♥♥♥ညီမလေး♥♥♥


နှလုံးသားက
ရိုးသားစွာအားငယ်မိပါတယ်
ညီမလေးတစ်ယောက်ကလွဲရင်
ဘယ်သူ့ ကိုမှလှမ်းမကြည့် ရဲတော့ ပါဘူး
သူလေးမသိတဲ့ ရိုသေမှု့ တွေနဲ့ 
ငါ ကိုးကွယ်မိပါတယ်....။



သူ့ ရှေ့ မှာငါ
ဒူးနှစ်ဘက်စင်းစင်းညွှတ်ထောက်ပေးခဲ့ ပါတယ်
ညီမလေးရေ...
ဌက်ကလေးလာနားဖို့
လက်ဝါးဖြန့် ပေးထားသူလိုမျိုး..ငါလေ
ရင်တထိတ်ထိတ်နဲ့ ပျော်မွေ့ နေမိတယ်
မင်းရှေ့ မှာဆို
မကြိုက်သောစာတစ်ကြောင်း
မျက်လုံးလေးနဲ့ တောင်မပေါင်းရဲခဲ့ ဘူး....။





ရှေ့ ဆုံးကနေရာဦးဖို့ဆိုတာတော့ 
ပွဲလန့် တုန်းမပြောနဲ့ ပွဲရှင်းတုန်းတောင်ဖျာခင်းခွင့် မရခဲ့ပါဘူး
ဒီပင်လယ်ဟာ ညီမလေးရှိတဲ့ နေရာဆိုရင်
ကျောက်ချ ရပ်နားရုံတင်မကဘူး
ငါ့ သင်္ဘောတစ်စင်းလုံးနှစ်မြုတ်နေရာယူပစ်မယ်.....။



အဲဒီလောက်ထိ ငါချစ်တယ်
ညီမလေးလိုချင်ရင်ဓူဝံကြယ်ကို ခူးဆွတ်မပေးဘူး
မြောက်အရပ်မှာ ခြေစူံရပ်ပေးမယ်
ညီမလေးအတွက်ဆိုတံတားမဆောက်ဘူး
ကိုယ်တိုင်အားယားမှောက် ကိုယ်ပေါ်မှာဖြတ်လျှောက်ခိုင်းမယ်
အဲဒီလောက်ထိငါချစ်တယ်......။


မိန်းမတစ်ယောက်ဟာချစ်မိလာရင် ရဲရင့် လာတယ်
ယောင်္ကျားတစ် ယောက်ဟာချစ်မိလာရင်
သိမ်ငယ်တတ်လာတယ်
ငါဘယ်လိုမျိုသိပ်နေရတယ်ဆိုတာ
ညီမလေးသိမှာပါ......။





ညီမလေးရယ် မင်းရဲ့ လက်ဖ၀ါးကို
ငါ့ ရဲ့ ပါးပြင်မှာအပ်လို့ 
တမြတ်တနိုးလေးနဲ့ ငေးချင်နေလိုက်တာ
ငါ့ ရဲ့ တသက်စာဆန္ဒပါကွာ...
မင်းရဲ့ ဆံနွယ်စတွေကိုဆွဲဖွချင်တယ်.......




တကယ်ဘဲမချင့် မရဲအတွေးမျိုးနဲ့ ပါ
ငါသူ့ ကိုအရမ်းချစ်တယ်
လက်ရှိအနေအထားဘေးဖယ်ထားပြီး
တသက်စာတော့ ယုံလိုက်ပါ ညီမလေးရယ်....
မြင်နေကြသူ့ ပုံရိပ်လေး




ဖြစ်နိုင်ရင် ငါ့ မျက်လုံးမှာ
ဆေးမှင်ရည်၊စုတ်ထိုးထားချင်ပါရဲ့ 
တကယ်တမ်းမင်းလေးနဲ့ ပတ်သက်လာရင်
မင်းညှပ်ခဲ့ တဲ့ လက်သည်းလေးကိုတောင်
ငါက သိမ်းထားချင်တာမျိုးပါ





ငါကအိုင်တွေ့ လို့ ဆေးချင်တဲ့ ခြေလဲမဟုတ်ပါဘူး
မင်းကခြေတွေ့ ဖို့ စောင့် နေတဲ့ အိုင်လဲမဟုတ်ပါဘူး
မင်းအတွက်ကလွဲရင် ဒီအပင်ဟာ
နောက်ထပ်အသီး မသီးတော့ ဘူး
မင်းအတွက်ကလွဲရင ဒီအပင်ဟာ
နောက်ထပ်ပွင့် လာတော့ မှာမဟုတ်ဘူး
မင်းအတွက်ကလွဲရင်ဒီလူဟာ
နောက်ထပ်ဘယ်သူ့ ကိုမှပါရမီဖြည့် မှာမဟုတ်တော့ ဘူး





အရွယ်ကြောင့် မြင့် တက်လာတဲ့ အသိမှာ
ညီမလေးကိုငါကြည့် စရာမလိုတော့ ဘူး
သူဟာငါ့ ရဲ့ မျက်ဝန်းဖြစ်တယ်
ရင်ခုန်စရာမလိုတော့ ဘူး
သူဟာငါ့ ရဲ့ နှလုံးသဲပွတ်ဖြစ်တယ်
ဝေးကွာစရာမလိုတော့ ဘူး
သူဟာငါ့ ရဲ့ အသွေးသားဖြစ်တယ်





ချစ်သောညီမလေးရေ...

ပျင်းရိငြီးငွေ့ တဲ့ အချိန်လေးတွေမှာ
အခါအခွင့် ကြုံကြိုက်ရင်
ငါ့ ကဗျာလေးကိုသတိရနေလိုက်ပါ




ငါကတော့ 
ပုဆိန်ရှေ ကသစ်ပင်လေးလို
ဆုံဆည်းတာနဲ့ ၊ပြိုလဲပေးရမဲ့ အဖြစ်ကို
ရိုကျို့ စွာထိမ်းသိမ်းရင်း
စူးစူးနစ်နစ်...ချစ်...သွား...မှာ...ပါ....ညီမလေးရယ်........

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About