အမွှေးအမျှင်တွေကို သဘာဝနည်းနဲ့ ဖယ်ရှားမယ်
ခု ရင်နှင်းပြောပြမယ့်နည်းက ရှေးထဲက အီဂျစ်တွေသုံးနေတဲ့နည်းလေးပါ။ ခန္ဓာကိုယ်က မလိုလားအပ်တဲ့အမွှေးအမျှင်တွေကို သဘာဝပစ္စည်းတွေကို သုံးပြီးဖယ်ရှားတာပါ။ သကြားကို အဓိက သုံးထားပါတယ်။ သကြားကို အဓိကသုံးတာပါ။ ဒီနည်းကို သုံးတဲ့အခါ အမွှေးတွေက အမြစ်ကနေပါ ကျွတ်ပြီးပါသွားတယ်။ တော်တော်နဲ့ ပြန်မပေါက်တော့ဘူးပေါ့။ ပြန်ပေါက်လာတဲ့အမွှေးတွေကလည်း မများတော့ဘူး။ ပိုပြီးတော့လည်း နူးညံ့သွားတယ်။ စိတ်ဝင်စားသွားပြီ ဟုတ်.. ?? ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြမယ်နော်။
သကြား လက္ဘ်ရည်ပန်းကန်လုံး ၂ လုံးစာ၊ သံပုရာသီးတစ်လုံး (အရည်) ၊ ရေ လက္ဘ်ရည်ပန်းကန်လုံးရဲ့ ၄ ပုံ ၁ ပုံ (ရေအစား ပျားရည်ကိုလည်း သုံးကြပါတယ်) အားလုံးကိုရောပြီး အိုးတစ်လုံးထဲထည့်ပြီး အပူပေးပါ။ ကော်လိုအရည်ပျစ်ပျစ်လေးဖြစ်လာတဲ့အခါ နဲနဲအအေးခံပြီး အပူဒဏ်ခံနိုင်တဲ့ ခွက်တစ်ခုထဲကို ပြောင်းထည့်လိုက်ပါ။ နောက်တစ်ခါ ပြန်သုံးမယ်ဆိုရင် ခွက်ကို ပြန်ပြီး အပူပေးရမှာမို့ပါ။ ပြီးတော့ အအေးခံထားပါ။ အအေးခံထားတုန်းမှာ သန့်ရှင်းတဲ့ချည်အ၀တ်စလေးတွေကို တစ်လက်မပတ်လည် (သို့) လိုသလောက်ဖြတ်ပါ။
သကြားရည်အေးသွားပြီဆိုရင် သုံးလို့ရပါပြီ။ လက်ခုံပေါ်အရင်တင်ပြီး အပူကို စမ်းကြည့်ပါ။ ပူနေရင် အသားလောင်တတ်တာမို့ သတိထားပါ။ သကြားရည်အေးသွားပြီဆိုရင် အမွှေးတွေကို ဖယ်ရှားချင်တဲ့နေရာမှာ ညီညီလေးလိမ်းလိုက်ပါ။ ပြီးရင် ညှပ်ထားတဲ့ချည်စကို အပေါ်မှာကပ်လိုက်ပါ။ မိနစ်အနည်းငယ်ကြာတဲ့အခါ မြန်မြန်လေးဆွဲခွာလိုက်ရင် ရပါပြီ။
ဒီနည်းကို သုံးတဲ့အခါ အမွှေးလေးတွေက ၆ မီလီမီတာလောက်ပဲ ရှိရမယ်နော်။ အရမ်းရှည်နေရင် ဒီအရှည်လောက်ဖြစ်အောင် ကပ်ကြေးနဲ့ တိပေးပါ။ ဒီနည်းကို မသုံးခင်မှာ အသုံးပြုမယ့်နေရာကို သေချာဆေးကြောပြီး သေချာခြောက်အောင်သုတ်ပါ။ လုံးဝခြောက်သွားတော့မှ လုပ်ရမယ်နော်။
ဒီနည်းနဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားပြီးတဲ့အခါ တစ်လ တစ်လခွဲလောက်ထိ အမွှေးတွေ ပြန်မပေါက်နိုင်တော့ပါဘူး။ ထပ်ခါထပ်ခါလုပ်ရင် မွှေးညှင်းအိတ်လေးတွေ အားနည်းသွားပြီး လုပ်ရတာပိုလွယ်လာပါလိမ့်မယ်။ အရာအားလုံးက အကောင်းနဲ့ အဆိုးဒွန်တွဲနေတော့ နဲနဲမကောင်းတဲ့အချက်က ပထမအကြိမ်မှာ နဲနဲလေးနာပါတယ်တဲ့။ :D ဒါပေမယ့် သဘာဝပစ္စည်းတွေနဲ့မို့ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး.. ကြာကြာလည်းခံတယ်ဆိုတော့ မဆိုးဘူးပေါ့နော်။ :)
Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်
Onlineပေါ်ရောက်ရင် ပုံစံပြောင်းတတ်သူလား
အင်တာနက်၊ ချက်တင်၊ Facebook၊ Twitter၊ Friendster တို့ ပေါ်လာပြီးနောက်မှာ လူငယ်လေးတွေဟာ အင်တာနက်ကို ပိုစွဲလမ်းလာကြပြီး အပြင်မှာ မပြောရဲ၊ မဆိုရဲ၊ မလုပ်ရဲတာတွေကို Online ပေါ်မှာ လုပ်တတ်လာကြပါတယ်။ တချို့ဆိုရင် အပြင်မှာ အနေအေးပေမယ့် Online ပေါ်မှာတော့ အမိုက်စား ပုံတွေတင်ကာ Online သူငယ်ချင်းများစွာကြား အရမ်းကို ပေါ်ပြူလာဖြစ်နေ၊ ဆိုရှယ်ကျနေတတ်ကြတာကို တွေ့ရပါတယ်။ သင်ကော ဘယ်လိုလူစားမျိုးလဲ။
ပုံစံလုံးဝပြောင်းသွားသူပါ
သင်ရဲ့ ပြင်ပပုံစံက Online ထဲက သင့် ID နဲ့ တခြားစီပါပဲ။ အပြင်မှာအေးပြီး စကားနည်းသလောက် Online ပေါ်မှာတော့ မြူးကြသွက်လက် နေတတ်ပါတယ်။ အပြင်က သူငယ်ချင်းထက်စာရင် Online ပေါ်မှာ အသိမိတ်ဆွေ ပိုများတာကြောင့်လည်း သင်ဟာ Online ပေါ်မှာ အချိန်ကုန်လေ့ ရှိပါတယ်။ ဓာတ်ပုံတွေကို လှအောင်ပြင်ပြီးတင်၊ Comment တွေရရင် ပျော်နေတတ်ကာ သူများတွေရဲ့ ပုံတွေ၊ Status တွေမှာလည်း ကြိုက်ကြိုက်၊ မကြိုက်ကြိုက် Comment တွေ သွားပေးနေတတ်ပါတယ်။ သင်သိထားရမှာက တကယ့်ဘ၀ဆိုတာ Online ပေါ်မှာ ရှိတာ မဟုတ်ပါဘူး။ Facebook ကိုပဲ တစ်ကမ္ဘာ ထင်နေလို့ မဖြစ်ပါဘူး။ အပြင်လောကနဲ့ ထိတွေ့ ဆက်ဆံနေတတ်ဖို့လည်း လိုပါတယ်။ တစ်နေကုန် ကွန်ပျူတာရှေ့မှာပဲ ထိုင်နေရင် ပြင်ပလောကနဲ့ ဝေးသထက် ဝေးနေတော့မှာပါ။ နောက်ပြီး Online ပေါ်မှာ ပေါ်ပြူလာဖြစ်ချင်လို့၊ မိုက်တဲ့ပုံပေါက်ချင်လို့ လိမ်ညာတာမျိုးလည်း မလုပ်ပါနဲ့။ အဖြစ်မှန်သိရင် အဟားခံရပါမယ်။ အထင်သေးခံရပါမယ်။ ဒါကြောင့် အရှိ အရှိအတိုင်းပဲ နေပါ။ အင်တာနက်သုံးချိန် လျှော့ပြီး အပြင်လောကအတွက် အချိန်ပိုပေးပါ။
အခြေအနေအလျှောက် ပုံစံပြောင်းတတ်သူပါ
သင်ဟာလည်း Online ပေါ်မှာ ပေါ်ပြူလာဖြစ်ချင်သူပါပဲ။ Facebook မှာဆို Friend Request လာလုပ်ထား သူတိုင်းလိုလိုကို သိသိ၊ မသိသိ လက်ခံလေ့ရှိပါတယ်။ အပြင်မှာ မလုပ်ရဲ၊ မပြောရဲတာတွေကိုလည်း Online ပေါ်မှာတော့ ပြောရဲဆိုရဲ ရှိနေပါတယ်။ ဒါပေမဲ့ Online ပေါ်က ပုံစံက ပြင်ပက ပုံနဲ့ သိပ်မကွာတာကြောင့် အရမ်း မဆိုးလှဘူး ဆိုရမှာပါ။ လူတွေနဲ့ စကားပြောဆိုရာမှာ မျက်နှာချင်းဆိုင် ပြောတာထက်စာရင် ကွန်ပျူတာဖန်သား ပြင်နောက်ကနေ ပြောရတာ ပိုပြီး ပြောရဲဆိုရဲရှိတာ မှန်ပါတယ်။ ဒါပေမဲ့ တကယ့်လောကမှာလည်း လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုရဦးမှာ ဖြစ်တာကြောင့် အပြင်မှာလည်း ပြောရဲဆိုရဲအောင် ကြိုးစားကြည့်ပါ။ အရေးကြီးတဲ့သူနဲ့ ပြောစရာရှိပါက ပြောမယ့်စကားကို မှန်ကြည့်ပြီး လေ့ကျင့်ပြောကြည့်ပါ။ တကယ်ပြောဆိုတဲ့အခါ အဆင်ပြေချောမွေ့ပါလိမ့်မယ်။
အပြင်ပုံစံအစစ်အမှန်ပါ
သင်ဟာ သင့်ကိုယ်သင် ယုံကြည်ချက် ပြည့်ဝသူပါပဲ။ ကွန်ပျူတာ ဖန်သားပြင်အကွယ်ယူကာ သင်ရဲ့ပုံစံကို ပြောင်းတတ်သူ မဟုတ်ပါဘူး။ Online ပေါ်ရော အပြင်မှာပါ သင်က တစ်ပုံစံတည်းပါပဲ။ Facebook ထဲ ရောက်လို့ လေသံပြောင်းမသွား၊ ပုံစံပြောင်း မသွားပါဘူး။ သင်ရဲ့လက်ရှိဘ၀ကို ကျေနပ် ရောင့်ရဲတတ်သူပါ။ ဒီလို တစ်သမတ်တည်း ရှိနေတာကြောင့်လည်း သင်ရဲ့ သူငယ်ချင်းတွေက သင့်ကို Online ပေါ်မှာရော အပြင်မှာပါ ခင်နေတတ်ကြတာ ဖြစ်ပါတယ်။
The Chic Magazine
အဖေ
ပြောင်းလဲဖို့ မေးခွန်း(၃)ခု
သင့်ရဲ့ အခုလက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို ဘယ်လိုပြောင်းလဲပါသလဲ။ ဒီမေးခွန်းကို ကျနော့်ကို မကြာခဏ မေးလေ့ရှိကြပါတယ်။ ဘယ်အခြေအနေအတွက်မဆိုပေါ့။ အလုပ်အကိုင်လည်း ဖြစ်ချင်ဖြစ်မယ်။ အချစ်ရေးလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် အိမ်၊ မိသားစုအရေး၊ ငွေရေးကြေးရေး၊ ဘယ်အတွက်ပဲဖြစ်ဖြစ်ပေါ့၊ သင်ဟာ ဒီရိုးရှင်းတဲ့ မေးခွန်း(၃)ခုကို သင့်ကိုယ်သင် မေးရပါလိမ့်မယ်။
ငါ့ရဲ့ အခုလက်ရှိအခြေအနေက ဘာလဲ? _ သင်ဟာ သင့်ရဲ့လက်ရှိအခြေအနေကို အပြည့်အ၀နားလည်သိရှိဖို့ လိုပါတယ်။ ကျနော့်ရဲ့ ပရိသတ်တွေက ပြောလေ့ရှိပါတယ်။ သူတို့မှာ ပြဿနာတစ်ခုခုရှိတယ်ဆိုတာကို သူတို့လက်မခံသေးသ၍ သူတို့မှာ ဘာပြဿနာမှ မရှိပါဘူးတဲ့။ ဥပမာပေါ့- အရက်စွဲနေတဲ့သူတစ်ယောက်ဟာ သူ့ကိုယ်သူ အရက်စွဲနေတယ်ဆိုတာ မသိသေးသ ၍ သူဟာ အရက်စွဲသူတစ်ယောက်ဖြစ်တယ်ဆိုတာ သူ့ကိုယ်သူ လက်မခံနိုင်ပါဘူး။ ဒါကြောင့် သင့်ရဲ့လက်ရှိ အခြေအနေတွေဟာ မှားယွင်းနေတယ်ဆိုရင် အဲဒီလိုမှားယွင်းနေတယ်ဆိုတာကို လက်ခံဖို့အတွက် အခြေအနေမှန်ကို အပြည့်အ၀ သိဖို့လိုပါတယ်။ ဒါကိုတော့ လူအများစု သိကြတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမဲ့ သူတို့ဟာ “ ငါ ဘယ်လိုပြောင်း လဲမလဲ” ဆိုတဲ့မေးခွန်းကိုတော့ သူတို့ကိုယ်သူတို့ မမေးကြပါဘူး။
သင့်ကိုယ်သင် မေးဖို့လိုတဲ့ နောက်ထပ်မေးခွန်းတစ်ခုကတာ့ -------
ငါ ဘယ်ကို သွားချင်တာလဲ ? _ သင့်ဘ၀ရဲ့ ဘယ်အရာကိုမဆို ပြောင်းလဲဖို့အတွက်ဆိုရင် သင်ဟာ ဘ၀မှာ ဘယ်ကို သွားချင်တယ်ဆိုတာကို သိဖို့လိုပါတယ်။ သင်ဟာ တက္ကစီတစ်စီးပေါ်ကို တက်ထိုင်ပြီး ဒရိုင်ဘာကို ဒီလိုပြောမှာတော့ မဟုတ်ပါဘူး။
သင်- “ ကျနော် တစ်နေရာရာကို သွားချင်လို့ပါ ”
ဒရိုင်ဘာ- “ ဘယ်ကိုသွားချင်တာပါလဲ”
သင် – “ မသိဘူး။ အဲဒီကို ခေါ်သွားပေးပါ ”
ဒရိုင်ဘာက ဖုန်းခေါ်လိုက်ရင်း- “ ဟလို- ကျနော့်ကားပေါ်မှာ စိတ်ဝေဒနာသည်တစ်ယောက် ရောက်နေပါတယ်ခင်ဗျာ ”
ဘ၀မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ သင်ဟာ နေရာတစ်ခုကို မရောက်ခင်မှာ သင် ဘယ်ကိုသွားချင်တယ်ဆိုတာ သိဖို့လိုပါတယ်။
ပြီးခဲ့တဲ့ သုံးလေးပတ်လောက်က အမျိုးသမီးတစ်ယောက်က ကျနော့်ကို ပြောပါတယ်။ သူက လက်ရှိအလုပ်ကို စိတ်ကုန် ငြီးငွေ့နေပြီး အလုပ်သစ်တစ်ခု လိုချင်နေပါတယ်တဲ့။ အဲဒီတော့ ကျနော်က ဘယ်လိုအလုပ်မျိုးကို လိုချင်တာပါလဲလို့ မေးလိုက်ပါတယ်။ သူက အခုလုပ်နေတဲ့ အလုပ်မျိုးကိုပဲ လိုချင်ပါတယ်တဲ့။ အဲဒါ ဘယ်နေရာမှာများ ယုတ္တိရှိပါသလဲ။ လူအများစုဟာ ငြီးငွေ့စရာကောင်းပါတယ်ဆိုတဲ့ အလုပ်ကို သူတို့ရဲ့ ဘ၀တစ်ယောက်လုံး လုပ်ကိုင်သွားလိုကြတယ်။ နည်းနည်းစွန့်စားရတာကြိုက်တဲ့သူတစ်ချို့သာ ကုမ္ပဏီအသစ်တစ်ခုကို ပြောင်းကြပါတယ်။ ဒါပေမဲ့ သူတို့လည်း အရင်အလုပ်မျိုးကိုပဲ လုပ်ကြတာပါပဲ။ သင် ပျော်ရွှင်နေသရွှေ့တော့ အဲဒါက မမှားပါဘူး။ သင် မပျော်ရွှင်ဘူးဆိုရင်တော့ ပြောင်းလဲဖို့အစီအစဉ်တွေမချခင်မှာ သင်ဘာလုပ်ချင်တယ်ဆိုတာ အရင် ဆုံးဖြတ်ပါ။
သင့်ကိုယ်သင် မေးရမယ့် နောက်ဆုံးမေးခွန်းကတော့ -----
အဲဒီကိုရောက်ဖို့ ငါ ဘယ်လိုသွားမလဲ? _ရိုးရှင်းလှတဲ့ မေးခွန်းလေးပါပဲ။ လက်တွေ့မှာတော့ ခက်ခဲပါတယ်။ ဒါပေမဲ့ သင့်အတွက်တော့ ပိုပြီးလွယ်ကူအောင် လုပ်လို့ရပါတယ်။
သင် အစီအစဉ်တွေဆွဲတဲ့အခါ ဘယ်လို၊ ဘယ်နေရာ၊ ဘာကြောင့်၊ ဘယ်ဟာ စတာတွေနဲ့ သင့်ကိုယ်သင် မတွန့်ဆုတ်မိစေပါနဲ့။ အခုချက်ချင်း လုပ်ကိုင်ပါ။ သင် ပြောင်းလဲချင်တယ်ဆိုတာ သင့်ကိုယ်သင်သိရင်၊ အစပြုဖို့အတွက် ဘယ်အရာကို ပြောင်းလဲရမယ်ဆိုတာကို သိရင်၊ ချက်ချင်း လုပ်ကိုင်ပါ။ ပြောင်းလဲမှုလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းနိုင်မယ့် ဘယ်အရာကိုမဆို လုပ်ပါ။
ဥပမာ- သင်ဟာ အလုပ်သစ်တစ်ခု လိုချင်တယ်။ ဘယ်လိုအလုပ်မျိုးလိုချင်တယ်ဆိုတာလည်း သင့်ကိုယ်သင် သိတယ်။ အလွန်ကောင်းပါတယ်။ ဒါပေမဲ့ သင့်မှာ အတွေ့အကြုံမရှိဘူး။ ဒါဆို ဘာလုပ်မလဲ? အဲဒီအလုပ်နဲ့ ပတ်သက်တာတွေကို လေ့လာပါ။ ဒါဟာ ပထမဆုံးခြေတစ်လှမ်းပါပဲ။ သင်လုပ်ချင်တဲ့အလုပ်မျိုးမှာ အပျော်တမ်း ၀င်လုပ်ကြည့်ပါ။ သင့်ရဲ့ ကိုယ်ရေးအချက်အလက် CV တွေကို သင်အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီတွေဆီ ပို့ပါ။ ပြောင်းလဲမှုအတွက် ပထမခြေလှမ်းဖြစ်စေမယ့် ဘယ်အရာကိုမဆို လုပ်ပါ။
Prepare for CCNA Exam
CCNA ဖြေဖို့ကြိုးစားနေတဲ့ သူငယ်ချင်းများအတွက် ဒီ Post ကိုဝေမျှလိုက်ပါတယ်။
CCNA ဖြေဖို့အတွက် လိုအပ်တဲ့ Software တွေကတော့
1. Cisco Packet Tracer
2. Visual CertExam Suite တို့ပဲဖြစ်ပါတယ်။
အထက်ပါ Software တွေရပြီဆိုရင်တော့ လေ့လာစရာ Study Guide Book, Website နဲ့ Questions & Answers အတွက် vce File ပဲလိုပါတော့တယ်။
Study Guide Book ကိုတော့ ဒီနေရာကနေ ရယူလိုက်ပါ။
Simulation နဲ့ Simulation Questions & Answers အတွက်လေ့လာသင့်တဲ့ Website ကတော့ ဒီမှာပါ။
Questions & Answers အတွက်ဆိုရင်တော့ ဒီနေရာကနေ ရယူလိုက်ပါ။
CCNA နဲ့ ပတ်သက်ပြီး သင်တန်းတက်ရောက် ပြီးသားသူတွေဆိုရင်တော့ အထက်မှာဖော်ပြပေးထားတဲ့ Software တွေနဲ့ Exam Material တွေပြည့်စုံပြီဆိုရင်တော့ စာမေးပွဲဖြေဖို့အတွက် စာစကြည့်လို့ရပါပြီ။ တစ်ကယ်လို့ သင်တန်းတက်ရောက် ထားခြင်းမရှိဘူးဆိုရင်တော့။ Video Training တွေလိုအပ်ပါလိမ့်မယ်၊ Video Training ထဲမှာတော့ CBT Nuggets ရဲ့ Training ကတော်တော်လေးကောင်းပါတယ်။ Network နဲ့ပတ်သက်ပြီးအခြေခံမရှိ သေးတဲ့သူတွေတောင် CBT Nuggets ကို ၂ခေါက်၊ ၃ခေါက်လောက် သေသေချာချာကြည့်လိုက်တာနဲ့ နားလည်လာနိုင်ပါတယ်။ Trainer ပြောတဲ့ English ကလဲ အရမ်းခက်ခဲတဲ့ အသုံးအနှုန်းတွေ မပါသလို၊ စကားပြောတာကလဲ အရမ်းမမြန်ပါဘူး။
Training Video ကို Online ကနေ Share ပေးချင်ပေမဲ့ Connection အခြေအနေကြောင့် ဘယ်လိုမှ Share လို့အဆင်မပြေဘူးဖြစ်နေလို့ပါ။ Training Video ကိုလိုချင်တဲ့ ရန်ကုန်က သူငယ်ချင်းတွေကတော့ ကျွန်တော့ဆီကို လာယူလို့ရပါတယ်။
CCNA စာမေးပွဲကိုဖြေဖို့ အတွက် CCNA နဲ့ပတ်သက်တဲ့ စာတွေကိုလေ့လာပြီးပြီဆိုရင်တော့ Exam Collection ထဲကိုသွားပြီးတော့ မေးခွန်းကို Download လုပ်ယူလိုက်ပါ။ အဲ့လို Download လုပ်ယူတော့မယ်ဆိုရင် တော့ဘယ်မေးခွန်းကို ဘယ်သူတွေက ဘယ်လို Comment ပေးထားတယ်ဆိုတာကို အရင်ဆုံးလေ့လာကြည့်ရမှာဖြစ်ပါတယ်။ အဲ့လို လေ့လာကြီးပြီး အများစုက recommend ပေးထားမဲ့ အဲ့ဒီမေးခွန်းကို လေ့လာပါ။
မေးခွန်းတွေကို လေ့လာတဲ့အခါမှာ A,B,C,D စတဲ့ Answer Senior တွေကို အလွှတ်မကြည့်ပါနဲ့။ မေးခွန်းကို ကျက်မယ်ဆိုရင်တောင် အဖြေအပြည့်အစုံကိုပဲ ကျက်မှတ်ပါ။ ဘာလို့လဲဆိုတော့ စာမေးပွဲဖြေတဲ့အခါမှာ အဖြေတွေက ကိုယ်ကြည့်ထားတဲ့ မေးခွန်းထဲကအတိုင်း Senior အလိုက်အလာပါဘူး။ မေးခွန်းတွေကို လေ့လာလို့ (သို့) ကျက်မှတ်လို့ပြီးပြီဆိုရင်တော့ www.9tut.com ကိုသွားပြီးတော့ Simulation တွေကို Download လုပ်ယူပြီး လေ့လာရမှာဖြစ်ပါတယ်။ မေးခွန်းတွေကိုပဲ ကြည့်သွားပြီး Simulation ကိုလုံးဝမဖြေဘူးလို့တော့ အစဉ်းစားကျပါနဲ့ ဘာလို့လဲဆိုတော့ Simulation ကအနဲဆုံး (၄)ပုဒ်ပါပါတယ်။ တစ်ပုဒ် ကိုအမှတ် ၁၀၀ ၀န်းကျင်လောက် ပေးတယ်လို့ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် Simulation တစ်ပုဒ် မဖြေနိုင်လိုက်တာ အမှတ် ၁၅၀ လောက်လျော့သွားလို့ပါ။
Simulation မှာ ၂ မျိုးရှိပါတယ်။
ပထမအမျိုးအစားက Configuration Simulation ပါ။ မေးခွန်းမှာပေးထားတဲ့ အတိုင်း ကိုယ်ကိုယ်တိုင် Configure လုပ်ရတာမျိုးပါ။ (ဥပမာအားဖြင့် - Access List Simulation 2)
ဒုတိယအမျိုးအစားက Simulation Question & Answer ပါ။ သူတို့မေးထားတဲ့ မေးခွန်းတွေကို ဖြေဖို့အတွက် Show command ကိုအသုံးပြုပြီး လိုက်ရှာရတာမျိုးပါ။(ဥပမာအားဖြင့် - VTP Simulation)
နောက်ဆုံးတစ်ချက်အနေနဲ့ သတိထားရမှာက CCNA စာမေးပွဲ ဖြေချိန်က ၁၄၀ မိနစ်ပါ၊ ဖြေဆိုရမဲ့ မေးခွန်းက ၅၀ပုဒ်ကျော်ပါ၊ အောင်မှတ်ကတော့ ၈၂၅မှတ်ကျော်မှ အောင်မှာပါ။ မေးခွန်းတွေကို ဖြေတဲ့အခါမှာလဲ ဖြေပြီးလို့ Next ကိုနှိပ်လိုက်ပြီးရင် ပြန်ပြင်လို့မရသလို ပြန်ကြည့်ခွင့်လဲ မရှိပါဘူး။ ဒါကြောင့်မို့ စာမေးပွဲဖြေနေတဲ့အချိန်မှာ စိတ်အေးအေးထားပြီးတော့ အဖြေကိုသေချာစဉ်းစားပြီးရွေးပါ။ ရွေးပြီးလို့ Next ကိုနှိပ်လိုက်ပြီးရင်တော့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးသလိုပါပဲ။
CCNA ဖြေဆိုသူအားလုံး အောင်မြင်ကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Online ကနေ ပိုက်ဆံရှာ

- ပထမဆုံး အောက်ဆုံးမှာ ပြထားတဲ့ ဒေါ်လာပုံလေး (သို့) ၀ဘ်ဆိုက် ညာဖက်ခြမ်းက ဒေါ်လာပုံ ကို နှိပ်လိုက်ရင် ၀ဘ်ဆိုက် တစ်ခုကို ရောက်သွား ပါလိမ့်မယ်.
- အဲ့ဒီ့မှာ သူက အကောင့် တစ်ခု လုပ်ဖို့ သူကပြော ပါလိမ့်မယ်.
- အကောင့် မလုပ်ခင် megaupload, hotfile, megashares, fileserve. Mediafire. Depositefiles, Filefactory, Uploading စတဲ့ file hosting server နာမည်တွေကို ပြထားပါ့မယ်. မိမိလိုချင်တဲ့ hosting ကို ရွေးပေးပါ. ကျွန်တော်ကတော့ ကျွန်တော့်မှာ မရှိသေးတဲ့ fileserve ကို ရွေးပေးလိုက်ပါတယ်.
- ရွေးပြီးတာနဲ့ အောက်ဆုံးလောက်မှာ Sign up Now! ဆိုတဲ့ အနီရောင် စာတမ်းအောက်မှာ မိမိ email လိပ်စာရိုက်ထည့်ပေးလိုက်ပါ. ပြီးတာနဲ့ I agree to the terms and conditions. ကို အမှန်ခြစ်ပေးလိုက်ပါ.
- အကောင့် လုပ်ပြီးတာနဲ့ မိမိရဲ့ မေးလ်ထဲကို activate link ပို့ပေးပါလိမ့်မယ်. အဲ့ဒီ့အခါ ပို့ပေးတဲ့ activate link ကို နှိပ်ပေးလိုက်ပါ. activate ဖြစ်ပြီဆိုတာနဲ့ မိမိလုပ်ထားတဲ့ email address နဲ့ password ကို ရိုက်ပြီးဝင်လိုက်ပါ.
- password က ကြိုက်တဲ့ password ပေးလို့ရပေမယ့် email ကိုတော့ မှန်မှန်ကန်ကန် ထည့်ပေးရပါလိမ့်မယ်. မဟုတ်ရင် activate link ရောက်လာမှာ မဟုတ်ပါဘူး.
- အခုအပေါ်မှာ ပြထားတဲ့ ပုံအတိုင်း ကြိုက်ရာတစ်ခုကို နှိပ်ခိုင်းပါလိမ့်မယ်.
- ကျွန်တော့်တုန်းက အပေါ်ဆုံးက တစ်ခုကို နှိပ်လိုက်ပါတယ်.
- အဲ့ဒါနှိပ်ပြီးရင် register လုပ်ခိုင်းပါလိမ့်မယ်. register လုပ်လိုက်ပါ.
- လုပ်ပြီးပြီးချင်း ပြီးဆုံးသွားပြီဆိုရင် mail ထဲကို activate link တစ်ခု ပို့ပေးပါလိမ့်မယ်. အဲ့ဒီ့ link ကို နှိပ်ပေးလိုက်တာနဲ့ activate ဖြစ်သွားပါပြီ. active ဖြစ်သွားပြီး အဲ့ဆိုက်ထဲကိုရောက်သွားပြီဆိုတာနဲ့ 5$ ချက်ချင်းရမှာ ဖြစ်ပါတယ်.
