အမြဲကြည်လင်လန်းဆန်းနေဖို့ ဦးနှောက်ကိုကျမ္မာရေးကိုဂရုစိုက်ကြစို့

http://lattwebawchitthu.wordpress.com/
မှကြိုဆိုပါတယ်........
ဦးဏှောက်ကျမ္မာရေးနဲ့ပါတ်သက်ပြီး ဆောင်ရန် ရှောင်ရန်များကို ဆေးပညာရှင်များက ဒီလိုဆိုထားပါတယ်

၁။ မနက်စောစောစာ မစားခြင်း

တညလုံး ဘာအစာမှ မစားပဲနေရပြီးတဲ့နောက် မနက်စောစောစာကို မစားပဲထပ်နေပြန်မယ်ဆိုရင်သွေးထဲမှာရှိတဲ့ သကြားဓါတ်ပမာဏ နည်းလာပါတယ်။ အဲဒီအခါ ဦးဏှောက်ကိပေးတဲ့အာဟာရလည်မလုံမလောက်ဖြစ်သွားတာကြောင်

ဦးဏှောက်ချို့ယွင်းမှုကိုဖြစ်စေပါတယ်။နိုးနိုးခြင်း(၂)နာရီအတွင်းမှာ အစားတစ်ခုစားရပါမယ်.ဘာမှမစားပဲပြင်းပြင်းးထန်ထန် အားကစားတစ်ခုခု(သို့)အလုပ်တခုခုကိနှလုံးခုန်အမြင့်ဆုံးထိလုပ်မိမယ်ဆိုရင်နှလုံးခုန်ရပ်ပြီးသေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်..။
၂။ အစာအလွန်အကျွံစားခြင်း

အစာများကို အတိုင်းအဆ မရှိ အလွန်အကျွံစားခြင်းဟာ ဦးဏှောက်မှာရှိတဲသွေးကြောများကိ မာစေပြီး စိတ်စွမ်းအားကို ကျစေပါတယ်။

၃။ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ ဦးဏှောက်ကို ကျုံ့ ၀င်သွားစေပြီး Alzheimer ရောဂါကိုဖြစ်စေပါတယ်။

၎။ သကြား ဓါတ်အလွန်အကျွံစားသုံးခြင်း

သကြားဓါတ်၊ အချိုဓါတ်ကို အလွန်အကျွံစားသုံးပါက ပရိုတိန်းနှင့် အခြား အာဟာရဖြစ်စေသော ပစ္စည်းများ

စုပ်ယူမှုကို လျော့ကျစေပါတယ်။ ဒါကြောင့် ဦးဏှောက် ရဲ့အာဟာရမပြည့်ခြင်းနဲ့အတူ ဦးဏှောက်ရဲ့ဖွံဖြိုးမှုတွေကို နှောက်ယှက်ပါတယ်။

၅။ လေထုညစ်ညမ်းခြင်း

ဦးဏှောက်ဟာ အောက်ဆီဂျင်ကို အများဆုံး အသုံးပြုတဲ့နေရာတခုဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုရှိုက်တဲ့အခါ ဦးဏှောက်ကို အောက်ဆီဂျင်ရောက်ရှိတဲ့ပမာဏလည်း နည်းသွားပြီးဦးဏှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို နှောက်နှေးစေပါတယ်။

၆။ အိပ်ရေးပျက်ခြင်း

အိပ်စက်ခြင်းဟာ ဦးဏှောက်ကို အတန်အသင့်အနားရစေပါတယ်။ ကာလအတန်ကြာ နှစ်ခြိုက်စွာ အိပ်မပျော်ခြင်းဟာ ဦးဏှောက်မှာရှိတဲ့ ဆဲလ်များကို ပျက်စီးစေပါတယ်။

၇။ ဦးခေါင်းကို အုပ်၍ အိပ်စက်ခြင်း

ဦးခေါင်းကို အကာအရံတခုခုဖြင့် အိပ်စက်ခြင်းဟာ ဦးခေါင်းတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို များစေပြီး အောက်ဆီဂျင်ပမာဏကို နည်းစေပါတယ်။ ဒါကြောင့်လည်းဦးဏှောက်မှာရှိတဲ့ဆဲလ်တွေကို သေစေပါတယ်။

၈။ ဦးဏှောက် အနားမရခြင်း

နေမကောင်း ဖြစ်နေစဉ်ကာလတွင်ပင် ဦးဏှောက်ကို အလုပ်များစွာ လုပ်စေခြင်းများဖြစ်သော စာကျက်ခြင်း၊ အလုပ်ပြင်းထန်စွာ အလုပ်လုပ်ခြင်းတို့ဟာ ဦးဏှောက်ရဲ့ ဆဲလ်များပိုမိုပျက်စီးဖို့အကြောင်းအရင်း ဖြစ်စေပါတယ်။

၉။ ဦးဏှောက်ကို အလုပ်မလုပ်စေခြင်း

တွေးခေါ်ခြင်းဟာ ဦးဏှောက်လေ့ကျင့်ခန်း တမျိုးဖြစ်ပြီး ဦးဏှောက်မှာရှိတဲ့ ဆဲလ်များကို သန်စွမ်းစေပါတယ်။ စဉ်းစားတွေးခေါ်ခြင်းမရှိတဲ့ ဦးဏှောက်ဟာ
အနည်းနဲ့အများဆိုသလို ပျက်စီးဖို့ဖြစ်လာနိုင်ပါတယ်။

၁၀။ စကားနည်းခြင်း

ကျိုးကြောင်း ဆီလျော်တဲ့စကားပြောဆိုခြင်းဟာ ဦးဏှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန် စေပါတယ်။
ဒါကြောင့် အထက်ပါအချက်တွေကို လေ့လာပြီး မိမိဦးဏှောက်ကို ပိုမို ကျန်းမာသန်စွမ်းအောင် လုပ်ဆောင် သင့်တယ်လို့ထင်မြင်မိပါတယ်။
မှီငြမ်း- ဆေးပညာ စာစောင်များ

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About