အေးချမ်းတဲ့မြို့လေးတစ်မြို့မှာတစ်ဦးကိုတစ်ဦးအရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိတယ်။
သူတို့ဟာအမြဲမခွာတတွဲတွဲပဲနေ့တိုင်းပင်လယ်ဘေးကိုသွားပြီးနေထွက်၊
နေ၀င်ချိန်ကိုသွားကြည့်ကြတယ်။သူတို့ကမြင်သူတကာအားကျတဲ့စုံတွဲလေးပါ။
ဒါပေမဲ့တနေ့မှာအတော်တဆကားတိုက်မှု့ကြောင့်ကောင်မလေးအပြင်းအထန်
ထိခိုက်ဒဏ်ရာရပြီးမေ့မျောသွားခဲ့တယ်။အိပ်ရာထဲမှာပဲငြိမ်သက်စွာ
လဲလျောင်းနေရတယ်။နေ့ဘက်ဆိုရင်ကောင်လေးကကောင်မလေး
အနားမှာနေပြီးသူ့နာမည်ကိုတတွတ်တွတ်ခေါ်ဆိုတယ်။ညဘက်ဆိုရင်
ဘုရားကျောင်းသွားပြီးကောင်မလေးကျန်းမာလာစေဖို့ဘုရားသခင်ထံဆုတောင်း
တယ်။အချိန်တွေတဖြည်းဖြည်းကုန်လွန်သွားခဲ့ပြီးကောင်လေးခမျာငိုရလွန်းလို့
မျက်ရည်တွေတောင်ခမ်းလုနီးနေပြီ။ကောင်မလေးကမေ့မျောနေဆဲပဲ။
ဒါပေမဲ့ကောင်လေးကလက်မလျော့ခဲ့ဘူး။ဘုရားသခင်ဆီဆုတောင်းမြဲဆုတောင်းတယ်။
ဒီလိုနဲ့တစ်ညမှာဘုရားသခင်ကကောင်လေးရဲ့မလျော့တဲ့ဇွဲနဲ့
ကောင်မလေးအပေါ်ထားတဲ့မေတ္တာတရားကြောင့်သူ့အပေါ်သနား
သက်ဝင်ပြီးမျှော်လင့်ချက်တစ်ခုပေးလိုက်တယ်။ဘုရားသခင်က
ကောင်လေးကို"ကောင်မလေးရဲ့အသက်ကို့ကိုယ်ဘ၀နဲ့လဲနိုင်မလား?".
လို့မေးတယ်။ကောင်လေးကတွေဝေမနေဘဲလှဲလှယ်နိုင်
ကြောင်းချက်ချင်းပြန်ဖြေတယ်။"ဒါဆိုကောင်းပြီ။
ကောင်မလေးအမြန်နှိုးလာဖို့အသင်ပုစဉ်းဘ၀နဲ့
သုံးနှစ်အသွင်ပြောင်းရမယ်။အသင်သဘောတူနိုင်သလား?"
လို့ဘုရားသခင်ကမေးပြန်တယ်။ကောင်လေးကမဆိုင်းမတွပဲ
သဘောတူကြောင်းချက်ချင်းပြန်ဖြေတယ်။မိုးလင်းတာနဲ့ကောင်းလေးဟာ
ပုစဉ်းတစ်ကောင်အသွင်ပြောင်းသွားခဲ့တယ်။ပုစဉ်းလေးကဆေးရုံဘက်
ကိုအလျှင်အမြန်ပျံလာတယ်။လူနာခန်းထဲဝင်ကြည့်တော့ကောင်မလေးက
နှိုးနေပြီးဆရာဝန်တစ်ဦးနဲ့စကားပြောနေတာကိုတွေ့တယ်။
သူတို့ပြောနေတာကိုပုစဉ်းကမကြားရဘူး။တစ်ပတ်နှစ်ပတ်နေတော့
ကောင်မလေးကျန်းမာလာပြီးဆေးရုံကဆင်းခဲ့တယ်။ဒါပေမဲ့သူမပျော်ဘူး။
နေရာအနှံကောင်းလေးကိုလိုက်စုံစမ်းတယ်၊လိုက်ရှာတယ်။
ကောင်လေးဘယ်ပျောက်သွားမှန်းဘယ်သူမှမသိကြဘူး။
ကောင်လေးကပုစဉ်းအသွင်နဲ့ကောင်မလေးဘေးမှာရစ်ဝဲပျံသန်း
နေပေမဲ့ကောင်မလေးကိုသူခေါ်လို့မရဘူး။ပွေ့ဖက်လို့မရဘူး။
ကောင်မလေးကိုပဲငေးစိုက်ကြည့်နေခဲ့ရတယ်။ဒီလိုနဲ့နွေရက်တွေ
တဖြေးဖြေးကုန်လွန်ပြီးဆောင်းဦးကိုရောက်လာခဲ့တယ်။
ဆောင်းလေညင်းတွေကြောင့်သစ်ရွက်တွေတဖြုတ်ဖြုတ်ကြွေကုန်တယ်။
ပုစဉ်းဒီနေရာကခွာရတော့မယ်။နောက်ဆုံးအကြိမ်အဖြစ်
ကောင်မလေးရဲ့ပုခုံးထက်နားကိုသူအရဲစွန့်ပြီးသွားနားလိုက်တယ်။
သေးငယ်တဲ့ပါးစပ်နဲ့ကောင်မလေးရဲ့ပါးပြင်ကိုရှိုက်နမ်းလိုက်တယ်။
ကောင်မလေးသတိမထားမိခင်မှာသူတဆိတ်ထပျံလာခဲ့တယ်။
မျက်စိတမှိတ်အတွင်းမှာပဲနွေဦးရာသီကိုရောက်လာခဲ့တယ်။
နွေရောက်တာနဲ့ချက်ချင်းပဲပုစဉ်းဟာကောင်မလေးနားကို
အရောက်ပျံသန်းလာခဲ့တယ်။ဒါပေမဲ့သူရင်းနှီးတဲ့ကောင်မလေးရဲ့
ဘေးမှာခန့်ငြားတဲ့သူစိမ်းကောင်လေးတစ်ယောက်ကိုသူတွေ့
လိုက်တော့ပျံသန်းနေတဲ့သူ့တောင်ပံတွေလေဟာနယ်တ၀က်
တပျက်မှာအရပ်တန့်ခံလိုက်ရတယ်။လူတွေကကောင်မလေးကားတိုက်ခံရတာ
ဘယ်လောက်ပြင်းထန်ကြောင်း၊ဒဏ်ရာတွေကိုကုသပေးတဲ့
ဆရာဝန်ဟာကောင်မလေးအပေါ်ဘယ်လောက်ဂရုစိုက်ကြောင်း၊
သူတို့ရဲ့အချစ်တွေဟာစံတင်ထိုက်တဲ့အကြောင်း၊ကောင်မလေးဘ၀က
အရင်လိုပျော်ရွှင်ချမ်းမြေ့နေနိုင်ပြီဖြစ်တဲ့အကြောင်းပြောသံတွေကိုပုစဉ်းကြား
လိုက်ရတယ်။ပုစဉ်းရင်ကွဲရပြန်တယ်။ဆရာဝန်ကောင်လေးနဲ့ကောင်မလေး
ပင်လယ်ဘေးသွားပြီးနေ၀င်နေထွက်ကြည့်တာကိုသူအမြဲတွေ့နေရပေမဲ့
တစ်ခါတလေကောင်မလေးရဲ့ပုခုံးထက်မှာခဏသွားနားတာကလွဲလို့
သူဘာမှမတတ်နိုင်ခဲ့ဘူး။ပုစဉ်းလေးဟာရင်ထဲကဝေဒနာတွေကိုကြိတ်မှတ်ခံစားရင်း
ဒီနှစ်နွေဟာခါတိုင်းနွေထက်ပိုရှည်လျားနေတယ်လို့ထင်မိနေတယ်။
ကောင်မလေးနားမှာရစ်ဝဲပျံသန်းနေလည်းခွန်အားတွေဆုတ်လျော့နေတယ်။
ဆရာဝန်ကောင်လေးနဲ့ကောင်မလေးရဲ့တီးတိုးစကားပြောသံနဲ့ရယ်သံတွေက
သူ့ကိုအသက်ရှုကျပ်စေတယ်။သုံးနှစ်မြောက်နွေရာသီမှာတော့ပုစဉ်းဟာ
ကောင်မလေးကိုခဏခဏသွားမကြည့်တော့ဘူး။
သူနားနေကျကောင်မလေးရဲ့ပုခုံကို
ဆရာဝန်ကောင်လေးကတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားတယ်
သူ့တောင်ပံနဲ့နားနေကျကောင်မလေးရဲ့ပါးပြင်ဟာလည်းဆရာဝန်ကောင်လေး
ကတယုတယနမ်းနေတယ်။ပုစဉ်းရင်ကွဲတကောင်ကသူ့တို့ဘေးမှာ
ရစ်ဝဲနေတယ်ဆိုတာကိုချစ်တင်းနှောပြီးကြည်နှူးနေတဲ့နေတဲ့သူတို့
နှစ်ယောက်သတိထားမိမှာမဟုတ်ဘူး။ကောင်မလေးကလည်း
အတိတ်ဆိုတာကိုလုံးဝမေ့သွားခဲ့ပြီလေ။သတ်မှတ်ထားတဲ့သုံးနှစ်ဆိုတဲ့
အချိန်ကိုရောက်ဖို့တရက်အလိုမှာကောင်မလေးနဲ့
ဆရာဝန်ကောင်လေးတို့လက်ထပ်လိုက်ကြတယ်။ဘုရားကျောင်းထဲ
သူပျံဝင်ပြီးကောင်မလေးရဲ့ပုခုံးထက်မှာနားလိုက်တယ်။
ကောင်မလေးနဲ့ဆရာဝန်ကောင်လေးရဲ့ဘုရားသခင်ထံ
သစ္စာခံယူနေတဲ့အသံကိုသူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးကကောင်မလေးရဲ့လက်ကိုလက်ထပ်
လက်စွပ်စွပ်ပေးပြီးနမ်းလိုက်
တာကိုသူငေးကြည့်နေမိတယ်။သူ့ပါးပြင်ပေါ်မှာ
မျက်ရည်တွေစီးကျလာခဲ့တယ်။
“အသင်နောင်တရနေပြီလား”?ဘုရားသခင်ကပုစဉ်းကိုမေးတယ်။
”နောင်တလုံးဝမရပါဘူးလို့မျက်ရည်တွေကိုသုတ်ရင်းသူပြန်ဖြေတယ်။”
ဘုရားသခင်က”မနက်ဖြန်ဆိုလူ့ဘ၀အသွင်ပြောင်းလို့
ရပြီလိုပြောတော့ပုစဉ်းကခေါင်းခါပြီး
ပုစဉ်းအဖြစ်နဲ့ကျွန်တော်တစ်သက်လုံးနေပါရစေတော့”တဲ့။
တစ်ချို့ကံတရားကလက်လွတ်ဆုံးရှူံးဖို့စီရင်လာပြီးသားပါ။
တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ကံပါမလာခဲ့ဘူး။
လူတစ်ယောက်ကိုချစ်တာရယူပိုင်ဆိုင်မှမဟုတ်ပါဘူး။
ဒါပေမဲ့လူတယောက်ကို
ရယူပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်း
တန်ဖိုးထားချစ်တတ်ရမယ်။

0 comments:
Post a Comment