အချစ်သည်တစ်ခါတရံတွင်

တကယ်တော့ အချစ်ဆိုတာ ဘာလဲ.. လူတစ်ယောက်တိုင်း တစ်ယောက်တိုင်း
အဓိပ္ပါယ်တစ်မျိုးစီနဲ့ ဖွင့်ဆိုကြပေမယ့် သူရဲ့ စစ်မှန်တဲ့ ရသ ကဘယ်မှာလဲ..
ရှုံးနိမ့်သူတစ်ချို့ကပြောတယ်, အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့..
စွန့်လွှတ်ခြင်းတဲ့..၊ အောင်နိုင်သူ တစ်ချို့ကပြန်တော့ ရယူခြင်းတဲ့..
ပိုင်ဆိုင်ခြင်းတဲ့..။ သူရဲ့ပိုင်ဆိုင်ခြင်းတွေက အဆုံးမဲ့ပေါ့..
တည်ကြက်တစ်ခုမရှိပဲ မာယာများနေတဲ့ သူ့အတွက် လူတွေဗျာများနေရတယ်..
ပုံဖော်ခွင့်မရှိ ဒြပ်မဲ့နေတဲ့ သူ့အတွက် ကျွန်တော် ရှုံးနိမ့်ခဲ့ဖူးတယ်..
တကယ်တော့ ကျွန်တော်ဟာ အချစ်ဆိုတာကို ယုံကြည် ကိုးကွယ်ခဲ့သူပါ.. ကောင်မလေး
တစ်ယောက်အတွက် အချစ်ဆိုတဲ့ အဓိပ္ပါယ်ကို ပုံဖော်ကြည့်ခဲ့ဖူးတယ်.. သူနဲ့
ကျွန်တော့်ကြား ကွာဟမှုတွေ များခဲ့ပေမယ့်လည်း အရာအားလုံးကို
လစ်လျူရှုချစ်ခဲ့ဖူးတယ်.. သူ့အတွက်နဲ့ အရာအားလုံးကို
စွန့်လွှတ်နိုင်ဖို့ထိတောင် ကြိုးစားခဲ့ဖူးပါတယ်.. ဒီလိုနဲ့
သူမနှုတ်ခမ်းကပြောတဲ့ “ချစ်တယ်” ဆိုတဲ့စကားတစ်ခွန်း
ကြားခွင့်မရှိခဲ့သည့်တိုင်, အချစ်ဆိုတဲ့ ဝေါဟာရအောက်မှာ
ရှင်သန်ရင်းနေထိုင်နေခဲ့တာ အခုဆို အသည်းတစ်ခြမ်းတောင်
သေဆုံးခဲ့ပြီးပါပြီ..........

တကယ်တော့ နင့်အတွက် အချစ်ဆိုတာ သဲသောင်ပြင်ပေါ်က ခမ်းနားဆန်းကြယ်တဲ့
ရဲတိုက်တစ်ခုပါ.. လိုချင်ရင် လိုအပ်သလို
အလွယ်တကူပုံဖော်ဖန်တီးနိုင်ပြီး.. ဘာမဟုတ်တဲ့ ရေစက်ကလေးတစ်ခုအတွက်နဲ့လည်း
ပျက်စီးပြိုလဲ ပစ်နိုင်တယ်လေ.. ဒုတိယအကြိမ်ဆိုတာ
ငါ့အတွက်မရှိခဲ့ဘူးဆိုတာကို စတွေ့လိုက်ကတည်းက ငါသိနေဖို့ ကောင်းတယ်..
နင်ပြောမယ့် စကားတစ်ခွန်းကို ကြိုသိနေခဲ့ပေမယ့်လည်း မပြောပါနဲ့လို့တော့
ငါတားခွင့်မရခဲ့ဘူးလေ.. အချိန်တွေသာ နောက်ပြန် လှည့်ခွင့်ရှိရင် တစ်ခုပဲ
နင်ပြောမယ့်စကားလေး တစ်ခွန်းကို ငါတားဆီးလိုက်ပါရစေ.. ဒီလိုနဲ့
နင်ထားသွားခဲ့တာ အခုဆို ၂ လကျော်ခဲ့ပြီလေ.. အသည်းကွဲဒဏ်ရာဆိုတာ
အချိန်ကကုစားပေးသွားမှာပါတဲ့.. ဘာလို့ ဝေးကွာခြင်းတွေကို
မုန်းတီးခဲ့ဖူးတဲ့ ရင်ခွင်ကိုမှ ကြေကွဲခြင်း ဝေဒနာတွေကိုပေးရတာလဲ..
ဒဏ်ရာဆိုတာတွေကို လိုချင်လို့နင့်ကို ငါချစ်ခဲ့တာမှမဟုတ်တာ..
ခါးသက်ခြင်းတွေနဲ့ ရှင်သန်နေရတဲ့ ဘ၀တွေကိုလည်း ငါ
ပိုင်ဆိုင်ခဲ့ဖူးတယ်လေ.. ဒါနဲ့များ ဘာလို့ အစိမ်းရောင် ၀တ်ရုံခြုံပြီး
ခါးသီးမှုတွေနဲ့လက်ခါပြရတာလဲ.. နင်ထား.. နင်သွားပါ, နှလုံးသားတံခါးလေးလည်း
အပြီးတိုင်ပိတ်သွားပါ.. နောက်တစ်ယောက်ဆိုတာကိုလည်း ထာဝရ
မခိုအောင်းချင်တော့လို့..။ နင့်အတွက်တော့ ရင်ခွင်ဟောင်းဆိုတာ
အဓိပ္ပါယ်မရှိတဲ့ရုပ်ပြသက်သက်လို့ ထင်မြင် ခဲ့တာလား.. ဒါမှမဟုတ် အရုပ်
တစ်ရုပ်လို ဆော့ကစားခဲ့တာလား..။ ငါ့အတွက်တော့ နယူတန်ဟာမှားခဲ့တယ်.. ငါဟာ
ကြွေကျခွင့်မရှိတဲ့ ပန်းသီးတစ်လုံးကိုမှ မက်မောစွာတက်မက် တွယ်တာမိသူပါ..
ခိုးမက်ခွင့်မရှိတဲ့ အိပ်မက်ဟောင်းနဲ့လည်း ကြွေလွင့်ခြင်းမရှိတဲ့
အိပ်မက်သစ်ပင်ကို ငါစိုက်ပျိုးခဲ့တယ်လေ.. တကယ်တော့ နင်ပြောတဲ့
လမ်းခွဲဆိုတဲ့ အခိုက်အတန့်လေးမှာပဲ ငါဟာ ငါ့စိတ်ဝိညာဉ်တွေကို
မီးသဂြိုလ်လိုက်ပါတယ်.. တို့နှစ်ယောက်က ပြိုင်မျဉ်းနှစ်ကြောင်းမဟုတ်ဘူး၊
မျဉ်းဖြောင့်နှစ်ကြောင်းပေါ်မှာသာ ခြေစုံရပ်မိခဲ့သူနှစ်ယောက်ပါ..
ဝေးရမှာသိတယ်. ဒါပေမယ့် ကံကြမ္မာဆိုတာကို ယုံကြည်လို့
နင့်ကိုပုံအပ်ချစ်ခဲ့ဖူးတယ်.. နောက်ဆုံးတော့ ကြွေလွင့်သွားတဲ့
နှလုံးသားတစ်စုံရယ်, အနာဂတ်မဲ့တဲ့ ပစ္စုပ္ပန်တွေနဲ့သာ
အတိတ်ဟောင်းတွေကြားမှာ မှီတွယ်ရင်း နေထိုင်နေရတယ်.. ချစ်သူရယ်..,
နောက်ဆုံးတော့လည်း ဝေးလွင့်သွားတဲ့ လမ်းခွဲတစ်ခုမှာ အားတင်းရှင်သန်
နေထိုင်နေခဲ့ရတဲ့ ငါ့အတွက်တော့.. အချစ်ဆိုတာကို အယုံအကြည်မရှိတော့ဘူး.......

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About