♥♥♥ခေတ်သစ် ရိုမီယိုနှင့် ဂျူးလိယက်..♥♥♥

http://images.fanpop.com/images/image_uploads/Romeo---Juliet-romeo-and-juliet-431830_1024_768.jpg

 


 


 


 


 


 


သွယ်တစ်ယောက်...   ဆေးရုံဆိုတဲ့ အရာကိုအရမ်းမုန်းနေမိသည်..။သူ့အသက် ၁၃နှစ် ၈တန်းကတည်းက


တက်လိုက်ရတဲ့ဆေးရုံဆိုတာ... ယခု ၁၇နှစ်ရှိတဲ့အထိပါပဲ..။ ဆင်းရတယ်ဆိုလည်း ဘယ်လောက်မှကို


မကြာ..။ ၁လခြား၊၂လခြားလောက်.... ဆေးရုံကိုပဲပြန်ပြန်ရောက်နေတော့ သူမအရမ်းကို စိတ်ညစ်နေမိသည်။



သူမ မွေးကတည်းက အရမ်းကို ချမ်းသာတဲ့ မိသားစုမှာ မွေးဖွားလာခဲ့တော့... လူဖြစ်ရတာကို အရမ်း ကျေနပ်


နေမိခဲ့သည်..။ ပြီးပြည့်စုံသော လူတစ်ယောက် ဘယ်သောအခါမျှမရှိဆိုသကဲ့သို့ပင်. .. သူမမှာ သွေးကင်ဆာ


ရောဂါဆိုး ရှိနေခဲ့သည်..။ သေဆုံးရမည့်နေ့ကို သူမ ထိုင်မျှော်ကာ စောင့်နေရသည်..။ နေ့စဉ်နေ့စဉ်ကို


လူကို ပျော့ခွေနုံးကျ သွားစေသော   ကင်ဆာဆေးပြင်းများကို သောက်ရသည်..။  သူမကိုကြည့်လိုက်လျှင်..


အမြဲမျက်ကွင်းလေးက ညိုလို့..၊  ဆံပင်ကလည်း ကျဲလိုက်တာ  ဦးရေပြာကိုပင် မြင်နေရသည်..။  သူမပင်ကိုယ်



ရုပ်ကလေးက တကယ်ကို ချစ်ဖို့ကောင်းပါသည်..။ ကော့ပျံနေသော မျက်တောင်များ၊ ထူထဲကာ ကကြီးပုံစံ


နှုတ်ခမ်းဖူး၊ နှာတံစင်းစင်းလေးနှင့်  အမှန်တကယ်ပင် မိန်းကလေးဆန်ဆန်လှပါသည်..။


 


သူမ....  မိဘများနှင့် တစ်ရက်တစ်ခါသာတွေ့ရသည်..။  အဖေက အလုပ်အားလာကြည့်လိုက်..၊အမေကလာ


ကြည့်လိုက်..။ သူမကို  အရမ်းချစ်တာကို တော့ သိပါသည်..။ သို့သော်အများအားဖြင့်  ငယ်ငယ်ထဲက



သူမ ကို ထိန်းကျောင်းလာခဲ့သော...  အဒေါ်ကြီးတစ်ယောက်နှင့်သာ... ဆေးရုံတွင်နေရမြဲဖြစ်သည်......။


သည်နေ့ညမှာတော့...  သူမ ပေးလာသော ဆေးများကို လုံးဝ မသောက်နိုင်တော့..။ ဆေးကိုမြင်ရုံဖြင့်ပင်


အန်ချချင်စိတ်ပေါက်လာသည်..။ ထို့ကြောင့် အဒေါ်ကြီးကို စွပ်ပြုတ်ဝယ်ခိုင်းကာ   ပ  ထုတ်လိုက်ပြီး....


ဆေးတောင့်များကို ပြူတင်းပေါက်မှ လွင့်ပစ်လိုက်သည်..။ သူမ... အပြင်ကို မထွက်ရတာ..ဘယ်လောက်တောင်


ကြာပြီလဲ..။ နေရောင်ခြည်ရဲ့ အထိအတွေ့ကိုလည်း ပြတင်းပေါက်မှပင် ခံစားရသည်..။ သူမခြေဖ၀ါးလေးတွေ



က... မြေကြီးဖြင့် မထိရတာ ကြာလှပြီဖြစ်ပေသည်..။ သူမ   အပြင်ကို ခဏလောက်ဖြစ်ဖြစ်ထွက်ကာ....


လေကောင်း လေသန့်ရှူလိုက်ချင်သည်..။   အပြင်ကိုထွက်ပြီး...စားသောက်ဆိုင် တစ်ဆိုင်ဆိုင်ကို ထိုင်ကာ


စားလိုက်ချင်သည်..။   ပန်းခြံနှင့် ဘုရား အစရှိသော သာယာသည့်နေရာများကို သွားလိုက်ချင်သည်.....။


 


ခဏထထွက်သွားလိုက်လျှင်... ဖေဖေတို့စိတ်ပူမည်ကို သိသည်..။ သို့သော် သူမ ဘယ်လိုမှ... သည်းမခံနိုင်တော့..။ ဘယ်လိုပဲဖြစ်ဖြစ်..မသေခင်မှာ..   တစ်ရက်လောက်ဖြစ်ဖြစ် ပျော်ပျော်ရွှင်ရွှင်လေးနေသင့်



သည်ဟုထင်ပါသည်.။ထို့ကြောင့်.. သွယ်.. သူမလက်နုနုလေးထဲသို့ ထိုးစိုက်ထားသော.. ဆေးပိုက်အချို့ကို


မျက်စိမှတ်ကာ ခပ်ကြမ်းကြမ်းဆွဲဖြုတ်ပြီး..နားထင်နှစ်ခုမှပလာစတာ များကိုဆွဲခွာလိုက်သည်..။  သူမ


မတ်တပ်ထရပ်လိုက်တော့ လမ်းမလျှောက်တာ တစ်ပတ်ကြာပြီဖြစ်၍ ခြေထောက်များကျင်နေသည်..။


ထော့နဲ့ ထော့နဲ့ဖြင့် သူမှ ဆေးရုံ မှ ခပ်သုတ်သုတ်ထွက်လာခဲ့သည်..။ 


 


 


××××××××××××××××××××××××××××××××××××××××××××××××××××


 





မင်းထက်.. သည်နေ့အတော်ပင် စိတ်ညစ်နေမိသည်..။  ညီမလေးကို ဘယ်လိုမှ ချော့မော့လို့မရလို့ပေါ့..။


ငိုနေလိုက်တာကလည်း  ရှိုက်ကာရှိုက်ကာ.. တအိအိနှင့် တက်သွားမည်ဆိုး၍ ရင်ဘတ်ကို သပ်ကာ သပ်ကာ


ပေးနေရသည်..။ ညီမလေး ငိုရသည်.မှာ တခြားကြောင့်မဟုတ်ပါ..။ နေ့စဉ် ရန်ဖြစ်ကာ.. တစ်ယောက်ကို


တစ်ယောက် တွန်းထိုးရိုက်ပုတ်နေကြသော  မိဘနှစ်ပါးကြောင့်..။ မင်းထက်အတွက်တော့ ဘာမှမဆန်းတော့။


ညဆိုလျှင် အဖေကအရက်မူးပြန်လာမည်..။ အမေက ဆဲမည်..။အဖေက အမေ့ကို ရိုက်မည်...။နောက်..


နှစ်ယောက်သားတွန်းကာ၊ထိုးကာ.. သူနှင့် ညီမလေးကို ရှိသည်ဟုတောင်မထင်ပဲ.. သတ်ကြ ပုတ်ကြပေဦးမည်



။  မင်းထက်လည်း.... သူ၈တန်းနှစ်က စီးပွားရေး အဆင်မပြေဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာ  မကြာမကြာ


ဖြစ်နေကြဆိုတော့... သူ့အတွက်  မဆန်းတော့ပဲ  စိတ်ညစ်စေသော်လည်း လျစ်လျူရှုနိုင်နေပြီ..။ ညီမလေး


ကတော့ မဖြစ်နိုင်..။ယခုမှ ၂တန်း..။မိဘမေတ္တာကို  အေးအေးမြမြခံယူကာ  နေထိုင်ရမည့် နုနုနယ်နယ်...



ကလေးလေးသာ..။ စိတ်ထိခိုက်သွားလျှင် ၇နှစ်အရွယ်ကလေးအတွက်မလွယ်..။ထို့ကြောင့် မင်းထက်ကပဲ


ညီမလေးကို ဂရုတစိုက်..ထိန်းကျောင်းပေးနေရသည်..။


 


အိမ်ရှေ့မှ အော်ဟစ်သံများ ကြောင့်.. မင်းထက်ညီမလေး  နားနှစ်ဖက်ကို လက်ဝါးဖြင့် ပိတ်ကာ... အကျယ်ကြီး


အော်ငိုနေလေသည်။ဘယ်လိုမှလည်း ချော့လို့ မရတော့..။ သူလည်း ၄နှစ်တိတိသည်းခံလာခဲ့ပြီ..။ သည်လို


ကလေးကို စိတ်ထိခိုက်အောင် မိဘတာဝန်မကျေပွန်စွာလုပ်နေတာကို သူဘယ်လိုမှ သည်းမခံနိုင်တော့...။


ထို့ကြောင့် သူ့ အော်ဟစ်သံများထံသို့ စူးစူးရဲရဲ ကြည့်လိုက်ပြီး..  ခပ်သုတ်သုတ်လျှောက်လာကာ.... ဆွဲရုန်း



နေကြသော  မိဘနှစ်ပါးကို အားဖြင့်ဝင်တိုက်ကာ  လူခွဲပစ်လိုက်သည်..။ သူ့ရင်ထဲမှာ.. မိဘနှစ်ပါးကို...


တွန်းလိုက်ရသည့်အတွက်ကြောင့် မကောင်း.။ထို့ကြောင့်.. မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာပြီး... စူးစူး


ရဲရဲ ကြည့်ကာ.. အိမ်တံခါး ဂျိုင်းခနဲ နေအောင် ဆွဲဖွင့်ကာ ပြေးထွက်လာခဲ့တော့သည်..။သူထွက်လာတော့


အိမ်ထဲတွင် ဆူညံသံများ တခဏတိတ်သွားသည်ကိုတော့.. သတိထားမိခဲ့သည်..။


 


 


မင်းထက် ခြေဦးတည့်ရာ လျှောက်နေခြင်းတော့မဟုတ်..။  ၅လမ်းကျော်က ဘုရားကျောင်းသို့..။  သည်အချိန်



တော့လူရှိမည်မထင်..။သို့သော်..  သူစိတ်တည်ငြိမ်စေရန်  ဟားလေးလူရာ သီချင်းတစ်ပုဒ်လောက်......


ခပ်ကျယ်ကျယ် ညည်းလိုက်ရလျှင် အတော်ပင် သက်သာ သွားလိမ့်မည်ဟုထင်မိပါသည်.။ သူဘုရားကျောင်းထဲ


ကိုဝင်လာတော့..။ သူတစ်ယောက်ထဲမဟုတ်..။ လက်နှစ်ဖက် တင်းတင်းဆုပ်ကာ.. ဆုတောင်းနေသော


မိန်းမပျိုငယ်လေးကိုလည်း မြင်ရသည်..။ ဦးထုပ်လေးကိုဆောင်းကာ.. အတော် ပင်ပိန်ပြီး ဖွေးဆွတ်နေသော


ထိုကောင်မလေးကို.. သတိထားကြည်ရှုလိုက်ပြီး.. ခုံတစ်နေရာတွင်ထိုင်နေပြီး..  မျက်လုံးကိုမှိတ်ကာ...


ဟားလေးလူရာ သီချင်းကို ခပ်ဟဟဆိုရင်း  ဘုရားသခင်ထံမှ ကောင်းချီပေးပါဟု ဆုတောင်းနေမိသည်...။



သူ့သီချင်းဆုံးသွားတော့... သူ့စိတ်ထဲတွင်အတော်လေးပင်ကြည်လင်သွားသည်..။


 


မျက်လုံးကိုဖွင့်ကြည်တော့  မင်းထက် ရှေ့တည့်တည့်မှာထိုင်ကာ အပြုံးနှင့် စိုက်ကြည့်နေသော ကောင်မလေးကို


မြင်၍ လန့်သွာသည်..။


အာ... ဟေး.. မင်း ဘယ်လိုရောက်လာတာလဲ.. ဟုအပြုံးဖြင့်မေးလိုက်သည်...။


ဘယ်လိုရောက်လာရမှာလဲ.. ဟိုဘက်နေသည်ဘက်ကိုလျှောက်လာတာပေါ့..


အော်..အေး ဟုတ်တာပေါ့.. မင်းကတမျိုးပဲနော်.. ဆေးရုံအ၀တ်အစားကြီးနဲ့



ဟုတ်တယ်လေ... ဆေးရုံမှာ မွန်းကြပ်လွန်းလို့ ထွက်ပြေးလာခဲ့တာ...


ဟေ... ထွက်ပြေးလာတယ်.. အိမ်ကစိုးရိမ်နေမှာပေါ့


သေချာတာပေါ့ရှင်..  ခုလောက်ဆိုဒေါင်းတောက်အောင်ရှာနေလောက်ပြီ..


သူမက... စိတ်ပျက်လက်ပျက်ဖြင့်... မေးလေးထောက်ကာ.. သူ့ကိုကြည်ရင်းပြောသည်.။ သူမကတကယ်ကို


တစ်မျိုးပါ..။ ညကြီးမင်းကြီးလည်း တစ်ယောက်ထဲကျောင်းထဲရောက်နေသေး..။ ယောက်ျားလေးတစ်ယောက်


ရဲ့ ရှေ့တည့်တည့်ကို လာထိုင်ပြီးစကားတွေ ပြောနေသေးတယ်..။ သူမကပြောပါတယ်.  ရှင့်ကို..


လူကောင်းလို့ထင်ပြီးသားပါ.တဲ့..။  မင်းထက် ဒေါသထွက်ပြီးလာတဲ့ ရုပ်က လူကောင်းပုံတော့ပေါက်သေးသား



ပဲ ဟုတွေးမိသည်..။သူမနဲ့  မင်းထက် တော်တော်အဆင်ပြေသည်..။ စကားပြောလို့ဆိုလို့ကောင်းသည်..။


သူမဘယ်အချိန်ကတည်းက သည်လို လွတ်လွတ်လပ်လပ် စကားမပြောရသည်မသိ..။တချိန်လုံးသူမကပင်


ဦးဆောင်ကာ  ပြောနေလေသည်..။ပြောရင်း  သူမက ရယ်စရာတွေ့သွားကာရယ်လိုက်..။  သူမဒုက္ခများကို


ပြေကာ မျက်ရည်ဝဲလာလိုက်ဖြင့်..။ သူမနှင့် သူလရောင်အောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း



တစ်ယောက်ဒုက္ခကို တစ်ယောက်ပြောပြရင်း  ဖွင့်ထုတ်ပြစရာမလိုပဲအတော်ပင်ရင်းနှီးသွားခဲ့သည်..။


 


သူမ.. မင်းထက်မိဘများအကြောင်းကြားတော့ စိတ်မကောင်း..။  သူမကိုယ်ချင်းလည်းစာမိပါသည်..။ သူမလည်း


နည်းနာ တစ်မျိုးဖြင့် မိဘများ၏မေတ္တာကို ငတ်မွတ်နေသူဖြစ်သည်..။  ယခုဆယ်နာရီပင်ထိုးနေပြီဖြစ်သည်..။


သူမ.. ဆေးရုံကို သည်ညတော့ ပြန်ဖြစ်တော့မည် မဟုတ်..။  စကားပြောဖော်တစ်ယောက်ရနေပြီဆိုတော့



ညနက်သည် အထိ ဘုရားကျောင်းမှာပင်နေဖြစ်မည်ထင်သည်..။  တစ်ယောက်ကိုတစ်ယောက်  အပြန်အလှန်


နားလည် နှစ်သိမ့်ပေးရင်း.. သူမ မင်းထက်၏ပခုံးများအပေါ်တွင်မှီလိုက်သည်.။ မင်းထက်ကတော့ အပြုံးတစ်ပွင့်


သူမထံသို့ခြွေသည်..။ သူကြယ်များကို ငေးကြည့်နေတာကို သွယ်မြင်နေရသည်..။ သွယ်ဘာကြောင့်ရယ်မသိ။


မင်းထက်ကို မြင်မြင်ချင်း ချစ်မိသွားပြီထင်သည်..။ သူမ တခဏအိပ်ပျော်သွားခဲ့သည်..။


 


××××××××××××××××××××××××××××××××××××××××××××××××××××


 



 




သူမနိုးလာတော့ ပတ်ဝန်းကျင်က မှောင်နေဆဲ..။ မင်းထက်ကလည်း သူမကို ပြန်မှီကာ အိပ်ပျော်နေခဲ့သည်..။


သူမနိုးလာတော့ မင်းထက်လည်း နိုးလာသည်..။ သူမခေါင်းက တဆစ်ဆစ်ကိုက်လာ၍  ဆေးတောင့် တစ်ချို့


ကို အိပ်ကပ်ထဲမှ ထုတ်ကာ မြိုချလိုက်လေသည်..။ မင်းထက်က သူမကိုကြည့်ရင်း..


သွယ်.. နှာခေါင်းသွေးကျလာပြီ...ဟုဆိုရင်း..  အင်္ကျီတစ်စကိုဆွဲဖြဲကာ... သိပ်ပေးလိုက်သည်..။


အော်...... အဲ့လိုပဲ.. သွေးကခဏခဏ ထွက်နေတာ..ဘာမှမဖြစ်ပါဘူး ဟုသွယ်ပြုံးကာပြောလေသည်..။



သူမက နှုတ်ခမ်းများက ဘာမှမဖြစ်ဘူးဟုပြောသော်လည်း သူမမျက်ဝန်းများက သည်ရောဂါကြီးကို


မကောင်းဆိုဝါးတစ်ကောင်လို ကြောက်လန့်နေတာသေချာသည်..။ ဘယ်အချိန်များ နာကျင်မှုတွေလာမလဲ၊


ဘယ်တော့မှာ.. သွေးတွေထွက်လာမလဲ ဆိုပြီး ကြောက်လန့်တုန်လှုန်နေတာသေချာသည်..။ သူမအရဲစွန့်ကာ


နေနေသော်လည်း သူမ တစ်ကိုယ်လုံးတုန်လှုပ်နေတာ မင်းထက်သတိထားမိသည်..။ မင်းထက်.. ကြင်နာစွာ


သိုင်းဖက်လိုက်ပြီး...


မကြောက်ပါနဲ့ သွယ်ရယ်.. ကိုယ်ရှိတယ်. နာကျင်မှုတွေနောက်ထပ်မလာတော့ပါဘူးဟု ပြောတော့..သွယ်လည်း  မင်းထက်၏ ပုခုံနှစ်ဖက်ကို တင်းတင်း ဖက်ကာ..


သွယ်... ဘယ်နေ့ သေရမလဲ မသိပါဘူး... မင်းရယ်.. ဟုပြောကာ ရှိုက်ရှိုက်ငိုတော့.. မင်းထက်လည်း.. သနား



ကာ.. မျက်ရည်များဝဲကာ..  ဆံပင်ကျဲကျဲလေးကို သပ်ပေးရင်း...


ကိုယ် တစ်ကယ်ပြောတာပါ.. သွယ် ဘယ်တော့မှမသေပါဘူး.. ကိုယ် ကာကွယ်ပေးမှာပါ..ဟုနက်နက်ရှိုင်းရှိုင်း


ပြောခဲ့လေသည်..။ လရောင်နုနုလေးကတော့ သူတို့နှစ်ယောက်အပေါ် ညင်သာစွာ ဖြာကျနေခဲ့သည်.....။


 


တခဏနေတော့ မင်းထက် မီးပန်းတစ်ချို့ သွား ၀ယ်လာသည်..။ သွယ်ကမြင်တော့. ပြုံးကာ..


ဟာ... မီးပန်းတွေလား...


အင်းလေ..   မလွှတ်ဖြစ်တာ ကြာပြီမလား..



အင်းအင်း ဟုဆိုပြီး သူမ  ကြည်ကြည်လင်လင်လေးပြုံးနေသည်..။ မင်းထက်မီးစာကို မီးရှို့လိုက်ပြီး... အထက်


ဝေဟင်သို့.. ထောင်ထားလိုက်သည်..။ သွယ်လည်း ပျော်ရွှင်စွာကြည့်နေခဲ့သည်..။ မီးတိုင်ထိပ်မှာ....


မီးရောင်စုံများ ရွှီး ကနဲ ထွက်သွားပြီး ဝေဟင်ထက်တွင် ရဲကာ တောက်ပသွားတော့.. သူမ ပျော်ရွှင်စွာ..


ရယ်မောနေခဲ့သည်.။ မင်းထက်.. သူမပျော်ရွှင်တာ မြင်တော့... သူလည်း ရင်ထဲ အသည်းထဲက  ၀မ်းသာ


ကြည်နူးနေမိသည်..။ သေချာပါသည်...။ သူ သွယ့်ကို မြင်မြင်ချင်း ချစ်မိနေပြီထင်သည်..။ သွယ့် နဖူးလေးကို


မျက်စိမှိတ်ကာ ငြင်သာစွာနမ်းရှိုက်လိုက်လေသည်..။



 


××××××××××××××××××××××××××××××××××××××××××××××××××××


 




မင်းထက် ကျော်ဘက်မှ အား တစ်ခုကြောင့် ပက်လက်လန်ကျသွားသည်..။  နောက်မှလည်း  အပြစ်တင်


အော်ဟစ်သံများလိုက်လာခဲ့သည်..။  လူတချို့ရောက်လာကြသည်..။ လူကြီးတစ်ယောက်က  သူ့အား..



လည်ပင်းမှဆွဲကာ  ခပ်ပြင်းပြင်း ထိုးလေသည်..။


သွယ်က ဖေဖေ.. မလုပ်နဲ့... ဟုစူးစူးရှရှ အော်ကာ ငိုလေသည်..။ မင်းထက်သဘောပေါက်လိုက်ပါပြီ..။ သွယ့်မိဘများဖြစ်ပေမည်..။ သူတို့သမီးလေးကို အကြံဖြင့်ခေါ်ထားသည်.. ထင်ကာ  ဆုံးမခြင်းဖြစ်ပေလိမ့်မည်.။ သူ့အား..လူကြီးတစ်ချို့ ဆွဲထူကာ ရုံးသို့ခေါ်သွားခဲ့ကြလေသည်..။ဘယ်လိုပဲဖြစ်ဖြစ်.. တမျိုးထင်စရာ


ကောင်းသွားပြီကိုး။


ဖေ့ဖေ့တို့ မင်းကို ဘာလုပ်ကြတာလဲ.. ဖေဖေတို့ထင်သလိုမဟုတ်ဘူးနော်..ဟုအော်ကာငိုနေတော့... သူလည်း


ကိုယ်ဘာမှမဖြစ်ဘူးသွယ်... ကျန်းမာရေးဂရုစိုက်နော်ဟု ကြားအောင်လှမ်းအော်လိုက်လေသေးသည်..။



သူ့အား.. မကြာခင် အချုပ်ထဲသို့ခေါ်သွားခဲ့လေသည်..။  သူ့မိဘများလည်း ရောက်လာကြသည်..။ ငိုကာ


ယိုကာဖြင့်..။ မင်းထက် လှည့်ပင်မကြည့်ခဲ့..။  သူစိတ်အနာကြီးနာနေပြီ..။  သူ့ကို သွယ့်ဘက်မှတရားစွဲထားသည်တဲ့..။ ရက်ပိုင်းအတွင်း ရုံးတင်မည်ဟု ပြောလေသည်..။  သူ ဘာကိုမှ


မကြောက်ပါ..။  သွယ် စိတ်ထိခိုက်ကာ တစ်ခုခုဖြစ်မှာကိုပဲ စိုးရိမ်မိသည်..။ နောက်.. နာရီပိုင်းသော..


အချိန်လေးကို လွမ်းမိသည်..။



 


သူ့ စိုးရိမ်မှုမှန်ကန်ခဲ့ပါသည်...။  တစ်ပတ်ခန့်အကြာ.. သွယ်.. သေဆုံးခဲ့လေသည်..။ သူ့တို့သမီးဆန္ဒဖြင့်..


သွယ့်မိဘများ သူ့ကို ကျေအေးခဲ့ကြသည်...။ မင်းထက် ရင်ထဲတွင်  အချုပ်မှလွတ်လာသော်လည်း...


မည်သည့် ပျော်ရွှင်မှုမှ မရှိခဲ့..။   သွယ်က သည်လောကထဲမှာမှ မရှိတော့ပဲ..  ရှင်သန်ရတာ..ဘာအဓိပ္ပာယ်


ရှိတော့မှာလဲလေ..။  သူအိမ်ပြန်ရောက်တော့.. သူ့ညီမလေးက ဆီးဖက်သည်..။   သူတခဏအကြာ နှုတ်ဆက်



ပြီး... အိပ်ခန်းထဲသို့ဝင်ခဲ့လေသည်..။ ထူးထူးခြားခြား.. သည်တစ်ည သူ့မိဘများ တည့် ကာပျော်ရွှင်ရယ်မောကြလို့..။ သူကတော့ အလွမ်းနယ်ထဲတွင်နစ်မြုပ်ကာ..  သွယ့် အပြုအမူ၊အပြောအဆိုများ၊


ရယ်သံများ၊ ငိုသံတချို့နှင့်  ပျော်ရွှင်မှုများကို မြင်ယောင်နေမိသည်..။  သူတို့နှစ်ယောက်လုံး တစ်ယောက်ကို


တစ်ယောက် ချစ်တယ် ဟုပင်မပြောလိုက်ရပဲ ခွဲခွာခဲ့ရသည်..။  သည်လိုအဖြစ်မျိုးကို မင်းရင်ထဲတွင်မချိတင်ကဲ။



သူ့ရင်ထဲမှာ ရှိတာကို.. သွယ် သိကိုသိသွားမှဖြစ်ပေမည်.။ သွယ်ဘ၀ရောက်ရောက် သိအောင်လိုက်ပြောမည်။


 


မင်းထက်... အခန်းထောင့်မှ... အရက်ပျံ ပုလင်းကိုပြေးယူသည်..။ ဘာမှမစဉ်းစားတော့ပဲ.. မော့သောက်လိုက်


သည်..။ တစ်ငုံသာသောက်လိုက်ရသည်..။ဆိုးဝါးသောအနံနှင့်..  ပူပြင်းလှသောကြောင့် ချက်ချင်းလွှတ်ချထား


လိုက်သည်..။ မကြာပါ.။ သူဗိုက်အရမ်းနာလာပြီး... အခန်းကြမ်းပြင်တွင်လူးလိမ့်ကာ...  အသက်ထွက်သွားခဲ့


သည်..။  


 


မင်းထက်တစ်ယောက်... သူမသေဆုံးခင်ပင်..



သွယ် သူ့ထံသို့ သွယ်ရောက်လာခဲ့သည်ကို သိပါလျှင်..?????..




(သွယ်မသေခဲ့ပါ...။  သူမ၏မိဘများသည်...  သွယ်စိတ်ဆင်းရဲမည်ကို စိုး၍ လွှတ်ပေးခဲ့ခြင်းဖြစ်သည်..။ သွယ်


သေသည်ဟု ညာပြောပြီး နောက်အဆက်အသွယ် ပြတ်စေလိုသည်မှာ သွယ့်မိဘများ၏အတွေး..။သွယ်.....


တစ်ယောက် ဆေးရုံမှ ဒုတိယအကြိမ်  ထွက်ပြေးကာ..  မင်းထက်ထံသို့အရောက်လာခဲ့ပါသည်...။ သို့သော်..



သူမရရှိခဲ့တာက.. ချစ်သူ၏ ရုပ်အလောင်းသာ..။ သူမ ဘယ်လိုမှ မခံစားနိုင်ခဲ့..။  သူမလည်း...ကျန်ရှိသော


အရက်ပျံအချို့ကို မော့ကာ မင်းထက်ဘေးတွင် လှဲရင်း...  မျက်ရည်များဖြင့်သေဆုံးခဲ့ပါသည်..။ သူတို့နှစ်ယောက် ထပ်မံ၍ ရှင်သန်မလာနိုင်တော့ပါ..။ သို့သော်... သူတို့သေဆုံးချိန်ထိ ဆွဲကိုင်ခဲ့သော 


တွဲလက်များသည် နောင်ဘ၀တိုင်ပြုတ်မည်မဟုတ်ပေ..။)

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About