စိတ်အာဟာရလေးတွေပါ.

-သဲကို လက်နဲ့တင်းတင်းဆုပ်ကိုင်ရင် လက်ကြားထဲကနေထွက်ကျကုန်လို့နည်းနည်းပဲလက်ထဲမှာ ကျန်မယ်။ လက်နဲ့တင်းတင်းမဆုပ်ဘဲ လက်ခုပ်ထဲမှာပဲထားရင် လက်ခုပ်ထဲမှာဆန့်သလောက် ရှိနေမယ်။ အဲဒီလိုပဲ လူတွေကို ဆက်ဆံတဲ့အခါ တင်းလွန်းရင် လွတ်ထွက်သွားမယ်။ ကိုယ်နဲ့ဝေးရာကိုသွားလိမ့်မယ်။ ဆက်ဆံရေးပျက်သွားမယ်။ လေးလေးစားစား လွတ်လပ်ခွင့်ပေးပြီး ဆက်ဆံပါ။ အဲဒီလို ဆက်ဆံရေးဟာ ရေရှည်မြဲမယ်။ စိတ်ချမ်းသာမှုလည်းရမယ်။
-အခွင့်အရေးနည်းနည်းရဖို့လွတ်လပ်မှုကို အဆုံးရှုံးခံတဲ့သူဟာ မကြာခင်မှာ အခွင့်အရေးလည်း ဆုံးရှုံးသွားမယ် လွတ်လပ်မှုလည်း ဆုံးရှုံးသွားမယ်။
-လွတ်လပ်ပြီးတော့ ပညာမဲ့တာဟာ အန္တရာယ်များတယ်။ ပညာတတ်ပြီးတော့ မလွတ်လပ်တာက အသုံးမ၀င်ဘူး။
-သူများလက်ထဲကို ကိုယ့်ဦးနှောက်ကို အပ်လိုက်တာဟာ အဆင့်အတန်း အကျဆုံး အလုပ်ပဲ။
-သူများရဲ့ စိတ်ကူးထင်မြင်ချက်တွေက ကိုယ့်စိတ်ကို ကျွန်ဖြစ်အောင် လုပ်တာကို လက်မခံရဘူး။
-စိတ်ဓါတ်တကယ်ခိုင်တဲ့သူဟာ ပြင်ပအခြေအနေ ပြောင်းတိုင်း သူ့စိတ်ထားမပြောင်းဘူး။
-ဘာအပြစ်မှမရှိတဲ့သူကို လူတွေက သိပ်သဘောမကျဘူး။ အထူးသဖြင့် ကိုယ့်ကို အနိုင်ယူချင်တဲ့သူတွေက သဘောမကျဘူး။
-ကိုယ့်ဘ၀ကို ကိုယ် ရိုးရိုးရှင်းရှင်း ရိုးရိုးသားသား နေရင် လူတွေက ကိုယ့်ကိုနည်းနည်းကြောက်တယ်။ ဘာကိုမှ မတွယ်တာတဲ့သူ၊ ဘာဂုဏ်ကိုမှ မလိုချင်တဲ့သူကို လူတွေက ပေါင်းရခက်တဲ့သူလို့ ယူဆတယ်။
-ကိုယ့်အလုပ်ကို ကိုယ်ရိုးရိုးသားသားလုပ်ပါ။ ရိုးရိုးသားသား နေပါ။ ဘယ်သူ့ကိုမှ အောက်မကြို့ပါနဲ့။ ဘယ်သူ့ကိုမှ အနိုင်မယူပါနဲ့။
-ကိုယ့်ဘ၀မှာ ကိုယ်အဓိက လိုချင်တာဘာလဲဆိုတာကို တိတိကျကျ သိရင် ဘာလုပ်ရမယ် ဘယ်လိုနေရမယ် ဆိုတာလည်းသိတယ်။
-အိပ်မက်ဆိုတာ နိုးလာပြီးရင် မကြာခင်မှာ မေ့သွားတတ်တဲ့အရာပါ။ အဲဒီလိုမေ့သွားလို့ အိပ်မက်တွေ အကောင်အထည်မပေါ်တာ။ အိပ်မက်ကိုမမေ့ရင် အဲဒီအိပ်မက် အကောင်အထည်ပေါ်ဖို့ နေ့တိုင်း ကြိုးစားမယ်။ အဲဒီလိုဆိုရင် တစ်နေ့မှာ အဲဒီအိပ်မက်ဟာ အကောင်အထည်ပေါ်လာမှာသေချာတယ်။
-သူများအထင်ကြီးတာ အထင်သေးတာ သိပ်အရေးမကြီးလှဘူး။ သူတို့စိတ်ထဲ ခဏပေါ်လာတဲ့ အတွေးတစ်ခုပါပဲ။

0 comments:

Archive

Blog Archive

kothu1987@gmail.com. Powered by Blogger.

Recent

Comment

My Blog List

Blogger templates

Pages

Blogger news

About