မ ..............မ................မ

` မ ´

ဘယ်သူ့အတွက် ပွင့်ခဲ့တဲ့ ပန်းလေးလည်းကွယ်...

`မ´ရယ် မောင်ပြောတာ မလုံလောက်သေးလို့လား

`မ´အတွေးမှာ မယုံလောက်သေးလို့လား...

ပန်းလိုလှတဲ့ `မ´ကို မောင့်ရာသီအမှီ ပွင့်စေချင်ကြောင်း

ဆုတောင်းမိတာ အပြစ်ဆိုရင်

ချစ်မိတဲ့ မောင့်အပြစ်က တစ်ဝက်

သိပ်လှတဲ့ `မ´အပြစ်က တစ်ဝက်ပေါ့...

`မ´နှုတ်ခမ်းလေးတွေ အရောင်ဆိုးတိုင်း၊

`မ´ဆံနွယ်တွေ လေပြည်မှာ လွင့်မျောတိုင်း၊

`မ´ရင်မှာ မောင့်အကြောင်းတွေ တွေး၊

`မ´တစ်ယောက်ကြည်းနူးပြုံးလေးတွေ ပြုံးနေစေချင်တယ်...

`မ´တစ်ယောက် ကိုယ့်လမ်းကို လျှောက်ဖို့ လမ်းကူဖောက်ပေးရုံ သက်သက်ပါ၊

`မ´က ခရီးသည်ဆိုရင် လမ်းပြကြယ်လေး ဖြစ်ချင်လို့ပါ၊

`မ´အမောပြေရာ ချွေးသုတ်တဘက်လေးပဲ ဖြစ်ဖြစ်၊

အိုအေစစ်လေးပဲ ဖြစ်ဖြစ်၊

`မ´ဘ၀ရဲ့ နေရာတိုင်းမှာ အဖြည့်ခံတစ်ယောက်ပဲ ဖြစ်ဖြစ်၊

`မ´အနားမှာ ထာဝရနေထိုင်ခွင့်ပြုပါတော့ `မ´ရယ်...

တာရာမင်းဝေရဲ့စာသားလေးတွေပါ

တာရာမင်းဝေရဲ့စာသားလေးတွေပါ
၁။အမုန်းက 'တကယ်တော့ အချစ်ဆိုတာ အလကားကောင်'တဲ့

အချစ်က 'တကယ်တော့ အမုန်းဆိုတာ ငါနဲ့ကျောချင်းကပ် သူငယ်ချင်းပါဟာ"တဲ့

အလွမ်းက "အချစ်နဲ့အမုန်းမရှိရင် ငါလည်းရှိမှာ မဟုတ်ပါဘူးကွာ"တဲ့

အနမ်းက "အချစ်ရှိရှိမရှိရှိ ငါကို တစ်ခါတစ်လေ သုံးကြတာဆိုးတယ်ကွာ"တဲ့



၂။အတိတ်က'ငါ့ကိုပြန်လှည့်ကြည့်မနေနဲ့ ဘယ်တော့မှ ပြန်မလာဘူး'တဲ့

ပစ္စပ္ပုန်က "ငါကလွဲပြီး ဘယ်သူမှမကြည့်နဲ့ ကြားလား"တဲ့

အနာဂတ်က "ငါဘယ်လိုဖြစ်မယ်ဆိုတာ မသိဘူးမို့လား"တဲ့



၃။အချိန်က" မင်းရပ်ချင်ရပ်နေ ငါမရပ်ဘူး"တဲ့

အသက်က " ငါလည်းကြီးပဲကြီးတတ်တာ ပြန်မငယ်တတ်တဲ့ကောင်"တဲ့



၎။စိတ်က "ငါု့ကို ဘယ်သူမှ မထိန်းချုပ်နိုင်ဘူး ငါ့ကိုငါပဲ ထိန်းချုပ်နိုင်တာပါ"တဲ့

ကိုယ်က "ငါ့ကို တွယ်တာမနေနဲ့ တနေ့နေ့စွန့်ခွာသွားမှာပါ 'တဲ့



၅။အလှက"ရုပ်ဆိုးတယ် အကျဉ်းတန်တယ်ဆိုတာလည်း ငါရဲ့ဘော်ဒါတွေပါ"တဲ့



၆။အမဲ့က "ငါလည်းဒီလိုနေချင်လို့ နေတာမဟုတ်ဘူး''တဲ့

အပြုံးက "ငါလည်းစိတ်မပါပဲ အကြာကြီးနေရင် ညောင်းတာပေါ့ကွာ" တဲ့

ခပ်တည်တည်က" ဒီလိုနေရတာကြာတော့လည်း ခံစားမှုမဲ့တယ် အထင်ခံမှာပေါ့"တဲ့

ကျွန်တော့်အပိုင်းအစများ(၂)

၁။အပိန်က"ငါဝါးခြမ်းပြားနဲ့ အမျိုးတော်နေလားမသိဘူး"တဲ့
အ၀က"ငါ့ကို ၀က်လို့အထင်ခံရမှာ အကြောက်ဆုံးပဲ"တဲ့

၂။အပုက"လမ်းလျှောက်ရင် ထုတ်တန်းတွေ သစ်ကိုးတွေ ရှောင်စရာမလိုဘူးကွ"တဲ့
အရှည်က"အမြင့်ကို ဖမ်းဆွဲဖို့ လွယ်ကူတာပေါ့ကွ"တဲ့

၃။အကြောင်းက"ငါ့နောက်မှ အကျိုးရှိတယ်"တဲ့
အကျိုးက"အကြောင်းရှိမှတော့ ငါလည်းပုန်းနေလို့မရဘူး"တဲ့

၎။အပြစ်က "ငါရှိနေလို့ လူတွေလိမ်မာဖို့ကြိုးစားနေကြတာ"တဲ့

၅။အဖြစ်က"ငါရှိရင် အပျက်လည်းရှိတယ်"တဲ့
အပျက်က”အဖြစ်မရှိရင် ငါလည်းမရှိဘူး”တဲ့

၆။မျက်စေ့က”ငါမြင်တာကို စွဲနေတဲ့စိတ်က တရားခံ”တဲ့
နားက”ငါကြားတာကို စွဲနေတဲ့စိတ်က အရူး”တဲ့
နှာခေါင်းက””ငါနံတာကို စွဲနေတဲ့စိတ်က အပေါ”တဲ့
လျှာက”ငါအရသာခံစားတာကို စွဲနေတဲ့စိတ်က ငကြောင်”တဲ့
ကိုယ်က””ငါထိသမျှကို စွဲနေတဲ့စိတ်က အူကြောင်ကြား”တဲ့

၇။သဘာဝက”ငါ့ဖာသာ ငါနေတာကို ပြုပြင်ဖို့ကြိုးစားနေတာ တော်တော်မိုက်မဲတာပဲ”တဲ့
လောကက”လူတွေက သူဖာသာသူရှုပ်တာကို ငါ့နာမည် အလွဲသုံးစားလုပ်ချင်တယ်”တဲ့

၈။အာကာသက”ငါဘယ်လောက်ကျယ်တဲ့ဆိုတာ မှန်းဆဖို့မလွယ်ပါဘူး”တဲ့
စကြာဝဠာက”ငါ့မှာ အဆုံးလည်းမရှိ အစလည်းမရှိ ရှာမနေနဲ့”တဲ့

ကျွန်တော်နဲ့အပိုင်းအစများ(၃)

၁။မျဉ်းပြိုင်နှစ်ကြောင်းက"ငါတို့ဆုံတဲ့နေ့ဟာ ကမ္ဘာလဆန်းတစ်ရက်နေ့ သတ်မှတ်မယ်"တဲ့

၂။ကြက်ခြေခတ်က"ငါ့ကို လူတွေသတ်မှတ်လို့ လုပ်ရတာပါ"တဲ့
အမှန်ခြစ်က" ငါ့ကိုမြင်တိုင်း မှန်တယ်မထင်နဲ့ ကိုယ့်ဖာသာလည်း စဉ်းစားဦး"တဲ့

၃။မျဉ်းဖြောင့်က"ဒီအတိုင်းလေးနေရတာ သက်သာလို့ပါ"တဲ့
မျဉ်းကွေးက "ငါမပါရင် ပန်းချီရေးလို့မရမှာစိုးမိတယ်"တဲ့

၎။တောင်က "ငါရှိတော့လူတွေအမြင့်ကို ပိုနီးတာပေါ့"တဲ့
ချိုင့်ဝှမ်းက "အောက်ဆင်းနေချင်တဲ့လူတွေ အတွက် ငါရှိတော့ အဆင်ပြေတာပေါ့"တဲ့

၅။ပင်လယ်က"ကျယ်ကျယ်ဝန်းဝန်းနေချင် ငါ့ဆီလာလည်"တဲ့
မြစ်က"ပင်လယ်က သူဆီပဲလာခဲ့ဆိုလို့ သွားရတာ"တဲ့
ချောင်းက "ငါမသွားရင် မြစ်မှာ ရေမရှိမှာစိုးလို့"တဲ့
အင်းအိုင်က"ကိုယ့်ဖာသာ သီးသန့်နေပါရစေ"တဲ့

၆။နွေက"ဥသြတွန်သံကြားရင် ငါလာပြီ"တဲ့
မိုးက" အနောက်တောင်မုတ်သုန်လေနဲ့အတူ လူကြုံလိုက်ခဲ့မယ်"တဲ့
ဆောင်းက"နှင်းက ငါရဲ့အချစ်လက်တွဲဖော်"တဲ့

၇။သံသယက "လူမရှိရင် ငါလည်းမရှိဘူး"တဲ့
ယုံကြည်မှုက "ငါကိုလည်း သေချာစမ်းစစ်ပြီးမှ ယုံပါ"တဲ့




ကျွန်တော်နဲ့ အပိုင်းအစများ(၄)

၁။လူက လူကောင်းလူတော်ကို "ပညာရဲရင့် ပွဲလယ်တင့်"တဲ့
ကြောင် ကြောင်ကောင်းကြောင်တော်ကို "ကြောင်ရဲရင့် ငါးကြော်နဲ့သင့်" တဲ့
ခွေးက ခွေးကောင်းခွေးတော်ကို "ခွေးရဲရင့် အမဲရိုးနဲ့အသင့် "တဲ့

၂။လူက ပညာမတတ် စာမဖတ်တတ်သူကို "ခွေးအကြီးလှည်းနင်းသလို"တဲ့
ခွေးက ခွေးမသိမတတ်ကို "လူအကြီး ကားနင်းထားသလို"တဲ့

၃။လူက မဟုတ်မဟတ်လုပ်သူကို "ခွေးဇာတ်ခင်း"တဲ့
ခွေးက စည်းမစောင့်တဲ့ခွေးကို "လူဇာတ်ခင်း" တဲ့

၎။လူက အမြှောင်ထားသူကို "မျောက်မ,ထား" တဲ့
မျောက်က အမြှောင်ထားသူကို "လူမ,ထား" တဲ့

၅။လူက မိန်းမကို နှိမ်ရင် "ကြက်မ,တွန်လို့ မိုးမလင်း"တဲ့
ကြက်က ကြက်မကို နှိမ်ရင် ''လူမအော်လို့ လူမလေး ''တဲ့

၆။လူက ကောက်ကျစ်သူကို "၀ံပုလွေ"တဲ့
ဝံပုလွေက ကောက်ကျစ်တဲ့အကောင်ကို "လူ" တဲ့

၇။လူက လူအကို" နွား"
နွားက နွားထူကို" လူ"

၈။လူက အရမ်းဆော့တဲ့သူကို "မျောက်" တဲ့
မျောက်က အရမ်းဆော့တဲ့အကောင်ကို "လူ"တဲ့

၉။လူကို လူက "မျောက်ကဆင်းသက်လာတာ" တဲ့
မျောက်ကို မျောက်က "လူကဆင်းသက်လာတာ" တဲ့


ကျွန်တော်နဲ့အပိုင်းအစများ(၅)

၁။သစ္စာက''ငါရှိနေရင် အလွဲသုံးစားမှုတွေ မလာရဲပါဘူး"တဲ့
မေတ္တာက "ငါရှိနေရင် ငြိမ်းချမ်းခြင်းအပြည့်ရကိုရရမယ်"တဲ့

၂။ဘ၀က" "ဘ"ရယ်"၀"ရယ်ရှိရင် ငါလည်းရှိမယ်"တဲ့

၃။မျက်ခုံးက"မျက်လုံးအပေါ်ဘက်မှ ငါမရှိရင် လူတွေ တော်တော်အကြည့်ရဆိုးမယ်"တဲ့
ဆံပင်က" ငါမရှိလည်း နေလို့ရပါတယ်ကွာ" တဲ့

၎။ဦးထုပ်က "လူရဲ့မျက်နှာလူရဲ့မျက်နှာတစ်ခုလုံး ငါကာအကွယ်မပေးနိုင်ပါဘူးကွာ" တဲ့
ထီးက "ငါရှိလို့ အရိပ်ရပေမယ့် တကိုယ်လုံးတော့ မကာကွယ်နိုင်ပါဘူး" တဲ့
မိုးကာက "မိုးခါရောက်မှ ငါကိုသတိရတာပါ နွေဆိုငါအငြိမ်းစားယူတယ်"တဲ့
အနွေးထည်က "ဆောင်းရောက်ရင် ငါ့ကိုအတင်းဝတ်ကြပြီး ပူပြီဆို ငါ့ကို
အဖက်မလုပ်ကြဘူး" တဲ့
စောင်က "ချမ်းအေးပြီဆို ငါ့ကိုခြုံကြပြီး အိုက်ပြီဆို ငါ့ကို မမှတ်မိတော့ဘူး" တဲ့

၅။အပူက "လူတွေက မခံနိုင်တာ ငါဖာသာငါနေတာ" တဲ့
အအေးက " အပူနဲ့ငါက အတူတူပဲ ခံစားမှုပေါ်မူတည်တာပါ" တဲ့

၆။အလင်းက "အမှောင်ရှိတဲ့နေရာမှ ငါမနေဘူး" တဲ့
အမှောင်က "အလင်းရှိရင် ငါမလာဘူး"တဲ့

၁။လူက မတည်ငြိမ်စိတ်ရှိသူကို "မျောက်စိတ်"
မျောက်က မတည်ငြိမ်စိတ်ရှိတဲ့မျောက်ကို “လူစိတ်”

၂။လူက ဘာမှန်းမသိလုပ်သူကို “ခွေးလေးခုန်လို့ ဖုန်မထ” တဲ့
ခွေးက ဘာမှန်းမသိလုပ်တဲ့ခွေးကို “လူလေးခုန်လို့ အမြင့်မရောက် “တဲ့

၃။လူက အချင်းချင်းရက်စက်သူကို “တိရိစ္တာန်လိုကောင် “တဲ့
တိရိစ္တာန်က အချင်းချင်းရက်စက်တဲ့ကောင်ကို “လူလိုကောင် “တဲ့

၎။လူက ချစ်သူချင်းချစ်တာကို “ ဟင်္သာမောင်နှံ တောင်ပံယှက် " တဲ့
ဟင်္သာက ချစ်သူချင်းချစ်တာကို “ လူမောင်နှံ လည်ပင်းဖက် " တဲ့

၅။လူက လူလိမ္မာ ဒုက္ခရောက်ရင် “သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာ “တဲ့
ရွှေဟင်္သာက “ဒုက္ခရောက်ရင် မြို့ပြင်လွှတ်တဲ့ သူဋ္ဌေးသား” တဲ့

၆။လူက မတန်မရာမှန်းရင်” အမဲရိုးနဲ့ ဟင်းအိုးမှ အားမနာ”တဲ့
ခွေးက မတန်မရာမှန်းရင် “လူရိုးနဲ့ အပျိုလေးမှ အားမနာ”တဲ့

၇။လူက လူအချင်းချင်းသတ်ရင် “အမဲဖျက်” တဲ့
နွားက နွားအချင်းချင်သတ်ရင် “လူသတ်ကောင်” တဲ့

၈။လူက ချစ်သူဆီသွားချင်တာကို “ အတောင်ပံပါရင် မင်းဆီကို" တဲ့
ငှက်က ချစ်သူဆီသွားချင်တာကို “ပါရာဒိုပါရင် မင်းဆီကို “တဲ့

ငါကမင်းကိုချစ်နေတဲ.ငနဲတစ်ကောင်

လေတွေဘယ်လောက်ပဲထန်ထန်

တိမ်းမည်းတွေပြိုဆင်းမလာ၇င်

”မိုး”ဆိုတာမဖြစ်လာနိုင်ဘူး..............၊

ငါအပေါ်မှာနင်၇ဲ.အချစ်တွေသာ

စစ်မှန်တယ်ဆို၇င်

ဖောက်ပြန်မှုဆိုတာမဖြစ်လာနိုင်ဘူး............၊

မပြတ်မသားေ၀၀ါးတဲ.စိတ်နဲ.

ဘာကြောင်.များ

ငါဆီကိုနင်လာခဲ.တာလဲ..

”ကို.ကိုချစ်တယ်ပြောပြီး” နောက်ကွယ်မှာ

လုပ်ချင်တာလုပ်နေတာ

ငါမသိဘူးများမှတ်လား.........

နင်.ကိုချစ်တဲ. ငါအချစ်တွေကို

နှလုံးသားထဲက

ထုတ်မ၇သေးတဲ.စိတ်တစ်ခုကြောင်.

ငါခံစား၇ခက်နေတာ........

ငါ၇င်ထဲမှာ

ပြောပြလို.မ၇တဲ.ဒဏ်၇ာတွေနဲ.ပြည်.နေတယ်..

မင်းအကြောင်းပဲ

အချိန်တိုင်းစဉ်းစားနေမိတယ်

ငါဖုန်းခေါ်ခိုင်းလည်းလူကြီးမင်းနဲ.တိုးနေတယ်

မင်းကိုမေးတော.သူငယ်ချင်းလေးပါ

အေးပါနင်လျောချင်သလိုသာလျောလိုက်ပါ

ငါကမင်းကိုချစ်နေတဲ.ငနဲတစ်ကောင်ဆိုတော.ကာ..

ရွှေမိရေ.. ငါရည်စားစာကို ဖတ်ပေးပါဟာ..

ရွှေမိရေ.. ငါရည်စားစာကို ဖတ်ပေးပါဟာ..
ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန်တဲ့ ၊ခက်ပါ့ဟာ ၊

ကျုပ်သိသလောက်တော့ ဒေါ့ဆိုတာ ဒီအိုဂျီ (dog) ခွေး တဲ့၊ပါဠိလိုတော့ "သုနက္ခ" ပေါ့ဟာ ၊

ဒါပေမယ့် နင်ပေးတဲ့ လိပ်စာက ဒေါ့ကျတော့ အင်္ဂလိပ်လို ဖူးစတော့လို့ခေါ်တဲ့ဟာကြီး ၊ ခက်ပါဘိ ရွှေမိရယ်…

ဘကြီးဘုန်းကြီးရှေ့မှာသာ ဒီလိုဖတ်လို့ကတော့ဟာ ကျောင်းတိုင်ကိုဖက်ပြီး ကြိမ်နဲ့အနှက် ခံရမှာ သေချာတယ်

နောက်ပြီး ကွန် ဆိုတာကပါသေးတယ် ၊ ကျုပ်သိသထားသလောက်ကတော့ ကွန်ဆိုတာ ငါးပစ်ပြီးဖမ်းတဲ့ဟာကြီး ၊

အကုသိုလ် သိပ်များတာပေါ့ဟာ ။ နင်ပြောလို့သာ အဲဒီကွန်ကြီးကို သုံးပြီး ခေတ်မှီအောင် အင်တာနတ် ကနေ အီးမေးဆိုတာကြီးနဲ့ ရည်းစားစကား ပြောရတယ် လို့ဟာ ၊ကြား မကြားဖူးပါဘူးဟာ ၊

နင့်အမေကြီး ဆုတောင်းနေတဲ့ ဟို ဘာလဲ အတွင်း ၃၇မင်း ၊ အပြင် ၃၇မင်း ၊ အရံ ၃၇မင်း ၊၁၁၁ ပါးသောနတ်မင်းတွေထဲမှာတော့ အဲဒီ အင်တာနတ်မင်းကြီးကို မကြားဖူးပါဘူးဟာ ၊ ကျုပ်အထင်တော့ သူက၃၈ မင်းမြောက်ထင်ပါတယ် ။



ဘာပဲဖြစ်ဖြစ် ရွှေမိ ရယ် …နင့်ကိုသာကျုပ်ချစ်ရမယ် ဆိုလို့ကတော့ဟာ အင်တာနတ်မကလို့ ဘယ်နတ်မင်းကြီးပဲ ပင့်ရပင့်ရ ကျုပ် ပင့်ပါ့မယ် ရွှေမိရယ် ….အဟုတ်ပြောတာ ။ ။ > > >

ကျုပ်အချစ်ဆုံး အကြိုက်ဆုံး ကွယ်လွန်သူ တေးရေးတေးဆို ဓာတ်ရှင်မင်းသားကြီး တွံတေး သိန်းတန် ရဲ့သီချင်းထဲမှာတော့ " ကျေးမစေ ၊ စာလွှာတွေမပို့ပဲ လမင်းကတစ်ဆင့် ချစ်တဲ့အကြောင်းတွေ ပြောပါမယ် " လို့ပဲကြားဖူးပါတယ် ရွှေမိရယ် ၊



အဲ…အဲ နင်အသစ်ပြောင်းထားတဲ့ "အင်ဂျလီနာ ညိုမီ" ရယ်….ကျုပ်ကတော့ နင့်ကိုရွှေမိလို့ပဲခေါ်နေကြမို့ နှုတ်ကျိုးနေပြီဟာ ။ ဒါနဲ့နေပါဦး ရွှေမိရယ် နင်ပြောတဲ့အဲဒီ အင်တာနတ်မင်းကြီးက အောင်သွယ်တော်လုပ်ပေးတဲ့ အချစ်နတ်မင်းကြီးလားဟ ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်သာကျုပ်ကို ပြန်ချစ်မယ်ဆိုလို့ကတော့ရိုးရာ ကိုင် ချင်ကိုင်ပါစေဟာ အဲဒီ နင်ပြောတဲ့ အင်တာနတ်မင်းကြီးကိုပဲ "မ" ခိုင်းမယ်ဟာ ၊ တကယ်……တကယ် ။ > > >



ရွှေမိရယ် နင်ကမြို့မှာကျောင်းသွားတတ်တာ အရမ်းပြောင်းလဲလာတယ်နော် ၊ နင်ဝတ်နေကျ လုံချည်နဲ့ နင်ဖြီးနေကျ ဆံပင်က"တို"သွားပြီး နင်စီးနေတဲ့ ဖိနပ်ဒေါက်နဲ့ နင့်လက်သည်းတွေ "ရှည်"လာတာရော ၊နောက်ပြီးအရင်ကဆို ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ဖတ်တိုင်း စူဠသုဘဒ္ဒါက ဘယ်လိုလုပ်ပြီး ဆင်စွယ်ကို ပန်နိုင်မှာလဲလို့ ကျုပ်စဉ်းစားမိတယ် သိလား ၊ အခုတော့ နင့်နားမှာ အမျိုးမျိုးပြောင်းနေတဲ့ နားဆွဲတွေကိုမြင်ပြီး ကျုပ်ယုံသွားပါပြီ ရွှေမိရယ် ။

ပြီးတော့ နင်ကမျက်နှာဖြူစကားတွေလည်း တော်တော်ပြောတတ်လာတယ်နော် ၊ နင်ပြောပြောနေတဲ့ ဘာလဲဟို….၀က်ဆိုဒ် ဆိုလား ၀က်ဆိုင်ဆိုလား ဟာ အေး အဲဒီဟာကြီးက နင်တော်တော်ကြိုက်တယ် ထင်တယ် ၊ ကျုပ်သိတာကတော့ ရွာဈေးက ကိုကံကောင်း ၀က်ဆိုင်ပဲ သိတယ် ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်ကြိုက်ရင် ဘယ်လောက်ပဲ ဈေးကြီးကြီး ကျုပ်ဝယ်ကျွေးပါ့မယ်ဟာ ။ > > >

်ပြီးတာ့ ကျန်ပါသေးတယ် ကိုလူပျိုကြီး ကိုရန်မျိုနိုင်ရောင်းတဲ့ ဘာတဲ့ အော် ဒေါင်းလုပ်ဆိုလား ဒေါင်းရုပ်ဆိုလားဟာ ၊ နင်ကြိုက်တယ်ဆိုရင် ဈေးကြီးစမ်းပါစေဟာ ကျုပ်ဝယ်ပြီးလက်ဆောင်ပေးပါ့မယ်ဟာ ။ ဒါနဲ့နေစမ်းပါဦး အဲဒီအရုပ်က တို့ ဖိုးဝရုပ်ထက်လှလားဟ ၊ အေးပါ လှလှ မလှလှ နင်ကြိုက်ရင် ကျုပ်လည်းကြိုက်တယ် ၊ နင်ပြောရင်ကျုပ်နားထောင်မယ် ၊ နင်ယုံတဲ့အဲဒီ အင်တာနတ်မင်းကြီးကို ကျူပ်လည်းယုံပါတယ်ဟာ ။ နောက်ပြီး နင်ပြောပြောနေတဲ့ ဟိုကမ္ဘာကြီးက ပူနွေးလာပြီဆိုလားပဲ ၊ ဟုတ်တယ် ကျုပ်ထင်ပါတယ် ၊ ဘာလိုလဲဆိုတော့ နင်ဝတ်တဲ့ အင်္ကျီတွေ စကဒ်တွေကို ကြည့်ပြီးကျုပ်တို့ရွာလေးတောင် တော်တော်ပူနေမှန်းသိလိုက်ရတယ် ။ ဒါ့ကြောင့် ကျုပ်လည်းဒီနေ့ကစပြီး နင်ဝတ်သလိုမျိုးစွပ်ကျယ်အင်္ကျီနဲ့ ပုဆိုးခါးတောင်းကြိုက်ပြီးတော့ပဲ နေတော့မယ်ဟာ ။ ကျုပ်ကစကဒ်မှဝတ်လို့ မရတာ ၊ ဒီတော့လဲအဆင်ပြေသလို လုပ်ရတာပေါ့ဟာ ။ ဘာပဲဖြစ်ဖြစ် ကျုပ်ကိုနင် ပြန်ချစ်ရင်ပြီးတာပါပဲ ရွှေမိရာ….။ > > > ဘကြီးဘုန်းကြီး ကတော့ပြောပါတယ် ရွှေမိရယ် ၊ က္ကတ္တိဝင်္က နဒီဝင်္က တဲ့ မိန်းမနဲ့ မြစ်တို့သည် ကောက်ကွေ့သောသဘောရှိသည် "တဲ့ ၊ နင့်ဆံပင်လိုပေါ့ရွှေမိရယ်။ ဒါပေမယ့်ရွှေမိရယ် ဘကြီးဘုန်းကြီးက ဘကြီးဘုန်းကြီးပါဟာ ၊ ကျုပ်ကပုထုဇဉ်လေ ဘကြီးဘုန်းကြီးမှ မဟုတ်တာ နော့် ။



"ပုထုဇန္နော ဥမ္မာတကော" တဲ့ ရွှေမိရဲ့ ပုထုဇဉ်ဆိုတာ အရူးလို့ တို့ ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့တယ်လေ ။ ကျုပ်လည်း နင့်ကိုချစ်မိတော့ ရူးနေပြီပေါ့ ရွှေမိရယ် ။ ဘကြီးဘုန်းကြီး ကတော့ဘယ်သိပါ့မလဲ သူက လောကုတ္တရာသမားကိုး ၊ ကျုပ်တို့ကလောကီသား ၊အဲဒီတော့လည်း နင့်ကိုကျုပ်က ချစ်ရတာပေါ့ ရွှေမိရယ် ၊ ဘကြီးဘုန်းကြီးကတော့ ပြောပါတယ် "ဒကာလေးကအပူ ရှာနေတာကိုး "တဲ့ ၊ ကျုပ်ကလည်း"တပည့်တော် စွပ်ကျယ်ဝတ်ထားပါတယ်ဘုရား"လို့ မပြောတော့ပါဘူး ရွှေမိရယ် သူကတရားသဘောနဲ့ပဲမြင်တာကိုး ၊ ကျုပ်ကတော့ "ပိယေဟိ ၀ိပ္ပယောဂေါဒုက္ခော"ဆိုတဲ့ ချစ်သူနဲ့ကွေကွင်းရခြင်း ဒုက္ခ ကိုမခံစားနိုင်ဘူုးဗျ

အဲဒါကြောင့် နင့်ကို ချစ်ရတာပါ ရွှေမိရယ်….။ > > >



ကျုပ်က နင့်ရဲ့အဇ္ဇတ္တကိုလည်းချစ်တယ် ၊ ဗဟိဒ္ဒ ကိုလည်းချစ်တယ် ၊ မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် စိတ် ဆိုတဲ့ အာရုံခြောက်ပါးလုံးနဲ့ ချစ်တယ်ဟာ ။ ရှင်းရှင်းပြောရရင် နင်နဲ့ကျုပ်နဲ့ က ဓမ္မာ ၊သောက ၊အင်းဝ၊ရာဇာ ပဲဖြစ်နေပါစေ ကျုပ်ကချစ်တယ်ဟာ ၊ ကိန္နရီ ကိန္နရာ မောင်နှံဟာ တစ်ညတာဝေးတာကို နှစ်ပေါင်းခုနှစ်ရာ ၇၀၀ ဆွေး လို့မပြေဘူးတဲ့ ၊ ကျုပ်ကလည်းနင့်ကို သူတို့ထက်မလျော့အောင်ချစ်ပြမှာပါဟာ ။ တကယ်ပါ ရွှေမိရယ် "လူတွေဟာ ချစ်သူရဲ့ အသံကိုကြားရတဲ့နေရာမှာ တင်းတိမ်မှု့မရှိနိုင်ဘူး "တဲ့ ၊ ကျုပ်လဲနင့်အသံလေးကိုပဲ အမြဲကြားချင်နေတာပါ ။ နင်ကကျုပ်အတွက်တော့ ဓာတုကလျာ ၊ ရှင်နှောင်း ၊ ရခိုင်မင်းသမီး ၊ ဒိုင်းခင်ခင် ၊ ၀ဏ္ဏပဘာ ပါပဲဟာ ၊ ကျုပ်ကနင့်အတွက်ဆို " ကောင်းကင်တမွတ် ကြယ်ကိုဆွတ် " မယ့်သူပါဟာ ။ တကယ်ပါ ရွှေမိ ကျုပ်ကနင့်ရဲ့ ပထ၀ီတစ်လုံး အာကာတစ်လုံး ဖြစ်နေတဲ့ မျက်လုံးလေးကစပြီး ကြေးညိုရောင် ခြေဖျားလေးအထိ ချစ်ပါတယ် ရွှေမိရယ် ။ ဒါပေမယ့် ရွှေမိရယ် ကျုပ်ကနင့်ကိုချစ်တဲ့ အထဲမှာလေ ဘာလောဘမှ မပါပါဘူးဟာ ။ > > > ဆယ်တန်းတင်မကပထမနှစ်မှာပါ စာကျေအောင်ဆိုပြီး ၃နှစ်ဆီနေခဲ့တဲ့ နင့်ရဲ့ပညာရေးဂုဏ်ကို လည်း ကျုပ်မမက်ပါဘူး ရွှေမိ ။ ပြီးတော့ ဟိုးအရင်ဘ၀က ဘုန်းကြီးကျောင်းသူများရဲ့ ခေါင်းလောင်းအလှူပွဲမှာ ထမင်းစားကောင်း အောင် သာဓု ၀င်ခေါ်ခဲ့တဲ့ဆုလို့ ထင်ရလောက်အောင် အသံကောင်းတဲ့နင့်အမေ ၊ စကားတစ်ခွန်းကို အရပ်ဆယ် မျက်နှာက ခုနှစ်အိမ်စေ့ ကြားနိုင်အောင် ပြောနိုင်တဲ့သူ ၊ အရင်ဘ၀က ရေဒီယိုလှူခဲ့ဖူးသလား မှတ်ရအောင် သတင်း၊အတင်း စုံတဲ့မှတ်ဥာဏ်နဲ့ နင့်အမေ ၊ လဆန်းနဲ့ လလယ် ရောက်တိုင်း ကန်တော့ပွဲထဲ ဘောက်ချာထိုးပြီး အတွင်း ၃၇မင်း ၊အပြင် ၃၇မင်း ၊အရံ ၃၇မင်း ၁၁၁ပါးသောနတ်မင်းတွေနဲ့ ဘိုးတော်အပေါင်းကို ရန်မဖြစ်ဖြစ် အောင် ထမင်းတစ်ဝိုင်းတည်းပြင်ပြီး ဖိတ်ကျွေးတတ်တဲ့ နင့်အမေ ၊ ဈေးထိပ်နားကညောင်ပင်အောက်မှာ သူ့ဘာသာသူ တစ်ယောက်တည်း နေတတ်တဲ့ အရူးမကြီးကို ဒီနေ့ဘာကောင်းလဲလို့ တစ်နေ့နှစ်ခါမေးပြီး ဂရုစိုက်တတ်တဲ့



သေသွားတာ ၂နှစ်လောက်ကြာပြီဖြစ်တဲ့ သင်တုန်းဓားလောက်ပဲ ကိုင်ဖူးတဲ့ ရွာထိပ်က ကိုရင်ကြီး လူထွက် ဦးပြောင်ကြီးဆီမှာ အရက်တစ်လုံးကို တစ်ယောက်တစ်ဝက်သောက် ၊ ကိုယ့်ဘာသာကို ဆရာတင် ၊ ကိုယ့်ဘာသာကို တပည့်လုပ်ပြီး တစ်ညနေတိတိ ပညာဆည်းပူးလာတဲ့ ဆံပင်ညှပ်သမား ညည်းအဖေ ၊ တစ်ရွာ လုံးကယောကျာင်္းတွေ သူ့လက်အောက်ကထွက်တာပါလို့ မကြာမကြာ မူးတိုင်းပြော ၊ ဆံပင်သာကုန်စေ ရမယ် ပညာမကုန်စေရဘူးဆိုတဲ့ ရှေ့တစ်လက်မနောက်ပြောင်ပုံစံကို မူပိုင်ခွင့်ယူထားတဲ့ ညည်းအဖေ ဦးကတုံး ၊ အဲအဲ ညည်းအခေါ်ကတော့ ရန်ကုန်မှာ တိုနီထွန်းထွန်း ၊ တို့ရွာမှာတော့ တိုနီကတုံး ၊ ကိုရီးယားကတောင် လာငှားရဆိုတဲ့ ဟဲယားဒီဇိုင်းနာဆိုတာကြီးပေါ့ ၊ အေး နင့်ကိုကျုပ် ချစ်တာ က လည်း နင့်အဖေကြီးရဲ့ အဲဒီ လ္ဘက်ရည်ဖိုး သာသာ ၀င်ငွေကိုမက်မောလို့ မဟုတ်ပါဘူး ရွှေမိရယ် ။ > > >



နောက်ပြီး နင့်အစ်ကို လပြည့် ၊ တစ်ရပ်ကွက်လုံးက သတ်မှတ်ထားကြတဲ့ သင်္ဘောသား ၊ သင်္ဘောနဲ့ ပတ်သတ် လို့ကတော့ နိုင်ငံခြားသင်္ဘော ၊ ပြည်တွင်းသင်္ဘော ကိုထားဦး လှေရဲ့လှော်တက်မပြောနဲ့ ရေတောင် ကိုယ့်ကိုယ်ကို မသေအောင်တောင် မကူးတတ်တဲ့ နင့်အစ်ကို ၊ သဘောင်္ပင်ရဲ့အသားလို အစိုလည်းသုံးမရ ၊ အခြောက်လည်း အသုံးမ၀င်လို့ ခေါ်ရတဲ့သင်္ဘောသား ၊ ချဉ်ဖတ်ရောင်းတဲ့ဆိုင်မှာတောင် ၀ယ်လို့မရတဲ့ ရှားရှား ပါးပါး ရပ်ကွက် ချဉ်ဖတ်ကြီး ၊ ရှစ်တန်းမှာ နှစ်ခါကျပြီး ကျောင်းခေါ်ကြိမ်စာအုပ်က သူ့နာမည်ကို ယမကာ ဆိုင် အကြွေးစာရင်းမှာပြောင်းရေး ၊ သူ့လက်ကအနုပညာသည်လက်ဆိုပြီး ဘာအလုပ်မှ လက်ကြောတင်း အောင် မလုပ်ပဲ သင်္ဘောသားဖြစ်နေတဲ့ နင့်အစ်ကိုရဲ့ ဂုဏ်အရှိန်အ၀ါတွေကို မက်မောပြီး ကျုပ်ကနင့်ကိုချစ်ခဲ့တာ မဟုတ်ရပါဘူး ရွှေမိရယ် ။ > > >



ဟောဒီရင်ဘတ်ကြီးထဲကဘုံးဘုံး( ရင်ဘတ်ပုတ်သံ ) မိ…မိ….မိ…မိ…မိ…မိ… လို့အော်နေတဲ့ ငါ့နှလုံးသား ကြောင့်ပါဟာ ၊ လုံးကြီးတင်ကို ၀တ်ဆံခတ် ၀စ္စနှစ်လုံးပေါက်ထည့်ပြီးတော့ တော့မဖတ်လိုက်ပါနဲ့ ရွှေမီး ရယ် ဟယ်ဟုတ်ပါဘူး ရွှေမိ ရယ်……… ။ > > >


ကျုပ်ကနင်ပြောပြောနေတဲ့ ဆော့ဖ်ဝဲဆိုလားဘာဝဲဆိုလားအဲဒီဝဲဆေးဖော်ရောင်းပြီး အရမ်းချမ်းသာ နေတဲ့ အမေရိကန်ဆိုတဲ့ တိုင်းပြည်က ဇောတိကကြီး ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးလို ချမ်းသာမှ ပြန်ချစ်မှာလား ရွှေမိ ရယ် ၊ " တူနှစ်ကိုယ် တဲအိုပျက်မှာနေရ "ဆိုတဲ့သီချင်းကို နင်က မြို့ပေါ်က ရက် သီချင်းတွေလောက်မကြိုက်ပေမယ့် ကျုပ်ကတော့ လက်ခံတယ် ရွှေမိ လက်ခံတယ် ၊ နင်က ဒေးဗစ်ဘက်ခမ်းဆိုတဲ့ ဗြိတိသျှဘောလုံးသမားပုံပါတဲ့ အင်္ကျီလက်ပြတ်ကိုဝတ် ရွာရိုးကိုးပေါက် လျှောက်ပြီး စိတ်ကူးပဲယဉ်နေတော့မှာလား ရွှေမိရယ် ။



နင့်ကိုကျုပ်ပြောဖူးပါတယ် "အပုပ်ကောင်ရုပ်ဆောင်နေကြတာပါ"လို့ ၊ လောကဓံရှစ်ပါးကို နင်ပြောတဲ့ ၀ဲဆေးဆရာ ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ရော၊ ဟိုဘောသမားရော ဒေးဗစ်ဆိုတဲ့ပုဂ္ဂိုလ်ရော ကြုံရမှာပဲရွှေမိ ၊ အေးအဲဒီလိုပဲ နင်လည်း လောကဓံရှစ်ပါးကိုကြုံရတဲ့အခါ နင့်ဘေးမှာကျုပ်ရှိနေချင်တယ်ဟာ ။ > > >



ကိုင်း အဲဒီတော့ ဆိုင်ရာပိုင်ရာများနဲ့ အတွင်း ၃၇ မင်း ၊ အပြင် ၃၇ မင်း ၊ အရံ ၃၇ မင်း ၁၁၁ပါးသော မင်း တွေရဲ့ နောက် ကမ္ဘာ့ရွာကြီးကို အပိုင်စားရတော်မူသော ၁၁၂ မင်းမြောက် အင်တာနတ် မင်းကြီးခင်ဗျား တပည့်တော်ရဲ့ နှလုံးသား ၀က်ဆိုင်က ( Website ) ဒီရည်းစားစာ ကို ရွှေမိ ဒေါင်းရုပ် ( download ) လုပ်ပါစေလို့ ဆုတောင်းရင်း ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန် ဆိုတဲ့ လိပ်စာကို ခေတ်မှီအောင် အမြန်ချော နဲ့ ကမ္ဘာ့ရွာတောင်ပိုင်းနေ ဘုန်းကြီးကျောင်းသား ကိုရင်ညိန်းမှ ကမ္ဘာ့ရွာတောင်ပိုင်းမှာပဲ နေတဲ့ ဘုန်းကြီးကျောင်းရဲ့ နှစ်အိမ်ကျော်က အင်ဂျလီနာညိုမီ့ ထံ ပေးပို့လိုက်ရပါတယ် ။ > >

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About