Onlineပေါ်ရောက်ရင် ပုံစံပြောင်းတတ်သူလား

အင်တာနက်၊ ချက်တင်၊ Facebook၊ Twitter၊ Friendster တို့ ပေါ်လာပြီးနောက်မှာ လူငယ်လေးတွေဟာ အင်တာနက်ကို ပိုစွဲလမ်းလာကြပြီး အပြင်မှာ မပြောရဲ၊ မဆိုရဲ၊ မလုပ်ရဲတာတွေကို Online ပေါ်မှာ လုပ်တတ်လာကြပါတယ်။ တချို့ဆိုရင် အပြင်မှာ အနေအေးပေမယ့် Online ပေါ်မှာတော့ အမိုက်စား ပုံတွေတင်ကာ Online သူငယ်ချင်းများစွာကြား အရမ်းကို ပေါ်ပြူလာဖြစ်နေ၊ ဆိုရှယ်ကျနေတတ်ကြတာကို တွေ့ရပါတယ်။ သင်ကော ဘယ်လိုလူစားမျိုးလဲ။

  

ပုံစံလုံးဝပြောင်းသွားသူပါ

သင်ရဲ့ ပြင်ပပုံစံက Online ထဲက သင့် ID နဲ့ တခြားစီပါပဲ။ အပြင်မှာအေးပြီး စကားနည်းသလောက် Online ပေါ်မှာတော့ မြူးကြသွက်လက် နေတတ်ပါတယ်။ အပြင်က သူငယ်ချင်းထက်စာရင် Online ပေါ်မှာ အသိမိတ်ဆွေ ပိုများတာကြောင့်လည်း သင်ဟာ Online ပေါ်မှာ အချိန်ကုန်လေ့ ရှိပါတယ်။ ဓာတ်ပုံတွေကို လှအောင်ပြင်ပြီးတင်၊ Comment တွေရရင် ပျော်နေတတ်ကာ သူများတွေရဲ့ ပုံတွေ၊ Status တွေမှာလည်း ကြိုက်ကြိုက်၊ မကြိုက်ကြိုက် Comment တွေ သွားပေးနေတတ်ပါတယ်။ သင်သိထားရမှာက တကယ့်ဘ၀ဆိုတာ Online ပေါ်မှာ ရှိတာ မဟုတ်ပါဘူး။ Facebook ကိုပဲ တစ်ကမ္ဘာ ထင်နေလို့ မဖြစ်ပါဘူး။ အပြင်လောကနဲ့ ထိတွေ့ ဆက်ဆံနေတတ်ဖို့လည်း လိုပါတယ်။ တစ်နေကုန် ကွန်ပျူတာရှေ့မှာပဲ ထိုင်နေရင် ပြင်ပလောကနဲ့ ဝေးသထက် ဝေးနေတော့မှာပါ။ နောက်ပြီး Online ပေါ်မှာ ပေါ်ပြူလာဖြစ်ချင်လို့၊ မိုက်တဲ့ပုံပေါက်ချင်လို့ လိမ်ညာတာမျိုးလည်း မလုပ်ပါနဲ့။ အဖြစ်မှန်သိရင် အဟားခံရပါမယ်။ အထင်သေးခံရပါမယ်။ ဒါကြောင့် အရှိ အရှိအတိုင်းပဲ နေပါ။ အင်တာနက်သုံးချိန် လျှော့ပြီး အပြင်လောကအတွက် အချိန်ပိုပေးပါ။

အခြေအနေအလျှောက် ပုံစံပြောင်းတတ်သူပါ

သင်ဟာလည်း Online ပေါ်မှာ ပေါ်ပြူလာဖြစ်ချင်သူပါပဲ။ Facebook  မှာဆို Friend Request လာလုပ်ထား သူတိုင်းလိုလိုကို သိသိ၊ မသိသိ လက်ခံလေ့ရှိပါတယ်။ အပြင်မှာ မလုပ်ရဲ၊ မပြောရဲတာတွေကိုလည်း Online ပေါ်မှာတော့ ပြောရဲဆိုရဲ ရှိနေပါတယ်။ ဒါပေမဲ့ Online ပေါ်က ပုံစံက ပြင်ပက ပုံနဲ့ သိပ်မကွာတာကြောင့် အရမ်း မဆိုးလှဘူး ဆိုရမှာပါ။ လူတွေနဲ့ စကားပြောဆိုရာမှာ မျက်နှာချင်းဆိုင် ပြောတာထက်စာရင် ကွန်ပျူတာဖန်သား ပြင်နောက်ကနေ ပြောရတာ ပိုပြီး ပြောရဲဆိုရဲရှိတာ မှန်ပါတယ်။ ဒါပေမဲ့ တကယ့်လောကမှာလည်း လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုရဦးမှာ ဖြစ်တာကြောင့် အပြင်မှာလည်း ပြောရဲဆိုရဲအောင် ကြိုးစားကြည့်ပါ။ အရေးကြီးတဲ့သူနဲ့ ပြောစရာရှိပါက ပြောမယ့်စကားကို မှန်ကြည့်ပြီး လေ့ကျင့်ပြောကြည့်ပါ။ တကယ်ပြောဆိုတဲ့အခါ အဆင်ပြေချောမွေ့ပါလိမ့်မယ်။

အပြင်ပုံစံအစစ်အမှန်ပါ

သင်ဟာ သင့်ကိုယ်သင် ယုံကြည်ချက် ပြည့်ဝသူပါပဲ။ ကွန်ပျူတာ ဖန်သားပြင်အကွယ်ယူကာ သင်ရဲ့ပုံစံကို ပြောင်းတတ်သူ မဟုတ်ပါဘူး။ Online ပေါ်ရော အပြင်မှာပါ သင်က တစ်ပုံစံတည်းပါပဲ။ Facebook ထဲ ရောက်လို့ လေသံပြောင်းမသွား၊ ပုံစံပြောင်း မသွားပါဘူး။ သင်ရဲ့လက်ရှိဘ၀ကို ကျေနပ် ရောင့်ရဲတတ်သူပါ။ ဒီလို တစ်သမတ်တည်း ရှိနေတာကြောင့်လည်း သင်ရဲ့ သူငယ်ချင်းတွေက သင့်ကို Online ပေါ်မှာရော အပြင်မှာပါ ခင်နေတတ်ကြတာ ဖြစ်ပါတယ်။

The Chic Magazine

0 comments:

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About