စိတ်အာဟာရလေးတွေပါ..

စာကလေးသည် အမြီးကို ၀န်ထုတ်ဝန်ပိုးသဖွယ် သယ်ပိုးထားရသည့် ဒေါင်းကိုကြည့်ပြီး သနားနေလေ၏….တဲ့။ ဒေါင်းဟာသူ့ရဲ့အမြီးလှပမှုအပေါ် ဂုဏ်ယူစရာလို့ ထင်မြင်ယူဆနေပေမယ့် စာကလေးကတော့ ၀န်ထုတ်ဝန်ပိုးလို့ မြင်ပြီး ဒေါင်းကိုသနားလေရဲ့…. ကိုယ်ဟာဒေါင်းနေရာမှာရောက်နေရင် စာကလေးရဲ့အတွေးအမြင်ကို သတိရရမယ်…..။
မျှော်လင့်ချက်နဲ့ အဖြစ်မှန် အခြေအနေမှန်ကို မျှအောင်လုပ်ပြီးနေသွားရတာဟာ လောကမှာ ဥာဏ်အမြော်အမြင်ရှိတဲ့ တစ်ခုတည်းသောနေနည်းပဲ….။
မှန်မှန်ကန်ကန်နည်းနဲ့ပြဿနာကိုဖြေရှင်းပါ။ ပြဿနာကိုမဆိုင်တဲ့ဘက်ကို လွှဲရင် ပြဿနာ တိုးလာတယ်။ စိတ်ကို အာရုံလွှဲတာ ကောင်းတဲ့ပြဿနာ ဖြေရှင်းနည်း မဟုတ်ဘူး။
ကိုယ့်အကြောင်းကိုယ်တောင် ရာနှုန်းပြည့်သိဖို့ မလွယ်ဘူး။ ဒါကြောင့်သူတစ်ပါးအကြောင်း လည်း ရာနှုန်းပြည့်မသိနိုင်ဘူး။ မသိဘဲနဲ့တော့ တစ်ဖက်သတ်ကြီး မထင်ထားပါနဲ့။ မစွပ်စွဲပါနဲ့။ မသိသေးရင် အကောင်းဆုံးကတော့ အကောင်းကိုပဲ တွေးထားလိုက်ပါ။
ဒေါသဖြစ်တာဟာ အဆိပ်ကိုမြိုတာနဲ့တူတယ်။ ဒေါသဖြစ်လာရင် စနစ်မရှိတော့ဘူး။ တစ်နာရီပြင်းပြင်းထန်ထန် ဒေါသဖြစ်ရတာက ဆယ့်နှစ်နာရီအလုပ် ပင်ပင်ပန်းပန်းလုပ်ရတာ ထက ပိုပြီးအားကုန်ပါတယ်။
ပစ္စည်းဥစ္စာ ဘယ်လောက်ရှိရှိ ၊ ဘွဲ့ထူး ရာထူး ဘယ်လောက်ရှိရှိ ကိုယ့်ကိုယ်ကို လေးစားမှု မရှိတဲ့သူဟာ အောင်မြင်တဲ့သူလို့မဆိုနိုင်ဘူး။
အရင့်ကျက်ဆုံးလူဟာ အခြိုးခြံဆုံးလူ၊ ငဲ့ညှာတဲ့စိတ်ဟာ မြင့်မြတ်တဲ့စိတ်၊ ပေးနိုင်တဲ့စိတ်ဟာ အင်အားကြီးတဲ့စိတ်။
ကိုယ့်ဘ၀ရဲ့စစ်မှန်တဲ့ အောင်မြင်မှုကို ပြင်ပကနေ တိုင်းတာပေးလို့မရဘူးနိုင်ဘူး ဆိုတာကို သဘောပေါက်ဖို့လိုတယ်။
အဆိုးတွေ ဘယ်လောက်ပဲကြုံရကြုံရ အကောင်းကို မျှော်လင့်ချက်ထားပြီး လုပ်သင့်တာကို ဆက်လုပ်နိုင်ရမယ်။
သူများထက်သာအောင်လုပ်နိုင်မှ ငါဟာတန်ဘိုးရှိတဲ့သူမဟုတ်ဘူး။ စိတ်ကောင်းရှိတဲ့၊ လူသားပီသတဲ့ လူတစ်ယောက် ဖြစ်နေရင်ကိုပဲ အင်မတန် တန်ဘိုးရှိနေပြီလေ။
အဆင်မပြေမှုတွေ၊ မမျှတမှုတွေရှိတိုင်း၊ မြင်ရတိုင်း၊ ကြားရတိုင်း အမြဲတမ်း ဒေါသဖြစ်ရမယ် ဆိုရင် အေးချမ်းဖို့ရာ အလားအလာ လုံးဝမရှိတော့ဘူး။ အဆင်မပြေမှုတွေက ပျောက်သွားမှာ မဟုတ်ဘူး။
စိတ်ဆိုး စိတ်တို နေတဲ့အခါ ကိုယ့်ကိုယ်ကိုမေးပါ။ ငါ…ဒေါသဖြစ်ချင်နေသလား။ ဒေါသ..ဆိုတဲ့ ခံစားမှု ဖြစ်ချင်နေသလား။
ချစ်စရာကောင်းတယ် မကောင်းဘူးဆိုတာ ဘယ်သူဘယ်ဝါက ကိုယ့်ကိုချစ်တာမချစ်တာနဲ့ မဆိုင်ပါဘူး။ ကိုယ့်ကို သူကချစ်စရာမကောင်းဘူးလို့ ထင်ရင်တောင်မှ ဒါသူ့အထင်ပဲ။ တခြားတစ်ယောက်ယောက်က ကိုယ့်ကို ချစ်စရာကောင်းတယ်လို့ထင်မှာပဲ။ အရေးကြီးတာက ကိုယ့်ကိုယ်ကို တကယ်ချစ်တတ်ဖို့ပါ။
တခြားကိစ္စတွေမှာ မအောင်မြင်ရင်ရှိပါစေတော့။စိတ်ချမ်းသာအောင်နေတတ်တယ် ဆိုရင် အောင်မြင် တယ်လို့မှတ်ပါ။ စိတ်ချမ်းသာမှုဟာ အကြီးမားဆုံး အောင်မြင်မှုပဲ။

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About