BEAUTIFUL BIRDS

BEAUTIFUL BIRDS





Fun & Info @ Keralites.net
 





Yellow-rumped Warbler







Fun & Info @ Keralites.net
 




Tufted Titmouse at the observation tower







Fun & Info @ Keralites.net
 




Black-capped Chickadee at the observation tower







Fun & Info @ Keralites.net
 




American Goldfinch (female) at Scenic Overlook






Fun & Info @ Keralites.net
 




Acadian Flycatcher near Woodlands Nature Station






Fun & Info @ Keralites.net
 




Eastern Phoebe near Woodlands Nature Station






Fun & Info @ Keralites.net
 




Butterfly







Fun & Info @ Keralites.net
 



Acadian Flycatcher







Fun & Info @ Keralites.net
 




Black-billed Magpie, Rocky Mountain National Park











Fun & Info @ Keralites.net
 




Steller's Jay, Rocky Mountain National Park







Fun & Info @ Keralites.net
 




American Dipper, Rocky Mountain National Park







Fun & Info @ Keralites.net
 



Ptarmigan in transitional plumage, Rocky Mountain National Park







မာနမျက်ရည်


 


အိုး....  အမလေး


 


ဟာ..... အမလေး ဆောရီး..ဆောရီး


ပိုင် သူ့နမော်နမဲ့နိုင်မှုကြောင့် ပေစွန်းသွားသောစကတ်အဖြူလေးကို သုတ်ရန်ပ၀ါကို အလောတကြီးထုတတ်ပေးမိသည်။သို့သော် သူမက စူးစူးရဲရဲ ကြည့်ပြီး 




သူကပဲ မှောက်ကျပြီး သူကပဲ အမလေးတရတယ်ရှိသေးဟွန်း တော်ပါပြီ..



 


ဆိုပြီး သုတ်ပြာသုတ်ပြာဖြင့်ထွက်သွားသည်..။ သူလည်းဒီကော်ဖီလေးတစ်ခွက်ကိုမှအဖြစ်ရှိအောင်မကိုင်နိုင်ခြင်း


ဆိုပြီးငပိန်းပဲ လို့ ကို့ကိုကိုယ် ပြောမိသည်..။ ပိုင် အဲ့သည်ကောင်မလေးကိုအခုမှမြင်ဖူးတာမဟုတ်.. .။ သူဟာ Geo ဌာနဘက်ကဖြစ်မည်..။  ဖိုင်တွဲအပြာလေးကို ကိုင်ကာ သူငယ်ချင်းတွေနဲ့  ထိုကောင်မလေး ပိုင်တို့အဖွဲ့ရှေ့ဖြတ်လျှောက်ဖူးသည်...။အရင်တစ်ခါကတည်းက ရင်ခုန်မိနေတာ..။ အခုတော့အတော်ပဲ


ဲဖြစ်သွားသည်..။ ကပြာကယာစားရင်း   ကင်တင်းန်ကပ၀ါတစ်ထည် ၀ယ်လာကာ  GEo ဌာနဘက်ထွက်လာခဲ့သည်..။ 



 


ကောင်မလေးက လက်ချာ လိုက်နေရှာတယ်..။ အော်... မိန်းကလေးပဲ ဟုတ်မှာပေါ့လေ..။  သစ်ငုတ်တိုပေါ်မှာဆောင့်ကြောင့်ထိုင်ရင်းကောင်မလေး ထိုင်နေရာပြတင်းဝကိုငေးကြည့်နေမိသည်..။  ကောင်မလေးက သူ့ကို ကြည့်နေတာလည်းမြင်ကော .. မျက်စောင်းတစ်ချက်ပြီး စာလိုက်ဆိုနေသည်..။  ကောင်မလေးက တော်တော်ချစ်ဖို့ကောင်းတာပါ...။ အင်္ကျီလက်ပြတ်အ၀ါလေးက  သူမရဲ့ ဖြူနုနေတဲ့အသားတဲ့ ဟပ်နေတာပဲ..။ ပါးလေးတွေဖောင်းနေပြီး မလှပေမဲ့ သိသိသာသာကြီးကိုသူ့အတွက်ချစ်ဖို့


ကောင်းနေခဲ့သည်..။ 


 


ပိုင်အတွေးများနဲ့ ပြုံးဖြီးဖြီးကြီးကြည့်နေတာမြင်တော့ ကောင်မလေးက မျက်လုံးကိုပြူးကာ လက်သီးဆုပ်ပြသည်..။ပိုင်တစ်ချက် အသံထွက်ရယ်မိပြီး ၀ယ်လာတဲ့ ပ၀ါအ၀ါလေးကို ကောင်မလေးကို အလံမြှောက်ပြသလို ၀ဲကာဝဲကာပြပြီးအတန်းပြီးရင်ထွက်လာခဲ့လို့ လက်ဟန်ခြေဟန်ပြ လိုက်သည်..။ အတန်းပြီးလို့ထွက်လာတော့   ကောင်မလေးကိုနောက်ကနေ ပ၀ါလိုက်ပေးရင်း  ကလိကလိ လိုက်ပြောနေသည်..။ ကောင်မလေးက မလိုက်ပါနဲ့ တော့ ပ၀ါကိုလက်ခံပါ့မယ်



လို့ပြောတော့လည်း  နာမည်သိရမှလို့ ဈေးဆစ်လိုက်သည်..။  အကြာကြီးအစ်နေရင်းနာမည်သိရတော့ အဆောင်မေးသည်။


 


အဆောင်ကိုတော့ ကောင်မလေးက လုံးဝမပြော..။   ကြာလာတော့ လက်ဝါးပါ လာတော့မလိုဖြစ်တာကြောင့်......ပိုင်သုတ်ခြေတင်လိုက်ရသည်...။  သူလေးနာမည်က  ... မှူးသက်လျာဆိုပါ့လား..။  မှူးဆိုသည့် နာမည်လေးကပိုင့်ရင်ဘတ်ထဲမှာ စွဲသွားမိသည်..။  





♣♣♣♣♣xxxxxxxxx♣♣♣♣♣♣♣xxxxxxxxxxxx


 


ဝါးဟားဟား....... ဖြစ်ချင်တော့  သူကနင့်တို့အဆောင်မှာလား..


အေးပါဆို.. နင်ကလည်း ငါကညာပြောရမှာလား


မသိပါဘူး.........ဟာ ငါ့မှာတော့ မှူးအဆောင်ကိုမေးလိုက်ရတာ..  လက်ဝါးမရွယ်မချင်းပဲ  ..


ဟုတ်လား..  နင့်ရုပ်ကလည်း ရိုက်ချင်စရာပဲ  တည့်တိုးသွားမေးရလား  ကိုယ့်ဘာသာ လိုက်စုံစမ်းလို့ဖြစ်တာပဲကို



အဲ့Geo ဘက်မှာက သူငယ်ချင်းမှ မရှိပဲ..  ငါတို့ botanyကလူတွေသာ ပိုင်နွေကိုမသိတဲ့သူမရှိတာ


ဘာပဲဖြစ်ဖြစ်ဟာ.နှင်းဆီရာ သိလိုက်ရတာ ၀မ်းသာတယ်.. ညကျ ငါနင်တို့အဆောင်လာခဲ့မယ် ..နည်းနည်းပါးပါးကူညီပေးဦးဖြစ်တယ်မလား.........


အမလေး ငပိုင်... နင်သာ တည်တည်တံ့တံ့နေ .. ငါ့ဘက်ကဖြစ်ပြီးသား..


 


အဲ့လိုနဲ့ ကင်တင်းန်ဘက်ကထွက်လာပြီး အတန်းထဲရောက်လာပြန်တော့ plant cell divisionတွေလာပြောနေတဲ့တီချယ်ကို မျက်လုံးထဲတောင်မရှိပဲ  ၅ပေ ၆လက်မလောက် ရှိမဲ့ မှူးကို ခြေအစခေါင်းအဆုံး ကို တစ်လက်မတောင်မရှိတဲ့သူ့မျက်လုံးထဲမှာ မြင်ယောင်နေမိသည်..။



 


ညကျ  ဂစ်တာကလေးနှင့် အဖွဲ့သားလေးတွေစုကာ... မှူးသက်လျာအဆောင်ရှေ့မှာ ဒေါင်ဒေါင် ဒင်ဒင် လုပ်ဖို့


ရောက်နေပြီး ဖြစ်သည်..။  အစကတော့ မှူးက ၀ရံတာမှာ သူငယ်ချင်းတွေနဲ့ နေကြာစေ့ဝါးရင်း 


တက္ကသိုလ်ကျောင်းသူပီပီ ခိုးခိုးခစ်ခစ်ရယ်မောရင်းပေါက်ပေါက်ဖောက်သလိုရေပက်မ၀င်စကားတွေ


ပြောနေသည်..။အဆောင်ရှေ့မှာ အဲ့လိုလာတာကမဆန်းပဲကို.. ။ ပိုင့်ကို လဲမြင်ကော... သူ့ဆီ လာပတ်တာကိုလည်းသတိထားမိတော့ ဖြုတ်ကနဲပြေးဝင်သွားလိုက်တာ အမြီးကိုတန်းနေတာပဲ..။ ဘာပဲဖြစ်ဖြစ် အစီအစဉ်အရ..    အတိအကျဖြစ်လာခဲ့ပါသည်..နှင်းဆီတင်က   မှူးကို ဇွတ်အတင်း အသုပ်သွားဝယ်ရန်ဆွဲခေါ်လာသည်..။  ပိုင်မြင်လည်း မြင်ကော...  သီချင်းကိုအကျယ်ကြီး



အော်လိုက်သည်... စိုင်းစိုင်းခမ်းလှိုင်လေ.. ဘာတဲ့


 


စိတ်ကူးယဉ်အနမ်းများနဲ့xxxx  အိပ်မက်ထဲတို့ဆုံမယ်xxxအပိုမပြောပါ.xxကလေးလေးရယ်xxxxပိုင့်ဘ၀ထဲမှာ မှူးကိုချစ်တယ်xx


မှူးကို ချစ်တယ်xxx မှူးကိုချစ်တယ်xxx


 


ဆိုတာကို  မှူးသက်လျာ ကြားလည်း ကြားကော.. ဇက်ပုသွားပြီး ဆတ်တောက်ဆတ်တောက် နဲ့   မီးတ၀င်းဝင်းမျက်လုံးတွေနဲ့ရန်တွေ့ရန်ပြေးလာတာကိုမြင်လိုက်သည်.။ ပိုင်နွေလည်းအလန့်တကြား ဖြစ်သွားမိသည်..။ သို့သော်..  နှင်းဆီကလက်ကိုဇွတ်ဆွဲပြီး..



 


ဟဲ့... နင်ဘာလုပ်မလို့လဲ.. ဟိုမှာကောင်လေးတွေချည်းပဲကို


မရဘူး.... ချဉ်လို့အရေဆုတ်ပစ်မလို့... လူကိုနာမည်တောင်ထုတ်ပြောရအောင် တော်တော်အပေါစားဆန်တဲ့ဟာတွေ


အို.......... မှူးကလည်း အဲ့လိုပြောလို့မရဘူးလေ.. ဟိုကလည်း လူလွတ်.. နင်ကလည်းကျောင်းသူလေး


ဒါက   ဆယ်ကျော်သက်လုပ်ပိုင်ခွင့်တွေပဲ.. သွားမပြောပါနဲ့...  မကြိုက်ရင်မသိသလိုနေတာကပိုကောင်းတယ်..


 


ပိုင်နွေ့ကို ကြည့်လိုက်တော့ သွားကိုဖြီးလို့... စိတ်ကတော်တော်တိုလာမိသည်.. ဆံပင်မွေးတွေတောင်ထာလာသလိုလို။နှင်းဆီက ဇွတ်ဆွဲခေါ်သွားတော့မှ ပိုင်လည်းစိတ်အေးရတော့သည်..။ သည်ကလေးမလေး မလွယ်ဘူး ပထမနှစ်သာဆိုတယ်စွာကလည်းစွာ... ရဲကလည်းရဲ... ကလေးလည်းဆန်တယ်.. ချစ်မိတာများလွဲနေပြီလား.. ဟူး.................................။



အချစ်ဆိုတာ မှားတယ်တော့မရှိပါဘူး  အချိန်မရွေးနေရာမရွေးမှာ နှလုံးသားထဲမှာ ဖြစ်တည်လာတဲ့ ချိုမြပူလောင်တဲ့အရာပဲကိုး... ရူးမိုက်တယ်ထင်လည်းမတတ်နိုင်ဘူး.. တစ်သက်လုံး  မှူးရဲ့ မျက်စောင်းလေးကိုကြည့်ပြီးနေသွားချင်မိတယ်..။


♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠xxxxxxxx♠♠♠♠♠♠♠♠♠♠♠


 


အခြေအနေ... ဘယ်လိုလဲ..


သည်လိုပါပဲကွာ..


ကျောင်းကင်တင်းန်မှာ ဖြစ်သည်...။  ပိုင်နွေသူငယ်ချင်း ၆ယောက်လောက်နှင့်စုထိုင်နေဖြစ်သည့်အချိန်ပေါ့။



မင်းဟာကလည်း ...မဟုတ်သေးပါဘူးကွာ.. မင်းလိုက်တာ တစ်လကျော်နေပြီ.. မရနိုင်သေးဘူးလား


အဖြေက..


တောင်းတော့ တောင်းနေတာပဲ.. သိတယ်မလား.. သူကယောက်ျားကျမ်းကြေနေတဲ့ သူမဟုတ်ပေမဲ့


တော်တော်ခက်နေတယ်.......... တစ်ခါတစ်ခါ ရိုးသားတဲ့ သူရဲ့ စိတ်ကို ယူရတာ ပိုခက်နေတတ်တယ်ဆိုတာ


မှန်တာပဲ နော်


မဟုတ်သေးပါဘူးကွာ... ဘာပဲဖြစ်ဖြစ် မိန်းမက မိန်းမပဲလေ...  သည်လောက်လိုက်နေတာ အနည်းဆုံးစဉ်းစားမယ်လောက်တော့ရသင့်တာပေါ့ကွ.. မင်းဟာကလည်း


အေးလေကွာ... အေးလေကွာဆိုသောအသံက သူငယ်ချင်း ၃ ၄ယောက်ဆီက... ထွက်လာသည်..။



မင်းကောင်မလေးကြည့်ရတာ.. သိပ်ခါးခါးသီးသီးတော့မဟုတ်တော့ပါဘူး..။စကားတွေဘာတွေ


ပြောရလောက်အောင်တောင်  ထဲထဲဝင်ဝင်ရှိလာပြီပဲ..။


အေး . ဟုတ်တော့ ဟုတ်တယ်.. သူနဲ့စကားပြောလို့ရတယ်.. ဒါပေမဲ့ ဘယ်လောက်ကြာလဲ သူနဲ့ငါနဲ့စကားပြောရင်အဆင်ပြေပြေပြောရတာ စက္ကန့်ပိုင်းပဲရှိတယ်.. ခဏကြာတာနဲ့ ပေါက်ကွဲတာပဲ..သူက ဘာမှလုပ်မဖြစ်ဘူး..ငါလာတာ မြင်ရင်တောင် သူက မျက်နှာကြောမတည့်ကြီးလာပါပြီလို့ရေရွတ်တာ.... သူ့ကိုကြိုက်နေတဲ့ကောင်တွေကလည်း အားကြီး မသိတော့ဘူး သေသာ သေလိုက်ချင်တော့တာပဲ..


 


လို့စကားဖြတ်ရင်း အဆောင်ကို အတန်းမတက်ပဲပြန်လာကာ အိပ်ပစ်လိုက်သည်..။


♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦


ဒီမှာ မှူးသက်လျာ...  မင်းကို ငါချစ်တယ် လို့ပြောတာ လည်းအရေအတွက်မနည်းတော့ဘူး...



အမြဲတမ်းနောက်ကနေလိုက်ပြီး    ပြောနေရတာငါလည်း အာညောင်းလှပြီ.. မင်း သူများနောက်ပါသွားမှာကိုလည်းငါစိုးရိမ်တယ်.. မင်း ဘယ်လိုလဲ အပျိုကြီးလုပ်နေတော့မလိုလား... တခြားကောင်တွေကိုပဲမျက်စိကျနေလို့လား..


 


ဒါကမှူးအပိုင်းပါ.. ပိုင်နဲ့ ဘာဆိုင်လဲ..


ကျွတ်. ခက်တာပဲ..။   ငါ့မှာ စာကျက်လို့လည်း မရဘူး..။ ဒီလိုနှစ်ယောက်တည်းစကားပြောလို့ရမဲ့ အချိန်ကိုစောင့်ရတာလည်းကိုယ့်ကိုကိုယ်မုန်းလှပြီ..  ပြောပါတော့ ငါ့ကိုချစ်ရင်ချစ်တယ်.. မုန်းရင်မုန်းတယ်လို့


ဟင်...........ပြီးတာပဲလေ.. မချစ်တာတော့အမှန်ပဲ.. မုန်းတဲ့ဘက်တော့မပါပေမဲ့.. အမြင်ကတ်တဲ့အဆင့်တော့ရှိတယ်..


မင်းနော်.... ငါ့ကို စူစိုက် လုပ်စေချင်တာလား..



မသိဘူး  ပိုင့်ဘာသာ စူစိုက်ပဲလုပ်လုပ် ရှူရှိုက်တာပဲလုပ်လုပ်ပေါ့..။ ဒါနဲ့... တစ်ခုတော့ မျှော်လင့်ချက်ပေးမယ်..


အလိုက်နိုင်ဆုံးဆုအနေနဲ့ပေါ့..။


ဘာများလဲ........ပြော


ချစ်တာနဲ့ မုန်းတာနဲ့ ကြားကပါးပါးလေး မလား...  အဲ့တာ ကြောင့် မှူး အတွက် ပိုင်က..  စက္ကူရုပ်  ၁၅၀၀ တိတိလုပ်ပြီးပုလင်းထဲ ထည့် လာပေးရမယ်...အဲ့တာဆိုရင်တော့ စဉ်းစားမယ်... အချိန်ကတော့ ဒီတစ်ရက်ထဲပဲရမယ်..


ဟင်....... တကယ်ပြောတာလား.



အင်း  ရော့   ဒီမှာစက္ကူထောင့်ငါးရာ   လက်ဘ် အခန်းထဲမှာခေါက်တော့...


ဟင်....အဆောင်ပြန်ခေါက်မယ်လေ


မရဘူးလေ....... လက်ဘ်အခန်းထဲမှာ ခေါက်မှဖြစ်မှာပေါ့.. အဆောင်ပြန်ခေါက်ရင်   အကူတွေနဲ့ဆိုပြီးသွားလိမ့်မယ်အဆောင်ပြန်ခေါက်ရင် အကျုံးမ၀င်ဘူး... ဒါပဲ


အေးပါကွာ. ငါကချစ်နေတော့လည်း... မင်းသဘောပေါ့.. လက်ဘ်ခန်းကမိုးမလုံဘူးနော်..ငါသိပ်လည်းနေမကောင်းဘူး



အမလေး............ ဒီနေ့နေသာနေတာ မိုးရွာမဲ့အရိပ်အယောင်တောင်မရှိဘူး...


 


မှူးသက်လျာ ... ကျောင်းပြန်တော့  ပိုင့်ကို   လက်ဘ်ခန်းထဲမှာသော့နဲ့ ပိတ်ခဲ့ပြီး   မနက်ဖြန်ကျမှ ပြန်လာဖွင့်မယ်လို့ပြောခဲ့တယ်.ထိုအချိန်မှာကတည်းက ပိုင်ကြိုးစားခေါက်နေခဲ့တာ အခုငါးဆယ်လောက် ရှိနေပြီ..။သူတစ်ညလုံးခေါက်ပါလေ..၁၅၀၀ပြီးဖို့ဆိုမလွယ်ဘူး...  ။ဒါပဲလေ.......... မှူးသက်လျာတို့သည်တညတော့  နားညီးသက်သာသွားမှာအမှန်ပဲ...။


 


ဟား.... ၁၂နာရီထိုးပြီ..။ ကိုရီးယားကားကိုပိတ်ပြီး  အိပ်ရာထဲကိုဝင်လာတော့...   ထူးထူး ခြားခြား အိပ်ရာခင်းလေးကအိမ်ရှေ့က ဒေါင်ဒေါင်ဒင်ဒင်သံမကြားရတော့..  အိပ်ကောင်းမှာပဲ... လို့တွေးရင်းး အားရပါးရ ထိုးအိပ်လိုက်တော့သည်..။



၃နာရီလောက် တရေးနိုးလာတော့...  မိုးတွေက တအားသည်းနေသည်..။ မှူးသက်လျာ ခေါင်းထဲသတိရလိုက်မိတာကပိုင်နွေ..သူ...................သူ  အခုလောက်ဆို...  လက်ဘ်အခန်းထဲမှာ မိုးတွေ... အမလေး...  ချက်ချင်း သော့ကိုယူပြီး အဆောင်အောက်ကို ပြေးဆင်းတော့   နှင်းဆီတင် အိမ်သာ ဘက်က ပြန်လာတာကိုတွေ့ရသည်...။


ဟဲ့နှင်း.... မိုးရွာနေတာ ဘယ်လောက်ကြာပြီလဲ...


ဟင်.......... ကြာပြီဟ... ၂နာရီလောက်ကတည်းက..



စိတ်ထဲ မကောင်းဖြစ်သွားပြီး ပိုင်နွေကနေကောင်းတာ မဟုတ်.  ထီးတစ်ချောင်းကိုဆွဲကာ.. ည၀တ် အင်္ကျီလေးနှင့် ကပြာကယာပြေးရတော့သည်..။


ဟဲ့........ဟဲ့....  မှူးးးးးးးးး  မှူးသက်လျာ... နင်ဘယ်ကိုလဲ


 


ဟု နှင်းဆီတင်အော်တာကိုလည်း   မှူးသက်လျာ တစ်ယောက်မကြားတော့..။


 


လက်ဘ်ခန်းထဲမှာ မီးတော့ လင်းနေသည်..။



 


ပိုင်နွေ..............ပိုင်နွေ........ပိုင်နွေဟု ဆွဲဆွဲငင်ငင်အော်ခေါ်သည်.. မထူး...။ မဖြစ်တော့.. သူထီးကို ပစ်ချပြီး ကတုန်ကယင်ဖြင့်တံခါးသော့ကိုဖွင့်၏..။အထဲမှာက ပိုင်နွေ..မိုးတွေစိုရွှဲကာ. ပုံလျက်သားလေးလဲလို့...............


 


ဟာ........ပိုင်... ပိုင်............


ဟု အော်ရင်း အပြေး ပွေ့၏..။   


ပိုင်နွေ.... ဟဲ.......နင်သတိရတော့ဘူးလား.. ပိုင်နွေ.. ကိုးမားများဝင်သွားပြီလား...


 


ကြိုးကြာစက္ကူငှက်ကလေးတွေကပြန်ကျဲနေကာ မိုးရေများဖြင့်ပျက်ဆီးနေသည်..။



 


ပိုင်... မှူးအမှားပါ.. မှူးအမှားပါ... ချစ်ရက်သားနဲ့ ညာခဲ့ပြီး    မဖြစ်နိုင်တာကို အတင်းခိုင်းပြီးမာနထားခဲ့တာ မှူးရဲ့အမှားပါ ပိုင်ရယ်.. သတိရပါတော့... အသက်လည်း သိပ်မရှူဘူး..  ပိုင်....အဟင့်ဟင့်..


 


နှစ်ယောက်စလုံးမိုးတွေ စိုရွှဲနေခဲ့သည်...။   ထိုညက တစ်ညလုံး မှူးသက်လျာ ထိုင်ပြောနေမိသည်..။


သူမပြောလိုက်ရတဲ့  ပိုင်နွေဆိုတဲ့ ကောင်လေးကို စတွေးကတည်းကစိတ်ဝင်စားခဲ့မိတဲ့အကြောင်း..


ပိုင်နွေတစ်ယောက် သတိလွတ်နေတောင် သူ ကြားချင်ခဲ့သည့်   မှူးသက်လျာထံမှ   ချစ်တယ်



ဆိုတဲ့ စကားကိုရေးရေးလေးဖြစ်ဖြစ် ကြားသွားစေချင်ပါသည်...။  


 


အခုတော့... အားလုံးပြီးဆုံးသွားခဲ့ပြီ  ၄လခန့်သာ တွေ့ခဲ့ရသောသူ....။ မှူးသက်လျာ နောက်နှစ်ပေါင်း


များစွာကြာသည့်တိုင်မေ့လို့ရမည်မထင်..။   ညညဆိုလည်း  ဒေါင်ဒေါင်ဒင်ဒင် အသံကြားတာနဲ့


မျက်ရည်တွေနဲ့  ထွက်ကြည့်ရင်.. သူမ မျက်စောင်းထိုးစရာ ပိုင်နွေကို ရှာဖွေမိသည်.    ။



သူမ စာသင်ခန်းထဲရောက်တဲ့အခါးလည်း ပြတင်းပေါက်နေ သူမကိုငေးကြည့်နေမဲ့  ပိုင်နွေများ ရှိမလား


ဆိုပြီး ရှာဖွေမိသည်..။ အခုတော့...  သူမ  မျက်ရည်တွေကိုသာ အဖော်ပြုပြီး အသက်ရှင်နေရသည်..။


ဘာပဲလုပ်နေနေ.. ပိုင်နွေ.. ငါချစ်ရတဲ့သူ ... ငါ့ကြောင့် သေဆုံးခဲ့တယ် ဆိုတဲ့ အတွေးဝင်ဝင်လာပြီး


မျက်ရည်တွေတလိမ့်လိမ့်ကျလာခဲ့သည်..။ နှုတ်ခမ်းကို ပြားပြီး အံ့တင်းတင်းကြိတ်ကာလည်း မေ့လို့မရနိုင်။


သူမရဲ့ မာနတွေကြောင့်သာ..။ အစကတည်းကသာ   ချစ်တယ်လို့ပြောလိုက်မိရင်..။ 



မှူးရဲ့ စိတ်ထဲမှာကတော့ ဘာရယ်မဟုတ်.. သူ့ကိုတန်ဖိုးထားစေချင်မိတာ.. လွယ်လွယ်ကူကူနဲ့ ရနိုင်တဲ့


အရာမျိုး မဟုတ်ကြောင်း သက်သေပြချင်ခဲ့တာ..။ ဒါပေမဲ့..အခုတော့...  မာနတွေများတလွဲထားမိလေပြီလား။


အခု................... မှူးသက်လျာ ဘွဲ့ရပြီးဇာတိမြေတောင်ပြန်ရတော့မည်..။ တစ်နှစ်လည်တိုင်း


ချစ်သူသေဆုံးခဲ့သည့်  သြဂုတ်လ ၁၇ရက်တိုင်း  မိုးရေတွေနှင့် အတူ  မှူး သက်လျာနှင့် ပုလင်းထဲက


ပုံပျက်နေသောကြိုးကြာရုပ်လေးတွေငိုနေဆဲ.... နောင်တရနေဆဲ... သတိရနေဆဲ...ချစ်နေဆဲ...........



 


Image Hosting Site


မေတ္တာဖြင့်


JT♥♥♥♥♥♥♥

အောက်က မြန်မာနိုင်ငံမှာ ရှိတဲ့မြို့လေးတွေကို သိရင် ဖြေပေးကြပါ

> အောက်က မြန်မာနိုင်ငံမှာ ရှိတဲ့မြို့လေးတွေကို သိရင် ဖြေပေးကြပါ




>> (၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့

>> (၂)စွပ်ပြုတ်လုပ်သောက်ချင်စရာကောင်းတဲ့မြို့

>> (၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့

>> (၄)လူကြီးမဖြစ်သေးတဲ့မြို့

>> (၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့

>> (၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့

>> (၇)ဆင်တွေကတဲ့မြို့

>> (၈)၀ိုးတိုးဝါးတားပဲရှိတဲ့မြို့

>> (၉)စိုစိုပြည်ပြည်မရှိတဲ့မြို့

>> (၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့

>> (၁၁)ဖားကောက်ခိုင်းတဲ့မြို့

>> (၁၂)လေဘေးထည်မြို့

>> (၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့

>> (၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး...ဆိုတဲ့မြို့

>> (၁၅)အဲ့ဒီမြို့နာမည်ကပြောင်းပြန်လှန်လိုက်ရင်

>> တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော...

>> (၁၆) ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့... အဲ့ဒီမြို့

>> (၁၇)အဲ့ဒီမြို့က




၁.မြစ်သားမြို့
၂.၀က်လက်မြို့
၃.၀မ်းတွင်းမြို့
၎.ကလေးမြို့
၅.မင်းကင်းမြို့
၆.ကြံခင်းမြို့
၇.ကျောက်ဆည်မြို့
၈.မှုန်ဝါးမြို.
၉.ချောက်မြို့
၁၀.ခင်ဦးမြို့
၁၁.မိတ္ထီလာမြို့
၁၂- မသိမြို.
၁၃.၀ါးခယ်မမြို့
၁၄-ကပ်စေးနဲမြို.
၁၅.ဒလမြို့
၁၆.ထီးချိုင့်မြို့
၁၇.မိုးကောင်းမြို့

flower






ဘာလဲအချစ်ဆိုတာ

အချစ်ဆိုတာ ဘာလဲ

၁။ အချစ်ဆိုတာ သဲနာရီနဲ့ တူတယ်။ သံယောဇဉ်တွေ အသည်းနှလုံးထဲ ပြည့်သွားရင် ဦးနှောက်ထဲမှာ ဗလာချည်း သက်သက်ပဲ ကျန်တော့တယ်။ (ဂျူလိစ်ရေးနောက်)

၂။ အချစ်ဆိုတာ လိပ်ပြာနဲ့ တူတယ်။ ပျော်ရွှင် ကျေနပ်မှု ပေးနိုင်တဲ့ အရပ်ကို ပျံသန်းပြီး အဲဒီအရပ်ကိုလည်း တဖန် ပြန်လည် ပျော်ရွှင် ကြည်နူးစေတယ်။ (အမည်မသိ)

၃။ အချစ်ဆိုတာ လူနှစ်ယောက်ကြားက ခွဲခြေ ဖျက်ဆီးပစ်လို့ မရတဲ့ ကျောက်တုံးနဲ့ တူ တယ်။ (လီလီယန်)

၎။ အချစ်ဆိုတာ ဘာအကြောင်းပြချက်မှ မလိုပဲ ပေးရတဲ့ နှင်းဆီနီ လှလှလေး တစ်ပွင့်နဲ့  တူတယ်။ (မီဂန်အက်စ်)

၅။ အချစ်ဆိုတာ အဆုံးအစ မရှိ စီးဆင်းနေတဲ့ မြစ်တစ်စင်းနဲ့  တူပြီး အချိန်ကြာလာတာနဲ့  အမျှ ပိုပို ကောင်းလာတယ်။ (မောရိုက်စ်)

၆။ အချစ်ဆိုတာ ပန်းတိုင်မရှိတဲ့ ခရီးတစ်ခုနဲ့  တူတယ်။ (ဆီလီနာ သောမက်စ်)

၇။ အချစ်ဆိုတာ အပြန်အလှန် ပေးရတဲ့ ပျော်ရွှင်မှု တစ်မျိုးပဲ ဖြစ်တယ်။ (အမည်မသိ)

၈။ အချစ်ဆိုတာ အခက်အခဲ တွေ့ တိုင်း လမ်းသစ်ဖောက်ပြီး စီးဆင်းသွားတဲ့ နဒီ (မြစ်) တစ်စင်းနဲ့  တူတယ်။

၉။ အချစ်ဆိုတာ မိမိ ကိုယ်ကို အနှေးကွေးဆုံး သတ်သေနည်းပဲ ဖြစ်တယ်။ (ဗက်စ်ကွီစ်)

၁၀။ အချစ်ဆိုတာ လျစ်လျူရှု ဥပေက္ခာပြုလို့ မရတဲ့ ရာသီဥတုနဲ့  တူတယ်။ (ကတ်ဝက်ဆင်)

Valentine Day သင်္ကေတ

မြားနတ်မောင်
ရောမလို Cupid လို့ ခေါ်တဲ့ မြားနတ်မောင်ကို ဂရိတွေက Eros လို့ ခေါ်တယ်။ ဗီးနပ်စ် နတ်ဘုရားမရဲ့ သားပေါ့။ လေးနဲ့ မြား ကိုင်တဲ့ ပူတူတူး နတ်သားလေးပါ။ သူ့  မြားစာမိတဲ့သူ ဟာ အချစ်စိတ်တွေ ၀င်လာတော့တယ်။ ဒါကြောင့် Cupid နတ်သားဟာ ချစ်သူတွေ ချစ်မိ ကြိုက်မိခြင်းရဲ့ လက်သည်လို့ ယူဆကြတယ်။ တစ်ယောက်ကို တစ်ယောက် ချစ်မိရင် မြားနတ်မောင်ရဲ့ အချစ်မြား စိုက်တယ်လို့  ဆိုပြီး ပြောလေ့၊ သုံးနှုန်းလေ့ ရှိကြတယ်။

နှင်းဆီ
နှင်းဆီဟာ ကမ္ဘာတစ်ဝှမ်းလုံးက အချစ်ရဲ့ သင်္ကေတ အဖြစ် အသိအမှတ်ပြုထားတဲ့ ပန်း တစ်မျိုးပါ။ နှင်းဆီကို အချစ်၊ ငြိမ်းချမ်းမှု၊ ခင်မင်မှု၊ သံယောဇဉ်ရဲ့ သင်္ကေတအဖြစ် အဓိ ပ္ပာယ် ဖွင့်ဆို ထားကြတယ်။ နှင်းဆီပန်းဟာ အရောင် အမျိုးမျိုး ရှိတယ်။ အနီရောင် အပါအ၀င် အဖြူ၊ အ၀ါ၊ ပန်းရောင် စသဖြင့် ရှိကြတယ်။ အများက သတ်မှတ်ထားကြတဲ့ အဓိပ္ပာယ်ကတော့ အနီက ရမ္မက်၊ အ၀ါက ခင်မင်မှု၊ အဖြူက အချစ်စစ်နဲ့  သစ္စာတရားတို့ ကို ဖော်ညွှန်းတယ်။

အသည်းပုံစံများ
များသောအားဖြင့် ချစ်သူတွေဟာ တစ်ယောက်နဲ့  တစ်ယောက် ချစ်ကြောင်း ပြသတဲ့ အရာအားဖြင့် အသည်းပုံစံလေးတွေ ပေးကြ တယ်။ အသည်းပုံစံ သကြားလုံးက အစပေါ့။ အသည်းကို မြားစိုက်တဲ့ပုံစံလေးတွေဟာ Valentine Day မှာ အပေးများတဲ့ လက်ဆောင်လေးတွေပဲ ဖြစ်ပါတယ်။

ဖဲကြိုးလေးများ
ဖဲကြိုးလေးတွေဟာလည်း ချစ်ခြင်းကို ဖော်ညွှန်းတဲ့ အထိမ်းအမှတ်တွေပါပဲ။

ချစ်ခြင်းကိုယ်စားပြု ပန်းများ
အနောက်တိုင်းတွေမှာ အချစ်နဲ့  ပတ်သက်ပြီး ဖော်ညွှန်းထားတဲ့ ပန်းလေးတွေ ရှိပါတယ်။ မိမိဆိုလိုချင်တာကို ပန်းလေးတွေနဲ့  ဖွင့် ဆိုကြတဲ့ ဓလေ့ ရှိပါတယ်။ ခဏအနေနဲ့  တစ်ရက် တာ အငှားသုံးစွဲချင်ရင်တော့ အားလုံး အဆင်ပြေစေဖို့ ရယ်၊ ၀ယ်ရတာ လွယ်စေဖို့  နှင်းဆီပန်း တစ်မျိုးတည်းကိုပဲ ဖော်ပြလိုက်ပါတယ်။

အနီ - ကိုယ်က မင်းကို ချစ်တယ်။ (I Love You)

အဖြူ` - အဆုံးအစမရှိတဲ့ အချစ်၊ အပြစ်ကင်းစင်ခြင်း

အ၀ါ - ခင်မင်မှု၊ မနာလိုဝန်တိုမှု

ပန်းရောင် - ပြီးပြည့်စုံသော ပျော်ရွှင်မှု၊ ကျေးဇူးပြုပြီး ငါ့ကို ယုံကြည်ပေးပါ။

အနက် - သေမင်း

ပျော်စရာ cartoon လေးတွေပါ...........





































































မျောက်များပုံပြင်

ကျွန်တော့်ဘလော့ဂ်မှာ မျောက်များပုံပြင်ဆိုပြီး ဆရာအော်ပီကျယ်ရဲ့ ကာတွန်းလေးကို တင်ပေးခဲ့ဖူးပါတယ်။ အောက်ဆုံးမှာ မှတ်ချက်ကလေးရေးပြီးတော့တောင် အဲဒီကာတွန်းလေးက ကောင်းလွန်းလို့ မူလသရဖူမဂ္ဂဇင်းမှာပါတဲ့အတိုင်း စကင်ဖတ်ပြီး တင်ပေးချင်တာလို့ ရေးခဲ့ပါသေးတယ်။ ဟော... အခုတော့ ကိုယ်တိုင်တောင် စကင်ဖတ်စရာမလိုတော့ဘူး။ ဒီနေ့ ကျွန်တော့်အီးမေးလ်ထဲကို ဖော်ဝပ်(ဒ)မေးလ်အနေနဲ့ ရောက်လာပါတယ်။ ဘယ်လောက်များ ပျော်စရာကောင်းလိုက်သလဲနော်။ အစကတော့ တွးပါသေးတယ်။ ဖော်ဝပ်(ဒ)မေးလ်တောင် ပို့နေကြပြီဆိုတော့ တစ်ယောက်ဆီကိုတစ်ယောက် လက်ဆင့်ကမ်းပြီး အားလုံးသိပြီး၊ ဖတ်ပြီးဖြစ်နေလောက်ပြီ။ တင်ပေးမနေတော့ပါဘူးလို့။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကိုက သဘောကျလွန်း၊ ကြိုက်လွန်းတဲ့အတွက် အခြားလူတွေ ဖတ်သည်၊ မဖတ်သည်ထက် နောင်တစ်ချိန်မှာ ကျွန်တော်ပြန်ဖတ်တဲ့အခါ အဆင်သင့်ရှိအောင်ဆိုပြီး တင်ပေးလိုက်ပါတယ်။ ဖတ်ဖူးပြီးတဲ့လူတွေလည်း ထပ်ဖတ်လို့ရပါတယ်။ မဖတ်ရသေးတဲ့လူတွေအတွက်တော့ သဘောကျမယ်လို့ မျှော်လင့်ရင်းနဲ့ပါ။ အောက်မှာ ခံစားနိုင်ကြပါပြီ။




















































သင်ပုန်းကြီးဖတ်စာ ကာတွန်းများ

အင်တာနက်စာမျက်နှာတစ်ခုကနေ ကူးထားတာအတော်ကြာပါပြီ။ ကွန်ပျူတာထဲမှာပြန့်ကြည့်တိုင်း သဘောကျမိ၊ ပြုံးမိ၊ ကြည်နူးမိတာမို့ တင်ပေးလိုက်တာပါ။ ကာတွန်းဒီရေရဲ့ ဒဂုံသင်ပုန်းကြီးဖတ်စာကာတွန်းတွေ ဖြစ်ပါတယ်။ အမောအပန်းပြေ ရယ်မောပျော်ရွှင် နိုင်ကြပါစေဗျာ။


















































































အားလုံးပျော်ရွှင်ကြ

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About