- ကတိအပေးနည်းပါစေ။
- အမှန်ကို အမြဲပြောပါ။
- မိတ်ကောင်းဆွေကောင်းထားရှိပါ။
- သူတစ်ပါးမကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။
- မိမိဝင်ငွေနှင့် လောက်ငှအောင်သုံးစွဲပါ။
- မိမိ၏ဘယ်လုပ်ငန်းတွင် မဆိုကျွမ်းကျင်မှုရှိပါစေ။
- မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။
- သဒ္ဓါမရောက်မီ တရားမျှတမှုရှိပါစေ။
- လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။
- လျှို့ ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။
- အကျင့်စာရိတ္တကောင်းမွန်ခြင်းသည်သာ ဘဝ၏အောင်မြင်တိုးတက် ခြင်းကို ဖြစ်စေသည်။
- တက်နိုင်ပါကချေးငှားမှုအား ဘယ်သောအခါမှ မပြုနှင့်။
- သင့်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင်၏ကျေနပ်မှုနှင့် လုပ်ငန်းအပေါ် မှာမူတည်ပါလိမ့်မယ်။
- ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ် သင့်ပေ။
- သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူမျက်နှာကို ကြည့်၍ပြောပါ။
- မယားတစ်ယောက်ကို လုပ်ကျွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။
- ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်ကချွေးတာစုဆောင်ရာ၏။
- အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။
- သူတစ်ပါးအာဒ ကူညီရာတွင် ကဲ့ရဲ့ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။
- ကောင်းသောစိတ်ထားခြင်း၊ ကောင်းသောစကားဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။
- မှန်မှန်ကန်ကန်နှင့် ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည် ထိုက်တန် အောင်မြင်ခြင်းဖြစ်၏။
- ညအိပ်ယာဝင်သည့် အခါတစ်နေတာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည် နောက်နေ့ လုပ်ဆောင်ရမည့် အလုပ်အတွက်တိကျမှုကိုဖြစ်စေ၏။
- သင့်အပြုအမူ ဆောင်ရွက်ချက်မှလွဲ၍ သင့်အကျင့်စာရိတ္တကို ထိခိုက်စေမည့် အကြောင်းမရှိနိုင်။
- အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ်သုံးသပ်ပြီးမှ အကောင်အထည်ဖေါ် ရာ၏။
- အလုပ်နှင့်ဘယ်အခါမှ ကင်းကွာမှုမဖြစ်စေပဲ လက်များကို အကျိုးရှိစွာ အသုံးချပါ။
- ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအား မိတ်ဆွေအဖြစ်မပြုသင့်။
- အကျင့်စရိုက် ကြမ်းတမ်းသူများနှင့် အတူတကွမနေသင့်။
- သြဇာအာဏာရှိ သော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများ နှင့်ဝေးဝေးနေသင့်၏။
- သူတော်မဟုတ် သူယုတ်တိုနှင့် ကင်းကင်းနေက ကိုယ့်စိတ်နှစ်ဖြာ ချမ်းသာရ၏။
- ကိုယ့်အကျိုး သူ့ အကျိုးမျှမျှတတ ဆောင်ရွက်ငြားက မိတ်ကောင်းသဟာ ပေါကြွယ်ပါ၏။
Home / Archive for 07/28/11
ဘဝရဲ့လှေကားထစ်လေးများ
Subscribe to:
Posts
(
Atom
)
kothu1987@gmail.com. Powered by Blogger.