@@@@ ကြောင်ကလေးတွေ ရဲ့ စိတ်ကူး @@@

ဘ၀ဆိုဟာ တိုတိုလေးလို့ ထင်တာပဲနော် … မျက်စိတ်တမှိတ်စာအတွင်းမှာပဲ


အရမ်းကို တိုတောင်းလွန်းပါတယ် …



အဲဒီထဲမှာမှ ဖြူဖြူစင်စင်လေးနဲ့ စိတ်ချမ်းချမ်းသာသာ ရှင်သန်နေထိုင်သွားရရင် ပိုကောင်းတာပေါ့ …


မဟုတ်ဘူးလား …



 á€á€…်ခါတစ်လေ ပျော်ရွှင်ကြည်နူးမှုတွေ ခံစားရသလို …



နာကျင်ဝမ်းနည်းမှုတွေလည်း ကြုံတွေ့ရတဲ့ အချိန်တွေလည်း မရေတွက်နိုင်အောင်ပဲ ရှိတတ်ကြပါတယ်


http://lattwebawchitthu.files.wordpress.com/2011/09/2010-12-23_193425.png?w=269



တစ်ခါတစ်လေ မှာ ကြုံလာရမယ့် စိတ်ပျက်စရာတွေကိုလည်း ကြံ့ကြံ့ခံရင်းပေါ့ …



အနိုင်ကျင့်ခံရတာတွေလဲ ရှိလာမှာပါပဲ …


ဘယ်လိုမှ မတတ်နိုင်ပေမယ့် … အဲလို အချိန်တိုင်း … အားတင်းနေနိုင်ဖို့ အရေးကြီးတယ် …



ဒါပေမယ့်လည်း လိုအပ်လာမယ်ဆိုရင် အမြဲတမ်းငုံ့ခံမနေတတ်တဲ့ …


ရဲရင့်တဲ့စိတ်ထားလေးလဲ ရှိဖို့လိုအပ်တယ် …



 á€žá€°á€™á€ºá€¬á€¸á€±á¿á€á€¬á€€á€¹á€á€­á€¯á€„်း မကြောက်တတ်အောင်လဲ လေ့ကျင့်ထားရမယ် … ဒါမှ လူညံ့စာရင်းမ၀င်မှာလေ …


http://t0.gstatic.com/images?q=tbn:ANd9GcQchGu7MP6u61C55qQstTFvs5JAaJYPvjcmoBv6ZBxZd98abdqG


ဘယ်လိုအချိန် … ဘယ်လိုနေရာမှာပဲ ဖြစ်ဖြစ် ဘယ်သူနဲ့ဖြစ်ဖြစ် ရဲဝံ့စွာ ယှဉ်ပြိုင်နိုင်ရမယ် …




ဒါပေမယ့်လည်း တစ်ခါတစ်လေတော့ ကိုယ်ကိုယ်တိုင်က နိုင်ထက်စီးနင်း


လုပ်လိုစိတ်တွေပေါ်လာတတ်တယ် …



 á€¡á€²á€’ါတွေကို သာယာမနေဘဲ ရှက်တတ်တဲ့စိတ်လေးရှိရတယ် …



ဘာမဟုတ်တာတဲ့ကိစ္စလေးတစ်ခုဟာ တစ်ချို့တွေအတွက် အဆိုးမြင်ပြီး စိတ်ညစ်စရာဖြစ်နေပေမယ့် …


http://api.ning.com/files/PJcWyFSnJExekzhmwKCCRiKJvvGDIMY0bCB-QF-ltFy9i7mcyRddy*EBfR3pX-EFl1HZvsxTXiPFuOZkPmp*HroZm6DSlyplSvBNWHAJRxI_/while_youre_gone.jpg


တစ်ချို့အတွက်ကတော့ အကောင်းမြင်ပြီး ရယ်မောပျော်ရွှင်နေရတာတွေ ရှိတတ်တယ် …


အဲလိုလူမျိုးတွေဟာ ... စိတ်ချမ်းသာကြတယ် ...


ပြီးတော့ ပါးနပ်လျှင်မြန်မှု ဆိုတာလည်း နေရာတိုင်းမှာ အသုံးဝင်ပါတယ် …




စူးစမ်းလိုစိတ် …



စွန့်စားလိုစိတ်တွေ ရှိတာလည်း ကောင်းတာပေါ့ …


ဒါပေမယ့် … အတတ်လွန်သွားရင်လဲ ဒုက္ခရောက်ရော …



ကိုယ်နဲ့လိုက်ဖက်မှလည်း ကြည့်လို့ကောင်းတယ်လေ …



ဘယ်နေရာမဆို အတိုင်းအတာ နဲ့ပဲ ကောင်းတယ် … နည်းနည်းလေးလွန်သွားရင်လည်း


ခြေချော်လက်ချော် ပြုတ်ကျတတ်တယ် …




နေရာတိုင်းမှာ သတိရှိတာ ကောင်းတာပေါ့ … သတိဆိုတာ ပိုတယ်မရှိတဲ့ …



အကောင်းဆုံး ဘ၀ တစ်ခုကိုပိုင်ဆိုင်နိုင် ဖို့ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့လည်း လိုအပ်တယ် …


အဖြူ အမဲ မရွေး … သာတူညီမျှတဲ့ စိတ်ထားနဲ့ ပွင့်လင်းဖော်ရွေတတ်ရတယ် …


ဒါမှလည်းး ဘ၀ရဲ့ အဖော်မွန်ကောင်းတွေကို ပိုင်ဆိုင်ရမှာပေါ့ …



အတတ်နိုင်ဆုံးတော့ ပြုံးပြုံးလေးနေ … အပြုံးဆိုတာ ပေါင်းသင်းဆက်ဆံရေးမှာ အဓိကအကျဆုံး


ပေါင်းကူးတံတားပဲတဲ့ …


ရယ်စရာ ရှိရင် အားပါးတရရယ်မောလိုက် … ရယ်မောခြင်းသည်အသက်ကို ပိုရှည်စေ၏ ဆိုပဲ …




တစ်ခါတစ်လေ အရင်းနှီးဆုံးလူက ကိုယ့်ကိုရောင်းစားလိုက်သလို အဖြစ်မျိုးတွေလည်း ကြုံရတတ်တယ် …



အဲဒီလို ဒေါသထွက်စရာတွေကြုံလာရင်လည်း … အတတ်နိုင်ဆုံးတော့ သည်းခံကြည့်ပေါ့ …


သည်းမခံနိုင်ရင်တော့ ဘယ်သူမှမရှိတဲ့နေရာ မှာ ပေါက်ကွဲလိုက်တာ အကောင်းဆုံးပဲ



တစ်ခါတစ်လေ ဘာအကြောင်းပြချက်မှမရှိပဲနဲ့ အသားလွတ်စိတ်ဓါတ်ကျနေတာ မျိုးလည်း ရှိတတ်တယ်


 á€á€…်ယောက်တည်း အထီးကျန်ပြီး ငေါင်နေချိန်တွေပေါ့ …



အားငယ်စရာတွေပဲ တွေးမနေပဲ … ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်မှ …



နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းဟာလည်း … စိတ်ကိုပေါ့ပါးလန်းဆန်းစေတယ် …



ဘယ်လိုပုံစံပဲဖြစ်ဖြစ်ပေါ့ … နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဖို့ပဲ လိုတယ် …



နောက်ပြီး တော့ ဘ၀မှာ မရှိမဖြစ်လိုအပ်တာ မေတ္တာတရားပဲ … ၅၂၈ မေတ္တာရော …



၁၅၀၀ ဆိုတဲ့ ချစ်ခြင်းမေတ္တာရောပေါ့ …


ဒါမှလည်း နေပျော်စရာ ကောင်းတဲ့ ဘ၀ကို ပိုင်ဆိုင်ရမှာလေ …



တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးမှာ အဓိကကျတာကတော့ နားလည်မှုဆိုတာပါပဲ …


ရင်ဖွင့်တိုင်ပင်ဖော် သူငယ်ချင်းကောင်းဆိုတာ ကတော့ မရှိမဖြစ်ပါပဲ …စစ်မှန်တဲ့ သူငယ်ချင်းဟာ


ဘုရားသခင်က ပေးတဲ့ လက်ဆောင်ပါတဲ့ ...



သူငယ်ချင်းအားလုံးး ဖြူစင်တဲ့ သန့်ရှင်းတဲ့စိတ်ထားလေးနဲ့ … ပျော်ရွှင်တဲ့ဘ၀လေး


ပိုင်ဆိုင်နိုင်ပါစေလို့ တောင်းá‹8ချမ်း...ပျော်ရွှင်...လန်းဆန်းနိုင်ကြပါစေ....… ရှင်

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About