အလွမ်း“ဖုန်း”ဆက်ခြင်း

“ဟလို” ….
သတိရခြင်းကတော့ ဖုန်းဆက်စရာမလိုပါဘူး… စိတ်ထဲမှာရှိတာနဲ့ တင်ရောက်လာပါတယ်..
တကယ့်အသံလေးကြားချင်တာကြောင့် ဝေးနေတဲ့အချိန်လေးမှာ ကိုယ်ဆက်လာတာပါ …
လေပြေအတူ မိုးနဲ့ အတူ ထည့်ပေးလိုက်တဲ့အလွမ်းစကားတွေက အရမ်းကြာနေမှာလား ..
ဘယ်အချိန်ရောက်လေမလဲ … စဉ်းစားတွေးတောနေရင်းနဲ့ 
နှလုံးသားလေးကတော့ ထပ်ကာထပ်ကာ ဆက်လို့ ပေါ့ …

သတိရခြင်းတွေ လွမ်းဆွတ်ခြင်းတွေက ကောင်းကင်ကကြယ်ပေါင်းများစွာထက်တောင်
များနေပြီး ကြေကွဲမှုတွေနဲ့ ထပ်မြှောက်ထားတာကို မင်းလည်းသိမှာပါ …
ဆွေးနေရတဲ့ ကောင်လေးရင်ထဲမှာ ဖုန်းနှိပ်သံလေးက တတီတီနဲ့ ပေါ့ …

သတိရခြင်းတွေ ခရီးထွက်လာခဲ့ပါပြီ … မင်းလေးရင်ထဲကဖုန်းလေး မြည်နေရော့မယ် ..
ရင်တုန်းလေးပိတ်ထားလို့ မကြာရတာလားဟင် .. ဘယ်များရောက်နေလို့ လဲ ..
ကူပြီး ဖုန်းလေးကိုင်ပေးပါအုံး … ပင်လယ်တွေ တောင်တန်းတွေပေါ်
တကူးတက ဖြတ်ကျော်လာခဲ့ရတာပါ … ငါ့ရဲ့ အလွမ်းတွေလေ …
လွမ်းနေလို့ လာပြီး ဖုန်းလေးကိုင်ပေးပါ ကောင်မလေးရေ …

“ချစ်တယ်”ဆိုတဲ့ မင်းစကားသံလေးကို တခါလောက်ကြားချင်တယ် …
နှလုံးသားလေး လန်းဆန်းစေဖို့ ပါ … ဒီအသံလေးကြားလိုက်တိုင်း
အိမ်မက်တွေဆီ ဆက်လှမ်းနိုင်ဖို့ နှလုံးသားလေး အားဖြည့်စေတယ်လေ …
ဝေးတော့မဝေးပါဘူး … နီးစပ်နေတဲ့ နှလုံးသားတွေ အမြဲရှင်သန်နေမယ်လေ …
မျက်နှာလေးမတွေ့ ရတာကြာလို့  ဒီအသံလေးကိုပဲ
တောင်းတနေမိတာပါလေ …

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About