@@@@ ကြောင်ကလေးတွေ ရဲ့ စိတ်ကူး @@@

ဘ၀ဆိုဟာ တိုတိုလေးလို့ ထင်တာပဲနော် … မျက်စိတ်တမှိတ်စာအတွင်းမှာပဲ


အရမ်းကို တိုတောင်းလွန်းပါတယ် …



အဲဒီထဲမှာမှ ဖြူဖြူစင်စင်လေးနဲ့ စိတ်ချမ်းချမ်းသာသာ ရှင်သန်နေထိုင်သွားရရင် ပိုကောင်းတာပေါ့ …


မဟုတ်ဘူးလား …



 á€á€…်ခါတစ်လေ ပျော်ရွှင်ကြည်နူးမှုတွေ ခံစားရသလို …



နာကျင်ဝမ်းနည်းမှုတွေလည်း ကြုံတွေ့ရတဲ့ အချိန်တွေလည်း မရေတွက်နိုင်အောင်ပဲ ရှိတတ်ကြပါတယ်


http://lattwebawchitthu.files.wordpress.com/2011/09/2010-12-23_193425.png?w=269



တစ်ခါတစ်လေ မှာ ကြုံလာရမယ့် စိတ်ပျက်စရာတွေကိုလည်း ကြံ့ကြံ့ခံရင်းပေါ့ …



အနိုင်ကျင့်ခံရတာတွေလဲ ရှိလာမှာပါပဲ …


ဘယ်လိုမှ မတတ်နိုင်ပေမယ့် … အဲလို အချိန်တိုင်း … အားတင်းနေနိုင်ဖို့ အရေးကြီးတယ် …



ဒါပေမယ့်လည်း လိုအပ်လာမယ်ဆိုရင် အမြဲတမ်းငုံ့ခံမနေတတ်တဲ့ …


ရဲရင့်တဲ့စိတ်ထားလေးလဲ ရှိဖို့လိုအပ်တယ် …



 á€žá€°á€™á€ºá€¬á€¸á€±á¿á€á€¬á€€á€¹á€á€­á€¯á€„်း မကြောက်တတ်အောင်လဲ လေ့ကျင့်ထားရမယ် … ဒါမှ လူညံ့စာရင်းမ၀င်မှာလေ …


http://t0.gstatic.com/images?q=tbn:ANd9GcQchGu7MP6u61C55qQstTFvs5JAaJYPvjcmoBv6ZBxZd98abdqG


ဘယ်လိုအချိန် … ဘယ်လိုနေရာမှာပဲ ဖြစ်ဖြစ် ဘယ်သူနဲ့ဖြစ်ဖြစ် ရဲဝံ့စွာ ယှဉ်ပြိုင်နိုင်ရမယ် …




ဒါပေမယ့်လည်း တစ်ခါတစ်လေတော့ ကိုယ်ကိုယ်တိုင်က နိုင်ထက်စီးနင်း


လုပ်လိုစိတ်တွေပေါ်လာတတ်တယ် …



 á€¡á€²á€’ါတွေကို သာယာမနေဘဲ ရှက်တတ်တဲ့စိတ်လေးရှိရတယ် …



ဘာမဟုတ်တာတဲ့ကိစ္စလေးတစ်ခုဟာ တစ်ချို့တွေအတွက် အဆိုးမြင်ပြီး စိတ်ညစ်စရာဖြစ်နေပေမယ့် …


http://api.ning.com/files/PJcWyFSnJExekzhmwKCCRiKJvvGDIMY0bCB-QF-ltFy9i7mcyRddy*EBfR3pX-EFl1HZvsxTXiPFuOZkPmp*HroZm6DSlyplSvBNWHAJRxI_/while_youre_gone.jpg


တစ်ချို့အတွက်ကတော့ အကောင်းမြင်ပြီး ရယ်မောပျော်ရွှင်နေရတာတွေ ရှိတတ်တယ် …


အဲလိုလူမျိုးတွေဟာ ... စိတ်ချမ်းသာကြတယ် ...


ပြီးတော့ ပါးနပ်လျှင်မြန်မှု ဆိုတာလည်း နေရာတိုင်းမှာ အသုံးဝင်ပါတယ် …




စူးစမ်းလိုစိတ် …



စွန့်စားလိုစိတ်တွေ ရှိတာလည်း ကောင်းတာပေါ့ …


ဒါပေမယ့် … အတတ်လွန်သွားရင်လဲ ဒုက္ခရောက်ရော …



ကိုယ်နဲ့လိုက်ဖက်မှလည်း ကြည့်လို့ကောင်းတယ်လေ …



ဘယ်နေရာမဆို အတိုင်းအတာ နဲ့ပဲ ကောင်းတယ် … နည်းနည်းလေးလွန်သွားရင်လည်း


ခြေချော်လက်ချော် ပြုတ်ကျတတ်တယ် …




နေရာတိုင်းမှာ သတိရှိတာ ကောင်းတာပေါ့ … သတိဆိုတာ ပိုတယ်မရှိတဲ့ …



အကောင်းဆုံး ဘ၀ တစ်ခုကိုပိုင်ဆိုင်နိုင် ဖို့ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့လည်း လိုအပ်တယ် …


အဖြူ အမဲ မရွေး … သာတူညီမျှတဲ့ စိတ်ထားနဲ့ ပွင့်လင်းဖော်ရွေတတ်ရတယ် …


ဒါမှလည်းး ဘ၀ရဲ့ အဖော်မွန်ကောင်းတွေကို ပိုင်ဆိုင်ရမှာပေါ့ …



အတတ်နိုင်ဆုံးတော့ ပြုံးပြုံးလေးနေ … အပြုံးဆိုတာ ပေါင်းသင်းဆက်ဆံရေးမှာ အဓိကအကျဆုံး


ပေါင်းကူးတံတားပဲတဲ့ …


ရယ်စရာ ရှိရင် အားပါးတရရယ်မောလိုက် … ရယ်မောခြင်းသည်အသက်ကို ပိုရှည်စေ၏ ဆိုပဲ …




တစ်ခါတစ်လေ အရင်းနှီးဆုံးလူက ကိုယ့်ကိုရောင်းစားလိုက်သလို အဖြစ်မျိုးတွေလည်း ကြုံရတတ်တယ် …



အဲဒီလို ဒေါသထွက်စရာတွေကြုံလာရင်လည်း … အတတ်နိုင်ဆုံးတော့ သည်းခံကြည့်ပေါ့ …


သည်းမခံနိုင်ရင်တော့ ဘယ်သူမှမရှိတဲ့နေရာ မှာ ပေါက်ကွဲလိုက်တာ အကောင်းဆုံးပဲ



တစ်ခါတစ်လေ ဘာအကြောင်းပြချက်မှမရှိပဲနဲ့ အသားလွတ်စိတ်ဓါတ်ကျနေတာ မျိုးလည်း ရှိတတ်တယ်


 á€á€…်ယောက်တည်း အထီးကျန်ပြီး ငေါင်နေချိန်တွေပေါ့ …



အားငယ်စရာတွေပဲ တွေးမနေပဲ … ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်မှ …



နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းဟာလည်း … စိတ်ကိုပေါ့ပါးလန်းဆန်းစေတယ် …



ဘယ်လိုပုံစံပဲဖြစ်ဖြစ်ပေါ့ … နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဖို့ပဲ လိုတယ် …



နောက်ပြီး တော့ ဘ၀မှာ မရှိမဖြစ်လိုအပ်တာ မေတ္တာတရားပဲ … ၅၂၈ မေတ္တာရော …



၁၅၀၀ ဆိုတဲ့ ချစ်ခြင်းမေတ္တာရောပေါ့ …


ဒါမှလည်း နေပျော်စရာ ကောင်းတဲ့ ဘ၀ကို ပိုင်ဆိုင်ရမှာလေ …



တစ်ဦးနဲ့ တစ်ဦး ဆက်ဆံရေးမှာ အဓိကကျတာကတော့ နားလည်မှုဆိုတာပါပဲ …


ရင်ဖွင့်တိုင်ပင်ဖော် သူငယ်ချင်းကောင်းဆိုတာ ကတော့ မရှိမဖြစ်ပါပဲ …စစ်မှန်တဲ့ သူငယ်ချင်းဟာ


ဘုရားသခင်က ပေးတဲ့ လက်ဆောင်ပါတဲ့ ...



သူငယ်ချင်းအားလုံးး ဖြူစင်တဲ့ သန့်ရှင်းတဲ့စိတ်ထားလေးနဲ့ … ပျော်ရွှင်တဲ့ဘ၀လေး


ပိုင်ဆိုင်နိုင်ပါစေလို့ တောင်းá‹8ချမ်း...ပျော်ရွှင်...လန်းဆန်းနိုင်ကြပါစေ....… ရှင်

စကားပုံများ နဲ့ ကျနော့ရေးတဲ့ ရည်းစားစာ

အချစ်ရယ် ဒီစာကိုရေးလိုက်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်၊ မိကျောင်းမင်း
ရေခင်းပြတယ်၊ ခရု ခါးတောင်းကျိုက်ဖမ်းတယ်လို့ မထင်စေချင်ဘူးနော်။ ကိုယ့်မှာ
မင်းကိုချစ်မိမှပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လိုလို၊ မပိုင်ဝက်မွေးဆိုသလိုလို၊
အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုလို ဖြစ်နေပါပြီ။ အခုအချိန်မှာ ၀က်ဖြစ်မှတော့
မစင်ကြောက်နေ လို့လည်း မထူးတော့ပါဘူးလေ။ မင်းအဖေကို ပြောလိုက်ပါ မြင်းကမလှုပ်
ခုံကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုး ဖြစ်မနေပါနဲ့လို့။ ယူမှာက မင်းကိုပါ။
ဘယ်နှယ့်သူက ကဲကဲလှုပ်နေရတာလဲလို့။ ကြက်တူရွေးက တော်တော် မယ်ဘော်က
ကဲမနေပါနဲ့လို့။
မင်းအဖေက ကိုယ့်ကိုပြောတယ် ငကြောင် တဲ့။ မင်းဟာ
အလုပ်မရှိ ကြောင်ရေချိုးပေးနေတဲ့ ကောင်စားမျိုးတဲ့။ ဒါပေမဲ့ပြောလိုက်ပါ
ကိုယ်ဟာ ကြောင်သူတော် ကြွက်သူခိုးမဟုတ်သလို တောမီးလောင်
တောကြောင်လက်ခမောင်းခတ်တဲ့ ကောင်စားမျိုးတော့ မဟုတ်ပါဘူးလို့။ ကိုယ့်ရဲ့
မဖြစ်စလောက်သာရတဲ့ လစာလေးဟာ ကြောင်အို ကြွက်မလေး ဆိုသလိုဖြစ်နေတော့လေ…….
နောက်ပြီးတော့ မင်းကို လာလာကြောင်နေတဲ့ သင်္ဘောသားဆိုတဲ့ အကောင်ကလည်း
မင်းအဖေလိုလူအတွက် ကြောင်ခံတွင်းပျက်နှင့် ဆက်ရက်တောင်ပံကျိုးလို
ဟိုကောင့်အတွက်ကျတော့ ကံကောင်းတဲ့ကျား သွားရင်း
သမင်တွေ့ဆိုသလိုဖြစ်နေတာပေါ့။သူများ အကြောင်းလည်း မပြောချင်ပါဘူး အချစ်ရယ်
ဒီကောင့်မိဘက ချမ်းသာတော့ ကျားကြီး ခြေရာကြီး၊ ရွှေပင်နားတော့ ရွှေကျေးမျိုးတော့
ဖြစ်မှာပေါ့လေ။ တကယ်တော့ သူ့မိဘတွေဟာ ဒီယုန်မြင်လို့ ဒီချုံထွင်၊ ကြွက်သေတစ်ခု
အရင်းပြုရုံလေးနဲ့ စားရကံကြုံပြီး မုတ်ဆိတ်ပျားစွဲ၊ ထန်းသီးကြွေခိုက်
ကျီးနင်းခိုက်ဖြစ်လို့၊ ကြက်ကန်းဆန်အိုးတိုးကာ ယုန်ထောင်ကြောင်မိ
ဖြစ်သွားသူတွေပါ။ အများညီ ဤကိုကျွဲဖတ် ဆိုသလို လုပ်ချင်ရာလုပ်နေတဲ့
ပြောတော့ကြောင်သူတော် ယိုတော့ ကြွက်မွှေး ဆိုတာ သူ့မိဘတွေပေါ့။
ဆင်သတ်အရပ်ဝေပြီးမှ ဆင်သားရေကို ဆိတ်သားရေနဲ့ဖုံးချင်တာ
သူတို့အသိုင်းအ၀ိုင်းပေါ့။ ကိုယ် အထင်အကြီးပါဘူး။ အထင်လည်း မသေးပါဘူးနော်။
ဒီကောင်ကတော့ ကျွဲကူးရေပါ ဆိုတဲ့အတိုင်း သူစီးတဲ့မြင်း အထီးမှန်း အမမှန်းတောင်
မသိ၊ မိဘဆိုတာလည်း ကျီးဘုတ်ရိုသေ၊ ဘုတ်ကျီးရိုသေတဲ့ အဆင့်တောင်မရှိ၊
ခွေးကလေးအရောဝင် ပါးလျက်နားလျက်၊ ကျီးကန်းသူကောင်း မြှောက် ချေးကောက်စား
ဆိုတဲ့သူမျိုးပါ။ ထားလိုက်ပါလေ။ ခွေးရူးကောင်းစား တစ်မွန်းတည့်ပါပဲ။
အချိန်တန်တော့ နွားပိန်ကန်ပါလိမ့်မယ်။

တကယ်လို့ မင်းသာအဲဒီအကောင်နဲ့ညားရင် ဆင်နားရွက်ကြွက်တပ်၊ ကြွက်နားရွက်ဝက်တပ်
ပေးသလိုမျိုး ကို့ရိုးကားရား ဖြစ်နေမှာ။ မင်းအဖေကလည်း ကြောက်ပါတယ်ဆို
ကြောင်နဲ့တို့ ဆိုသလို မင်းမလိုချင်တာကိုပဲ စွတ်ပြီး ငါးကြင်းဆီနဲ့
ငါးကြင်းကျော်ချင်နေတာ။ ကိုယ်ကတော့ မင်းမိဘနှစ်ပါးကြောင့် ကျွဲနှစ်ကောင်ကြားထဲက
မြေစာပင်၊ ကျားချင်းကိုက်ရာ သမင်းလမ်းကူးမှား ဖြစ်မယ့်
မင်းဖြစ်အင်ကိုသာတွေးတွေး ရင်မောပြီး ကြမ္မာဆောင် သားကောင်ဆိတ်ဖြစ်နေပါပြီ။

တကယ်ပါအချစ်ရယ် မင်းအဖေဟာ ငှက်တစ်ကောင် မြားတစ်စင်း၊ ရှဉ့်တစ်ကောင် မြားတစ်စင်း
ဆိုတာကို မြင်ပုံမရဘူး။ ကြောင်ရုပ်ဖြစ်စေ ကြွက်သေတာလိုရင်းဆိုပြီး
စွတ်မိုက်နေတာ။ အင်း… မပြောချင်ပါဘူးလေ… ငါးတကာယိုသည့်ချေး ပုဇွန်ဆိတ်
ခေါင်းမှာစု လို့ပဲပြောပြော၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်
လို့ပဲပြောပြော။ သူ့မိဘတွေကလည်း ဒီကောင့်ကြောင့် နာမည်ပျက်နေတာကြာပါပြီ။
တကယ်တော့ အညှီရှိရာ ယင်အုံဆိုသလို မင်းအဖေဆီကို ဒီကောင်ဟာ ငါးပွက်ရာငါးစာချဖို့
ရောက်လာတာပါ။ ပြီးတော့ ဆင်ကောင်ကြီး အမြီးကျမှတစ်ဆိုသလို၊ ငါးစိမ်းမြင်
ငါးကင်ပစ် လုပ်သွားဦးမှာ။ နောက်ဆုံးကျမှ ဒီကောင့်ကြောင့် လူတွင်ပါ
နွားကျားကိုက်ဆိုတဲ့အချိန်၊ ကျားသေကို အသက်သွင်းလို့ စင်းစင်းသေပါပြီလို့
မင်းအဖေအော်နေဦးမှာ။ အဲလို ဖွတ်ထွက်မှ တောင်ပို့မှန်းသိတဲ့အချိန်မှာ ကျားရှေ့
မှောက်လျက်လဲသလိုဖြစ်နေမယ့် မင်းအဖေရဲ့ ကိုယ့်ယောက္ခမလောင်းကြီးရဲ့
သေချင်တဲ့ကျား တောပြောင်းအဖြစ်ကို ကိုယ်မြင်ယောင်မိနေတယ်။

မင်းအမေကြီးကျတော့လည်း ဒီကောင်နဲ့ပေးစားချင်တိုင်း သမီးတစ်ကောင်
နွားတစ်ထောင်ဆိုပြီး အရပ်ထဲမှာ လက်ပံပင်ဆက်ရက်ကျသလို ပွက်ပွက်ညံနေပါရော။
တကယ်ကျတော့ ရှမ်းကြိုက်နွားချောဆိုတာ ကိုယ်ကတော့ မြွေမြွေခြင်း
ခြေမြင်ပြီးသားပါနော်။ အင်း… နွားအို မြက်နုကြိုက်သလို မင်းအဖေကြီး
ငွေကြိုက်တာလည်း နွားငတ်ရေချ ဆိုသလို၊ ကိုယ့်အတွက်တော့
အထူးအဆန်းမဟုတ်တော့ပါဘူး။ မင်းအဖေက ဆင်သွားရင် လမ်းဖြစ်မယ်လို့ ထင်နေတာလေ။
ငါးစာသာမြင် ငါးမျှားချိတ်မမြင် ဆိုသလိုမျိုး ဖြစ်နေတာပေါ့။ ဒါထက်
သမီးချောလေးအရှိန်နဲ့ ဆင်ဖြူတော်မှီပြီး ကြံစုပ်၊ မျောက်ပြဆန်တောင်း
လုပ်နေတယ်လို့လည်း မပြောချင်ပါဘူး။ နွားပေါ့ အစွံထုတ်လို့ ပြောရင်
မင်းပါစိတ်ဆိုးတော့မယ်။ အင်း… ဆင်ဖြူ့မျက်နှာ ဆင်မည်းမကြည့်ဝံ့ ဆိုသလို
ကိုယ့်ရဲ့ မိဘ Background ကလည်း သူ့အတွက်ဆို နွားပျိုသန်လှ နွားအိုပေါင်ကျိုး
သာသာပဲရှိတော့… အင်း… ယုန်အတွက် ချုံကကြောင့်ကြနေရတာပေါ့။

မင်းအဖေကပြောတာ။ ကိုယ့်ကို ခွေးမသား တဲ့။ ခွေးမြီးကောက် ကျည်တောက်စွပ်တဲ့။
မင်းကိုလည်း မွဲချင်တဲ့ခွေး ပြာပုံတိုးဆို။ ဟုတ်ချင်လည်းဟုတ်မှာပါ
ကိုယ့်အခြေအနေကလည်း လူမလေး ခွေးမခန့်တဲ့ အပြင်၊ အရပ်ကလည်း ခွေးပစ်တဲ့
တုတ်သာသာရှိတော့… ကိုယ်နဲ့ပေးစားမယ့်အစား ခွေးအမြီးဖြတ်ပြီးသာ ပေးစားမယ်တဲ့။
အဲဒါကို ဟိုအကောင်ကြားရင် သူ့ကို ခွေးအမြီးပြတ်နဲ့ နှိုင်းတယ်ဆိုပြီး
စိတ်ဆိုးဦးမယ်။ တကယ်ကျတော့ ကိုယ်ဟာ ခွေးရူးဖက်ကိုက်
ခွေးကောင်းနားရွက်ပြတ်ဖြစ်သွားမှာ ကြောက်တဲ့ ခွေးဖြူတောမတိုးဝံ့တဲ့သူပါ။ ကဲပါ…
ခွေးဟောင်လို့ တောင်ပို့မပြေးနိုင်ပါဘူး။ ပိုနေမြဲ ကျားနေမြဲပါအချစ်ရယ်။
တစ်ခုတော့ မင်းအဖေကိုပြောချင်တယ်။ ဟောင်လွန်းသည့်ခွေး လူမလေးတတ်ဘူးဆိုတာကို။
ကျန်သေးတယ်….. မင်းအဖေကပဲပြောတာနော် ကိုယ်ဟာ တော်တော် နွားကျတဲ့ကောင်တဲ့။
ကိုယ်ကလည်း ဘယ်ရမလဲ၊ ဒါပေမဲ့ ခင်ဗျားလို ငါ့စကားနွားရ မပြောတတ်ဘူး၊
နွားသိုးကြိုးပြတ် မရမ်းတတ်ဘူးလို့ နွားရှေ့ ထွန်ကျူးပြလိုက်တာပေါ့။

အချစ်ရယ် ကိုယ်ဒီစကားတွေပြောနေရတာ ကျားလိုက်မှ တုတ်ခုတ်၊ ဆင်လိုက်မှ
သစ်ပင်ရှာတာ မဟုတ်ပါဘူးနော်။ ကိုယ့်မှာ ရှာသမျှ ပိုက်ဆံကလည်း သမင်မွေးရင်း
ကျားစားရင်း ဆိုသလိုဖြစ်၊ ကံအကြောင်းက မသင့်လေတော့ မြွေပွေး
ခါးပိုက်ပိုက်မိလျက်သားလည်းဖြစ်၊ ကျားချင်းကိုက်ရာ သမင်ကူ မမှားဖို့အရေး၊
ပျားလည်းစွဲသာ ရှဥ့်လည်းလျှောက်သာ ဖြစ်အောင်လုပ်ရင်း မြွေမသေ တုတ်မကျိုး Style
မျိုးဖြစ်သွားတော့၊ ဖွတ်မရ ဓါးမဆုံး၊ ငါးမရ ရေချိုးပြန်ရုံ လေးပါ။
ကိုယ့်မှာတော့ ကျားလည်းကြောက်ရ ကျားချေးလည်းကြောက်ရဆိုသလို မင်းမိဘကော၊
မင်းကိုပါလန့်ပြီး ကျားရဲရာ ကြမ္မာမရိုးသာဆိုသလိုဖြစ်နေရပါပြီလေ။ တကယ်တမ်းဆိုရင်
ကိုယ်ဟာ မြင်းကောင်းခွာလိပ် လေးပါကွယ်။ မင်းအဖေကလည်း ကိုယ်ကမင်းကို
ချစ်ပါတယ်ပြောတိုင်း ကြိုးကြာဆို ဘာငှက်လဲ၊ ကျားကိုက်ပါတယ်ဆို နာတာရှည်လားချည်း
လာလာမေးနေလေတယ်။ ဆင်ကောင်ကြီးတွေ့မှတော့ ဆင်ခြေရာရှာစရာ လိုတော့မလားကွယ်။
ကိုယ်ကလည်း မင်းအဖေရှေ့မှာ ကျွဲပါး စောင်းတီး… အဲ… မိကျောင်းမင်း ရေခင်းပြတွေ
ခဏခဏမလုပ်ချင်ပါဘူးလေ။ လူပဲအချစ်ရယ် စင်းလုံးချောတော့ ဘယ်ပြည့်စုံမလဲ။
သိကြားမင်းတောင် ကျွဲယောင်ဆောင်တာ ဂျိုကားတယ်လို့ ပြောခံရသေးတာပဲ။ ထားဗျာ။
ပုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုတဲ့နေ့ကျရင်တော့ သူသိမှာပါလေ။ ဒါမှမဟုတ်များ
ယာလည်းညက်စေ ကြက်လည်းပန်းစေလို့များ လုပ်နေသလားမသိဘူးလေ။

မပြောချင်ပါဘူး အချစ်ရယ် လင်းတလောက်တော့ ငှက်တိုင်းလှနိုင်ပါတယ်။
နွားကြော့ဆိုလေ ချုံတိုးလေဆိုတာမျိုး ကိုယ်မလုပ်တတ်ပါဘူး။ အလကားရတဲ့ သမက်… အဲ…
နွား သွားဖြဲကြည့်မနေပါနဲ့လို့။ မကောင်းပါဘူးလေ။ နှံပြည်စုတ်
အမြှောက်နဲ့ချိန်တတ်တဲ့ မင်းမိဘတွေကို လက်တုန့်မပြန်ချင်ပေမယ့်လည်း
တခါတခါကျရင် အကြံကုန် ဂဠုန်ဆားချက်လုပ်ပြီး ကြွက်မနိုင် ကျီမီးရှို့ချင်
ရှို့ပစ်မိတော့မှာ။ ရော့…ပတ္တမြား ရော့…နဂါး မှလုပ်တတ်တဲ့ မင်းမိဘတွေကို
ဆင်လည်းဆင်အထွာနှင့် ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာ နဲ့ပါလို့
ကြုံရင်ပြောလိုက်စမ်းပါ။ ဘာပဲဖြစ်ဖြစ်လေ မိဘဆိုတာ သားသမီးကို ဆင်စီးပြီး
မြင်းရံစေချင်တာကို ကိုယ်သိပါတယ်။ ဒီတော့ မျောက်သားစားချင်
မျောက်မျက်နှာကြည့်ဆိုသလို ကိုယ်နာလည်ပေးရမှာပေါ့။

တကယ်ပါ အချစ်ရယ် ကိုယ့်ဘ၀ဟာ ရေတွင်းထဲက ဖားသူငယ်လို၊ ကိုယ့်အဖြစ်ဟာ
ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ဆေးကြောင့်လေးဆိုသလိုဖြစ်ရုံမက
ကိုယ့်အသည်းနှလုံးတွေဟာ မင်းနဲ့ဝေးမှ ကျီးကန်းတောင်းမှောက်၊ ငါးရံ့ပြာလူး၊
ကြောင်မရှိကြွက်ထ ဆိုသလိုမျိုး ဖြစ်နေပါပြီ။ ဒီလောက်လှတဲ့ သမီးမျိုးကို
မွေးထားတဲ့ မင်းအဖေကို ပြောလိုက်ပါ။ အိုင်တွေ့လို့မှမလူး ကျွဲရူး၊
ငါးကြော်မကြိုက် ကြောင်မိုက်ဖြစ်သွားမှာပေါ့လို့။ ဘာပဲပြောပြောပါ။ မင်းမရှိတဲ့
ကိုယ့်ဘ၀ဟာ နွားကွဲ ကျားကိုက် ဆိုသလို ဖြစ်လို့၊ မင်းဆီက ကိုယ်မျှော်နေတဲ့
အချစ်တွေကလည်း ကျားသနားမှ နွားချမ်းသာရမဲ့ ဘ၀မျိုးဖြစ်နေပါပြီ။ ယုံပါ၊ ကိုယ်ဟာ
မျက်နှာမများတတ်သလို လယ်ထွန်သွား နွားမေ့ လူစားမျိုးလည်း မဟုတ်တာ အမှန်ပါ
အချစ်ရယ်။

တကယ်ပါအချစ်ရယ်… ကိုယ့်ရင်ထဲက အချစ်တွေဟာ မင်းတုန့်ပြန်မှ စူဠလိပ်
ရေထဲလွှတ်သလိုမျိုး စိုင်ကော်လို့ချုံပေါ်ရောက်ပြီး ရွှေပင်မှာနားတဲ့ ရွှေကျေးလေး
ဖြစ်တော့မှာပါ။

အချစ်သည်တစ်ခါတရံတွင်

တကယ်တော့ အချစ်ဆိုတာ ဘာလဲ.. လူတစ်ယောက်တိုင်း တစ်ယောက်တိုင်း
အဓိပ္ပါယ်တစ်မျိုးစီနဲ့ ဖွင့်ဆိုကြပေမယ့် သူရဲ့ စစ်မှန်တဲ့ ရသ ကဘယ်မှာလဲ..
ရှုံးနိမ့်သူတစ်ချို့ကပြောတယ်, အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့..
စွန့်လွှတ်ခြင်းတဲ့..၊ အောင်နိုင်သူ တစ်ချို့ကပြန်တော့ ရယူခြင်းတဲ့..
ပိုင်ဆိုင်ခြင်းတဲ့..။ သူရဲ့ပိုင်ဆိုင်ခြင်းတွေက အဆုံးမဲ့ပေါ့..
တည်ကြက်တစ်ခုမရှိပဲ မာယာများနေတဲ့ သူ့အတွက် လူတွေဗျာများနေရတယ်..
ပုံဖော်ခွင့်မရှိ ဒြပ်မဲ့နေတဲ့ သူ့အတွက် ကျွန်တော် ရှုံးနိမ့်ခဲ့ဖူးတယ်..
တကယ်တော့ ကျွန်တော်ဟာ အချစ်ဆိုတာကို ယုံကြည် ကိုးကွယ်ခဲ့သူပါ.. ကောင်မလေး
တစ်ယောက်အတွက် အချစ်ဆိုတဲ့ အဓိပ္ပါယ်ကို ပုံဖော်ကြည့်ခဲ့ဖူးတယ်.. သူနဲ့
ကျွန်တော့်ကြား ကွာဟမှုတွေ များခဲ့ပေမယ့်လည်း အရာအားလုံးကို
လစ်လျူရှုချစ်ခဲ့ဖူးတယ်.. သူ့အတွက်နဲ့ အရာအားလုံးကို
စွန့်လွှတ်နိုင်ဖို့ထိတောင် ကြိုးစားခဲ့ဖူးပါတယ်.. ဒီလိုနဲ့
သူမနှုတ်ခမ်းကပြောတဲ့ “ချစ်တယ်” ဆိုတဲ့စကားတစ်ခွန်း
ကြားခွင့်မရှိခဲ့သည့်တိုင်, အချစ်ဆိုတဲ့ ဝေါဟာရအောက်မှာ
ရှင်သန်ရင်းနေထိုင်နေခဲ့တာ အခုဆို အသည်းတစ်ခြမ်းတောင်
သေဆုံးခဲ့ပြီးပါပြီ..........

တကယ်တော့ နင့်အတွက် အချစ်ဆိုတာ သဲသောင်ပြင်ပေါ်က ခမ်းနားဆန်းကြယ်တဲ့
ရဲတိုက်တစ်ခုပါ.. လိုချင်ရင် လိုအပ်သလို
အလွယ်တကူပုံဖော်ဖန်တီးနိုင်ပြီး.. ဘာမဟုတ်တဲ့ ရေစက်ကလေးတစ်ခုအတွက်နဲ့လည်း
ပျက်စီးပြိုလဲ ပစ်နိုင်တယ်လေ.. ဒုတိယအကြိမ်ဆိုတာ
ငါ့အတွက်မရှိခဲ့ဘူးဆိုတာကို စတွေ့လိုက်ကတည်းက ငါသိနေဖို့ ကောင်းတယ်..
နင်ပြောမယ့် စကားတစ်ခွန်းကို ကြိုသိနေခဲ့ပေမယ့်လည်း မပြောပါနဲ့လို့တော့
ငါတားခွင့်မရခဲ့ဘူးလေ.. အချိန်တွေသာ နောက်ပြန် လှည့်ခွင့်ရှိရင် တစ်ခုပဲ
နင်ပြောမယ့်စကားလေး တစ်ခွန်းကို ငါတားဆီးလိုက်ပါရစေ.. ဒီလိုနဲ့
နင်ထားသွားခဲ့တာ အခုဆို ၂ လကျော်ခဲ့ပြီလေ.. အသည်းကွဲဒဏ်ရာဆိုတာ
အချိန်ကကုစားပေးသွားမှာပါတဲ့.. ဘာလို့ ဝေးကွာခြင်းတွေကို
မုန်းတီးခဲ့ဖူးတဲ့ ရင်ခွင်ကိုမှ ကြေကွဲခြင်း ဝေဒနာတွေကိုပေးရတာလဲ..
ဒဏ်ရာဆိုတာတွေကို လိုချင်လို့နင့်ကို ငါချစ်ခဲ့တာမှမဟုတ်တာ..
ခါးသက်ခြင်းတွေနဲ့ ရှင်သန်နေရတဲ့ ဘ၀တွေကိုလည်း ငါ
ပိုင်ဆိုင်ခဲ့ဖူးတယ်လေ.. ဒါနဲ့များ ဘာလို့ အစိမ်းရောင် ၀တ်ရုံခြုံပြီး
ခါးသီးမှုတွေနဲ့လက်ခါပြရတာလဲ.. နင်ထား.. နင်သွားပါ, နှလုံးသားတံခါးလေးလည်း
အပြီးတိုင်ပိတ်သွားပါ.. နောက်တစ်ယောက်ဆိုတာကိုလည်း ထာဝရ
မခိုအောင်းချင်တော့လို့..။ နင့်အတွက်တော့ ရင်ခွင်ဟောင်းဆိုတာ
အဓိပ္ပါယ်မရှိတဲ့ရုပ်ပြသက်သက်လို့ ထင်မြင် ခဲ့တာလား.. ဒါမှမဟုတ် အရုပ်
တစ်ရုပ်လို ဆော့ကစားခဲ့တာလား..။ ငါ့အတွက်တော့ နယူတန်ဟာမှားခဲ့တယ်.. ငါဟာ
ကြွေကျခွင့်မရှိတဲ့ ပန်းသီးတစ်လုံးကိုမှ မက်မောစွာတက်မက် တွယ်တာမိသူပါ..
ခိုးမက်ခွင့်မရှိတဲ့ အိပ်မက်ဟောင်းနဲ့လည်း ကြွေလွင့်ခြင်းမရှိတဲ့
အိပ်မက်သစ်ပင်ကို ငါစိုက်ပျိုးခဲ့တယ်လေ.. တကယ်တော့ နင်ပြောတဲ့
လမ်းခွဲဆိုတဲ့ အခိုက်အတန့်လေးမှာပဲ ငါဟာ ငါ့စိတ်ဝိညာဉ်တွေကို
မီးသဂြိုလ်လိုက်ပါတယ်.. တို့နှစ်ယောက်က ပြိုင်မျဉ်းနှစ်ကြောင်းမဟုတ်ဘူး၊
မျဉ်းဖြောင့်နှစ်ကြောင်းပေါ်မှာသာ ခြေစုံရပ်မိခဲ့သူနှစ်ယောက်ပါ..
ဝေးရမှာသိတယ်. ဒါပေမယ့် ကံကြမ္မာဆိုတာကို ယုံကြည်လို့
နင့်ကိုပုံအပ်ချစ်ခဲ့ဖူးတယ်.. နောက်ဆုံးတော့ ကြွေလွင့်သွားတဲ့
နှလုံးသားတစ်စုံရယ်, အနာဂတ်မဲ့တဲ့ ပစ္စုပ္ပန်တွေနဲ့သာ
အတိတ်ဟောင်းတွေကြားမှာ မှီတွယ်ရင်း နေထိုင်နေရတယ်.. ချစ်သူရယ်..,
နောက်ဆုံးတော့လည်း ဝေးလွင့်သွားတဲ့ လမ်းခွဲတစ်ခုမှာ အားတင်းရှင်သန်
နေထိုင်နေခဲ့ရတဲ့ ငါ့အတွက်တော့.. အချစ်ဆိုတာကို အယုံအကြည်မရှိတော့ဘူး.......

ချစ်သူကိုဘယ်အချိန်မှာဖုန်းဆက်တတ်သလဲ?

၁။အိပ်ယာနိုးနိုးချင်း ဖုန်းဆက်တတ်သူ

၂။လမ်းမပေါ်မှာ ဖုန်းဆက်တတ်သူ

၃။အလုပ်ချိန်မျာ ဖုန်းဆက်တတ်သူ

၎။အိပ်ယာမဝင်ခင်မှာ ဖုန်းဆက်တတ်သူ

၅။ဆက်ချင်တဲ့အချိန်မှာ ဖုန်းဆက်တတ်သူ

အခုပြောခဲ့ တဲ့ အမျိုးအစား(၅)မျိုး ထဲမှာ...သင်က ဘယ် အချက်နဲ့ ကိုက်ညီသလဲ ဆိုတာ.......

၁။အိပ်ယာနိုးနိုးချင်းဖုန်းဆက်တတ်သူ

အချစ်နဲ့ပတ်သက်လာရင် သင်ဟာ အရမ်းလှုပ်ရှားတတ်သူဖြစ်တယ်။သင်ဟာအခွင့်ကောင်းနဲ့ကြုံရင်လက်မလွတ်တတ်သူဖြစ်တယ်။

အချစ်စစ်သူရဲကောင်းအမျိုးအစားဖြစ်တယ်။အချစ်အတွက်ပျော်ပျော်ကြီးစွန့်လွှတ်အနစ်နာခံရဲသူဖြစ်တယ်။

ချစ်သူဆီကဘာမှမမျှော်ကိုးပဲပေးဆပ်သူ ချစ်သူကျေနပ်အောင်ကြင်နာသူ ချစ်သူဆီကဘာမှတုံ့ပြန်မှုမရလည်းအပြစ်မတင်ပေးဆပ်တတ်သူ

ဖြစ်တယ်။အချစ်မှာသင်ဟာပျော်နေတတ်ပေမယ့်အကြံတစ်ခုတော့ပေးချင်ပါတယ်။

ချစ်သူအပေါ်ထားတဲ့ သင့်ရဲ့ကြင်နာမှုဟာ....ချစ်သူအတွက် အကျင့်ဖြစ်မသွားစေပါနဲ့။

ချစ်သူဆိုတာနှစ်ဦးနှစ်ဖက် အပေးအယူညီမျှဖို့လိုတယ်။သင့်အတွက် အလိုက်ဖက်ဆုံးသူကလည်း သင့်ကို ကြင်နာတဲ့သူ...

သင့်ကိုတန်ဖိုးထားတဲ့သူပဲ ဖြစ်သင့်ပါတယ်။





၂။လမ်းမပေါ်မှာဖုန်းဆက်တတ်သူ

အချစ်ကြောင့်အရသာမပျက်သူ ၊ ဘဝမှာပျော်ပျော်နေတတ်သူ ဖြစ်ပြီးအချစ်မရှားသူဖြစ်ပါတယ်...။ဘဝရဲ့ထောင့်တစ်နေရာကနေကိုယ့်အတွက်ပျော်ရွှင်မှုကိုရှာတတ်သူဖြစ်ပြီး

နှစ်ဦးနှစ်ဖက်ရဲ့ အပြောအဆိုကို အလွန်ဂရုစိုက်တတ်သူဖြစ်တယ်။

ချစ်သူဘာကိုအလိုရှိသလဲဆိုသင်သိဖို့အတွက် အကြံတစ်ခုပေးချင်ပါတယ်။

သင်ဟာစန်းပွင့်သူဖြစ်ပေမယ့်တစ်ယောက်တည်းကိုပဲ သတ်မှတ် ချစ်တဲ့ အချစ် ကမှသင် နဲ့ အသင့်တော် ဆုံး ဖြစ်တယ်။

ဘာဖြစ်လဲဆိုတော့သင့်ရဲ့စိတ် တစ် စိတ်ထဲနဲ့ လူအများကိုခွဲဝေပေးဖို့မဖြစ်နိုင်လို့ပါပဲ။။





၃။အလုပ်ချိန်မှာဖုန်းဆက်တတ်သူ

သင့် အချစ်ဟာ အချစ်ရိုးကြီးပါ။ရိုမန်တစ် မဆန် သလို နာဝင်ချိုတဲ့စကားကိုလည်းပြောခဲသူ ဖြစ်ပါတယ်။

အချစ်ဆိုတာဘဝရဲ့ တစ်စိတ်တစ်ပိုင်းထင်သူဖြစ်ပါတယ်။ သင့်အတွက် အကြံက အချစ်သစ်ကို စတင်တော့မယ်ဆိုရင်

သူငယ်ချင်း အဆင့်ကနေ စ တင်တာ အကောင်း ဆုံးပါပဲ။ဒါပေမယ့် သူငယ်ချင်း အဆင့်ပဲရှိသေးတယ် ဆိုပြီး....သူငယ်ချင်း အဆင့်နဲ့တော့

မရပ် လိုက် မိဖို့ပဲ လိုပါတယ်။



၎။အိပ်ယာမဝင်ခင် ဖုန်းဆက်တတ်သူ

သင်ဟာ....အချစ်ကို ယုံကြည်ကိုးကွယ် လွန်းတဲံ့သူုဖြစ်တယ်။သင့် ချစ်သူက သင့် အပေါ်နည်းနည်းကောင်းပြီးကြင်နာပြ

လိုက်တာနဲ့ သင်က ဆယ်ဆ လောက် ပြန်ကောင်းသူမျိုး ဖြစ်တယ်။ ချစ်သူအလိုရှိတာကို ပြောလိုက်တယ်နဲ့ အားလုံး

အဆင်ပြေစေရမယ် ဆိုတဲ့ လူမျိုး ဖြစ်တယ်။တစ်ခါတစ်လေ အချစ်ဆိုတာ မမျှတ တဲ့ ကစားနည်းပါ။

ပေးဆပ်မှုနဲ့ရယူမှုက ဘယ်တော့မှ တစ်ထပ်တည်း မကျနိုင်ပါဘူး။ဒါကြောင့် အချစ်နွံထဲ အရမ်းနစ်ဝင်မသွားစေနဲ့။နောက် သင့်မှာ

အချစ်အတွက် တိုင်ပင်ဖော်လေးလို အပ်ပါတယ်။

ဥပမာ----သင့် သူငယ်ချင်း သို့မဟုတ် သင့်အတွက် အကြံဥာဏ်ကောင်း ပေးနိုင်တဲ့သူကို တိုင် ပင် ကြည့်ပါ။



၅။ဆက်ချင်တဲ့အချိန်ဆက်တတ်သူ

ချစ်သူဆီကနေ ကိုယ်လိုချင်တဲံ အရာကို ရှာဖွေတတ်သူ ဖြစ်တယ်။

ချစ်သူလိုတစ်မျိုး သူငယ်ချင်း လို တစ်မျိုးကူညီစောင့်ရှောက်တတ်သူလည်းဖြစ်တယ်။တစ်ခြားသူနဲ့ ခင်မင်သွားလည်း ချစ်သူအပေါ်အချစ်

မပြောင်းလဲသူလည်းဖြစ်တယ်။အကြံ တစ်ခုပေးချင်တာက ချစ်သက်တမ်းကြာလေချစ်သူရဲ့ အပြစ်အနာအဆာ ကို တွေ့မြင်နိုင်ဖို့ခဲယဉ်းလေလေ ဖြစ်တတ်တာကြောင့် ချစ်သူအပေါ် မကျေနပ်တာ အလိုမကျတာတွေရှိ ရင် သိုဝှက်မထားပဲ ချက်ချင်းထုတ်ဖော်ပြောသင့်ပါတယ်။အလိုမကျတာတွေ ရင်မှာပဲသိမ်းဆည်းထားရင် နောက်ဆုံမှာ ဒေါသတွေပေါက်ကွဲ နိုင်ပါတယ်။

အပျင်းပြေစရာ ဖွေဖွေရှာရှာ

တစ်ခါတစ်လေပုံလေးတွေကြည့်ပြီးရယ်ကြတာပေါ့ဗျာ

                                   မရယ်ရရင်လည်း ကလိထိုးပြီး ရယ်လိုက်ကြနော်


 


 


                     ဒီအောက်ဆုံးက ပုံလေးကိုတော့ ကျနော်သဘော အကျဆုံးပဲ..ဟီးးးး

အချစ်နဲ့ နားလည်မှု

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက်ချမ်းသာစေတဲ့အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က နောက်ဆုံးမှာ သင့်ကိုဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။ အဲဒီတွေးတောစရာက "လူ့ဘဝမှာ "နားလည်မှုရှိတာ"ဟာ "ချစ်တာ"ထက် ပိုအရေးပါတယ်" ဆိုတာပဲဖြစ်တယ်။

"သင့်ကိုနားလည်တဲ့သူ ချစ်ပါစေ"ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်မှာ သီချင်းစာသားတစ်ခုက..... "ချစ်ကြိုက်တယ်ဆိုတာ တစ်ဘက်သားရဲ့ နေထိုင်မှုထဲဝင်ရုံတင်မဟုတ်ဘူး.. အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်"လို့ ဆိုထားပါတယ်။ "အချစ်"ရဲ့ အမြင့်ဆုံးအဆင့်က "နားလည်မှု"ဖြစ်တယ်။

"နားလည်တာလား! ချစ်တာလား!"ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့် သဘောထားပြီး လူအများက "ချစ်တယ်"ဆိုတာကို ရွေးချယ်တတ်ကြတယ်။ နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့ဖြစ်တယ်။

တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး...
မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှုမပေးနိုင်ကြလို့ဖြစ်တယ်။ လူ့လောကထဲမှာ အချင်းချင်းနာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့ ယောက်ျားမိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ်ဘူး။ နားလည်မှု မရှိကြလို့ဖြစ်တယ်။

ချစ်သူဖြစ်ချိန်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို နားလည်မှုပေးနိုင်တယ်လို့ သူတို့ကိုယ်သူတို့ ထင်ခဲ့ကြတယ်။ အသဲကွဲလမ်းခွဲချိန်ရောက်မှ အရင်ကနားလည်ခဲ့တဲ့ "နားလည်မှုတွေ"ဟာ "နားလည်မှုအလွဲ"တွေဆိုတာကို သူတို့သိကြရတယ်။

မိန်းကလေးတွေက နားလည်မှုမရှိဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။
မိန်းကလေးတွေက သူတို့ကိုယ်သူတို့ နားလည်မှုရှိတယ်လို့ ထင်ကြတယ်။

ယောက်ျားလေးတွေရဲ့စိတ်ကို မိန်းကလေးတွေ နားမလည်ကြဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့စိတ်ဒုက္ခကို ယောက်ျားလေးတွေ နားမလည်လို့လို့ မိန်းကလေးတွေက ထင်ကြတယ်။

ဒါကြောင့် နှစ်ယောက်ကမ္ဘာမှာ နားလည်မှုရှိဖို့က ချစ်ဖို့ထက် ပိုလုပ်နိုင်ဖို့ ခက်ခဲခဲ့တယ်။
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က တစ်ဝက်လုပ်ပြီး ဆတိုးခံစားတယ်၊ ချစ်ရတာလည်း သက်တောင့်သက်သာရှိပြီး စိတ်ချမ်းမြေ့စေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုတွေ ခံစားစေတယ်။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က ဆတိုးလုပ်ပြီး တစ်ဝက်ပဲခံစားတယ်။ ချစ်ရတာလည်း စိတ်ပင်ပန်း၊ လူပင်ပန်းစေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုမပေးနိုင်ဘူး။

သင့်ကိုနားလည်မှုပေးနိုင်တဲ့သူ သင့်ကိုချစ်ပါစေ...
ချစ်တယ်ဆိုတိုင်း နားလည်မှုပေးနိုင်သူ မဟုတ်ပါဘူး။
အချစ်ကို အညံ့ခံ၊ အရှုံးပေးလိုက်ရတဲ့ လူတွေအများကြီးပါ။ ဒါပေမဲ့ အဲဒီလိုအညံ့ခံပြီးနောက် နောက်ဆုံးမှာ သူတို့နားလည်သဘောပေါက်လိုက်တာက "နားလည်မှုမပေးနိုင်သူတစ်ယောက်ရဲ့ အချစ်ဟာ အချစ်နက်လေ နာကျင်ညှင်းပန်းမှုများလေ" ဆိုတာပဲဖြစ်တယ်။

မူရင်းလင့် --- http://www.duwenzhang.com/wenzhang/aiqingwenzhang/ganwu/20110822/197585.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

မိန်းကလေးများမှာရှိသင့်သောကောင်းခြင်း( ၅ )ဖြာ

ဇနီးမယားအဖြစ် ထိမ်းမြားအပ်သောမိန်းမများနှင့် လောကနီတိကျမ်းလာမယားမြတ် အကြောင်းနှစ်ခုကို
ဘောဒါ သူငယ်ချင်းများကို သိသလောက်တင်ပြ ပြီးသွားပါပြီ အခုအခါမှာတော့ မိန်းကလေးများမှာရှိသင့်သောကောင်းခြင်း
( ၅ )ဖြာကိုတင်ပြလိုက်ပါတယ်နော်


မှာ
မိန်းကလေးများမှာရှိသင့်သောကောင်းခြင်း( ၅ )ဖြာ

( ၁ ) ဆံပင်၏ကောင်းခြင်း - မိန်းမ၏ဆံပင်သည်ဥဒေါင်းမြီးစည်းနှင့် တူကုန်သည်ဖြစ်၍ ခေါင်းမှ ဖြေချလိုက်ပါကအ၀တ်ထဘီ
စွန်းကိုထိ၍အဖျားကော့တက်လျက်ရှိသည် ။


( ၂ )အသား၏ကောင်းခြင်း -သွားကိုဖုံးသောနှုပ်ခမ်းသားသည် ကျီးအာသီးမှည့်နှင့်တူပြီး နီမြန်းသောအဆင်းနှင့်ပြည့်စုံသည်ဖြစ်
၍ညီညွတ်၏။ကောင်းစွာထိခြင်း၊စပ်ခြင်းရှိသည်။

( ၃ )အရိုး၏ကောင်းခြင်း -အရိုးအဆစ်တို့ ချောမွေ့ပြေပြစ်စွာရှိခြင်း ၊ သွားတို့သည် ဖြူစင်ခြင်း ၊ ညီညွတ်ခြင်း ၊ မကျဲခြင်းရှိကုန်
သည်ဖြစ်၍စိုက်၍ထားသော ၀ဋီရစိန်ရတနာ အစီအတန်းကဲ့သို့လည်းကောင်း၊ ကောင်းမွန်ညီညွတ်စွာ
ဖြတ်အပ်သော ခရုသင်းအစီအတန်းကဲ့သို့လည်းကောင်းတင့်တယ်ကုန်၏ ။

( ၄ )အရေ၏ကောင်းခြင်း -အသားညိုသောမိန်းမ၏ အရေအဆင်းသည် ကဆည်မှုန် စသည့်တို့ မလိမ်းမကျံဘဲသာလျင် ပင်
ကိုညက်ညောပြေပြစ်သည်။ကြာညိုပန်းဆိုင်နှင့်တူ၏။အသားဖြူသော မိန်းမ၏အရေအဆင်းသည်
မဟာလှေကားပန်းဆိုင်နှင့် တူသည်။

( ၅ )အရွယ်၏ကောင်းခြင်း -ဆယ်ကြိမ်တိုင်အောင် သားသမီးမွေးဖွားပြီးသော်လည်း တစ်ကြိမ်သားဖွားသော မိန်းမကဲ့သို့
အရွယ်တင်လှပလျှက်ရှိ၏ဟုဆိုမိတ်ထားသည်။

I LOVE U ရဲ့  အ ဓိ ပ္ပယ် ဖွင့်ဆိုချက်

I =I LOVE U ရဲ့  အ ဓိ ပ္ပယ် ဖွင့်ဆိုချက်

် Idyllic love is only for you!။

ငါ့ရဲ့ငြိမ်းချမ်းပြီးအပြစ်ကင်းတဲ့အချစ်ကမင်းတစ်ယောက်အတွက်ပါ။



L = Live with your love !

ငါဟာမင်းရဲ့အချစ်နဲ့အသက်ဆက်နေရတာပါ။



O = One life,one love!

ဘာဝတစ်ခုလုံးအတွက်တစ်ခါပဲချစ်ခဲ့တာပါ။



V = Vacant of my heart is only for you!

ငါ့နှလုံးသားရဲ့နေရာလွတ်ကမင်းတစ်ယောက်ထဲနေဖို့ပါ။



E = Except your love_need nothing!

မင်းရဲ့အချစ်ကလွဲပြီးငါဘာမှမလိုချင်ပါဘူးကွာ။



Y = Your are my life!

မင်းဟာငါ့ရဲ့အသက်ပါ။



O = Oxygen for me you are!

မင်းဟာငါ့အတွက်တော့လိုအပ်တဲ့အောက်စီဂျင်လေးပါ။



U = Use my heart to be happy!

မင်းလေးပျော်ရွှင်ဖို့ဆို့ငါ့နှလုံးသားကိုအသုံးချလိုက်ပါကွာ။

မိန်းကလေးတွေစိတ်ပျက်တဲ့ ယောက်ျားလေးပုံစံ.....

မိန်းကလေးတွေ ရည်းစားထားပြီ၊ချစ်သူထားပြီဆိုရင် ကိုယ့်ချစ်သူ
ယောက်ျားလေးကို လေ့လာတတ်ကြပါတယ်...ချစ်သူစဖြစ်ပြီး ပထမဆုံး Date
လုပ်တဲ့နေ့က စလို့ပေါ့...ချစ်သူမဖြစ်ခင်ထဲက
အပြင်ပန်းလေ့လာသလို...ချစ်သူဖြစ်ပြီးမှ အတွင်းစိတ်နေသဘောထားကို
လေ့လာတတ်ကြပါတယ်...
အဲဒီတော့ ယောက်ကျားလေးတွေ သတိထားသင့်တဲ့အချက်တွေကို List လုပ်ကြည့်ရအောင်...
(1)ကပ်စီးနဲတတ်ခြင်း
(2)ဂျီတိုက်ခြင်း
(3)နားလည်မပေးတတ်ခြင်း
(4)Over လုပ်လွန်းခြင်း
(5)သတ္တိမရှိခြင်း
(6)ကလဲ့စားချေတတ်ခြင်း
(7)မိန်းကလေးအကြိုက် မသိခြင်း
(8)မိန်းကလေးကို အထင်သေးသလို ပြောခြင်း
(9)ယုံကြည်မှုမထားခြင်း
(10)ဦးစားမပေးခြင်း
ပထမ တစ်ချက်ကို အရင်ပြောချင်ပါတယ်...မိန်းကလေးတစ်ယောက်ကို
ပိုးပန်းတုန်းကတော့ လက်ဆောင်တွေပေး မုန့်ဖိုးတွေရှင်းပေးနဲ့...ချစ်သူဖြစ်မှ မိန်းကလေးကကြီး
အိတ်စိုက်ထုတ်နေရတာကို မိန်းကလေးတွေ စိတ်ပျက်တတ်ပါတယ်...
(မှတ်ချက်။ ။ယောက်ျားလေးကကြီးပိုက်ဆံထုတ်ရမယ်မပြောပါဘူး...သူတစ်လှည့်ကိုယ်တစ်လှည့်ပေါ့...)
တစ်ချို့ယောက်ျားလေးတွေရှိတယ်...ဖုန်းဆက်ဖို့
ဖုန်းဖိုးတောင်နှမြောနေတတ်တာမျိုးပေါ့...ပြီးတော့မှ မင်းမအားမှာစိုးလို့
အနှေင့်ယှက်ဖြစ်မှာစိုးလို့ဆိုတာ ဖြီးတာ...:D
နောက်တစ်ချက် ဂျီတိုက်တာ...မိန်းကလေးက မအားလို့ပါ
သင်တန်းရှိလို့ အလုပ်ရှိလို့ဆိုတာကို...အတင်းတွေ့မယ်ဆိုပြီး
ဂျီတိုက်တာမျိုး...မတွေ့ပေးရင် မင်းငါ့ကို
မချစ်ပါဘူးဆိုတာမျိုး....
ပြီးတော့ မိန်းကလေးစိတ်ညစ်နေတာကို
နားလည်မပေးဘူး...မင်းမျက်နှာကို ပြုံးပြုံးလေးနေစမ်းပါတဲ့...အော်
စိတ်ညစ်နေရင် နင်တို့ယောက်ျားးလေးတွေကော ပြုံးနိုင်လားလို့
မေးချင်တတ်ကြတယ်........
မင်းကငါ့ဘ၀ပါ...မင်းမရှိရင်သေသွားနိုင်တယ်ဆိုတာမျိုးက
အပိုတွေ...ပြီးရင်သူတို့ပဲ???
ပြီးရင်ရှိသေးတယ်...ကိုယ်ကဖြင့် မိန်းကလေးရှေ့မှာ
ချစ်တယ်လို့ မပြောရဲဘဲ မင်းကိုယ့်ကိုချစ်လားဆိုတဲ့ သတ္တိကြောင်တဲ့
ယောက်ျားလေးတွေ...သူတို့က အရင်ပြောမှာပေါ့...ကိုယ်မင်းကို
သိပ်ချစ်တယ်...မင်းကောလို့...ဟုတ်တယ်ဟုတ်?
ဒီတစ်ချက်က ပိုဆိုးသေးတယ်...မိန်းကလေးက ချိန်းထားပြီး
မအားလပ်လို့ မလာဖြစ်တာကို နောက်တစ်ခါချိန်းတော့
မလာဘူးလေ...ကလဲ့စားချေတာတဲ့...လုပ်သင့်လား...
မိန်းကလေးက ဒီလိုမျိုးပြောရင်ကြိုက်တယ်ဆိုပြီး.ကြင်ကြင်နာနာ
မပြောတတ်တာမျိုး...ကြည့်ပါဦး...မင်းကိုစောက်ရမ်းချစ်တယ်တဲ့...
ပြီးတော့ ဒီတစ်ချက် အရေးကြီးပါတယ်...မိန်းကလေးကို
အထင်ကြီးတဲ့စကား မပြောရင်နေပါ...အထင်သေးသလိုတော့
မပြောသင့်ဘူး...မင်းဘာစာစာမကြိုးစားဘဲ
ခုမှနောင်တရမနေနဲ့တဲ့..
မိန်းကလေးဘက်ကို ယုံကြည်မှုမထားတတ်တာလဲ တော်တော်
ဆိုးပါတယ်...မိန်းကလေးကို
သံသယမထားသင့်ဘူးတော့မဟုတ်ဘူးပေါ့...ဒါပေမဲံအလွန်အကျွှံတော မထားသင့်ဘူး...
ပြီးတော့ နောက်ဆုံးတစ်ချက်...ကိုယ့်ရဲံချစ်သူ မိန်းကလေးကို
မိဘပြီးရင် ဒုတိယ ဦးစားပေးသင့်ပါတယ်...ဥပမာ။ ။ကိုယ့်ရဲ့မွေးနေ့ကို
ကိုယ့်ချစ်သူနဲ့တူတူ ကုန်ဆုံးတာတို. ၊၀မ်းနည်းစရာ၊၀မ်းသာစရာတွေကို
မိဘပြီးရင် ကိုယ့်ချစ်သူကို ရင်ဖွင့်တာတို့ပေါ့...

ဒီအချက်တွေက ကိုယ့်ချစ်သူကို တစ်ဘ၀လုံး
လက်တွဲသွားမယ့် ယောက်ျားလေးတွေ အတွက်နော်...အပျော်ချစ်တဲ့
ယောက်ျားလေးတွေအတွက် လုံးဝ(လုံးဝ) မဟုတ်ပါ...

အချစ်စစ်ရဲ့ရုပ်ပုံလွှာ

အချစ်စစ်ရဲ့ရုပ်ပုံလွှာ



ရှေ့ဆက်ရမယ့်လမ်းက အရှည်ကြီး
တင်းတင်းဆုတ်ထားတဲ့ လက်ကို ဖြုတ်မချခဲ့နဲ့.........
တစ်နေ့က မဆုံတာကြာပြီဖြစ်တဲ့ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်နဲ့ ညစာစားဖြစ်တယ်။ အိမ်ထောင်သက် (၃)နှစ် ရှိပြီဖြစ်တဲ့ သူ့အမျိုးသားကိုပါ ခေါ်လာခဲ့တယ်။

ပထမဆုံးအကြိမ်ဆုံတဲ့ သူ့အမျိုးသားကို ကျွန်မ အကဲခတ်လိုက်မိတယ်။ အရပ်မမြင့်၊ ရုပ်မချောတဲ့အပြင် ဝတ်စားပုံကလည်း ခေတ်နဲ့ တပြေးမညီခဲ့ဘူး။ စကားလက်ဆုံကျရင် စကားထဲက သူ့အမျိုးသားဟာ ဘဏ်တစ်ခုရဲ့ သာမန်တာဝန်ထမ်း တစ်ဦးဆိုတာ သိရပြန်တယ်။

မှတ်မိပါသေးတယ်။ ကျောင်းနေတုန်းက ကျွန်မတို့မေဂျာဟာ အချောအလှပေါတဲ့ မေဂျာအဖြင့် နာမည်ကြီးခဲ့တယ်။ ဒုတိယနှစ်ကစပြီး အတန်းတစ်ချိန်နားတိုင်း အတန်းထက်ဝက်ကျော် မိန်းကလေးတွေက မိတ်ကပ်တွေထုတ်၊ မှန်တွေထုတ်ပြီး နူတ်ခမ်းနီ ပါးနီဖို့တတ်ကြတယ်။ အဲဒီတုန်းက ခေတ်စားတဲ့ အဝတ်အစား၊ ဘောင်းဘီ၊ ဖိနပ်တွေက ကျွန်မတို့မေဂျာမှာ လျော့ခဲ့တယ်ဆိုတာ မရှိခဲ့ဖူးဘူး။

ကျွန်မရဲ့ ဒီသူငယ်ချင်းက အရပ်(၁၆၆) စီတီမီတာရှိတဲ့အပြင် ကိုယ်လုံးကိုယ်ပေါက်ကလည်း သူ့နေရာနဲ့သူ ပြည့်စုံလှပနေသူ ဖြစ်တယ်။ နှာတံစင်းစင်းနဲ့ မျက်နှာပေါက်ကလည်း ပြောစရာမရှိဘူး။ လမ်းလျှောက်ရင်လည်း နာမည်ကျော် မော်ဒယ်စတိုင်လ် အပြည့်နဲ့မို့ ကျောင်းဝင်းထဲ သူဝင်လာပြီဆိုရင် ဘာသားချောတွေက တစ်ဝုန်းဝုန်းပဲ။ အဆောင်ရှေ့မှာဆိုရင်လည်း အပေါက်စောင့် နှစ်ဦးထက် ပိုထားရတယ်။

ဒါပေမယ့် သူက ဖြစ်သလိုနေတတ်တဲ့ မိန်းကလေးမဟုတ်မှန်း ကျွန်မတို့သိတယ်။ အစာစားရင်လည်း ထမင်းနဲ့ ကော်ဖီလွဲရင် တစ်ခြားသူဘာမှ မစားဘူး။ ကိုယ်စရိတ်ကိုယ်ရှင်း ဆိုတာမျိုးပဲ သူကျင့်သုံးတယ်။ တတိယနှစ်နောက်ပိုင်းမှာ မပြတ်ဝင်လာတတ်တဲ့ သူ့ဖုန်းတွေ၊ ပုံစံမတူတဲ့ကား၊ ဒါရိုက်ဘာတွေ သူပြောင်းစီးတတ်တာ မြင်နေကျ ကျွန်မတို့အတွက် ရိုးနေခဲ့တယ်။

မတူတဲ့ယောက်ျားလေးတွေနဲ့ သူတွဲပေမယ့် ရည်းစား လုံးဝ သူမထားခဲ့ဘူး။ ရွေးစရာလူတွေများလို့ အခက်တွေ့နေတာလား? အချစ်စစ်ကို မတွေ့ခဲ့လို့လား? လို့ တစ်နေ့မှာ ကျွန်မ မအောင့်နိုင်ဘဲ သူကိုမေးခဲ့တယ်။

"ခံစားမှုဆိုတာ ကြာရှည်တဲ့အရာလို့ ထင်လား?" သူ့အမေးကို ကျွန်မခေါင်းညိတ်လိုက်တယ်။

"ဒါဆိုရင် ကြာရှည်တဲ့အရာတွေက တည်ငြိမ်ရမှာပေါ့ ဟုတ်လား?" သူ့စကားကို ကျွန်မ ချက်ချင်း ပြန်မဖြေနိုင်ခဲ့ဘူး။

"ကားကောင်းတွေကို ကျွန်မအများကြီး စီးခဲ့ဖူးတယ်။ ဒါပေမယ့် ဒါရိုက်ဘာတွေက ပေါ့ပေါ့တန်တန်ပဲ ကားကို ဂရုတစိုက်မမောင်းခဲ့ဘူး။ စီးရတဲ့လူကို စိုးရိမ်ထိတ်လန့်စေတယ်။ အစားကောင်းတွေ ကျွန်မအများကြီး စားဖူးတယ်။ ဒါပေမယ့် တစ်ဖက်လူတွေက သူတို့အစာကို ချန်ချန်ခဲ့တတ်တယ်။ ဒါကြောင့် အစားကောင်းရဲ့ အရသာကို ကျွန်မ မခံစားခဲ့ရဘူး။ အိမ်ကြီးအိမ်ကောင်းတွေကို ကျွန်မမြင်ဖူးတယ်။ တကယ်လို့ လစဉ်ပုံမှန်ဝင်ငွေ ရှိမယ်ဆိုရင် ဒီလိုအိမ်ကောင်းမျိုးနဲ့ မဝေးဘူးဆိုတာကို ကျွန်မနားလည်လိုက်တယ်။ သိပ်ချော သိပ်ခန့်တဲ့ ယောက်ျားလေးတွေ ကျွန်မအများကြီး ကြုံခဲ့ဖူးတယ်။ ဒါပေမယ့် နောင်၁ဝနှစ်မှာ သူတို့ ဒီလိုမချောနိုင်တော့သလို ကျွန်မလည်း အခုလိုလှပနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီအချိန်ကျရင် အပြင်ပန်းကြည့်ပြီး တစ်ယောက်ကိုတစ်ယောက် နှစ်သက်တာမျိုး ဖြစ်နိုင်တော့မလား?"

ပြောစရာစကားမရှိအောင် ကျွန်မဆွံအသွားခဲ့တယ်။

"ဒါကြောင့် ပတ်ဝန်းကျင် အဆောင်အယောင်တွေကြားမှာ မပြောင်းမလဲဘဲ ရှိနိုင်တာတွေက တကယ့် ရင်ထဲကနေလာတဲ့ ဂရုစိုက်မှု၊ စောင့်ရှောက်မှုတွေပဲဖြစ်တယ်။ တည်မြဲတဲ့ ပုခုံးတစ်စုံလိုပေါ့။ ငြိမ်ငြိမ်လေး ကိုယ့်ဘေးမှာပဲရှိနေပြီး ကိုယ်နာကျင်တဲ့အခါ၊ ထိခိုက်ခံစားရတဲ့အခါ ကိုယ်ရှေ့မှာ မားမားမတ်မတ် ရပ်တည်ပြီး ပျော့ညံ့တဲ့ဖက်ကနေ ကြံ့ခိုင်တဲ့ဖက်ကို တွဲခေါ်ပေးတတ်တယ်"

အဲဒီစကားကို ခုထက်ထိ ကျွန်မမှတ်မိနေခဲ့တယ်။ ခွဲခွါပြီး ၇နှစ်ရဲ့ ဒီနေ့မှာ သူ့ဘေးက သူနဲ့လုံးဝ မလိုက်ဖက်တဲ့၊ မချမ်းသာတဲ့၊ လူတွေ ထင်မှတ်မထားတဲ့ အမျိုးသားတစ်ဦးက သူ့ဖူးစာရှင်ဖြစ်ခဲ့တယ်။ ညစာစားနေတဲ့အခိုက် သိချင်တဲ့ မေးခွန်းပေါင်းများစွာက ကျွန်မရင်ထဲ စုပြုံတိုးဝင်လို့လာတယ်။

ညစာအပြီးမှာ သူ့အမျိုးသားက သူ့လက်ကိုကိုင်ဆွဲပြီး တွဲခေါ်လိုက်တယ်။ ကြင်ကြင်နာနာနဲ့ လုံးဝ တွဲလက် မဖြုတ်ခဲ့ဖူးသလိုပါပဲ။ ကျွန်မရင်ထဲက မေးခွန်းတွေကို သူမြင်သွားတယ် ထင်ပါရဲ့.... ကျွန်မနား နား တိုးတိုးလေးကပ်ပြီး "ကျွန်မတို့ ချစ်သူ စဖြစ်တဲ့နေ့ကနေ အခုချိန်ထိ သူက အဲလိုပုံစံပဲ" လို့ ရှက်ပြုံးလေးနဲ့ ပြောတယ်။

ဒါကပဲ ကျွန်မသိချင်တဲ့ အဖြေဖြစ်မယ်လို့ ကျွန်မထင်တယ်။ မပြောင်းလဲတဲ့၊ ခိုင်မြဲတဲ့၊ ဒီလိုဂရုစိုက် ကြင်နာခြင်းတွေနဲ့ နွေးထွေးနေတဲ့ လက်တစ်စုံက သက်ဆုံးထိတိုင် တွဲလက်မဖြုတ်တမ်း တွဲသွားမယ်ဆိုတာကို ကျွန်မယုံကြည်နေမိတယ်။

တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး ထွက်သွားတဲ့ သူတို့နှစ်ယောက်ရဲ့ ရုပ်ပုံကို ကြည့်ပြီး အချစ်စစ်ဆိုတာ ဒါပဲဖြစ်ရမယ်လို့ ကျွန်မခံစားလိုက်မိတယ်။

soeminkhant ဘာသာပြန်ခံစားသည်။
(just sharing forwarded mail)

မိမိ ချစ်သူနဲ့ ပထမဆုံးချိန်းတွေ့တဲ့ နေ့မှာဆောင်ရန် ရှောင်ရန်များ..

မိန်းကလေးများအတွက်

် -အ၀တ်အစားသေချာရွေးဝတ်ပါ။

-လက်သည်းနီဆိုးထားရင် ဟိုတစ်ကွက် ဒီတစ်ကွက် ပျက်မနေပါစေနဲ့။

-နှုတ်ခမ်းနီအရောင် ရင့်တွေကိုရှောင်ပါ။ရှိရင်စွဲ အသက်ထက်ပိုရင့်သွားစေလို့ပါ။

-မျက်နှာကိုမိတ်ကပ်အလွန်အကျွံ မလူးမိပါစေနဲ့။သဘာဝကျကျပဲပြင်သွားပါ။

-၀က်ခြံတွေရှိနေရင်Concealer နဲ့သေချာဖုံးသွားပါ။

-တစ်ကိုယ်ရေသန့်ရှင်းမှု ကိုသေချာပြုလုပ်သွားပါ။

-ဆံပင်သားတွေအဆီထွက်ပြီးကပ်မနေအောင်ဂရုစိုက်ပါ။

-ခါးမတ်မတ်ထိုင်ပြီးတက်တက်ကြွကြွ နေပါ။

-ဒေါက်ဖိနပ်စီးသွားမယ်ဆိုရင်ဖိနပ်အသစ်ကိုရှောင်ပါ။

-ဒေါက်(၂) လက်မခွဲထက်ပိုမစီးမိပါစေနဲ့။လမ်းလျှောက်လို့အဆင်မပြေပါ။

-နှုတ်ခမ်းနီကို အစာစားပြီးချိန်တိုင်းပြန်ဆိုးပေးပါ။

-အဆီပြန်တာကိုသိစေဖို့မှန်ဆောင်ထားပါ။

-နှုတ်ခမ်းသားတွေခြောက်ကပ်မနေအောင် အဆီပါတဲ့နှုတ်ခမ်းနီရွေးသုံးပါ။

-အကျီင်္င်္လက်ပြတ်ဝတ်မယ်ဆိုရင်လက်မောင်းတွေကို hand @ body lotion လူးသွားဖို့မမေ့နဲ့နော်။



ယောကျာ်းလေးများအတွက်

-မျက်နှာအဆီမပြန်ပါစေနဲ့။

-၀က်ခြံတွေပေါက်နေရင်သွေးမထွက်အောင် ဂရုတစိုက်သန့်စင်ထားပါ.။

-နှာခေါင်းသန့်ရှင်းရေးပြုလုပ်ထားပါ။ -လက်သည်း၊ခြေသည်းတွေသေသေချာချာလှီးဖြတ်သွားပါ။

-နားကိုရှင်းထားပါ။

-လေအန်ချင်ရင် လက်နဲ့ကွယ်ပြီးမျက်နှာလှည့်အန်ပါ။

-ချွေးနံ့မထွက်အောင် ဂရုစိုက်ပါ။

-တစ်ကိုယ်ရေသန့်ရှင်းမှုကိုအလေးထားပါ.။

-ခြေထောက်မှအနံ့မထွက်အောင် ဆေးကြောထားပါ။

-ခြေအိတ်နဲ့ဖိနပ်ဝတ်မယ်ဆိုရင်ခြေအိတ်လျှော်ထားပါ။

-အ၀တ်အစားကိုအသစ်စက်စက်ကြီးဝတ်မှာထက်တစ်ခါဝတ်ပြီးသားကိုပဲဝတ်ပါ။

-အကျီင်္ကော်လံတွေညိုညစ်မနေစေနဲ့နော်။

ပါးစပ်ဟပြီးစတိုလ်ပျက်လောက်တဲ့အထိအော်မရယ်ပါနဲ့။

-နာရီကိုမမေ့မလျော့ဝတ်ဆင်သွားပါ။

-ရေမွှေးကို နှစ်ကိုယ်ကြားအနံ့ရရုံလေးပဲဆွတ်သွားပါ။ ရနံ့ပြင်းပြင်းတွေကိုရှောင်ပါ။ -ဆံပင်ပုံစံနဲံ့အ၀တ်အစားကိုလိုက်ဖက်မှုရှိအောင်ပြင်သွားပါ။

-ချွေးထွက်သန်ရင်အိတ်ထဲမှာ tissue အမြဲဆောင်ထားပါ။

-ခံတွင်းနံ့ကိုစိတ်မချဖြစ်တတ်ရင်ပီကေဆောင်သွားပါ။

-ပိုက်ဆံလုံလုံလောက်လောက်ထည့်သွားဖို့ကတော့အရေးအကြီးဆုံးပဲနော်။

မိန်းမတို့၏မာယာ(၄၀)

(၁) မိမိကိုယ်ကိုဆန့်သည့်မာယာ
(၂) ကိုယ်ညွှတ်၍စမ္ပယ်သည့်မာယာ
(၃) ရှက်ဟန်ဖြင့် မျက်နှာကို အ၀တ်ဖုံးသည့်မာယာ
(၄) လက်သည်းချင်းချင်းဆတ်သည့်မာယာ
(၅) ခြေဖြင့်ခြေကိုနင်းသည့်မာယာ
(၆) သူငယ်ကိုကြည့်သည့်မာယာ
(၇) သူငယ်ကိုချစ်ချင် ဆိတ်ချင်ပြုသည့်မာယာ
(၈) သူငယ်ကိုချီမြှောက်ကစားသည့်မာယာ
(၉) သူငယ်ကိုနမ်းသည့်မာယာ
(၁၀) မိမိကိုယ်ကိုသူငယ်အားနမ်းစေသည့်မာယာ
(၁၁) ၀ါးခြမ်းဖြင့် မြေကိုခြစ်သည့်မာယာ
(၁၂) သူငယ်ကိုသွားဖြင့် ကိုက်ယောင်ပြုသည့်မာယာ
(၁၃) မိမိကိုယ်ကိုသူငယ်အားသွားဖြင့်ကိုက်စေသည့်မာယာ
(၁၄) သူငယ်ကို ယောက်ျားအားပေး၍ချီစေသည့်မာယာ
(၁၅) မိမိကတစ်ဖန်တောင်း၍ ချီပြန်သည့်မာယာ
(၁၆) သူငယ်ပြုသည့်အတိုင်း တိမ်းညွတ်ပြုသည့်မာယာ
(၁၇) ပြက်ရယ်သောစကားကိုဆိုသည့်မာယာ
(၁၈) အမြဲအမြံစကားကိုဆိုသည့်မာယာ
(၁၉) ဖုံးဝှက်စကားကိုဆိုသည့်မာယာ
(၂၀) ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်းဖြင့် စမ္ပယ်သည့်မာယာ
(၂၁) တန်ဆာဆင်ဟန်ပြုသည့်မာယာ
(၂၂) ဆံပင်ကို လက်ဖြင့် သုံးသပ်သည့်မာယာ
(၂၃) ပြင်းစွာရယ်သည့်မာယာ
(၂၄) အင်္ဂါဇာတ်ကိုလှပ်ပြသည့်မာယာ
(၂၅) ခါးကိုညွှတ်သည့်မာယာ
(၂၆) ဦးခေါင်းကိုဘယ်ညာလှုပ်သည့်မာယာ
(၂၇) ပေါင်ကိုလှစ်ပြသည့်မာယာ
(၂၈) သားမြတ်ကိုပြသည့်မာယာ
(၂၉) လက်ကိုမြှောက်သည့်မာယာ
(၃၀) လက်ကတီးကိုပြသည့်မာယာ
(၃၁) မျက်စိကိုစောင်း၍ကြည့်သည့်မာယာ
(၃၂) မျက်မှောင်ကိုချီသည့်မာယာ
(၃၃) နှုတ်ခမ်းကိုဖွင့်တုံလှစ်တုံပြုသည့်မာယာ
(၃၄) လျှာကိုထုတ်သည့်မာယာ
(၃၅) ထဘီတဘက်ကိုချွတ်ချင် ၀တ်ချင် ပြုသည့်မာယာ
(၃၆) ဆံထုံးကိုဖြေဟန်ပြုသည့်မာယာ
(၃၇) ဆံထုံးကိုထုံးဟန်ပြုသည့်မာယာ
(၃၈) မျက်စိကိုမှိတ်၍ပြုသည့်မာယာ
(၃၉) လည်ကိုငဲ့၍ပြသည့်မာယာ
(၄၀) လည်ကိုညိတ်၍ပြသည့်မာယာ

ယောကျာင်္းလေးနဲ့မိန်းကလေးသီအိုရီ

ယောကျာင်္းလေးသီအိုရီ

လွမ်းတယ် ( အနေဝေးရင် )
ပိုင်ဆိုင်ချင်တယ် ( တစ်ဘ၀စာ )
အရမ်းချစ်တယ် ( တစ်သက်လုံး )
သတိရတယ် ( မတွေ.ရတဲ့အခါ )
အတူနေချင်တယ် ( လိုက်လျောရင် )
နမ်းချင်တယ် ( ဖြူစင်စွာ )
ထိုင်ကြည်.ချင်တယ် ( ၂၄ နာရီ )
ချော့သိပ်ချင်တယ် ( ညတိုင်း )
သီချင်းဆိုပြချင်တယ် ( အိပ်ခါနီး )
မျှော်လင့်ချင်တယ် ( ရင်ခုန်စွာ )
အရမ်းပြန်ချစ်ပါ ( အလိုလားဆုံး )
အရမ်းဂရုစိုက်ပါ ( အမြဲ )
မမုန်းဘူး ( ဘယ်တော့မှ )
လက်ကလေးကိုင်ချင်တယ် ( ခွင့်ပြုရင် )
အဆင်မပြေဘူး ( မင်းမရှိတဲ့အချိန် )
မခွဲနိုင်ဘူး ( ယုံ )
ထပ်ကာထပ်ကာပြောချင်တယ် ( I LOVE YOU )




မိန်းကလေးသီအိုရီ

လွမ်းတယ် ( ပိုက်ဆံပြတ်ရင် )
ပိုင်ဆိုင်ချင်တယ် ( မင်းရဲ.ဘဏ်စာအုပ်ကို )
အရမ်းချစ်တယ် ( မင်းရဲ.ပစ္စည်းဥစ္စာ )
သတိရတယ် ( ၀ယ်စရာတွေ.ရင် )
အတူနေချင်တယ် ( အမြဲပျော်အောင်ထားမယ်နိုင်ရင် )
နမ်းချင်တယ် ( စိန်လက်စွပ်ဝယ်ပေးရင် )
ထိုင်ကြည်.ချင်တယ် ( တခြားကောင်လေးကို )
ချော့သိပ်ချင်တယ် ( မင်းအိတ်ထဲကပိုက်ဆံခိုးဖို. )
သီချင်းဆိုပြချင်တယ် ( ပါးစပ်အားရင် )
မျှော်လင့်ချင်တယ် ( မာစီဒီး )
အရမ်းပြန်ချစ်ပါ ( ငါဘယ်သူနဲ.တွဲတွဲ )
အရမ်းဂရုစိုက်ပါ ( သေခါနီး )
မမုန်းဘူး ( ပိုက်ဆံရှိနေသရွေ. )
လက်ကလေးကိုင်ချင်တယ် ( အိပ်သာထဲကထွက်လာရင် )
အဆင်မပြေဘူး ( မင်းငွေမရှိတဲ့အချိန် )
မခွဲနိုင်ဘူး ( အလကားပြောတာ )
ထပ်ကာထပ်ကာပြောချင်တယ် ( သေနာကြီး )

မိန်းမတို့ပျက်စီးကြောင်း (၉)ချက်

၁.ယောက်ျားလေးတွေနဲ့ ပူးကပ်ပြီး အရောတ၀င်နေတာ..

၂.လင်နဲ့လပေါင်းများစွာ ကင်းဝေးနေတာ...

၃.အ၀တ်အစားချို့ငဲ့လွန်းတာ..(မိန်းမသားဆိုတာ ယောက်ျားတွေထက် ပိုပြီးအ၀တ်အစားလိုတယ်ဆိုတာတော့ မှန်ပါတယ်..)

၎.လင်/ရည်းစားချစ်သူက လိင်ဘက်ဆိုင်ရာမှာ ၊ကာမဆိုင်ရာမှာ မစွမ်းတာ၊စံချိန်မမှီတာ...

၅.ပျင်းရိထှိုင်းမှိုင်းနေတာ..

၆.လူများရာကို သွားတတ်လွန်းတာ

၇.ပွဲသဘင်/အပျော်အရွှင်မက်လွန်းတာ၊လိုက်စားမက်မောတာ...

၈.လင်နဲ့ ခွဲပြီး မိဘ.ညီအကိုမောင်နှမအိမ်မှာ အနေများတာ...

၉.တစ်ယောက်တည်းတည်း ရောက်တတ်ရာရာ လျှောက်သွားနေတတ်တာမျိုးတွေပါဘဲ..အဲဒါလေးတွေဘဲ သတိထားပေးရင် တော်တော် ကျက်သရေရှိမယ့် မိန်းကလေးလို့ ထင်ပါတယ.်..မြန်မာမိန်းကလေးများ..တန်ကြေးရှိသောမိန်းကလေးနဲ့ တန်ဖိုးရှိတဲ့ မိန်းကလေးကို ခွဲခြား သိနိုင်ပါစေ..

သင်၏ ပထမဆုံး အလုပ်တွင် ရှောင်လွှဲရမည့် အမှား ၈ ရပ်

ကဲ သင် တက္ကသိုလ်ကနေ ဘွဲ့တစ်ခုရပြီး ၊ စီးပွားရေးတွေကျဆင်းနေတဲ့ ကြားထဲက အလုပ်တခုရပြီနော် ၊ ဂုဏ်ယူပါတယ်။ အခုမှ တကဲ့လုပ်ငန်းခွင် ဘဝစမှာပါ။ အခု ပထမဆုံး အလုပ်မှာ ပိတ်မိမနေဘဲ နောက်နောင် ယခုထက်ပိုကောင်းတဲ့ အလုပ်တွေရအောင် အောက်ပါပြောထားတဲ့ အလွဲရှစ်ရပ်ကို ရှောင်ကျဉ်ဖို့လိုပါတယ်။

(က) ဆန္ဒစောခြင်း

ပထမဆုံး အလုပ်ခွင်ဝင်တဲ့နေ့မှာ ကိုယ့်အစွမ်းအစကို သိအောင်ထုတ်ပြချင်တာကတော့ သဘာဝပါပဲ။ ဒါပေမယ့် အများအမြင်မှာ ကိစ္စတစ်ခုကို တက်တက်ကြွကြွ ဦးဆောင်လုပ်တာနဲ့ လူတွင်ကျယ်အောင်လုပ်တာနဲ့ သိပ်မကွာဘူးဖြစ်နေတတ်တယ်။ "They Don't Teach Corporate in College" စာအုပ်ကို ရေးသားသူ Alexandra Levit ကတော့ ဒီလိုဆိုပါတယ်။ "ကိုယ့် နာမည်ရဖို့ ကိစ္စတွေကို ချက်ချင်း ဝုန်းဒိုင်း ဝုန်းဒိုင်း ထမလုပ်ပါနဲ့ ၊ သူများတွေ ဘယ်လိုအလုပ်လုပ်တယ် ၊ သူတို့ စိတ်ကူးတွေကို ဘယ်လို တင်ပြတယ်ဆိုတာကို အရင် လေ့လာပါ။ ဘယ်လို အလုပ်လုပ်ကြတယ် ဆိုတာကို သေချာသိပြီဆိုမှ သင့်ရဲ့ အကြံကို တင်ပြပြီး သူများတွေရဲ့ ထင်မြင်ယူဆချက်ကို တောင်းခံပါ။"

(ခ) အချိန်ယူလွန်းခြင်း

ကိုယ့်ရဲ့ပထမဆုံး ဌာနတွင် အစည်းအဝေးကို ပြုပြင်ပြောင်းလဲစရာတွေ ရေးမှတ်ထားတဲ့ စာရွက်ကြီးနဲ့ မသွားသင့်သလို၊ အလုပ်စလုပ်တဲ့ပထမ တစ်လလုံး အခန်းထဲမှာငုတ်တုတ်ထိုင်ပြီး တခြားလူတွေက လာမိတ်ဆက်မှာကို စောင့်မနေသင့်ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးမှုရယူပြီး သူတို့ဘာတွေ လုပ်တယ်ဆိုတာလေ့လာသင့်ပါတယ်။ လူတွေက ကိုယ့်ကိုလျှစ်လျူရှုထားတယ်ဆို ပြီး အမြင်မစောင်းသင့်ပါဘူး။

(ဂ) နည်းပညာကိုတလွဲသုံးခြင်း

အစည်းအဝေးလုပ်နေတုန်း text message ပို့လို့ရလား ၊ ရုံးချိန်အတွင်း Facebook သုံးလို့ရလား အလုပ်လုပ်ရင်းနဲ့ i-pod နားထောင်လို့ ရလား။ ဒီကိစ္စတွေကို ကုမ္ပဏီ တခု နဲ့ တခု ခွင့်ပြုတာခြင်း မတူကြပါဘူး။ တခြားလူတွေ ဘယ်လို နည်းပညာကို သုံးနေကြတယ်ဆိုတာကို ဂရုစိုက်လေ့လာပါ။

(ဃ) အစတည်းကယဉ်သကို

အဝတ်ဝတ်တာကအစ ၊ လက်ဆွဲနှုတ်ဆက်တာအဆုံး အခြားလူတွေကလူသစ်ဖြစ်တဲ့သင့်ကို သတိထားစောင့်ကြည့်နေလိမ့်မယ်။ Levit ကလူတွေနဲ့ ပထမဆုံးတွေတဲ့အချိန်မှာသင်ဘယ်လို ပြုမူတယ်ဆိုတာကို အထူးသတိထားဖို့အဆိုပြုထားပါတယ်။

(င) သင့်အထက်လူကြီး၏လိုအပ်ချက်များအားလေ့လာခြင်း

အလုပ်ခွင်ဝင်ဝင်ခြင်း ပထမသုံးလအတွင်း သင့်အထက်လူကြီးက သင့်ထံမှဘာတွေ မျှော်လင့်ထားတယ်ဆိုတာ သိအောင်လုပ်ဖို့လိုပါတယ်။ အလုပ်အကိုင်အကြံပေး Peter Jacobs ကတော့သင်ရဲ့လူကြီးနဲ့ ပုံမှန်တွေ့ ဆုံဆွေးနွေးပြီး နှစ်ဦးနှစ်ဖက်လိုအပ်ချက်တသားထဲဖြစ်အောင် လုပ်ဖို့လိုကြောင်း တိုက်တွန်းပြောဆိုထားပါတယ်။

(စ) သင့်အထက်လူကြီးကိုနားမလည်ခြင်း

သင်နှင့်သင့် အထက်လူကြီး ပြောဆိုဆက်ဆံပုံ စတိုင်ချင်း တူခြင်မှတူပါလိမ့်မယ်။ သူဘယ်လိုပြုမှုပြောဆိုဆက်ဆံတာကို နှစ်သက်တယ်ဆိုတာ သိအောင်လေ့လာပါ။ သင့်လူကြီးက သတင်းအချက်အလက်တွေကို နှစ်သက်တယ်ဆိုတာ သိအောင်လေ့လာပါ။ သင့်လူကြီးကသတင်းအချက်အလက်တွေကို အီးမေးနဲ့လိုချင်တာလား၊ အစီရင်ခံစာနဲ့လိုချင်တာလား၊ ဘယ်လိုပုံစံနဲလိုချင်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ အမြဲတမ်းအစီရင်ခံနေဖို့လိုလား၊ အရေးကြီးအကြောင်းအရာတွေကိုပဲသိချင်တာလား၊ ဆိုတာသိအောင်လုပ်ဖို့လိုပါလိမ့်မယ်။

(ဆ) အထီးကျန်စွာနေထိုင်ခြင်း

သင့်အထက်အရာရှိသည် လွန်စွာအသုံးဝင်သော အရင်းအမြစ်တခုဖြစ်ပါသည်။ သို့သော်လည်း ခိုင်မာသော အသက်မွေးဝမ်းကြောင်း အလုပ်တခုတည်ဆောက်နိုင်ရန် လူအများအပြားထံမှ အကြံဥာဏ်များရယူရန်လိုအပ်သည်။ မိမိအားနည်းမှန်လမ်းမှန်ကို ညွှန်ပြပေးနိုင်မည့်ဆရာကောင်းများ၊ တိုင်ပင်ဆွေးနွေးစရာ ပုဂ္ဂိုလ်များ ရှာဖွေထားရန်လိုသည်။

(ဇ) အလုပ်ကိုတန်ဖိုးမထားခြင်း

သင်၏လက်ရှိအလုပ်က အရမ်းကောင်းတာပာုတ်ချင်မှပာုတ်ပါလိမ့်မည်။ ဒါပေမဲ့ လက်ရှိအလုပ်မှာ အတတ်ပညာသစ်တွေကို ရနိုင်တဲ့အခွင့်အရေး၊ စီးပွားရေးအခွင့်အရေးလောကအကြောင်းကို လေ့လာနိုင်တဲ့အခွင့်အရေး၊ အသိမိတ်ဆွေအသစ်တွေကိုရနိုင်တဲ့အခွင့်အရေးအဖြစ် ရှုမြင်နိုင်မယ်ဆိုရင် အကျိုးရှိပါလိမ့်မယ်။ယခုအချိန်ကို သိမှတ်စရာတွေ သင်ယူရတဲ့ အချိန်အဖြစ် သဘောထားပြီး ပျော်ပျော်နေလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုအချိန်ကို နောင်ဘယ်တော့မှ ပြန်ရနိုင်မှာမပာုတ်တော့လိုပါ။

Read more: သင်၏ ပထမဆုံး အလုပ်တွင် ရှောင်လွှဲရမည့် အမှား ၈ ရပ် - Myanmar Network http://www.myanmar-network.net/forum/topic/show?id=3423487%3ATopic%3A346153&xgs=1&xg_source=msg_share_topic#ixzz1WTK5wHc6

...မိန်းကလေးတွေရှောင်ကြတဲ့ စကားလေးများ ...

Boy: ဒီတစ်သက် တို့ကိုပဲချစ်မှာလား။
Girl : အင်း (ပျင်းစရာကြီး)

Boy :တို့မရှိရင် ချစ်ဘယ်လိုလုပ်မလဲ။
Girl : ရူးသွားမှာပေါ့ ။ (ပျော်လွန်းလို့)

Boy : တို့က ချစ်ရဲ့ ရည်းစားဦးလား။
Girl : ဟုတ်။ (အရင်တစ်ယောက်ပြီးရင်)

Boy : ချစ်ကိုယ့်ကို မလိမ်ပါဘူးနော်။
Girl : ဘုရားစူး မိုးကြိုးပစ်။ (ရှင့်ကို)

Boy :အိုသွားရင်ကောချစ်မှာလား။
Girl : မမုန်းပါဘူး။ (ချစ်လည်းမချစ်ဘူး)

Boy : ဘရက်ပစ်လို ချောတယ်မို့လား။
Girl : သူ့ထက်တောင်ပိုသေး။ (ရုပ်ဆိုးချက်က)

Boy : ချောလာလား။
Girl : အင်း။ (စိတ်မပါစွာနှင့်)

Boy :အခု တခြားကောင်မလေးက တို့ကို အရူးအမူးလိုက်နေတာ။
Girl :ဟင် ဟုတ်လား။ (၀မ်းသာလိုက်တာ ကန်တော့ပွဲနဲ့ကို လိုက်ပို့ဦးမှာ)

Boy :နောက်တာပါ။ အဲလောက်လည်းသ၀န်မတိုပါနဲ့။
Girl : ...........

Boy : ဘာလဲ စိတ်ကောက်သွားတာလား။
Girl : ကောက်တာပေါ့။ (တကယ်ဘာလို့မဟုတ်ရတာလဲ)

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About