားနိုင်အောင်
ဆွဲဆောင်နိုင်ခဲ့သလို ကလေးငယ်ရဲ့ တွေးတောလိုစိတ်ကို တံခါးဖွင့်ပေး

လိုက်နိုင်ခဲ့ပါ တယ်။

အဲဒီအပြင် ထမင်းစားချိန်မှာ မေမေထမင်းစားခေါ်လို့ သူပြန်သွားတယ်

ဆိုတဲ့ မိခင်စကားကို နားထောင်တဲ့ ကလေးတစ်ဦးအဖြင့် ကလေးငယ်ကို
လှပတဲ့အတွေးဝင်စေခဲ့ပါတယ်။

အဆိုးကို အကောင်းပြောင်းတာမှန်ပေမယ့် အဲဒီအပြောင်းအလဲကြားမှာ
အကျိုးရှိတဲ့ အတွေးလေးတွေ၊ ဆန်းသစ်မှုတွေလည်း လိုအပ်ပါတယ်။
အမြဲတမ်း ရှိနေပါတယ်


လူတစ်ချို့ ကိုယ့်ဘဝထဲ ဝင်လာကြတယ်။ ဒါပေမယ့် တစ်ချို့က မြန်မြန်ဆန်ဆန်
ထွက်ခွါသွားကြတယ်။ တစ်ချို့က ခဏလေး ရပ်နားပေမယ့် တစ်ချို့က
ကြာကြာရပ်နားပြီး ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ ကိုယ့်ရင်ဘတ်မှာ
လှပတဲ့ အမှတ်တရခြေရာတွေ ထွင်းရစ်ခဲ့ကြတယ်။

တစ်ချို့က ကိုယ့်အတွက် ဂုဏ်ယူကြတယ်။
တစ်ချို့က ကိုယ့်ကို သတိရကြတယ်၊ ဂရုစိုက်ကြတယ်။
တစ်ချို့က ကိုယ်နဲ့ စကားပြောချင်ကြတယ်။
တစ်ချို့က အခက်အခဲ တွင်းနက်ထဲ ကိုယ်ပြုတ်မကျဖို့ မျှော်လင့်ကြတယ်။
တစ်ချို့က ကိုယ်ကူညီခဲ့တာကို ကျေးဇူးတင်နေတယ်။
တစ်ချို့က အရာရာ အဆင်ပြေချောမွေ့ဖို့ ကိုယ့်ကို ဆုတောင်းပေးကြတယ်။
တစ်ချို့က ကိုယ့်လက်ကို ဆုတ်ကိုင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို အကာအကွယ်ပေး စောင့်ရှောက်ချင်တယ်။
တစ်ချို့က ဒီလောကမှာ ကိုယ်အသက်ရှင် ရှိနေမှန်း အသိအမှတ်ပြုပေးတယ်။
တစ်ချို့က ကိုယ့်ကို လက်ဆောင်တစ်ခုပေးနိုင်ဖို့ ဆန္ဒရှိနေတယ်။
တစ်ချို့က ကိုယ့်အောင်မြင်မှုအတွက် ဂုဏ်ယူပြီး ပွေ့ဖက်ချင်တယ်။
တစ်ချို့က သူ့အတွက် ကိုယ်ဟာ အကောင်းဆုံးလက်ဆောင်လို့ ထင်တယ်။
တစ်ချို့က ကိုယ့်ကို သိပ်မအေး၊ သိပ်မပူဘဲ သက်တောင့်သက်သာ နေနိုင်ဖို့ မျှော်လင့်တယ်။
တစ်ချို့က ကိုယ့်အကြောင်းကို တွေးပြီး ပြုံးနေတတ်တယ်။
တစ်ချို့က ကိုယ်နဲ့သာဆိုရင် ဘာမဆို ရင်ဆိုင်ရဲသတဲ့။
တစ်ချို့က ကိုယ့်ရဲ့ကြံ့ကြံ့ခံနိုင်မှုကို အားကျတယ်။
တစ်ချို့က ကိုယ့်ပုခုံးထက်မှာ ခိုမှီနားနေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ အပျော်တွေ မျှဝေချင်တယ်။
တစ်ချို့က ကိုယ့်ရဲ့ခွင့်လွတ်ခြင်းကို တောင့်တနေတယ်။
တစ်ချို့က ကိုယ်ခွင့်လွတ်လိုက်လို့ ပျော်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ လွတ်လွတ်လပ်လပ် ရယ်မောနေချင်တယ်။
တစ်ချို့က ကိုယ့်နဲ့တွေ့ရဖို့ အချိန်တွေကို မစောင့်နိုင်တော့ဘူးတဲ့။
တစ်ချို့က ကိုယ့်ကို မှတ်မိနေပြီး သူ့တို့ဘေးမှာ ကိုယ်အမြဲ ရှိနေစေချင်ခဲ့တယ်။
တစ်ချို့က ကိုယ့်စိတ်ဝိညာဉ်ကိုတောင် တန်ဖိုးထားတယ်။
တစ်ချို့က ကိုယ့်ကိုယ်ဖန်ဆင်းခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်နေတယ်။
တစ်ချို့က ကိုယ့်ကိုသူဘယ်လောက် မြတ်နိုးကြောင်း ပြောပြချင်နေတယ်။
တစ်ချို့က ကိုယ်နဲ့အတူ သူ့အိပ်မက်ကို မျှဝေခံစားစေချင်တယ်။
တစ်ချို့က ကိုယ်နဲ့အတူ ရှိနေတဲ့အခါ အချိန်ကို ရပ်တန့်ထားချင်ခဲ့တယ်။
တစ်ချို့က သူ့ကိုကိုယ်သတိထားမိဖို့ မျှော်လင့်နေတယ်။
တစ်ချို့က ကိုယ့်ကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။
တစ်ချို့က ကိုယ်နဲ့အတူ အမြဲတမ်း ရှိနေချင်တယ်။
တစ်ချို့က ကိုယ့်ရင်ခွင်ထဲ တိုးဝင်ချင်တယ်။
တစ်ချို့က ကိုယ့်ကို သူ့ရင်ခွင်ထဲ ထွေးပွေ့ထားချင်တယ်။
တစ်ချို့က ကိုယ်နဲ့သူငယ်ချင်း ဖြစ်ချင်နေတယ်။
တစ်ချို့က ကိုယ်က သူ့သူငယ်ချင်းဖြစ်နေလို့ ပျော်ရွှင်နေတယ်။
တစ်ချို့က ကိုယ့်ကို ပိုနားလည်ချင်နေတယ်။
တစ်ချို့က ကိုယ့်ကို ယုံကြည်တယ်။ တစ်ချို့က ကိုယ့်ယုံကြည်မှုကို လိုနေတယ်။
တစ်ချို့က ဒီစာကိုဖတ်ပြီး ကြည်နူးနေတယ်။ တစ်ချို့က မျက်ရည်ဝဲနေတယ်။
တစ်ချို့က ကိုယ့်ဆီက ဒီလိုအီးမေးလ်မျိုးကို မျှော်နေတယ်။
တစ်ချို့က ကိုယ့်အားပေးတာကို လိုအပ်နေတယ်။
တစ်ချို့က ကိုယ့်ကို အားပေးနေတယ်။
တစ်ခါတလေမှာ ကိုယ်မေ့နေခဲ့ပြီလား...!
တစ်ခါတလေမှာ ကိုယ်တစ်ယောက်တည်းဆိုတဲ့ အတွေးနဲ့အားငယ်နေခဲ့ပြီလား..!
တကယ်တော့ အမြဲတမ်း ကိုယ့်ကို ဂရုစိုက်၊ အလေးထားတဲ့လူတွေက ကိုယ့်ဘေးမှာ ရှိနေပြီးသားပါ...။

ဘ၀ဆိုတာ မာတိကာအတိုင်းဘယ်တော့မှဖြစ်မလာဘူး .  ........................................။

ဒီ ကာတွန်းလေးတွေကို သက္ကရာဇ် ၃၀၀၀မှာ ကြုံရမယ့် တိုးတက်ဖြစ်ထွန်းမှုတွေကို ကြိုတင်နိမိတ်ဖတ်ထားပါသတဲ့


ဒီ ကာတွန်းလေးတွေကို သက္ကရာဇ် ၃၀၀၀မှာ ကြုံရမယ့် တိုးတက်ဖြစ်ထွန်းမှုတွေကို ကြိုတင်နိမိတ်ဖတ်ထားပါသတဲ့





Photobucket

ခြေလေးချောင်း ဂျင်းဘောင်းဘီ
Photobucket

ကမ္ဘာ့တိုက်ကြီးတွေကြား ကားနဲ့သွား :)
Photobucket
လောင်စာချွေတာဖို့ ဆပ်ကပ်ဆရာက ကျောင်းကြိုပို့ :)
Photobucket

“Stop”ဆိုရင် ရပ်ကိုရပ်ရမယ် :)
Photobucket
မျက်လှည့်လောက်စွမ်းတဲ့ အရိုးအထူးကု :)
Photobucket

အော်တိုရိပ်စက် :)
Photobucket

ဒီဇိုင်းအမျိုးမျိုး ပြောင်းနိုင်တဲ့ အ၀တ်အစား :)
Photobucket

ပေါက်ကရလုပ်ရင် ဆုံးမတဲ့ ကွန်ပျူတာ :)
Photobucket

ဟယ်လီကော်ပတာ ဦးထုပ် :)
Photobucket

အိမ်သာတက်ရင်း ရေလွှာလျှောစီး :)
Photobucket

အိပ်ပျော်နေရင်း ကာယလေ့ကျင့်ခန်းလုပ် :)
Photobucket

လွယ်လွယ်လျှင်လျှင် အလှပြင်
Photobucket

နှပ်ချေးသုတ်စက် :)
Photobucket

ကျောပိုးအိပ်က ကျောပိုး :)
Photobucket

သန့်ရှင်းရေးစက်

Photobucket

သင်္ကြန်းရေပူပေါင်း
Photobucket

ချစ်သူ

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About