အချစ်တစ်ခုထဲနှင့် ဘဝက ပြည့်စုံနိုင်ပါသလား.........

အင်တာနက်ဆိုတဲ့ စာမျက်နှာပေါ်မှာ စာရေးနေရင်း ရလာတဲ့ အတွေ့ အကြုံအရ ကိုယ်ရေးလိုက်တဲ့ ပို့ စ်တွေထဲမှာ ဘယ်ပို့ စ်တွေကို စာဖတ်သူတွေ အဖတ်များသလဲ ပြန်လည်ဆန်းစစ်လိုက်တော့ ပြေးကြည့်စရာမလိုပါဘူး ..။ အချစ်အကြောင်းပဲပေါ့...........။



မြန်မာနိုင်ငံရဲ့  အင်တာနက်သုံးနေသူတွေ အများစုကလဲ လူငယ်တွေပါ.....။ လူငယ်တွေ ဆိုတာကတော့ အချစ်အကြောင်းကို ပိုပြီးစိတ်ဝင်စားကြတာ သဘာဝပါ.....။ ဘဝအတွက် ပူပင်မှုတွေ ကင်စင်နေသေးတဲ့အတွက် အချစ်ကသာ ဘဝအတွက် အရေးအပါဆုံးလို့  တွေးထင်ပြီး အချစ်ဆိုတဲ့ အတွေးကသာ တဝဲလည်လည်........။



ဘလော့ပို့ စ်တွေ ရေးတင်လိုက်ရင် အခြားသော စာပေ ၊ ဗဟုသုတတွေမှာသာ လူမရှိရင်နေမယ်..။ အချစ်အကြောင်းရေးရင် ဖတ်တဲ့သူတွေက စိတ်ဝင်တစား...။ ကိုယ့်ရေးတဲ့ ပို့ စ်ကို ဖတ်စေချင်လွန်းလို့  တစ်ခါတစ်လေ ခေါင်းစဉ်လေးကိုတောင် လူစိတ်ဝင်စားအောင် အမျိုးမျိုးရွေးချယ်နေရသေးသည်...။



ဒါပေမဲ့ အရမ်းကြီးတော့ ခေါင်းခြောက်အောင် ရွေးစရာမလို...အချစ်ဆိုတဲ့ စကားလုံးလေးသာ ထည့်လိုက် စိတ်ဝင်တစားဝင်လာကြပြီ...။ ကိုယ်ရေးတဲ့ ပို့ စ်ကို ဖတ်စေချင်လွန်းလို့  အချစ်အကြောင်းကြီးပဲ ရေးရမှာလား..........။



ဟင်အင်း..မေ မရေးနိုင်ပါ...။ စာရေးတာကို ဝါသနာပါလို့ ရေးတာပါ.......။ နာမည်ကြီးချင်လို့  မဟုတ်ရသလို သူများတကာထက် တော်လို့  ပိုတတ်လို့ လဲ မဟုတ်ရပါ...။ ဒါပေမဲ့ ကိုယ်သိထားတာလေးတွေကို မျှဝေချင်တယ်...။ ကိုယ်တွေးမိသမျှလေး မျှဝေခံစားကြည့်ချင်မိခဲ့ရင်း စာရေးခြင်း ဆိုတဲ့ အနုပညာလေးတစ်ခုမှာ ပျော်မွေ့  နေခဲ့တာပါ........။



အင်တာနက်ဆိုတာလေးကို သုံးနေကြရင်း အကျိုးရှိတဲ့ တစ်စုံတစ်ရာလေးကိုတော့ သုံးစွဲနေသူတွေအပေါ် မျှဝေချင်မိခဲ့တယ်........။ ဒါပေမဲ့ တကယ်တမ်း မျှဝေဖို့ ဆိုတာက ကိုယ်ကိုတိုင်ကလဲ ဘာမျှမတတ်...။ နည်းပညာမျှဝေဖို့ ကလဲ မစွမ်းဆောင်နိုင်.........။ ဒီတော့ မေ တတ်နိုင်တဲ့ အပိုင်းကနေပဲ မေ ကြိုးစားပြီး ကူညီပြစေပေါ့.........။



ခဏတာ သုံးစွဲနေသူတွေအတွက် သုံးစွဲရချိန်လေးမှာ အသိဥာဏ်လေး တစ်ချက် ပွင့်သွားရင်လဲ ကျေနပ်တယ်......။ တွေးစရာ အလင်းတစ်ခု ရသွားတယ်ဆိုလဲ ကျေနပ်တယ်......။ ဆင်ခြင်စရာ အရာတစ်ခုကို သတိပြုမိတယ်ဆိုရင်လဲ ဝမ်းသာတယ်.....။ အတုယူစရာ စံနမူနာ တစ်ခု ယူသွားခဲ့တယ်ဆိုရင်လဲ ဂုဏ်ယူတယ်...။ ဗဟုသုတ တစ်ခုလောက် ပေးနိုင်တယ်ဆိုရင်လဲ အမြတ်ပါပဲ.......။



လူငယ်လေးတွေ အထူးစိတ်ဝင်စားနေတဲ့ အချစ်အကြောင်းတော့ အမြဲတမ်းရေးမနေချင်ဘူး...။ အဲ့ဒီဘာသာရပ်ကို မေ ကိုယ်တိုင်လဲ ကျွမ်းကျင်စွာ တတ်မြောက်မထားခဲ့ဘူး(ကြော်ငြာဝင်တာ မဟုတ်ဘူးနော်)..။



အချစ်နဲ့  ပတ်သက်ပြီးရလာတဲ့ ကောင်းကျိုး ၊ ဆိုးကျိုးလေးကိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေတွေ့ နေခဲ့ရပြီး သိသလောက်လေး မျှဝေပေးနိုင်ခဲ့ပေမဲ့ မေ ကျွမ်းကျင်တဲ့ ဘာသာရပ်မဟုတ်တဲ့ အတွက် တစ်ခါတစ်ရံ ခြေတစ်လှမ်း ဆုတ်ပြစေ...။



ခဏတာ အွန်လိုင်းံသုံးချိန်မှာ အကျိုးရှိစေမဲ့ စာပေမျိုးလေးတွေကို ဝင်ရောက်ဖတ်ရှူစေချင်တာ မေ့စေတနာပါ.......။ အချစ်တစ်ခုထဲနှင့် ဘဝတစ်ခုလုံးမပြည့်စုံနိုင်ပါ......။ အချစ်ပါတဲ့ ချစ်ခရီးလမ်းကို သွားဖို့  ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ လိုပါတယ်......။ စိတ်ဓာတ်ကြံခိုင်နိုင်ဖို့ အတွက် နှလုံးသားအာဟာရလိုပါတယ်........။ အားဖြည့်ပေးပါ.....။



ဘဝတိုက်ပွဲအတွက် ခွန်အားတွေလိုပါတယ်..........။ ဆူးခင်လမ်းကို ဖြတ်ကျော်နိုင်ဖို့  ဖိနပ်ကောင်းကောင်းတစ်ရံလိုအပ်သလို အောင်မြင်မှု ခရောင်းလမ်းကို တည့်မတ်စွာလျှောက်နိုင်ဖို့  ကြံကြံခိုင် စိတ်ဓာတ်ခွန်အားက လုံခြုံတဲ့ ထီးတစ်ချောင်းလို ကာကွယ်နိုင်မှ ဖြစ်နိုင်မှာပါ......။



ခုလို အဖက်ဖက်က ပြည့်စုံနိုင်ဖို့  ကြိုတင်ပြင်ဆင်ထားနိုင်ရမယ်......။ လိုအပ်တာတွေကို မှီငြိမ်းထားရမယ်............။



လူငယ်တွေအနေနဲ့  အချစ်ကို စိတ်ဝင်စားတယ်ဆိုရင် အချစ်နဲ့  အတူ ကပ်ပါလာနိုင်တဲ့ အကျိုးဆက်တွေကိုပါ စိတ်ဝင်စားရပါမယ်..........။ အချစ်တစ်ခုထဲနဲ့  ဘဝက ပြည့်စုံပြီးမြောက်ချင်းမရှိပါဘူးနော်.........။ အဲ့ဒီတော့.......................





ဘာတွေ လုပ်သင့် ကြိုတင်ပြင်ဆင် သင့်ပါသလဲ................။ ဘယ်လို ကြိုတင်ပြင်ဆင်မှာလဲ........။ ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ..........။



အချစ်တစ်ခုထဲနဲ့  ဘဝတစ်ခုလုံးပြည့်စုံတယ်လို့  ခံယူနေပြီး အချစ်တစ်ခုအောက်မှာပဲ ယစ်မူးနေတုန်းလား................။အချစ်တစ်ခုထဲနှင့် ဘဝက ပြည့်စုံနိုင်ပါသလား.........

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About