ပစ္စည်းဥစ္စာ ပကာဓနတွေ မလိုပါဘူး။ ဆံဖြူသွားကျိုးတဲ့ အထိ ဘ၀လမ်းဆုံးထိ ကြင်ကြင်နာနာနဲ့ ချစ်မဲ့ အချစ်။
တယောက်လက်ကိုတယောက် တင်းတင်းဆုတ်ကိုင်လို့ လူ့ဘ၀ရဲ့ ကန့်လန့်ဖြတ်မျဉ်း (ခယောင်းတောလမ်း) တွေကို အတူတူဖြတ်ကျော်မဲ့ အချစ်။
မောင်တထမ်း မယ်တရွက် ဆိုးတူ ကောင်းဖက် တာဝန်နဲ့ အချစ်တွေကို ဝေမျှကြတဲ့ အချစ်။
အချစ်ကို လိုက်ရှာစရာ မလိုပါဘူး။ လိုက်တောင်းခံနေ စရာလည်း မလိုပါဘူး။ ကြည့်တတ်ရင် ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ဘေးမှာ အချစ်တွေဟာ လုံလုံ လောက်လောက် ရှိနေပြီးသားပါ။
တခါတလေ အချစ်မရှိတော့ဘူးလို့ ထင်နေတဲ့ လောကကြီးကို မျက်စိစုံမှိတ်ပြီး ခဏတာလောက် လျှစ်လျူရှူလိုက်ချင်တယ်။ဒါပေမဲ့ မမြင်ချင်လို့ မျက်စိကိုဇွတ်မှိတ်ထားလဲ နာကျင်နေတဲ့ အသဲရဲ့ ငိုညည်းသံကိုတော့ ကြားနေရတယ်။
အချစ် ရှိသေးရဲ့လား....
မသာယာတဲ့ မိသားစုက မွေးဖွားလာတဲ့ ကလေးတွေ အတွက် ဒီလောကကြီးမှာ “အချစ်” ရှိသေးတယ် ဆိုတာ ခံစားဖူးကြပါ့မလား။
0 comments:
Post a Comment