မိန်းကလေးတွေ ရည်းစားထားပြီ၊ချစ်သူထားပြီဆိုရင် ကိုယ့်ချစ်သူ
ယောက်ျားလေးကို လေ့လာတတ်ကြပါတယ်...ချစ်သူစဖြစ်ပြီး ပထမဆုံး Date
လုပ်တဲ့နေ့က စလို့ပေါ့...ချစ်သူမဖြစ်ခင်ထဲက
အပြင်ပန်းလေ့လာသလို...ချစ်သူဖြစ်ပြီးမှ အတွင်းစိတ်နေသဘောထားကို
လေ့လာတတ်ကြပါတယ်...
အဲဒီတော့ ယောက်ကျားလေးတွေ သတိထားသင့်တဲ့အချက်တွေကို List လုပ်ကြည့်ရအောင်...
(1)ကပ်စီးနဲတတ်ခြင်း
(2)ဂျီတိုက်ခြင်း
(3)နားလည်မပေးတတ်ခြင်း
(4)Over လုပ်လွန်းခြင်း
(5)သတ္တိမရှိခြင်း
(6)ကလဲ့စားချေတတ်ခြင်း
(7)မိန်းကလေးအကြိုက် မသိခြင်း
(8)မိန်းကလေးကို အထင်သေးသလို ပြောခြင်း
(9)ယုံကြည်မှုမထားခြင်း
(10)ဦးစားမပေးခြင်း
ပထမ တစ်ချက်ကို အရင်ပြောချင်ပါတယ်...မိန်းကလေးတစ်ယောက်ကို
ပိုးပန်းတုန်းကတော့ လက်ဆောင်တွေပေး မုန့်ဖိုးတွေရှင်းပေးနဲ့...ချစ်သူဖြစ်မှ မိန်းကလေးကကြီး
အိတ်စိုက်ထုတ်နေရတာကို မိန်းကလေးတွေ စိတ်ပျက်တတ်ပါတယ်...
(မှတ်ချက်။ ။ယောက်ျားလေးကကြီးပိုက်ဆံထုတ်ရမယ်မပြောပါဘူး...သူတစ်လှည့်ကိုယ်တစ်လှည့်ပေါ့...)
တစ်ချို့ယောက်ျားလေးတွေရှိတယ်...ဖုန်းဆက်ဖို့
ဖုန်းဖိုးတောင်နှမြောနေတတ်တာမျိုးပေါ့...ပြီးတော့မှ မင်းမအားမှာစိုးလို့
အနှေင့်ယှက်ဖြစ်မှာစိုးလို့ဆိုတာ ဖြီးတာ...:D
နောက်တစ်ချက် ဂျီတိုက်တာ...မိန်းကလေးက မအားလို့ပါ
သင်တန်းရှိလို့ အလုပ်ရှိလို့ဆိုတာကို...အတင်းတွေ့မယ်ဆိုပြီး
ဂျီတိုက်တာမျိုး...မတွေ့ပေးရင် မင်းငါ့ကို
မချစ်ပါဘူးဆိုတာမျိုး....
ပြီးတော့ မိန်းကလေးစိတ်ညစ်နေတာကို
နားလည်မပေးဘူး...မင်းမျက်နှာကို ပြုံးပြုံးလေးနေစမ်းပါတဲ့...အော်
စိတ်ညစ်နေရင် နင်တို့ယောက်ျားးလေးတွေကော ပြုံးနိုင်လားလို့
မေးချင်တတ်ကြတယ်........
မင်းကငါ့ဘ၀ပါ...မင်းမရှိရင်သေသွားနိုင်တယ်ဆိုတာမျိုးက
အပိုတွေ...ပြီးရင်သူတို့ပဲ???
ပြီးရင်ရှိသေးတယ်...ကိုယ်ကဖြင့် မိန်းကလေးရှေ့မှာ
ချစ်တယ်လို့ မပြောရဲဘဲ မင်းကိုယ့်ကိုချစ်လားဆိုတဲ့ သတ္တိကြောင်တဲ့
ယောက်ျားလေးတွေ...သူတို့က အရင်ပြောမှာပေါ့...ကိုယ်မင်းကို
သိပ်ချစ်တယ်...မင်းကောလို့...ဟုတ်တယ်ဟုတ်?
ဒီတစ်ချက်က ပိုဆိုးသေးတယ်...မိန်းကလေးက ချိန်းထားပြီး
မအားလပ်လို့ မလာဖြစ်တာကို နောက်တစ်ခါချိန်းတော့
မလာဘူးလေ...ကလဲ့စားချေတာတဲ့...လုပ်သင့်လား...
မိန်းကလေးက ဒီလိုမျိုးပြောရင်ကြိုက်တယ်ဆိုပြီး.ကြင်ကြင်နာနာ
မပြောတတ်တာမျိုး...ကြည့်ပါဦး...မင်းကိုစောက်ရမ်းချစ်တယ်တဲ့...
ပြီးတော့ ဒီတစ်ချက် အရေးကြီးပါတယ်...မိန်းကလေးကို
အထင်ကြီးတဲ့စကား မပြောရင်နေပါ...အထင်သေးသလိုတော့
မပြောသင့်ဘူး...မင်းဘာစာစာမကြိုးစားဘဲ
ခုမှနောင်တရမနေနဲ့တဲ့..
မိန်းကလေးဘက်ကို ယုံကြည်မှုမထားတတ်တာလဲ တော်တော်
ဆိုးပါတယ်...မိန်းကလေးကို
သံသယမထားသင့်ဘူးတော့မဟုတ်ဘူးပေါ့...ဒါပေမဲံအလွန်အကျွှံတော မထားသင့်ဘူး...
ပြီးတော့ နောက်ဆုံးတစ်ချက်...ကိုယ့်ရဲံချစ်သူ မိန်းကလေးကို
မိဘပြီးရင် ဒုတိယ ဦးစားပေးသင့်ပါတယ်...ဥပမာ။ ။ကိုယ့်ရဲ့မွေးနေ့ကို
ကိုယ့်ချစ်သူနဲ့တူတူ ကုန်ဆုံးတာတို. ၊၀မ်းနည်းစရာ၊၀မ်းသာစရာတွေကို
မိဘပြီးရင် ကိုယ့်ချစ်သူကို ရင်ဖွင့်တာတို့ပေါ့...
ဒီအချက်တွေက ကိုယ့်ချစ်သူကို တစ်ဘ၀လုံး
လက်တွဲသွားမယ့် ယောက်ျားလေးတွေ အတွက်နော်...အပျော်ချစ်တဲ့
ယောက်ျားလေးတွေအတွက် လုံးဝ(လုံးဝ) မဟုတ်ပါ...
မိန်းကလေးတွေစိတ်ပျက်တဲ့ ယောက်ျားလေးပုံစံ.....
Subscribe to:
Post Comments
(
Atom
)
Archive
-
▼
2011
(308)
-
▼
August
(132)
-
▼
Aug 29
(15)
- အချစ်နဲ့ နားလည်မှု
- မိန်းကလေးများမှာရှိသင့်သောကောင်းခြင်း( ၅ )ဖြာ
- I LOVE U ရဲ့  အ ဓိ ပ္ပယ် ဖွင့်ဆိုချက်
- မိန်းကလေးတွေစိတ်ပျက်တဲ့ ယောက်ျားလေးပုံစံ.....
- အချစ်စစ်ရဲ့ရုပ်ပုံလွှာ
- မိမိ ချစ်သူနဲ့ ပထမဆုံးချိန်းတွေ့တဲ့ နေ့မှာဆောင်ရန်...
- မိန်းမတို့၏မာယာ(၄၀)
- ယောကျာင်္းလေးနဲ့မိန်းကလေးသီအိုရီ
- မိန်းမတို့ပျက်စီးကြောင်း (၉)ချက်
- သင်၏ ပထမဆုံး အလုပ်တွင် ရှောင်လွှဲရမည့် အမှား ၈ ရပ်
- ...မိန်းကလေးတွေရှောင်ကြတဲ့ စကားလေးများ ...
- ကြောင် နှစ်ကောင်ရဲ့ ထူးဆန်းတဲ့အချစ်
- ဂွတ်နိုက် အိပ်တော့ချစ်သူရယ်
- ပါရမီဖြည့်ဖက်ဆိုတာ ..
- .............တန်ဖိုးရှိသောစကားလုံးများ..............
-
▼
Aug 29
(15)
-
▼
August
(132)
Blog Archive
-
▼
2011
(308)
-
▼
August
(132)
-
▼
Aug 29
(15)
- အချစ်နဲ့ နားလည်မှု
- မိန်းကလေးများမှာရှိသင့်သောကောင်းခြင်း( ၅ )ဖြာ
- I LOVE U ရဲ့  အ ဓိ ပ္ပယ် ဖွင့်ဆိုချက်
- မိန်းကလေးတွေစိတ်ပျက်တဲ့ ယောက်ျားလေးပုံစံ.....
- အချစ်စစ်ရဲ့ရုပ်ပုံလွှာ
- မိမိ ချစ်သူနဲ့ ပထမဆုံးချိန်းတွေ့တဲ့ နေ့မှာဆောင်ရန်...
- မိန်းမတို့၏မာယာ(၄၀)
- ယောကျာင်္းလေးနဲ့မိန်းကလေးသီအိုရီ
- မိန်းမတို့ပျက်စီးကြောင်း (၉)ချက်
- သင်၏ ပထမဆုံး အလုပ်တွင် ရှောင်လွှဲရမည့် အမှား ၈ ရပ်
- ...မိန်းကလေးတွေရှောင်ကြတဲ့ စကားလေးများ ...
- ကြောင် နှစ်ကောင်ရဲ့ ထူးဆန်းတဲ့အချစ်
- ဂွတ်နိုက် အိပ်တော့ချစ်သူရယ်
- ပါရမီဖြည့်ဖက်ဆိုတာ ..
- .............တန်ဖိုးရှိသောစကားလုံးများ..............
-
▼
Aug 29
(15)
-
▼
August
(132)
kothu1987@gmail.com. Powered by Blogger.
0 comments:
Post a Comment