ကြောင် နှစ်ကောင်ရဲ့ ထူးဆန်းတဲ့အချစ်


ခုံတန်းလေးပေါ်မှာ ခေါင်းလေးမှီရင် ငါ့ကို ပေကလက်ပေကလက်နဲ့ကြည့်နေတဲ့မင်းကိုစတွေ့ခဲ့တာပေါ့


နင့်ကိုငါက ပြန်ပြုံးပြတော့



နင့်ကငါ့ဆီ အပြေးလေးလာပြီး



နှုတ်ဆက်တာ နင်မှတ်မိသေးလား


အဲ့ဒီနေ့ကစပြီးငါတို့ခင်မင်ကြပြီး ပေါကြောင်ကြောင်နဲ့တောင် ကလိုက်သေးတယ်လေ ဟီး


နင်ကမတွေ့ရတဲ့အချိန်မှည အွန်လှိုင်းကတွေ့မယ်ဆိုလို့ ငါအကောင့်ပေးလိုက်တာ
အိပ်ပြန်ရောက်လို့စက်ဖွင့် အကောင့်ဖွင့်လိုက်ယင်ပဲ
နင်အက်ထားတာတွေ့လို့လက်ခံစကားပြောခဲ့တယ်နော်

နင်နဲ့အပြင်မှာမတွေ့တဲ့ရက်တိုင်း အွန်လှိုင်းက စကားတွေပြောရင်း သံယောဇဉ်တွယ်လာခဲ့တယ်


အွန်လှိုင်းမှာမတွေ့ရတဲ့ရက်ဆို နင့်ဖုန်းများလာမလာလို့စောင့်ရတာအမောပါပဲ


အားလပ်တဲ့ ငါတို့ရဲ့နေ့ရက်များမှာ နင်နဲ့ငါ စာပွဲတင်တင်းနစ်ကစားခဲ့တဲ့အချိန်လေးတွေကို မမေ့နိုင်ဘူးဟာ


ကစားကွင်းကအပြန် ကြောင်တကက် ရိတဲ့တဲ့စကားပြောတုန်းက နင်ငါ့ဘက်ကနေ ရန်ဖြစ်ခဲ့တယ်နော်

အခုဆိုရင် နင်လာမဲ့လမ်းလေးကို မျှော်ငေးနေတတ်ပြီဟာ

အွန်လှိုင်းမှာနင်မရှိရင်လဲငါဒေါသထွက်တတ်နေပြီ


နင်နဲ့ငါ သူငယ်ချင်းအဆင့်ကကျော်ပြီး ချစ်သူဘ၀ကိုရောက်ခဲ့ကြတယ်နော်






ချစ်သူဘ၀ရဲ့ ပျော်ရွှင်စရာနေ့ရက်များကို အတူဖြတ်သန်းယင်း

ဂုဏ်ငွေတွေကိုမက်မောတဲ့ ငါ့အမေရဲ့ ပေါက်ပေါက်ဖောက်သံ

ငါ့အဖေရဲ့ သဘောမတူတဲ့အကြည့်


ဒီလိုနဲ့ငါတို့တွေဝေးခဲ့ရပြီး အဝေးကနေပဲ အလွမ်းစာလေးတွေနဲ့ နှစ်သိမ့်နေရတယ်နော်

နင်လဲငါနဲ့ဝေးရလို့အကြောင်းပြပြီး အရက်သောက် ဘီယာသောက်တောင်လုပ်တတ်နေပြီနော်


မူးပြီးတော့ ပေါက်ကွဲသံဇဉ်တွေနဲ့ထွက်ပေါက်ပေးနေတာလားဟာ


ဘာပဲဖြစ်ဖြစ် ငါတို့တကယ်အချစ်စစ်ခဲ့ရင် တနေ့ပြန်ဆုံပါစေလို့ ဘုရားမှာငါအမြဲဆုတောင်းနေပါတယ် ချစ်သူရယ်


အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ညာ။ ဧဒင်ဥယျာဉ် jasmine ပိုစ်မှကူးယူထားချင်းဖြစ်ပါတယ်။

ဂွတ်နိုက် အိပ်တော့ချစ်သူရယ်

ကိုယ်ချစ်တဲ့သူနဲ့ သန်းခေါင်ယံညဥ့်နက်တဲ့အထိ စကားထိုင်ပြောဖူးလား?
ချက်တင်(chatting) ပြောဖူးပါသလား?

တကယ်လို့ပြောဖူးရင် ဖုန်းမချခင် ဒါမှမဟုတ် စက်မပိတ်ခင်
ဝမ်အမ်(ဂွတ်နိုက်)လို့ ပြောတတ်တဲ့အကျင့် ရှိသလား?

ဝမ်အမ်နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်လေးတစ်ခု ပြောပြချင်ပါတယ်။

တစ်နေ့မှာ အားလပ်ရက်ရတဲ့ အိန်ဂျယ်တစ်ပါး လူ့ပြည်ကိုအလည်ရောက်လာခဲ့တယ်။
လူ့ပြည်ကိုရောက်ပြီး ပျင်းတာနဲ့ အိန်ဂျယ်ဟာ ကောင်မလေးတစ်ယောက်ကို
"မင်းရဲ့လိုအင်ဆန္ဒတွေအားလုံး ငါဖြည့်ပေးနိုင်တယ်။ အာဏာ... ငွေကြေး...
ရုပ်ရည်... အချစ်.. ဘာတွေလိုချင်သလဲ" လို့ မေးလိုက်တယ်။ အိန်ဂျယ်အမေးကို
ကောင်မလေး အသေချာစဉ်းစားလိုက်တယ်။ ကောင်မလေးတောင်းဆိုသမျှကို
သူအစွမ်းကုန်ဖြည့်ပေးပြီး သူ့ကို လေးစားကြည်ညိုလာအောင် ဘုန်းတန်ခိုးတွေ
ပြလိုက်မယ်လို့ အိန်ဂျယ်စိတ်ကူးနေခဲ့တယ်။

"ညတိုင်း ကျွန်မအိပ်ရာမဝင်ခင် အရှင့်ဆီက ဝမ်အမ်ဆိုတဲ့စကားတစ်ခွန်းကို
ကြားချင်ပါတယ်"

ကောင်မလေးရဲ့ ရိုးရှင်းတဲ့စကားကိုကြားတော့ အိန်ဂျယ်အံ့သြသွားတယ်။
သူထင်ထားတာက ရုပ်ရည်၊ ငွေကြေး စတာတွေကို ကောင်မလေးတောင်းလိုက်မယ်လို့
ထင်ခဲ့တယ်။

"ကောင်းပြီ.. ဒါ အလွယ်ကူဆုံးပဲ" ဆိုပြီး အိန်ဂျယ်က ဘာမှမစဉ်းစားဘဲ
ကောင်မလေးကို လွယ်လွယ်ကူကူ ဂတိပေးလိုက်တယ်။ ကောင်မလေးက
မျှော်လင့်ချက်အပြည့်နဲ့ ညတိုင်း အိန်ဂျယ်ဆီက "ဝမ်အမ်"
ဆိုတဲ့စကားတစ်ခွန်းကို စောင့်နေခဲ့တယ်။ အိန်ဂျယ်က
ကောင်းကင်ပေါ်ပြန်ရောက်သွားလည်း ကောင်မလေးကို "ဝမ်အမ်"
ဆိုတဲ့စကားတစ်ခွန်းနဲ့ အသဲပုံလေးပါဆွဲပြီး ဂွတ်နိုက်kiss:-*လေးကို
အင်တာနက်ကတစ်ဆင့် အမြဲပေးခဲ့တယ်။ အိန်ဂျယ်ဆီက နှစ်သိမ့်စကားတွေနဲ့
ညတိုင်း ကောင်မလေးကျေကျေနပ်နပ် အိပ်ရာဝင်ခဲ့တယ်။ သူ့အိပ်မက်ထဲမှာတောင်
ကြည်နူးခြင်းရနံ့တွေနဲ့ သင်းပျံ့မွှေးကြိုင်လို့နေတယ်။

ဒီလိုနဲ့ တစ်ခါတလေ အင်တာနက်လိုင်း ပြတ်တောက်သွားရင်
အိန်ဂျယ်ကဖုန်းဆက်ပြီး ကောင်မလေးကို ဝမ်အမ်လို့ပြောတတ်တယ်။
ဖုန်းတစ်ဖက်ကနေ ကောင်မလေးနဖူးလေးကိုနမ်းပြီး အိပ်မက်လှလှမက်ပါစေလို့
ဆုတောင်းပေးတတ်တယ်။

ဒါပေမယ့် ဘယ်အချိန်ကစပြီး အိန်ဂျယ်အလုပ်စရှုပ်ခဲ့မှန်း မသိဘူး!
အလုပ်တွေများလွန်းလို့ ကောင်မလေးကို ဝမ်အမ်လို့ နှုတ်ဆက်ရမှာကို
အိန်ဂျယ်တဖြေးဖြေး မေ့သွားခဲ့တယ်။ ကောင်မလေးက ညတိုင်း
အိန်ဂျယ်ရဲ့"ဝမ်အမ်"ဆိုတဲ့ စကားတစ်ခွန်းကိုပဲ စောင့်မျှော်နေခဲ့တယ်။
စောင့်ခဲ့ပေမယ့် ညတိုင်းစိတ်ပျက်အားငယ်စွာနဲ့ အိပ်ရာဝင်ခဲ့ရတယ်။
အိန်ဂျယ်ရဲ့နှစ်သိမ့်သံတွေ မကြားရတော့ ကောင်မလေးလည်း အိပ်မက်တွေ
ကယောင်ချောက်ချားမက်လို့။ အိပ်မက်ထဲမှာ အဝေးတစ်နေရာကနေ အလုပ်များနေတဲ့
အိန်ဂျယ်ကိုပဲ သူငေးကြည့်နေခဲ့မိတယ်။ အလုပ်မများတော့တဲ့တစ်ရက်
ဝမ်အမ်ပြောဖို့ သူသတိရကောင်း ရလာလိမ့်မယ်လို့ ထင်ပြီး
ကောင်မလေးစောင့်နေခဲ့တယ်။ အိန်ဂျယ်အတိုးချပြီး ပြောလာမယ့် ဝမ်အမ်တွေကို
ကောင်မလေး မျှော်နေခဲ့မိတယ်။

ဒါပေမယ့် နောက်ဆုံးမှာ ကောင်မလေးကိုပါ အိန်ဂျယ်မေ့သွားခဲ့တယ်။
လုံးဝမေ့သွားပြီး ဝမ်အမ်အကြွေးတသီကြီးနဲ့ အဝေးကိုပျံသန်းသွားခဲ့တယ်။

နှစ်အတန်ကြာတဲ့အခါ ကောင်းကင်ပိတ်ရက်ရတဲ့ အိန်ဂျယ်တချို့
လူ့ပြည်ကိုအလည်လာပြန်တယ်။ ကောင်မလေးကိုတွေ့တော့ သူ့ရဲ့လိုအင်ဆန္ဒတွေ
ဖြည့်ဆည်းပေးမယ်လို့ဆိုပြန်တယ်။ အာဏာ၊ အချစ်၊ ငွေကြေး... စတာတွေ
ဘာအလိုရှိသလဲလို့ မေးတော့ ကောင်မလေးက ဘာမှပြန်မဖြေခဲ့တော့ဘူး။
ရိုးရှင်းလွယ်ကူတဲ့သူ့ဆန္ဒကို တန်ခိုးကြီးတဲ့အိန်ဂျယ်လည်း
ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ကြောင်း သူသိနေခဲ့တယ်။

ကိုယ်ချစ်တဲ့သူနဲ့ သန်းခေါင်ယံညဥ့်နက်တဲ့အထိ စကားထိုင်ပြောဖူးလား?
ချက်တင်(chatting) ပြောဖူးပါသလား?

တကယ်လို့ပြောဖူးရင် ဖုန်းမချခင် ဒါမှမဟုတ် စက်မပိတ်ခင်
ဝမ်အမ်(ဂွတ်နိုက်)လို့ ပြောတတ်တဲ့အကျင့် ရှိသလား?

ဝမ်အမ်း WAN AN

"WAN AN" ဆိုတဲ့စကားလုံးကို ဖြန့်လိုက်ရင် ထိပ်စီးစာလုံးတွေက
စာလုံးတစ်လုံးစီကို ကိုယ်စားပြုနေတာတွေ့ရလိမ့်မယ်။

WAN AN = Wo Ai Ni, Ai Ni (ဝေါ်အိုက်နီ, အိုက်နီ) နင့်ကိုငါချစ်တယ်၊ ချစ်တယ်
တဲ့။

ဝမ်အမ်လျှို့ဝှက်ချက်ကိုသိသွားပြီးရင် ကိုယ်ချစ်တဲ့သူနဲ့
စကားပြောပြီးတိုင်း "ဝမ်အမ်" (ဂွတ်နိုက်)လို့ နှုတ်ဆက်ဖို့
မမေ့ပါနဲ့နော်..

ကြိုးတစ်ချောင်းကို ဖြတ်ဖို့လွယ်ပေမယ့် သံယောဇဉ် ကြိုးကိုတော့ ဖြတ်ဖို့
တော်တော် ကြိုးစားယူရဦးမယ်..... :

ဂွတ်နိုက် အိပ်တော့ချစ်သူရယ်

ပါရမီဖြည့်ဖက်ဆိုတာ ..

တခါတုန်းက စာရေးဆရာလေးတလောင်းလျာ တစ်ယောက်မှာ ထူးခြားသောဇနီးသည်တယောက် ရှိခဲ့ဖူးသည်။သူမနာမည်မှာ ဆိုဖီယာဖြစ်သည်။သူမ၏ခင်ပွန်း နသန်နီယယ်သည် အကောင်ခွန်ရုံးအမှုထမ်းတဥိးဖြစ်၍ တနေ့တွင် အိမ်သို့ အကြီးအကျယ် မှိုင်တွေလျက်ပြန်ရောက်လာသည်။သူ အလုပ်ပြုတ်လာခဲ့ပြီဖြစ်ကြောင်း ပြောသည့်အခါ ဇနီးသည်က ၀မ်းသာအားရ ထ အော်လေသည်။ မိန်းမဘယ်လိုဖြစ်သွားပါလိမ့်ဟု သူငေးနေစဉ်ဇနီးသည်က
"ဟန်ကျပြီ ရှင်ရေးချင်နေတဲ့ ၀တ္တု အခုမှ ရေးရတော့မယ်"ဟုဆို၏။
"အေးကွာ အားသွားတာတော့မှန်တယ် ဒါပေမဲ့စာထိုင်ရေးနေတော့ ဘာနဲ့သွားစားမလဲ" ယောင်္ကျားကစိတ်ဓာတ်ကျလျက်ပင်ပြန်ပြောသည်။ဇနီးသည်က အံဆွဲတခုဖွင့်လိုက်ပြီး အထဲမှ ငွေစက္ကူတစ်ထပ်ကိုယူ၍ ထောင်ပြလိုက်သောအခါ နသန်နီယယ် အံ့အားသင့်သွားသည်"မင်းဘယ်ကရသလဲ" ဟုတအံ့တသြမေးသည်။
"ကျွန်မက ရှင့်မှာ ပါရမီရှိတယ်ဆိုတာ ယုံကြည်ထားပြီးသား။တနေ့ကျရင် ဂန္တ၀င်တွင်မယ့် ၀တ္တု ကြီး တပုဒ်ရှင်ရေးလိမ့်မယ်လို့ သိနေတယ်၊
ဒါကြောင့်မို့လို့ ရှင်အပတ်စဉ် ပေးတဲ့ငွေထဲက နည်းနည်းစီ ကျွန်မဖဲ့ဖဲ့ပြီး စုထားတာ၊ ဒီပိုက်ဆံနဲ့ တနှစ်လုံးစားလို့ရတယ် ၊ရှင်ရေးပေတော့"
ဟု ဆိုဖီယာက ယုံကြည်မှု အပြည့် ပြောလိုက်လေသည်။ မိမိအပေါ် အားထားယုံကြည်လှသည့် ဇနီးသည်ထံမှ ထက်သန်တက်ကြွစိတ်တွေ ကူးစက်ကာ နသန်နီယယ် သည် အမေရိကန်စာပေသမိုင်းတွင်
အထင်ရှားဆုံးလက်ရာတခုဖြစ်လာမည့် ' ကြက်သွေးရောင်စာလုံး' (The Scarlet Letter ) ၀တ္တုကြီးကို ရေးသားဖြစ်ခဲ့ပြီး နသန်နီယယ်ဟော်သွန်း (Nathaniel Hawthorne)
ဟူသော သူ၏ အမည်ကိုလည်း ကမ္ဘာကသိစေခဲ့ပါသည်။

.............တန်ဖိုးရှိသောစကားလုံးများ..............

.“ စကားလုံးတစ်လုံးစာတစ်ကြောင်းဟာလူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲပစ်နိုင်တယ်တဲ့လေ“.....

ဖက်ဖူးခဲ့တဲ့စကားလုံးလေးတွေပါ.....တန်ဖိုးကတော့ဖက်ကြည့်ပေါ့....အကျိုမယုတ်လောက်ပါဘူး...........

1။ ခွင့်မလွှတ်နိုင်ရင်.....ဘဝဟာနာကြည်းမှုနဲ့လက်စားချေမှု..သံသရာထဲမှာပဲလည်နေတော့မှာပေါ့..

ကံကိုယုံပါ...ဒါပေမယ့်...စိုက်ခင်းကိုတော့ရေလောင်းပါ..။

2။ အောင်မြင်မှုဆိုတာစက်ဘီးစီးနေရတာနဲ့တူတယ်....ရှေ့ဆက်နင်းရင်နင်း..မနင်းရင်တော့လဲကျသွားမှာပဲ.....။

3။ ချီးမွမ်းစကားဆိုတာ...လက်ခံယူဖို့စိတ်ကျေနပ်စရာကောင်းပါရဲ့...ဒါပေမဲ့..

သင့်ကိုဘာအသစ်ဆန်းမှသင်ပေးနိုင်မှာမဟုတ်ဘူး...........။

4။ ကိုယ့်အမှားကိုအမှားပါလို့လက်ခံပြီး...ပြင်ရဲတဲ့သတ္တိဟာအကြီးမားဆုံးသတ္တိဖြစ်တယ်.....။

5။ ကြယ်တွေဆီကိုအရောက်လှမ်းကြ...သူတို့ကိုမှီချင်မှမှီမယ်..ဒါပေမယ့်..

သင့်အနေနဲ့လက်တစ်ကမ်းစာရွှံ့တွေနဲ့တော့...ဘဝနိဂုံးချုပ်ရလိမ့်မယ်မဟုတ်ဘူး.........။

6။ စကားလုံးဆိုးဆိုးတွေကိုမပြောပဲမျိုချလိုက်ရုံနဲ့တော့..ဘယ်သူမှအစာအိမ်ထိခိုက်မှာမဟုတ်ပါဘူး..........။

7။ တစ်ယောက်ယောက်ကသာ..သူဟာအလွန်နုံအတဲ့တောသားတစ်ယောက်ပါလို့ပြောလာရင်....

သင့်ရဲ့ပိုက်ဆံအိတ်ကိုလက်နဲ့အုပ်ထားပေတော့.......။

8။ ဘဝဆိုတာကနေပိုရချင်ရင်..........ကိုယ့်ဆီကလည်း..ပိုပြီပေးဆပ်ပါ.....။

ဒေါသစိတ်ရယ်...အစာသွတ်မုန့်ရဲ့အပြင်အကာတွေဟာ....

နှစ်ရက်လောက်ကြာရင်ပျော့ပြဲသွားတက်ကြတယ်........။

9။ သင့်ကိုမွေးဖွားစဉ်က..သင်သည်ငိုးကြွေးနေ၏...သင့်ကိုဝိုင်းကြည့်နေသူအပေါင်းကပြုံး၍နေကြ၏...

သင်သေခါနီးအချိန်၌သူတို့ကဝိုင်း၍ငိုးကြွေးနေကြ၏...ထိုအခါ....သင်ကပြုံးနိုင်ပါစေ....။

10။ သည်းခံမှုသည်..အတိုင်းအတာရှိ၏...အတိုင်းတာကျော်သည့်တိုင်သည်းခံနေပါက..

သူရဲဘောကြောင်မှုဖြစ်သည်.......။

11။ သင်၏ဘဝကို..အခြားသူများနှင့်နိုင်းယှဉ်ခြင်းမပြုပဲ..ပျော်ရွှင်အောင်နေပါ..။

12။ အလှသည်သေရည်ထက်ဆိုးတက်၏...ဆင်သူကိုရော...မြင်သူကိုပါယစ်မူးစေတက်၏...။

13။ သင်သည်အလုပ်မရှိဘဲအားနေလျှင်...တစ်ယောက်ထဲမနေပါနှင့်....တစ်ယောက်ထဲနေခဲ့လျှင်..

ဘာမှမလုပ်ပဲ....ထိုင်မနေပါနှင့်.....။

စကားလုံးလေးတွေကောင်းတယ်....စကားလုံးတိုင်းမှာအသက်တွေပါနေတယ်

တို့ယူတက်ဖို့ပဲလိုတော့တယ်.....တို့လည်းကြိုးစားနေပါတယ်.....သူငယ်ချင်းတို့ရေ......

အချစ်ဆုံးကို နားလည်ပါ

အချစ်ဆုံးကို နားလည်ပါ





ခင်ပွန်း





တစ်ခါတလေမှာ သူဟာ ကလေးဆိုးကြီးနဲ့ တူတတ်တယ်။



ရုံးဝတ်စုံကို ချွတ်ပြီးနောက် သူ့ပုံစံကို တစ်မျိုးပြောင်းခွင့်ပေးလိုက်ပါ။



သွားတိုက်ဆေးဗူးကို လုံအောင်မပိတ်တတ်တဲ့ သူ့ကို ဗွေမယူပါနဲ့။



သွယ်ဝိုက်ပြီး အကြိမ်ကြိမ် သတိပေးမှ ကိုယ့်မွေးနေ့ကို



မှတ်မိတတ်တဲ့သူ့ကို ခွင့်လွတ်နားလည်ပေးပါ။



တကယ်တော့... သန်မာထွားကြိုင်းတဲ့ သူ့ခန္ဓာအောက်က အသဲနှလုံးတစ်စုံဟာ



ကိုယ့်ဆီက ခွင့်လွတ်နားလည်မှု နည်းနည်းနဲ့ ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေပါတယ်။





ဇနီး





သူ့ဆီမှာ ကိုယ်တောင်းဆိုတဲ့အရာတွေက ကိုယ့်မိခင်ဆီ



ကိုယ်တောင်းဆိုတဲ့အရာလို သဘာဝကျပါသလား?



တစ်ခြားကဏ္ဍကနေ ပါဝင်ကြည့်ပါ။



တစ်ခါတလေ ကလေးနို့ပုလင်းကို ကိုင်ကြည့်ပါ။



တစ်ခါတလေ မီးဖိုချောင်ဝင်ကြည့်ပါ။



လိုအပ်တဲ့ ဆန်၊ ဆီ၊ ဆားအပြင် ဂရုစိုက်မှု၊ နားလည်မှုနဲ့



ချိုမြိန်တဲ့ စကားတွေ သူ့ကိုနည်းနည်း ပိုပေးလိုက်ပါ။





သားသမီး





သေးငယ်တဲ့ သူ့ရဲ့လက်တွေ နောင်တစ်ချိန်မှာ



ဘယ်လိုလက်ဖဝါးကြီးမျိုး ဖြစ်နိုင်မလဲ?



ရီပို့ကတ်ပေါ်က အမှတ်တွေကို သူ့ဆီက ကိုယ်တောင်းဆိုသလို



ပတ်ဝန်းကျင်၊ သဘာဝတရားတွေကို သူခံစားတတ်အောင် သင်ပေးပါ။



စိတ်ဓာတ်တွေ သန်မာကြံ့ခိုင်အောင် သင်ပေးသလို နူးညံ့ပျော့ပျောင်းတဲ့



နှလုံးသားတစ်စုံ ရှိသင့်ကြောင်းလည်း ပြောပြပါ။



သူ ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ လမ်းညွှန်ဆုံးမသူအဖြစ် အဖော်ပြုပေးပါ။





မိဘ





အချိန်မီသေးတဲ့အချိန်မှာ တန်ဖိုးထားပါ။



ကိုယ့်သားသမီးတွေရဲ့ ငိုသံက ကိုယ့်မိဘတွေရဲ့



သက်ပြင်းချသံထက် ပိုကြင်နာမှုရခဲ့ပါတယ်။



သားသမီးတွေ ကျောင်းလွတ်တဲ့အချိန်ကို ကိုယ်မမေ့ပေမယ့်



ကိုယ်အိမ်ပြန်ချိန်ကို မျှော်နေတတ်တဲ့ မိဘတွေရဲ့



ဂရုစိုက်မှုကိုတော့ ကိုယ်လျှစ်လျှူရှူမိတတ်တယ်။



လောဘရမ္မက်ရဲ့ တောင်းဆိုမှုကို ဥစ္စာပစ္စည်းတွေက မဖြည့်တင်းပေးနိုင်ပါဘူး။



အရေးကြီးတာက မိဘတွေကို ကိုယ့်ရဲ့အချိန်တွေ နည်းနည်းပိုပေးဖို့ပါပဲ။





မောင်နှမ





stand by me ကိုယ့်ဖက်မှာပဲ သူရှိနေခဲ့တယ်။



အဖေက အစ်ကို့ကို ပိုအလိုလိုက်တယ်လို့ ထင်ခဲ့တယ်။



အမေက ညီမလေးကို ပိုချစ်တယ်လို့ ထင်ခဲ့တယ်။



တကယ်တော့... လက်ဖဝါးချင်းပါပဲ၊ သွေးရင်းတွေပါပဲ



ကိုယ်လိုအပ်ချိန်မှာ သူတို့က ကိုယ်ဖက်မှာ ရှိနေခဲ့ပါတယ်။





ချစ်သူ





အချစ်က တစ်လမ်းသွားမဟုတ်ပါဘူး။ ရောင်ပြန်ဟပ်တတ်ပါတယ်။



ကိုယ်ပေးဆပ်သလောက် ပြန်ရတာပါပဲ။



စိတ်ဆိုးချိန်မှာ သူ(သူမ)ရဲ့ ကောင်းကွက်ကို ရှာကြည့်ပါ။



မကျေနပ်ချိန်မှာ သူ(သူမ)ရဲ့ အနစ်နာခံခဲ့တာကို သတိရပါ။



အေးစက်ချိန်မှာ သူ(သူမ)ရဲ့ နွေးထွေးမှုကို အမှတ်ရပါ။



ပေးဆပ်ခြင်းကို နှစ်ယောက်စလုံးနားလည်ခဲ့ရင် အချစ်က ထာဝရတည်တံ့ပါတယ်။



နှလုံးသားချင်းထပ်ပြီး နှစ်ယောက်အတူ ချစ်ဖို့ရာ မလွယ်ကူပါဘူး။


လမ်းခွဲတဲ့စကားကို လွယ်လွယ်ကူကူ မပြောလိုက်ပါနဲ့.....

ဘ၀အတွက်လိုအပ်တဲ့သဘောထားလေးတွေပါ

လူကောင်းတစ်ယောက်ရဲ့ဘ၀မှာ အကောင်းဆုံးအစိတ်အပိုင်းဆိုတာ မကြီးကျယ်တဲ့၊ အမည်မဖော်တဲ့၊ အမှတ်တရပြုမနေတဲ့ အကြင်နာ မေတ္တာအပြုအမူလေးများပါ။
ကိုယ့်ဆန္ဒ၊ ကိုယ့်အတ္တအတိုင်း တစ်ဖက်သားကို အရုပ်တစ်ခုလို ပုံသွင်းချင်တာ မေတ္တာမှမဟုတ်ဘဲ။
လူတစ်ယောက်ကို သံယောဇဉ်နဲ့ သတိရနေတဲ့အချိန် ကိုယ့်စိတ်ကိုယ်စစ်ကြည့်။ ပူလောင်နေတယ်၊ တင်းကျပ်နေတယ်၊ မလွတ်လပ်တော့ဘူး။ လူတစ်ယောက်ကို သံယောဇဉ်နဲ့ သတိရနေတာဟာ အဲဒီလူရဲ့ရှေ့မှောက်မှာ ဒူးထောက်လက်မြှောက်ပြီးတော့ အရှုံးပေးလိုက်တာနဲ့အတူတူပဲ။
မိုက်နေပါလျက်နဲ့ မိုက်မှန်းမသိရင် ဘယ်တော့မှကောင်းမလာနိုင်တော့ပါဘူး။
မျက်စိရှေ့မှာ ရှိနေပေမယ့် စိတ်ထဲမှာမရှိရင် နီးလျက်ဝေးနေပါတယ်။ မျက်စိရှေ့မှာမရှိပေမယ့် စိတ်ထဲမှာရှိနေရင် ဝေးလျက်နီးနေပါတယ်။ မျက်စိရှေ့မှာ ရှိဖို့ထက် စိတ်ထဲမှာရှိဖို့က ပိုအရေးကြီးပါတယ်။
နားလည်မှုအပြည့်ပါတဲ့ အချစ်သာရှိနေရင် စိတ်ထဲမှာ အမြဲရှိနေမှာပါ။
ပကတိတံတားက အရပ်ဒေသတွေကို ဆက်သွယ်ပေးတယ် မေတ္တာတံတားက နှလုံးသားတွေကို ပေါင်းကူးပေးတယ်၊ မေတ္တာစိတ်ကိုယ်စီနဲ့ သတိရနေကြမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ဝေးဝေး နီးနီးလေးပါပဲ။
အိမ်ထောင်ပြုတော့မယ်ဆိုရင် ငါသူနဲ့ တစ်သက်လုံးစကားပြောနိုင်မလားဆိုတာ အရင်စဉ်းစားပါ။
ချစ်တယ်ဆိုရင် သူ့ကိုဘယ်သူနဲ့မှ မနှိုင်းတာအကောင်းဆုံးပဲ။ နှိုင်းယှဉ်ပြီးတော့တွေးတာနဲ့ စိတ်ချမ်းသာမှု မရတော့ဘူး။ မြင်ရတဲ့အခါမပျော်တော့ဘူး။
တဖတ်သားကိုလေးစားမှုမရှိဘဲ စေတနာကောင်းတယ်ဆိုတာ မဖြစ်နိုင်ဘူး။
တကယ်မေတ္တာစစ်မှန်သွားရင် ကိုယ့်အတွက် ဘာအကောင်းဆုံးလဲလို့တွေးတာမဟုတ်ဘူး။ သူ့အတွက် ဘာအကောင်းဆုံးဖြစ်မလဲဆိုတာကို တွေးပြီး အဲဒါကိုလိုလားတယ်။

အရုပ်လားလူလား

Fun & Info @ Keralites.net
 





I feel sorry for this girl. As for me, it is not ok to put makeup and dye the childs hair in such a young age. Plus, any child with makeup like this looks horrible.






Fun & Info @ Keralites.net
 








Fun & Info @ Keralites.net
 









Fun & Info @ Keralites.net
 








Fun & Info @ Keralites.net
 








Fun & Info @ Keralites.net
 







Fun & Info @ Keralites.net
 









Fun & Info @ Keralites.net
 








Fun & Info @ Keralites.net
 








Fun & Info @ Keralites.net
 








--

ဖေဖေပြောတဲ့ ပုံပြင်.....


`` အံ့သြစရာကြီးနော်အဖေ ဆင်ကြီးကို ဂဠုန်ကြီးက ချီသွားတာ´´


`` အေးသား....အခုဒီကိစ္စကို မင်းနဲ့အဖေ နှစ်ယောက်စလုံးတွေ့တယ်၊ ဒါပေမဲ့ မင်းဘယ်သူ့ကိုမှ ပြန်မပြောနဲ့.....ကြားလား´´


`` အာ....အဖေကလဲ ဘာလို့လဲဗျ၊ တကယ်ချီသွားတာကြီးကို.....´´


`` မပြောနဲ့ဆို မပြောနဲ့ကွာ မင်းကို နောက်မှ ငါရှင်းပြမယ်၊ ဒီအတိုင်းရှင်းပြရတာ နဲနဲ ခက်နေတယ်၊ လူတွေ ယုံမှာ မဟုတ်ဘူး´´


``...................´´ သားဖြစ်သူမှာ မကျေနပ်၊ သူတို့သားအဖ ထင်းခွေသွားရင် ဒီဖြစ်ရပ်ကို အမှန်တကယ်တွေ့ခဲ့သည်၊ ဆင်အုပ်ကြီးရှိရာသို့ ဂဠုန်ငှက်ကြီး ပျံဆင်းလာပြီး ဆင်ကြီးတစ်ကောင်ကို ချီသွားသည်....သူများစွာအံ့သြခဲ့ရသည်။


                      သူရွာပြန်ရောက်တော့ မနေနိုင်.....သူငယ်ချင်းတစ်ယောက်ကို ပြောသည်......သူငယ်ချင်းကမယုံ အပြန်အလှန် ငြင်းကြ ခုန်ကြသည်၊ နောက်ဆုံး သူ့အဖေကို သွားမေးမည်ဟု သူတိုင်တည်သည်.......နွားတစ်ကောင်ကြေးလဲ လောင်းကြေးထပ်သည်၊ သူ့အဖေ ကိုတော့ ရွာကလူများ လေးစားသည်၊ မှန်ကန်သည်၊ သမာဓိရှိသည်ဟု.........



                      သူတို့နှစ်ယောက် သူ့အဖေထံရောက်သည်၊ ဆင်ကြီး ဂဠုန်ချီသော ကိစ္စကိုမေးသည် သူတော်တော်အံ့သြသွားသည်၊ သူ့အဖေသည် ရယ်မောလျှက်  `` ဘယ်က ဟုတ်ရမှာလဲကွာ.....ဒီကောင် ပေါက်ကရပြောနေတာ´´ ဟုပြောလိုက်သည်၊ သူအရမ်းစိတ်ဆိုး သည်၊  အမှန်တကယ် သားအဖနှစ်ယောက်လုံးတွေ့ခဲ့ပါလျှက်...သူ  နွားတစ်ကောင်ရှုံးပြီ၊ အဖေလုပ်ရက်သည်ဟု.........


                      `` သား မင်းသူငယ်ချင်းဆီသွားပြီး ငါ့အဖေ... တောပစ်ထွက်တာ မြှားတစ်ချက်ထဲနဲ့ သမင်ရဲ့ ခေါင်း၊ နားရွက်နဲ့ နောက်ခြေ တစ်ချောင်းကို  ထိတယ်......လို့သွားပြော......မယုံရင် နွားနှစ်ကောင်ကြေးလောင်းကွာ မင်း နိုင်စေရမယ်´´


                     `` ဟုတ်ရဲ့လားအဖေရာ....ကျွန်တော် မလုပ်ရဲဘူး အဖေ့ဟာက ဟုတ်လဲ မဟုတ်ဘဲနဲ့´´



                     `` သွားပါကွာ ....... မဟုတ်ပေမဲ့ အဖေတာဝန်ယူပါတယ်၊ မင်းနိုင်စေရမယ်´´ သူ့အဖေရဲ့ အာမခံကတိကြောင့် သူထွက် လာခဲ့သည်၊ အဖေသင်ပေးသည့်အတိုင်း သူနွားတစ်ကောင်ရှုံးသော သူငယ်ချင်းကို ပြောပြသည်၊ သူတို့  ငြင်းကြသည်၊  မယုံကြည် သဖြင့်  နွားနှစ်ကောင် လောင်းကြေးထပ်သည်။


                        နောက်တော့ သူ့ အဖေကိုမေးရန် ရောက်လာသည်..... သူ့အဖေက တည်ကြည်သော မျက်နှာဖြင့်  `` ဟုတ်တယ် ကွ မြှားတစ်ချက်ထဲ ပစ်လိုက်တာ သမင်ရဲ့ ခေါင်း၊ နားရွက်နဲ့ နောက်ခြေ တစ်ချောင်းကို  ထိသွားတယ်...... ဒီလိုကွ ငါက တောထဲမှာ သမင်ကိုချောင်းနေတာ သမင်က လှဲချလိုက်တယ် နောက်တော့ သူရဲ့ နောက်ခြေနဲ့ နားရွက်ကို ကုပ်နေတာ...ငါကဘေးကနေ ချောင်း  တာ ဆိုတော့ ပစ်လိုက်တာနဲ့  နောက်ခြေကနေ နားရွက်ကို ဖောက်ပြီး ခေါင်းထဲကို စိုက်သွားတာလေ... အဲဒီတော့ မြှားတစ်စင်းထဲနဲ့ သုံးချက်ထိသွားတာပေါ့လို့ ပြောလိုက်သည်၊ သူနွားနှစ်ကောင်နိုင်သွားသည်။ သူပျော်နေသည်။ သူ့အဖေက ဆက်ပြောသည်



``သား မှန်တိုင်း မပြောရဘူး၊ သဘာဝယုတ္တိရှိမှ လူတွေက လက်ခံတယ်၊ သဘာဝကျမှလဲ တိုးတက်နိုင်မယ်´´ တဲ့........ သူတန်ဘိုး မဖြတ်နိုင်သော  လူ့ဘ၀ ရပ်တည်မှု စနစ်တစ်ခုကို နားလည်ခဲ့ရသည်။



                        တစ်ခါက  ဖေဖေပြောပြသော သားအဖ ပုံပြင်သည် ယနေ့အထိ အသက်ဝင်နေသည်။


                        ဖေဖေပစ်လိုက်သောမြှားသည် သူရဲကောင်းများစွာကို ကျဆုံးစေနိုင်သည်.... စဉ်းစား ဝေဖန်ပိုင်းခြားခြင်းတည်း ဟူသော မြှားဖြစ်သည်ဟု သူခံယူလိုက်သည်။   ဖေဖေ၏ အမွေအဖြစ် ပုံပြင်ထဲက မြှားလေးအား သူရရှိခဲ့သည်၊ သူဖေဖေ့ကို ကျေးဇူး တင်ပါသည်........။

တနေ.တာ-------------လုပ်ဆောင်ချက်လေး

ရေများများသောက်ပါ

2. မနက်စာကို ဘုရင်လိုစား၊ နေ့လည်စာကိုတော့ မင်းသားလေးလိုစား၊ ညစာကိုတော့
သူတောင်းစားလို စားပါတဲ့။ (အားလုံး နားလည်ကြမှာပါနော်)

3. သစ်ပင်ပေါ်က ရတဲ့ ဟင်းသီး ဟင်းရွက်တွေကို များများစားပေးပါ၊

4. ဘ၀မှာ 3 E နဲ့ ရှင်သန် နေထိုင်ပါ — Energy, Enthusiasm နဲ့ Empathy
တို့ဖြစ်ပါတယ်။

5. တရားထိုင်ခြင်း၊ ယောဂ ကျင့်ခြင်း၊ ဘုရားရှိခိုးခြင်း တို့ကိုလည်း
ပြုလုပ်ပေးသင့်ပါတယ်။

6. ကစား ခုန်စားလည်း များများ ပြုလုပ်ပေးဖို့ လိုအပ်တယ်။

7. သင် 2008 ခုနှစ်မှာ ဖတ်ခဲ့တဲ့ စာအုပ်အရေအတွက်ထက် ဒီနှစ်မှာ
များများပိုဖတ်ပါ။

8. တစ်ရက်မှာ 10 မိနစ်လောက် ဆိတ်ဆိတ်နေကြည့်ဖို့ကိုလည်း ကြိုးစားကြည့်သင့်တယ်။

9. တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်သင့်ပါတယ်။ (ကျွန်မဆို 10
နာရီလောက် အိပ်တာ)

10. တစ်ရက်မှာ 10 မိနစ်ကနေ နာရီဝက်လောက်ထိ လမ်းလျှောက်သင့်ပါတယ်။
လမ်းလျှောက်နေစဉ်မှာလည်း မျက်နှာလေးကို ခပ်ပြုံးပြုံးလေး နေပေးရမယ်နော။
(အရူးလို့တော့ မထင်လောက်ပါဘူးနော်..: P)


Personality:

11. ကိုယ့်ဘ၀ကို သူများတွေနဲ့ မယှဉ်ပါနဲ့။ သူတို့ ဘာလမ်းကြောင်းကို
လျှောက်လမ်းနေတယ်ဆိုတာ သင် မသိနိုင်ဘူးလေ။

12. ကိုယ်မထိမ်းချုပ်နိုင်တဲ့ အရာတွေပေါ်မှာ မကောင်းမြင်စိတ်တွေ
မထားပါနဲ့။ အဲ့ဒါတွေကြောင့်လည်း စိတ်ဆင်းရဲ မနေပါနဲ့။ လက်ရှိ
ကိုယ့်မှာရှိနေတာလေးကို တန်ဘိုးထားပြီး ဒါတွေကိုပဲ ပိုကောင်းအောင်
လုပ်လိုက်ပါ။

13. အလုပ်တွေကိုလည်း အလွန် အကျွံ မလုပ်ပါနဲ့.. Limit တစ်ခုထိပဲ လုပ်တာ
ကောင်းပါတယ်။

14. ကိုယ့်ကိုကိုယ် သိပ်ပြင်းပြင်းထန်ထန်ကြီး မခိုင်းစေပါနဲ့။ ဘယ်သူမှလဲ
ဒါမျိုးမလုပ်ပါဘူး။ သက်တောင့် သက်သာလေးသာ အကောင်းဆုံး ဖြစ်ပါတယ်။

15. ကိုယ့်ရဲ့ တန်ဘိုးရှိတဲ့ စွမ်းအင်တွေကို အတင်းပြောခြင်းဖြင့်
မကုန်ဆုံးပါစေနဲ့။

16. အိပ်နေစဉ်မှာထက် နိုးနေချိန်တွေမှာ အိပ်မက် ပိုမက်ပါ။

17. မနာလို ၀န်တိုဖြစ်နေတာဟာ အချိန်ဖြုန်ခြင်း တစ်မျိုးပါပဲ။ သင့်မှာ
ရှိသင့်ရှိထိုက်တာတွေ အားလုံးရှိနေပါတယ်။

18. အတိတ်က ပြသနာတွေကို မေ့လိုက်ပါ့တော့။ ကိုယ့်ရဲ့ လက်တွဲဖော်၊
ကြင်ဖော်တွေမှာ အတိတ်က အရိပ်ဟောင်းတွေ ရှိနေရင်လည်း ပြန်မဖော်ပါနဲ့တော့။
ဒါတွေက လက်ရှိဘ၀ရဲ့ ပျော်ရွှင်မှုတွေကို ဖျက်ဆီးလိမ့်မယ်။

19. ဘ၀ဟာ သိပ်တိုတောင်းပါတယ်။ လူတစ်ယောက်ကို မုန်းဖို့ ဆိုတဲ့
အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခြားလူတွေကို မမုန်းပါနဲ့။

20. ပစ္စုပ္ပန်မှာ ပျော်ရွှင်ဖို့အတွက် အတိတ်တွေနဲ့ ငြိမ်းချမ်းရေး ရယူလိုက်ပါ။

21. ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေရဲ့ သခင်ဟာ ကိုယ်မှလွဲလို့ နောက်တစ်ယောက်
မဖြစ်နိုင်ပါဘူး။

22. ဘ၀ဆိုတာ ကျောင်းတော်ကြီး တစ်ခုဖြစ်တယ်။ သင်က အဲ့ဒီကျောင်းတော်ကြီးမှာ
ပညာသင်ရမယ့် ကျောင်းသားလေးပေါ့။ ပြသနာဆိုတာက သင်ရိုးညွှန်းတမ်း တစ်ခုရဲ့
အစိတ်အပိုင်းမျှသာ ဖြစ်တယ်။ အက္ခရာ သင်္ချာတွေကို တွက်ချက်သလို
ဖြေရှင်းနိုင်သွားမှာပါ။ အဲ့ဒါတွေရဲ့ သင်ခန်းစာကတော့
သင့်ဘ၀တစ်လျှောက်လုံးအတွက် အရေးပါနေမှာပေါ့။

23. များများပြုံးပါ၊ များများရီပါ။

24. အငြင်းအခုံတွေတိုင်းမှာ သင်ချည်းပဲ အနိုင်ရနေမှာ မဟုတ်ဘူး။ သင်
သဘောမတူတာတွေကို သဘောတူအောင် ကြိုးစားကြည့်လိုက်ပါလား။


Society:

25. သင့်မိသားစုနဲ့ မကြာခဏ ဖုန်းပြောပါ။ အဝေးရောက်နေတယ်ဆိုရင်ပေါ့။
တူတူနေတယ်ဆိုရင်တော့ နွေးထွေးတဲ့ ဆက်ဆံရေးလေးဖြစ်အောင် တည်ဆောက်ပါ။

26. အများသူငှာအတွက် ကောင်းမှုတစ်ခု နေ့စဉ်ပြုကြည့်ပါ။

27. လူတိုင်းကို အရာအားလုံးအတွက် ခွင့်လွတ်တတ်ဖို့ ကြိုးစားကြည့်ပါ။
(သိပ်စိတ်ချမ်းသာစရာကောင်းတယ် ကိုယ်တွေ့ပါပဲ)

28. အသက် 70 ကျော် ဘိုးဘိုး ဘွားဘွားတွေ၊ အသက် 6 နှစ်အောက် ကလေးတွေနဲ့
အချိန်များများ ပိုဖြုန်းပါ။

29. တစ်နေ့မှာ လူသုံးယောက်လောက်ကို ကိုယ့်ကြောင့် ပြုံး ရီ သွားအောင်
ကြိုးစားကြည့်ပါလား။

30. တစ်ခြား သူတွေ သင့်ကို ဘာပဲ ထင်ထင်။ ဒါသင့်အလုပ် မဟုတ်ဘူး။

31. သင့်ရဲ့ အလုပ်က သင်နေမကောင်းဖြစ်နေချိန်မှာ သင့်ကို လာပြုစုမှာ
မဟုတ်ဘူး။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကသာ သင့်အနားမှာ
ရှိနေကြလိမ့်မယ်။ သူတို့တွေနဲ့ များများ ထိတွေ့နေဖို့ လိုအပ်တယ်။


Life:

32. မှန်ကန်တဲ့ အရာကိုသာ လုပ်ပါ။

33. အသုံးမ၀င်တဲ့၊ နှစ်လိုဖွယ်မရှိတဲ့၊ ကြည်နူးဖွယ် မကောင်းတဲ့
အရာမှန်သမျှကို သင့်စိတ်ထဲက ထုတ်ပစ်လိုက်ပါ။

34. ဘုရား သခင်က အရာအားလုံးကို စောင့်ရှောက်လိမ့်မယ်။

35. ကောင်းတာပဲ ဖြစ်နေဖြစ်နေ၊ ဆိုးတာပဲ ဖြစ်နေ ဖြစ်နေ မမြဲပါဘူး။ အမြဲ
ပြောင်းလဲနေမှာ ပါပဲ။

36. ကိုယ်ဘာတွေပဲ ခံစားနေရ နေရ၊ ကိစ္စ မရှိပါဘူး။ ကဲ… လာ သွားစို့..
အလှပြင်လိုက်၊ ရှိုးထုတ်လိုက်။ ပျော်ပျော်နေရမှာပေါ့။

37. အကောင်းဆုံးတွေဆိုတာ ဖြစ်လာအုံးမှာပါ။

38. နံနက်တိုင်းမှာ အသက်ရှင် အန္တရာယ် ကင်းပြီး နိုးထလာတာတိုင်းအတွက်
ဘုရားသခင်ကို ကျေးဇူးတင်လိုက်ပါ။

39. ကိုယ့်ရဲ့ အတွင်း စိတ်သန္တန်ဟာ အမြဲပျော်ရွှင်နေရမယ်။ ဒါကြောင့်
ပျော်ပျော်သာနေပါ။

for lover

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About