မိန်းကလေးများမှာရှိသင့်သောကောင်းခြင်း( ၅ )ဖြာ

ဇနီးမယားအဖြစ် ထိမ်းမြားအပ်သောမိန်းမများနှင့် လောကနီတိကျမ်းလာမယားမြတ် အကြောင်းနှစ်ခုကို
ဘောဒါ သူငယ်ချင်းများကို သိသလောက်တင်ပြ ပြီးသွားပါပြီ အခုအခါမှာတော့ မိန်းကလေးများမှာရှိသင့်သောကောင်းခြင်း
( ၅ )ဖြာကိုတင်ပြလိုက်ပါတယ်နော်


မှာ
မိန်းကလေးများမှာရှိသင့်သောကောင်းခြင်း( ၅ )ဖြာ

( ၁ ) ဆံပင်၏ကောင်းခြင်း - မိန်းမ၏ဆံပင်သည်ဥဒေါင်းမြီးစည်းနှင့် တူကုန်သည်ဖြစ်၍ ခေါင်းမှ ဖြေချလိုက်ပါကအ၀တ်ထဘီ
စွန်းကိုထိ၍အဖျားကော့တက်လျက်ရှိသည် ။


( ၂ )အသား၏ကောင်းခြင်း -သွားကိုဖုံးသောနှုပ်ခမ်းသားသည် ကျီးအာသီးမှည့်နှင့်တူပြီး နီမြန်းသောအဆင်းနှင့်ပြည့်စုံသည်ဖြစ်
၍ညီညွတ်၏။ကောင်းစွာထိခြင်း၊စပ်ခြင်းရှိသည်။

( ၃ )အရိုး၏ကောင်းခြင်း -အရိုးအဆစ်တို့ ချောမွေ့ပြေပြစ်စွာရှိခြင်း ၊ သွားတို့သည် ဖြူစင်ခြင်း ၊ ညီညွတ်ခြင်း ၊ မကျဲခြင်းရှိကုန်
သည်ဖြစ်၍စိုက်၍ထားသော ၀ဋီရစိန်ရတနာ အစီအတန်းကဲ့သို့လည်းကောင်း၊ ကောင်းမွန်ညီညွတ်စွာ
ဖြတ်အပ်သော ခရုသင်းအစီအတန်းကဲ့သို့လည်းကောင်းတင့်တယ်ကုန်၏ ။

( ၄ )အရေ၏ကောင်းခြင်း -အသားညိုသောမိန်းမ၏ အရေအဆင်းသည် ကဆည်မှုန် စသည့်တို့ မလိမ်းမကျံဘဲသာလျင် ပင်
ကိုညက်ညောပြေပြစ်သည်။ကြာညိုပန်းဆိုင်နှင့်တူ၏။အသားဖြူသော မိန်းမ၏အရေအဆင်းသည်
မဟာလှေကားပန်းဆိုင်နှင့် တူသည်။

( ၅ )အရွယ်၏ကောင်းခြင်း -ဆယ်ကြိမ်တိုင်အောင် သားသမီးမွေးဖွားပြီးသော်လည်း တစ်ကြိမ်သားဖွားသော မိန်းမကဲ့သို့
အရွယ်တင်လှပလျှက်ရှိ၏ဟုဆိုမိတ်ထားသည်။

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About