ယောက်ျားနှင့်မိန်းမကွာခြားချက်

၁။ယောက်ျားသည် မိမိအတွက် အလွန်လိုအပ်နေသည့်ပစ္စည်းဖြစ်လျင် တစ်ဒေါ်လာတန်ဖြစ်သော်လည်း
နှစ်ဒေါ်လာပေး၍၀ယ်သည်။ မိန်းမသည် မိမိ အတွက်လုံးဝလိုအပ်ခြင်းမရှိသည့်တိုင် နှစ်ဒေါ်လာတန်
ပစ္စည်းကို တစ်ဒေါ်လာနှင့်ရလျှင် အမြဲတမ်းဝယ်သည်။

၂။ယောက်ျားမယူမချင်း မိန်းမသည် အနာဂါတ်အတွက် စိတ်ပူ၏။ ယောက်ျားသည် မိန်းမ မယူမခြင်း
အနာဂါတ်အတွက် စိတ်မပူ။

၃။အောင်မြင်သော ယောက်ျားဆိုသည်မှာ မိန်းမဖြစ်သူ ဘယ်လောက်သုံးသုံး မကုန်နိုင်အောင် ၀င်ငွေ
ရှိသူဖြစ်သည်။အောင်မြင်သော မိန်းမဆိုသည်မှာ အထက်ပါယောက်ျားမျိုးကို ရအောင်ယူထား နိုင်သူ
ဖြစ်သည်။

၎။ယောက်ျား ယူပြီး အိမ်ထောင်ရေး ပျော်ရွင်မှုရလိုလျှင် သူ့ကိုများများနားလည်ပြီး နည်းနည်းချစ်ဖို့
လိုသည်။မိန်းမယူပြီး အိမ်ထောင်ရေး ပျော်ရွှင်မှုကိုရလိုလျှင် သူမကို အများကြီးချစ်ဖို့လိုသည်။
နားလည် ဖို့ ကြိုးစားစရာမလို။

၅။မိန်းမရှိသော ယောက်ျားတိုင်း ကိုယ့်အမှားတွေကို မေ့ထားနိုင်သည်။ မိန်းမက သတိဖော်ပေးလိမ့်မည်။

၆။ယူမည့်ယောက်ျားသည် အချိန်တန်လျှင် ပြောင်းလဲသွားမှာပဲလေ ဆိုသောမျှော်လင့်ချက်ဖြင့် မိန်းမသည်
အိမ်ထောင်ပြုသည်။ သူမမှားသည်။

၇။ယူမည့် မိန်းမသည် ဘယ်တော့မှပြောင်းလဲမှာ မဟုတ်ဆိုသော မျှော်လင့်ချက်ဖြင့် ယောက်ျားသည် မိန်းမ
ယူသည်။ သူလည်း မှားသည်။

၈။ဘာကိစ္စနှင့်ပတ်သတ်၍မဆို အငြင်းအခုံဖြစ်လျှင် နောက်ဆုံးတွင်မိန်းမ မှန်စမြဲ။ဤသည့်နောက် ယောက်ျား
ပြောသမျှသည် နောက်ထပ် အငြင်းအခုံဖြစ်ဖို့ အကြောင်းအရာသစ်ဖြစ်လာတော့၏။

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About