တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ အရမ်းချစ်ကြတဲ့ ဘုရင်ကြီးနဲ့ မိဖုရားကြီးတစ်ပါးရှိကြတယ်တဲ့ ။တစ်နေ့သောအခါမှာ
သူတို့တိုင်းပြည်ကို တစ်ခြားတိုင်ပြည်ကလာသိမ်းပိုက်ကြတယ် . . .။ဘုရင်ကြီးကို မိဖုရားကထွက်ပြေးကြဖို့ ပြောတဲ့အခါ သူက
မပြေဘူးတဲ့ သူ့မိဖုရားကိုပဲပြေးခိုင်းတာပေါ့ နောက်ပြီ အဆိပ်အပ် ပစ်နည်းပါသင်ပေးလိုက်တယ်။ မိဖုရားကဘယ်လိုပြောပြော
မရတော့ နောက်ဆုံးတော့ မိဖုရားပြေးထွက်ခဲ့တယ် ။သူကတော့အဖမ်းခံလိုက်တယ် နောက်ဆုံးအနေနဲ့ လက်ကိုင်ပ၀ါလေးကို
မိဖုရားက ရမ်းပြသွားလိုက်တယ် ။ နှစ်ယောက်လုံးမျက်ရည်ကိုယ်စီနဲ့ပေါ့ ။ကံကောင်းချင်တော့ မင်းကြီးကို မသတ်ကြဘူး ။
သူတို့တိုင်ပြည်ကို ပြန်ခေါ်သွားကြတယ် ။ လူဆိုးတွေပေါ့ ။ အဲလိုပဲ မှတ်ထားရအောင်နော် . . .။အင်း အဲလိုနဲ့ လူဆိုးတွေရဲ့ သဘောင်္ပေါ်မှာ မင်းကြီးအတွက် လက်နက်ဆိုလို့ ခွေးစာခွက်လေးတစ် ခွက်ပဲရှိတယ် ဒါပေမယ့် သူကအချစ်ကြီးသူမဟုတ်လား
သူကြိုးစားတာပေါ့ နေ့တိုင် သံတိုင်တွေကိုဆွဲဆွဲ လှုပ်တာ လပေါင်းများစွာပဲ သူ့စိတ်ထဲမှာ နေ့နေ့ ညည သူ့မိဖုရားကိုပဲ တမ်းတနေရှာတယ် ။ တစ်နေ့မှာတော့ သူ့ ကြိုးစားမှုတွေ အရာထင်လာခဲ့တယ် ။ဒါပေမယ့် သူကြာကြာမပျော်လိုက်ရပါဘူး
သူလှုပ် ရမ်းတဲ့ တံတိုင်းတွေလဲ ကျိုးကုန်ရော ပင်လယ်မှာ မုန်းတိုင်းသင့်လို့ သူ ထွက်ပြေးမရခဲ့ဘူး ။ သူစိတ်ဓါတ်မကျပါဘူး
လူဆိုတာ မျော်လင့်ချက်နဲ့ ရှင်သန်တာမဟုတ်လား ။ သူအတွက် အလင်းရောင်တစ်စ သန်းခဲ့ပါတယ် ။ အဲဒါကတော့ လူဆိုးတွေကိုပေါ့ ပုန်းကန်တဲ့ လူတစ်ချို့ပေါ် ထွက်လာခဲ့တယ် ။ ရှင်းရှင်းပြောရရင် လွတ်လပ်ရေး အတွက်ကြိုးစားသူတွေပေါ့
အဲလူတွေက သူတို့ နိုင်ငံလွတ်လပ်ရေးအတွက်ကြိုးစားမှု ကအတော့်ကို ထိရောက်ဆိုပဲ . . . ။ နောက်ပြီ သူရဲကောင်း
တွေလဲရှိတယ်တဲ့ အဲဒါလူဆိုးတွေက ဘယ်လိုမှထိန်းမနိုင်သိမ်းမရပေါ့ နောက်ဆုံးတော့ သူတို့ကဆီးချင်း ထိုးဖို့ကမ်းလှမ်းလိုက်တယ် လူဆိုးတွေကလဲမုန်းတိုင်းတိုက်လို့မပြန်နိုင်တဲ့သင်္ဘောကိုပြန်ခေါ်တယ် နောက်ပြီ အဲဒီ့ကဖမ်းထားတဲ့
မင်းကြီးကိုပြောတယ် မင်းအဲသူရဲကောင်းကို သတ်နိုင်ရင်မင်း ကိုလွှတ်ပေးမယ်ပေါ့ သူပျော်သွားတယ် ။သူမိဖုရားမျက်နှာ
လေးပြန် မြင်လာတယ် သူပြန်တွေ့ ခွင့်ရတော့မယ်ပေါ့ ။သူကျေကျေနပ်နပ်ကြီးလက်ခံလိုက်တယ် ။ အဲလိုနဲ့သူရဲကောင်းနဲ့
သူနဲ့တိုက်ကြတဲ့နေ့ကိုလဲ ရောက်ရော သူ့တိုင်းပြည်ကလူတွေက သူ့ကိုမမှတ်မိတော့ဘူး သူရုပ်တွေကကြမ်းတမ်းနေပြီလေး
ထောင်ထဲမှာ အနှိပ်စက်ခံထားရတယ် မဟုတ်လား ။ဒါတွေထားပါ ဒီလိုနဲ့ တိုက်ကြတာပေါ့ ။ သူက သူရဲကောင်းလေးကို တိုက်ကွက်အသာနဲ့ နိုင်နေပါတယ် ။အဲအချိန်မှာ အသံတစ်သံ ။သူရင်းနှီနေတဲ့ အသံတစ်သံပါ ။သူ တစ်ချက်လှမ်းငေးလိုက်တယ် ။ အိုပ၀ါ စလေး သူ့ချစ်သူ သူ့မိဖုရား သူ့အသက်လေးကို သူတွေ့လိုက်တယ် ။သူပျော်သွားတာပေါ့ သူ့ကိုသိနေတာသူရှိသေးတာကို ။ အဲအချိန်မှာ သူ့ဓါးတစ်ချက် အခုတ်ခံလိုက်တယ် ။အိုဘာဖြစ်လဲ
အချစ်ကပေးတဲ့အားအင်းနဲ့ သူဆက် တိုက်တယ်။ သူလုံးဝအသာဆီရသွားတယ် ။နောက်တော့ လုံးဝ တစ်ဖက်သတ်ဖြစ်သွား
တယ် ။ သူပျော်နေတယ်ပေါ့ ။ဒါပေမယ့် သူကျောကို ဆူးနစ်တဲ့ဝေဒနာ တစ်ခုခံစားလိုက်ရတယ် ။သူမယုံနိုင်အောင်လဲ
ဖြစ်သွားတယ် သူသိတယ် ။ ဒါသူကောင်းကောင်းသိတဲ့။ သူကိုယ်တိုင် ထွင်းထားတဲ့ အဆိပ်အပ် ။ အိုသူဘာတွေဖြစ်သွား
သာလဲ နာကျင်မှုက တစ်စတစ်စ သူအားအင်းတွေကုန်ခမ်းသွားတယ် ။နောက်တော့သူမြင်ရတယ် သူရဲကောင်းရဲ့ ဓါးသွား
တွေ သူ့ခန္တာပေါ် အဆက်မပြတ် သူပြိုလဲသွားပါတယ် ။ ဟေး ခနဲ သူတိုင်းသူပြည်သားတွေရဲ့အော်သံ ။လူဆိုးတွေရဲ့ ကဲ့ရဲ့သံ
နောက်ပြီ ရင်ထဲက တစ်စက်စက် နာကျင်နေတဲ့ အသံ ။ နောက်ဆုံးမှုန်ဝါးဝါးမြင်လိုက်တယ် သူ့မိဖုရားလေးက သူရဲကောင်း
လက်လေးကိုဆွဲလို့ ။အိုလောကကြီးဘာဖြစ်သွားလဲ ။ ချစ်လှပါချည်းရဲ့ဆိုတဲ့ မိဖုရား ။သူမျက်လုံးတွေကို သူ့အဆိပ်အပ်နဲ့
ဖောက်လိုက်တယ် ။ နောက်တော့ဆုတောင်းလိုက်တယ် ဘ၀ဆက်တိုင်း အချစ်နဲ့ဝေးရပါလိုဧ။် တဲ့ . . . ။
Home / Archive for 09/25/11
ချစ်လှစွာသော မိဖုရား
တန်ဖိုး
တစ်ခါက တောထဲက ဂူကြီးတစ်ဂူထဲမှာ
ဝက်ဝံ မိသာစုနေထိုင်ကြသတဲ့...
သူတို့ မိသားစုထဲမှာ
ပျင်းတဲ့ဝက်ဝံပေါက်လေး နှစ်ကောင်လည်းပါတယ်...
သူတို့နှစ်ကောင်ဟာ အပျင်းထူပြီး အစာရှာမစားကြဘူး...
ရေသာခိုပြီး သူများတွေဆီကပဲ အစာကိုတောင်းယူစားတယ်...
ဒါကြောင့် သူတို့နှစ်ကောင်လာရင် တစ်ခြားတိရစ္ဆာန်တွေက အဝေးက ရှောင်ပြေးကြတယ်...
ဒါကို သူ့ အမေ၀က်ဝံမကြီးက ဆုံးမပေမယ့် သူတို့က နားမထောင်
ကြဘူး...
အမေအစထပ်ပေးပါဦး မ၀သေးလို့...
နင်တို့နှစ်ကောင်က ဘယ်လိုဆုံးမ ဆုံးမ မရပါလားဟာ...
ဒီလိုနဲ့ တစ်နေ့မှာတော့ ၀က်ဝံ ဖအေကြီးဟာ ပြောမရတဲ့သူ့ သား နှစ်ကောင်ကို ဂူကနေ မောင်းထုတ်လိုက်သတဲ့...
သူတို့နှစ်ကောင်ကတော့ လွတ်လွတ်လပ်လပ် နေရတယ်ဆိုပြီးတော့
ပျော်ပျော်ပဲထွက်လာတယ်...
သူတို့နှစ်ကောင်ဟာ လျှောက်သွားရင်းနဲ့ နေ့လည်ရောက်တော့ဗိုက်ဆာလာကြတယ်...
အားပါး ဗိုက်ဆာလာပြီ စားဖို့ဘာမှ မရှိဘူး...
ဒါနဲ့လမ်းမှာတွေ့ တဲ့တိရစ္ဆာန်တွေဆီက လိုက်တောင်းကြတယ်...
တိရစ္ဆာန်လေးတွေက သူတို့နှစ်ကောင်ကိုတွေ့ တာနဲ့ေ၇ှာင်ပြေး လစ်ပြေးကြတာပေါ့...
သူတို့နှစ်ကောင်လည်း ဗိုက်ဆာတာနဲ့လဲအိပ်နေတုန်း သူတို့အနားက ကြွက်တစ်ကောင်ဖြတ်ပြေးသွားတာတွေ့ ရတယ်...
အော ဟိုချုံပုတ်ထဲဝင်ပြေးသွားပြီကွ...
ဟေ့ကောင် ငါအရင်တွေ့ တာ ငါ့အစာ မင်းနဲ့မဆိုင်ဘူး
မဟုတ်ဖူး ငါ့အစာကွ...
သူတို့နှစ်ကောင်ဟာ သူ့ အစာကိုယ့်အစာအငြင်းပွားနေတုန်းကြွက်ကချုံထဲကို
ဝင်ပြေးသွားတော့တယ်...
ဒီတော့မှ သူ့ ကြောင့် လွတ်တာ ငါ့ကြောင့်လွတ်တာဆိုပြီးတော့ရန်ထဖြစ်ကြတယ်...
သူတို့နှစ်ကောင်ဟာ ဒေါသကလည်းထွက်ဗိုက်ကလည်းဆာနဲ့မို့ ရိုက်ကြ နှက်ကြသတဲ့...
နောက်တော့ဝက်ဝံအငယ်ကောင်က အစ်ကိုဖြစ်သူကိုခဲနဲ့ကောက်ပစ်ပြီးထွက်ပြေးသွား
တယ်...ဒီအခါ အကြီးကောင်ဝက်ဝံကလည်း နောက်ကလိုက်တာပေါ့ အငယ်ကောင်က အခေါင်းပေါက်ဖြစ်ပြီး လဲကျနေတဲ့သစ်ပင်ခေါ်င်းထဲ ၀င်ပြေးတယ်...
အကြီးကောင်ကလည်းအနောက်က၀င်လိုက်တယ်...
ဝက်ဝံ အငယ်ကောင်က သစ်ခေါင်းပေါက်အ၀ကခေါင်းထွက်ပြီး ကိုယ်က တစ်နေသတဲ့...
အကြီးကောင်ကတော့ သစ်ခေါင်းထဲကိုခေါင်းက၀င်ပြီး
ဖင်ပိုင်းတစ်နေတယ်...အကြီးကောင်က လန့်ပြီးရပ်လိုက်တော့ ကိုယ့်အရှည်ကြီးနဲ့ဝက်ဝံပုံဖြစ်နေတာပေါ့ကွယ်...
သူတို့ နှစ်ကောင်ဟာ ယိမ်းထိ ယိမ်းထိုးနဲ့ဖြစ်နေတုန်း တောထဲက သတ္တ၀ါလေးတွေဟာ ဘာကောင်ကြီးလဲဆိုပြီး လာဝိုင်းကြည့်နေကြတယ်...
ဝက်ဝံနှစ်ကောင်လည်း ယိုင်ထိုးပြီးလျှောက်လာရင်း ချော်လဲကျတော့သတဲ့...
သူတို့နှစ်ကောင်ဟာသစ်ခေါင်းစွပ်လျှက်နဲ့တောင်
စောင်းအတိုင်းလိမ့်ပြီးပြုတ်ကျသွားတယ်...
တောင်စောင်းအောက်က သစ်ပင်ကြီးနဲ့တိုက်မိပြီး သစ်ခေါင်းကြီးကွဲသွားသတဲ့ကွယ်...
သစ်ခေါင်းကြီးဟာ အစိတ်စိတ်အမွှာမွှာကွဲထွက်သွားပြီး အပြင်ရောက်သွားတယ်...
ဘေးကကြည့်နေတဲ့ တိရစ္ဆာန်တွေက ၀က်ဝံ ညီနောင်မှန်းသိသွားတယ်...
ဒီတော့မှသူတို့အကြောင်းသိနေလို့ေ၇ှာင်ပြေးကြတယ်
ဒီအချိန်မှာ သူတို့အနားကိုယုန်မကြီးတစ်ကောင်ရောက်လာ
တယ်...ဒီ ထင်းတွေက မင်းတို့ခွဲထားတဲ့ထင်းတွေလား
ငါ့မှာထင်းကုန်နေတာနဲ့ အတော်ပဲငါ့ကိုပေးပါလား...
ဒါနဲ့တစ်လက်စတည်းငါ့အိမ်ကိုသယ်ပြီးပို့ပေးပါလားကွယ် အိမ်ကဒီနားလေးတင်ပါ...
ဒီအခါဝက်ဝံနှစ်ကောင်ကသူုတို့ကို
ဒုက္ခပေးတဲ့သစ်ခေါင်းအစတွေကိုပိုက်ပြီးယုန်မကြီးဆီလိုက်ပို့ပေးလိုက်တယ်...ကျေးဇူးတင်လိုက်တာကွယ်
ငါ့မှာရှိတဲ့ အသီးအနှံတွေမင်းတို့စားဖို့ယူသွားကြပါ...
ဝက်ဝံညီနောင်လည်းယုန်မကြီးပေးလိုက်တဲ့အစာတွေယူပြီးပြန်လာခဲ့ကြတာပေါ့...
ဝက်ဝံညီနောင်က သစ်ပင်ရိပ်အောက်မှာ ဆာဆာနဲ့စားလိုက်တာအရမ်းစားကောင်းသတဲ့ကွယ်...
အင်းအရင်တုန်းကငါတို့သူများတွေဆီကတောင်းပြီးအလကား စားရတုန်းက အခုလိုစားမကောင်းဘူး...
ပြီးတော့သူတို့မျက်နှာတွေက ရှုံမဲ့ စူပုတ်ပြီး မကျွေးချင်ကျွေးချင်ကျွေးလိုက်ကြတာ...
အခုတော့ ယုန်မကြီးကပြုံးရွှင်ပြီး စေတနာရှိရှိကျွေးတာဆိုတော့ ငါတို့စားရတာစိတ်ချမ်းသာတယ်...
ဟုတ်တယ်ငါတို့နောင်ဆိုရင် အလကားအချောင် ခိုပြီးတော့တောင်းမစားတော့ဘူးကွာ...
အလုပ်လုပ်ပြီးရှာဖွေစားကြမယ်...
ဝက်ဝံညီနောင်ဟာ နားလည်သဘောပေါက်ပြီးယုန်မကြီးကိုသွားနှုတ်
ဆက်ကြတယ်...ဟင် ပြန်ကြတော့မလို့လား ဒီအတိုင်းမပြန်သင့်ဘူးလေ ကိုယ့်မိဘတွေ စားဖို့တစ်ခုခုရှာသွားသင့်တာပေါ့ကွယ်...
ယုန်မကြီး ပြောတော့မှ သူတို့တွေလည်း အိမ်ကိုပြန်ဖို့သတိရသွားကြသတဲ့ကွယ်...
ဒါနဲ့ ၀က်ဝံ ညီနောင်ပြန်လာရင်းလမ်းမှာ သစ်ပင်တစ်ပင်ပေါ်ပျားအုံတွေလိုက်ရတယ်...
ဟာပျားအုံကြီးတွေ အဖေနဲ့အမေအတွက် ဖွပ်သွားရင်ကောင်းမယ်...ဟာ
ပျားအုံးက ငါတို့အရပ်နဲ့မမီဘူးကွ...မရရအောင်ဖွပ်မယ်ကွာ
ငါတို့နှစ်ကောင်သစ်ပင်ခေါင်းကြီးနဲ့စွပ်နေတုန်း
အမြင့်ကြီးဖြစ်သွားတယ်လေ သူတို့နှစ်ကောင်ဟာ
တစ်ကောင်ပေါ်ကိုတစ်ကောင်တက်ပြီး ခက်ခက်ခဲခဲနဲ့ယူတာ ရသွားတော့တယ်ကွယ်...
ဝက်ဝံပေါက်နှစ်ကောင်လည်း ၀မ်းသာအားရနဲ့ပျားလပို့တစ်ခြမ်းစီ ခွဲကိုင်ပြီးသူတို့မိဘတွေရှိတဲ့ ဂူကိုပြန်သွားကြသတဲ့ကွယ်...
အဖေရေ အမေရေ သားတို့ပြန်လာပြီ...
ဝက်ဝံမကြီးလည်း သူ့ သားတွေကိုတွေ့ တော့ဝမ်းသာသွားတာပေါ့ကွယ်...
ဒီမှာ အဖေနဲ့အမေတို့အတွက်သားတို့ကိုယ်တိုင်ဖွပ်လာတဲ့
ပျားလပို့တွေ.
အေးငါ့သားတို့လုပ်အားရဲ့တန်ဖိုးကို သိကြပြီ မဟုတ်လား ဒီမှာလဲ
သားတို့အတွက် စားစရာတွေပြင်ထားတယ်...၀က်ဝံ မိသားစုဟာ
ပျော်ပျော်ရွှရွှနဲ့စားကြတော့သတဲ့ကွယ်...
ဒီလိုနဲ့နောက်တစ်နေ့ရောက်တော့
ဝက်ဝံဖိုနဲ့ဝက်ဝံမအစာရှာဖို့ ထွက်တာကို သူတို့ပါလိုက်သွားကြတယ်...ဟင်
သားတို့က ဘာလုပ်ဖို့လိုက်လဲ...သားတို့လည်းအစာရှာတတ်
အောင်အဖေ အမေတို့နဲ့လိုက်ခဲ့မှာလေ...
သားတို့အစာရှာတတ်သွားရင် အဖေ အမေတို့အိမ်မှာပဲ
နေကြတော့ သားတို့ရှာကျွေးမှာပေါ့...အေး ဒါမှ အားကိုးရတဲ့ ငါ့သားတွေကွ အလုပ်ရဲ့တန်ဘိုးကို ငါ့သားတွေသိသွားလို့ ၀မ်းသာတယ်ကွာ...
ဒီလိုနဲ့သူတို့မိသားစုပျော်ပျော်ရွှင်ရွှင်အစာရှာနေကြ
တော့သတဲ့ကွယ်...
ဒါကိုတွေ့ သွားတဲ့ကြက်တူရွေးတစ်ကောင်ကတစ်တောလုံးရှိတဲ့
တိရစ္ဆာန်လေးတွေကို ပြောပြလိုက်တော့ အားလုံး ၀မ်းသာ သွားကြတော့သတဲ့ကွယ်...
ပုံပြင်လေးကတော့ ဒါပါပဲကွယ်...

I love Dota
´´´´´´´´´´´´´´´´´´´´´7¶¶¶¶¶¶¶¶¶¶¶¶¶¶$7´´´´´´´´´´´´´´´´´´´´´
´´´´´´´´´´´´´´´´´¶¶¶¶¶?´´´´´´´´´´´´´¢¶¶¶¶¶7´´´´´´´´´´´´´´´´
´´´´´´´´´´´´´´7¶¶¶´´´´´´´´´´´´´´´´´´´´´´´¶¶¶?´´´´´´´´´´´´´´
´´´´´´´´´´´´´¶¶¶´´´´´´´´´´´´´´´´´´´´´´´´´´´¢¶¶´´´´´´´´´´´´´
´´´´´´´´´´´´¶¶´´´´´´´´´´´´´´´´´´´´´´´´´´´´´´´¶¶´´´´´´´´´´´´
´´´´´´´´´´´¶¶´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´¶¶´´´´´´´´´´´
´´´´´´´´´´¶¶´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´¶¶´´´´´´´´´´
´´´´´´´´´´¶¶´1¶1´´´´´´´´´´´´´´´´´´´´´´´´´´´´¶¶´¶¶´´´´´´´´´´
´´´´´´´´´´¶o´¶¶´´´´´´´´´´´´´´´´´´´´´´´´´´´´´¶¶´´¶´´´´´´´´´´

´´´´´´´´´´¶¶´´¶¶´´´´´´´´´´´´´´´´´´´´´´´´´´´´¶?´7¶´´´´´´´´´´
´´´´´´´´´´¢¶´´¶¶´´´´´´´´´´´´´´´´´´´´´´´´´´´¶¶´´¶¶´´´´´´´´´´
´´´´´´´´´´´¶¶´o¶´´´1¢?¶¶¶¶1´´´´´´¶¶¶¶?¢1´´´¶¶´¶¶´´´´´´´´´´´
´´´´´´´´´´´´¶¶o¶´$¶¶¶¶¶¶¶¶¶´´´´´¶¶¶¶¶¶¶¶¶¶´¶¶?¶7´´´´´´´´´´´
´´´´´´´´´´´´´¶¶¶´¶¶¶¶¶¶¶¶¶¶´´´´´¶¶¶¶¶¶¶¶¶¶´¶¶¶´´´´´´´´´´´´´
´´´´¶¶?´´´´´´´¶?´´¶¶¶¶¶¶¶¶´´´´´´´¶¶¶¶¶¶¶¶o´´¶7´´´´´´?¶¶$´´´
´´´¶¶7¶¶´´´´´1¶´´´?¶¶¶¶¶¶´´´7´7´´´o¶¶¶¶¶¶´´´¶¶´´´´´¶¶1¢¶7´´
´´7¶´´´¶¶´´´´1¶´´´´´o??´´´´¶¶7¶¶´´´´o?o´´´´´¶$´´´´¶¶´´´¶$´´
´o¶¶´´´´¶¶¶¶´´¶¶´´´´´´´´´´¶¶¶´¶¶¶´´´´´´´´´´$¶´´¶¶¶¶´´´´¶¶?´
¶¶´´´´´´´´´¶¶¶¶¶¶¶o´´´´´´´¶¶¶´¶¶¶´´´´´´´7¶¶¶¶¶¶¶1´´´´´´´´¶¶
¶¶¶¶¶¶¶¶1´´´´´o¶¶¶¶¶¶¶´´´´¶¶¶´¶¶¶´´´´$¶¶¶¶¶¶o´´´´´´¶¶¶¶¶¶¶¶
´´o??1´¶¶¶¶¶´´´´´´¶1¶?¶´´´´1´´´´´´´´¶¶¶´¶o´´´´´¶¶¶¶¶1´???´´
´´´´´´´´´´7¶¶¶¶?´´¶?¶´¶¶´´´´´´´´´´´?¶´¶1¶´´o¶¶¶¶o´´´´´´´´´´
´´´´´´´´´´´´´´?¶¶¶¶¶´¶´´¶$¶¶¶¶¶¶¶¶¶´?1´¶¶¶¶¶$´´´´´´´´´´´´´´
´´´´´´´´´´´´´´´´´´¶¶´¶´$¶´¶?´¶´¶?7¶o?¶´¶¶´´´´´´´´´´´´´´´´´´
´´´´´´´´´´´´´´´´¶¶¶¶´?¶´¶´¶¶´¶´¶?´¶´¶¶´¶¶¶¶o´´´´´´´´´´´´´´´
´´´´´´´´´´´´o¶¶¶¶´1¶´´´o¶¶¶¶?¶o¶¶¶¶?´´´¶?´$¶¶¶¶´´´´´´´´´´´´
´´´´¶¶¶¶¶¶¶¶¶o´´´´´¶¶´´´´´´´´´´´´´´´´´¶¶´´´´´´¶¶¶¶¶¶¶¶¶´´´´
´´´¶¶´´´´´´´´´´´¶¶¶¶¶¶¶´´´´´´´´´´´´´¶¶¶?¶¶¶o´´´´´´´´´´¶¶´´´
´´´´¶¶¶´´´´´1¶¶¶¶´´´´´¶¶¶¶¶¶¶¶¶¶¶¶¶¶¶´´´´´¶¶¶¶?´´´´´¶¶¶´´´´
´´´´´´¶¶´´´¶¶¢´´´´´´´´´´´7$¶¶¶¶¶¶7´´´´´´´´´´´7¶¶´´´¶¶´´´´´´
´´´´´´¢¶´´¶¶´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´´¶¶´´¶¶´´´´´´
¯_¯_¯_¯_¯_¯_¯_¯_¯_¯_¯_¯_¯_¯_¯_¯_¯_¯_¯_¯_¯_¯_¯_¯_¯_¯
/(,")\ ♥ (".)
./♥\ . . /█\.
_| |_ __| |_

i love you
.....♥#########♥
.....♥#############♥
...♥###############♥
..♥#################♥..................♥###♥
..♥##################♥..........♥#########♥
....♥#################♥......♥#############♥
.......♥################♥..♥###############♥
.........♥################♥################♥
...........♥###############################♥
..............♥############################♥
................♥#########################♥
..................♥######################♥
....................♥###################♥
......................♥#################♥
........................♥##############♥
...........................♥###########♥
.............................♥#########♥
...............................♥#######♥
.................................♥#####♥
...................................♥###♥
.....................................♥#♥
.......................................♥

.....................................♥
...................................♥
.................................♥
..............................♥
............................♥
.........................♥
......................♥
..................♥
.............♥
.........♥
......♥
....♥
......♥......................♥...♥
..........♥.............♥............♥
..............♥.....♥...................♥
...................♥.....................♥
................♥......♥..............♥
..............♥.............♥....♥
.............♥
...........♥
..........♥
.........♥
.........♥
..........♥
..............♥
...................♥
..........................♥
...............................♥
.................................♥
.................................♥
..............................♥
.........................♥
..................♥
.............♥
.....♥
...♥
.♥.............................♥....♥
♥..........................♥...........♥
.♥......................♥................♥
..♥...................♥..................♥
...♥....................................♥
.....♥................................♥
........♥.........................♥
...........♥...................♥
..............♥..............♥
..................♥.......♥
.....................♥..♥
.......................♥
.
.
.
╚╗╔╝║║♫═╦╦╦╔╗║♫╝╠═╦╦╗.•:*¨♥
╔╝╚╗♫╚╣║║║║╔╣╚╗╔╣║♫║♥
╚═♫╝╚═╩═╩♫╩═╝♫╚╝╚═╩═╝:::::::
_____________●_______●___●
_________________●______●__●
____________________●____●__●
______●___________████____████
_______●_________██████_██████
________●________█████████████
__________●_______███████████
_████____████____████████
██████_██████_____█████
█████████████_______██
_███████████_________█
___████████__●_______●
______█████____●______●
________██_______●_____●
__________█________●____●

ကျန်းမာရေးအတွက်ဂရုပြုစရာ22ချက်
၁။ နားပိတ်ထားပါ။
၂။ အရိုးသန်မာအောင်လုပ်ပါ။ (got calcium ? )
3။ ကြိုးခုန်စမ်းပါ။ (jump rope for your bones.)
၎။ ရောင်စုံစာပြင်စားပါ။
၅။ ဂရုတစိုက်သွားတိုက်ပါ။ ( give bacteria the brush-off )
၆။ လက်ဖက်ရည်သောက်ပါ။ ( Have a 'heart-y' cup of tea.)
၇။ ရနံ့မွှေးမွှေးဆေးဖက်ဝင်စေ....
၈။ နေကာမျက်မှန်တပ်ပါ။ ( Stylish sunblock for eyes .)
၉။ ပဲများဖို့အေ၇း ( Eat beans for your brain )
၁၀။ လက်ဆေးပါ။ (Wash , but not excessively )
၁၁။ အက်စ်ပရင်သောက်ပါ.။ (An aspirin a day.)
၁၂။ ဟင်းရွက်ကောင်တာသတိထားပါ။
၁၃။ အမျှင်ဓါတ်များများစားပါ။
၁၄။ ဆေးလိပ်နှင့်ဆေးလိပ်ငွေ့ကိုသတိထားရှောင်ပါ။
၁၅။ သွားစရာရှိသွား.....အောင့်မထားနှင့်
၁၆။ နှလုံးသန်မာသွက်သွက်လျှောက်ပါ။
၁၇။ အမည်းစက်အမည်းကွက်အခြေခံအချက်
၁၈။ ချရေးပါ။
၁၉။လိမ္မော်ရည်သောက်ပါ။
၂၀။ ရေမွှေးဖယောင်းတိုင်မထွန်းနှင့်။
၂၁။ လေယာဉ်ပေါ်မှာလှုပ်ရှားပါ။
၂၂။ တရားထိုင်ပါ။

အမြဲကြည်လင်လန်းဆန်းနေဖို့ ဦးနှောက်ကိုကျမ္မာရေးကိုဂရုစိုက်ကြစို့
http://lattwebawchitthu.wordpress.com/
မှကြိုဆိုပါတယ်........
ဦးဏှောက်ကျမ္မာရေးနဲ့ပါတ်သက်ပြီး ဆောင်ရန် ရှောင်ရန်များကို ဆေးပညာရှင်များက ဒီလိုဆိုထားပါတယ်
၁။ မနက်စောစောစာ မစားခြင်း
တညလုံး ဘာအစာမှ မစားပဲနေရပြီးတဲ့နောက် မနက်စောစောစာကို မစားပဲထပ်နေပြန်မယ်ဆိုရင်သွေးထဲမှာရှိတဲ့ သကြားဓါတ်ပမာဏ နည်းလာပါတယ်။ အဲဒီအခါ ဦးဏှောက်ကိပေးတဲ့အာဟာရလည်မလုံမလောက်ဖြစ်သွားတာကြောင်
ဦးဏှောက်ချို့ယွင်းမှုကိုဖြစ်စေပါတယ်။နိုးနိုးခြင်း(၂)နာရီအတွင်းမှာ အစားတစ်ခုစားရပါမယ်.ဘာမှမစားပဲပြင်းပြင်းးထန်ထန် အားကစားတစ်ခုခု(သို့)အလုပ်တခုခုကိနှလုံးခုန်အမြင့်ဆုံးထိလုပ်မိမယ်ဆိုရင်နှလုံးခုန်ရပ်ပြီးသေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်..။
၂။ အစာအလွန်အကျွံစားခြင်း
အစာများကို အတိုင်းအဆ မရှိ အလွန်အကျွံစားခြင်းဟာ ဦးဏှောက်မှာရှိတဲသွေးကြောများကိ မာစေပြီး စိတ်စွမ်းအားကို ကျစေပါတယ်။
၃။ ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းဟာ ဦးဏှောက်ကို ကျုံ့ ၀င်သွားစေပြီး Alzheimer ရောဂါကိုဖြစ်စေပါတယ်။
၎။ သကြား ဓါတ်အလွန်အကျွံစားသုံးခြင်း
သကြားဓါတ်၊ အချိုဓါတ်ကို အလွန်အကျွံစားသုံးပါက ပရိုတိန်းနှင့် အခြား အာဟာရဖြစ်စေသော ပစ္စည်းများ
စုပ်ယူမှုကို လျော့ကျစေပါတယ်။ ဒါကြောင့် ဦးဏှောက် ရဲ့အာဟာရမပြည့်ခြင်းနဲ့အတူ ဦးဏှောက်ရဲ့ဖွံဖြိုးမှုတွေကို နှောက်ယှက်ပါတယ်။
၅။ လေထုညစ်ညမ်းခြင်း
ဦးဏှောက်ဟာ အောက်ဆီဂျင်ကို အများဆုံး အသုံးပြုတဲ့နေရာတခုဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုရှိုက်တဲ့အခါ ဦးဏှောက်ကို အောက်ဆီဂျင်ရောက်ရှိတဲ့ပမာဏလည်း နည်းသွားပြီးဦးဏှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို နှောက်နှေးစေပါတယ်။
၆။ အိပ်ရေးပျက်ခြင်း
အိပ်စက်ခြင်းဟာ ဦးဏှောက်ကို အတန်အသင့်အနားရစေပါတယ်။ ကာလအတန်ကြာ နှစ်ခြိုက်စွာ အိပ်မပျော်ခြင်းဟာ ဦးဏှောက်မှာရှိတဲ့ ဆဲလ်များကို ပျက်စီးစေပါတယ်။
၇။ ဦးခေါင်းကို အုပ်၍ အိပ်စက်ခြင်း
ဦးခေါင်းကို အကာအရံတခုခုဖြင့် အိပ်စက်ခြင်းဟာ ဦးခေါင်းတွင် ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏကို များစေပြီး အောက်ဆီဂျင်ပမာဏကို နည်းစေပါတယ်။ ဒါကြောင့်လည်းဦးဏှောက်မှာရှိတဲ့ဆဲလ်တွေကို သေစေပါတယ်။
၈။ ဦးဏှောက် အနားမရခြင်း
နေမကောင်း ဖြစ်နေစဉ်ကာလတွင်ပင် ဦးဏှောက်ကို အလုပ်များစွာ လုပ်စေခြင်းများဖြစ်သော စာကျက်ခြင်း၊ အလုပ်ပြင်းထန်စွာ အလုပ်လုပ်ခြင်းတို့ဟာ ဦးဏှောက်ရဲ့ ဆဲလ်များပိုမိုပျက်စီးဖို့အကြောင်းအရင်း ဖြစ်စေပါတယ်။
၉။ ဦးဏှောက်ကို အလုပ်မလုပ်စေခြင်း
တွေးခေါ်ခြင်းဟာ ဦးဏှောက်လေ့ကျင့်ခန်း တမျိုးဖြစ်ပြီး ဦးဏှောက်မှာရှိတဲ့ ဆဲလ်များကို သန်စွမ်းစေပါတယ်။ စဉ်းစားတွေးခေါ်ခြင်းမရှိတဲ့ ဦးဏှောက်ဟာ
အနည်းနဲ့အများဆိုသလို ပျက်စီးဖို့ဖြစ်လာနိုင်ပါတယ်။
၁၀။ စကားနည်းခြင်း
ကျိုးကြောင်း ဆီလျော်တဲ့စကားပြောဆိုခြင်းဟာ ဦးဏှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းမွန် စေပါတယ်။
ဒါကြောင့် အထက်ပါအချက်တွေကို လေ့လာပြီး မိမိဦးဏှောက်ကို ပိုမို ကျန်းမာသန်စွမ်းအောင် လုပ်ဆောင် သင့်တယ်လို့ထင်မြင်မိပါတယ်။
မှီငြမ်း- ဆေးပညာ စာစောင်များ

ယောကျာင်္းလေးတွေ အတွက် တိုးတိုးတိတ်တိတ် စကား(၁ဝ)ခွန်း
မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...
(၁) မနှိုင်းနဲ့
“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။
(၂) လျှစ်လျှူမရှူနဲ့
မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။
(၃) မျက်နှာထား မပြနဲ့
မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချအလုပ်လုပ်နိုင်
တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် “ မိန်းမရေ.. ပင်ပန်းနေပြီလား” နဲ့ “ မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ” ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။
(၄) ပြိုင်ကြတယ်
ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။
(၅) ကြည့်တတ်တယ်
မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။
(၆) မရိုက်နဲ့
မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင်ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။
(၇) နူးညံ့ပါ
မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။
(၈) မိသားစုဟာ ပထမ
ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။
(၉) ယောက္ခမဆိုတာလည်း မိဘပဲ
မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက်လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။
(၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း
လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေဝင်ရောက်ခံစားတတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။

ယောက်ျားနှင့်မိန်းမကွာခြားချက်
၁။ယောက်ျားသည် မိမိအတွက် အလွန်လိုအပ်နေသည့်ပစ္စည်းဖြစ်လျင် တစ်ဒေါ်လာတန်ဖြစ်သော်လည်း
နှစ်ဒေါ်လာပေး၍၀ယ်သည်။ မိန်းမသည် မိမိ အတွက်လုံးဝလိုအပ်ခြင်းမရှိသည့်တိုင် နှစ်ဒေါ်လာတန်
ပစ္စည်းကို တစ်ဒေါ်လာနှင့်ရလျှင် အမြဲတမ်းဝယ်သည်။
၂။ယောက်ျားမယူမချင်း မိန်းမသည် အနာဂါတ်အတွက် စိတ်ပူ၏။ ယောက်ျားသည် မိန်းမ မယူမခြင်း
အနာဂါတ်အတွက် စိတ်မပူ။
၃။အောင်မြင်သော ယောက်ျားဆိုသည်မှာ မိန်းမဖြစ်သူ ဘယ်လောက်သုံးသုံး မကုန်နိုင်အောင် ၀င်ငွေ
ရှိသူဖြစ်သည်။အောင်မြင်သော မိန်းမဆိုသည်မှာ အထက်ပါယောက်ျားမျိုးကို ရအောင်ယူထား နိုင်သူ
ဖြစ်သည်။
၎။ယောက်ျား ယူပြီး အိမ်ထောင်ရေး ပျော်ရွင်မှုရလိုလျှင် သူ့ကိုများများနားလည်ပြီး နည်းနည်းချစ်ဖို့
လိုသည်။မိန်းမယူပြီး အိမ်ထောင်ရေး ပျော်ရွှင်မှုကိုရလိုလျှင် သူမကို အများကြီးချစ်ဖို့လိုသည်။
နားလည် ဖို့ ကြိုးစားစရာမလို။
၅။မိန်းမရှိသော ယောက်ျားတိုင်း ကိုယ့်အမှားတွေကို မေ့ထားနိုင်သည်။ မိန်းမက သတိဖော်ပေးလိမ့်မည်။
၆။ယူမည့်ယောက်ျားသည် အချိန်တန်လျှင် ပြောင်းလဲသွားမှာပဲလေ ဆိုသောမျှော်လင့်ချက်ဖြင့် မိန်းမသည်
အိမ်ထောင်ပြုသည်။ သူမမှားသည်။
၇။ယူမည့် မိန်းမသည် ဘယ်တော့မှပြောင်းလဲမှာ မဟုတ်ဆိုသော မျှော်လင့်ချက်ဖြင့် ယောက်ျားသည် မိန်းမ
ယူသည်။ သူလည်း မှားသည်။
၈။ဘာကိစ္စနှင့်ပတ်သတ်၍မဆို အငြင်းအခုံဖြစ်လျှင် နောက်ဆုံးတွင်မိန်းမ မှန်စမြဲ။ဤသည့်နောက် ယောက်ျား
ပြောသမျှသည် နောက်ထပ် အငြင်းအခုံဖြစ်ဖို့ အကြောင်းအရာသစ်ဖြစ်လာတော့၏။

Subscribe to:
Posts
(
Atom
)
kothu1987@gmail.com. Powered by Blogger.