ဘယ်အကြောင်းအရာက သင့်စိတ်ကိုထိရှစေပါသလဲ

ဘယ်အကြောင်းအရာက သင့်စိတ်ကိုထိရှစေပါသလဲ

ဘယ်အကြောင်းအရာက သင့်စိတ်ကိုထိရှစေပါသလဲ။ ဖော်ပြပါအကြောင်းအရာ(၅)ချက်ကို သင့်စိတ်ခံစားချက်အတိုင်း (၁)မှ(၅)အထိ အစဉ်လိုက်ပေး၍ကြိုက်သလိုရွေးကြည့်ပါ။



သင်ရွေးချယ်ရမည့်အကြောင်းအရာ (၅) ချက်



v ကြင်နာမှုကိုခံစားရသောအချိန်

v ၀မ်းနည်းမှုကိုခံစားရသောအချိန်

v အသားနာကျင်မှုကိုခံစားရသောအချိန်

v ဒေါသထွက်လွယ်သောအချိန်

v စိုးရိမ်မှုကိုခံစားရသောအချိန်



၁။မျက်ရည်အလွယ်ဆုံးအကျမြန်သည်။

၂။မျက်ရည်ကျလွယ်သည်။

၃။မျက်ရည်အသင့်အတင့်သာကျသည်။

၎။မျက်ရည်ကျမလွယ်။

၅။လုံးဝမျက်ရည်မကျ။





ရွေးချယ်ပြီးပြီဆိုပါကသင့်ရဲ့အဖြေကိုကြည့်လိုက်ရအောင်……..



ကြင်နာမှု - သင်နဲ့သိပ်မရင်းနှီးတဲ့သူက သင့်အပေါ် ဘယ်လိုထင်မလဲ။

1. ကိုယ့်စိတ်ကိုမြိုသိပ်နိုင်ပြီး လျှို့ဝှက်ချက်များတဲ့သူ အပေါ်ယံကြည့်ပါကမာနကြီးတဲ့သူလို့ထင်ရပါတယ်

2. သင်ကနွေးထွေးစွာဆက်ဆံတက်တဲ့သူ ပတ်ဝန်းကျင်ကို ဂရုစိုက်တက်တဲ့သူ။

3. သင့်ကို ရိုးသားသောခပ်ကြောင်ကြောင်သူလို့ထင်လိမ့်မယ်၊ လုပ်ချင်ရာကိုတဇွတ်ထိုးလုပ်တက်တယ်။ဒါပေမဲ့လည်း ချစ်စရာကောင်းပါတယ်။

4. သင်ဟာအဝေးကြီးကိုသိပ်မတွေးတက်တဲ့အတွက် လူကြီးများက စိုးရိမ်မှုရှိရတဲ့သူဖြစ်ပါတယ်။

5. ထက်ထက်မြက်မြက်ရှိပြီး တာဝန်ယူစိတ်ရှိတဲ့သူလို့ ထင်ကြပါတယ်။



ဝမ်းနည်းမှု - သင်နဲ့ရင်းနှီးသူရဲ့ သင့်အပေါ်ထင်မြင်မှု

1. သင်ကအရာရာကိုရည်မှန်းချက်မြင့်မြင့်မားမားထားတက်သူပါ။ဒါပေမဲ့ တစ်ခါတစ်လေ တစ်ဇွတ်ထိုးလုပ်တက်သူလည်းဖြစ်တယ်။

2. သင်ဟာအကျိုးအကြောင်းတစ်ခုကို နားလည်နိုင်စွမ်းရှိတဲ့သူ၊အမှားအမှန်ခွဲခြားနိုင်တဲ့သူဖြစ်ပါတယ်။

3. သင်ဟာစိတ်ဆက်တဲ့သူတစ်ယောက်ဖြစ်တယ်၊ ၀မ်းနည်းမှုခံစားနေရတာကိုသင်မပြောပြပေမဲ့ ပတ်ဝန်းကျင်ကသိနေတယ်။

4. သင်သည် အရာရာကိုလေးလေးနက်နက်တွေးပြီး ဆုံးဖြတ်ချက်ချတက်တဲ့သူ၊လူအများက သင်အပေါ်အထင်သေးခြင်းမခံနိုင်ဘဲ မာနကြီးသူဖြစ်ပါတယ်။

5. သင်ဟာအပေါ်ယံအားဖြင့် စိတ်ဓါတ်မာကျောသူလို့ထင်ရပေမဲ့ တကယ်တမ်းစိတ်အားငယ်တက်သူဖြစ်တယ်။



နာကျင်မှု - လူအများကသင့်အပေါ်ဘယ်လိုလူမျိုးဆိုတာ ထင်စေလိုတာက

1. သင်ကအားငယ်တဲ့သူအပေါ် ကူညီစောင့်ရှောက်လိုတဲ့လူတစ်ယောက်ဖြစ်တယ်။

2. မာနကြီးပြီးလူအများနဲ့ အလွယ်တကူမရင်းနှီးတက်တဲ့သူဖြစ်တယ်။

3. စိတ်သဘောထားပြည့်ဝပြီး ပတ်ဝန်းကျင်ကိုကြည့်ရှုစောင့်ရှောက် အနစ်နာခံတက်တဲ့သူတစ်ယောက်ဖြစ်တယ်။

4. သွက်လက်ထက်မြတဲ့လူတစ်ယောက်ပါ။ မာနကြီးခြင်း ဘ၀င်မြင့်ခြင်းမရှိဘူး။

5. ဘ၀မှာ ဦးတည်ချက်ရှိတဲ့ လူတစ်ယောက်ဖြစ်တယ်။



ဒေါသ - သင်အလိုချင်ဆုံး ချစ်သူပုံစံ

1. သင်နဲ့ရှေ့သွားနောက်လိုက်ညီတဲ့သူ၊စိတ်သဘောထားခြင်းတိုက်ဆိုင်ပြီး သင်နဲ့အကြိုက်တူတဲ့လူ တစ်ယောက်ဖြစ်တယ်။

2. သင့်အပေါ် အရာရာသည်းခံခွင့်လွတ်ပြီး နားလည်မှုအပြည့်အ၀ပေးနိုင်တဲ့လူတစ်ယောက်။

3. စိတ်ထားချစ်စရာကောင်းပြီး အသစ်အဆန်းကိုတီထွင်ပေးနိုင်တဲ့လူတစ်ယောက်။

4. စိတ်ဆက်ပြီးသင့်လိုအပ်ချက်ကိုအဆင်သင့်ဖြည့်ဆည်းပေးနိုင်တဲ့လူတစ်ယောက်။

5. ထက်မြက်တဲ့လူ၊အသိဥာဏ်ရှိတဲ့လူတစ်ယောက်ဖြစ်ပြီး သင့်ကိုထိန်းချုပ်နိုင်တဲ့လူတစ်ယောက်။



စိုးရိမ်မှု - တကယ်တော့ သင့်ရဲ့စိတ်ဓာတ်အစစ်အမှန်က

1. သင်ဟာဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို ပတ်ဝန်းကျင်ကသိမှာစိုးရိမ်တက်ပြီး သင့်ရဲ့စိတ်ဓာတ်ကိုလဲ သင်ကိုယ်တိုင်မနှစ်သက်ပြန်ဘူး။

2. သင်ဟာသူငယ်ချင်းအများကြီးနဲ့နေချင်တယ်။ဒါပေမဲ့ ဘယ်လိုပေါင်းသင်းရမယ်ဆိုတာကိုမသိလို့ သူငယ်ချင်းနည်းတဲ့သူဖြစ်တယ်။

3. သင်ဟာသူငယ်ချင်းတွေကိုအရမ်းချစ်တက်ပြီး အချစ်နဲ့အမုန်းကိုပြင်းထန်စွာခံစားတက်တဲ့သူ ဖြစ်တယ်။

4. သင်ဟာပွင့်ပွင့်လင်းလင်းပြောတက်ဆိုတက်တာကြောင့် တစ်ခါတစ်ရံလူအများနဲ့ ကတောက်ကဆဖြစ်လေ့ရှိတယ်။ဒါပေမဲ့ လူအများရဲ့သင့်အပေါ်နားလည်မှုကိုလည်းလိုချင်တယ်။

5. သင်ဟာ ရှေ့ရေးကိုကြိုမတွေးဘဲ လက်ရှိနေ့ရက်များမှာပျော်ရွှင်စွာနေထိုင်လိုမှုကို ဦးစားပေးတက်တဲ့လူဖြစ်တယ်။

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About