ချစ်လှစွာသော မိဖုရား

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ အရမ်းချစ်ကြတဲ့ ဘုရင်ကြီးနဲ့ မိဖုရားကြီးတစ်ပါးရှိကြတယ်တဲ့ ။တစ်နေ့သောအခါမှာ
သူတို့တိုင်းပြည်ကို တစ်ခြားတိုင်ပြည်ကလာသိမ်းပိုက်ကြတယ် . . .။ဘုရင်ကြီးကို မိဖုရားကထွက်ပြေးကြဖို့ ပြောတဲ့အခါ သူက
မပြေဘူးတဲ့ သူ့မိဖုရားကိုပဲပြေးခိုင်းတာပေါ့ နောက်ပြီ အဆိပ်အပ် ပစ်နည်းပါသင်ပေးလိုက်တယ်။ မိဖုရားကဘယ်လိုပြောပြော
မရတော့ နောက်ဆုံးတော့ မိဖုရားပြေးထွက်ခဲ့တယ် ။သူကတော့အဖမ်းခံလိုက်တယ် နောက်ဆုံးအနေနဲ့ လက်ကိုင်ပ၀ါလေးကို
မိဖုရားက ရမ်းပြသွားလိုက်တယ် ။ နှစ်ယောက်လုံးမျက်ရည်ကိုယ်စီနဲ့ပေါ့ ။ကံကောင်းချင်တော့ မင်းကြီးကို မသတ်ကြဘူး ။
သူတို့တိုင်ပြည်ကို ပြန်ခေါ်သွားကြတယ် ။ လူဆိုးတွေပေါ့ ။ အဲလိုပဲ မှတ်ထားရအောင်နော် . . .။အင်း အဲလိုနဲ့ လူဆိုးတွေရဲ့ သဘောင်္ပေါ်မှာ မင်းကြီးအတွက် လက်နက်ဆိုလို့ ခွေးစာခွက်လေးတစ် ခွက်ပဲရှိတယ် ဒါပေမယ့် သူကအချစ်ကြီးသူမဟုတ်လား
သူကြိုးစားတာပေါ့ နေ့တိုင် သံတိုင်တွေကိုဆွဲဆွဲ လှုပ်တာ လပေါင်းများစွာပဲ သူ့စိတ်ထဲမှာ နေ့နေ့ ညည သူ့မိဖုရားကိုပဲ တမ်းတနေရှာတယ် ။ တစ်နေ့မှာတော့ သူ့ ကြိုးစားမှုတွေ အရာထင်လာခဲ့တယ် ။ဒါပေမယ့် သူကြာကြာမပျော်လိုက်ရပါဘူး
သူလှုပ် ရမ်းတဲ့ တံတိုင်းတွေလဲ ကျိုးကုန်ရော ပင်လယ်မှာ မုန်းတိုင်းသင့်လို့ သူ ထွက်ပြေးမရခဲ့ဘူး ။ သူစိတ်ဓါတ်မကျပါဘူး
လူဆိုတာ မျော်လင့်ချက်နဲ့ ရှင်သန်တာမဟုတ်လား ။ သူအတွက် အလင်းရောင်တစ်စ သန်းခဲ့ပါတယ် ။ အဲဒါကတော့ လူဆိုးတွေကိုပေါ့ ပုန်းကန်တဲ့ လူတစ်ချို့ပေါ် ထွက်လာခဲ့တယ် ။ ရှင်းရှင်းပြောရရင် လွတ်လပ်ရေး အတွက်ကြိုးစားသူတွေပေါ့
အဲလူတွေက သူတို့ နိုင်ငံလွတ်လပ်ရေးအတွက်ကြိုးစားမှု ကအတော့်ကို ထိရောက်ဆိုပဲ . . . ။ နောက်ပြီ သူရဲကောင်း
တွေလဲရှိတယ်တဲ့ အဲဒါလူဆိုးတွေက ဘယ်လိုမှထိန်းမနိုင်သိမ်းမရပေါ့ နောက်ဆုံးတော့ သူတို့ကဆီးချင်း ထိုးဖို့ကမ်းလှမ်းလိုက်တယ် လူဆိုးတွေကလဲမုန်းတိုင်းတိုက်လို့မပြန်နိုင်တဲ့သင်္ဘောကိုပြန်ခေါ်တယ် နောက်ပြီ အဲဒီ့ကဖမ်းထားတဲ့
မင်းကြီးကိုပြောတယ် မင်းအဲသူရဲကောင်းကို သတ်နိုင်ရင်မင်း ကိုလွှတ်ပေးမယ်ပေါ့ သူပျော်သွားတယ် ။သူမိဖုရားမျက်နှာ
လေးပြန် မြင်လာတယ် သူပြန်တွေ့ ခွင့်ရတော့မယ်ပေါ့ ။သူကျေကျေနပ်နပ်ကြီးလက်ခံလိုက်တယ် ။ အဲလိုနဲ့သူရဲကောင်းနဲ့
သူနဲ့တိုက်ကြတဲ့နေ့ကိုလဲ ရောက်ရော သူ့တိုင်းပြည်ကလူတွေက သူ့ကိုမမှတ်မိတော့ဘူး သူရုပ်တွေကကြမ်းတမ်းနေပြီလေး
ထောင်ထဲမှာ အနှိပ်စက်ခံထားရတယ် မဟုတ်လား ။ဒါတွေထားပါ ဒီလိုနဲ့ တိုက်ကြတာပေါ့ ။ သူက သူရဲကောင်းလေးကို တိုက်ကွက်အသာနဲ့ နိုင်နေပါတယ် ။အဲအချိန်မှာ အသံတစ်သံ ။သူရင်းနှီနေတဲ့ အသံတစ်သံပါ ။သူ တစ်ချက်လှမ်းငေးလိုက်တယ် ။ အိုပ၀ါ စလေး သူ့ချစ်သူ သူ့မိဖုရား သူ့အသက်လေးကို သူတွေ့လိုက်တယ် ။သူပျော်သွားတာပေါ့ သူ့ကိုသိနေတာသူရှိသေးတာကို ။ အဲအချိန်မှာ သူ့ဓါးတစ်ချက် အခုတ်ခံလိုက်တယ် ။အိုဘာဖြစ်လဲ
အချစ်ကပေးတဲ့အားအင်းနဲ့ သူဆက် တိုက်တယ်။ သူလုံးဝအသာဆီရသွားတယ် ။နောက်တော့ လုံးဝ တစ်ဖက်သတ်ဖြစ်သွား
တယ် ။ သူပျော်နေတယ်ပေါ့ ။ဒါပေမယ့် သူကျောကို ဆူးနစ်တဲ့ဝေဒနာ တစ်ခုခံစားလိုက်ရတယ် ။သူမယုံနိုင်အောင်လဲ
ဖြစ်သွားတယ် သူသိတယ် ။ ဒါသူကောင်းကောင်းသိတဲ့။ သူကိုယ်တိုင် ထွင်းထားတဲ့ အဆိပ်အပ် ။ အိုသူဘာတွေဖြစ်သွား
သာလဲ နာကျင်မှုက တစ်စတစ်စ သူအားအင်းတွေကုန်ခမ်းသွားတယ် ။နောက်တော့သူမြင်ရတယ် သူရဲကောင်းရဲ့ ဓါးသွား
တွေ သူ့ခန္တာပေါ် အဆက်မပြတ် သူပြိုလဲသွားပါတယ် ။ ဟေး ခနဲ သူတိုင်းသူပြည်သားတွေရဲ့အော်သံ ။လူဆိုးတွေရဲ့ ကဲ့ရဲ့သံ
နောက်ပြီ ရင်ထဲက တစ်စက်စက် နာကျင်နေတဲ့ အသံ ။ နောက်ဆုံးမှုန်ဝါးဝါးမြင်လိုက်တယ် သူ့မိဖုရားလေးက သူရဲကောင်း
လက်လေးကိုဆွဲလို့ ။အိုလောကကြီးဘာဖြစ်သွားလဲ ။ ချစ်လှပါချည်းရဲ့ဆိုတဲ့ မိဖုရား ။သူမျက်လုံးတွေကို သူ့အဆိပ်အပ်နဲ့
ဖောက်လိုက်တယ် ။ နောက်တော့ဆုတောင်းလိုက်တယ် ဘ၀ဆက်တိုင်း အချစ်နဲ့ဝေးရပါလိုဧ။် တဲ့ . . . ။

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About