လူကောင်းတစ်ယောက်ရဲ့ဘ၀မှာ အကောင်းဆုံးအစိတ်အပိုင်းဆိုတာ မကြီးကျယ်တဲ့၊ အမည်မဖော်တဲ့၊ အမှတ်တရပြုမနေတဲ့ အကြင်နာ မေတ္တာအပြုအမူလေးများပါ။
ကိုယ့်ဆန္ဒ၊ ကိုယ့်အတ္တအတိုင်း တစ်ဖက်သားကို အရုပ်တစ်ခုလို ပုံသွင်းချင်တာ မေတ္တာမှမဟုတ်ဘဲ။
လူတစ်ယောက်ကို သံယောဇဉ်နဲ့ သတိရနေတဲ့အချိန် ကိုယ့်စိတ်ကိုယ်စစ်ကြည့်။ ပူလောင်နေတယ်၊ တင်းကျပ်နေတယ်၊ မလွတ်လပ်တော့ဘူး။ လူတစ်ယောက်ကို သံယောဇဉ်နဲ့ သတိရနေတာဟာ အဲဒီလူရဲ့ရှေ့မှောက်မှာ ဒူးထောက်လက်မြှောက်ပြီးတော့ အရှုံးပေးလိုက်တာနဲ့အတူတူပဲ။
မိုက်နေပါလျက်နဲ့ မိုက်မှန်းမသိရင် ဘယ်တော့မှကောင်းမလာနိုင်တော့ပါဘူး။
မျက်စိရှေ့မှာ ရှိနေပေမယ့် စိတ်ထဲမှာမရှိရင် နီးလျက်ဝေးနေပါတယ်။ မျက်စိရှေ့မှာမရှိပေမယ့် စိတ်ထဲမှာရှိနေရင် ဝေးလျက်နီးနေပါတယ်။ မျက်စိရှေ့မှာ ရှိဖို့ထက် စိတ်ထဲမှာရှိဖို့က ပိုအရေးကြီးပါတယ်။
နားလည်မှုအပြည့်ပါတဲ့ အချစ်သာရှိနေရင် စိတ်ထဲမှာ အမြဲရှိနေမှာပါ။
ပကတိတံတားက အရပ်ဒေသတွေကို ဆက်သွယ်ပေးတယ် မေတ္တာတံတားက နှလုံးသားတွေကို ပေါင်းကူးပေးတယ်၊ မေတ္တာစိတ်ကိုယ်စီနဲ့ သတိရနေကြမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ဝေးဝေး နီးနီးလေးပါပဲ။
အိမ်ထောင်ပြုတော့မယ်ဆိုရင် ငါသူနဲ့ တစ်သက်လုံးစကားပြောနိုင်မလားဆိုတာ အရင်စဉ်းစားပါ။
ချစ်တယ်ဆိုရင် သူ့ကိုဘယ်သူနဲ့မှ မနှိုင်းတာအကောင်းဆုံးပဲ။ နှိုင်းယှဉ်ပြီးတော့တွေးတာနဲ့ စိတ်ချမ်းသာမှု မရတော့ဘူး။ မြင်ရတဲ့အခါမပျော်တော့ဘူး။
တဖတ်သားကိုလေးစားမှုမရှိဘဲ စေတနာကောင်းတယ်ဆိုတာ မဖြစ်နိုင်ဘူး။
တကယ်မေတ္တာစစ်မှန်သွားရင် ကိုယ့်အတွက် ဘာအကောင်းဆုံးလဲလို့တွေးတာမဟုတ်ဘူး။ သူ့အတွက် ဘာအကောင်းဆုံးဖြစ်မလဲဆိုတာကို တွေးပြီး အဲဒါကိုလိုလားတယ်။
ဘ၀အတွက်လိုအပ်တဲ့သဘောထားလေးတွေပါ
Related Posts
Subscribe to:
Post Comments
(
Atom
)
kothu1987@gmail.com. Powered by Blogger.
0 comments:
Post a Comment