ရီးစားများတဲ.ကောင်မလေးပိုင်ဆိုင်ခဲ.ရတဲ.အချစ်

နှာခေါင်းဝမှာသင်းပြန်.တဲ.ငရုတ်ကောင်းရနံ.လေးရလာတယ်..။ကြည်.လိုက်တော.ကိုကိုရယ်လေ။

ကြက်သားဆန်ပြုတ်ပန်းဂံလေးနဲ.အခန်းထဲဝင်လာတယ်။ဆန်ပြုတ်ကအငွှေ.တထောင်းထောင်းတနေတုန်းပဲ။

ကုတင်ဘေးနားရောက်တော. တဇွန်းခြင်းခပ်ပြီးမှုတ်ပေးနေတယ်။

သူမ ကိုကို.မျက်နှာကိုကြည်.လိုက်တယ်..။ကြက်သားဆန်ပြုတ်အငွှေ.ကြားမှာ

ပါးရေတွန်.နေတဲ.ကိုကိုမျက်နှာကချွေးတွေနဲ.၀င်းနေတယ်..။ကိုကိုရယ်၅၅နှစ်နဲ.အဖိုးကြီး

တယောက်လိုဖြစ်နေပါလား။သူမစိတ်ထဲ ငယ်ငယ်ကကိုကို. မျက်နှာလေးကိုမြင်ယောင်မိတယ်..။


ကိုကိုနဲ.သူတွေ.တာလွန်ခဲ.တဲ၂၉.နှစ်လောက်ကပေါ့။ကိုကိုကနိုင်ငံခြားမှာအလုပ်လုပ်နေတယ်။

သူကတရုတ်နယ်စပ်မှာအလုပ်လုပ်တယ်။ချစ်သူုမြို.တော်ဆိုတဲ.၀က်ဆိုဒ်ကလေးမှာတွေ.တာပေါ့။ကိုကိုက

မြန်မာလိုမရေးတတ်ဘူး။မှတ်မိသေးတယ်ကိုကိုမြန်မာလိုစရေးတတ်တာသူ.နာမ်မည်ပဲလေ။


စတွေ.တော. ကိုကိုကညီမလေးတယောက်လိုခင်တယ်။ အစစအရာရာသင်ပြပေးတယ်...။

သူမကလဲကိုကို.ကိုလမ်းပြကြယ်လေးတခုလို သံယောဇဉ်တွယ်မိတယ်။နောက်တော.ကိုကိုအကြောင်း

အကုန်သိရတယ်လေ၊ ကိုကို.ဘ၀မှာသစ္စာရှိတဲ.မိန်းမနဲ.မဆုံခဲ.ရလို. ခုထိရီးစားမထားပဲနေတယ်ဆိုတာ

အိမ်ထောင်ပြုပြီးမှ အချစ်တွေအကုန်ပေးမယ်လို. ဆုံးဖြတ်ထားတာတွေသိရတော .လေးစားမိပြန်တယ်။

ကိုကိုကအရမ်းခင်ဖို.ကောင်းတယ်။ ရီစရာပြောတတ်တယ်။ တယောက်နဲ.တယောက်မမြင်ဖူးပေမယ်.

သံယောဇဉ်တွေသူမဘက်ကပိုလာမိတယ်။ ကိုကိုဟာဘ၀တသက်တာလက်တွဲဖို.သင်.တော်တဲ.သူ

တယောက်လို.သူမယုံကြည်မိလာတာနဲ.အမျှ ကိုကို.အပေါ်စွဲလမ်းမိလာတယ်။ ကိုကိုနဲ.စကားပြောရရင်

သူမပျော်ရွှင်နေမိတယ်။ မသိစိတ်ကချစ်မိနေပြီဆိုတာသိသိသာသာဖြစ်လာတာနဲ.အမျှ သူမကိုယ်ကိုကိုယ်

ထိန်းမနိုင်လောက်အောင်ရင်တွေခုန်လာတတ်တယ်။ ကိုကိုအကြောင်းတွေးမိရင်ပျော်နေတယ်။ကိုကိုနဲ.

စကားပြောနေရရင်အားလုံးကိုမေ.နေတတ်တယ်။ ကိုကို.အကြောင်းတွေးမိရင်အလုပ်တွေမှားလုပ်မိတတ်

တယ်။အချိန်တိုင်းကိုကိုသာသူမစိတ်ထဲစွဲလမ်းနေမိတာ မယုံကြည်နိုင်လောက်အောင်ပါပဲ။ကိုယ်.ကိုကိုယ်

လည်းမယုံနိုင်ဘူး။ချစ်သူရှိနေပါလျှက်နဲ.ဘာလို.ကိုကို.ကိုချစ်မိနေတာလဲဆိုတာ။ကိုကိုကချစ်တယ်လို.မပြော

ပေမယ်.သူမစိတ်ထဲကတောင်.တမိနေတယ်...ကိုကိုကသူမကိုစိတ်ဝင်စားတဲ.အရိပ်အယောင်လေးတောင်

မပြတော.သူမစိတ်ထဲတမျိုးဖြစ်လာတယ်..ကိုကိုရယ်သစ္စာမဲ.တဲ.သူတွေနဲ.ပဲတွေ.ရလို.ချစ်တတ်တဲ.နှလုံးသား

မရှိတော.တာလားကိုကိုရယ် စိတ်ထဲကပဲမေးနေမိတယ်။သူမအလုပ်အဆင်မပြေတဲ.အခါကိုကိုက

အားပေးဖေါ်ပဲလေ ကိုကို.စကားသံကမာန်ပါတယ်။နားထောင်ရတာသူမအရမ်းအားရှိတယ် နေ.တိုင်း

ကိုကိုနဲ.ပြောဖို.ပဲမျှော်လင်.မိနေတယ်။အရင်ကအွန်လိုင်းပေါ်မှာရီးစားတွေမှိုလိုပေါက်အောင်ထားခဲ.ပေမယ်.

ကိုကိုနဲ.ပြောနေရင် ဘယ်သူနဲ.မှပြောချင်စိတ်မရှိအောင် ကိုကို.ကိုစွဲလမ်းမိတယ်။နောက်ဆုံးသူမကိုယ်တိုင်

ကပဲကိုကို.အချစ်တွေကိုတောင်းဆိုမိတော.တယ်။ကိုကိုရယ်မိန်းကလေးကစပြီးတော.ချစ်တယ်ပြောရင်

အထင်သေးမှာလားဟင် ဆိုတော.မသေးပါဘူးတဲ.လူဆိုတာကိုယ်လုပ်ချင်တာ တခြားလူကိုမထိခိုက်ရင်

လုပ်ခွင်.ရှိတယ်တဲ. ကိုကိုကလောကပေါ်ရှူ.မြင်ပုံသူများနဲ.မတူတာတွေအများကြီးရှိနေတယ်ဆိုတာကြာလာ

တာနဲ.အမျှသူမသိလာခဲ.တယ်။နားလည်မူ.အပြည်.ရှိပြီးနွေးထွေးတဲ.မေတ္တာတရားတွေနဲ.သစ္စာတရားလက်

ကိုင်ထားရင် မင်္ဂလာဆောင်စရာမလိုဘူးလို.ခံယူထားတယ်ဆိုတော.သူမလေးစားမိပြန်တယ်။အစစအရာရာ

အပြစ်ပြောစရာမတွေ.တဲ.ကိုကို.ကိုချစ်မိတာမဆန်းပါဘူးလို.လည်းတွေးမိတာပေါ့။သူမနဲ.ကိုကိုချစ်သူဖြစ်ဖို.

သူမကပဲတောင်းဆိုခဲ.တာဆိုပေမယ်. ကိုကိုဘက်ကစချစ်တာမျိုးဖြစ်စေချင်တာ ဒါပေမယ်.ကိုကိုကပြောပြ

တယ်။ဘယ်လိုပဲချစ်ချစ်နှစ်ယောက်စလုံးလေးလေးနက်နက်ချစ်နေကြရင် ဘယ်သူစချစ်တယ်ဆိုတာ

အရေးမပါတော.ဘူးတဲ...။ကိုကိုရယ်ညီမလေးကမိန်းကလေးလေ ကိုကိုကစချစ်တာပဲဖြစ်စေချင်တာပေါ့လို.

စိတ်ထဲကပဲပြောဖြစ်တယ်။ကိုကိုကသူမသုံးတဲ.အကောင်.ပါ့စ်ဝါ့တွေတောင်းတော.သူမမပေးရဲခဲ.ဘူး..။


အထဲမှာအွန်လိုင်းပေါ်ကရီးစား၂ယောက်နဲ.အပြင်မှာထားတဲ.သူ၂ယောက်ရှိနေတယ်ဆိုတာ ကိုကိုသိ

ခဲ.ရင်သူမကိုထားခဲ.မှာအရမ်းစိုးတယ်လေ။ကိုကိုရယ် ညီမလေးနောင်တရပါပြီ။ကိုကို.ကိုတော.လက်လွှတ်

မခံရဲဘူးလေ။သူမကိုကို.ကိုချစ်တယ်ပြောတုန်းကဘာအမဲစက်မှမရှိပါဘူးလို.ပြောခဲ.ပေမယ်........။

လူဆိုတာကိုယ်.အကြောင်းကိုအသိဆုံးပဲလေ..။ကိုကိုရယ်ညီမလေးကိုကိုနဲ.တွေ.တာနောက်ကျလိုက်တာ..။

ကိုကို.ကိုမလိမ်ချင်တာနဲ.အမှန်အတိုင်းဖွင်.ပြောမိတာပဲလေ။ကိုကိုအကောင်.ကိုဖွင်.ကြည်.ရင်လည်းတွေ.

မှာပဲလေ..။


ကိုကိုကခွင်.လွှတ်ပါတယ်ဆိုတော.သူမအရမ်းပျော်ခဲ.တယ်...။

ကိုကိုရှေ.မှာပဲကျန်တဲ.ရီးစားတွေကိုဖြတ်ခဲ.တယ်။သူမစိတ်ကိုတကယ်နိုင်ခဲ.ပြီကိုကိုအပေါ်တကယ်သစ္စာ

ရှိနိုင်ခဲ.ပြီလို.သူမထင်ခဲ.မိတာတွေအားလုံး မန္တလေးကိုပြန်ရောက်မှသူမအထင်နဲ.အမြင်လွဲမှန်းသိခဲ.ရတယ်။

တကယ်တော.ကျန်တဲ.ရီးစားတွေနဲ.ပြတ်နိုင်ပေမယ်.သူမနဲ.၄နှစ်ကြာချစ်ခဲ.သူကိုတော.သူမ မမေ.နိုင်ခဲ.ဘူး

လေးနှစ်ဆိုတဲ.သံယောဇဉ်ကိုသူမ မလွန်ဆန်နိုင်ခဲ.ဘူး..။ကိုကိုရယ်..ဖြစ်ခဲ.ပြီးမှမှားမှန်းသိခဲ.ရတယ်..။

ညီမလေးကိုဘာလို. အဲ.သလောက်တောင် မစွန်.လွှတ်နိုင်ပဲချစ်နေတာလဲဟင်...မမေးဖြစ်ခဲ.တဲ.ရင်ထဲက

မေးခွန်းလေးတခုပါ။သူမရင်ထဲမှာဒီနေ.ထိမမေးပဲသိမ်းထားခဲ.တယ်..။ကိုကိုပြောတဲ.စကားတွေက

သူမမေးချင်တာတွေမေးစရာမလိုအောင်ပြည်.စုံခဲ.တာပဲလေ..။သူမ၂ခါတောင်သစ္စာဖေါက်မိခဲ.တယ်။

ကိုကိုကလက်ထပ်ဖို.ချစ်ခဲ.တာ..လမ်းခွဲဖို.ချစ်ခဲ.တာမဟုတ်ဘူးလို.ပြောခဲ.တယ် ပြီးတော. လက်၇ှိပစ္စုပ္ပန်

ကအမှားတွေကိုပြင်ဆင်ဖို. သူမမှာအနာဂါတ်ဆိုတာရှိနေသေးတယ်တဲ. သူမဆက်မှားနေရင်တောင်

ပြုပြင်ချင်စိတ်တွေပေါ်ပေါက်လာအောင် ကြိုးစားမယ်။အနာဂါတ်ဆိုတာရှိနေသ၍ သူမကိုပုံဖေါ်ခွင်.

ရှိတယ် လို.ပြောခဲ.ပြီး လက်တွဲမဖြုတ်ခဲ.ဘူး။သူမကိုယ်တိုင်ပြုပြင်ချင်စိတ်ရှိအောင် နေဖို.ပဲပြောတယ်။


အခက်အခဲတွေအများကြီးကြားထဲကသူမကို ကိုကိုလက်ထပ်ယူခဲ.တယ်။ဘ၀ကိုလက်တွေ.ကျကျ

ဖြတ်သန်းစေခဲ.တယ်။ကိုကိုအမြဲပြောတာက လူဘ၀ဆိုတာတိုတိုလေးရယ် အပျော်အပါးလိုက်စားနေဖို.

အချိန်မပေးနိုင်ဘူးတဲ. လမ်းမှန်ကိုသိနေပါလျှက်နဲ. ပြန်ပြင်ရမယ်. လမ်းမှားနောက်ကိုမလိုက်ချင်ဘူးတဲ.။

ကိုကိုအပေါ်သစ္စာမဲ.ခဲ.တာတွေပြန်တွေးတိုင်း သူမအရမ်းဝမ်းနည်းရတယ်။နောက်ဘ၀ဆုံတွေ.ခဲ.ရင်

ကိုကိုနဲ.အရင်ဆုံးတွေ.ရပါစေ ကိုကိုအပေါ်တင်နေတဲ. အကြွေးတွေပြန်ဆပ်ခွင်.ရပါစေလို.

သူမအမြဲဆုတောင်းနေခဲ.တာ ဒီနေ.ထိပါပဲ။ကိုကိုအပေါ်တာဝန်ကျေအောင်သူမနေခဲ.တယ်။

အိမ်ထောင်ရှင်မကောင်းတယောက်ဖြစ်အောင် သူမကြိုးစားခဲ.တယ်။ကိုကိုဖြစ်စေချင်တဲ.

တန်ဖိုးရှိတဲ.မိန်းကလေးတယောက်ဖြစ်အောင် သူမကြိုးစားခဲ.တယ်။


သူမဘ၀တလျှောက်လုံးအတွက်ဖူလုံတဲ.ချစ်ခြင်းမေတ္တာကို ကိုကိုအပြည်.ပေးခဲ.တယ်။

ပူလောင်ခြင်းမရှိတဲ. ကိုကိုရဲ.အချစ်စစ်ဆိုတဲ. မေတ္တာကိုသူမ ယုံကြည်ခဲ.ရတယ်။လွယ်လွယ်နဲ.ချစ်တယ်

ပြောတတ်တဲ. သူမကိုကိုကိုမေးဖူးတယ်။လူတယောက်ကိုချစ်မိရင် ဘာတွေပေးဆပ်ရမလဲတဲ.

သူမမဖြေခဲ.ဘူး။ဘာလို.လဲဆိုတော. ရီးစားထားပါများလို. အချစ်ဆိုတာကိုလည်းသူမ မယုံချင်ခဲ.တော.

ကိုကိုမေးခွန်းအတွက် သူမဆီမှာအဖြေမရှိခဲ.ပါဘူး။


အဲ.တုန်းကကိုကို ပြောခဲ.ပေမယ်. သူမအလေးမထားခဲ.ဘူး။အသက်တွေကြီးလာတော.မှ

ညီမလေးသေချာသဘောပေါက်လာခဲ.ပြီကိုကို။ညီမလေးအရမ်းညံ့တာပဲ ကိုကိုရယ်။ညီမလေး

ကိုကိုပြောတာတွေသေချာသိလာခဲ.ပါပြီ။လူတယောက်ကိုချစ်မိရင် အဓိက သစ္စာရှိအောင်နေပေးရမယ်

နားလည်မူ.ရှိအောင်ကြိုးစားရမယ် ဘ၀အတွက် ခိုင်မာတဲ.အုတ်မြစ်ချနိုင်အောင် ရိုးရိုးသားသားနဲ.

အိမ်ထောင်ရှင်မကောင်းတယောက် ပီသအောင်ကြိုးစားရမယ်ဆိုတာလေ။


ငယ်ငယ်ကအရွယ်ကောင်းတုန်းမို. သူမ မှားခဲ.မိတာတွေ အခုအသက်ကြီးလာတော.မှအရမ်း

နောင်တရစရာတွေဖြစ်လာခဲ.တယ်။ချစ်တယ်ပြောဖို. လိုင်စင်ယူစရာမလိုတိုင်း မိန်းကလေးတယောက်

တွေ.တိုင်း ချစ်တယ်ပြောတဲ. လူမဆန်တဲ.ယောကျာ်းတွေလည်း ရှိတယ်ဆိုတာ သိလာခဲ.တယ်။

လိုချင်တာရရင် ဂရုမစိုက်တော.တဲ.ယောက်ျားတွေရှိ မှန်းလည်းသိလာခဲ.တယ်။တသက်စာလက်တွဲဖို.

ယောကျာ်းမာနနဲ.သိက္ခာတွေ ဥပေက္ခာပြုပြီး အမှားတွေခ၀ါချပြီး ချစ်တတ်တဲ. ယောက်ျားတွေ၇ှိမှန်းလည်း

သိခဲ.ပါတယ်။


ကိုကိုရယ် ညီမလေးကိုကိုအပေါ်အကြွေးတင်နေမိပြီ။ သူမကြွေနေမှကိုကိုတယုတယ

ကောက်ယူခဲ.တယ်။ယောက်ျားကောင်းတယောက် အိမ်ထောင်ဦးစီးကောင်းတယောက်ဆိုတာကိုယ်.

ဇနီးနဲ.သားသမီးတွေကို လက်၇ှိပစ္စုပ္ပန်ကောင်းစားရေးအပြင် နောင်ဘ၀ကောင်းစားဖို.အတွက်ပါ

လမ်းညွှန်ပေးနိုင်ရမယ်တဲ.လေ။အိမ်ထောင်ဦးစီးဆိုတာ ဦးဆောင်တတ်ရမယ် သေချာပြောရရင်

ဦးဆောင်နိုင်ရမယ် မိန်းမဆိုတာကလည်း ယောက်ျားဖြစ်သူရဲ. ဦးဆောင်မူ.နောက်မှာ ထပ်ချပ်မကွာ

လိုက်ပါနိုင်ရမယ်တဲ.လေ ကိုကိုပြောတာတွေမနေ.တနေ.ကလို စိတ်ထဲမှာစွဲမြဲစွာ မှတ်မိနေတုန်းပါ

ကိုကိုရယ်။ညီမလေးက ကိုကိုဦးဆောင်သွားနေချိန်မှာ နောက်လိုက်ကောင်းတယောက် မဖြစ်ခဲ.လို.

ကိုကိုလည်း လိုရာခရီးမရောက်ခဲ.ရဘူး။ကိုကိုနောက်ကထပ်ချပ်မကွာ မလိုက်နိုင်ပဲ ဟိုညိ ဒီညိ ဖြစ်ခဲ.လို.

ကိုကိုလည်းအရမ်းခံစားခဲ.ရဖူးတယ်။


နောက်မဖြစ်စေရပါဘူးကိုကိုရယ် ရေစက်ပါလို.ဆုံတွေ.ရတဲ. ဘ၀မှာ ကိုကိုအပေါ်ပြစ်မှားမိတာ

တွေနောင်ဘ၀ကျမှ အတိုးချပြီး ညီမလေးဆပ်ပါရစေကိုကိုရယ်။


ကိုကိုကဘာတွေးနေတာလဲဆိုတော.မှသူမ အတွေးစတွေပြတ်သွားတယ်။အင်း ခုဆို၂၉နှစ်

တောင်ကြာခဲ.ပြီ ကိုကိုပါးရေတွေတွန်.နေပေမယ်. ကိုကိုမျက်လုံးတွေက ငယ်ငယ်ကလို တောက်ပနေတုန်း

ကြမ်းတမ်းလှတဲ. ဘ၀တလျှောက် သူမရှေ.မှာတခါမှ ကိုကိုမညီးညူခဲ.ဘူး ကိုကိုကပြောတယ် သူက

ကိစ္စတခုကိုလုပ်မယ်လို.ဆုံးဖြတ်ရင် ဘာအတွက်နဲ.မှနောက်မဆုတ်တတ်ဘူးတဲ. ကိုကိုရဲ.ဇွတ်တရွတ်

ဆန်.တဲ.စိတ်ကြောင်. သူမဘ၀ပျော်ရွှင်စရာတွေအတိပြီးခဲ.တယ်။ဒီလမ်းလျှောက်မရရင် နောက်တလမ်းနဲ.

ပန်းတိုင်ကိုမရောက်ရောက်အောင် သွားမယ်ဆိုတဲ. ကိုကို.ကိုသူမချစ်ခဲ.တာ နောင်တတော.မရခဲ.ဖူးဘူး။


" သားကျောင်းကပြန်လာရင်အိမ်စောင်.ထားပြီး ဆေးခန်းသွားရမယ်""ညီမလေးလဲ

လိုက်ပါရစေကိုကို"..။"အာ ဘာလို.လိုက်ရမှာလဲ နေမကောင်းသေးပဲနဲ. ဆရာဝန်ကလှုပ်လှုပ်ရှားရှား

သိပ်မလုပ်ဖို.မှားထားတာ အိမ်မှာပဲနေခဲ." "ကိုကိုရယ်ညီမလေးသက်သာနေပါပြီ" "မလိုက်ပါနဲ.ကွာ

ကိုကိုပဲသွားမယ်" "အာ ကိုကိုကလည်း အိမ်ထဲမှာပဲနေရတာ ကြာတော.ညီးငွှေ.တာပေါ့ လိုက်ပါရစေ

ကိုကိုရယ်" "ဟူး.........ခက်ပါလားကွာ ကိုကို.ကိုချစ်ရင် နေခဲ.ပါနော်" "ညီမလေးကိုသနားရင်ခေါ်ပါနော်

ကိုကို" "ကဲကဲပြောမရလည်းလိုက်ခဲ." သူမပျော်သွားမိသည်။နှလုံးရောဂါကြောင်. အပြင်လောကနှင်.

အဆက်အသွယ်ပြတ်နေတာကြာပြီလေ။ကိုကို.လက်ကလေးဆွဲပြီးလမ်းလျှောက်ချင်လွန်းလို.အတင်းပူစာ

လိုက်ရပေမယ်.ကိုကိုစိတ်အလိုမကျအောင် သူမ မလုပ်ချင်ပါ။

ဆေးခန်းကအဝေးကြီးတော.မဟုတ် သူမတို.လမ်းကလေးမှထွက်၍ဟိုင်းဝေးလမ်းဟိုဖက်

ကျော်ရင်ရောက်ပြီ။လမ်းကူးတော.ကိုကိုကစိတ်မချစွာ သူမလက်ကိုတွဲပြီးပုခုံးလေးကို ကိုင်ထားသည်။

ဆေးခန်းရောက်တော.သူမကိုအပြင်ဘက်မှာထားပြီးသူမအတွက်ဆေးဝင်ယူတော. ဆရာဝန်က

သူမကိုပါခေါ်ပြီး သွေးပေါင်ချိန်ပြီး သောက်ဆေးတွေညွှန်ကြားပေးတယ်။ကိုကိုကနှာဖူးကြောရှုံ.ပြီးသေချာ

လိုက်မှတ်နေတော. သူမပြုံးမိသေးတယ်။ကိုကိုရယ်နေ.တိုင်းသောက်နေကျဆေးတွေပဲ လို.စိတ်ထဲကပြော

မိသေးတယ်။အဲ.လိုနဲ.ဆေးခန်းကပြန်ထွက်လာတော. လမ်းအကူးကိုသေချာကြည်.ပြီးကူးကြသည်။

ကားတွေကတရားလွန် မောင်းကြတာမို.မပြေးရုံတမယ်ကူကြရသည်။


လမ်းတ၀က်ကျော်ကျော်ရောက်တော.သူမကိုင်ထားသောဆေးထုပ်ကလေးကပြုတ်ကျသွားခဲ.သည်။

ပြိုင်ကားနီလေးတစင်းကလာနေတော. နောက်မှကောက်ဖို.ပြောပေမည်. ကိုကိုကအပြေးကလေးသွား

ကောက်ရာ လွတ်မည်ဟုထင်ခဲ.သော်လည်း နောက်ကျသွားခဲ.ပြီ။"ဒုန်း"ဆိုသောအသံနှင်.အတူ ကိုကို

လေထဲသို.မြောက်တက်သွားသည်ကို နောက်ဆုံးမြင်လိုက်ပြီး သူမ၀ဲဘက်ရင်အုံမှ စူးရှစွာနာကျင်မူ.နှင်.

အတူ သူမလဲကျသွားခဲ.တယ်။


ခနနေတော.သူမ နားထဲမှာခေါ်သံတခုကြားတယ် သူအရမ်းရင်နှီးတဲ.အသံပေါ့။ကိုကို.အသံလေ

သူမ မယုံကြည်နိုင်စွာမော.ကြည်.လိုက်တော. ကိုကိုကယုယစွာ သူမကိုထူပေးတယ်။သူတို.နားကိုလူတွေ

အုံလာတယ်။ကိုကို.ကိုတိုက်သွားတဲ.ကားနီလေးကို သူမကြည်.လိုက်တော. ကားေ၇ှ.ကိုက်၂၀လောက်မှာ

ကိုကိုရဲ. .......။သူမအောက်ကိုငုံ.ကြည်.လိုက်တော. လဲကျနေတဲ.သူမခန္ဓာကိုယ် ကိုတွေ.လိုက်တယ်။

သူမသိလိုက်ပြီ။ဒါ ဒါဆို ကိုကို ကိုကိုနဲ.သူမ လူ.လောကမှာမရှိတော.ဘူးပေါ့။


ကိုကို.ကိုသူမတွေ.ကာစတုန်းကလိုတင်းကျပ်စွာဖက်ထားလိုက်တယ်။ကိုကိုကလည်းသူမကို

ဖက်ထားတယ်။သူမမျက်ရီဝဲရင်းစိတ်ထဲကကိုကို. ကို မေးနေမိတယ်"ကိုကိုဘာလို.ခုထိခွဲမသွားသေးတာလဲ

ရီးစားများတဲ.ကောင်မလေးကို ဘာလို.အဲ.သလောက်တောင် ချစ်နေရတာလဲကိုကိုရယ်"

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About