မေး။ ။ ဟိုးရှေးရှေးတုန်းက အရှေ့ရွာ၊ အလည်ရွာ နဲ့ အနောက်ရွာဆိုပြီး ရွာ(၃)ရွာရှိပါတယ်။ အဲဒီရွာ ၃ရွာအနက်က အလည်ရွာမှာ အရမ်းကိုချမ်းသာတဲ့ သူဌေးကြီးတစ်ဦးရှိပါတယ်။ သူ့မှာအလွန်ချောမောလှပတဲ့ သမီးလေးတစ်ယောက်လဲရှိပါတယ်။ သူဌေးကြီးကချမ်းသာတော့ သူအိမ်မှာလာပြီးအလုပ်လုပ်တဲ့သူတွေဟာ အလွန်များပြားလှပါတယ်။ မနက်လာအလုပ်လုပ်ပြီး ညနေအလုပ်ပြီးမှာပြန်ကြတာပေါ့ဗျာ။ အဲဒီ့အလုပ်လုပ်တဲ့ သူတွေထဲမှာ အရှေ့ရွာက ကောင်လေးတစ်ယောက်နဲ့ အနောက်ရွာက ကောင်လေးတစ်ယောက်လဲ ပါပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ထူးခြားမှုရှိပါတယ်။ ဘာလဲဆိုတော့ ရုပ်ချင်းခွဲမရအောင်တူတာပါပဲ။ ရုပ်တင်မဟုတ်ပါဘူး နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံကအစ စိတ်ဓါတ်ချင်းတောင် တူနေတာပါ။ နောက်ဆုံးကုန်ကုန်ပြောရရင် သူတို့နှစ်ယောက်ရဲ့ အသံပင်လျှင် ခွဲမရအောင်တူတာပါပဲ။ အဲဒီ့ကောင်လေးနှစ်ယောက်ဟာ သူဌေးကြီးရဲ့သမီးလေးကို ချစ်မြတ်နိုးနေကြတဲ့သူတွေလဲ ဖြစ်ပါတယ်။ တစ်နေ့တော့ သူဌေးကြီးရဲ့သမီးလေးကို သူတို့နှစ်ယောက်စလုံးက ချစ်တယ်ဆိုပြီး ချစ်ရေးဆိုကြပါတယ်။ သူဌေးသမီးလေးကလဲ သူတို့နှစ်ယောက်စလုံးကို ပြန်ပြီးချစ်ခဲ့ပါတယ်။ ဒီလိုနဲ့သူဌေးသမီးလေးမှာ လက်ထပ်ဖို့ရွေးချယ်ရတော့မယ်လို့ ဖြစ်လာတဲ့အချိန်မှာတော့ သူဆုံးဖြတ်ဖို့တော်တော်လေးကို ခက်ခဲနေပါတော့တယ်။ ဘယ်သူ့ကိုရွေးချယ်ရင် ကောင်းမလဲပေါ့နော်။ အဲဒါနဲ့သူက သူဌေးကြီးကိုအကြောင်းစုံဖွင့်ပြောပြလိုက်တော့ သူဌေးကြီးက သူတို့နှစ်ယောက်မှာ ပိုပြီးပင်ပန်းဆင်းရဲမှုဒါဏ်ကိုခံရတဲ့သူကို ရွေးပါလို့ပြောလိုက်တယ်။ အဲဒါနဲ့ သူဌေးသမီးလေးကလဲ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကိုရွေးလိုက်ပါတယ်။ မျိုးလေးမေးချင်တာက သူဌေးသမီးလေးဟာ ဘယ်သူ့ကိုရွေးချယ်လိုက်တယ် ဆိုတာကိုပါ။
ဖြေကြည့်ကြပါနော်...အဖြေရရင် အောက်ကအဖြေနဲ့တိုက်လိုက်ပါနော်... ဝေဖန်ချက်လေးလဲ ချန်ဖို့မမေ့ပါနဲ့အုံးနော်...
အဖြေ။ ။ (သူဌေးသမီးလေးဟာ အနောက်ရွာက ကောင်လေးကိုရွေးချယ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကောင်လေးနှစ်ယောက်မှာ အားလုံးဟာလုံးဝခွဲမရအောင်တူနေတာပါ ဒါပေမဲ့ ခြားနားချက်တစ်ခုတော့ရှိပါတယ် အဲဒါကတော့ အရှေ့ရွာနဲ့ အနောက်ရွာပါ။ အဲဒီတော့ အနောက်ရွာကကောင်လေးဟာ မနက်အလုပ်လုပ်ဖို့ အလည်ရွာကိုလာတဲ့အခါမှာ အရှေ့ဘက်က နေထွက်တာမို့သူဟာနေကိုမျက်နှာမူပြီးလာရပါတယ် ညနေအလုပ်ပြီးလို့ပြန်တဲ့ အခါမှာကျတော့လဲ နေဟာအနောက်ဘက်ကို ဆင်းတာမို့လို့သူဟာ နေကိုမျက်နှာမူပြီးပဲ ပြန်ရပါတယ်။ အရှေ့ရွာက ကောင်လေးကတော့ မနက်အလုပ်လာတဲ့အခါ ကျတော့လဲ နေကိုကျောခိုင်းပြီးလာရသလို ညနေပြန်တဲ့ အခါကျတော့လဲ နေကိုကျောခိုင်းပြီးပြန်ရပါတယ်။ ဒီတော့သူတို့နှစ်ယောက်ကို သေချာကြည့်မယ်ဆိုရင် အနောက်ရွာက ကောင်လေးဟာ အရှေ့ရွာက ကောင်လေးထက်ပိုပြီး ပင်ပန်းဆင်းရဲမှုဒါဏ်ကို ခံရပါတယ်။ ဒါကြောင့် သဌေးသမီးလေးဟာ အနောက်ရွာက ကောင်လေးကိုရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်။
*အချစ် ဥာဏ်စမ်းလေးပါ
Subscribe to:
Post Comments
(
Atom
)
Archive
-
▼
2011
(308)
-
▼
August
(132)
-
▼
Aug 06
(13)
- Happy Day
- ကောင်လေးပြောသော အချစ်ရဲ့ခံစားချက်
- ဘယ်အကြောင်းအရာက သင့်စိတ်ကိုထိရှစေပါသလဲ
- ဘယ်သူ ရေရှည်ပေါင်းပါ့မလည်း
- မိမိချစ်သူအပေါ်မိမိမှထားရှီသောစိတ်ထား
- စိတ်အာဟာရလေးတွေပါ..
- *အချစ် ဥာဏ်စမ်းလေးပါ
- ဝေးနေလဲ ချစ်နေမယ်
- ယောကျာင်္းနှင့်မိန်းမ
- ချစ်မိသူတစ်ယောက်အကြောင်းပေါ့..
- အချစ်နဲ့အိမ်ထောင်ရေး
- သေချာသော့ခတ်ထားတယ်
- အိုဗားမားကိုဖုန်းဆက်ပေးလိုက်ပါ
-
▼
Aug 06
(13)
-
▼
August
(132)
Blog Archive
-
▼
2011
(308)
-
▼
August
(132)
-
▼
Aug 06
(13)
- Happy Day
- ကောင်လေးပြောသော အချစ်ရဲ့ခံစားချက်
- ဘယ်အကြောင်းအရာက သင့်စိတ်ကိုထိရှစေပါသလဲ
- ဘယ်သူ ရေရှည်ပေါင်းပါ့မလည်း
- မိမိချစ်သူအပေါ်မိမိမှထားရှီသောစိတ်ထား
- စိတ်အာဟာရလေးတွေပါ..
- *အချစ် ဥာဏ်စမ်းလေးပါ
- ဝေးနေလဲ ချစ်နေမယ်
- ယောကျာင်္းနှင့်မိန်းမ
- ချစ်မိသူတစ်ယောက်အကြောင်းပေါ့..
- အချစ်နဲ့အိမ်ထောင်ရေး
- သေချာသော့ခတ်ထားတယ်
- အိုဗားမားကိုဖုန်းဆက်ပေးလိုက်ပါ
-
▼
Aug 06
(13)
-
▼
August
(132)
kothu1987@gmail.com. Powered by Blogger.
0 comments:
Post a Comment