တန်ဖိုး

တစ်ခါက တောထဲက ဂူကြီးတစ်ဂူထဲမှာ
ဝက်ဝံ မိသာစုနေထိုင်ကြသတဲ့...

သူတို့ မိသားစုထဲမှာ
ပျင်းတဲ့ဝက်ဝံပေါက်လေး နှစ်ကောင်လည်းပါတယ်...
သူတို့နှစ်ကောင်ဟာ အပျင်းထူပြီး အစာရှာမစားကြဘူး...

ရေသာခိုပြီး သူများတွေဆီကပဲ အစာကိုတောင်းယူစားတယ်...
ဒါကြောင့် သူတို့နှစ်ကောင်လာရင် တစ်ခြားတိရစ္ဆာန်တွေက အဝေးက ရှောင်ပြေးကြတယ်...

ဒါကို သူ့ အမေ၀က်ဝံမကြီးက ဆုံးမပေမယ့် သူတို့က နားမထောင်
ကြဘူး...
အမေအစထပ်ပေးပါဦး မ၀သေးလို့...
နင်တို့နှစ်ကောင်က ဘယ်လိုဆုံးမ ဆုံးမ မရပါလားဟာ...

ဒီလိုနဲ့ တစ်နေ့မှာတော့ ၀က်ဝံ ဖအေကြီးဟာ ပြောမရတဲ့သူ့ သား နှစ်ကောင်ကို ဂူကနေ မောင်းထုတ်လိုက်သတဲ့...
သူတို့နှစ်ကောင်ကတော့ လွတ်လွတ်လပ်လပ် နေရတယ်ဆိုပြီးတော့
ပျော်ပျော်ပဲထွက်လာတယ်...
သူတို့နှစ်ကောင်ဟာ လျှောက်သွားရင်းနဲ့ နေ့လည်ရောက်တော့ဗိုက်ဆာလာကြတယ်...
အားပါး ဗိုက်ဆာလာပြီ စားဖို့ဘာမှ မရှိဘူး...
ဒါနဲ့လမ်းမှာတွေ့ တဲ့တိရစ္ဆာန်တွေဆီက လိုက်တောင်းကြတယ်...
တိရစ္ဆာန်လေးတွေက သူတို့နှစ်ကောင်ကိုတွေ့ တာနဲ့ေ၇ှာင်ပြေး လစ်ပြေးကြတာပေါ့...
သူတို့နှစ်ကောင်လည်း ဗိုက်ဆာတာနဲ့လဲအိပ်နေတုန်း သူတို့အနားက ကြွက်တစ်ကောင်ဖြတ်ပြေးသွားတာတွေ့ ရတယ်...
အော ဟိုချုံပုတ်ထဲဝင်ပြေးသွားပြီကွ...
ဟေ့ကောင် ငါအရင်တွေ့ တာ ငါ့အစာ မင်းနဲ့မဆိုင်ဘူး
မဟုတ်ဖူး ငါ့အစာကွ...
သူတို့နှစ်ကောင်ဟာ သူ့ အစာကိုယ့်အစာအငြင်းပွားနေတုန်းကြွက်ကချုံထဲကို
ဝင်ပြေးသွားတော့တယ်...
ဒီတော့မှ သူ့ ကြောင့် လွတ်တာ ငါ့ကြောင့်လွတ်တာဆိုပြီးတော့ရန်ထဖြစ်ကြတယ်...
သူတို့နှစ်ကောင်ဟာ ဒေါသကလည်းထွက်ဗိုက်ကလည်းဆာနဲ့မို့ ရိုက်ကြ နှက်ကြသတဲ့...
နောက်တော့ဝက်ဝံအငယ်ကောင်က အစ်ကိုဖြစ်သူကိုခဲနဲ့ကောက်ပစ်ပြီးထွက်ပြေးသွား
တယ်...ဒီအခါ အကြီးကောင်ဝက်ဝံကလည်း နောက်ကလိုက်တာပေါ့ အငယ်ကောင်က အခေါင်းပေါက်ဖြစ်ပြီး လဲကျနေတဲ့သစ်ပင်ခေါ်င်းထဲ ၀င်ပြေးတယ်...
အကြီးကောင်ကလည်းအနောက်က၀င်လိုက်တယ်...
ဝက်ဝံ အငယ်ကောင်က သစ်ခေါင်းပေါက်အ၀ကခေါင်းထွက်ပြီး ကိုယ်က တစ်နေသတဲ့...
အကြီးကောင်ကတော့ သစ်ခေါင်းထဲကိုခေါင်းက၀င်ပြီး
ဖင်ပိုင်းတစ်နေတယ်...အကြီးကောင်က လန့်ပြီးရပ်လိုက်တော့ ကိုယ့်အရှည်ကြီးနဲ့ဝက်ဝံပုံဖြစ်နေတာပေါ့ကွယ်...
သူတို့ နှစ်ကောင်ဟာ ယိမ်းထိ ယိမ်းထိုးနဲ့ဖြစ်နေတုန်း တောထဲက သတ္တ၀ါလေးတွေဟာ ဘာကောင်ကြီးလဲဆိုပြီး လာဝိုင်းကြည့်နေကြတယ်...
ဝက်ဝံနှစ်ကောင်လည်း ယိုင်ထိုးပြီးလျှောက်လာရင်း ချော်လဲကျတော့သတဲ့...
သူတို့နှစ်ကောင်ဟာသစ်ခေါင်းစွပ်လျှက်နဲ့တောင်
စောင်းအတိုင်းလိမ့်ပြီးပြုတ်ကျသွားတယ်...
တောင်စောင်းအောက်က သစ်ပင်ကြီးနဲ့တိုက်မိပြီး သစ်ခေါင်းကြီးကွဲသွားသတဲ့ကွယ်...
သစ်ခေါင်းကြီးဟာ အစိတ်စိတ်အမွှာမွှာကွဲထွက်သွားပြီး အပြင်ရောက်သွားတယ်...
ဘေးကကြည့်နေတဲ့ တိရစ္ဆာန်တွေက ၀က်ဝံ ညီနောင်မှန်းသိသွားတယ်...
ဒီတော့မှသူတို့အကြောင်းသိနေလို့ေ၇ှာင်ပြေးကြတယ်
ဒီအချိန်မှာ သူတို့အနားကိုယုန်မကြီးတစ်ကောင်ရောက်လာ
တယ်...ဒီ ထင်းတွေက မင်းတို့ခွဲထားတဲ့ထင်းတွေလား
ငါ့မှာထင်းကုန်နေတာနဲ့ အတော်ပဲငါ့ကိုပေးပါလား...
ဒါနဲ့တစ်လက်စတည်းငါ့အိမ်ကိုသယ်ပြီးပို့ပေးပါလားကွယ် အိမ်ကဒီနားလေးတင်ပါ...
ဒီအခါဝက်ဝံနှစ်ကောင်ကသူုတို့ကို

ဒုက္ခပေးတဲ့သစ်ခေါင်းအစတွေကိုပိုက်ပြီးယုန်မကြီးဆီလိုက်ပို့ပေးလိုက်တယ်...ကျေးဇူးတင်လိုက်တာကွယ်
ငါ့မှာရှိတဲ့ အသီးအနှံတွေမင်းတို့စားဖို့ယူသွားကြပါ...
ဝက်ဝံညီနောင်လည်းယုန်မကြီးပေးလိုက်တဲ့အစာတွေယူပြီးပြန်လာခဲ့ကြတာပေါ့...
ဝက်ဝံညီနောင်က သစ်ပင်ရိပ်အောက်မှာ ဆာဆာနဲ့စားလိုက်တာအရမ်းစားကောင်းသတဲ့ကွယ်...
အင်းအရင်တုန်းကငါတို့သူများတွေဆီကတောင်းပြီးအလကား စားရတုန်းက အခုလိုစားမကောင်းဘူး...
ပြီးတော့သူတို့မျက်နှာတွေက ရှုံမဲ့ စူပုတ်ပြီး မကျွေးချင်ကျွေးချင်ကျွေးလိုက်ကြတာ...
အခုတော့ ယုန်မကြီးကပြုံးရွှင်ပြီး စေတနာရှိရှိကျွေးတာဆိုတော့ ငါတို့စားရတာစိတ်ချမ်းသာတယ်...
ဟုတ်တယ်ငါတို့နောင်ဆိုရင် အလကားအချောင် ခိုပြီးတော့တောင်းမစားတော့ဘူးကွာ...
အလုပ်လုပ်ပြီးရှာဖွေစားကြမယ်...
ဝက်ဝံညီနောင်ဟာ နားလည်သဘောပေါက်ပြီးယုန်မကြီးကိုသွားနှုတ်
ဆက်ကြတယ်...ဟင် ပြန်ကြတော့မလို့လား ဒီအတိုင်းမပြန်သင့်ဘူးလေ ကိုယ့်မိဘတွေ စားဖို့တစ်ခုခုရှာသွားသင့်တာပေါ့ကွယ်...
ယုန်မကြီး ပြောတော့မှ သူတို့တွေလည်း အိမ်ကိုပြန်ဖို့သတိရသွားကြသတဲ့ကွယ်...
ဒါနဲ့ ၀က်ဝံ ညီနောင်ပြန်လာရင်းလမ်းမှာ သစ်ပင်တစ်ပင်ပေါ်ပျားအုံတွေလိုက်ရတယ်...
ဟာပျားအုံကြီးတွေ အဖေနဲ့အမေအတွက် ဖွပ်သွားရင်ကောင်းမယ်...ဟာ

ပျားအုံးက ငါတို့အရပ်နဲ့မမီဘူးကွ...မရရအောင်ဖွပ်မယ်ကွာ
ငါတို့နှစ်ကောင်သစ်ပင်ခေါင်းကြီးနဲ့စွပ်နေတုန်း
အမြင့်ကြီးဖြစ်သွားတယ်လေ သူတို့နှစ်ကောင်ဟာ
တစ်ကောင်ပေါ်ကိုတစ်ကောင်တက်ပြီး ခက်ခက်ခဲခဲနဲ့ယူတာ ရသွားတော့တယ်ကွယ်...
ဝက်ဝံပေါက်နှစ်ကောင်လည်း ၀မ်းသာအားရနဲ့ပျားလပို့တစ်ခြမ်းစီ ခွဲကိုင်ပြီးသူတို့မိဘတွေရှိတဲ့ ဂူကိုပြန်သွားကြသတဲ့ကွယ်...
အဖေရေ အမေရေ သားတို့ပြန်လာပြီ...
ဝက်ဝံမကြီးလည်း သူ့ သားတွေကိုတွေ့ တော့ဝမ်းသာသွားတာပေါ့ကွယ်...
ဒီမှာ အဖေနဲ့အမေတို့အတွက်သားတို့ကိုယ်တိုင်ဖွပ်လာတဲ့
ပျားလပို့တွေ.

အေးငါ့သားတို့လုပ်အားရဲ့တန်ဖိုးကို သိကြပြီ မဟုတ်လား ဒီမှာလဲ
သားတို့အတွက် စားစရာတွေပြင်ထားတယ်...၀က်ဝံ မိသားစုဟာ
ပျော်ပျော်ရွှရွှနဲ့စားကြတော့သတဲ့ကွယ်...
ဒီလိုနဲ့နောက်တစ်နေ့ရောက်တော့
ဝက်ဝံဖိုနဲ့ဝက်ဝံမအစာရှာဖို့ ထွက်တာကို သူတို့ပါလိုက်သွားကြတယ်...ဟင်
သားတို့က ဘာလုပ်ဖို့လိုက်လဲ...သားတို့လည်းအစာရှာတတ်
အောင်အဖေ အမေတို့နဲ့လိုက်ခဲ့မှာလေ...
သားတို့အစာရှာတတ်သွားရင် အဖေ အမေတို့အိမ်မှာပဲ
နေကြတော့ သားတို့ရှာကျွေးမှာပေါ့...အေး ဒါမှ အားကိုးရတဲ့ ငါ့သားတွေကွ အလုပ်ရဲ့တန်ဘိုးကို ငါ့သားတွေသိသွားလို့ ၀မ်းသာတယ်ကွာ...
ဒီလိုနဲ့သူတို့မိသားစုပျော်ပျော်ရွှင်ရွှင်အစာရှာနေကြ
တော့သတဲ့ကွယ်...
ဒါကိုတွေ့ သွားတဲ့ကြက်တူရွေးတစ်ကောင်ကတစ်တောလုံးရှိတဲ့
တိရစ္ဆာန်လေးတွေကို ပြောပြလိုက်တော့ အားလုံး ၀မ်းသာ သွားကြတော့သတဲ့ကွယ်...
ပုံပြင်လေးကတော့ ဒါပါပဲကွယ်...

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About