လွမ်းနေတယ်

[gallery]

တစ်ခါတည်းချစ်ချင်လို့ပါ

soung

Unrated



နည်းပညာ

ပျော်ရွှင်စရာပုံလေးများ





 

 

 

ချစ်သူအတွက်မနက်စာ

[gallery]

လူတစ်ယောက်ရဲ့ စိတ်ဓါတ်လေးတွေကို ခန့်မှန်းတဲ့ ဗေဒင်ဆန်ဆန် မေးခွန်းလေး

လူတစ်ယောက်ရဲ့ စိတ်ဓါတ်လေးတွေကို ခန့်မှန်းတဲ့ ဗေဒင်ဆန်ဆန်
မေးခွန်းလေးတွေမေးကြည့်မယ်နော်.
. အချစ် (သို့) နှလုံးသားခံစားမှုနဲ့
ပါတ်သက်တာလေးပါ...

(၁) မေးခွန်း ။ ။ သင် မင်္ဂလာဆောင်ပြီဆိုပါတော့.... မင်္ဂလာဦးညမှာ.. သင့်ရဲ့
သတိုးသား(သို့)သတိုးသမီး ကအောက်ပါ ကိစ္စ (၃) ခုထဲမှာ တစ်ခုခု
ဖြစ်လာခဲ့လျင် အဘယ်တစ်ခု ဖြစ်ခဲ့လျင် သင် အကြောက် လန့်ဆုံးဖြစ်မယ်နည်း...

(က) သွားတွေ တစ်ချောင်းမကျန်ကျွတ်နေသည်ကို မြင်လိုက်ရလျှင်
(ခ) လျှာကြီးရှည်ထွက်လာတာကို တွေ့ရလျှင်
(ဂ) မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်နေသည်ကို မြင်လိုက်ရလျှင်

(၂) မေးခွန်း ။ ။ သင်သည်... အောက်ပါ second hand ပစ္စည်းများကို
ဝယ်ယူရမည်ဆိုပါက... ဘယ်တစ်ခုကို မ၀ယ်ရန် အပြင်အထန်ငြင်းဆန်မည်နည်း..
(တစ်နည်း။ ။ အဘယ်တစ်ခုသည်... သင်ဝယ်ရမည်ကို အထိန့်လန့်ဆုံးပစ္စည်းဖြစ်မည်နည်း)

(က) ကားတစ်စီး... တစ်ချိန်က.. ယာဉ်တိုက်မှုများစွာနှင့် နိမိတ်ဆိုးတို့ကို
ပိုင်ဆိုင်သော ကားတစ်စီး
(ခ) အိမ်တစ်လုံး.... သင်လှုပ်ရှားမှုမှန်သမျှကို ချောင်းကြည့်သိရှိနိုင်ရန်..
နေရာအနှံ့မှ ချောင်းကြည့်ပေါက်များရှိသော... အိမ်တစ်လုံး..
(ဂ) ဖိနပ်တစ်ရံ .... ကူးစက်ရောဂါပိုး မြောက်များစွာရှိနေသည့်.... ဖိနပ်တစ်ရံ
(ဃ) ဖုန်းတစ်လုံး..... ဟယ်လိုဟု အသံပြုလိုက်သည်နှင့် သို့မဟုတ်
ဖုန်းပြောသည်နှင့် ပေါက်ကွဲနိုင်သည့်.... ဖုန်းတစ်လုံး...
အဖြေတွေကိုပြောပြပါ့မယ်..

(၁) မေးခွန်း ။ ။ သင် မင်္ဂလာဆောင်ပြီဆိုပါတော့.... မင်္ဂလာဦးညမှာ.. သင့်ရဲ့
သတိုးသား(သို့)သတိုးသမီး ကအောက်ပါ ကိစ္စ (၃) ခုထဲမှာ တစ်ခုခု
ဖြစ်လာခဲ့လျင် အဘယ်တစ်ခု ဖြစ်ခဲ့လျင် သင် အကြောက် လန့်ဆုံးဖြစ်မယ်နည်း...

(က) သွားတွေ တစ်ချောင်းမကျန်ကျွတ်နေသည်ကို မြင်လိုက်ရလျှင်
(ခ) လျှာကြီးရှည်ထွက်လာတာကို တွေ့ရလျှင်
(ဂ) မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်နေသည်ကို မြင်လိုက်ရလျှင်

*အဖြေ-၁ ။ ။ (က) ဖြေသူများသည်... တစ်သက်လုံးတွင်.. တစ်ယောက်ပဲချစ်မည်ဟု
အဓိပ္ပါယ်ရပါတယ်..
(ခ) ဖြေသူများသည်... အချစ်များသည် သို့မဟုတ် ဒီတစ်ယောက်ချစ်၏
ပြတ်သွားလျင်ကြေကွဲ၏ နောက်တစ်ယောက်တွေ့လျှင်လည်း.. ထိုကဲ့သို့ချစ်နိုင်၏
(ဂ) ဖြေသူများသည်... ချစ်ဖို့အတွက်.. အမြောက်အမြား.. အသေအချာ စဉ်းစားပြီးမှ
ချစ်တတ်ကြသည် ဟူ၏..... *

(၂) မေးခွန်း ။ ။ သင်သည်... အောက်ပါ second hand ပစ္စည်းများကို
ဝယ်ယူရမည်ဆိုပါက... ဘယ်တစ်ခုကို မ၀ယ်ရန် အပြင်အထန်ငြင်းဆန်မည်နည်း..
(တစ်နည်း။ ။ အဘယ်တစ်ခုသည်... သင်ဝယ်ရမည်ကို အထိန့်လန့်ဆုံးပစ္စည်းဖြစ်မည်နည်း)

(က) ကားတစ်စီး... တစ်ချိန်က.. ယာဉ်တိုက်မှုများစွာနှင့် နိမိတ်ဆိုးတို့ကို
ပိုင်ဆိုင်သော ကားတစ်စီး
(ခ) အိမ်တစ်လုံး.... သင်လှုပ်ရှားမှုမှန်သမျှကို ချောင်းကြည့်သိရှိနိုင်ရန်..
နေရာအနှံ့မှ ချောင်းကြည့်ပေါက်များရှိသော... အိမ်တစ်လုံး..
(ဂ) ဖိနပ်တစ်ရံ .... ကူးစက်ရောဂါပိုး မြောက်များစွာရှိနေသည့်.... ဖိနပ်တစ်ရံ
(ဃ) ဖုန်းတစ်လုံး..... ဟယ်လိုဟု အသံပြုလိုက်သည်နှင့် သို့မဟုတ်
ဖုန်းပြောသည်နှင့် ပေါက်ကွဲနိုင်သည့်.... ဖုန်းတစ်လုံး...

မေးခွန်း-၁ ။ ။ (က) ဖြေသူများသည်... ကိုယ့်ချစ်သူ တစ်ပါးသူ ဖြတ်လုမှာ
အလွန်ကြောက်ကြသည်
(ခ) ဖြေသူများသည်... မိမိချစ်သူနှင့် မိမိတို့ စုံတွဲသည်..
ပတ်ဝန်းကျင်လူများအကြား.. စံပြဖြစ်ချင်သည်..
(ဂ) ဖြေသူများသည်... ကိုယ့်ချစ်သူက ကိုယ့်အပေါ်သစ္စာဖောက်မှာ အလွန်ကြောက်သည်...
(ဃ) ဖြေသူများသည်... ကိုယ့်ချစ်သူသည်.. အသုံးအဖြုန်းကြီးမှာ အလွန်ကြောက်သည်
ဟူ၏.....

အလွမ်း“ဖုန်း”ဆက်ခြင်း

“ဟလို” ….
သတိရခြင်းကတော့ ဖုန်းဆက်စရာမလိုပါဘူး… စိတ်ထဲမှာရှိတာနဲ့ တင်ရောက်လာပါတယ်..
တကယ့်အသံလေးကြားချင်တာကြောင့် ဝေးနေတဲ့အချိန်လေးမှာ ကိုယ်ဆက်လာတာပါ …
လေပြေအတူ မိုးနဲ့ အတူ ထည့်ပေးလိုက်တဲ့အလွမ်းစကားတွေက အရမ်းကြာနေမှာလား ..
ဘယ်အချိန်ရောက်လေမလဲ … စဉ်းစားတွေးတောနေရင်းနဲ့ 
နှလုံးသားလေးကတော့ ထပ်ကာထပ်ကာ ဆက်လို့ ပေါ့ …

သတိရခြင်းတွေ လွမ်းဆွတ်ခြင်းတွေက ကောင်းကင်ကကြယ်ပေါင်းများစွာထက်တောင်
များနေပြီး ကြေကွဲမှုတွေနဲ့ ထပ်မြှောက်ထားတာကို မင်းလည်းသိမှာပါ …
ဆွေးနေရတဲ့ ကောင်လေးရင်ထဲမှာ ဖုန်းနှိပ်သံလေးက တတီတီနဲ့ ပေါ့ …

သတိရခြင်းတွေ ခရီးထွက်လာခဲ့ပါပြီ … မင်းလေးရင်ထဲကဖုန်းလေး မြည်နေရော့မယ် ..
ရင်တုန်းလေးပိတ်ထားလို့ မကြာရတာလားဟင် .. ဘယ်များရောက်နေလို့ လဲ ..
ကူပြီး ဖုန်းလေးကိုင်ပေးပါအုံး … ပင်လယ်တွေ တောင်တန်းတွေပေါ်
တကူးတက ဖြတ်ကျော်လာခဲ့ရတာပါ … ငါ့ရဲ့ အလွမ်းတွေလေ …
လွမ်းနေလို့ လာပြီး ဖုန်းလေးကိုင်ပေးပါ ကောင်မလေးရေ …

“ချစ်တယ်”ဆိုတဲ့ မင်းစကားသံလေးကို တခါလောက်ကြားချင်တယ် …
နှလုံးသားလေး လန်းဆန်းစေဖို့ ပါ … ဒီအသံလေးကြားလိုက်တိုင်း
အိမ်မက်တွေဆီ ဆက်လှမ်းနိုင်ဖို့ နှလုံးသားလေး အားဖြည့်စေတယ်လေ …
ဝေးတော့မဝေးပါဘူး … နီးစပ်နေတဲ့ နှလုံးသားတွေ အမြဲရှင်သန်နေမယ်လေ …
မျက်နှာလေးမတွေ့ ရတာကြာလို့  ဒီအသံလေးကိုပဲ
တောင်းတနေမိတာပါလေ …

"ကိုကပေးနိုင်ခြင်းဟာလဲသုခ"

ချစ်သူတွေဟာများသောအားဖြစ်တစ်ဖက်ချစ်သူကကိုယ့်ကိုချစ်ရမယ်။
ကိုယ့်ကိုအလိုလိုက်ရမယ်ဆိုတဲ့အတ္တစိတ်ကလေးမသိမသာဝင်နေတတ်တယ်။
ကိုယ်ကအချစ်ခံရမှသူခလို့ထင်နေတတ်ကြတယ်ကိုယ်ကချစ်ရတာလဲသူခဆိုတာကို
မေ့နေတတ်ကြတယ်။အင်္ဂလိပ်စကားလေးတွေ့ဖူးတယ်if there is anything better than to be loved
is loving."ကိုယ်ကအချစ်ခံရတာထက်ကောင်းတဲ့အရာရှိပါသေးတယ်ဆိုရင်
အဲဒါကိုကချစ်ရတာပါပဲ"တဲ့။လူတွေဟာများသောအားဖြစ်ကိုယ်ကယူရမှ၊ရရမှသူခလို့ထင်မိတတ်ကြတယ်
ကိုယ်ကပေးနိုင်ခြင်းဟာလဲသူခဆိုတာကိုမေ့နေတတ်ကြတယ်။တကယ့်ကိုထူချွှန်တဲ့ယောက်ကျာင်္းကောင်းမိန်းမမြတ်တွေ
ဆိုတာဟာသူတို့ကကြီးပေးသွားတာ။ယူသွားတာမဟုတ်ဘူး။ဒီတော့လောကလူ့အသိုင်ဝန်းကိုထားလိုက်ပါတော့
မိမိတို့ဇနီးမောင်နှံရဲ့လောကကလေးမှာကိုယ်ကတတ်နိုင်သမျှအနစ်နာခံမယ်ဆိုတဲ့လိုက်လျှောမယ်ဆိုတဲ့စေတနာကလေး
မွှေးဖြစ်အောင်မွှေးကြပါလို့တိုက်တွန်းအပ်ပါတယ်။"ကိုယ်ကယူဖို့ချည်းသာလျှင်စိတ်အားထက်သန်နေတဲ့သူတွေဟာ
အခြေခံအားဖြစ်လူစဉ်မမီသူတွေဖြစ်ကြတယ်"ဆိုတာကိုသဘောပေါက်ကြဖို့လိုပါတယ်။စိတ်ဓါတ်လူစဉ်မီအောင်
ကြီုးစားကြရမယ်ဆိုတာကိုလည်း။မေ့မထားကြပါနဲ့လို့တိုက်တွန်းအပ်ပါတယ်

နှုတ်မဆက် လမ်းမခွဲကြေး

ဝေဟင်ပေါ်ရောက်မှ ကြောက်စိတ်တွေ ၀င်လာခဲ့တယ်. ဒီခရီးကို ထွက်ခဲ့တာ မှားများနေပြီးလား. လေယဉ်ပြတင်းက ကြည့်လိုက်မှ မိုးတိမ်တိုက်မဲမဲတွေက ပိုခြောက်လှန့်နေသလို ဖုန်းထဲက စကားသံတွေကို ကြားယောင်လာတဲ့အချိန်မှာ မေ့ရဲ့ ကြောက်စိတ်တွေ ပျောက်သွားခဲ့တယ် ဟုတ်တာပေါ့ မေသူ့ကို တွေ့ချင်နေတာလေ နောက်ပြီး ပြသနာကိုလည်း သေချာအောင်ရှင်းချင်နေတာ အဓိက ကတော့ ကိုမေ့အနားက သူပျောက်ကွယ်မှာကို ကြောက်နေတာကိုဘဲ ကို့ကိုတွေ့မယ် ပြီးတော့ တောင်းပန်သင့်တာကို တောင်းပန်မယ် ရှင်းသင့်တာတွေကို ရှင်းမယ်ပေါ့ မေ့ကို လေယဉ်ကွင်းကနေ စောင့်ကြိုနေပါ ချစ်သူရယ် နော် သူငယ်ချင်းတွေက ကို့ကို ဖုန်းဆက်ပြီး မေ့ကို ဂရုစိုက်ပါ ကို့ရဲ့ရှုပ်နေတယ်လို့ သတင်းကြားတယ်ဆိုတဲ့ အကြောင်းတွေ ၀ိုင်းပြောကြတာက မေ့ က သူတို့ကို ပြောခိုင်းတာမဟုတ်ဘူး မေက အရမ်းဝမ်းနည်းနေတာကို မကြည့်ရက်လို့ ၀ိုင်းပြောပေးကြတာပါ အဲဒီအတွက်တခုတည်းနဲ့ မေတို့ လမ်းမခွဲသင့်ပါဘူးနော် ……
” မေ ကို့ စကားကို သေချာနားထောင် ကိုတို့ လမ်းခွဲရအောင် ကို့ကိုမေ့လိုက်တော့ ကို့ကြောင်နဲ့ ဘယ်သူကိုမှ မထိခိုက် မနစ်နာစေချင်ဘူး ကို့ဆီကို ဖုန်းထပ်မဆက်နဲ့တော့နော် ကိုမင်းကိုအရမ်းချစ်တယ် ဒီလို ပြောလို့ ကို လဲ အရမ်းခံစားရတယ် ဒါပေမယ့် မေ့လိုက်ပါ အချိန်တန်တော့ ကို့ ကို မေ မေ့သွားမှာပါ ”
” ကို တောင်းပန်ပါတယ် မေ့မှာ ဘာအပြစ်ရှိလို့လဲ မေ ကို့ကိုချစ်တာ မေ့လိုက်ဖို့ချစ်တာမှ မဟုတ်တာ မေပြောထားပြီးသားဘဲ မေ့ဘ၀ထက် မေ့ကိုယ့်ကိုကိုယ်ထက် ကို့ကို ပိုချစ်တယ် မေ့ဘေးမှာ ကိုသာရှိရင် မေဘာမှ မကြောက်ဘူး မေရင်ဆိုင်မယ် ဘယ်ပြသနာကိုမဆို ရင်ဆိုင်ရဲတယ် ကိုဆီကိုမေလာခဲ့မယ်နော် လမ်းခွဲမယ်ဆိုတာတောင် အကြောင်းအရင်းကို သေချာရှင်းချင်တယ် မေကို့ကိုတွေ့ချင်တယ် မေကိုရှိတဲ့ ဆီကိုလာခဲ့မယ်နော် ကို မေ့ကို ချစ်တာဟုတ်”
” အင်း ဒါပေမယ့် မေ မလာခဲ့နဲ့နော် ကို စိတ်မချဘူးကွာ ရာသီဥတုကလည်း မကောင်းဘူး မလာနဲ့နော်”
” ဟင့်အင်း မေလာခဲ့မယ် လေယဉ်ကွင်းမှာ လာကြိုနေပါနော် ”
” အိုကေ လေ ကိုလာကြိုမယ် ”
မေသိတာပေါ့ကိုရယ်နော် ကိုစိတ်ဆိုးတုန်းမို့ပြောတာ ကိုက မေ့ကို ကတိတွေ ပေးပြီးသားလေ တခြားတစ်ယောက်ကို မချစ်ဘူး မေကလွဲပြီး ကို့မှာ တခြားချစ်သူမရှိဘူးလို့လေ ကို့ကို မေယုံတယ်
………………………………………………………………
စနေ တနင်္ဂနွေက ရုံးပိတ်ရက်လေ အိမ်ကမသိအောင်လို့ အိုတီဆင်းရမယ်ပြောပြီ အိမ်မပြန်ဘူးပေါ့ လေယဉ်လက်မှတ်ကိုတော့ ခရီးသွားအေဂျင်စီက သူငယ်ချင်းနဲ့ မှာပြီးသား ငွေချေပြီးသားဆိုတော့ စိတ်ပူစရာတော့မရှိဘူး အလုပ်လုပ်တဲ့နယ်ကနေ သောကြာနေ့ညနေ ရန်ကုန်ကို သွား သူငယ်ချင်းက ကားဂိတ်မှာ လာကြိုပြီး လက်မှတ်ကိုလာပေးမှာလေ လေယဉ်ကွင်း အနီး ၈ မိုင်က ဟိုတယ်တစ်ခုမှာ ဘွတ်ကင်တင်ထားလိုက်တယ် နံနက် စောစောထပြီး တက္ကစီနဲ့ လေယဉ်ကွင်းကို ထသွားလိုက်ရင် ပြီးပြီးလေ ၆နာရီခွဲ ထွက်ပြီး ဟိုကို ၇နာရီ ၃၅ ဆိုက်မှာဆိုတော့ ၁နာရီ ၅မိနစ်ဘဲ စီးရမှာပါနော် ပထမဆုံး တစ်ယောက်တည်း သွားရမယ့် ခရီးစဉ်ပေါ့ ကြောက်ပေမယ့် ကိုနဲ့ တွေ့ရမယ်ဆိုတာကို တွေးပြီး ကြည်နှုးနေမိပါတယ်
အိုး မိုးတွေက ရွာနေလိုက်တာ အမြန်လမ်းမကြီးထက်မောင်းနေတဲ့ကားကိုတောင် နှေးတယ်လို့ ထင်နေမိသေး ရန်ကုန် ကားကွင်းကို ရောက်ချင်လှပါပြီး လက်မှတ်လာပေးတဲ့ သူငယ်ချင်းကိုမှ တွေ့ပါ့မလား ဒီလိုမိုးသည်းထဲမှာ သူငယ်ချင်းကရော စိတ်ရှည်ရှည်နဲ့ စောင့်နေပါ့မလား……..
” မေလေး ရေ ငါဒီမှာ ဟ”
” တော်သေးတာပေါ့ဟာ ငါက နင်နဲ့တွေ့ပါ့မလားလို့ ပေးလေ ငါ့လက်မှတ်တွေ”
” အေးပေးမှာပေါ့ဟ ဘာလောနေတာလဲ ဒီမှာနင့်လက်မှတ်တွေ နင်သေချာစဉ်းစားနော် ဒီခရီးကို နင်ဒီလို သွားဖို့ လိုလို့လား ဟိုက ယောက်ျားလေး ပြသနာတွေကို သူရှင်းချင်တယ် နင့်အတွက် စဉ်းစားပေးတယ် ချစ်တယ် ဆိုရင်တော့ သူနင့်ဆီလာမှာပေါ့ဟ ငါစိတ်ထဲထင့်နေတယ် ငါက သူငယ်ချင်းအနေနဲ့ စိတ်ပူပြီးပြောနေတာ နင်မသွားပါနဲ့လား ခုဘဲ ည ၁၁ နာရီထိုးနေပြီး မိဘအိမ်ပြန်ပါဟာနော် ”
” ဟင့်အင်း ငါသူ့ကို တွေ့ပြီး ပြသနာတွေ ကို ရင်ဆိုင်ဖြေရှင်းမယ်လို့ ပြောချင်တယ် ငါယုံကြည်ပါတယ် သူစိတ်ဆိုးနေလို့ စိတ်ရှုပ်နေတုန်းမို့ ငါ့ကို အဲလိုပြောတာ ငါကို တွေ့မယ် ငါက ချော့မယ်ဆိုရင် သူက စိတ်ပြေသွားမှာဟ နင်မသိလို့ သူက ငါ့ကို အရမ်းချစ်တာ အခုတောင် သူက ငါ့ကို စိတ်ပူနေတာ”
” အေးပါဟာ နင်ဒီလောက်စိတ်ပြင်းထန်နေလဲ ငါမတားတော့ပါဘူး ကိုယ့်ကိုကိုယ် ဂရုစိုက်နော် မိုးတွေက အရမ်းရွာနေတာ”
…………………………………………………………………………………
ဘာသံတွေပါလိမ့် အိုး မေ အတွေးတွေ လွန်နေတဲ့အချိန်မှာ ဘာတွေ ဖြစ်သွားပါလိမ့် အော်သံတွေ ဆူညံသံတွေ ကြောက်ရွံမှုတွေနဲ့ သိမ့်ခနဲ တုန်ခါသွားတဲ့လေယဉ်ရယ်
လေစိုင်တွေ နဲ့အတူ မေလေ တိမ်တွေထဲမှာ လွင့်မျောနေမိတယ် အိုးလွတ်လပ်ပေါ့ပါးနေတာ ကိုရေ မေ ကို့ဆီကို ရောက်ရင် ပြသနာတွေ ကို အတူရင်ဆိုင်ဖြေရှင်းမယ်လို့ ပြောမယ် ပြီးတော့လေ ကိုဘေးမှာရှိရင် မေဘယ်သူ့ကိုမှ မကြောက်ဘူး မိဘ အသိုင်းအ၀ိုင်းတွေ သဘောမတူလဲ ခဏပါနော် မေတို့ ဘယ်တော့မှ မခွဲဘူးနော် ဘယ်တော့မှ နှုတ်မဆက်ဘူး ကတိတွေ ထပ်ထားကြမယ်နော် မေလေ ကို့ကို အရမ်းချစ်တယ် ကို့ဆီကို မေရောက်တော့မှာပါနော် ဘာမှ ကြောက်စရာမှ မလိုတာ လေယဉ်စီးတယ်ဆိုတာ ခဏဘဲဟာနော် ရောက်တော့မှာပါ………………………ကြိုနေပါနော်…..
………………………………………………………………………………………..
” ဟဲလို”
” ဟဲလို အိုးပါး အခုဘယ်မှာလဲ လို့ ညီမ ဖုန်းဆက်နေတာ ကြာပြီး ဧရိယာ ပြင်ပရောက်တယ်ဘဲ ပြောနေတာ အိုးပါး ဘယ်ရောက်နေတာလဲ ”
” အင်း သူငယ်ချင်းတစ်ယောက် လာမယ်ဆိုလို့ လေယဉ်ကွင်းလာကြိုတာ လေယဉ်က မဆိုက်သေးဘူးလေ ”
” အင်း သူငယ်ချင်းက ယောက်ျားလေးလား မိန်းကလေးလား ”
” ယောက်ျားလေးပါကွာ တီဘီတိုက်ဖျက်ရေးအတွက် အစည်းအဝေးလာတက်တဲ့သူလေ ”
” အင်းပြီးတာဘဲ မိန်းကလေးလားလို့ စိတ်ပူသွားတာ အခုမှ စိတ်အေးတော့တယ် အိုးပါးနော် စိတ်ပူအောင် မလုပ်ရဘူး ”
” စိတ်ချပါကွာနော် ကို မင်းကလွဲလို့ ဘယ်သူကိုမှ မချစ်ပါဘူး မင်းတစ်ယောက်တည်းဘဲ ရှိတာ ဟောဒီ ရင်ဘတ်ထဲမှာ ”
”……………………………………………”
” ………………………………………….”
” ဖုန်းချလိုက်တော့မယ်နော် အိုးပါး ကို အရမ်းချစ်တယ် ”
” အိုကေ ကိုလည်း မင်းကို အရမ်းချစ်တယ် ”
…………………………………………………………………………………………….
မေ ကိုဆီကို ရောက်ဖို့ အချိန်တွေက ဘာလို့ဒီလောက်ကြာနေတာလဲဟင် မေရောက်ချင်လှပြီး ကို့အနားကို မေကလေ ကို့အနားရောက်ရင် ဟိုးအရင်တွေ့တုန်းကလို ကိုယ့်လက်မောင်းကို တွဲခိုပြီး ဘယ်တော့မှ လမ်းမခွဲဘူးနော် နှုတ်မဆက်ဘူးနော် ပြောမယ်နော် ကိုယ်ကလည်း အင်းကတိပေးတယ် ဘယ်တော့မှ မခွဲဘူးဆိုပြီး မေ့ကို ပြန်ပြောမယ်ဆိုတာ သိနေတယ်သိလား ပြီးရင် မေတို့ လက်သန်းလေးတွေ ချိတ်ပြီး ကတိတွေ ထားကြမယ် အဲဒီအကျင့်က မေတို့ရဲ့ ဘယ်တော့မှ ရိုးသွားမှာ မဟုတ်တဲ့ အမူအကျင့်လေးပါနော် အခုချိန်ဆို ကို လည်း မေ့ကိုတွေ့ချင်လို့ စောင့်နေရတာ ကြာလှရောပေါ့နော် ခဏလေးဘဲ စောင့်တော့နော် မေ ကို့ဆီကို လာနေပါတယ် တိမ်တိုက်တွေ ကြားလွင့်မျှောလို့လေ ………………………………………………….

လူတစ်ယောက်ကို ချစ်မိရင် သင်ဘယ်လိုပေးဆပ်မလဲ..?

 
၉လပိုင်းမှာ ကျွန်တော် ကုမ္ပဏီတစ်ခုပြောင်းလိုက်တယ်။ အဲကုမ္ပဏီမှာ ရုံးခန်းက ကျယ်ပြီး အခန်းတွေကန့်ထားလို့ အလုပ်လုပ်သူ အချင်းချင်း မမြင်တွေ့ရဘူး။ ဒါပေမယ့် ဘေးခန်းက ပြောတဲ့တယ်လီဖုန်းသံတိုင်းကိုတော့ ရှင်းရှင်းလင်းလင်းကို ကြားရတယ်...
အဲဒီမှာ ကျွန်တော်ဘယ်ဖက်ဘေးခန်းက လုပ်ဖော်ကိုင်ဖက်က မိန်းမကို အရမ်းကပ်ချွဲတဲ့ ယောကျာင်္းဖြစ်နေတယ်...။

မိန်းမ ဒီနေ့ည ငါအသားကင်စားချင်တယ်

မိန်းမ မီးခိုးရောင်အကျီလေး မီးပူတိုက်ပြီးပြီလား

မိန်းမ ငါမင်းလုပ်တဲ့ ကြက်သွန်ကြော်မုန့်စားချင်လိုက်တာ


အသံက တိုးလွန်းပေမယ့် ညင်သာပျော့ပျောင်းပြီး ချွဲပြစ်နေတယ်... ဒီယောကျာင်္းကတော့ သူမိန်းမကို ချွဲလိုက်တာလွန်ရောလို့ ကျွန်တော်တိတ်တိတ်လေး ကြိတ်ပြုံးနေမိတယ်.. ယောကျာင်္းကတစ်ချက်ချွဲလိုက်တာနဲ့ မိန်းမကလည်း ချက်ချင်း ပျော့သွားတော့တာပဲ....
အခေါက်တိုင်း အခေါက်တိုင်း ကျွန်တော် အဲဒီယောကျာင်္းကို တိတ်တိတ်လေး သတိထားကြည့်မိနေတယ်... သာမာန်လူလတ်ပိုင်းလူငယ်တစ်ယောက်အနေနဲ့ စီးပွားရေးမှာ ပြောသလောက်ကြီးမအောင်မြင်ပေမယ့် အိမ်ထောင်ရေးမှာတော့ တော်တော်လေးကိုအဆင်ပြေနေတာပဲ... သူမိန်းမကလည်း သူ့ကိုတော်တော်ကိုချစ်တယ် မိခင်ကသားသမီးတွေကို ချစ်တဲ့အချစ်မျိုး....
သူမိန်းမဆီ ဖုန်းခဏခဏဆက်.. စကားတိုးတိုး တိုးတိုးပြော ပြီးရင် နောက်ဆုံးတစ်ခွန်းဆိုရင်တော့ သူ့မိန်းမကို ဟိုဟာလုပ်ပေး ဒီဟာလုပ်ပေး တစ်ခုခု ပူဆာတော့တာပဲ... တကယ့်ကို အလိုလိုက်လွန်းလို့ ဆိုးနေတဲ့ ကလေးဆိုးကြီးလိုပဲ... အလုပ်ချိန်တစ်လျှောက်လုံး သူစဉ်းစားလို့ရသမျှတွေကို ချက်ချင်းဖုန်းဆက်ပြီး လုပ်ခိုင်းတော့တာ... ကျွန်တော်သိရသလောက် သူ့မိန်းမကလည်း သူတောင်းဆိုသမျှ ကြီးကြီးမားမား သေးသေးမွှားမွှားပါမကျန် တစ်ခါမှ ငြင်းပယ်တယ်လို့ မကြားဖူးဘူး ပျော်ပျော်ရွှင်ရွှင်ကို လုပ်ပေးတာ...
သူနဲ့ခင်ပြီးတဲ့နောက်မှာ သူငယ်ချင်းမင်းက အရမ်းကိုကံကောင်းတာပဲ... မင်းကိုအရမ်းချစ်အနစ်နာခံတဲ့ မိန်းမရထားတာပဲလို့... ကျွန်တော် သူ့ကိုအားကျတဲ့အသံနဲ့ ပြောမိတယ်. သူကတော့ ရီရီပြုံးပြုံးပဲ....
ဒီလိုနဲ့ တနင်္ဂနွေနေ့တစ်နေ့မှာ ကျွန်တော် လည်ပင်းနာလို့ ဆေးခန်းသွားပြတော့ မထင်မှတ်ပဲ သူနဲ့သူမိန်းမကိုလည်း ဆေးခန်းမှာ တွေ့လိုက်ရတယ်... သူမိန်းမက ကျွန်တော်ထင်ထားသလို သွက်သွက်လက်လက် တက်တက်ကြွကြွပုံစံနဲ့ မဟုတ်ပဲ လုံးဝကို ထင်ထားတာနဲ့ တစ်ခြားစီဖြစ်နေတယ်လေ... ပိန်ပြီးအားအင်တွေလည်း မရှိသလိုပဲ.. သူကတော့ ကျွန်တော့်ကို နှုတ်ဆက်ပြီး သူမိန်းမကိုတွဲလို့ တဖြည်းဖြည်းခြင်း ထွက်ခွာသွားခဲ့တယ်... ကျွန်တော်ကိုကုပေးတဲ့ ဆရာဝန်နဲ့ သူတို့လင်မယားနဲ့က အရမ်းရင်းနှီးတော့ ဆရာဝန်ပြောပြမှ ကျွန်တော်သိခဲ့ရတာ သူမိန်းမရောဂါက ကုလို့မရတော့ဘူးတဲ့ နှစ်နှစ်လောက်ရှိနေပြီ ရောဂါဖြစ်တာကို သိတဲ့အချိန်မှာ နောက်ကျသွားခဲ့ပြီလေ ၆လလောက်ပဲ ခံနိုင်တော့မယ်... ကံကောင်းတာက သူမိန်းမက စိတ်ဓာတ်မာတော့ နှစ်နှစ်လောက် အသက်ဆက်ရှင်ခဲ့တယ်.. ဒါပေမယ့် သူမရဲ့ခုခံစွမ်းနဲ့အမြင်စွမ်းအာ
းတွေကတော့ တဖြည်းဖြည်းနဲ့ သိပ်အခြေအနေ မဟန်တော့ဘူးလေ ဘယ်လောက်ကြာကြာနေနိုင်မလဲဆိုတာ မသိသေးဘူး။
လို့ ဆရာဝန်ကသက်ပြင်းချရင်းပြောလာတော့ ကျွန်တော်လည်း ဘာမှန်းမသိ စိတ်ထဲလေးလံသွားခဲ့မိတယ်...
အဲဒီနေ့ကစပြီး သူမိန်းမဆီဖုန်းဆက်သံကြားတိုင်း ကျွန်တော်စိတ်ထဲကနေ မထိန်းသိမ်းနိုင်ပဲ ဒေါသတွေထွက်နေမိတယ် ဒီကောင်တော့ တကယ်ပဲ မိန်းမကဖြင့်သေခါနီးနေပြီ သူကတော့ မနက်ကနေ ညထိ မရပ်မနား သူမိန်းမကို ခိုင်းစေနေတာပဲ... ဒီကောင် ဒီလောက်တောင် ကျောက်တုံးလိုပဲ အဲလောက် မာကျောရသလား အသည်းမာရသလား။
တစ်နေ့ သူပြက္ခဒိန်က ရက်စွဲတစ်ခုကို ဖောင်တိန်နဲ့ဝိုင်းပြီး ပြောလာတယ်။
ကျွန်တော့်မိန်းမ မွေးနေ့ရောက်တော့မှာ မွေးနေ့မှာ မိန်းမကိုဘာဝယ်ပေးရရင် ကောင်းမလဲလို့ ကျွန်တော်ကို အကြံဥာဏ်တောင်းတယ်....

နှင်းဆီပန်း၊ မွေးနေ့ကိတ်၊ အာ...ဒါတွေလည်း သိပ်ပြီး အသစ်အဆန်းမဟုတ်သေးပါဘူး

စိန်လက်စွပ်ဆိုရင်ရော အင်း ဒါကျတော့ မ၀ယ်နိုင်သေးပါဘူး သူက တစ်ကိုယ်တည်းစဉ်းစားရင်း ရေရွတ်နေတယ်


ကျွန်တော်လည်း မအောင့်အီးနိုင်တော့ပဲ
သူငယ်ချင်း မင်းဘာမှ မင်းမိန်းမကို ပေးစရာမလိုပါဘူးကွာ နောက်မင်းသာ မင်းမိန်းမကို မခိုင်းပါနဲ့ကွာ သူကိုအိမ်မှာ နားနားနေနေ နေပါစေလားလို့ နှုတ်က တစ်ခွန်းထွက်လာတော့တယ်...
သူကတော့ ကျွန်တော်ပြောတာကို ဘာမှမဖြစ်သလိုရီရင်း အာ ဒါတော့မဖြစ်နိုင်ဘူး ငါ့မိန်းမ ငါမခိုင်းလို့ ဘယ်သူကခိုင်းမှာလဲလို့ ပြန်ပြောတယ်လေ...။
ဒါနဲ့ ကျွန်တော်လည်း မင်း ယောကျာင်္းတစ်ယောက်ရောဟုတ်ရဲ့လား မင်းမိန်းမကဖြင့် သေတော့မယ် မင်းက ဟိုဟာခိုင်း ဒီဟာခိုင်းနဲ့.... မင်းမိန်းမကို မင်းနည်းနည်းလေးမှ သနားညှာတာစိတ် မရှိဘူးလားလို့ ကျွန်တော်စိတ်ထဲကနေ ကျိန်ဆဲနေမိတော့တယ်... ကျွန်တော်မျက်ဝန်းမှာလည်း သူကိုအထင်သေးတဲ့ အရိပ်အယောင်တွေ ပြည့်နေတော့တယ်
သူကလည်း ကျွန်တော်စိတ်ကို ချက်ချင်းသိလိုက်တယ်... ရီနေတာကို ချက်ချင်းရပ်လိုက်ပြီး ကျွန်တော်ကိုပြောလာတယ်.. မင်းက လူတစ်ယောက်ကို ပေးဆပ်မှ ချစ်တယ်လို့ထင်တာလား တကယ်တော့ လူတစ်ယောက်ဆီက တစ်ခုခု တောင်းဆိုနေတာဟာလည်း အချစ်ပါပဲ... ငါ့မိန်းမ ရောဂါစဖြစ်တော့ သူ့အတွက်အချိန် သိပ်မကျန်တော့ဘူးဆိုတာ သိရတယ် သူ့ကို ဘာအိမ်မှုကိစ္စမှ ငါမလုပ်ခိုင်းတော့ဘူး သူကိုအစားကောင်းကောင်းစားခိုင်းပြီး အိမ်မှာပဲ နားနားနေနေ နေခိုင်းခဲ့တယ် ဒါပေမယ့် သူစိတ်ဓာတ်တဖြည်းဖြည်းကျလာတယ် တစ်နေ့သူက ငါ့ကိုပြောလာတယ် သူအိမ်မှာ ဘာတစ်ခုမှမလုပ်ရဘဲ လူပိုလိုပဲ အသက်ရှင်နေရတာ ဘာအဓိပ္ပာယ်မှမရှိဘူး ဒီလိုမျိုးလူမမာဖြစ်နေရတာထက်စာရင် မြန်မြန်သေသွားတာက ပိုကောင်းလိမ့်မယ်တဲ့... ငါသူကိုမသေစေချင်သေးဘူး သူလုပ်ပေးတဲ့ အသားကင်၊ ဟင်းချိုပူပူတွေ ငါစားလို့မ၀သေးပါဘူးလို့ သူကိုပြောလိုက်တယ်... ဒါနဲ့ငါလည်းအရင်တိုင်းပဲ ငါ့မိန်းမကို ဟိုဟာလုပ်ခိုင်း ဒီဟာလုပ်ခိုင်းတော့တာပဲ.. တစ်နေ့ထက်တစ်နေ့ ငါ့မိန်းမရဲ့ မျက်နှာအရောင်ကလည်း အနီရောင်ြပန်သမ်းလာတယ်... အဲချိန်ကနေစပြီး ငါနားလည်လိုက်တယ် လူတစ်ယောက်ကိုချစ်တာ ပေးဆပ်မှမဟုတ်ပဲ တစ်ဖက်လူရဲ့လိုအပ်ခြင်းခံရတွေလည်း လိုအပ်သေးတယ်ဆိုတာ သိလိုက်ရတယ်...အဲဒါနဲ့ငါလည်း ငါမိန်းမကိုအလုပ်တွေလုပ်ခိုင်းတော့တယ်.... ငါ့ကိုအကျီမီးပူ တိုက်ပေးပါ၊ ငါဟင်းရည်ပူပူလေးသောက်ချင်တယ်၊ စသဖြင့်ပေါ့...... ငါ့မိန်းမကငါ့ကိုပြောတယ် သူနောက်ဆုံးထွက်သက်ရောက်ရင်တောင် ငါ့တွက်ဟင်းတွေချက်ပေးခဲ့ပြီး ရေခဲသေတ္တာထဲ ထည့်ပေးထားခဲ့မယ်တဲ့... လူတစ်ယောက်ရဲ့လိုအပ်ခြင်းကိုခံရတာလည်း စိတ်ချမ်းသာခြင်းတစ်မျိုးပါပဲ... ။
ငါလည်းငါ့မိန်းမကိုစိတ်ချမ်းသာစေချင်တာ တစ်ခုထဲပါပဲ.... ။
ခုဆိုမင်းနားလည်ပြီလား။ ငါသူ့ကိုချစ်လို့ သူ့ကိုဟိုဟာလုပ်ပေး ဒီဟာလုပ်ပေး တောင်းဆိုနေရတာပါ..။
လူတစ်ယောက်ကိုချစ်ရင် မင်းကိုချစ်ဖို့သူကို အခွင့်အရေး ပေးသင့်တယ်.. ။
သူရဲ့အသံတွေ ကျွန်တော်ကြားယောင်ရင်း အဲဒီ တဒင်ကလေးအတွင်းမှာ ဘယ်လိုဟာကို အချစ်လို့ခေါ်တယ်ဆိုတာကို ကျွန်တော်သိရှိသွားတော့တယ်... နားလည်သွားတော့တယ်...။

တကယ်လို့ မင်းလည်းလူတစ်ယောက်ကို တကယ်ချစ်ရင် တစ်ဖက်လူက မင်းကိုချစ်ဖို့အခွင့်အရေးလေးတော့ မင်းသူ့ကို ပေးသင့်တယ်..........။

ချစ်လားမချစ်လားသိဖို့အတွက်နည်းလမ်း ၁၂ သွယ်

 

ချစ်လားမချစ်လားသိဖို့အတွက်နည်းလမ်း ၁၂ သွယ်


၁၂ : သင်ဟာ သူနဲ့ ညဘက်ထိစကားပြောမယ်။ အဲဒါတောင်မှ
အိပ်ရာထဲရောက်ရင်လည်းသင်ဟာ သူအကြောင်းကို တွေးနေမိလိမ့်မယ်။
၁၁ : သင် သူနဲ့တွဲပြီးလမ်းလျှောက်တဲ့ အခါမှာသင်ခြေလှမ်းတွေနှေးနေလိမ့်မယ်။
၁၀ : သင် သူနဲ့ဝေးနေရတဲ့အခါ သင်ဝမ်းနည်းသလိုခံစားရလိမ့်မယ်။
၉ : သင် သူအသံကိုကြားတာနဲ့ပျော်ရွှင်နေလိ မ့်မယ်။
၈ : သင် သူကိုကြည့်နေတဲ့အခါ သူတစ်ယောက်ကိုပဲမြင်လိမ့်မယ်။ သင်ဟာ
ပတ်ဝန်းကျင်ကို ဂရုစိုက်မှာ မဟုတ်တော့ဘူး။
၆ : သင်ရဲ့အတွေးထဲမှာ သူကအမြဲစိုးမိုးနေလိမ့်မယ် ။
သင်စဉ်းစားသမျှအရာအားလုံးဟာ သူအတွက်ပဲ။
၅ : သင် သူနဲ့တွေ့တဲ့အခါအမြဲပျော်ရွှင်နေလိမ့်မယ်။
သင်မျက်နှာမှာအပြုံးတွေစိုးမိုးနေလိမ့်မယ်။
၎ : သင် သူနဲ့တွေ့ရဖို့အတွက် ဘာမဆိုလုပ်လိမ့်မယ်။
၃ : သင် ဒီစာကိုဖတ်စဉ်မှာ တစ်စုံတစ်ယောက်ဟာ
သင့်နှလုံးသားထဲမှာအချိန်တိုင်း ရှိနေလိမ့်မယ်။
၂ : သင်ဟာ အဲဒီတစ်ယောက်အကြောင်းတွေးေ နလို့
သင့်ဦးနှောက်အလုပ်ရှုပ်နေတာ ကြောင့် သင်ဟာ နံပါတ်
၇ကျန်ခဲ့တာကိုသတိထားမိမှာမ ဟုတ်ဘူး။
၁ : သင်ဟာ နံပါတ် ၇ ကျန်ခဲ့သလားလို့အပေါ်မှာပြန်စစ်ြ
ပီးသင်ဟာသင်ကြိတ်ပြီးရယ်နေ လိမ့်မယ်။
ဒီစာထဲကလိုသင်တကယ်ဖြစ်နေရင်တော့။ အသင့်နှလုံးသားထဲမှာရှိတဲ့
လူကိုချစ်မိနေပါပြီလို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။ကိုယ့်ကို
ကိုယ်စမ်းသပ်ကြည့်ကြပါနော် ။
အားလုံးကိုခင်မင်လျှက်.......Sue

မိန်းခလေးတွေကိုသိစေချင်........



ပုံပြင်အစ.................

တစ်ခါတုန်းက

ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ........

"ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ"
ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က

"ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား"
ဟုမေးလိုက်လေ၏ ။

နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။

ဘုရားသခင်ကဆက်ပြောပြသည် ။

ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး....

"ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်တယ် "
ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။

ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။

"လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် ...... မဖြစ်နိုင်တာ ."
ဟုပြောပြီးခေါင်းခါနေပြန်၏ ။

ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး ...

"ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား"
ဟုထပ်မေးပြန်၏ ။

"ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်"
ဘုရားသခင်က ဆက်ပြောပြန်၏ ။

"ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ "

"..........."

"နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။ ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။

နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို့ တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏ ။

"နူးညံ့လွန်းလှချည်လား

"ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်"

"သူမကတွေးတတ်လား"
ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။

"တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်"

နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏

"ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ ၀န်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး"

"ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်"

"ဘာအတွက်လဲ"

"သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ"

ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။

"သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ်"
ဟုဆိုလိုက်သည် ။

ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။

"ဟုတ်တယ် ... လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်"

"သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမက ပြုံးပြနိုင်တယ်"

"အဲ့ဒီလောက်တောင်ပဲလား"

"ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် "

"အို"

"သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလို့ ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့  ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ့ နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး"

"သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်"

နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။

"သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ .... သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုတတ်သေးတယ်"

"............"

"အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း သူမကသိသေးတယ်"

"ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်"

"ဘယ်လို"

နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏

"ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ"

"ဘာချို့ ယွင်းချက်လဲ"

"သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်"

"ဟင်"

"နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်"
ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။
ပုံပြင်အဆုံး

ဒီပုံပြင်လေးက ဘာကိုပြောချင်တာလဲဆိုတာ သိလောက်ပြီထင်ပါတယ် ။ တစ်ချို့ မိန်းကလေးတွေ တွေ့ နေရပါတယ် ။ အသည်းကွဲလို့ စိတ်ညစ်ပြီးးးးးးးး.. စိတ်ထဲရှိတဲ့ အတိုင်းတွေ လျှောက်လုပ်လို့ ဘ၀ဆုံးသွားတဲ့ အဖြစ်အပျက်ကလေးတွေပေါ့ ။ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိကိုယ်မိမိ အားတင်းပြီး လောကကြီးကို ခေါင်းမော့ရင်ကော့ ပြီးဆက်ဆံလိုက်ပါလို့ ...ပြောကြားရင်း .....

ဒီပုံပြင်လေးဟာ လူနေ (နတ်သမီးအဆောင်)ဆိုတဲ့ ၀တ္ထု စာအုပ်ကလေးထဲက ဇာတ်လိုက်မင်းသားလေးကို သူ့ အဖေက ပြောပြနေတဲ့ ပုံပြင်လေးဖြစ်ပါတယ် ။ ၀တ္ထုစာအုပ်လေးက sample အဖြစ်ထုတ်ထားတာမို့ လို့ တော်တော်တော့ ရှာဝယ်ရမှာပါ ။ ဖတ်ကြည့်လိုက်ပါ အရမ်းကောင်းပါတယ် ။ လူနေရဲ့ ပရိသတ်တွေ သိပြီးသားနေမှာပါ ။ လူနေ ရဲ့ စာအရေးအသားကို ။ ဘယ်လို အကြောင်းအရာလေးလဲဆိုတော့ အသည်းကွဲနေတဲ့ ကောင်မလေး တစ်ယောက်ကို လမ်းမှန်ပြန်ရောက်အောင် ကောင်လေးတစ်ယောက်က ဘယ်လို ပို့ ပေးလိုက်တယ်ဆိုတဲ့ အကြောင်းလေးကို ... လူငယ်အကြိုက် ..ရေးဖွဲ့ ထားထာ ဖြစ်ပါတယ် ။ ။

မိန်းမတစ်ယောက်ရဲ့ လျှို့ဝှက်ချက်

*

ချစ်တယ် ဆိုတဲ့ခံစားမှုတစ်ခုကို ဘာကိုချစ်တာလဲ....ဘာကြောင့်ချစ်
တာလဲ
ဆိုရင် ဘယ်သူမှ ဖြေနိုင်ကြမှာ မဟုတ်ပါဘူး။ သူ့အလိုလိုရင်ထဲကနေ
ပေါက်ဖွားလာတဲ့ ခံစားချက်သက်သက်ပါပဲ။
ဘယ်လိုနေနေချစ်တယ်....ဘာကြောင့်မှန်းမသိ
ချစ်နေတာဘဲ......အကြောင်းပြချက်တစ်ခုကြောင့်သာချစ်တယ်ဆိုရင်
အဲဒါအချစ်မဟုတ်ဘူး.............ခံစားမှု
သက်သက်မဟုတ်တော့ဘူး...........စွဲလန်းမှုတစ်ခုကို အခြေခံပြီး
သဘောကျသွားတာပါ။*

ကျွန်မကတော့ စွဲလန်းတာလဲ မဟုတ်ဘူး။သဘောကျတာလဲလည်း မဟုတ်ဘူး။
ဘာအကြောင်းပြချက်မှ မရှိဘဲ* ကိုကြီး*ဆိုတဲ့ လူကို *မြတ်မြတ်နိုးနိုး
ကိုချစ်သွားခဲ့တာ။ကိုကြီး ဘယ်လိုနေနေ
ချစ်တယ်။ကိုကြီးလှုပ်ရှားမှု့တို
ုင်းကိုလည်း မြန်နိုးတယ်။အဆုံးစွန်ထိ
ကိုကြီးဖြတ်သွားလို့ ကျန်ခဲ့တဲ့ ကိုယ်သင်းရနံ့လေးက အစ ရင်ခုန်မိတယ်။
အဲဒီလို ကိုကြီးနဲ့ ပတ်သတ်မှု့တိုင်းကို ရူးရူးမူးမူး ချစ်မိသွားတဲ့အထိကို
*ရိုးရိုးရှင်းရှင်း* ဆိုတဲ့ကျွန်မက *၀န်းရံခ* ဆိုတဲ့ ကိုကြီးကို
အရမ်းချစ်မိခဲ့ပါသည်။
ကိုကြီး ဆိုတဲ့သူက အမြဲတမ်း တက်ကြွနေသူတစ်ယောက်ပါ။သူတစ်ပါးကို အစသန်ပြီး
အမြဲပျော်နေတတ်သူလေ.............အဲဒီလို လူမျိုးကို တိတ်တခိုး
သဘောကျနေတဲ့ ကျွန်မကတော့
အေးအေးဆေးဆေးနေတတ်သူ........အနက်ရောင်အကျီ်များကိုသာ ဒီဇိုင်းအမျိုးမျိုး
ပြောင်းဝတ်တတ်သူပါ။အဲဒီလို တည်ငြိမ်အေးဆေးစွာနေတတ်တဲ့ ရှင်း
လိုမိန်းကလေးတစ်ယောက်က ကိုကြီးလို အစသန်သူ အငြိမ်မနေတတ်သူတစ်ယောက်ကို
တိတ်တစ်ခိုး ချစ်နေတာ မထူးဆန်းဘူးလား။
ကိုကြီးနဲ့ ရှင်းက ဥပဒေ မေဂျာမှာ day တက်နေတဲ့သူတွေပေါ့။ ကိုကြီးက
final...ကျွန်မက third year တက်နေသူပါ။ ရှင်း ကိုကြီးကို စိတ်ဝင်စား
ချစ်မိနေပေမဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ရှင်း ရင်ထဲက ရှိတာတွေကို
ကိုကြီးသိအောင် လုပ်ဖို့မပြောနဲ့ ရေလာမြောင်းပေးတောင် လုပ်ဖို့ တော်တော်
မလွယ်တဲ့ အလုပ်တစ်ခုပါရှင်။ ဒါပေမဲ့ ကိုကြီးဆီက အချစ် ကို တော့
မျှော်လင့်တောင့်တနေမိတယ်။

***************************************************

ဒီလိုနဲ့ ကိုကြီးနဲ့ ရှင်း ကြားမှာ မှတ်မှတ် ထင်ထင် ဖြစ်ရပ်လေးတစ်ခုကို
ကံတရားက ဖန်တီးပေးခဲ့တယ်။ အဲဒီဖန်တီမှုလေးက ကိုကြီးအတွက်
ကံဆိုးစေမှုတစ်ခုပေမဲ့  ရှင်းအတွက်တော့ ကံကောင်းမှုလေးတစ်ခု
ဖြစ်နေခဲ့တယ်.............အဲဒါ
ဘာလဲဆိုတော့ ကိုကြီးက final စာမေးပွဲကို
ကျခဲ့တာပါပဲ။ ရှင်းက အောင်တော့ ကိုကြီးနဲ့ အတန်းတူတူ
ဖြစ်သွားခဲ့တယ်.........ကိုကြီးက စာမေးပွဲ ကျပေမဲ့ ခပ်ပျော်ပျော်ပါပဲ။
ကိုကြီးနဲ့ ရှင်းစတင်ပတ်သတ်ဖို့ ကံတရားက ရှင်းကို မျက်နှာစာပေးခဲ့တယ် ။
အဲဒီနေ့က အခန်းထဲက ခပ်တည်တည်နဲ့ ထွက်လာတဲ့ ရှင်းကို ကိုကြီးက
အားပါးတရပြုံးပြနေတော့  ရှင်း ကြောင်သွားတာပေါ့။သူအနားရောက်တော့
*ဟိတ် ရိုးရိုးရှင်း ကိုကြီးကို paper(1) စာအုပ်
ခဏငှားပါလား........ကိုကြီး မမှီလိုက်လို့ပါ*
*ဘယ်မှီမှာလဲ သူများတွေကို လိုက်စနောက်နေတာကို .........*
ပါးစပ်က ပြောလဲပြောလက်က လွယ်အိတ်ထဲက စာအုပ်ကို ကိုကြီးကို ပေးပြီး
*မနက်ဖြန်ရှင်းစာအုပ်ကို မမေ့ခဲ့ပါနဲ့ ကိုဝန်းရံခ*
*မမေ့ပါဘူး........စိတ်ချပါ..........လိုက်စတယ်ဆိုတာကလဲ
ခင်လို့ပါ....ကိုယ်ကို ကိုဝန်းရံခလို့ မခေါ်ပါနဲ့ ရိုးရိုးရှင်း
ထက်ကြီးတယ်လေ ကိုကြီးလို့ဘဲခေါ်လေ.........နာမည်အပြည့်စုံခေါ်တော့
မောတာပေါ့*
*ဟုတ်ကဲ့ ............ရှင်း သွားတော့မယ်*
ဒီနေ့ အဖို့ ကိုကြီး ရှင်းဆီက စာအုပ်ငှားတာရော ကိုကြီးနှင့် တရင်းတနှီး
စကားပြောခွင့်ရတဲ့အတွက်ပါ ပျော်လိုက်တာ။ ရှင်းရင်ထဲကနေ တိတ်တခိုး
ခေါ်မိတဲ့ နာမည်နဲ့ ကိုကြီိးခေါ်ခိုင်းတဲ့နာမည်လေးကလဲ
ထပ်တူကျနေတယ်နော်............ဒါနိမိတ်ကောင်းတစ်ခုလို့ အသားယူ
မှတ်ထားပါရစေ  ကိုကြီးရယ်။

******************************************************************


ဒီတစ်ကြိမ်မှာတော့  ရှင်းအတွက် အရမ်းအံ့သြစေမဲ့ အလုပ်တစ်ခုကို
ကိုကြီးလုပ်လိုက်တော့ ရှင်းမှာ ရင်တွေ အခုန်လွန်ပြီး သေသွားမလားတောင်
ထင်ရအောင်ကြည်နူးခဲ့ရတယ်။အဲဒီနေ့က  *ရှင်း* စာအုပ်တစ်အုပ်ကို
စိတ်ဝင်တစားဖတ်နေတဲ့အချိန်မှာ ကိုကြီးတို့ သူငယ်ချင်းတစ်စု  ရှင်းဘေးက နေ
ဖြတ်သွားတယ်.......ရှင်းစာအုပ်ပေါ်ကို ကိုကြီးက အရမ်းလှတဲ့
နှင်းဆီပန်းအဖြူလေးတစ်ပွင့်ကို တင်ပေးသွားပြီး ခပ်တည်တည်
ဆက်လျှောက်သွားသည်။ ရှင်း စာအုပ်ပေါ်ကို ရုတ်တရက် နှင်းဆီပန်းကျလာလို့
မော့ကြည့်လိုက်တော့ ကိုကြီးက ခပ်တည်တည် ဆက်လျှောက်သွားနေပြီလေ.....ရှင်းက
အံ့သြပြီး စိုက်ကြည့်နေချိန် ကိုကြီးက ပြန်လှည့်တာနဲ့ ဆုံသွားသည်။ ရှင်း
ရင်ထဲမှာ အတိုင်းဆမသိ ပျော်ရွင် ကြည်နူးသွားမိပေမဲ့ ရှင်း
မျက်နှာပေါ်မှာတော့ အဲဒီအမူယာတွေ တစ်ခုမှ မပေါ်အောင် ခပ်တည်တည်ပုံစံဘဲ
နေပြမိတယ်။
အဲဒီနောက်ပိုင်းမှာ ကိုကြီးနဲ့ ရှင်းကို လူတော်တော် များများ
သတိထားမိသွားကြသည်။ကိုကြီးရဲ့ အစနောက်သန်မှု နဲ့ ရှင်းရဲ့
အေးဆေးတည်ငြိမ်မှုကလဲ  ဆန့်ကျင်ဘက်ကြီးဆိုတော့ လူတွေက ပို
စိတ်ဝင်စားကြတယ်ထင်ပါတယ်။
ရှင်းကို ကိုကြီးကို ဘယ်လိုနည်းနဲ့ ရှောင်ဖယ်နေနေ ကိုကြီးကတော့
လုံးဝနောက်မဆုတ်ဘူး။ ကိုကြီး အပြုမှူတွေက ရှင်း အတွက်
ရင်ခုန်လှိုက်မောဖွယ်ကောင်းပေမဲ့ ကိုကြီးကို ရှင်း
အပြည့်ဝမယုံကြည်ရဲသေးဘူး။ ညဘက်တွေဆို ရှင်းဆီကို ဖုန်းဆက်တာက
တမျိုးလေ...........တနေ့တော့ ကိုကြီးဆီက ဖုန်းလာတော့
*ကိုကြီး ရှင်းကို ဘာကိစ္စနဲ့အတင်းလိုက်ပတ်သတ်နေတာလဲ*
*ဘာဖြစ်လို့လဲ ရှင်း ရဲ့...........ကိုကြီးနဲ့ ရှင်းကတစ်မေဂျာထဲ
သူငယ်ချင်းတွေလေ.........မဟုတ်ဘူးလား*
*တစ်မေဂျာထဲဆိုတာတော့ ဟုတ်တာပေါ့..........ဒါပေမဲ့  သူငယ်ချင်းတွေမှ မဟုတ်တာ*
*ကိုကြီးကတော့ သူငယ်ချင်းဘဲ............*
*ရှင်းက ဘယ်သူကို မှ လွယ်လွယ်မခင်တတ်ဘူးရှင့်*
ရှင်းဘယ်လိုပြောပြော ကိုကြီးကတော့
ဂရုမစိုက်ပါဘူး...........သူပြောချင်တာပြောတယ်..............ကိုကြီး ရဲ့
စကားသံတွေက ကြာင်နာမှု နွေးထွေးမှု တွေ လှိုက်လှိုက်လှဲလှဲ
စီးမျောပါဝင်နေပါသည်။ကိုကြီး လို လူတစ်ယောက်မှာ ဒီလို နူးညံ့
ာကည်နူးစရာကောင်းတဲ့ ရင်ခုန်မှုမျိုးတွေကို ပေးစွမ်းစေမယ်လို့  လုံးဝကို
မထင်မိခဲ့ဘူး။

******************************************************

နောက်ဆုံးကျောင်းတွေ ပိတ်ချိန်ရောက်တော့ ကိုကြီးကို မြင်တွေ့ခွင့်တွေ
ဆုံးရှုံးခဲ့ရပါသည်။ရှင်းရင်ထဲ
မှာ ကိုကြီးကို အရမ်းသတိရ
လွမ်းနေမိတယ်..........ရှင်း ကိုကြီးကို အရမ်းချစ်တယ်ဆိုတာလဲ
ပိုသေချာသွားပါသည်။ဒါပေမဲ့ မိန်းကလေးတစ်ယောက်ရဲ့ ထားသင့် ထားအပ်တဲ့
ဂုဏ်သိက္ခာ ကိုတော့ လုံးဝအပွန်းပဲ့မခံနိုင်ဘူး...............ကျောင်းတွေ
ပိတ်သွားကတည်းက ဖုန်းလေးတစ်ချက်တောင် ဆက်ဖော်မရတဲ့ ကိုကြီးကိုလဲ
စိတ်ထဲမှာ နာကျည်းနေမိသည်။
ရှင်းတစ်ယောက်ထဲ အခန်းထဲမှာ ကိုကြီးကို ကြိတ်လွမ်းနေတုန်း မေမေ
ရှင်းအခန်းထဲကို ၀င်လာသည်။
*သမီးလေး   မေမေ ရှင်းလေးကို ဧည့်သည်တွေနဲ့ မိတ်ဆက်ပေးချင်လို့
ခဏဆင်းတွေ့နော်............အောက်မှာ ဖေဖေလဲ စောင့်နေတယ်*
*ဘယ်သူတွေလဲ မေမေ *
*ဖေဖေနဲ့မေမေ သမီးလေးကို
ကြိုတောင်မပြောမိဘူးကွယ်...........ကြိုမပြောဘူးဆိုတာလဲ မေမေ သမီးလေးက
မေမေတို့စကားကို အမြဲနားထောင်နေကြမို့ ပါ.........သမီးလေးကို
အိမ်ထောင်ချအေပးဖို့ မေမေတို့ စီစဉ်နေတာလေ.............ခု ကောင်လေး
မိသားစုရောက်နေကြတယ်..................မေမေတို့ကို ကြိုမပြောတာကိုတော့
နာလည်ပေးပါ သမီးလေးရယ်...........မေမေတို့ သမီးအတွက် ရွေးချယ်ပေးတဲ့သူဟာ
ရှင်းလေးအတွက် ပျော်၇ွင်ခြင်း စိတ်ချမ်းသာမှုတွေကို ပေးစေမယ်ဆိုတာ မေမေ
အာမခံနိုင်ပါတယ်*
မေမေ စကားအရှည်ကြီး ပြော၇တာ မောသွားဟန်ဖြင့် သက်ပြင်းလေးချပြီး ရှင်း
ဆီကနေ ပြန်တုံ့ပြန်လာမဲ့ အဖြေစကားကို စောင့်ဆိုင်းနားထောင်နေသည်။
သမီးအလိမ်မာလေးပီပီ ရှင်းဘယ်လိုအင်အားတွေနဲ့ ညင်းရက်မှာလဲ ရှင်
*ဟုတ်ကဲ့ပါ မေမေ...........သမီး ဆင်းတွေ့ပါ့မယ်............ဖေဖေနဲ့မေမေ
စိတ်ချမ်းသာရပါစေမယ်နော်*
*အိုး......လိမ်မာလိုက်တဲပ မေမေ့သမီးလေးရယ်*
မေမေတို့ စိတ်ချမ်းသာပေမဲ့ ရှင်း ရင်ထဲမှာတော့ ရင်ကွဲနေရပါပြီ
မေမေ.........ဒါပေမဲ့ ရှင်းနှလုံးက ကျမဲ့မျက်ရည်တွေကို မေမေတို့ရဲ့
ပီတိအပြုံးတွေနဲ့ ရှင်းလဲလိုက်ပါ့မယ်.............ကိုကြီးရေ တကယ်ကို
ဝေးကြရပြီနော်................ရှင်း ကိုယ်ကိုကိုယ်
ကြည့်ကောင်းအနည်းပါးပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းလိုက်လာခဲ့သည်။
ဧည့်သည်မိသားစုက ရှင်းဆင်းလာမဲ့ ဘက်ကို ကျောခိုင်းပြီး
ထိုင်နေကြသည်။ရှင်း ဧည့်ခန်းမှာ ၀င်ထိုင်လိုက်ရင်း အားလုံးကို ချုံဂုံ ပြုံးပြလိုက်မိချိန်မှာတော့ ရှင်းအရမ်းကို အံ့သြသွားခဲ့ပါသည်။
*ဟင်! ကိုကြီး*
*ဟုတ်တယ် သမီးလေးရေ...........သမီး ကိုကြီးက ကြိုမပြောပါနဲ့ ဆိုလို့ မေမေ
တို့မှာလဲ မပြောရတာကွဲ့..........သူက အစနောက်သန်တော့ သမီးက သားကို
ကြည့်မရဘူးတဲ့လေ.........ကဲ
သားနဲ့သမီးသေချာဆွေးနွေးကြအုံးနော်.........မောင်ဝန်းရံခက မေမေတို့
သဘောတူတဲ့ သတို့သားလောင်းဘဲ*
လူကြီးတွေက ဆွေးနွေးခွင့်ပေးလိုက်တာနဲ့ ရှင်း တို့ ခြံထဲကို
ဆင်းလာခဲ့သည်။တနေရာ အရောက်မှာတော့ ရှေ့က သွားနေတဲ့ ရှင်း ကို ကိုကြီးက
ရှင်းလို့ ခပ်တိုးတိုးလေး ကပ်ခေါ်လိုက်ရင်ဘဲ ရှင်း ရင်ခုန်သံတွေက
ဆူညံနေပြီ။
*ရှင်း ကိုကြီးကို စိတ်မဆိုးပါနဲ့နော်*
*ရပါတယ်*
*ဖြေပုံကလဲ စိတ်ဆိုးနေပုံကြီး*
*မဆိုးရဲပါဘူး လူကြီးတွေက ကိုကြီး ဘက်ကရှိနေပြီပဲ*
*ဟာကွာ...........ကိုကြီး ရှင်းလေးကို အရမ်းချစ်လို့ပါ
အဆုံးရှုံးမခံနိုင်လို့ လူကြီးတွေကို အပူကပ်မိတာပါ*
*ရှင်း ကိုကြီးကို ချစ်လား...ပြန်ချစ်ပါနော်*
*ရှင်း မပြောတတ်ဘူး*
*ခုမပြောတတ်လဲ ကိုကြီးကို လက်ထပ်ပြီးမှ ပြောနော်*
*အံမယ် ကိုကြီးကို ဘယ်သူက လက်ထပ်မယ်ပြောလို့လဲ*
*ရှင်းကသာပြောနေ လူကြီးတွေက ဖိတ်စာတောင် ရိုက်တော့မယ်ဗျ*
*ဟွန်း! မုန်းစရာ ကောင်းလိုက်တာ*
*ဘာ........ချစ်စရာ ကောင်းလိုက်တာ ဟုတ်လား*
*ကိုကြီးနော်...........*
*ဟား...ဟား*
ရှင်း ဘာပြောပြော သူကို ပန်းနဲ့ပေါက်နေတယ်လို့
ကိုကြီးကထင်နေတာ.......ပြုံးပျော်နေတာဘဲ............ရှင်းလဲ
အရမ်းပျော်နေတာပေါ့ရှင်...........ကိုကြီးထက် အဆပေါင်းများစွာ
ပိုပျော်တာပေါ့ ရှင်။ ကိုကြီးကို အရင်ဆုံး တိတ်တခိုးစွဲလန်း
ချစ်ခဲ့ရသူတစ်ယောက်က ရှင်းပါ။ဒါပေမဲ့ ဒီလျှို့ဝှက်ချက်လေးကို
မိန်းမတစ်ယောက်ရဲ့ ရှိသင့်ရှိထိုက်တဲ့ မာနနဲ့ သိက္ခာတရားအတွက်
လျှို့ဝှက်ထားပါရစေရှင်။ ကိုကြီးနဲ့ရှင်း တို့နှစ်ယောက်လျှောက်လှမ်းမယ့်
ဘ၀ခရီးလမ်းလေးက ပျော်ရွင်ကြည်နူးစရာတွေနဲ့
ပြည့်နှက်နေမှာပါ..........ဘာလို့လဲဆိုတော့...........ကိုကြီးနဲ့
ရှင်းတို့ရဲ့ချစ်ခြင်းတွေ ထပ်တူညီ နေလို့ပေါ့။

 

နှစ်ဦးကြားက ဆက်ဆံရေးကို အက်ကွဲသွားစေမယ့် စကားလုံးလေး တစ်လုံး



(၁)

“နင်အဆင်ပြေရဲ့လား”

သူသံယောဇဉ် ရှိသူကို ကောင်မလေးက မေး၏။ ကောင်လေးက မေးတစ်ချက် ဆတ်ရင်း အသံပြတ်နှင့် ပြန်ဖြေ၏။

“ကောင်းပါတယ်”

(၂)

ကောင်မလေးအလုပ်ရှုပ် ပင်ပန်းနေသည်။ ကောင်လေးက တွေ့တော့ မေးသည်။

“ငါဘာကူညီရမလဲ”

ကောင်မလေးက ခပ်တင်းတင်း လေသံနှင့် မျက်နှာလွှဲရင်း ဖြေ၏။

“ရပါတယ်……… ငါ့ဟာငါပဲ လုပ်မယ်”

(၃)

ကြာတော့ အနေအထား တွေက နီးစပ်ဖို့ ဦးမတည်တော့။ ကောင်မလေး ရင်ထဲက စကားတစ်ခွန်းကို မရဲတရဲ မျှော်လင့်ရင်း ကောင်လေးက မေးသည်။ မေးခွန်းက ရွဲ့သလို ဖြစ်သွား၏။

“ငါဘော်ဒါတွေနဲ့ လျှောက်လည်မလို့။ ကောင်းမလားဟင်”

“ကောင်းတယ် လုပ်လေ….. သွားပေါ့”

လက်သည်းတွေကို လက်မနှင့် ရည်ရွယ်ချက်မဲ့ ပွတ်သတ်နေရင်း ကောင်လေး မျက်နှာ မကြည့်ဘဲ ကောင်မလေးက ဖြေသည်။ မျက်နှာ မကြည်မလင်ကို ဖုံးကွယ်၍ ကောင်လေး ထွက်သွား၏။

(၄)

အေးဆေးသော အခြေအနေကို ဆက်ထိန်းသိမ်းထားလို၍ လည်းကောင်း၊ အကူအညီ မယူလိုသော မာနကြောင့် လည်းကောင်း၊ မိမိရင်ထဲက အလေးထားအရေးစိုက်မှုကို ဖုံးကွယ်လို၍ လည်းကောင်း၊ စိတ်ထဲက မကြည်မလင် ဖြစ်နေ၍ လည်းကောင်း …………… စသဖြင့် မိမိ ချစ်ခင် တန်ဖိုးထားရသူကို စကားအချို့ ဖျတ်ကနဲ တုန့်ပြန် ပြောဆိုတတ်ကြသည်။ ထိုစကားများကတော့ ကောင်းပါတယ်၊ ရပါတယ်၊ ကောင်းတယ် လုပ်လေ စသဖြင့် ဖြစ်တတ်ကြသည်။

တစ်ခါတစ်ရံ၌ တိုက်ရိုက် အဓိပ္ပာယ်ကို ကိုယ်စားမပြုဘဲ ဆန့်ကျင်ဘက်ကို ကိုယ်စားပြုတတ်ကြသော ဝေါဟာရများတွင် အဆိုပါ ဝေါဟာရများ ထိပ်ဆုံးက ပါမည်ထင်သည်။ ကြားရတော့သာ ကောင်းပါတယ်၊ ရပါတယ်၊ သဘောတူပါတယ် ဆိုသော အဓိပ္ပာယ် ရသော်လည်း ဆန့်ကျင်ဘက် မကောင်းသော အဓိပ္ပာယ်မှန်း သိသာနေသည်။ မာကျောကျော အေးတိအေးစက် အမူအရာနှင့် ယှဉ်တွဲ ပြောလိုက်လျှင် အပြောခံရသူ ရင်ထဲ နင့်ကနဲ ဖြစ်သွားစေသည်။ ချစ်ရသူ နှစ်ဦးကြား ရေရှည်ဆက်ဆံရေးကတော့ အက်ရာတွေ ထင်စပြုလာပြီ ဖြစ်သည်။

(၅)

မြန်မာစကား၏ ကောင်းပါတယ်၊ ရပါတယ်၊ လုပ်လေ ဆိုသော အေးစက်စက် စကားလုံးများကို သိုးဆောင်းဘာသာစကား၌ “Fine” ဆိုသော စကားလုံး တစ်လုံးထဲဖြင့် ကိုယ်စားပြုနိုင် လေသည်။

fine (adj) bad or not convenient

fine ဆိုသော စကား၏ အဓိပ္ပာယ်ကို Cambridge Advanced Learner’s Dictionary က အထက်ပါအတိုင်း အဓိပ္ပာယ် ဖွင့်ဆိုသည်။ နာမ၀ိသေသန ဖြစ်ပြီး မိမိ၏ အလိုမကျမှု ၊ အလွန် မသာယာသော စိတ်အခြေအနေကို တစ်ဖက်သားကို ဖော်ပြရာ၌ အသုံးပြုသော စကားလုံး ဖြစ်လေသည်။

ကိုယ်ကတော့ ခပ်တည်တည် နေလိုသည်ကို ပြလို၍ လည်းကောင်း၊ အကူအညီ မယူလိုသော မာနထားလို၍ လည်းကောင်း၊ အောက်ကျနောက်ကျ ခံ၍ အူတိုမပြလို၍ လည်းကောင်း၊ ကိုယ့်စိတ်မကြည် ဖြစ်နေ၍လည်းကောင်း……… စသဖြင့် အကြောင်းရင်းပေါင်းများစွာကြောင့် မြတ်နိုးတန်ဖိုးထားရသူကို “Fine” ဟု ပြောမိတတ်ကြသည်။ ထိုအေးစက်သော စကားများသည် ကိုယ်နှင့် ချစ်ရသူ အကြား ဆက်ဆံရေးကို ဆွေးမြေ့ ပျက်စီးစေသည်။ အနီးကပ်ဆုံး အနေအထားတွင် ရှိနေသော သူ့ကို လက်တစ်ကမ်း အကွာသို့ တွန်းပို့လိုက်သလို လက်တစ်ကမ်း အကွာမှ ထပ်မံ၍ ဝေးကွာသွားစေသည်ဟု စိတ်ပညာရှင် ဂျွန်အိုင်ကန်က သူ၏ နာမည်ကျော် “မရည်ရွယ်ဘဲ အထီးကျန်ဖြစ်ရခြင်း” (Accidentally Single) စာအုပ်တွင် ရေးသား ဖော်ပြထားသည်။

“Fine” ဟူသော စကားလေးက ဤမျှ တာသွားသည်။ အဘယ့်ကြောင့် ဆိုသော် သင်၏ တကယ့် အခြေအနေကို သိလိုသူက ဂရုတစိုက်မေးခြင်းကို ကောင်းပါတယ်ဟု အေးစက်စက် အမူအရာဖြင့် ဖြေကြားခြင်းသည် သင့်ဘက်က သူနှင့် နှလုံးသားချင်း မနီးစပ်လို ဟု ထင်သွားစေနိုင်သည်။ အကူအညီပေးလိုသူ၏ ကမ်းလှမ်းသော စကားလုံးများကို ရပါတယ် ဟု ခပ်ဆတ်ဆတ် ပြန်ဖြေခြင်းသည် သင်က သူ့ကို မလိုအပ်ဟု ယူဆထားသည်ဟု သူက အထင်လွဲသွားနိုင်သည်။ အားငယ်သွားနိုင်သည်။ ဒေါသထွက် သွားနိုင်သည်။ အကူအညီ မယူလိုသောသူသည် ကိုယ့်အလှည့်ကျလျှင်လည်း အကူအညီ မပေးလိုဟု သွယ်ဝိုက် ပြောသည်ဟု တစ်ဖက်သားကို နားလည်သွားစေသည်။

နှစ်ယောက်တူတူ ပြဿနာ အတော်များများကို ဖြေရှင်းဖူးသူ စုံတွဲများသည် အခြား သာမန်စုံတွဲများထက် ပို၍ ချစ်ကြကြောင်း တွေ့ရသည်ဟု စိတ်ပညာရှင် အိုင်ကန်က ပြောသည်။

သူက သင့်ကို အူတိုစေလို၍ လည်းကောင်း၊ အကြံဥာဏ် တစ်စုံတစ်ရာ ရလို၍ လည်းကောင်း အလေးထားမေးသော်လည်း သင်က ကောင်းပါတယ်၊ လုပ်လေ ဟု စိတ်မပါ့တပါ အမူအရာနှင့် ပြောခြင်းသည် အေးစက်သော တုန့်ပြန်မှု တစ်ခု ဖြစ်လေသည်။ “အေးစက်တဲ့ အစားအသောက်တွေ စားရတာ ကိစ္စမရှိဘူး။ အေးစက်တဲ့ စကားလုံးတွေရဲ့ ဒဏ်တော့ မခံနိုင်ဘူး” ဆိုသော စကားတစ်ခွန်းကို ကြားဖူးသည်။ ထိုအတိုင်း သူခံစားသွားရပေမည်။

Many words hurt more than swords. ဟူသော စကားလုံးများသည် ဓားများထက် ပို၍ အနာတရ ဖြစ်စေသည် အင်္ဂလိပ် စကားပုံအရ သင့်ကို ချစ်မြတ်နိုးသူ၏ ရင်ဘတ်ထဲသို့ ဓားထက်ချွန်သည့် စကားလုံးများ ထိုးစိုက်နှစ်မြှုပ်ပစ်ရန် ဆုံးဖြတ်ပြောဆိုလိုက်ခြင်းသည် သင့်ကို တစ်ချိန်တွင် နောင်တ ရစေလိမ့်မည်မှာ သေချာလှပေသည်။

တကယ်ကောင်း၍ သဘောတူ၍ ပြောခြင်းဆိုလျှင် တစ်ခွန်းတည်း မပြောသင့်ပါ။ ဘာကြောင့် ကောင်းသည်ဟု ထင်ပါသည်ဟူသော ဖြည့်စွက်စကားလေး တစ်ခွန်း နှစ်ခွန်း ပြောလိုက်ရုံဖြင့် သင်က ဘာမှ မရင်းလိုက်ရဘဲ သူ့ဆီက ချစ်ခင်မှု၊ မေတ္တာအများကြီး ပြန်ရနိုင်လေသည်။ ထို့အတူ အကူအညီ ပေးရန် ကမ်းလှမ်းချက်ကို အကြောင်းအမျိုးမျိုးကြောင့် ငြင်းမှ ဖြစ်မည် ဆိုလျှင်လည်း “Fine” ဟု တစ်ခွန်းတည်း မပြောဘဲ နားလည်အောင် သိမ်မွေ့သော အမူအရာ ဘာသာစကားဖြင့် ဖော်ပြနိုင်ဖို့ လိုလေသည်။ သူလုပ်ချင်တာတစ်ခုကို သင်က သဘောမတူလိုလျှင်လည်း အကြောင်းရင်းကို နွေးထွေးသော လေသံဖြင့် ပြောသင့်သည်။

ဥာဏ်စမ်းမေးခွန်းတစ်ခု ရှိသည်။ အရှေ့အရပ်ကို မျက်နှာမူထားသူတစ်ဦးနှင့် အနောက်အရပ်ကို မျက်နှာမူထားသူ တစ်ဦးတို့ တစ်ယောက်မျက်နှာတစ်ယောက် အတည့်မြင်ရရန် မှန်ဘယ်နှချပ် အကူအညီ လိုပါသနည်း ဟူသော မေးခွန်း ဖြစ်သည်။ ရူပဗေဒ ဆိုင်ရာ မေးခွန်းထင်၍ ဖြေသူအားလုံးက အလင်းဆိုင်ရာ ရိုက်ထောင့်၊ ပြန်ထောင့် သဘောတရားတွေ တွက်ချက်ကာ ၂ ချပ်၊ ၄ ချပ်၊ ၈ ချပ်စသဖြင့် အဖြေတွေ အမျိုးမျိုး ပေးကြသည်။ တကယ်တမ်းက ထိုမေးခွန်းသည် လူမှုဆက်ဆံရေး ဆိုင်ရာ မေးခွန်း ဖြစ်ပြီး အဖြေကလည်း ရှင်းပါသည်။

အရှေ့အရပ်နှင့် အနောက်အရပ်ကို မျက်နှာမူထားသူ နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် မြင်ရဖို့ မှန်တစ်ချပ်မှ မလိုပါ။ မျက်နှာချင်း ဆိုင်လိုက်ကြရုံသာ လိုပါသည်။ သဘောထားကွဲလွဲမှုများတွင်လည်း မျက်နှာမူရာ မတူသည့်တိုင်အောင် အပြန်အလှန် ကျောခိုင်းမထားဘဲ နှစ်ဦးမျက်နှာချင်းဆိုင်လိုက်လျှင် ပြေလည်ပါသည်။


Written by : ဒေါက်တာသီဟသစ်

ထူးခြားသောဗေဒင်လေးပါ........

(၁) Aries (မိဿရာသီဖွား -- မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ)

မေမေ "Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။
ကောင်လေးတွေ သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်"

Aries "ဟုတ်ကဲ့ပါ မေမေ"

ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး "မေမေ... မေမေ ဒီနေ့
အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်"

မေမေက စိတ်တိုပြီး "စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?"

Aries "သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင်
ချွတ်ထားပြီးမှ ဒါန်းစီးတာပါ"

(Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်)



(၂) Taurus (ပြိဿရာသီဖွား-ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ)

ဖရဲသီးရောင်းသူ "လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး"

ရေဆာနေတဲ့ Taurus " အတော်ပဲ... ကျွန်တော့်ကို မချိုတာပေးပါ"

(Taurusဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ဘေးချော်ချင်သည့်တိုင်
ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)



(၃) Gemini (မေထုန်ရာသီဖွား- မေ ၂၁ မှ ဇွန် ၂ဝ အတွင်းမွေးဖွားသူ)

မေမေ "Gemini ရေ ထတော့ ကြက်ဖတောင်တွန်နေပြီ"

Gemini "အာ..... မေမေကလဲ! ကြက်ဖတွန်ရင် တွန်ပစေပေါ့။ သမီးက ကြက်မမှမဟုတ်တာ"

(Gemini ဖွားက ကိုယ့်ကို သိတတ်လိုစိတ်၊ ကိုယ်ပိုင်တွေးတောစိတ် ပြင်းထန်သူဖြစ်တယ်)



(၄) Cancer (ကရကဋ်ရာသီဖွား-- ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်းမွေးဖွားသူ)

Cancer "ဒီည သားမေမေနဲ့အိပ်မယ်"

မေမေ "သား မိန်းမယူပြီးလည်း မေမေနဲ့အိပ်မှာလား?"

Cancer "အင်း"

မေမေ "ဒါဆို သားမိန်းမဘယ်လိုလုပ်မလဲ?"

Cancer "ဖေဖေနဲ့ ပေးအိပ်လိုက်မယ်"

(Cancerဖွားက မိခင်ကိုစွဲလမ်းသူ၊ မှီခိုသူဖြစ်တယ်)



(၅) Leo (သိဟ်ရာသီဖွား-- ဇူလိုင် ၂၃ မှ သြဂုတ်၂၂ အတွင်းမွေးဖွားသူ)

Leo "ဒီတင်ပါးပုံပေါက်စီကို လူတွေဘာလို့ စားကြတာလဲ?"

ဆိုင်ထဲက ပေါက်စီစားသူတွေ နေရထိုင်ရခက်ကုန်တယ်။ Leoက ပဲပေါက်စီတစ်လုံး ယူလိုက်တယ်။

Leo "မေမေ.. မေမေ တင်ပါးထဲမှာ အီးတွေနဲ့...."

ပေါက်စီစားသူတွေ အန်လုလုဖြစ်ကုန်ကြတယ်။

(Leoဖွားက ကိုယ်ပိုင်ခံစားချက်နဲ့ ဘေးလူရဲ့အကြည့်၊ အပြောကို
သိပ်ဂရုမစိုက်တတ်သူဖြစ်တယ်)



(၆) virgo (ကန်ရာသီဖွား-- သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသူ)

virgoက ကိုယ့်ချက်ကိုကြည့်ပြီး "ဒါဘာလဲ"လို့ ဖေဖေကို တအံ့တသြမေးတယ်။

ဖေဖေက "ချက်ကြိုးက ကလေးငယ်ကို မိခင်နဲ့ဆက်ထားပေးတယ်။ မိခင်ဝမ်းတွင်းက
ခွါတာနဲ့ ဆရာဝန်က ချက်ကြိုးကိုဖြတ်ပြီး အထုံးထုံးပေးလိုက်တယ်။ အဲလိုနဲ့
ချက်ဖြစ်လာခဲ့တယ်" လို့ အတိုချုံးရှင်းပြလိုက်တယ်။

virgo "ဆရာဝန်က ဘာဖြစ်လို့ လိပ်ပြာပုံဖဲကြိုးလေး မထုံးပေးတာလဲ မသိဘူးနော်"

(virgoဖွားက စူးစမ်းလိုစိတ်များပြီး ပြီးပြည့်စုံမှုကို လိုလားသူဖြစ်တယ်)



(၇) Libra (တူရာသီဖွား-- စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသူ)

ဖေဖေ "Libra သား.. ဒီနေ့ကျောင်းမသွားနဲ့တော့၊ မနေ့ညက သားအတွက် သားမေမေက
အမွှာလေးမွေးပေးလိုက်တယ်။ ဆရာမဆီ ခွင့်တစ်ရက်တိုင်လိုက်နော်"

Libra "ဟုတ်ကဲ့ဖေဖေ... ဒါပေမယ့် တစ်ယောက်ပဲမွေးတယ်လို့ သားပြောမယ်။
ကျန်တစ်ယောက်ကို သားကျောင်းမသွားချင်တဲ့နေ့မှ ထပ်ပြောမယ်"

(Libraဖွားက ထက်မြက်ပြီး ချင့်ချိန်မှန်းဆတတ်သူဖြစ်တယ်)



(၈) Scorpio (ဗြိစ္ဆာရာသီဖွား-- အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

Scorpioအိပ်ပျော်ခါနီးမှ ခြင်တစ်ကောင်က သူ့ကိုကိုက်လိုက်တယ်။ ဒါနဲ့
Scorpioထလာပြီး ခြင်ကို မောင်းထုတ်တယ်။ ဘယ်လိုမောင်းထုတ်ထုတ် အခန်းထဲကနေ
ခြင်ထွက်မသွားဘူး။

"ကောင်းပြီ.... မင်းမထွက်ရင် ငါထွက်တယ်ကွာ!"

ပြောပြောဆိုဆို အိပ်ခန်းထဲကနေ Scorpioထွက်သွားပြီး
တံခါးကိုသော့ခတ်လိုက်တယ်။ ပြီးမှ အားရကျေနပ်ဟန်နဲ့---

"ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး။ အခန်းထဲမှာ မင်းကို အငတ်ထားပြီး သတ်ပစ်မယ်"

( Scorpio ဖွားက မရေရာသူ၊ လက်တွေ့ထိုးထွင်းဥာဏ် နည်းသူဖြစ်တယ်)



(၉) Sagittarius (ဓနုရာသီဖွား-- နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

Sagittarius "ဖေဖေ... ဖေဖေ့ဆံပင်ဖြူတွေ ဘာဖြစ်လို့ ဒီလောက်များရတာလဲ?"

ဖေဖေ "သား မလိမ္မာလို့ပေါ့။ သားမလိမ္မာလို့ ဖေဖေဆံပင်ဖြူများရတာပေါ့"

Sagittarius တအောင့်လောက် စဉ်းစားပြီး.....

"ဘိုးဘိုးဆံပင်တွေ တစ်ခေါင်းလုံးဖြူရတာက ဘာကြောင့်လဲဖေဖေ?"

ဖေဖေ "............"

(Sagittarius ဖွားက တွေးတောတာကို နှစ်သက်သူဖြစ်တယ်)



(၁ဝ) Capricorn (မကာရရာသီဖွား-- ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသူ)

တစ်နေ့မှာ Capricornနဲ့မေမေ လမ်းထွက်လျှောက်တယ်။ လမ်းခုလပ်ရောက်တော့
ရုတ်တရက်မိုးရွာချတယ်။ မေမေက Capricorn လက်ကိုဆွဲပြီး "မိုးရွာပြီ...
ပြေးပြေး.. ရှေ့ကိုပြေး!" လို့ပြောတော့ Capricornက တုံ့နှေးနှေးနဲ့
"ရှေ့မှာ မိုးမရွာလို့လား?" တဲ့။

(Capricorn ဖွားက အမှန်ကိုသိပေမယ့် လိုက်ပြုပြင်ပြောင်းလဲဖို့ ပျင်းရိသူဖြစ်တယ်)


(၁၁) Aquarius (ကုံရာသီဖွား-- ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသူ)

Aquarius "ကြက်ဥက ဘယ်ကထွက်လာတာလဲ မေမေ?"

မေမေ "ကြက်မက ထွက်လာတာပေါ့"

Aquarius "'ကြက်မက ဘယ်ကထွက်လာတာလဲ မေမေ?"

မေမေ "ကြက်ဥက ပေါက်လာတာပေါ့"

Aquarius "ကြက်မနဲ့ကြက်ဥ ဘယ်ဟာက အရင်ရှိတာလဲ မေမေ?"

(Aquarius ဖွားရဲ့ အတွေးတွေက သာမန်လူတွေရဲ့အတွေးတွေနဲ့ အမြဲကွဲပြားတတ်တယ်)



(၁၂) Pisces (မိန်ရာသီဖွား-- ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ အတွင်းမွေးဖွားသူ)

ဖေဖေက သူ့ငယ်စဉ်အကြောင်းတွေ Pisces ကို ပြောပြနေခဲ့တယ်။

ဖေဖေ "ဖေဖေတို့ ငယ်ငယ်တုန်းကဆို အစာရေစာမဝလို့ အမြဲငတ်ပြတ်ခဲ့ရတယ်"

Pisces "သနားလိုက်တာနော်။ ဖေဖေက စားစရာမရှိလို့ သားတို့အိမ်ကို
ရောက်လာခဲ့တာပေါ့နော်"

(Piscesဖွားက ကိုယ်ချင်းစာ၊ အကြင်နာစိတ်ရှိပေမယ့် အခြေအနေကို မခွဲခြားတတ်သူဖြစ်တယ်)

နှလုံးသားရဲ့ကဗျာ

ကောင်လေးတစ်ယောက်မှာ အချစ်ကဗျာတစ်ပုဒ် ရှိပါတယ်။ ကောင်လေးကိုယ်တိုင် ရေးသားထားတာလေးပေါ့။ ဒါပေမဲ့ ကောင်လေးစိတ်ထဲမှာ မပြည့်စုံသေးဘူး ထင်နေတယ်။ ကဗျာကိုဖတ်ရင်းဖတ်ရင်းနဲ့…..။ အဲဒါနဲ့ ကဗျာလေးကို မွမ်းမံဖို့ ဘောပင်လေးကိုင်ရေးတော့မဲ့ အချိန်မှာ ကဗျာလေးက ကောင်လေးကိုပြောလိုက်တယ်။

ခဏနေဦး ကောင်လေး……မင်း ဘယ်လောက်ပြင်ပြင် ငါဟာ ရသမြောတ်လွန်းအောင် ကောင်းမွန်မှာမဟုက်ဘူး…..တဲ့

ကောင်လေးက ပြန်မေးးလိုက်ပါတယ်။ ဘာဖြစ်လို့လဲလို့……………။

ဘာဖြစ်လို့လဲဆိုတော့ မင်းနှလုံးသား မှာ အချစ်မရှိဘူး၊ အချစ်ကို ခံစားတတ်တဲ့ စိတ် ပျောက်နေတယ်…………

ဒါဆိုဘယ်လိုလုပ်ရမလဲ……ကျွန်တော်ရေးတဲ့ကဗျာတွေကို ရသအမြောက်ဆုံးဖြစ်စေချင်တာ….အကြံဥာဏ်လေး ပေးပါဦး…………လို့ ကောင်လေးကမေးလိုက်တဲ့အခါ

ကဗျာလေးက ပြန်ဖြေလိုက်တယ်။

မင်းနှလုံးသားကို အချစ်ကိုရှာခိုင်းကွာ။ အချစ်ကိုမတွေ့ရင်လည်း အချစ်နဲ့ တွေ့ဖြစ်တဲ့ နှလုံးသားတွေကိုမေးကြည့်လိုက်။ ဒါဆို အနည်းနဲ့အများတော့ မင်းနှလုံးသားမှာ အချစ်ဆိုတာလေး ကိန်းဝပ်လာမှာပဲ။

ကဗျာလေးရဲ့ဖြေသံအဆုံး ကောင်လေးက နှလုံးသားကို ထုတ်လိုက်တယ်။ ပြီးတော့ အချစ်ကိုရှာခိုင်းလိုက်တယ်။ အကယ်ရွေ့ မတွေ့ဖြစ်ပါဘူးးဆိုတောင်မှ အချစ်နဲ့တွေ့တဲ့ နှလုံးသားတွေဆီက အကြံဥာဏ်တောင်းခဲ့……လို့ ခိုင်းလိုက်ပါရော………။

ပြီးတော့ ကဗျာလေကို မေးလိုက်သေးတယ်။

သေချာပါတယ်နော်………ကျွန်တော့ ကဗျာတွေ ရသမြောက်လာမှာ

အချစ်ဆိုတာကိုသာ သူတွေ့အောင်ရှာလာနိုင်ရင်တော့ သေချာတယ်ကွာ

ကောင်လေးလည်း ခေါင်းညိတ်ပြလိုက်ပြီး နှလုံးသားလေးပြန်လာမဲ့ အချိန်ကိုစောင့်နေပါတယ်။ တော်တော်လေးတော့ ကြာမယ်လို့လည်း တွေးထာါးပတယ်။ ဒါပေမဲ့…………ကောင်းလေးရဲ့အထင်မှားသွားပြီး မထင်မှတ်တဲ့ ပုံစံနဲ့ နှလုံးသားလေးဟာ ပြန်ရောက်လာပါတယ်။ တစ်ကိုယ်လုံးလည်း တစ်ဆတ်ဆတ်တုန်လို့ ကြောက်ရွံနေတဲ့ပုံစံနဲ့…………….

နှလုံးသားလေး မင်း တွေ့ခဲ့လား အချစ်ကို

မတွေ့ခဲ့ပါဘူး ကောင်လေးရယ် ဒါပေမဲ့ အချစ်နဲ့တွေ့ဖူးတဲ့ ငါ့သူငယ်ချင်းသုံးယောက်နဲ့ တွေ့ခဲ့တယ်

ဟုက်လား ဒါဆို အချစ်ဟာ ဘာလဲဆိုတာ မင်းနားလည်ခဲ့တယ်ပေါ့

ဟင့်အင်း နားမလည်ခဲ့ဘူး အရမ်းကြောက်စရာကောင်းတယ်ဆိုတာတော့သိခဲ့တယ်………………..

ကောင်လေး အနည်းငယ်တွေဝေသွားတယ်။ ဘာ့ကြောင့်များပါလိမ့်ပေါ့။

ဘာဖြစ်လို့လဲ……..လို့ကောင်လေးကမေးတော့ နှလုံးသားလေးက ပြန်ဖြေပါတယ်။

ကျွန်တော်ဗျာ ပထမသူငယ်ချင်းနဲ့ လမ်းမှာတွေ့တော့ မေးလိုက်တယ်။ အချစ်ဆိုတာဘာလဲ သိလား…..လို့။ သူက ပြန်ဖြေတယ်။ သိတယ်…တဲ့။ ဘယ်လိုလဲ ရှင်းပြပေးပါလို့ မေးတဲ့အခါ………….ကြောက်ရွံစက်ဆုပ်နေတဲ့ မျက်လုံးနဲ့

အချစ်ဆိုတာ နှလုံးသားဆိုတဲ့ ငါတို့ကို ဖျက်ဆီးဖို့အတွက် သတ်သတ်ဖြစ်တည်လာတာကွ။ ခံစားချက်တွေ တနင့်ကြီးပေးတယ်။ ပြီးတော့ အဲဒီလို ငါတို့ ခံစားနေရတာ ကို သူပျော်နေတတ်တယ်။ အချစ်ဆိုတာနဲ့တွေ့ဖြစ်ရင် ငါတို့မှာ အကောင်းအတိုင်း ကျန်ရစ်တာ ရှားတယ်ကွ။ ဒီမှာကြည့်ပါ့လား။ ဒဏ်ရာဒဏ်ချက်တွေချည်းပဲ။ အဲဒါသူလုပ်တာပေါ့……………………လို့ပြောရင်းထွက်သွားတဲ့သူ့ဆီက ဒဏ်ရာတွေကို ကျွန်တော် မြင်လိုက်တယ်။ ခုထိ သွေးတွေထွက်နေတုန်း။ ကြောက်စရာကြီးပါဗျာ။

ဒါနဲ့ မသေချာသေးပါဘူး။ ထပ်ရှာဦးမှဆိုပြီး ကျွန်တော် ခရီးဆက်ထွက်ခဲ့ပါတယ်။ လမ်းဆုံလမ်းခွလည်းရောက် ဒုတိယသူငယ်ချင်းနဲ့ တွေ့တယ်လေ။ ကျွန်တော်လည်း အချစ်အကြောင်းမေးတာပေါ့။ သူကကျတော့ ရီဝေညွတ်နူးနေတဲ့ မျက်လုံးတွေနဲ့ ဟိုးအဝေးက တစ်စုံတစ်ခုကို မှန်းမျှော်နေသလိုလိုပုံမျိုးနဲ့

အချစ်ဆိုတာ အရမ်းနူးညံ့တယ်။ သူက တန်ဖိုးထားချစ်တတ်သူတွေအတွက် နာကျင်ခြင်းကိုပေးတယ်။ နာကျင်ခြင်းဆယ်ခါခံစားပြီးရင် ပျော်ရွှင်ခြင်းတစ်ခါပေးတယ်။ ဒါပေမဲ့ နာကျင်သည်ဖြစ်စေ၊ ပျော်ရွှင်သည်ဖြစ်စေ အဲသည့်အချစ်ကိုခံစားနေရတဲ့ အခိုတ်အတန့်မှာ ကြည်နူးနေရတာတော့အမှန်ပါပဲ။……..တဲ့။ ဒါနဲ့ ကျွန်တော်လည်းမေးမိလိုက်တယ်လေ။ ခု ခင်ဗျား နာကျင်နေသလား၊ ပျောရွှင်နေသလားဆိုတော့

ငါ ကြည်နူးရင်းနဲ့ နာကျင်နေတာပေါ့ကွာ……………..လို့ပြောရင်း သူတစ်စုံတစ်ရာကိုဆက်မျှော်နေပြန်တယ်။

ကျွန်တော်လည်းဆက်ခရီးဆက်ခဲ့ပါတယ်။ အချစ်ကို ကိုယ်တိုင်တွေ့လိုတွေ့ငြားပေါ့လေ။ မွေ့ခဲ့ပါဘူး။ သူက ကောင်လေး စိတ်ဝင်တစားမှ ရှိရဲ့လားလို့ တစ်ချက်လှမ်းကြည့်လိုက်တော့ ကောင်လေးက စိတ်ဝင်တစားမျက်လုံးတွေနဲ့ သူ့ကိုကြည့်နေပါတယ်။ ပြီးတော့ ခေါင်း တစ်ချက်ဆတ်ပြတယ်။ ဆက်ပြော…ဆိုတဲ့သဘောပေါ့။

သူတစ်ချက်ချောင်းဟန့်လိုက်တယ်။ လည်ချောင်းရှင်းတဲ့ သဘောနဲ့ ပြီးတော့ သူ့ခရီးစဉ်ကို ဆက်ပါတယ်။

ကျွန်တော် ချောင်းလေးတစ်ခုတွေ့ပါတယ်။ ပြီးတော့ အဲဒီချောင်းဘေးပါ သွေးသံရဲရဲနဲ့နှလုံးသားတစ်ခု ငိုနေတယ်လေ။ ကျွန်တော် သူ့နားသွားကြည့်လိုက်မိတာ မသေမချင်းအသေသတ်ဖို့များရည်ရွယ်ထားသလား မသိဘူးဗျာ။ ဒဏ်ရာတွေမှ အများကြီးပဲ။ အသေအချာကြည့်ကြည့်တော့မှ နှလုံးသားလေးကလည်း ထက်ပိုင်းပြက်လုလု။

ကျွန်တော်လည်း ချောင်းလေးဘေးမှာတစ်ချက်ထိုင်ရင်း ချောင်းရေနဲ့ မျက်နှာသစ်မိပါတယ်။ မောလှပြီလေ။ လျှောက်ခဲ့ရတဲ့ ခရီးက နည်းတာမှမဟုက်တာ။ ချောင်းရေက နည်းနည်းတော့ ငံကျိကျိ နိုင်သားဗျ။

သူက ကျွန်တော့ကို မေးတယ်။ ဘယ်လိုအရသာရှိလဲ… တဲ့။ ကျွန်တော်က နည်းနည်းတော့ ငံသလိုပဲဗျ………..လို့ဖြေလိုက်တဲ့အခါ သူပြောတာက

အဲဒါ ငါ့မျက်ရည်တွေ…………….တဲ့

ဗျာ…………………….လို့ ကျွန်တော်လည်း အတော် အံ့အားသင့်သွားတယ်။ မျက်ရည်ဟာ ချောင်းတစ်ခုဖြစ်တည်သည်အထိ ကျနိုင်ပါ့မလားလို့ …………….။

ဟုက်တယ်….အဲဒါ ငါ့မျက်ရည်တွေ။ အချစ်ဆိုတာနဲ့ တွေ့ခဲ့လို့ ငါလည်းဒီပုံစံဖြစ်သွားတာပဲ။

ကျွန်တော်တောင်မေးစရာမလိုဘူး။ သူက ကျွန်တော့ကို ရင်ဖွင့်ပြနေတယ်။ အဲဒါနဲ့………………ဘယ်လိုဖြစ်တာလဲ……..လို့ မေးလိုက်တော့

ငါကွာ လွန်ခဲ့တဲ့တစ်လက အချစ်နဲ့ တွေ့ဆုံခဲ့တယ်……………

အင်း………….

သူ့ကိုကြည့်နေရင်းနဲ့ သူ့စိတ်ကြိုက်ဖြည့်ဆည်းပေးနေချင်တာကွာ……ဘယ်လိုမှ ထိန်းလို့မရတာနဲ့ မေးလိုက်ကော မင်းကို့ယ့်ဆီက ဘာလိုချင်လဲလို့……………သူကပြန်ပြောတယ်ကွ……………..ရှင့်အသွေးအသားကို ခပ်ဖွဖွလေး ဓါးနဲ့ ထိကြည့်ချင်တယ်……..တဲ့

ဒါနဲ့ ငါလည်းထိဆိုပြီး ခွင့်ပေးလိုက်တာ သူငါ့အနားက ထွက်သွားချိန်မှ သိရတယ်………ငါ့အသွေးအသားတစ်ချို့ကို သူပွဲတော်တည်ဖို့ ယူသွားမှန်း……………..သူမရှိတော့မှ အဲဒီဒဏ်ရာတွေက နာကျင်တာတွေ ခံစားရတယ်။။။။သူမရှိတော့ သူ့ကို သတိရလွမ်းလွန်းလို့ ငိုလာလိုက်တာ သူက သတိရမရတော့မသိဘူး ငါ့မှာတောင့် ချောင်းတောင်ဖြစ်သွားပြီ။။။

အင်း…ခင်ဗျားအသွေးအသားကို ယူသွားတာဗျာ………..ဘာလုပ်ဖို့ သတိရနေဦးမှာလဲ မေ့ပြစ်လိုက်

ခင်ဗျား ဒဏ်ရာတွေ ကျတ်အောင်လို့ အရင်ကုစားလေဗျာ………………………လို့ကျွန်တော်ပြောတော့ သူက ဘာမှပြန်မပြောပဲ တိုးတိုးလေးပါပဲ ညည်းလိုက်တာ….

ငါလည်း အနာကျတ်ချင်ပါတယ်ကွာ………………..တဲ့။

ကောင်လေးက မေးလိုက်တယ်။ မင်း ဘာ့ကြောင့် ကြောတ်နေတာလဲ……….လို့မေးစဉ်မှာပဲ နှလုံးသားလေးက တစ်စုံတစ်ခုကို ထိတ်လန့်သွားဟန်နဲ့ သူ့အနောတ်ကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ နှလုံးအိမ်ထဲ ခုန်ဝင်လိုက်တယ်။

ကျွန်တော် ပြန်လာတော့ လမ်းမှာ တစ်စုံတစ်ယာက်နဲ့ တွေ့တယ်။ ဘာကဘယ်လိုထူးခြားနေမှန်းမသိတဲ့ အရာ။ အချစ်ဖြစ်မယ်ထင်တာပဲ……။ကျွန်တော့ အသွေးအသားတွေ တစ်ဒိန်းဒိန်းနဲ့ ထိန်းရခက်နေတာ။ သေချာပါတယ်။ အချစ်ပဲဖြစ်မယ်..။ သူကျွန်တော့ကို မမြင်ခင် ပြေးထွက်လာတာ။…သူ ကျွန်တော့ကို မြင်သွားရင် ကျွန်တော့မှာ ………………..ကျွန်တော် အသက်ဆက်ရှင်နိုင်မယ်မထင်ဘူး……ဟော ကျွန်တော့ အသွေးအသားတွေ ထိန်းရခက်နေပြန်ပြီ။ သူလာပြီထင်တယ် …..။ ကျွန်တော်ပုန်းတော့မယ်………….လို့အလျှင်အမြန်ပြောရင်း နှလုံးအိမ်တံခါးလေးကိ ဇစ်ပိတ်လိုက်လေရဲ့။

ကဗျာရယ်……….ကောင်လေးရယ်ပဲ ကျန်တော့တယ်။ ကောင်လေးက ကဗျာကို ပြောမလို့ ကြည့်လိုက်တော့ ကဗျာလေးက ပခုံးတွန့်ပြတယ်………..သူလည်း ဘာမှမတတ်နိုင်ဘူးပေါ့လေ.

ကဗျာလေးကို မပြင်ဖြစ်တော့ပဲ သိမ်းလိုက်ပါတယ် ကောင်လေးလည်း

အဲဒီနောက်ပိုင်းလည်း သူ ကဗျာတွေ ရေးဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကဗျာတွေမှာ အချစ်ကို ကြေတ်ရွံ့မှုတွေ လွှမ်းနေတယ်။ ကောင်လေးလည်း သိပါတယ်။ ပြန်ပြင်ဖို့ ဆိုတာကလည်း ဒီနှလုံးသားလေးရဲ့ ကြောကရွံမှုကို ဖြေဖျောတ်ပေးနိုင်တဲ့သူ မတွေ့လေတော့…………………အဲဒီလိုနဲ့ပဲ့ ………………….

ကောင်လေးကလည်း အချစ်ကဗျာတွေရေးဆဲ…………………….

နှလုံးသားလေးလည်း အချစ်ကို ကြောက်ရွံဆဲံ…………………..ဒီချိန်ထိပါပဲ……………

……………………………………………..

ရှိတတ်ပါတယ်..။လောကကြီးမှာ……။ အချစ်ကိုကြောက်ရွံပြီး ပုန်းရှောင်နေတဲ့နှလုံးသားတွေ…………။အများကြီးပါ……..။ ကောင်လေးလည်း အပါအ၀င်ပေါ့။

ဒါပေမဲ့ ကောင်လေးရဲ့ ကဗျာတွေကို အပျော်သက်သက်ရေးတယ်လို့ပြောကြရင်တော့ လက်မခံချင်ပါဘူး……..။ အချစ်ဆိုတာကို အသေအချာမခံစားဖူးတဲ့အတွက် ရသမြောက်ချင်မှမြောက်ပါလိမ့်မယ်။ ဒါပေမဲ့ ကဗျာတစ်ပုဒ်လေးပြီးဖို့….သုံးရက်တိတိစဉ်းစားခဲ့တဲ့အချိန်တွေ၊ တစ်ညလုံးမအိပ်ပဲ အိပ်ပျက်ခဲ့ရတဲ့ အချိန်တွေ………..နှလုံးသားတစ်ခုလုံးရင်းခဲ့တာပါ……………ဦးဏှောတ်တစ်ခုလုံးရင်းခဲ့မိတာပါဗျာ……

သတိထားသင့်သည်ကား

သတိထားသင့်သည်ကား လူဖြစ်စေ ရဟန်းဖြစ်စေ ပညာတွေ တတ်လေလေ

ဆင်ခြင် စဉ်းစားဥာဏ်တွေ များလာကာ ကိစ္စတော်တော်များများကို လွယ်လွယ်ဖြင့်

မယုံကြည်တတ်တော့ပေ။ ဟိုဟာကို ဆန်းစစ်ခြင်၊ ဒီဟာကို ဆန်းစစ်ခြင် ဖြစ်လာပြီး

လက်တွေ့ကို ပိုအားသန်လာတတ်၏၊ ဆိုလိုသည်မှာ စိတ်ကူးယဉ်ဆန်သော စကားများ၊

ဇာတ်တော်လာ ၀တ္ထုကြောင်းများ၊ ကံအကြောင်း၊ ဈာန်အဘိဥာဉ်အကြောင်း၊

သံသရာအကြောင်း၊ နိဗ္ဗာန်အကြောင်း၊ မြင့်မိုရ်တောင် ရှိမရှိ စသည်စသည်

တို့ကို ရာနှုန်းပြည့် လက်ခံနိုင်ဖို့ ခဲယဉ်းလာတတ်၏၊

မကျေနပ်ခြင်းများပြောမယ်

ကိုယ်နဲ့ဖုန်းပြောရင်သီချင်းတွေဖွင့်ပြီးနားမထောင်ပါနဲ့လား ရှင်းရယ် နော်

love is only for you!





>>>I = Idyllic love is only for you!
>>> ငါ့ရဲ့ငြိမ်းချမ်းပြီးအပြစ်ကင်း
တဲ့အချစ်ကမင်းတစ်ယောက်အတွက်ပါ။
>>> L = Live with your love !
>>> ငါဟာမင်းရဲ့အချစ်နဲ့အသက်ဆက်နေရတာပါ။
>>> O = One life,one love!
>>> ဘာဝတစ်ခုလုံးအတွက်တစ်ခါပဲချစ်ခဲ့တာပါ။
>>> V = Vacant of my heart is only for you!
>>> ငါ့နှလုံးသားရဲ့နေရာလွတ်ကမင်းတစ်ယောက်ထဲနေဖို့ပါ။
>>> E = Except your love_need nothing!
>>> မင်းရဲ့အချစ်ကလွဲပြီးငါဘာမှမလိုချင်ပါဘူးကွာ။
>>> Y = Your are my life!
>>> မင်းဟာငါ့ရဲ့အသက်ပါ။
>>> O = Oxygen for me you are!
>>> မင်းဟာငါ့အတွက်တော့လိုအပ်တဲ့အောက်စီဂျင်လေးပါ။
>>> U = Use my heart to be happy!
>>> မင်းလေးပျော်ရွှင်ဖို့ဆို့ငါ့နှလုံးသားကိုအသုံးချလိုက်ပါကွာ။
>>

I = Idyllic love is only for you!
>>> ငါ့ရဲ့ငြိမ်းချမ်းပြီးအပြစ်ကင်းတဲ့အချစ်ကမင်းတစ်ယောက်အတွက်ပါ။
>>> L = Live with your love !
>>> ငါဟာမင်းရဲ့အချစ်နဲ့အသက်ဆက်နေရတာပါ။
>>> O = One life,one love!
>>> ဘာဝတစ်ခုလုံးအတွက်တစ်ခါပဲချစ်ခဲ့တာပါ။
>>> V = Vacant of my heart is only for you!
>>> ငါ့နှလုံးသားရဲ့နေရာလွတ်ကမင်းတစ်ယောက်ထဲနေဖို့ပါ။
>>> E = Except your love_need nothing!
>>> မင်းရဲ့အချစ်ကလွဲပြီးငါဘာမှမလိုချင်ပါဘူးကွာ။
>>> Y = Your are my life!
>>> မင်းဟာငါ့ရဲ့အသက်ပါ။
>>> O = Oxygen for me you are!
>>> မင်းဟာငါ့အတွက်တော့လိုအပ်တဲ့အောက်စီဂျင်လေးပါ။
>>> U = Use my heart to be happy!
>>> မင်းလေးပျော်ရွှင်ဖို့ဆို့ငါ့နှလုံးသားကိုအသုံးချလိုက်ပါကွာ။



တစ်ချိန်မှာ ဆုံစည်းခွင့်ရနိုင်ပါစေလို့

လွယ်အိတ်ထဲက လက်ဆောင်ကိုထုတ်ပြီး ကောင်လေးကို လှန်းပေးလိုက်တယ်…ပြီးတော့
မွေးနေ့ဆုတောင်းပေးလိုက်တယ်။  ကောင်လေးကဖွင့်ကြည့်ပြီး ပြုံးလိုက်တယ်။
ကျေနပ်တဲ့ အပြုံးနဲ့ပေါ့… ဆွဲကြိုးလေးပါ..သိပ်လှတဲ့ ဆွဲကြိုးလေးပါ….
ကောင်မလေးက ဆွဲကြိုးလေးကို ယူပြီးကောင်လေးကိုဆွဲပေးလိုက်
တယ်..  နောက်ပြီး
ဒီနေ့ ဘာနေ့လဲလို့မေးလိုက်တယ်…  ကောင်လေးက ဒီနေ့သူ့မွေးနေ့လေလို့
ပြန်ဖြေတယ်…. ကောင်မလေး အရမ်းဝမ်းနည်းသွားတယ်…  ဒါပေမယ့် ကောင်မလေး
ဖော်မပြခဲ့ပါဘူး။ သူ့ရဲ့ဝမ်းနည်းမှုတွေကို ပျော်ရွင်နေတဲ့
ကောင်လေးဆီကူးဆက်သွားမှာ ကောင်းမလေး မလိုလားခဲ့ဘူး…


ဒီလိုနဲ့ ကောင်လေးမွေးနေ့ပွဲလေးပြီးတော့ ကောင်မလေး အိမ်ပြန်သွားတယ်။
အိမ်ပြန်လမ်းမှာ  ကောင်မလေး ငိုခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့  ဒီနေ့က
ကောင်လေးနဲ့  ကောင်မလေး ချစ်သူဖြစ်တာ ၂နှစ်ပြည့်တဲ့နေ့ပါ။
အဲဒါကိုကောင်လေးမေ့နေခဲ့တယ်။  အလိုက်သိတဲ့ မိုးက အိမ်ပြန်လမ်းမှာ
ကောင်မလေးရဲ့ မျက်ရည်တွေကို ဖုံးပေးလျက်….


နောက်နေ့မနက် ကောင်မလေးဆီကို ကောင်လေးရာက်လာတယ်။ ကောင်မလေးကို သူ့ဘ၀အတွက်
အရေးကြီးတဲ့နေ့ကို မေ့နေခဲ့တဲ့အတွက် တောင်းပန်စကားပြောတယ်…. နောက်ပြီး
ကောင်လေးက ဘယ်တော့မှ မခွဲပါဘူးဆိုတဲ့ ကတိကို  ကောင်မလေးကို ပေးခဲ့တယ်။
ကောင်မလေး အရမ်းဝမ်းသာသွားပြီး  ကောင်လေးကို ပြုံးပြတယ်… အဲဒီနေ့က
ကောင်လေးနဲ့  ကောင်မလေး နေ၀င်ချိန်အထိ အတူရှိနေခဲ့တယ်။


ကောင်လေး စာတွေရနေပြီလား…  ကောင်မလေးက လှန်းမေးလိုက်တယ်။  ဒီနေ့စာမေးပွဲ
စဖြေရတော့မယ်။ ကောင်လေးက ဘာမှမပြောဘဲ ခေါင်းငုံနေတယ်။ ကောင်လေး
စာမရဘူးဆိုတာ  ကောင်မလေး သဘောပေါက်သွားတယ်။ ကောင်လေးကို
နှစ်သိမ့်စကားပြောပြီး  ကောင်မလေး စာမေးပွဲအခန်းထဲ ၀င်သွားတယ်။ အဲဒီနေ့က
ကောင်လေးရော ကောင်မလေးပါ ဖြေနိုင်ခဲ့တယ်….ဒီလိုနဲ့ စာမေးပွဲနောက်ဆုံးနေ့
ရောက်တော့ စာဖြေပြီး ကောင်လေးနဲ့  ကောင်မလေး လျှောက်သွားခဲ့တယ်..
အဲဒီနေ့က သူတို့ရဲ့ နှလုံးသားတွေ နီးစပ်နေခဲ့တယ်…..


စာမေးပွဲပြီးသွားတော့ ခါတိုင်းလို  ကောင်လေးနဲ့  ကောင်မလေး
အမြဲတမ်းတွေ့လို့ မရတော့ဘူး။  ကောင်လေးက  ကောင်မလေးရဲ့ အိမ်ကို
တစ်ခါတစ်လေ သွားတယ်။  ကောင်မလေး ကလည်း  ကောင်လေးဆီကို
အမြဲဖုန်းဆက်ခဲ့တယ်။ ဒီလိုနဲ့  ကောင်လေးနဲ့  ကောင်မလေး အနေဝေးခဲ့တယ်။
အနေဝေးပေမယ့်  ကောင်မလေးက ကောင်လေးကို အရင်လိုချစ်ဆဲ သတိရဆဲပါ..
ကောင်လေးလည်း ကောင်မလေးလိုပါပဲ…  ခါတိုင်းလို အမြဲမတွေ့ရပေမယ့်
တစ်ခါတစ်လေ ချိန်းတွေ့ကြမြဲပါ… ချိန်းတွေ့တိုင်းလည်း ကောင်လေးက
ကောင်မလေးကို ဘယ်လောက်လွမ်းကြောင်းပြောတယ်။ အဲဒီလို အချိန်တွေတိုင်း
ကောင်မလေးရဲ့ နှလုံးသားတွေ နွေးထွေးနေမြဲပါ…..


ဒီလိုနဲ့ အောင်စရင်းထွက်လာတယ်။ ကောင်လေးရော  ကောင်မလေးပါအောင်တယ်။
ကောင်မလေးလည်း အောင်စရင်းလာကြည့်တယ်။  ကောင်မလေးရဲ့ မျက်နှာသိပ်ပြီးတော့
ကြည်ကြည်လင်လင် မရှိတာကို ကောင်လေး သတိထားမိတယ်။  အဲဒီနေ့က  ကောင်လေးနဲ့
ကောင်မလေး အပျော်တွေ ပေါင်စည်းရင်း နှလုံးသားချင်း ခံစားချက်တွေကို
ရင်ဖွင့်ခဲ့တယ်….  နောက်နေ့ကျတော့  ကောင်လေးက ကောင်မလေးကို ဖုန်းဆက်ပြီး
ချိန်းတယ်။ တွေချင်လို့လာခဲ့ပါဆိုပြီး ပြောတယ်။  ကောင်မလေး လာခဲ့မယ်လို့
ပြောလိုက်တယ်။ ချိန်းထားတဲ့နေ့ ရောက်တော့ ကောင်မလေးရောက်မလာခဲ့ပါဘူး…
ကောင်လေးက ကောင်မလေးကို နေ၀င်ချိန်ထိစောင့်ခဲ့တယ်။  ကောင်မလေးကတော့
ရောက်မလာခဲ့ပါဘူး။  ကောင်မလေး ရောက်မလာတော့  ကောင်လေးက ကောင်မလေးရဲ့
အိမ်ကို လိုက်သွားခဲ့တယ်။  ကောင်မလေးအိမ်ရောက်တော့ အိမ်တံခါးပိတ်ထားတယ်။
ကောင်လေးလည်း လက်လျှော့ပြီး အိမ်ပြန်ခဲ့တယ်။ အိမ်ပြန်လမ်းမှာ
မိုးရာသီမို့လို့ ပတ်ဝန်းကျင်က အေးစိမ့်နေပေမယ့် ကောင်လေးရင်ထဲမှာတော့
မီးတောက်နေဆဲပါ….

နောက်ရက်မှာ  ကောင်မလေးဆီက ဖုန်းရလို့ ကောင်လေး ပျော်သွားတယ်။
ကောင်မလေးကို တွေ့ဖို့ချိန်းလိုက်တယ်။အဲဒီနေ့
က မိုးအုံနေသလို
ကောင်မလေးရဲ့ ရင်ထဲမှာလည်း ဆို့နစ်နေတယ်။ ဒါပေမယ့်  ကောင်မလေးရဲ့
မျက်နှာပေါ်မှာ အပြုံးပန်းကို ပန်ဆင်လျှက်…..


ကောင်လေးက ကောင်မလေးကို အရင်လိုပဲ သူဘယ်လောက်လွမ်းကြောင်း၊
ချစ်ကြောင်းတွေ ပြောတယ်။ နောက်ပြီး သူတို့ငယ်ငယ်တုန်းက အကြောင်းတွေကို
ပြန်ပြောတယ်…….  နားထောင်နေတဲ့ ကောင်မလေးကတော့ သူ့ချစ်သူကောင်လေးကို
နှုတ်ဆက်နေတဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်… ကောင်မလေးရဲ့ မျက်ဝန်းထဲမှာ
မျက်ရည်တွေ တောက်ပလျှက်ပေါ့……….

ကောင်လေး        “ကောင်မလေး” ငါနင့်ကို အရမ်းလွမ်းတယ်။
ကောင်မလေး       ငါလည်းနင့်လိုပါပဲ ကောင်လေးရယ်……..
ငါနင့်ကို အရမ်းချစ်တယ်…..
ကောင်လေး               ငါလည်းနင့်ကို ချစ်ပါတယ်….ကောင်မလေးရယ်…..
………………………………………………………………….
ကောင်မလေး       မိုးအုံနေတယ်နော်…ကောင်လေး…… ဒီနေ့ မိုးရွာရင် ကောင်းမယ်။
ငါတို့ မိုးရေထဲမှာ လမ်းမလျှောက်ရတာ ကြာပြီနော်…..
ကောင်လေး        အင်း…ဟုတ်တယ်နော်…..   ဒါပေမယ့် မရွာလောက်ဘူး ထင်တယ်။
ဒီလိုနဲ့ သူတို့ပြန်ခါနီးမှာ ကောင်လေးက ကောင်မလေးကို
သူနိုင်ငံခြားသွားတော့မယ်လို့ ပြောတယ်။  နောက်ပြီး ကောင်လေးက သူပြန်လာရင်
ကောင်မလေးနဲ့ အတူနေမယ်လို့ ကတိပေးပြီး ကောင်မလေးကို
လက်ထက်ခွင့်တောင်းတယ်။  ကောင်မလေးရဲ့ ရင်ထဲမှာ တော်တော်ဆို့နစ်သွားတယ်။
ဒါပေမယ့် ကောင်မလေးက မျက်နှာမပျက်ပဲ ကောင်လေးရဲ့ တောင်းဆိုမှုကို
ခေါင်းငြိမ့်လိုက်တယ်။  ဒါဟာ ကောင်လေးနဲ့ ကောင်မလေးရဲ့
နောက်ဆုံးတွေ့ဆုံခြင်း ဆိုတာ ကောင်လေးရော ကောင်မလေးပါ
မျှော်လင့်မထားခဲ့ပါဘူး…..

ကောင်မလေးရဲ့ ရင်ထဲက တောက်လောင်နေတဲ့ မီးကို ဘယ်သူက စာနာပြီး ဘယ်အရာက
သက်သာစေမှာလဲ။  ကောင်မလေး တောင်းတနေတဲ့ မိုးရေ…..  နင်ဘယ်ရောက်နေလဲ…..
ကောင်မလေး ငိုနေပေမယ့် အလိုက်မသိတော့တဲ့ မိုးက ကောင်မလေးရဲ့ အနားမှာ
မရှိတော့………


ကောင်လေးလည်း ရက်အတော်ကြာ နိုင်ငံခြားသွားဖို့ အလုပ်ရှုပ်နေတာကြောင့်
ကောင်မလေးနဲ့ အဆက်အသွယ်ပျက်နေတယ်။ သွားဖို့ရက်က နီးလာတာကြောင့် ကောင်လေးက
ကောင်မလေးအိမ်ကို နှုတ်ဆက်ဖို့ သွားခဲ့တယ်။ လမ်းမှာ ကောင်မလေး ကြိုက်တဲ့
မုန့်နဲ့ပန်းတွေ ၀ယ်သွားခဲ့တယ်။  ကောင်လေး ကောင်မလေးရဲ့
အိမ်ရှေ့ကိုရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းကို ကောင်လေး မြင်လိုက်ရတယ်။
အရင်က လူဝင်လူထွက်နည်းတဲ့ ကောင်မလေးရဲ့ အိမ်မှာ လူတွေ စည်ကားနေပါတယ်….
ကောင်မလေးရဲ့ အမေက အဲဒီလူတွေကို မျက်ရည်တွေနှဲ့ဧည့်ခံနေတယ်။
ဧည့်ခန်းထဲရောက်တော့ ကောင်မလေးရဲ့ ဓါတ်ပုံရှေ့မှာ ထိုင်ပြီး
ဓါတ်ပုံလေးကို ကြည့်ပြီး ငိုင်နေတဲ့ ကောင်မလေးရဲ့ အဖေကို တွေ့လိုက်ရတယ်။
အဲဒီမြင်ကွင်းတွေဟာ ကောင်လေးရဲ့ ရင်ထဲမှာ ဆို့နစ်သွားတယ်။ နောက်တော့
ကောင်မလေးရဲ့ အမေရောက်လာပြီး ကောင်လေးကို ဧည့်ခံတယ်။  ကောင်မလေး
နှလုံးရောဂါနဲ့ ဆုံးသွားပြီ ဆိုတဲ့ အကြောင်းပြောပြတယ်။
ကောင်လေးမျက်လုံးတွေ ပြာသွားပြီး နားတွေထုံထိုင်းသွားတယ်….. ဧည့်ခန်းထဲက
ကောင်မလေးရဲ့ ဓါတ်ပုံကိုပဲ စိုက်ကြည့်နေမိတယ်…… ကောင်မလေးက ဓါတ်ပုံထဲကနေ
ကောင်လေးကို ပြုံးပြီးကြည့်နေလေရဲ့……


“အကို” ရုတ်တရက် ခေါ်သံကြားလို့ ကြည့်လိုက်တော့  ကောင်မလေးရဲ့ ညီမက
ကောင်လေးကို စာလေးတစ်စောင် လှန်းပေးလိုက်တယ်…. ကောင်လေး စာကို
ဖွင့်ကြည့်လိုက်တော့  ကောင်မလေးရဲ့ လက်ရေးနဲ့ ရေးထားတဲ့စာ….
ကောင်မလေးရဲ့ညီမက  ကောင်လေးကို ကောင်မလေး ဘယ်လောက်ချစ်တဲ့ အကြောင်း
ဆေးရုံရောက်နေတာတောင် ကောင်လေးဆီကို လာခဲ့တဲ့အကြောင်းကို ပြောပြတယ်…..


ကောင်လေး ရင်ထဲမှာ မချိ့အောင်ခံစားရတယ်…..  နောက်တော့
စာကိုဖွင့်ဖတ်လိုက်တော့  ကောင်မလေးရဲ့ လက်ရေးမညီမညာနဲ့ ရေးထားတာ
ကောင်မလေးဘယ်လောက်တောင် ခံစားခဲ့ရလည်း  ကောင်လေးသိလိုက်ရတယ်….
လှပညီညာတဲ့လက်ရေးတွေဟာ အခုတော့ မလှပမညီညာတော့ပါဘူး…
ကောင်လေးရေ…..
ငါနင့်ကို မပြောပြနိုင်ခဲ့တာ ခွင့်လွှတ်ပါ…ငါနင့်ကို ဖွင့်ပြောဖို့
ကြိုးစားတိုင်း ငါ့ရင်တွေ အရမ်းကို နာကျင်ရတယ်။ င့ါပါးစပ်ကနေ
ဖွင့်ပြောဖို့ ကြိုးစားတိုင်း ပျော်ရွှင်နေတဲ့ နင့်မျက်နှာ
ကိုမြင်လိုက်ရတော့ ငါပါးစပ်တွေ ဆွံ့အသွားတယ်… ငါတောင်းပန်ပါတယ်….
နင့်ကိုချိန်းပြီး မလာမိတဲ့အတွက်ပါ…. တကယ်တော့ အဲဒီနေ့က ငါဆေးရုံကနေ
ဘယ်လိုမှ ထွက်လို့မရလို့ပါ…. နောက်ပြီး အဲဒီနေ့က ငါသိခဲ့ရတာက
ငါကြာကြာမနေရတော့ဘူး ဆိုတာပဲ ။နောက်နင်နဲ့တွေ့တဲ့နေ့က ငါနင့်ကို
ဖွင့်ပြောဖို့ကြိုးစားပေမယ့် အိမ်မက်တွေစိတ်ကူးတွေနဲ့ ပြည့်နှက်နေတဲ့
နင့်ကို င့ါဘယ်လိုပြောထွက်မှာလဲ ကောင်လေးရယ်…………


ကောင်လေးရဲ့ အိမ်ပြန်လမ်းမှာ  ကောင်မလေး မျှော်နေတဲ့ မိုးက ကောင်လေးရဲ့
အလွမ်းတွေနဲ့ အတူ အဖော်ပြုရင်း ငိုနေလေရဲ့…….. မိုးသံတွေကြားထဲမှာ
ကောင်လေးတစ်ယောက် စာရွက်လေးတစ်ရွက်ကို ကိုင်ကာ အော်ဟစ်ငိုကြွေးလျှက်
ပျောက်ဆုံးသွားတဲ့  ကောင်မလေးကို ရှာနေဆဲ………..


ကောင်မလေးရေ………  နင်ဘယ်ရောက်နေလဲ…..  နင်ငါ့ကိုပြောခဲ့တာ နင်ငါနဲ့
မိုးရေထဲမှာ လျှောက်သွားချင်တယ်ဆို….
နင်မျှော်နေတဲ့မိုးလေ…အခုရွာနေပြီ……နင်ဘယ်မှာလဲ…..ထွက်ခဲ့ပါတော့…..
ကောင်မလေးရယ်…………..

တကယ်ချစ်ဖို့

ဝေးနေလည်းဖြစ်တယ်..

နီးနေလည်းဖြစ်တယ်

အဓိကကချစ်နေဖိုပါပဲ....

ဒါပေမယ့်

တကယ်ချစ်ဖို့ က

ပိုအရေးကြိးပါတယ် ။

ရှင်းရယ်................

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About