Prepare for CCNA Exam
CCNA ဖြေဖို့ကြိုးစားနေတဲ့ သူငယ်ချင်းများအတွက် ဒီ Post ကိုဝေမျှလိုက်ပါတယ်။
CCNA ဖြေဖို့အတွက် လိုအပ်တဲ့ Software တွေကတော့
1. Cisco Packet Tracer
2. Visual CertExam Suite တို့ပဲဖြစ်ပါတယ်။
အထက်ပါ Software တွေရပြီဆိုရင်တော့ လေ့လာစရာ Study Guide Book, Website နဲ့ Questions & Answers အတွက် vce File ပဲလိုပါတော့တယ်။
Study Guide Book ကိုတော့ ဒီနေရာကနေ ရယူလိုက်ပါ။
Simulation နဲ့ Simulation Questions & Answers အတွက်လေ့လာသင့်တဲ့ Website ကတော့ ဒီမှာပါ။
Questions & Answers အတွက်ဆိုရင်တော့ ဒီနေရာကနေ ရယူလိုက်ပါ။
CCNA နဲ့ ပတ်သက်ပြီး သင်တန်းတက်ရောက် ပြီးသားသူတွေဆိုရင်တော့ အထက်မှာဖော်ပြပေးထားတဲ့ Software တွေနဲ့ Exam Material တွေပြည့်စုံပြီဆိုရင်တော့ စာမေးပွဲဖြေဖို့အတွက် စာစကြည့်လို့ရပါပြီ။ တစ်ကယ်လို့ သင်တန်းတက်ရောက် ထားခြင်းမရှိဘူးဆိုရင်တော့။ Video Training တွေလိုအပ်ပါလိမ့်မယ်၊ Video Training ထဲမှာတော့ CBT Nuggets ရဲ့ Training ကတော်တော်လေးကောင်းပါတယ်။ Network နဲ့ပတ်သက်ပြီးအခြေခံမရှိ သေးတဲ့သူတွေတောင် CBT Nuggets ကို ၂ခေါက်၊ ၃ခေါက်လောက် သေသေချာချာကြည့်လိုက်တာနဲ့ နားလည်လာနိုင်ပါတယ်။ Trainer ပြောတဲ့ English ကလဲ အရမ်းခက်ခဲတဲ့ အသုံးအနှုန်းတွေ မပါသလို၊ စကားပြောတာကလဲ အရမ်းမမြန်ပါဘူး။
Training Video ကို Online ကနေ Share ပေးချင်ပေမဲ့ Connection အခြေအနေကြောင့် ဘယ်လိုမှ Share လို့အဆင်မပြေဘူးဖြစ်နေလို့ပါ။ Training Video ကိုလိုချင်တဲ့ ရန်ကုန်က သူငယ်ချင်းတွေကတော့ ကျွန်တော့ဆီကို လာယူလို့ရပါတယ်။
CCNA စာမေးပွဲကိုဖြေဖို့ အတွက် CCNA နဲ့ပတ်သက်တဲ့ စာတွေကိုလေ့လာပြီးပြီဆိုရင်တော့ Exam Collection ထဲကိုသွားပြီးတော့ မေးခွန်းကို Download လုပ်ယူလိုက်ပါ။ အဲ့လို Download လုပ်ယူတော့မယ်ဆိုရင် တော့ဘယ်မေးခွန်းကို ဘယ်သူတွေက ဘယ်လို Comment ပေးထားတယ်ဆိုတာကို အရင်ဆုံးလေ့လာကြည့်ရမှာဖြစ်ပါတယ်။ အဲ့လို လေ့လာကြီးပြီး အများစုက recommend ပေးထားမဲ့ အဲ့ဒီမေးခွန်းကို လေ့လာပါ။
မေးခွန်းတွေကို လေ့လာတဲ့အခါမှာ A,B,C,D စတဲ့ Answer Senior တွေကို အလွှတ်မကြည့်ပါနဲ့။ မေးခွန်းကို ကျက်မယ်ဆိုရင်တောင် အဖြေအပြည့်အစုံကိုပဲ ကျက်မှတ်ပါ။ ဘာလို့လဲဆိုတော့ စာမေးပွဲဖြေတဲ့အခါမှာ အဖြေတွေက ကိုယ်ကြည့်ထားတဲ့ မေးခွန်းထဲကအတိုင်း Senior အလိုက်အလာပါဘူး။ မေးခွန်းတွေကို လေ့လာလို့ (သို့) ကျက်မှတ်လို့ပြီးပြီဆိုရင်တော့ www.9tut.com ကိုသွားပြီးတော့ Simulation တွေကို Download လုပ်ယူပြီး လေ့လာရမှာဖြစ်ပါတယ်။ မေးခွန်းတွေကိုပဲ ကြည့်သွားပြီး Simulation ကိုလုံးဝမဖြေဘူးလို့တော့ အစဉ်းစားကျပါနဲ့ ဘာလို့လဲဆိုတော့ Simulation ကအနဲဆုံး (၄)ပုဒ်ပါပါတယ်။ တစ်ပုဒ် ကိုအမှတ် ၁၀၀ ၀န်းကျင်လောက် ပေးတယ်လို့ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် Simulation တစ်ပုဒ် မဖြေနိုင်လိုက်တာ အမှတ် ၁၅၀ လောက်လျော့သွားလို့ပါ။
Simulation မှာ ၂ မျိုးရှိပါတယ်။
ပထမအမျိုးအစားက Configuration Simulation ပါ။ မေးခွန်းမှာပေးထားတဲ့ အတိုင်း ကိုယ်ကိုယ်တိုင် Configure လုပ်ရတာမျိုးပါ။ (ဥပမာအားဖြင့် - Access List Simulation 2)
ဒုတိယအမျိုးအစားက Simulation Question & Answer ပါ။ သူတို့မေးထားတဲ့ မေးခွန်းတွေကို ဖြေဖို့အတွက် Show command ကိုအသုံးပြုပြီး လိုက်ရှာရတာမျိုးပါ။(ဥပမာအားဖြင့် - VTP Simulation)
နောက်ဆုံးတစ်ချက်အနေနဲ့ သတိထားရမှာက CCNA စာမေးပွဲ ဖြေချိန်က ၁၄၀ မိနစ်ပါ၊ ဖြေဆိုရမဲ့ မေးခွန်းက ၅၀ပုဒ်ကျော်ပါ၊ အောင်မှတ်ကတော့ ၈၂၅မှတ်ကျော်မှ အောင်မှာပါ။ မေးခွန်းတွေကို ဖြေတဲ့အခါမှာလဲ ဖြေပြီးလို့ Next ကိုနှိပ်လိုက်ပြီးရင် ပြန်ပြင်လို့မရသလို ပြန်ကြည့်ခွင့်လဲ မရှိပါဘူး။ ဒါကြောင့်မို့ စာမေးပွဲဖြေနေတဲ့အချိန်မှာ စိတ်အေးအေးထားပြီးတော့ အဖြေကိုသေချာစဉ်းစားပြီးရွေးပါ။ ရွေးပြီးလို့ Next ကိုနှိပ်လိုက်ပြီးရင်တော့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးသလိုပါပဲ။
CCNA ဖြေဆိုသူအားလုံး အောင်မြင်ကျပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Online ကနေ ပိုက်ဆံရှာ

- ပထမဆုံး အောက်ဆုံးမှာ ပြထားတဲ့ ဒေါ်လာပုံလေး (သို့) ၀ဘ်ဆိုက် ညာဖက်ခြမ်းက ဒေါ်လာပုံ ကို နှိပ်လိုက်ရင် ၀ဘ်ဆိုက် တစ်ခုကို ရောက်သွား ပါလိမ့်မယ်.
- အဲ့ဒီ့မှာ သူက အကောင့် တစ်ခု လုပ်ဖို့ သူကပြော ပါလိမ့်မယ်.
- အကောင့် မလုပ်ခင် megaupload, hotfile, megashares, fileserve. Mediafire. Depositefiles, Filefactory, Uploading စတဲ့ file hosting server နာမည်တွေကို ပြထားပါ့မယ်. မိမိလိုချင်တဲ့ hosting ကို ရွေးပေးပါ. ကျွန်တော်ကတော့ ကျွန်တော့်မှာ မရှိသေးတဲ့ fileserve ကို ရွေးပေးလိုက်ပါတယ်.
- ရွေးပြီးတာနဲ့ အောက်ဆုံးလောက်မှာ Sign up Now! ဆိုတဲ့ အနီရောင် စာတမ်းအောက်မှာ မိမိ email လိပ်စာရိုက်ထည့်ပေးလိုက်ပါ. ပြီးတာနဲ့ I agree to the terms and conditions. ကို အမှန်ခြစ်ပေးလိုက်ပါ.
- အကောင့် လုပ်ပြီးတာနဲ့ မိမိရဲ့ မေးလ်ထဲကို activate link ပို့ပေးပါလိမ့်မယ်. အဲ့ဒီ့အခါ ပို့ပေးတဲ့ activate link ကို နှိပ်ပေးလိုက်ပါ. activate ဖြစ်ပြီဆိုတာနဲ့ မိမိလုပ်ထားတဲ့ email address နဲ့ password ကို ရိုက်ပြီးဝင်လိုက်ပါ.
- password က ကြိုက်တဲ့ password ပေးလို့ရပေမယ့် email ကိုတော့ မှန်မှန်ကန်ကန် ထည့်ပေးရပါလိမ့်မယ်. မဟုတ်ရင် activate link ရောက်လာမှာ မဟုတ်ပါဘူး.
- အခုအပေါ်မှာ ပြထားတဲ့ ပုံအတိုင်း ကြိုက်ရာတစ်ခုကို နှိပ်ခိုင်းပါလိမ့်မယ်.
- ကျွန်တော့်တုန်းက အပေါ်ဆုံးက တစ်ခုကို နှိပ်လိုက်ပါတယ်.
- အဲ့ဒါနှိပ်ပြီးရင် register လုပ်ခိုင်းပါလိမ့်မယ်. register လုပ်လိုက်ပါ.
- လုပ်ပြီးပြီးချင်း ပြီးဆုံးသွားပြီဆိုရင် mail ထဲကို activate link တစ်ခု ပို့ပေးပါလိမ့်မယ်. အဲ့ဒီ့ link ကို နှိပ်ပေးလိုက်တာနဲ့ activate ဖြစ်သွားပါပြီ. active ဖြစ်သွားပြီး အဲ့ဆိုက်ထဲကိုရောက်သွားပြီဆိုတာနဲ့ 5$ ချက်ချင်းရမှာ ဖြစ်ပါတယ်.

ယောင်္ကျားလေးတွေ ရည်းစားများများထားတာက.
မျက်နှာအနေအထားလေးပါ
တွေးနည်း ပဒေသာ
သင်ဟာ တောအုပ်တစ်ခုထဲကို လမ်းလျှောက်သွားနေတယ်။တစ်ယောက်တည်း သွားတာမဟုတ်ဘူး။ သင့်မှာ အဖော်ပါတယ်။ ဘယ်သူနဲ့ သွားနေတာလဲ။ ဘယ်သူနဲ့သွားချင်နေတာလဲ။
သင်ဟာ တောအုပ်ထဲကိုသွားနေတုန်း တိရစ္ဆာန်တစ်ကောင်နဲ့တွေ့တယ်ဆိုပါစို့။ သင်တွေ့တဲ့တိရစ္ဆာန်က ဘယ်လိုအကောင်မျိုးဖြစ်မလဲ။
အဲဒီတိရစ္ဆာန်နဲ့တွေ့တဲ့အခါသင့်ကို ဘယ်လိုမျိုး လုပ်မလဲလို့ထင်လဲ။
တောအုပ်ထဲကို သင်ဆက်သွားတယ်။ သွားရင်းသွားရင်း သင်အိပ်မက်ထဲက တောင့်တမျှော်လင့်ခဲ့ဖူးတဲ့ သင်နေချင်တဲ့ အိမ်ပုံစံမျိုးတွေ့ရတယ်။ အဲဒီ့အိမ်ဟာ ဘယ်လောက်ထိကြီးလဲ။
သင့်အိမ်မက်ထဲက တွေ့ရတဲ့အိမ်ဟာ ခြံစည်းရိုးခတ်ထားလား။အိမ်ထဲ ၀င်လိုက်တော့ ထမင်းစားခန်းတွေ့ရတယ်။ ထမင်းစားခန်းထဲမှာ စားပွဲတစ်လုံးတွေ့ရတယ်။စားပွဲပေါ်မှာ ဘာတွေရှိလဲ။
အိမ်ထဲ ဆက်ဝင်သွားရင်းနောက်ဖေးပေါက်ကနေ သင်ပြန်ထွက်လာခဲ့တယ်။ မြက်ခင်းပေါ်မှာခွက်တစ်လုံး ချထားတာ တွေ့ရတယ် ဆိုပါစို့၊ အဲဒီခွက်ဟာ ဘာနဲ့လုပ်ထားလဲ။
အဲဒီခွက်ကို သင်ဘာလုပ်မလဲလို့ စိတ်ကူးလဲ။
သင်ဟာ ချောင်းလေးတစ်ခုကိုထပ်တွေ့တယ်ဆိုပါစို့။ ဘယ်လိုချောင်းလေးလဲ၊ ဘယ်လောက်ကြီးလဲ၊ ရေစီးဘယ်လောက်သန်လဲ။
အဲဒီ့ချောင်းလေးကို သင်ဘယ်လိုကူးမလဲ။
အဖြေများ
သင်နဲ့တွဲလျှောက်တဲ့သူ၊ တွဲလျှောက်ချင်တဲ့သူဟာ သင့်ဘ၀မှာအရေးအကြီးဆုံးသူတစ်ယောက်ပဲဖြစ်ပါတယ်။
တိရစ္ဆာန်ရဲ့ အကြီး၊ အသေးပမာဏဟာ သင်ကြုံတွေ့နေရတဲ့ပြဿနာရဲ့ အတိမ်၊ အနက်ကိုညွှန်းဆိုပါတယ်။
တိရစ္ဆာန်နဲ့ ဘယ်လိုဆက်ဆံသလဲ၊ ဘယ်လိုပြုမူသလဲဆိုတာကပြဿနာအပေါ် ဘယ်လိုတုံ့ပြန်သလဲဆိုတာကို ညွှန်းပါတယ်။
သင့်ရဲ့အိမ်မက်ထဲကအိမ်ရဲ့အကြီး၊ အသေးပမာဏဟာ သင့်ရည်မှန်းချက်ရဲ့ အကြီး၊ အသေးကိုညွှန်းပါတယ်။
ခြံစည်းရိုးမခတ်ထားတာဟာ သင်ဟာ လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ ပွင့်လင်းတတ်သူတစ်ဦး၊လူတိုင်းနဲ့ ဖော်ရွှေခင်မင်တတ်သူတစ်ဦးဖြစ်ကြောင်းညွှန်းဆိုပြီး
ခြံစည်းရိုးခတ်ထားတယ်ဆိုရင်တော့သင်ဟာ အလွယ်တကူနဲ့ ခင်မင်မိတ်ဆွေဖြစ်လွယ်တဲ့သူမဟုတ်ကြောင်းညွှန်းဆိုပါတယ်။
တကယ်လို့ သင့်အဖြေမှာ အစားအသောက်၊ လူတွေ၊ ပန်းတွေမပါခဲ့ဘူးဆိုရင် သင်ဟာ အခုအချိန်မှာ ပျော်ရွှင်မှုနည်းပါးနေတယ်လို့ဆိုရပါလိမ့်မယ်။
သင်ပြောလိုက်တဲ့ ဖန်ခွက်ရဲ့သတ္တုခံနိုင်ရည်စွမ်းအားဟာ သင်နံပါတ်တစ်ကဖြေခဲ့တဲ့ လူနဲ့ပတ်သက်ပြီး ဆက်ဆံရေးမှာ ခံနိုင်ရည်ဘယ်လောက်ရှိတယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဥပမာ-ပလတ်စတစ်၊စာရွက်၊ ဖန်ခွက်၊ စာရွက်၊ ဖန်ခွက်အဲဒါ့တွေဟာ ခံနိုင်ရည်ရှိတဲ့ဟာတွေမဟုတ်ပါဘူး။ ပလတ်စတစ်နဲ့ သံသတ္ထုတို့ကတော့ ခံနိုင်ရည်ရှိတဲ့ဟာတွေ ဖြစ်ပါတယ်။
ဖန်ခွက်ကို ဘာလုပ်မလဲဆိုတာက နံပါတ်တစ်က သင့်ဘ၀ရဲ့အရေးအကြီးဆုံးပုဂ္ဂိုလ်နဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားရှိတယ်ဆိုတာကို ညွှန်းနေပါတယ်။
သင့်ရဲ့ လိင်စိတ်ပမာဏကိုညွှန်းဆိုပါတယ်။
ဖြတ်ကူးတဲ့အခါမှာ ရေဘယ်လောက်စိုသလဲဆိုတဲ့အပေါ်မူတည်ပြီး သင့်ဘ၀မှာ လိင်စိတ်ဟာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို ညွှန်းဆိုပါတယ်။ပြုံးပျော်ရွှင်နိုင်ကြပါစေသား….
အောင်ခြင်းရှစ်ပါး
နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။
ယောဇိနော=အကြင်ငါးမာရ်ပယ်ဘိ ဂုဏ်သတ္တိကြောင့် ဇိနအမည် ရွှေဘွဲ့တော်ချီအပ်သော မြတ်စွာဘုရားသည်။
၁။ မာရံ=ယူဇနာတရာ့ငါးဆယ် အံ့ဖွယ်ကြီးဘိ ဂိရိမေခလာ မည်သာတွင်ခြင်း နတ်ဆင်မင်းထက် စီးနင်းတက်၍ ကြောက်မက်ဖွယ်သာ စစ်ဗိုလ်ပါနဲ့ ၀ဲယာစီယှက် လက်ရုံးတထောင် ဖန်ဆင်းဆောင်၍ နိုင်ယောင်စစ်ထိုး ကျော်လွံ့ဟိုးသား တန်ခိုးတောက်ပ တေဇထန်ပြင်း မာရ်နတ်မင်းကိုလည်းကောင်း။
မာရ်နတ်မင်းကို အောင်တော်မူပုံ
၂။ ယက္ခံ=စွယ်ရှည်ငေါငေါ မြင်သူမောမျှ နက်ကျောနီကျင် မွေးမျှင်မုတ်ဆိတ် ဖွားလျားမြိတ်သား လန့်ထိတ်ဖွယ်သာ ကြီးဧရာနှင့် သင်္ချာမြားမြောင် လေးထောင်သုံးရာ နှစ်ဆယ်သာအောင် များစွာလူသား နေ့တိုင်းစားသည့် စွမ်းအားကြီးလှ အာဠာဝကတွင်ခြင်း ဘီလူးမင်းကိုလည်းကောင်း။
အာဠာဝက ဘီလူးမင်းကိုအောင်တော်မူပုံ
၃။ ဂဇံ=ဆယ့်ခြောက်မောင်းအိုး ဖြိုးဖြိုးပြည့်နှက် သေအရက်ကို တိုက်လျက်ထန်ပြင်း နင်းစိမ့်ရည်မှတ် ဒေ၀ဒတ်တို့ တိုက်လွှတ်သောအား ဘုရားမြတ်စွာ ဆွမ်းခံရာ၌ ပက်ပါဦးတည် စူးစူးရည်၍ သတ်မည်ဧကန် အမြန်ပြေးလာ သံဆိုးစွာဖြင့် နာဠာဂီရိ မည်ရှိခေါ်တွင် မင်းစီးဆင်ကိုလည်းကောင်း။
နာဠာဂီရိ ဆင်ကိုအောင်တော်မူပုံ
၎။ စောရံ=သုံးယူဇနာ ရှည်စွာချင့်မှန်း ခရီးလမ်းကို မပန်းမဟိုက် မရှိုက်လျင်ပြင်း တဟုန်ခြင်းဖြင့် ပြေးနင်းစွမ်းနိုင် ပြိုင်သူဘက်ရှား လူအများကို ဓားလှံစွဲကာ ဖမ်းသတ်ကာလျှင် ယူခါလက်ညှိုး ကြိုးဖြင့်သီရုံး ပန်းကုံးအသွင် လည်ဝယ်ဆင်သောကြောင့် အင်္ဂုလိမာလ မည်ရတွင်ပြီး သူခိုးကြီကိုလည်းကောင်း။
အင်္ဂုလိမာလ ကိုအောင်တော်မူပုံ
၅။ စိဉ္စမာနဉ္စ=ပရိသတ်အား မြတ်ဘုရားလျှင် တရားဟောကာ နေစဉ်ခါ၌ သေချာပြေပြစ် ပတ်ရစ်ဖွဲ့နှောင် ကိုယ်ဝန်ဆောင်၍ ဘုန်းခေါင်လူ့ဖျား ကျွန်မအားကို ပြစ်မှားပြီးခါ ဘယ့်ကြောင့်သာလျှင် အိပ်ရာမပြင် သူတော်စင်သို့ မမြင်သော့ထွေ ဣနြေ္ဒနှင့် နေသနည်းဟု အမှုဖွေရှာ စွပ်စွဲလာသော စိဉ္စမာမည်ထုတ် မိန်းမယုတ်ကိုလည်းကောင်း။
စိဉ္စမာန မိန်းမယုတ်ကိုအောင်တော်မူပုံ
၆။ သစ္စကံ=၀ါဒတထောင် အာဂုံဆောင်၍ ဂုဏ်ရောင်လွှားပ မိုက်မာနကြောင့် အနိစ္စအနတ္တ သင်္ခါရကို နိစ္စအတ္တာ ထပ်၍သာလျှင် မြတ်စွာရှင်စော တရားဟောလည်း သဘောမကျ မှားလေစွဟု ရှုတ်ချခါခါ ပြစ်တင်လာသော မိစ္ဆာယူကြိုက် ပရိဗိုဇ်သစ္စက ကူဋဒန္တကိုလည်းကောင်း။
သစ္စက ပရိဗိုဇ်ကိုအောင်တော်မူပုံ
၇။ နာဂံ=လေးလျံရောင်စို တောင်မြင်းမိုရ်ကို ကိုယ်ဖြင့်ခုနစ်ထပ် ရစ်ပတ်ကာလွှမ်း တတ်နိုင်စွမ်းသော ကြမ်းထန်းခက်ထန် မျက်စောင်းမာန်နှင့် ပဌမံအာလိန္ဒ နေသမျှတလွှား နတ်နဂါးကို ပိုင်ကာစိုးရ တန်ခိုးပြသည့် နန္ဒောပနန္ဒတွင်ခြင်း နဂါးမင်းကိုလည်းကောင်း။
နန္ဒောပနန္ဒ နဂါးမင်းကိုအောင်တော်မူပုံ
အဇိနိ=တန်ခိုးဉာဏ်ရှိန် ၀ရဇိန်စက်မြတ် အတုလွှတ်ဖြင့် မချွတ်အောင်တော်မူလေပြီ။
တံ တေဇသာ=ထိုသို့အောင်ခြင်း တရားမင်း၏ ထွန်းဝင်းတေဇော် အာနုဘော်ဖြင့်။
မေ=အကျွန်ုပ်အား။
ဇယျမင်္ဂလံ=ရောဂါဘေးဒဏ် ရန်မာန်ခပင်း စိုးရိမ်ခြင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။
ဟောတု=စင်စစ်မသွေ ဖြစ်ပါစေသတည်း။
Archive
Blog Archive
Recent
Comment
Label
My Blog List
Blogger templates
Pages
Blogger news
About
About Us
Popular Posts
-
Funny Locks No-Common-Sense Locks This is a collection of scary-looking locks that show how some people forget to use common sense when...
-
အကျင့်စရိုက် ဒါဟာ တစ်ကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ ပုံပြင်တစ်ပုဒ်ဖြစ်တယ်။ လူသားမိန်းကလေးတစ်ယောက်ကို လူတွေ ရှာတွေ့ခဲ့ချိန်မှာ သူဟာ လူတွေလို ခြေထောက်နှ...
-
National Pigeon Association hold one of the largest pigeon show in the United States of America. Last year, the Grand National was held in U...
-
SPRING….like you’ve never seen it before ! Keukenhof – know as the Garden of Europe“ is the one of the best places to view the abundanc...
-
HOW DID THEY GET IN THERE? HOPEFULLY IT WILL NEVER HAPPEN AGAIN
-
If you solve the problem, no need to worrying, But You can not solve the problem , what is the use of worryin...
-
ခု ရင်နှင်းပြောပြမယ့်နည်းက ရှေးထဲက အီဂျစ်တွေသုံးနေတဲ့နည်းလေးပါ။ ခန္ဓာကိုယ်က မလိုလားအပ်တဲ့အမွှေးအမျှင်တွေကို သဘာဝပစ္စည်းတွေကို ...
Labels
- ရင်းတွင်းစာ (303)
- ဟာသလေးများ (1)
statistics
