ကိုယ့်ကိုကိုယ်တန်ဖိုးထားပါ…..
ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။ ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။ သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။ အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခုရှိပါတယ်။ လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။
ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့လူတိုင်း လုပ်လို့ ရပါတယ်။ ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။ အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့နောက်ထပ် အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။
မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။ သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲ ပြုပြင်လိုက်ပါ။ အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် “အတွေ့အကြုံ”ဆိုတာ ဖြစ်လာပါတယ်။
ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။
အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက် လာလေပါပဲ။
လူ့ဘဝအတွက် အကြီးမားဆုံးသော သတိရစရာများ
၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။
၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။
၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။
၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။
၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။
၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။
၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။
၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်း သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။
၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။
၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်းဖြစ်သည်။
၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာဖြစ်သည်။
၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။
၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်ဖြစ်သည်။
၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။
အားလုံးပျော်ရွှင်လန်းဆန်းကြပါစေ……
Phone Application များ
Phone Application များ
15
May
ဘာ Application များ ပါသလဲ ဆိုရင်တော့ ..
Adobe Reader
Aazan
Flash Player
FLV Player
Mundu Radio
IM+ v4.30
Shutdown Software
Flash Lite
iMate Suite PPC
Media Ham Mobile
.Net Framework 2.0
Nimbuz
Opera
Pocket TV
Real Player
VNC Viewer
Windows Mobiel Storage Manager
Real Player
Youtube Download
Youtube Player
Voice Twister
Smart Movie
English Oxford Dictionary
English Synonyms
Pocket Quake
Sompy Player
Windows Media Player Skins
tGPS
Airscanner Mobile Antivirus
Button max
Megasoft POcket Clock
MIRC
Opera 8.65
PC Cillin
Pocket Music Player
Smart Movie 3.31
SoftMem Maid
Speed Booster
tcp Music Player
Vito Voice Dialer…….and Many More
လိုချင်ရင်တော့ ထုံးစံအတိုင်း အောက်မှာ Download လိုက်ပါ . မနည်းကို တင်လိုက်ရတယ် .
နောက်ထပ်လင့်တစ်ခုလည်းထပ်တင်ထားပါတယ်……. စိတ်ကြိုက်တွေ့ရာဒေါင်းပါ……..
ယောက်ျားလေးတွေ ရဲ့ ခံစားမှု ကို နားလည်စေလိုတဲ့သဘောနဲ့ ဒီ ပိုစ် လေး ကိုတင်လိုက်ရတာပါ။
မချစ်ဘူးအစကထဲကပြတ်သားပေးပါ ။
(ဆန်းစစ်ဖို့ လုံလောက်တဲ့ အချိန်ကိုယူပါ..တဖက် ယောက်ျားလေးကလည်း နားလည်နိုင်ပါတယ်)
2. ၇ည်းစားဟောင်း ရှိခဲ့ဖူးတာ ချစ်သူရှိခဲ့ဖူးတာ အပြစ်မဟုတ်ပါဘူး ဒါပေမယ့် အတတ်နိုင်ဆုံး
အမှန်အတိုင်းချစ်သူယောက်ျားလေးကို ပြောပြပေးပါ။အချိန်ကြာပြီးမှ
လိမ်ညာတယ်ဆိုတာ သိ၇တဲ့အခါ ခံစားရတဲ့ သူမှာ ပိုပြီးနာကျင်စေပါတယ်။
3. ချစ်သူယောက်ျားလေးေ၇ှ့ မှာ အရင်၇ည်းစားဟောင်းအကြောင်းကို ခဏခဏပြောဖို့မသင့်တော်ပါဘူး…
မီးကို မမွှေးသင့်ပါဘူး..
4. မိန်းကလေးအများစု
ပြောတတ်ကြပါတယ် …သူတို့ ဘ၀တစ်ခုလုံးပေးအပ်လိုက်ရတာပါ တဲ့
ယောက်ျားလေးတွေကရော …. နှလုံးသားတစ်ခုလုံး ပေးဆပ်ပြီးမချစ်ခဲ့ရလို့လား ?
5.
ယောက်ျားလေးတွေဟာ
ချစ်သူ နဲ့ ပါတ်သက်တဲ့ နေ့၇က်တွေထက် အဲဒီနေ့၇က်တွေမှာ ဘာလုပ်ခဲ့တယ်
ဆိုတာကို သတိပိုရတတ်တယ် … မိန်းကလေးတွေနဲ့ ကွာနေတဲ့အချက်ကတော့
နေ့စွဲတွေကို မှတ်တတ်တာမျိုးမဟုတ်ပါဘူး … နေ့ စွဲတွေက
အလွတ်ကျက်ထားလို့၇ပေမယ့် အမှတ်တ၇လေးတွေကို အလွတ်ကျက်ထားဖို့
့ဆိုတာမဖြစ်နိုင်ပါဘူး။
6.ယုံကြည်မှုပေးပါ
– ယောက်ျားလေးတိုင်းဟာ အခွင့်အေ၇းသမားတွေမဟုတ်ပါဘူး …လွတ်လပ်စွာ
နေချင်ရုံသက်သက်ကို ဆိတ်ကွယ်၇ာလို့ မထင်မှတ်ပါနဲ့ ။
7.ယောက်ျားလေးတွေမှာလည်း
မိန်းကလေးသူငယ်ချင်းတွေ ဆိုတာ ရှိတတ်ပါတယ်… ဒါပေမယ့်
ကိုယ့်ရဲ့ချစ်သူနဲ့ယှဉ်လိုက်မယ်
ဆိုရင် သူတို့ ရဲ့ပတ်သက်မှုက
ကွာခြားလွန်းပါတယ်…မောင်၊နှမလို သဘောထားမျိုးပါ …။
8.. ယောက်ျားလေးတွေက
ချစ်သူ မိန်းကလေး ကိုလှစေချင်ကြတယ် …. လှလို့ ချစ်ခဲ့တာမဟုတ်ပေမယ့်
ကို့ချစ်သူ လှနေတာကို အမြဲ မြင်ချင်ကြတယ် ….။
9.တခါတ၇ံ မဖြစ်စေချင်တဲ့ ကိစ္စလေးတွေကို ချုပ်ချယ်တယ်လို့  မိန်းကလေးတွေက
ထင်တတ်ကြတယ် … အဲလိုမဟုတ်ပါဘူး ကိုယ့်ချစ်သူကို မဖြစ်သင့်တာတွေကို
မဖြစ်ရလေအောင် သတိပေးခြင်းမျိုးပါ..။
10.ရှိတတ်ပါသေးတယ် … မိန်းကလေးတွေဟာ သူတို့ သူငယ်ချင်းတွေ ရှေ့ မှာ ကို့ ချစ်သူလို့ ပြောဖို့ ၊
မိတ်ဆက်ပေးဖို့ ရှက်တတ်ပေမယ့် … ကောင်လေးသူငယ်ချင်းတွေ ရှေ့ မှာကျတော့
ကို့ကိုချစ်သူ လို့ အသိပေးစေချင်ကြတယ် …
11. ဘ၀မှာ ၇င်ဆိုင်ဖို့ အားအင်တွေ နဲ့အခြေတည်ဖို့ လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အချိန်မှာ တခါတရံ
လစ်ဟာမှုလေးတွေ ရှိခဲ့၇င် နားလည်ပေးပါ … ဂရုမစိုက်တာမဟုတ်ပါဘူး
နောင်တစ်ချိန်မှာပိုပြီး ဂရုစိုက်နိုင်ဖို့ပါ ။
12.ဂိမ်း ၊ ဘောလုံးပွဲ မက်တဲ့ ယောက်ျားလေးတွေရှိတယ်… စိတ်အတွက်ဖျော်ဖြေမှုတစ်ခုအနေနဲ့
ကစားနေတာပါ… တစ်သက်လုံး အဖော်ပြု ပေးနေမှာ ကွန်ပျူတာတစ်လုံး နဲ့
ဘောလုံးကွင်း တစ်ခုမဟုတ်တာ ယောက်ျားလေးတိုင်း သိထားကြပါတယ် ။
13.ချစ်သူနှစ်ယောက် ဘ၀တစ်ခု ထူထောင်ဖို့ ဆိုတာ ယောက်ျားလေး၇ဲ့ တာဝန်ပါ …
ဒါပေမယ့် သူ့ မိသားစု အခြေအနေကို ငဲ့ကြည့်ပေးသင့်ပါတယ် …။
14. မိန်းကလေးတစ်ယောက်က
ထက်မြက်နေဖို့ မလိုပါဘူး ဘေးနားကနေ အလိုက်အထိုက်အကြံဥာဏ်ပေးနိုင်ရင်ရပြီ
၊ကူညီပေးနိုင်၇င်တော့ အတိုင်းထက်အလွန်ပေါ့ …။
15.ဥပုသ်စောင့်တဲ့ ကျား မရှိဘူး တဲ့ … မှန်ပါတယ် ဒါပေမယ့် ဦးနှောက် ၊ အသိပညာတွေ နဲ့ 
ထိန်းချုပ်နိုင်မှုစွမ်း၇ည်တွေက အလကား ထားတာမဟုတ်ပါဘူး … လူ့ တန်ဖိုးရဲ
့အဆုံးအဖြတ်တွေပါ ။
16. ယောက်ျားလေးတွေ၇ဲ့ မကောင်းတဲ့အကျင့် တစ်ခုခု( ဆေးလိပ် ၊အ၇က် ၊ကွမ်း)စတာတွေကို မကြိုက်၇င်
ချစ်သူမိန်းကလေး က ပြောင်းလဲပစ်နိုင်ပါတယ် … ချစ်သူမိန်းကလေး၇ဲ့ ပါးနပ်စွာပြောဆို နိုင်မှုနဲ
့ နားလည်နိုင်မှုအပေါ် မူတည်ပါတယ်။အထက်စီးကပြောရင်တော့မရဘူးနော်။
17့  မာန်မာန ပါပဲ …လူတိုင်းရှိတတ်ကြတာပါ။
ယောက်ျားလေးတစ်ယောက်၇ဲ့ မာန်မာနကို အတတ်နိုင်ဆုံး မစော်ကားမိပါစေနဲ့ ။ ယောက်ျားတစ်ယောက်ဟာ
မိမိချစ်သူ မိန်းကလေးအတွက် မာန်မာနတွေကို လျော်ထားတတ်ကြတယ်။ ဒါပေမယ့်
ယောက်ျားတစ်ယောက်၇ဲ့မာန က မာနကြီးလှပါတယ်ဆိုတဲ့ မိန်းကလေးတွေထက်
အဆပေါင်းများစွာ ပိုပါတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိကြပြီဆိုရင်တော့
တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလေးတွေ ရှိဖို့တော့လိုတာပေါ့..
18.ယောက်ျားလေးက အလျှော့ပေးသလောက်မိန်းကလေးက ကအနိုင်ကျင့်နေမယ်ဆိုရင်လည်း
တစ်ချိန်ချိန်မှာ လုံးဝ(လုံးဝ) မထင်ထားတာတွေဖြစ်တတ်ပါတယ်
19.နောက်ဆုံးတစ်ချက်ကတော့ ကို့ချစ်သူ ဒါမှမဟုတ် ကိုရည်းစားနဲ့ အဆက်အသွယ်ရတဲ့အခါ
ငါဒီမှာနောက်တစ်ယောက်ရနေပြီ လို့မပြောမိဖို့ပါပဲ
...
နံပါတ် 20 ကတော့ ရင်ထဲမှာပဲ သိမ်းထားလိုက်ပါ့မယ်..:(
ချစ်သူအားလုံးအဆင်ပြေနိုင်ကြပါစေ....................၊၊
မိတ်ဆွေတွေကို E-card ပို့ရအောင်
@www.aeclectic.net @www.tarot.com @www.catharinaweb.nl
အချစ်နဲ့ အသက်အရွယ်
(၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ် လို့ ပြောတယ်။နင် ခေါင်းကို ငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါဘာအဓိပ္ပါယ်လည်း လို့ ငါ့ကို မေးခဲ့တယ်။
(၁၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။အကျီ အနားစကို အဓိပ္ပါယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကို ငုံ့လို့ရှက်သွေးတွေ ဖြာပြီး နင် ပြုံးနေခဲ့တယ်။
(၂၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။ငါ့ ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါ ပျောက်ကွယ်သွားမျာ စိုးတဲ့အလားငါ့လက်မောင်းကို နင် တင်းတင်း လေး ဖက်ထားခဲ့တယ်။
(၂၅)နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး "သိပါတယ်... ထပါတော့လူပျင်းလေးရယ်" လို့ ချစ်စနိုးနဲ့ နင် ပြောခဲ့တယ်။
(၃၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။"တစ်ကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေ ကိုလည်းဝယ်ခဲ့ဖို့ မမေ့နဲ့" လို့ နင် ရယ် ပြီး ပြောခဲ့တယ်။
(၄၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ.. ကလေးတွေကို စာပြလိုက်ပါဦး" လို့နင် စိတ်မရှည်စွာ ပြောခဲ့တယ်။
(၅၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။သိုးမွှေးချည် ထိုးရင်း "တစ်ကယ်လား... နင့်စိတ်ထဲမှာ ငါ့ကို စောစောသေစေချင်နေတယ် မဟုတ်လား" လို့ ပြောပြီး တခစ်ခစ်နဲ့ နင် ရယ်ခဲ့တယ်။
(၆၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။ငါ့လက်မောင်းကို တစ်ချက်ထုရင်း "အဘိုးကြီး... မြေးတွေတောင် ကြီးနေပြီအပြောက မက်တုန်း" လို့ ပြောခဲ့တယ်။
(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ ခုံပေါ်မှာ အတူတူထိုင်ပြီးလွန်ခဲ့တဲ
့အနှစ် ၅၀ က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့တွန့်ကြေနေတဲ့ လက်ကို ငါ
ဆုပ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။အကြင်နာတွေ ပြည့်နေတဲ့
မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။အရစ်ကြောင်းတွေနဲ့ တွန့်ကြေ နေပေမယ့်
နင့်မျက်နှာဟာ လှပနေဆဲပါ။
ဘ၀လက်ဆောင် ကိုသတိရပါ
စကားမပြောနိုင်တဲ့ သူကို သတိရပါ။
တကယ်လို့ သင်ဟာ သင့်ရဲ့ အလှအပကို အလိုမကျခဲ့ရင်...
ကိုယ်လက်အင်္ဂါချို့တဲ့ နေသူတွေကို သတိရပါ။
တကယ်လို့ သင်ဟာ သင့် အစာရဲ့ အရသာကို မနှစ်မြို့ခဲ့ဘူးဆိုရင်...
အစားအစာ ငတ်မွတ်သူ ကို သတိရပါ။
တကယ်လို့ သင့်အိမ်ထောင်ဖက် (သို့) ချစ်သူ ကို အလိုမကျဖြစ်နေမယ်ဆိုရင်...
ဘ၀လက်တွဲဖော်ကို ဘုရားသခင်ဆီမှာ အသနားခံတောင်းဆို နေတဲ့ သူကို သတိရပါ။
တကယ်လို့ သင့်ဘ၀ကို မကျေမနပ်ဖြစ်နေမယ်ဆိုရင်...
အစောကြီး လောကထဲမှ ထွက်ခွာသွားရတဲ့ ကံဆိုးတဲ့ ကလေးငယ်တွေကို သတိရပါ။
တကယ်လို့ သင့်သားသမီးတွေပေါ်မှာ စိတ်တိုင်းမကျခဲ့လို့၇ှိရင်...
ကလေးလိုချင်ပေမဲ့ သားသမီးမရနိုင်တဲ့ မိဘတွေကို သတိရပါ။
တကယ်လို့ သင့်အိမ် ပေပွညစ်ပတ်နေတာ၊ လူတွေ စည်းကမ်းမရှိတာကို တွေ့ခဲ့ရင်...
လမ်းပေါ်မှာ ဘ၀ကို အသက်ဆက်နေရတဲ့ လူသားတွေကို သတိရပါ။
တကယ်လို့ သင့်ရဲ့ အလုပ်မှာ မောပန်းတယ်.... ငြီးငွေ့တယ်လို့ ခံစားရရင်...
အလုပ်လက်မဲ့ လူတန်းစားကို သတိရပါ။
တကယ်လို့ သူများကို လက်ညှိုးထိုး အပြစ်ပြောချင်တယ်ဆိုရင်တော့....
လူသားတိုင်း အပြစ်နဲ့ မကင်းဘူးဆိုတာကို လက်ခံသတိရပေးပါ။
တကယ်လို့ စိတ်ဓာတ်ကျစရာ အတွေးတွေက အိပ်မက်တွေကို ဖျက်ဆီးတဲ့ အခါ...
သင့် မျက်နှာပေါ်မှာ အပြုံးရိပ်ကို ပန်ဆင်ပြီး၊ လောကကြီးမှာ သင်အသက်ရှင်နေသေးတာကို သတိရပါ။
စိတ်ဝိညာဉ်အတွက် ပုံပြင်တိုလေးများ
ကျွန်တော်အလယ်တန်းတုန်းက ကျောင်းမှာ အတန်းလိုက် ရူပဗေဒအသိပညာပြိုင်ပွဲတစ်ခု ကျင်းပခဲ့တယ်။ အမှတ်တွေမြင့်အောင်၊ အဆင့်တွေရအောင် ဆရာမက ပြိုင်ပွဲရဲ့အရေးပါတဲ့အချက်တွေ ကျွန်တော်တို့ကို ပြောပြနေခဲ့တယ်။ အဲဒီနောက် ဆရာမက အတန်းနောက်ဆုံးမှာထိုင်နေတဲ့ ရူပဗေဒဘာသာမှာ အဆင့်အနိမ့်ဆုံးရ ကျောင်းသားဆီသွားပြီး "ဒီတစ်ခေါက် ရူပဗေဒအသိပညာပြိုင်ပွဲမှာ အဆင့်ချိတ်ဖို့ မင်းကို အားကိုးရလိမ့်မယ်" လို့ ခေါင်းကိုပွတ်သပ်ပြီး ပြောလိုက်ပါတယ်။
ဆရာမစကားကို တစ်တန်းလုံးက နားမလည်ခဲ့ကြဘူး။ ဒါကို ဆရာမက ဖြေးဖြေးညင်သာနဲ့ ရှင်းပြပါတယ်။
"ဒီအတန်းထဲက အတန်းသားအားလုံးကို ဝိုင်းဖွဲ့စုစည်းလိုက်ရင် သစ်သားစည်ကြီးတစ်ခုနဲ့ တူနေပါတယ်။ အတန်းထဲက ကျောင်းသားတစ်ယောက်တိုင်းဟာ စည်ပတ်လည်က သစ်သားချပ်လေးတစ်ချပ်ဖြစ်တယ်။ ဒီစည်ကြီးထဲ ရေဘယ်လောက်ထည့်နိုင်မယ်၊ မထည့်နိုင်ဘူးဆိုတာ အရှည်ဆုံးသစ်သားချပ်ပေါ် မူတည်တာမဟုတ်ပါဘူး။ အတိုဆုံးသစ်သားချပ်ပေါ်မှာပဲ မူတည်တာပါ"
နောက်ဆုံးပြိုင်ပွဲမှာ ကျွန်တော်တို့အတန်းက ပထမရခဲ့သလို အဲဒီကျောင်းသားကလည်း တိုးတက်မှုရှိခဲ့ပါတယ်။
(တကယ်တော့.... အဖွဲ့တစ်ဖွဲ့ ထူးချွန်မှုရှိမရှိ၊ စည်းလုံးမှုရှိမရှိဆိုတာကို အညံ့ဆုံးအဖွဲ့ဝင်က အဆုံးအဖြတ်ပေးပါတယ်)
(၂)
အပြောကျယ်တဲ့ သဲကန္တာရတစ်နေရာမှာ သူဌေးသားတစ်ဦးနဲ့ ဆင်းရဲသားတစ်ဦး ဦးတည်ရာပျောက်ပြီး တဝဲလည်လည်ဖြစ်နေခဲ့ကြတယ်။
သူဌေးသားက "လူတွေ ငါ့ကိုလာကယ်လိမ့်မယ်။ ငါတို့အိမ်က ချမ်းသာတယ်။ ငါ့အဖေက ဟယ်ရီကော်ပတာငှားပြီး ငါ့ကိုအရှာခိုင်းလိမ့်မယ်။ ငါ့ကိုရှာတွေ့တဲ့လူ ဆုတွေအများကြီးရမှာ သေချာတယ်"ဆိုပြီး နေရာမှာတင်ရပ်ပြီး လူတွေလာရှာတာကို စောင့်နေခဲ့တယ်။
ဆင်းရဲသားက ဘာမှမပြောဘဲ ရှေ့ဆက်လျှောက်နိုင်သမျှ လျှောက်တယ်။ ကုလားအုတ်တွေရဲ့ ခြေရာတွေကို ကြိုးစားရှာရင် ရေရှိရာနေရာကို သူရှာတွေ့ခဲ့တယ်။ နေကိုမော့ကြည့်ပြီး အရပ်လေးမျက်နှာခွဲလို့ သူရှေ့ဆက်လျှောက်ခဲ့တယ်။
ရက်အတန်ငယ်အကြာမှာ ဆင်းရဲသားက သဲကန္တာရကနေ လွတ်မြောက်ခဲ့တယ်။ ဟယ်ရီကော်ပတာတွေ သူဌေးသားကိုရှာတွေ့ချိန်မှာ သူဟာသေဆုံးနေပြီးဖြစ်တယ်။
(တကယ်တော့... ငွေကြေးက နေရာတိုင်းမှာ အရေးပါနိုင်တာမဟုတ်ပါဘူး။ အသိဉာဏ်နဲ့လှုပ်ရှားမှုလည်း လိုအပ်ပါသေးတယ်)
(၃)
မိုးပျံပူဖောင်းတစ်လုံးဟာ ကောင်းကင်အမြင့်ထက်ကို ပျံတက်သွားတယ်။ တိမ်ဖြူဘေးကိုရောက်တော့ တိမ်ဖြူက "အမြင့်ကို ဆက်မပျံနဲ့တော့ အန္တရာယ်ရှိတယ်"လို့ သတိပေးတယ်။ ဒါကို မိုးပျံပူဖောင်းက မာနကြီးကြီးနဲ့ သူအမြင့်ပျံနိုင်တာကို တိမ်ဖြူမနာလိုလို့ ထင်ပြီး အမြင့်ပေါ်ဆက်ပျံသွားတယ်။ လေထုတွေ တဖြေးဖြေးနည်းလာတယ်။ လေထုဖိအားအပြောင်းအလဲကြောင့် မိုးပျံပူဖောင်းဟာ "ဖောင်း"ခနဲ ကွဲထွက်သွားတော့တယ်။
(တကယ်တော့.... တတ်နိုင်သလောက်ပဲ သင့်တင့်မျှတလုပ်တာက အကောင်းဆုံးဖြစ်တယ်)
(၄)
မြို့နယ်အဆင့် သချာင်္ပြိုင်ပွဲကိုဝင်ပြိုင်ဖို့ ဒုတိယတန်းကျောင်းသားလေးတွေထဲက ကျောင်းကိုယ်စားပြု ကျောင်းသားတစ်ဦးကို ဆရာ/ဆရာမတွေက ရွေးချယ်နေကြတယ်။ နောက်ဆုံးမှာ မောင်မောင်နဲ့ အောင်အောင်လို့ခေါ်တဲ့ ကျောင်းသားနှစ်ဦးဟာ အဆင့်တူ၊ အမှတ်တူနေတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ တစ်ကျောင်းမှာ တစ်ယောက်ပဲဝင်ပြိုင်ရမှာဆိုတော့ ဆရာ/ဆရာမတွေက မေးခွန်းတစ်ခုထုတ်လိုက်တယ်။ မေးခွန်းက တြိဂံတစ်ခုရဲ့ထောင့်သုံးခုအဖြေကို အချိန်အတိုဆုံးအတွင်းမှာ ဖြေဆိုဖို့ဖြစ်တယ်။
မောင်မောင်က တြိဂံရဲ့ထောင့်တစ်ခုစီကို တိတိကျကျတိုင်းတာတယ်။ အောင်အောင်က တြိဂံရဲ့အနားတွေကို တိုင်းတာတယ်။
မောင်မောင်ရော ၊ အောင်အောင်ရော ထောင့်တထောင့်စီဟာ ၆ဝံဆိုတဲ့အဖြေကို မြန်မြန်ဆန်ဆန်ရခဲ့ပါတယ်။ ဒါပေမဲ့ အောင်အောင်က ဆရာမကို "တြိဂံကိုကြည့်လိုက်တာနဲ့ သုံးနားညီတြိဂံဖြစ်မယ်လို့ ကျွန်တော်ထင်လိုက်တယ်။ သေချာအောင် အနားတွေကို ကျွန်တော်တိုင်းလိုက်တယ်။ ကျွန်တော်ထင်ထားသလိုပါပဲ... နောက်တော့ အနားညီတြိဂံရဲ့နိယာမနဲ့အညီ ထောင့်တစ်ခုစီဟာ ၆ဝံဖြစ်တယ်ဆိုတာကို ရလိုက်တယ်"လို့ ပြောပြပါတယ်။
နောက်ဆုံးမှာ ဆရာမတွေက အောင်အောင်ကို မြို့နယ်သချာင်္ပြိုင်ပွဲဝင်ပြိုင်ဖို့ ရွေးလိုက်ပါတယ်။ အကြောင်းက အောင်အောင်ဟာ တတိယတန်းဖြေရှင်းနည်းကို သုံးတတ်ခဲ့လို့ဖြစ်တယ်။
(တကယ်တော့.... ယှဉ်ပြိုင်မှုတွေထဲမှာ အသိဉာဏ်၊ အမြင်ကို ဦးဆောင်နိုင်ခဲ့ရင် ကိုယ့်ပြိုင်ဖက်ကို ပိုအလဲဖြိုနိုင်မှာဖြစ်တယ်)
(၅)
ဦးစိမ်းနဲ့ဦးလွန်းတို့က ကုမ္ပဏီတစ်ခုရဲ့ လက်ထောက်မန်နေဂျာတွေဖြစ်တယ်။ ကုမ္ပဏီက အထပ်ငါးထပ်မှာရှိတာမို့ ဦးစိမ်းက အမြဲတမ်း ဓာတ်လှေကားစီးတယ်။ ဘယ်တော့မှ လှေကားဖက်ကနေ လမ်းလျှောက်မတက်ဘူး။ ဦးလွန်းက ဓာတ်လှေကား အစီးနည်းတယ်။ အမြဲတမ်းလှေကားတွေပဲ အသုံးပြုတယ်။
နှစ်အတန်ကြာတော့ ကုမ္ပဏီက ဦးလွန်းကို မန်နေဂျာရာထူးခံအပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကို ဦးစိမ်းက မကျေနပ်ဘူး။ အကြီးအကဲ ရုံးခန်းနားသွားပြီး ဖြေရှင်းချက်တောင်းတယ်။
အကြီးအကဲက ဖြေဖြေချင်းရှင်းပြပါတယ်။
"ဦးလွန်းက နေ့တိုင်း လှေကားကနေတက်ဆင်းတယ်။ အထပ်တိုင်းမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ ခေါ်ပြောနှုတ်ဆက်တယ်။ သန့်ရှင်းရေးလုပ်တဲ့ အဒေါ်ကြီးပါမကျန် အလုပ်အကြောင်း၊ မိသားစုအကြောင်း ဆွေးနွေးတယ်။ ကုမ္ပဏီရဲ့ လည်ပတ်မှုတိုင်းကို သူသိတယ်။ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အကြိုက်တွေကို သူနားလည်တယ်"
(တကယ်တော့.... လူလုပ်တယ်ဆိုတာ အမြင့်ဆုံးမှာပဲနေဖို့ မဟုတ်ပါဘူး။ ကြိုးကြိုးကုတ်ကုတ်၊ ဖော်ဖော်ရွေရွေနဲ့ နေရာ(ရာထူး၊ ဂုဏ်)ကိုလည်း လက်လွတ်တတ်ဖို့ ပိုလိုအပ်ခဲ့ပါတယ်)
(၆)
ကိုစိုင်းဟာ ငယ်ငယ်လေးကတည်းက အားကစားသမားတစ်ဦးဖြစ်ချင်ခဲ့သူပါ။ ဒါပေမဲ့ ဟန်ချက်ကို သူရှာမတွေ့ခဲ့ဘူး။ သူ့ရဲ့ခန္ဓာကိုယ်ဟန်ချက်က အရမ်းညံ့ခဲ့တယ်။ ဒါကြောင့် ခန္ဓာကိုယ်ဟန်ချက်ညီအောင်ဆိုပြီး ကျောင်းဆင်းအိမ်ပြန်တိုင်း ရထားသံလမ်းတစ်လျှောက် သူလမ်းလျှောက်ပြန်ခဲ့တယ်။ အထက်တန်းအောင်တဲ့အထိ တိုးတက်မှုမရှိပေမယ့် အားကစားတစ်ဦးဖြစ်ချင်တဲ့ အိပ်မက်ကိုတော့ သူလက်မလွတ်ခဲ့ဘူး။
ကျောင်းပြီးတဲ့နောက် ကိုယ့်နေရပ်ကိုပြန်ပြီး သံထည်အနုပညာဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။ ဟိုးအရင် သံလမ်းပေါ်မှာလမ်းလျှောက်ခဲ့တုန်းက သံထည်တွေရဲ့ပုံစံမျိုးစုံကို သူသတိရပြီး သံထည်နဲ့ အနုပညာပုံအမျိုးမျိုး သူပြုလုပ်ခဲ့တယ်။ သူ့ရဲ့သံထည်ပစ္စည်းတွေ ရောင်းအားတက်ပြီး နောက်ဆုံးမှာ နာမည်ရှိတဲ့ သံထည်အနုပညာတစ်ယောက်ဖြစ်ခဲ့တယ်။
(တကယ်တော့.... ငယ်အိပ့်မက်တွေက အောင်မြင်ချင်မှ အောင်မြင်ပါလိမ့်မယ်။ ဒါပေမဲ့ အောင်မြင်မှုက သင်ကြီးပြင်းရာလမ်းတလျှောက်မှာ ရှိနေပါတယ်)
(၇)
နာမည်ကြီးစန္ဒယားဆရာတစ်ဦးက တပည့်ရွေးမယ်ဆိုလို့ ကျောင်းပေါက်ဝမှာ တပည့်ခံဖို့ လာလျှောက်ကြတဲ့ ကျောင်းသားတွေနဲ့ ပြည့်ကြပ်နေတယ်။ စလျှောက်ချိန်မရောက်ခင် ငါးမိနစ်အလိုမှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်။ လမ်းမပေါ်မှာ အဘွားအိုတစ်ဦးမေ့လဲသွားတာပါ။ အဲဒီအချိန်မှာပဲ ကားတစ်စီးရောက်လာပြီး ကားထဲကနေ လူလတ်ပိုင်းတစ်ဦး ဆင်းလာပါတယ်။ အဲဒီလူဟာ အဘွားအိုကို ဆေးရုံပို့ဖို့ ထူလိုက်ရင်းက ကျောင်းပေါက်ဝဖက်လှည့်ပြီး "အဘွားအိုကို ဆေးရုံပို့ဖို့ တစ်ယောက်ယောက်လာကူပါဦး" လို့ အော်လိုက်တယ်။
ကျောင်းသားတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘယ်သူမှ နေရာက မခွာချင်ခဲ့ကြဘူး။ စလျှောက်ချိန်လည်း နီးလာလို့ဖြစ်တယ်။ အဲဒီအချိန်မှာ ကျော်ကျော်ရောက်လာပြီး "ကျွန်တော်ကူမယ်"လို့ ဆိုပါတယ်။
နောက်ဆုံးတော့ ကျော်ကျော် အရွေးခံလိုက်ရပါတယ်။ အဲဒီ ကားမောင်းလာတဲ့လူဟာ တပည့်ရွေးဖို့လာတဲ့ နာမည်ကြီးစန္ဒယားဆရာဖြစ်လို့ပဲဖြစ်တယ်။
(တကယ်တော့.......... အောင်မြင်ဖို့ရာ ချစ်ခြင်းမေတ္တာလည်းလိုအပ်ပါတယ်)
(၈)
လက်ထောက်မန်နေဂျာတစ်ဦး နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့ (၈ဝဝ)တန်လက်ကိုင်ဖုန်းကို အလုံး(၅ဝဝ)ဝယ်ဖို့ သွားရောက်ဆွေးနွေးခဲ့တယ်။ သဘောတူစာချုပ်မချုပ်ခင် အထက်မန်နေဂျာကို သဘောတူမတူ မက်ဆေ့ပို့ခဲ့တယ်။ အထက်မန်နေဂျာက ဒီဈေးနှုန်းဟာဈေးမြင့်ပြီး တကယ်လို့ ဝယ်ယူရင် ရှုံးနိုင်တယ်ဆိုတာကိုသိတော့ သဘောမတူလို့ မက်ဆေ့ပြန်ပို့လိုက်တယ်။
ဒါပေမဲ့ စာရိုက်ချိန်မှာ သဘောမတူကို သဘောတူလို့မှားရိုက်မိလိုက်တယ်။ နောက်ဆုံးမှာ သဘောတူစာချုပ် ချုပ်ခဲ့မိတဲ့အတွက် ကုမ္ပဏီက အရှုံးနဲ့ရင်ဆိုင်လိုက်ရတယ်။
(တကယ်တော့.... အောင်မြင်ဖို့ရာ အသေးစိတ်ဖို့လည်း လိုပါတယ်)
(၉)
ငယ်ရွယ်တဲ့စိုက်ပျိုးရေးသမားတစ်ဦးဟာ တောင်ဖက်ဒေသမှာ ပန်းသီးပင်တွေပျိုးဖို့ ဆုံးဖြတ်လိုက်တယ်။ သက်ကြီးစိုက်ပျိုးရေးသမားတွေက တောင်ဖက်ဒေသတွေက ရာသီဥတု၊ မြေဆီလွှာတွေဟာ ပန်းသီးစိုက်ဖို့ မသင့်တော်ကြောင်း ဒီစီမံကိန်းကို လက်လွတ်ဖို့တားတယ်။ ဒါပေမဲ့ လူငယ်က သူတို့စကားကို နားမထောင်ခဲ့ဘူး။ သူ့ဆုံးဖြတ်ချက်အတိုင်း ပန်းသီးပင်တွေကို စပျိုးခဲ့တယ်။ နောက်ဆုံးမှာ ပန်းသီးတွေ အသီးသီးလာပါတယ်။ ဒါပေမဲ့ ပန်းသီးတိုင်းက မချိုဘဲဖန်နေတာကို တွေ့ရတယ်။
ဒါကို လူငယ်က စိတ်မပျက်ခဲ့ဘူး။ ပန်းသီးပင်အားလုံးကို သစ်တော်သီးပင်နဲ့ သူကိုင်းဆက်လိုက်တယ်။ နောက်တစ်နှစ်မှာ သူ့ပန်းသီးပင်ကနေ ချိုမြတဲ့ ပန်းသစ်တော်တွေ သီးခဲ့ပြီး အရောင်းသွက်ခဲ့ပါတယ်။
(တကယ်တော့.... အောင်မြင်ဖို့ရာ အခြေအနေလိုအပ်သလို ဆန်းသစ်ထီထွင်တတ်ဖို့လည်း ပိုလိုအပ်ပါတယ်)
မူရင်း -- http://www.jj59.com/35/0104603.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
လျှို့ဝှက်တယ်ဆိုတာ
သိုသိပ်နိုင်ရတယ်....။ဟန်ဆောင်တယ်ဆိုတာ
မကောင်းပေမယ့် ထိန်းချုပ်တတ်ရတယ်....
။အေးစက်တယ်ဆိုတာ မကောင်းပေမယ့်
တည်ငြိမ်ရမယ်လေ....။
ဆရာတစ်ယောက်ပါ
အချစ်ကြောင့်ပဲ ချစ်တတ်လာတယ်
အချစ်ကြောင့်ပဲ မုန်းတတ်လာတယ်
အချစ်ကြောင့်ပဲ လွမ်းတတ်လာတယ်
အချစ်ကြောင့်ပဲ ကဗျာရေးတတ်လာတယ်
အချစ်ကြောင့်ပဲ သီချင်းတွေ ရေးဖြစ်ခဲ့တယ်
အချစ်ကြောင့်ပဲ ခံစားတတ်လာတယ်
နောက်အချစ်ကြောင့်ပဲ အရာရာကို သိနားလည်ခဲ့ရတယ်
ဒါကြောင့် အချစ်ကကောင်းတာရော မကောင်းတာရော အားလုံးကို
သင်ကြားပေးနိုင်တဲ့ ဆရာတစ်ယောက်ပါပဲ................
PC SMS Bulk Sender 2.0.6
3:04 AM
Andy Stone Cold
Windows Desktop application for send and receive thousands of SMS using
one GSM/UMTS device connected to PC.
Features :
* Send SMS from PC using GSM/UMTS phone or modem connected to PC. No
special hardware or SMS registration required connect you Nokia, Sony
Ericsson, Siemens phone or modem (see supported device list).
* No Internet connection required. Internet connection not required
for sending SMS, only using SMS feature on the GSM/UMTS phone or modem.
* Send up to 360 SMS per hour. (6 SMS per minute ) on GSM network.
* Send up to 1080 SMS per hour. ( 18 SMS per minute) on UMTS network.
* Multilanguage SMS message(Unicode SMS). Send SMS in any language,
Latin, German, Finnish, Japanese, Korean, Urdu, Arabic, Vietnamese,Thai
etc.
* Phonebook. Simplify manage contact list using "Import Phonebook
Wizard" , very fast and efficient importing SMS from CSV or MS Excel
files.
* Personalized SMS. Create custom SMS for each recipient using "Mail Merge" like feature.
* Scheduled SMS Send. Support send SMS on scheduled date and time.
* Store SMS on SQL Database. Robust and scalable for storing large number of SMS.
* Search SMS*1). Searching SMS based on sender, recipient, message and created date.
* Notes: Searching SMS when using Oracle database is case sensitive.
System Requirements :
Operating System (Microsoft Windows version 5 or above):
- Microsoft Windows 2000 all editions.
- Microsoft Windows XP all editions.
- Microsoft Windows 2003 Server all editions.
- Microsoft Windows Vista all editions.
- Microsoft Windows 2008 Server all editions.
GSM/UMTS Device(Phone or modem)
- Support send and receive SMS in PDU mode (auto detect by SMSgee Software)
- Attached active SIM card for connected to the GSM Network.
- Connected to PC either using serial cable, USB cable, Bluetooth, or Infra red (IrDA).
SQL Database :
- Microsoft Access version 2000 (default Database on installer) or above.
- My SQL 5 or above
- Microsoft SQL 2005 or above
- Microsoft SQL Express
- Oracle 9 or above (unicode is not supported)
- The Database Table SQL Script available for each database vendor on the installer.
Share9
Mobile Master 7.6
4:20 AM
Andy Stone Cold
Master is a mobile phone software tool for mobile phone management and
SMS communication that can be used to exchange data between mobile phone
and PC. Via cable, infrared, or Bluetooth, the system automatically
detects the mobile phone and assigns it its own profile, making it
possible to manage several phones without creating chaos with the data.
An assistant helps with the settings.
Even users with no prior
knowledge can, for example, download their phone s address book data to
the PC with just a few mouse clicks. Edit and synchronize calendar
entries (appointments and tasks). Send, read, archive SMS Note: the SMS
Servant is included in the Mobile Master installation but requires an
extra license. Logo-Editor, modify ring tone.
Copy Station for
transmitting your address book easily from one phone to the other.
Mobile Master Agent: reach always the important functions easily and
start e.g. Mobile Master automatically as soon as your mobile phone is
connected to the PC.
One click synchronization solution for your
mobile phone, edit all you phones data with the computer.
Synchronization of contacts and the calendar, Many filter possibilities,
AddIns for Outlook, Lotus Notes, Palm Desktop and Thunderbird.
Mobile Master synchronizes or just copies all data with/to your mobile phone.
Synchronize
with: Outlook, Lotus Notes, Novell Groupwise, Palm Desktop,
Thunderbird, Tobit David, Eudora, The Bat, Outlook Express, Google
calendar, Windows contacts and calendar, iTunes.
new cell phone:
Mobile Master copies the phone/address book from your old to your new
one regardless the manufacturer of the phones new phone number,
appointment or note:type it in with your PC and send it easily to the
cell phone.
Many import and export filters, e.g. one click to
export to excel or open office. Can import e.g. vcf file with more than
one contact and that has unicode format.
Connection with the phone: serial or USB cable, infrared or Bluetooth, up to COM Port 300 supported.
Share
LINUX OS (Ubuntu-11.04)
ကျွန်တော်တို့ ပြတိုက်ကလေးမှာ OS တွေစုံလင်စေချင်တဲ့ဆန္ဒရယ် နောက်ပြီး LINUX သုံးစွဲသူတွေအတွက်ရယ်
စမ်းသပ်ပြီးသုံးစွဲလိုသူတွေအတွက်ရယ် အလွယ်တစ်ကူယူလို့ ရနိုင်ရန်ရည်ရွယ်ပါတယ်။ကိုယ်တိုင် Upload တင်မပေး
တော့ဘဲ မူရင်းလင့်များကိုသာချိတ်ဆက်ပေးထားပါတယ်။နောက်ပြီး LINUX OS ရဲ့ အကြောင်းကို ပြုစုတင်ပြထားတဲ့
Knowledgebridge Magazine Editor ကိုကိုရဲ၏စာများအား PDF / WORD ဖိုင်များဖြင့်လေ့လာနိုင်ရန်တင်ပေးထား
ပါတယ်။
LINUX OS ဟာ Microsoft OS များကဲ့သို့ လိုင်စင်များမလို၊Softwares များသီးခြားသွင်းစရာမလို၊မြန်မာဖေါင့်အ
တွက်လည်း ဇော်ဂျီဝမ်း၊ယူနီကုတ်တို့ အားအဆင်ပြေပြေသွင်းနိုင်ပြီး OS နှင့်အတူ ၀င်းဒိုးတစ်ခုအတွက်လိုအပ်သော
အသုံးချဆော့ဖ်ဝဲလ်များတစ်ပါတည်းပါဝင်ခြင်း၊Open Office အဆင်သင့်ပါဝင်၍ ရုံးသမားများအတွက်အဆင်ပြေခြင်း၊
Windows Virus များမ၀င်နိုင်ခြင်း၊Firefox ကဲ့သို့ သောBrowserနှင့် Gtalk,Yahoo,AIM,MSN,QQ စတဲ့ IM များသုံး
ရန် Pidgin ပါဝင်ခြင်း၊Audio , Graphic Driver များတစ်ပါတည်းပါရှိခြင်း၊windows မှ USB အနေဖြင့်သာသိနိုင်သော
MP4 Player များ Mobile Phone များကိုပင် LINUX က Phone/Firmware Model ကိုပါသိနိုင်ပါတယ်။Printer
Scanner များကိုလည်း Autodetect သိနိုင်ပါတယ်။Internet ချိတ်ဆက်ထားပါက အလိုအလျှောက် Driver Update
ပင်လုပ်ပေးပါသေးတယ်။အသုံးဝင် Windows Application exe ဖိုင် (၇၈၀၀)ခန့် ကိုထည့်သွင်းအသုံးပြုနိုင်ရုံသာမက
LINUX OS အား Windows OS နှင့်အတူထည့်သွင်းအသုံးပြုပါကလည်း ယ္ခင်ဝင်းဒိုးအားတစ်စုံတစ်ရာမျှထိခိုက်မှုမ
ရှိစေခြင်း၊အသုံးမပြုခြင်ပါကလည်း ၀င်းဒိုးမှ ဆော့ဖ်ဝဲလ်များပြန်ထုတ်သကဲ့သို့  Uninstall လွယ်ကူစွာလုပ်နိုင်ခြင်း၊
CD Rom ပေါ်မှပင် LINUX OS အားအသုံးပြုနိုင်ခြင်းစတဲ့ထူးခြားချက်တွေများစွာပါဝင်ပါတယ်။အပြည့်အစုံသိချင်
လျှင် အောက်မှာတင်ပေးထားတဲ့စာဖိုင်များအားလေ့လာဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။ကဲစိတ်ဝင်စားပြီး ပညာအစုံလေ့လာ
ထားချင် အသုံးပြုကြည့်ချင်သူများ အောက်မှသူ့ မူရင်းလင့်မှာ ဒေါင်းယူပြီး ခွေသာ ISO နဲ့ ကူးထားလိုက်တော့ဗျာ။
685 MB လောက်ရှိပြီး CD ခွေနဲ့ ကူးလို့ ရပါတယ်။အဲဒီမှာ Win XP မှာဘယ်လို Win 7 မှာဘယ်လိုလုပ်ရမယ်ဆိုတာ
လေးတွေတောင်ပုံနဲ့ ပြထားသေးပါတယ်။Show Me How ဆိုတာကိုကလစ်လုပ်ပြီးကြည့်ပါ။ကဲအဆင်ပြေနိုင်ကြပါစေ။
(၁) LINUX OS (Ubuntu-11.04) ယူရန်
(၂) PDF Files ယူရန် 1.pdf...2.pdf...3.pdf...4.pdf...5.pdf...6.pdf..7.pdf
(၃) Word File ယူရန်
You might also like:
လမ်းခွဲခြင်း
အားနည်းချက်ဆိုတာကို စမြင်လာတဲ့အချိန်ဟာ
လမ်းခွဲခြင်းကို စတင်လာတဲ့အချိန်ပါပဲ
တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံဖို့
ကံတွေပါလာတယ်
တစ်ယောက်နဲ့တစ်ယောက်ခွဲခွာဖို့
ကံတွေပါလာတယ်..
ဝလုံးလား သုညလား အမြင်တွေကွဲပြား
တစ်ယောက်နဲ့တစ်ယောက်ငြင်းကြခုန်ကြရင်း
လမ်းခွဲခြင်းဆိုတာ စတင်လာခဲ့တယ်…
အခုထိဆုံနိုင်ခွင့် မရှိသေးတဲ့ တို့နှစ်ယောက်ဘဝ
ဒါကို အချစ်လို့ ယူဆခဲ့ကြတယ် ..
အငွေ့ပျံ၍ ပျောက်ကွယ်သွားသောအရာများတွင်
ချစ်ခြင်းတရားများ အဖော်လိုက်လေတော့
လမ်းခွဲခြင်းဆိုတာကိုလည်း မတားဆီးနိုင်တော့ဘူး ..
အချစ်ကိုတိုင်းတာဖို့ ပေတံရှာမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
ချစ်ခြင်းတရားတွေအနားက ထွက်ခွာသွားခဲ့တာ
အဆုံးရလဒ်က လမ်းခွဲခြင်းသာ
အချစ်မှာလောဘကြီးတော့
တကယ်ရင်မောရတယ်..
ဖိတ်မံတကာ စိတ်ကြံရာပြု
နှလုံးသားကို အလှူပေး
အဝေးကို ပြေးပါပြီ
ချစ်တယ် ဆိုတာ
ပုံပြင်ဖြစ်သွားပြီ ။
Snuo Mwoani
ခွဲခွာခြင်း၊ ဝေးကွာခြင်း ကင်းဝေးကြပါစေ...
Posted by
ချစ်သောကမ္ဘာမြေ
at
11:14 PM
3
comments
Labels:
Poem
အဌာရသအတတ်ပညာ (၁၈) မျိုးပါ။
အတတ်ပညာ (၁၈) မျိုး
၀၁။ သုတိ - အကြားအမြင်
၀၂။ သမ္မုတိ - ဓမ္မသတ်
၀၃။ သင်္ချာ - ဂဏန်း
၀၄။ ဇယာဂါ - တံစည်း၊ ဆူးဆောက်အတတ်
၀၅။ နီတိ - နီတိကျန်းအတတ်
၀၆။ ၀ိသေသကာ - ယာယီယတြာအတတ်
၀၇။ ဂန္ဓဗ္ဗ - စောင်းညှင်းအတတ်
၀၈။ ဂဟိကာ - လက်ဆစ်ချိုးအတတ်
၀၉။ ဓနုဗေဒ - လေးအတတ်
၁၀။ ပုရဏာ - စကားဟောင်းအတတ်
၁၁။ တိကိစ္ဆာ - ဆေးအတတ်
၁၂။ ဣတိဟာသ - ရယ်ရွှင်မှုအတတ်
၁၃။ ဇောတိ - ဗေဒင်အတတ်
၁၄။ မာယာ - လှည့်ပတ်အတတ်
၁၅။ ဆန္ဒတိ - ဆန်းကျန်းအတတ်
၁၆။ ကေတု - သံတမန်အတတ်
၁၇။ မန္တန - မန္တန်အတတ်
၁၈။ သဒ္ဒါ - သဒ္ဒါကျမ်းအတတ်
ဗဟုသုတ အဖြစ် သိစေရန် ...
ယောက်ျားလေးများအတွက် အလှအပ ထိန်းသိမ်းနည်း .
ဆယ်ကျော်သက် ယောက်ျားလေးဘ၀မှာ အရေပြားပြဿနာတွေကို အများဆုံးကြုံတွေ့ရနိုင်ပါတယ်။ ဒီအရွယ်မှာ ဟော်မုန်းပြောင်းလဲတာ၊ အဆီထုတ်လုပ်မှုများတာ၊ ချွေးထွက်များတာနဲ့၊ လေနဲ့ရေ ညစ်ညမ်းမှုတွေကြောင့် ၀က်ခြံတွေအများအပြား ပေါက်တတ်ပါတယ်။ ၀က်ခြံတွေက မျက်နှာမှာသာမက နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်တွေမှာလည်း ပေါက်တတ်ပါတယ်။ ဒါကြောင့် အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုအတွက် မှန်ကန်တဲ့ပစ္စည်းတွေကို လိုအပ်သလို သုံးဖို့ အရေးကြီးပါတယ်။
* သင့်အသားအရေ အမျိုးအစားအလိုက် ခြောက်သွေ့တာ၊ အဆီပြန်တာ၊ ထိခိုက်လွယ်တာ စတဲ့ အချက်ပေါ်မူတည်ပြီး သင့်လျော်တဲ့ မျက်နှာသစ်ဆပ်ပြာနဲ့ ကိုယ်တိုက်ဆပ်ပြာကို သုံးပါ။
* သင့်အရေပြားကို တင်းတင်းရင်းရင်း ဖြစ်စေဖို့အတွက် Toner သုံးပါ။
* အစိုဓာတ်ထိန်းဆေး (Moisturizer) ကတော့ သင့်မျက်နှာကို ချောမွေ့နူးညံ့စေပါတယ်။
* မုတ်ဆိတ်ရိတ်တဲ့အခါ အရေပြားပေါ်မှာ မုတ်ဆိတ်ရိတ်ဓားကို ချောချောမွေ့မွေ့ သုံးနိုင်စေဖို့ အတွက် မုတ်ဆိတ်ရိတ်ဂျဲလ် (Shaving Gel) ကို သုံးပါ။
* သင့်အရေပြားမှာ မပျောက်နိုင်တဲ့ ၀က်ခြံ ဒါမှမဟုတ် တခြားအဖုအပိန့်နဲ့ အနာ၊ ဒဏ်ရာတွေရှိရင် အရေပြားအထူးကုဆရာဝန်ကိုပြပါ။
* နေ့စဉ် နေရောင်ကာ လိမ်းဆေး လိမ်းပြီးမှ အပြင်ထွက်ပါ။
သွားကို ဂရုစိုက်သန့်ရှင်းခြင်း
ကောင်းမွန်တဲ့ ခံတွင်းသန့်ရှင်းရေးဟာ အလှအပတင်မက ကိုယ်ရည်ကိုယ်သွေးအတွက်ပါ အရေးကြီး ပါတယ်။ ညစ်ပတ်ပြီး မည်းနေတဲ့ သွားတွေ၊ ရောင်နေတဲ့ သွားဖုံးတွေနဲ့ ခံတွင်းနံ့ဆိုးတွေက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
* သင့်ပါးစပ်နဲ့ အဆင်ပြေပြီး နူးညံ့တဲ့ အမျှင်တွေပါတဲ့ သွားတိုက်တံကို ၀ယ်ပါ။
* ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တကြိမ်၊ ညတကြိမ် သွားတိုက်ပေးပါ။
* သွားမှန်မှန်တိုက်ပေမယ့်လည်း သွားတိုက်တံအမျှင်တွေ မရောက်နိုင်တဲ့ နေရာမှာ စားကြွင်းစားကျန်တွေ ခိုအောင်းနေနိုင်ပါသေးတယ်။
ဒါကြောင့် တနေ့တကြိမ် သွားကြားပွတ်ကြိုး သုံးဖို့လည်း လိုအပ်ပါတယ်။
* သင့်သွားတွေကို သွားဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးပါ။
ဆံပင်ကို ပြုပြင်ထိန်းသိမ်းခြင်း
ယောက်ျာလေးတယောက်ရဲ့ အလှအပနဲ့ တကိုယ်ရေ သန့်ရှင်းရေးအတွက် ဆံပင်ကို ပြုပြင်ထိန်းသိမ်းမှု ကလည်း အရေးကြီးပါတယ်။
* သင့်မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံညှပ်ပါ။
* သင့်ဆံပင်သား အမျိုးအစားအလိုက် ပါးတာ၊ ထူတာ၊ အရောင်ဆိုးတာ၊ ခြောက်သွေ့တာ၊ အဆီပြန်တာ စတဲ့ အချက်တွေပေါ်မူတည်ပြီး သင့်လျော်တဲ့ ခေါင်းလျှော်ရည် သုံးပါ။
* သင့်ဆံပင်ကို ကျန်းမာတောက်ပြောင်ပြီး ချောမွေ့စေဖို့အတွက် Conditioner သုံးပေးပါ။၏
* ဆံပင်ပုံကျသပ်ရပ်ဖို့ ပုံမှန်ခေါင်းဖြီးပေးပါ။
* သင့်ဆံပင် စတိုင်ပေါ်မူတည်ပြီး လိုအပ်မယ့် ဂျဲလ် ဒါမှမဟုတ်-တခြားပစ္စည်းတွေကို သုံးပါ။
အခြားအချက်များ
* မနက်ခင်းတိုင်း ချွေးနံ့ထိန်း ချိုင်းလိမ်းတောင့် (Deodorant) လိမ်းပေးပါ။
* သင့်မျက်ခုံးနှစ်ခုကြားထဲက နေရာလွဲနေတဲ့ အမွေးတွေကို နုတ်ပစ်ပါ။
* သင့်နှာခေါင်း၊ ဒါမှမဟုတ်- နားရွက်ထဲက အမွေးတွေ မြင်ရရင် တိပေးပါ။
* သင့်နှုတ်ခမ်းမွေးတွေ ခြောက်သွေ့ ကွဲအက်နေရင် အရောင်မပါတဲ့ နှုတ်ခမ်းအဆီ (Lip Balm) လိမ်းပေးပါ။
(A....To....Z) ချစ်သူသို့ပြန်စာ...
ကိုကိုရေ . . .
ကိုကို့ကိုပြန်မချစ်သေးတာကသမီး
မ(A..)..သိသွားမှာစိုးလို့ပါ..
ကိုကို(B)ယာတွေသောက်နေတာလည်းပါ
တယ်...သမီးမကြိုက်ဘူးကိုကို....
ကိုကိုအဲလိုဆက်သောက်နေမယ်ဆိုရင်...သမီးရဲ့..ပြန်ချစ်မယ့်အ(C)အစဉ်ကို
တစ်နာရီတိတိပြန်သိမ်းထားမှာနော်..သိလား
(D)တော့မှကိုကို...အမြီးဖြတ်ခံရတဲ့ခွေးလို...ခွေး(E)ဘောလောကြီးဖြစ်သွားမယ်..အဟစ်
အလကားနောက်ပြီး...တကယ်စတာပါကိုကို...စိတ်မဆိုးပါနဲ့နော်..
ကိုကိုကလေ....သိပ်ဆိုးတာပဲသိလား...
ချစ်တယ်ချစ်တယ်ဆိုပြီး...(F)ကြောင်းထပ်အောင်ပြောဖို့ပဲကိုကိုနားလည်တယ်မဟုတ်လား
သမီးကိုနဲနဲပါးပါး...က(G)ကဂျောင်ကျပြီးဖက်နမ်းလိုက်ပါလားကိုကိုရဲ့...(သမီးကသိပ်ရှက်နေတော့...အဖြေပေးဖို့ခက်နေတဲ့ဟာကို)
ကိုကိုသာဇွတ်ကရင်လုပ်လိုက်......တခါတည်းပွဲပါပြီးသွားမယ်...မီးကို..အချဉ်မမှတ်နဲ့..သိလား
ပြီးတော့ဟိုနေ့က...သမီး..တစ်ယောက်တည်း
(H)နေတုန်း...ခွေးသူခိုးခြေလှမ်း..နဲ့လှမ်းပြီး
ကိုကိုလာချောင်းတာ...သမီးမသိဘူးများမှတ်နေလား...သမီးလည်း....လှန်ပြီးဆေးနေလို့.
.(အဲ...အဲ..ထမင်းအိုးဟင်းအိုးတွေနော်..ကို့).ပြန်မချောင်းဖြစ်တာ...အ..တယ်မထင်နဲ့..သိလား
ကိုကိုက
(I)တွေ.တိုင်းခြေမဆေးဘူးဆိုတော့....ကိုကို့အချောင်းကြီးမှာရွှံ.တွေတော်တော်များနေမှာပဲနော်..
(ခြေချောင်း....ခြေချောင်း)အဟင်း...
ကိုကို့နှုတ်ခမ်းမွှေးကြီးတွေကလေ...
.(J)မောင်မောင်.ဆိုတဲ့သီချင်းထဲက...မင်းသားပြုတ်ရဲ့ကတ်ဖုတ်(K)
ကျနေတာပဲ....သိပ်အသည်းယားဖို့ကောင်းတာပဲနော့....(L)ဒီ့နှုတ်ခမ်းမွှေးကြီးမဖြုတ်သရွေ.
ကိုကိုနဲံမအိပ်.....အဲလေ..မွှားကုန်ပြီ..ကိုကိုနဲ့မတွေ.ဘူး...အဟုတ်
ကိုကို့ကိုပြန်ချစ်ဖို့...တွေးမိတိုင်း...ကိုကို.နှုတ်ခမ်းမွှေးကြီးမြင်ပြီး.....ရင်တွေတုန်လို့.....
မထွေးနိုင်မ(M)နိုင်...အမြဲပဲငုံငုံထားမိတာ..အမြဲ..(မီးလက်ညှိုးကို..ပြောပါတယ်..ငုံတာက)
မီး(N)တီကပြောတယ်..ကိုကို့ကိုပြန်မကြိုက်နဲ့တ.ဲံ....ကိုကိုကတော်တော်ပြူးတယ်..(O)လာရင်ရွဲသွားမှာတဲ့
သူပြောတာက..မျက်လုံးပါကိုကို......။မီးအဖေကဆို..ကိုကို့ကိုရိုက်မယ်ချည်းပဲလုပ်နေ(P)
အဲဒါကိုကို...ည...ည..ထွက်မခံ..နဲ့တော့နော်....အော်....ကိုကိုကလည်း....မိုးရေကိုပြောတဲ့ဟာကို..ကိုကိုနော်..ဇွတ်လျှောက်တွေးမနေနဲ့
အဲ...ကိုကိုထွက်ခံလို့ကတော့..မီးဖေဖေကရိုက်ပြီပဲ..4x6ပုံကြိုက်လား..ပက်စပို့စ်..(အမယ်လေး....စဘတ်..အဲ.ပါးစပ်ယားလိုက်တာနော်)ပုံကြိုက်လားပဲပြောတဲ့
ဖေဖေကပြောတယ်...(Q)ပင်ခုတ်...ကျူငုတ်ပါမကျန်စေရဘူးတဲ့.....ကိုကိုတော့...အပြတ်ပဲ...သိလား
(R)လာဒင်တောင်ကယ်နိုင်မှာမဟုတ်ဘူးတကယ်.....
ကိုကို...မီးကိုတကယ်ချစ်ရင်....မီးလောင်မယ်....အဲလေ...တကယ်ချစ်ရင်...
(S)ဆစ်မစားပြပဲ...ကော်ပတ်ပဲစားပြပါလားဟင်.......နောက်တာမဟုတ်ဘူးနော်..အ(T)ပြောတာ..
ကိုကို...ဟိုတနေ့က...ညဘက်ကြီးအခွေထွက်ငှားတာ...ကိုကို့အတွက်ဂွင်ဆင်ပေးတာ....သိလား
သူ..ကသိပ်နုံတာပဲ..။ပေးတုန်းမ(U)ဘူး..အောက်သွားမရှိတဲ့.နွားပြာကြီး...တီ(V)ဖြစ်နေသလို
နောက်ကနေ..အဟွပ်...အဟွပ်နဲ့..ဖိုသံပေးဖို့လောက်ပဲတတ်လား....။
ကိုကို(W)ဘောလုံးကြီးခဏခဏမကန်နဲ့နော်...မတော်တာတွေကျိုးကုန်မယ်.....သိလား
ကိုကို့ဟာ..အရှည်ကြီးကို...မီးက(X)ရင်းဖတ်နေတာ..(စာ..စာကိုပြောတာ)
ကိုကို့အတွက်ကဗျာရေးပေးလိုက်ပါတယ်....
(Y)ယာလက်ကြိုး...ခေါင်းမှာထိုး
ထိုးပြီးရစ်လျှက်...နှစ်ပတ်ပတ်
ပတ်ပြီးသောအခါ..မီးဘုတ်မှာ..
ပလပ်ထိုးလိုက်ပါ...
ဓါတ်လိုက်ပြီးတော့မသေဘူးဆို
ဝရင်းဒုတ်ဆွဲထုတ်..
(Z)ပိုးအုပ်..
မီးပြန်ချစ်မယ်အဟုတ်.....။ ။
ညီမလေးသို့  (မိန်းကလေးများ အတွက်သာ သီးသန့် )
ညီမလေးပြောခဲ့တဲ့.............
“အပျိုမိန်းကလေး တစ်ယောက်အနေနဲ့  ကိုယ်ဝန်ရသွားခဲ့ ရင် ဘ၀ပျက်သွားခဲ့ ရင် အမြဲတမ်း ပတ်ဝန်းကျင်အနေနဲ့  ဘာလို့ မိန်းကလေးကိုပဲ တန်ဖိုးမဲ့ တယ်လို့ ပြောကြ ကဲ့ ရဲ့ အပြစ်တင် ရှုံ့ ချကြ ရတာလဲ..........။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ....။ ညီတူ ညီမျှမှားခဲ့တဲ့ ယောကျာ်းလေးတွေ ကိုရော အပြစ်မတင်ကြတော့ဘူးလား..........။ ယောကျာ်းလေးတစ်ယောက်ရဲ့  တန်ဖိုးကရော မကျနိုင်တဲ့ အရာလား ။ ဘာဖြစ်လို့ မိန်းကလေး တွေကိုဘဲ တားမြစ် ပညာပေးကြ ပြီး ဖြစ်လာရင်လဲ မိန်းကလေးတွေကိုပဲ ဘာကြောင့် အပြစ်တင် ရတာလဲ။ မိန်းကလေးတွေကပဲ ယောကျာ်းလေးတွေထက် အသိဥာဏ် ပိုပြီးကင်းမဲ့နေတာလား ။
ဘာလို့  မိန်းကလေးတွေကို ပန်းနဲ့  နှိုင်းရတာလဲ......။မိန်းကလေးတွေကို နှိမ်ရာကျ လွန်းပါတယ်........။ မိန်းကလေးတွေကို ယောကျာင်္းလေး တွေက ကောက်ချင်တိုင်း ကောက် ခူးချင်တိုင်း ရွေးခူးလို့ ရပေမဲ့ နင်းချင်တိုင်းနင်း တော့မရဘူးထင်တယ်နော်.........။ ယောကျာင်္းလေး ရော မထိန်းသိမ်းသင့်တော့ဘူးလား။ သဘောက ယောင်္ကျားလေးက နေချင်သလိုနေကြ ပြီး သူတို့ အိမ်ထောင်ကျ ခါနီးမှ အပျိုစင် တွေကို ကောက်ယူလို့ ရတဲ့ သဘောလား။”
ပန်းလေးတစ်ပွင့်နဲ့ တူတဲ့ ညီမလေးရေ.........
ပန်းဆိုတာ နူးညံ့လှပတဲ့ သဘာဝအလှတရားပါ ညီမလေးရယ်..........။ အမြင်မှာ တင့်တယ်သလို ကြွေရန် လွယ်တယ်လေ.......။ ပင်ကိုယ် သက်တမ်းစေ့လို့  ကြွေရတာထက် တစ်ပါးသူ အခြွေမခံရအောင်တော့ ကိုယ့်ကိုကိုယ် ကာကွယ်တတ်ရမယ် ညီမလေးရယ်...။
တန်ဖိုးရှိတဲ့ ပန်းလေးတစ်ပွင့်ဖြစ်ဖို့  အဆင်းရနံ့ တော့ ပြည့်စုံဖို့ လိုတာပေါ့........။ တန်ဖိုးဆိုတာ မျိုးကောင်းမျိုးသန့် မှ မဟုတ်ပါဘူး ညီမလေးရယ်.........။ လှပစွာ ပွင့်လန်းနေတဲ့ အလေ့ကျ တောရိုင်းပန်းလေးတွေကိုလဲ မြတ်မြတ်နိုးနိုးနဲ့  ပန်ဆင်လိုချင်သူတွေ ရှိပါတယ်...........။
ပန်းဆိုတာ လှပလွန်းရင်လဲ ခူးယူ ခြွေချင်သူတွေ ပေါများကြပါရဲ့ .........။ ကိုယ့်ရဲ့ အလှအပကို ဝင့်ကြွားဂုဏ်ယူပြီး ကြွားဝါနေတာထက် လှလှပပ သိမ်သိမ်မွေ့ မွေ့ လေးပဲ နေပါ ညီမလေးရယ်....။
ပင်မြင့်မှာ အိနြေ္ဒရရ လှပစွာ ပွင့်လန်းနေတဲ့ ပန်းလေးတစ့်ပွင့် အခြွေခံလိုက်ရရင် အခြွေခံရတဲ့ ပန်းကို သနားကြပြီး ခြွေခဲ့သူကိုသာ အပြစ်တင် ပြောဆိုကြတာ ၊ ပန်းလေးကို နှမြောတသ ဂရုဏာသက်ကြတဲ့ အဖြစ်မျိုး ညီမလေးလဲ ကြုံဖူး ကြားဖူးမှာပါ........။ အဲ့ဒီလိုပန်းလေး အခြွေမခံရအောက် ဝိုင်းဝန်း စောက်ရှောက်ကြမှာပါ......။
ဒါပေမဲ့ အခြွေခံလိုက်ရတဲ့ ပန်းလေးက လေတိုက်တိုင်း မျက်စေ့စပါးမွေး စူးလောက်အောင် လှုပ်ရမ်းနေတဲ့ပန်းလေးတစ်ပွင့် ၊ ဆိုးရွာတဲ့ အနံ့ အသက်ကို ပိုင်ဆိုင်ထားတဲ့ ပန်း ဆိုရင်တော့ ထင်သားပဲ ကြည့်နေတာ ဘယ်တော့ အခြွေခံရမလဲဆိုတာ ၊ အခြွေခံရတာတောင်နည်းသေးတယ် ဆိုပြီး ထောပနာတွေ ပြုကြတာ ညီမလေးလဲ ကြားခဲ့ဖူးမှာပါနော်.....။
ညီမလေးသာ ပန်းလေးတစ်ပွင့်ဆိုရင် ဘယ်လိုပန်းမျိုး ဖြစ်ချင်ခဲ့သလဲ ညီမလေး.........။ ဘယ်တန်ဖိုးနဲ့  နေချင်သလဲ.......။
ပန်းနဲ့ တူတဲ့ အပျိုမိန်းကလေးတစ်ယောက်အနေနဲ့  ကိုယ်ဝန်ရသွားခဲ့ရင် ဆိုတဲ့ စကားလုံးလေးကို ကြားရတာနဲ့ တင် ရင်နင့်လှပါတယ် ညီမလေးရယ်............။
မိန်းမသားဘဝဆိုတာ အထိလွယ် အကြွေလွယ်ပါတယ်...။
အကြွေလွယ်သွားခဲ့တဲ့ ပန်းလေးတွေကို အပြစ်တင် ရှုံချကြတာဟာ မကြွေအောင်ကာကွယ်နိုင်ဖို့ ခြံစည်းရိုးတစ်ခု ၊ တံတိုင်းကြီး တစ်ခုအနေနဲ့ ပါ ညီမလေး.........။
လူဆိုတာ ပတ်ဝန်းကျင်ဆိုတဲ့ စည်းဝိုင်းထဲမှာ နေကြရတာပါ.........။
စည်းဆိုတာ ညီမလေးကို ကာကွယ်ပေးနိုင်တဲ့ အတားအဆီးပါ......။
ညီမလေးက စည်းကို ဂရုစိုက်ရင် စည်းကလဲ ညီမလေးကို အပြည့်အဝကာကွယ်ပေးထားပါတယ်...။
ကြေမွခဲ့တဲ့ မိန်းကလေးကို အပြစ်ပြောရတာဟာ မကြေမွသွားအောင် ကာကွယ်ဖို့ ပါ ညီမလေးရယ်...။
ညီမလေးက စည်းပြင်မရောက်ခင် ကိုယ့်ကိုကိုယ်ကာကွယ်ထားပါနော်........။
ဒါဆိုရင် ဘယ်သူအပြောမှ မခံရပဲ စည်းရဲ့  စောင့်ရှောက်ခြင်းကို ညီမလေးရမှာပါ.....။
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ..။ ယောင်္ကျားလေးရော တန်ဖိုးမကျဘူးလား..သူတို့ ကိုရော အပြစ်မပြောကြဘူးလားလို့  ညီမလေး မေးခဲ့တယ်နော်............။
လက်ခုပ်ကို နှစ်ဖက်စလုံးတီးမှတော့ နှစ်ဖက်စလုံးက တူတူပဲ နာကြရတာပဲပေါ့............။ ပတ်ဝန်းကျင်မှာ နှမချင်း ကိုယ်ချင်းမစာနာတဲ့ ယောင်္ကျားလေး တစ်ယောက်ကို ဘယ်သူက အထင်ကြီးလေးစားကြမလဲ ညီမလေးရယ်.......။ သူဟာ ဒီလို ယောင်္ကျားပါလားဆိုတာကို သူ့ ကိုမြင်တဲ့ သူတိုင်းက လက်တို့ ပြီး ပြောနေကြပြီးသားပါ.....။
သူ့ မှာ ယုံကြည့်ရလောက်တဲ့ အကျင့်မရှိဘူး....။ လေးစားရလောက်တဲ့ သိက္ခာမရှိဘူးဆိုတာ သူ့ ရဲ့  လုပ်ဆောင်ချက်တွေကို ကြည့်ပြီး ပတ်ဝန်းကျင်က မှတ်ချက်ပေးထားပြီးသားပါ....။
ညီမလေး မကျေမနပ်ပြောနေတဲ့ ပတ်ဝန်းကျင်ကလဲ သူ့ ကို ပြစ်တင်ပြောဆိုနေပါတယ်ညီမလေးရေ.....။ ဒီနေရာမှာ လက်ဆုပ်လက်ကိုင်တွေနဲ့  ကျန်ခဲ့တဲ့ ညီမလေးက ပိုပြီး အထိနာနေတယ်လို့  ထင်ရပေမဲ့ သူကိုယ်တိုင်လဲ အထိနာနေပါတယ် ညီမလေး......။ ဒါကြောင့် နှစ်ဦးနှစ်ဖက် အခြေအနေ မလွန်ခင် ကာကွယ်ကြတာဟာ အမှားများစွာထဲ ကျရောက်တော့မည့် ကိုယ့်ဘဝကို ကယ်တင်နေတာပါ ညီမလေး....။
ညီမလေးပြောခဲ့တဲ့ ဘာကြောင့် မိန်းကလေးတွေကိုပဲ ပညာပေးတားမြင့်နေကြရတာလဲ ..မိန်းကလေးတွေက ပိုပြီး အသိဥာဏ်မဲ့ကြလို့ လား ဆိုတဲ့ မေးခွန်းလေးကို မေ ဖြေပေးပါရစေနော်...........။
မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေထက် အသိဥာဏ်မမဲ့ပါဘူး ညီမလေးရေ......။ ယောင်္ကျားလေးတွေထက်ကို ပိုပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်လို့  ပြောရင် ဘယ်သူငြင်းမှာလဲ..။ ယောင်္ကျားလေးတွေထက်လဲ ပိုပြီး ဇွဲကောင်းကြတယ် ညီမလေးရယ်...။ မယုံရင် စာသင်ခန်းထဲမှာ စာကို ဘယ်သူပိုတော်ကြလဲကြည့်လိုက်.... မိန်းကလေးဦးရေက ပိုများကြပါတယ်...။ မိန်းကလေးတွေ ဥာဏ်ပိုကောင်းပြီး ဇွဲပိုကြီးကြလို့ ပေါ့...။ ဒါပေမဲ့ ဒါက လေ့လာသင်ယူနေရတဲ့ အတန်းပညာမှာပါ ညီမလေးရေ....။
အတန်းပညာ မဟုတ်တဲ့ ဘဝနဲ့  သက်ဆိုင်တဲ့ ဒီလိုဗဟုသုတတွေမှာတော့ မေတို့ မိန်းကလေးတွေက ဗဟုသုတတွေ နည်းကြတယ်........။ မိဘတွေရဲ့ အတားအမြစ်အောက်မှာ ကြီးပြင်းလာရတဲ့ မိန်းမသားတွေမှာ သင့်တင့်တဲ့ ဗဟုသုတလေ့လာမှုအားနည်းသွားရရှာတယ်.........။ အရှက်အကြောက် ဆိုတဲ့ မြန်မာမိန်းကလေးအတွက် ကာရံထားတဲ့ စည်းကြောင့်လဲ တစ်ခါတစ်ရံ ဘာမျှမသိနိုင်အောင် အမှောင်ဖုံးပြီး လေ့လာနိုင်စွမ်းအား နည်းသွားခဲ့ရလို့  ညီမလေးဟာ တစ်ခါတစ်ရံမှာ “အယုံလွယ်သူ” ဆိုတဲ့ စာရင်းထဲမှာ ပါဝင်သွားခဲ့ရတာပါ.....။
လှပတဲ့ ဘဝလေးကို ပိုင်ဆိုင်ဖို့  ညီမလေးက မျက်စေ့ကို ကျယ်ကျယ်ဖွင့်....နားကို ကားကားစွင့်ထားပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းကို မွေးမြူထားပေးလိုက်ပါနော်.........။ ညီမလေးမှာ ပြည့်ဝတဲ့ ကာကွယ်မှုလေးတစ်ခု ပိုင်ဆိုင်လာမှာပါ.......။
ယောကျာင်္းလေး ရော မထိန်းသိမ်းသင့်တော့ဘူးလား။ သဘောက ယောင်္ကျားလေးက နေချင်သလိုနေကြ ပြီး သူတို့ အိမ်ထောင်ကျ ခါနီးမှ အပျိုစင် တွေကို ကောက်ယူလို့ ရတဲ့ သဘောလား လို့  ညီမလေး မေးခဲ့တယ်နော်........။
လူဆိုတာ အတ္တတွေကို ရင်ဝယ်ပိုက်လာကြတဲ့ သူတွေပါ ညီမလေးရေ........။ အကောင်းဆုံးဆိုတာတွေကိုပဲ ပိုင်ဆိုင်ချင်ကြတာ လူသားတွေရဲ့  ဆန္ဒပါ.....။ ဒါပေမဲ့ သက်ရောက်မှုတိုင်းမှာ တူညီတဲ့ တုန့် ပြန်မှုဆိုတာ ရှိတာကို ညီမလေးသဘောပေါက်တယ်မဟုတ်လား.....။ သူတို့ မှာလဲ တူညီတဲ့ တုန့် ပြန်မှုလေးတော့ လက်ခံရရှိသွားမှာပါ.....။ တစ်ခါတစ်လေ သူတို့ ကိုယ်တိုင်တောင် မသိလိုက်နိုင်ပါဘူး.....။ တစ်ခါတစ်လေတော့လဲ အချိန်များစွာ နောက်ကျပြီးမှ ရရှိခဲ့တဲ့ အဖြစ်မျိုးပေါ့ ညီမလေးရယ်......။ သူတို့ တွေ အတွက်ကို တွေးတောနေမဲ့ အစား ကိုယ့်ကိုကိုယ်သာ ကာကွယ်ပြီး စည်းတားထားပါ ညီမလေးရေ......။ ပိုပြီး လုံခြုံပါတယ်...။
မိန်းကလေးတွေကို ယောကျာင်္းလေး တွေက ကောက်ချင်တိုင်း ကောက် ခူးချင်တိုင်း ရွေးခူးလို့ ရပေမဲ့ နင်းချင်တိုင်းနင်း တော့မရဘူးထင်တယ်နော်....လို ညီမလေး ပြောခဲ့တယ်နော်......။
မေကတော့ တစ်ခုကိုမှ လက်မခံဘူး ညီမလေးရေ.......။ ခူးချင်းတိုင်းလဲ ခူးခွင့်မရှိသလို ကောက်ချင်တိုင်းလဲ ကောက်လို့ မရပါဘူး ....။ နင်းဖို့ ဆိုတာ ဝေလာဝေးပေါ့ ညီမလေးရယ်..........။
တန်ဖိုးရှိတဲ့ ပန်းလေးတစ်ပွင့်ကို အလွယ်တစ်ကူ ခူးခွင့်မရသလို တန်ဖိုးရှိတဲ့ မိန်းကလေးကိုလဲ အလွယ်တကူ မရယူနိုင်ပါဘူးညီမလေးရယ်.....။
ကောက်ယူတယ်ဆိုတာ အကြွေပန်းကိုမှ ကောက်ယူခွင့်ရမှာပါ......။ ညီမလေးကသာ အစထဲက တန်ဖိုးရှိတဲ့ ပန်းလေးတစ်ပွင့်အဖြစ် ပင်မြင့်ထက်မှာ လှလှပပပွင့်နေမယ်ဆိုရင် သူ့ မှာ ကောက်ယူနိုင်ဖို့ ရာ အခွင့်အရေး မရှိပါဘူးနော်..........။
ကောက်ယူနိုင်ဖို့ တောင် အခွင့်အရေးမရှိရင် နင်းချဖို့  ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ ညီမလေးရေ..........။
ညီမလေးရေ...................။
ပန်းဆိုတာ ခူးယူဖို့  ၊ ကောက်ယူဖို့  ၊ နင်းချဖို့  အတွက်သာ ပွင့်လာရတာ မဟုတ်ပါဘူး....။ ပန်းဆိုတာ တန်ဖိုးထားသူတွေအတွက် တန်ဖိုးရှိတဲ့ ရတနာပါ..........။ လှပရင်လှပသလောက် ၊ တန်ဖိုးထားတတ်ရင် တန်ဖိုးထားတတ်သလောက် အမြင့်စံပြီး လောကကြီးကို အလှဆင်ပေးနိုင်တဲ့ ရတနာပါ.......။ အမုန်းတွေကို ချေဖျက်ပေးနိုင်တာလဲ ပန်းတွေပါပဲ....။ ချစ်ခြင်းတွေကို သယ်ဆောင်ပေးတာလဲ ပန်းတွေပါပဲ ညီမလေးရေ.....။ လောကကို အလှဆင်ပြီး လောကကြီးသာယာ လှပအောင် ဖန်တီးပေးတာလဲ ပန်းလေးတွေရဲ့  အစွမ်းပါပဲ ညီမလေး.............။
ညီမလေးဟာ သဘာဝက ပေးလာတဲ့ အထိအကြွေလွယ် ပန်းလေးတစ်ပွင့် ဖြစ်လာခဲ့မယ်ဆိုရင်လဲ ဝမ်းနည်းနေဖို့ မလိုသလို ကိုယ့်ဘဝကို မကျေမနပ် ဖြစ်နေစရာလဲ မလိုပါဘူးနော်..........။
ညီမလေးရရှိနေတဲ့ ဘဝလေးမှာ အမြင်တင့်ပြီး တန်ဖိုးရှိတဲ့ အခြေအနေနဲ့  မြင်သူတကာ အားကျ အတုယူနိုင်ဖွယ်ရာ လှပတဲ့ ပန်းတစ်ပွင့် အဖြစ်နဲ့  ရပ်တည်နိုင်အောင် ကြိုးစားလိုက်ပါညီမလေး.....။
ပန်းသတင်းလေညှင်းဆောင်ပြီး လှပအဖိုးတန်းပန်းတစ်ပွင့်ရှိနေကြောင်းကို လေပြေလေညှင်းတွေက ဖော်ကြူးဖွင့်ဆိုပြမှာပါ.........။ ဝဲပျံလာမဲ့ အတုအယောင်ပျားပိတုန်းတွေရဲ့  လက်က လွတ်အောင်ကိုတော့ အလိမ္မာနဲ့  ရှောင်ရှားရမယ်နော်.........။
ညီမလေးရေ...........
ခုလောက်ဆိုရင် ညီမလေးရဲ့  တန်ဖိုးရှိလှတဲ့ ဘဝလေးကို သဘောပေါက်လောက်ပြီထင်တယ်နော်....။ ညီမလေးရရှိထားတဲ့ အဖိုးတန်ပန်းတစ်ပွင့်ရဲ့  ဘဝလေးကို တန်ဖိုးထား မြတ်နိုးရမှန်း သိပြီပေါ့နော်........။
ညီမလေးကိုယ် ညီမလေး ကာကွယ်ထိန်းသိမ်းရမယ်ဆိုတာလဲ သိပြီပေါ့နော်............။
မေ့ညီမလေး အဖိုးတန် ပင်မြင့်စံ ပန်းတစ်ပွင့်အဖြစ်နဲ့  လှပစွာ ဖူးပွင့်နိုင်ပါစေလို့  မေ ဆုတောင်းပေးလိုက်တယ်နော်.........။
**************မေသဇင်*******************
ကျနော့်အကြောင်း
ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ်-------------ကိုသူ
ကိုယ်ဒီမှာနေတယ်--------------------------------ရန်ကုန်
ပညာ-------------------------------- AGTI MP,B.A Geography ,IT
ကိုယ့်ဆီဖုန်းဆက်ချင်ရင်---------------------------၀၀၀၀၀၀၀၀၀
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက---------------------------စာဖတ်နေတဲ့လူ
အရောင်ဆိုရင်------------------------------------အပြာ
အ၀တ်အစားဆိုရင်--------------------------------အကွက်စိပ်
အစားအစာဆိုရင်---------------------------------အသီးအနှံ
ပစ္စည်းဆိုရင်--------------------------------------လက်တော့
သီချင်းဆိုရင်--------------------------------------အလွမ်း
စာရေးစာဆရာ------------------------------------ဂျူး
စာအုပ်-------------------------------------------ကာတွန်း
Life style----------------------------------------ဟတ်ပီး
ကိုယ့်ရဲ့ဝါသနာ------------------------------------အင်တာနက်သုံးတယ်
အလိုချင်ဆုံးလက်ဆောင်---------------------------အကြင်နာ့
ကိုယ့်ရဲ့ အချစ်ဆုံးသူက-----------------------------အဖေနဲ့အမေ
ကိုယ့်ရဲ့ အလေးစားဆုံးသူက-------------------------မိဘနှစ်ပါး
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက---------------------တိုင်ပင်ဖက်
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက-------------မတွေ့သေးဘူး
ကိုယ့်ရဲ့ အမုန်းဆုံးသူက-----------------------------မရှိဘူး
ရင်အခုန်ဆုံးအချိန်---------------------------------လန့်သွားတဲ့အချိန်ဖြစ်မှာပေါ့
အကြောက်ဆုံးအချိန်--------------------------------အားငယ်နေတဲ့အချိန်
အပျော်ဆုံးအချိန်-----------------------------------လိုချင်တာရတဲ့အချိန်
အမှတ်တရနေ့-------------------------------------အိမ်ကအရိုက်ခံရတဲ့နေတွေပဲ
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု--------လိုချင်တာ“တ”တိုင်းရပါစေ
အချစ်ဆိုတာ--------------------------------------တစ်ယောက်တစ်မျိုးခံယူကြတာပဲ
အမုန်းဆိုတာ--------------------------------------မရှိ
အလွမ်းဆိုတာ-------------------------------------မကောင်းဘူး
သံယောဇဉ်ဆိုတာ---------------------------------ထားတိုင်းမကောင်း
ဘ၀ဆိုတာ----------------------------------------နာမှကောင်းတယ်
သံသရာမှာကျင်လည်နေတာပေါ့---------------------သိဘူး
သူငယ်ချင်းဆိုတာ---------------------------------ဆိုးတူကောင်းဘက်
ချစ်သူဆိုတာ-------------------------------------သစ္စာရှိရှိယုံယုံကြည်ကြည်နဲ့ချစ်နေရင်
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်------------------------အခုလောလောဆယ်တော့ဘယ်လိုမှမထင်
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က-----------------------‘ကိုယ်တကယ်လုပ်မကြည့်သေးပဲနဲ့
ကျွန်တော်လုပ်မရဘူးလို့ဘယ်တော့မှမပြောနဲ့’
အပြောချင်ဆုံးစကားတစ်ခွန်း-----------------------ကျနော်ရူးနေလို့
ဘုရားပုံလေးတွေပါ
http://api.ning.com/files/VrM9wgYtcZ28sQk8PzyODci0quggvFlZSSliegjM-EHUyx3j11yNNGwcvIorhNaHf4mG98feTHox5DW5f8G4Ys27enfnN2eP/PancaVaggiBuddha.swf
api.ning.com/files/*ZqaLuy3WXQBbXVtfXQi3MAKt72hbeK2r0vHvR*m2tmIFvW8XYtb*EWZNKvjJqlPyaqXRNKz*QWU-lV5O1exfTTcczm8dDrc/PalinBuddha.swf
http://api.ning.com/files/ZBF9X*-LngofDM9PHprllkHf02boSEWv*cf*RbEWc8jom1pe8uQ0PIMva0*PvClyrQ0yVSuRuRboL-VN7Ba-9tu*Lx6Db80m/Buddhalying.swf
http://api.ning.com/files/*ZqaLuy3WXQBbXVtfXQi3MAKt72hbeK2r0vHvR*m2tmIFvW8XYtb*EWZNKvjJqlPyaqXRNKz*QWU-lV5O1exfTTcczm8dDrc/PalinBuddha.swf
မှတ်သားစရာ တစ်စုံတစ်ရာ ရနိုင်ကောင်းပါသည်။
၁။ လူတွေကို သူတို့ မျှော်လင့်ထားတာထက်ပိုပြီး ရွှင်လန်းတက်ကြွစွာ
ပေးကမ်းလိုက်ပါ။
၂။ သင်နှင့်လေပေးဖြောင့်သူကို လက်ထပ်ပါ။ သင်အိုမင်းလာသောအခါ သူတို
့၏စကားပြောကျွမ်းကျင်မှုသည် တခြားအရာများကဲ့သို့ ပင် အရေးပါလာပါလိမ့်မည်။
၃။ ကြားသမျှမယုံ၊ ရှိသမျှမသုံး၊ အိပ်ချင်သလောက်မအိပ်ပါနှင့်။
၎။ “မင်းကိုချစ်တယ် ”ဟု ပြောကြားသည့်အခါ တကယ်အလေးအနက်ပြောပါ။
၅။ “ကျွန်တော်စိတ်မကောင်းပါဘူး” ဟု ပြောကြားသည့်အခါ ထိုသူ၏မျက်လုံးကို
ကြည့်ပြီးမှပြောပါ။
၆။ အနည်းဆုံးခြောက်လစေ့စပ်ထားပြီးမှ လက်ထပ်ပါ။
၇။ မြင်မြင်ချင်း ချစ်တတ်တာကို ယုံပါ။
၈။ တစ်စုံတစ်ယောက်၏ မျှော်လင့်ချက်အိပ်မက်များကို ဘယ်သောအခါမှ
ပြက်ရယ်မပြုပါနှင့်။ မျှော်လင့်ချက်အိပ်မက်များ မရှိသူသည်
အများကြီးမအောင်မြင်နိုင်။
၉။ နက်နက်ရှိုင်းရှိုင်းနှင့် ပြင်းပြင်းပြပြ ချစ်မြတ်နိုးပါ။ သင်
စိတ်ထိခိုက်နာကျင် ( အသည်းကွဲ) နိုင်သော်လည်း အချစ်သည် ဘ၀မှာပိုပြီး
ပြည့်စုံစွာနေနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
၁၀။ သဘောထားကွဲလွဲမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်း
မပြုပါနှင့်။
၁၁။ လူတွေကို သူတို့ ၏ ဆွေမျိုးအသိုင်းအ၀ိုင်းကို ကြည့်ပြီး အကဲမဖြတ်ပါနှင့်။
၁၂။ ဖြည်းဖြည်းပြောပါ။ သို့ သော် လျှင်မြန်စွာ စဉ်းစားပါ။
၁၃။ သင်မဖြေချင်သည့်မေးခွန်းကို တစ်ယောက်ယောက်က မေးလာသည့်အခါ
ပြုံးပြီးမေးလိုက်ပါ။ “ခင်ဗျား ဘာဖြစ်လို့ သိချင်တာလဲ” လို့ ။
၁၄။ ထူးကဲသော ချစ်ခြင်းနှင့် ကြီးမားသော အောင်မြင်မှုများမှာ နက်ရှိုင်းသောစွန်
့စားမှု ပါဝင်နေသည်ကို သတိရပါ။
၁၅။ သင်ဆုံးရှုံးရချိန်တွင် သင်ခန်းစာယူပါ။
၁၆။ အနည်းငယ်သဘောထားကွဲလွဲမှုကြောင့် ကြီးမားသောခင်မင်ရင်းနှီးမှုကို
မထိခိုက်ပါစေနှင့်။
၁၇။ အမှားလုပ်မိကြောင်းသိသိချင်း ပြင်ဆင်ဖို့ ကြိုးစားပါ။
၁၈။ တယ်လီဖုန်းကောက်ကိုင်ချိန်မှာ ပြုံးနေပါ။ ဖုန်းခေါ်သူက သင့်အပြုံးကို
သင့်အသံထဲမှာ ကြားရပါလိမ့်မယ်။
၁၉။ တစ်ချို့ အချိန်တွေမှာ တစ်ကိုယ်တည်းနေပါ။
၂၀။ကိုယ်ပြောသောစကားသည်ကိုယ့်ကိုပြန်သတ်သောစကားမဖြစ်ပါစေနှင့်။
သော့ (၁၂) ချက်
သော့(၁) WATER
မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။
သော့(၂) SLEEP
အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။
သော့(၃) APPETITE
အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။
သော့(၄) EXERCISE
အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။
သော့(၅) MUSIC/LITERATURE
ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။
သော့(၆) BEANS
ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။
သော့(၇) VICES
ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။
သော့(၈) LOVE/SEX
လိင်နှင့်အချစ်ကို ညီမျှပါစေ။
သော့(၉) LONELINESS
အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။
သော့(၁ဝ) MIND
ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။
သော့(၁၁) TEA
ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊ အရွယ်တင် နုပျိုစေ၏။
သော့(၁၂) SMILE
ဘဝကို အပြုံးနဲ့ရင်ဆိုင်ပါ။
ပျင်းကြောဆန့်ခြင်း
ပင်ပန်းနွမ်းလျချိန် ပျင်းကြောဆန့်ခြင်းဖြင့် နေသာထိုင်သာရှိစေသည်။ အလုပ်နှင့်လက် မပြတ်သူများအတွက် ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ်အတွက် အကောင်းဆုံး လှုပ်ရှားနည်းတစ်မျိုးဖြစ်သည်။ လူခန္ဓာကျန်းမာဖို့အတွက် အဓိကအရေးပါသောအချက်မှာ ပုံမှန်သွေးလည်ပတ်မှုဖြစ်သည်။ အကြောင်းမှာ ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ အာဟာရပေးဝေခြင်း၊ မလိုအပ်သည့်အရာများကို ဖယ်ရှားပေးခြင်း စသည့်အလုပ်ကို လည်ပတ်နေသည့်သွေးက လုပ်ဆောင်ပေးနေသောကြောင့်ဖြစ်သည်။ ပျင်းကြောဆန့်ခြင်းသည် ခန္ဓာကိုယ်ရှိကြွက်သားများကို ကျုံ့ဆန့်ပေးသည်။
စက္ကန့်ပိုင်းမျှ ပျင်းကြောအခါခါဆန့်ပေးခြင်းဖြင့် အနယ်ထိုင်နေသောသွေးများက နှလုံးဆီသို့ပြန်စီးပြီး သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေသည်။ တစ်ချိန်တည်းမှာပင် ကြွက်သားများကျုံ့ဆန့်ခြင်းဖြင့် ကြွက်သားအတွင်းရှိ သွေးများကိုလည်း လည်ပတ်အားကောင်းစေသည်။ ကြွက်သားအတွင်းရှိ မလိုအပ်သည့်အရာများကို သယ်ဆောင်ဖယ်ရှားပေးသဖြင့် ပင်ပန်းညောင်းညာမှုကို ပျောက်စေပြီး ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွစေသည်။ ထို့အပြင် ပျင်းကြောဆန့်ချိန် လူအများက လက်နှစ်ဖက်ကို နောက်သို့ ဆန့်တန်းတတ်သည့်အတွက် ရင်ဘတ်လှုပ်ရှားမှုကိုလည်းဖြစ်စေပါသည်။
သောက်သုံးရန်မသင့်သော ရေ(၅)မျိုး
(၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင်ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာထားသည့် မလတ်ဆတ်သောရေနွေး
(၃) အကြိမ်ကြိမ်ဆူဗွက်အောင် ကြိုခဲ့သောရေနွေး
(၄) တစ်ညလွန်သောရေနွေးကို ထပ်ကြိုထားသောရေနွေး (သို့) ထပ်မကြိုထားသောရေနွေး
(၅) ထမင်း၊ ဟင်းပေါင်းခံရည်
၎င်းရေများ သောက်သုံးရန်မသင့်ခြင်းမှာ အကြိမ်ကြိမ် ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊ မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ ပိုမိုတိုးလာပြီး ကျောက်ကပ်ကို ထိခိုက်စေနိုင်သောကြောင့်ဖြစ်သည်။
သစ်သီးများ အလွန်အကျွံမစားသင့်ပေ
ဂျပန်နိုင်ငံ Kyoto University ဆေးပညာဘာသာရပ် ပရော်ဖက်ဆာ Teng Tian Ichiro၏ ပြောကြားချက်အရ သစ်သီးအလွန်ကျွံစားသုံးပါက ခန္ဓာကိုယ်တွင်း ဗီတာမင်C များပြားစေပြီး oxalic acidကို အလွယ်တကူဖြစ်ပေါ်စေသည်။ oxalic acid နှင့် လူခန္ဓာကိုယ်ရှိချွေးများ ပေါင်းစပ်ပြီး အရေပြားကြမ်းခြင်း၊ ထိခိုက်ခြင်းများ ဖြစ်စေတတ်သည်။ ပြင်းထန်ပါက ဆေးနှင့်မတည့်သော အရေပြားရောဂါများ ဖြစ်စေတတ်သည်။
အမေရိကန်ပညာရှင်များ၏ ဆန်းစစ်ချက်မှာလည်း ထိုနည်းအတူဖြစ်သည်။ မတူသောရာသီ၊ မတူသောရောဂါများတွင် သစ်သီးများကိုရွေးချယ် စားသုံးသင့်သည်ဟု ပညာရှင်များက ခန့်မှန်းကြသည်။
ဥပမာ- ဆောင်းဦးနှင့်ဆောင်းရာသီများတွင် စိုထိုင်းမှုနည်းသောကြောင်း သစ်တော်သီးနှင့် အစာကြေလွယ်သော ငှက်ပျောသီး၊ ပန်းသီးများကို စားသုံးသင့်သည်။ နှစ်ရှည်ချောင်းဆိုးသူများ သစ်တော်သီးကို စားပေးနိုင်သလို နှလုံးအားနည်းသူ၊ သွေးတိုးရှိသူ၊ အစာမကြေလွယ်သူများ Crataegusကို အမြဲစားသင့်သည်။
ကြက်ဥများ အလွန်အကျွံ မစားသင့်ပေ
အာဟာရဓာတ်များ အများအပြားပါဝင်သော ကြက်ဥသည် လူတိုင်းအတွက် အားတိုးဆေးဖြစ်သည်။ ကြက်ဥစားနည်း များစွာရှိသော်လည်း အောက်ပါစားနည်းနှစ်မျိုးမှာ အကောင်းဆုံးစားနည်းဖြစ်သည်။
(၁) ကြက်ဥအနှစ်ကို ဟင်းရည်ချက်ခြင်း (သို့) ရေနွေးဆူထဲ ဖောက်ထည့်ပြီး စားသုံးခြင်း
(၂)ကြက်ဥဟတ်ဘွိုင်ကြော်ရာတွင် သကြားအနည်းငယ်ထည့်ခြင်းဖြင့် ပိုအကျိုးရှိသော အာဟာရကိုရစေသည်။
လူတချို့က အာဟာရဓာတ်များသော ကြက်ဥကို များများစားသုံးပေးခြင်းဖြင့် အာဟာရများစွာ ရနိုင်သည်ဟု ထင်မှတ်မှားတတ်ကြသည်။ လူတစ်ဦးမှာ နေ့စဉ်ကြက်ဥတစ်လုံးမှနှစ်လုံးထိ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကို အလုံအလောက်ရနိုင်သည်။
ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ဖို့ မမေ့ပါနှင့်
ထမင်းမစားမီ ဟင်းရည်ပူပူ အရင်သောက်ခြင်းဖြင့် ခန္ဓာကိုယ်ဝိတ်အား ထိန်းသိမ်းပေးသည်။ အမေရိကန်ပညာရှင်များက ခန္ဓာကိုယ် ဝဖြိုးသူအယောက်(၁ဝဝဝ)ဖြင့် လေ့လာဆန်းစစ်ရာတွင် ထမင်းမစားမီ ဟင်းရည်ပူသောက်သူသည် စားသောထမင်းနပ်တိုင်းတွင် ကယ်လိုရီ ၅၅ကတ် လျှော့နည်းရရှိစေသည်။ သာမန်အားဖြင့် ထမင်းစားမြန်သူသည် အဝလွယ်သည်။ အကြောင်းမှာ ဦးနှောက်အတွင်းရှိ (အာသာ) ချင်ခြင်းအကန့်မှ "စားဝပြီ" ဆိုသည့်သတင်းရဖို့ အချိန်အနည်းငယ်ယူရသည်။ ထိုအချိန်ယူနေစဉ်အတွင်းတွင် အစားမြန်သောသူက ပိုလွန်သောအစားများ စားသုံးပြီးဖြစ်သည်။ အကယ်၍ ထမင်းမစားမီ ဟင်းရည်တစ်ခွက်သောက်ခြင်းဖြင့် ထမင်းအစားနည်းစေပြီး ဝခြင်းမှကာကွယ်ပေးနိုင်သည်။
အကောင်းဆုံး ရေသောက်ချိန်
ယေဘုယျအားဖြင့် လူတစ်ဦးသည် တစ်နေ့လျှင် အနည်းဆုံး ရေ(၁၅ဝဝcc) သောက်သင့်သည်။ နှလုံးနှင့် ကျောက်ကပ်ဆောင်ရွက်အားနည်းသူမျှလွဲ၍ ရေကိုလုံလောက်စွာ သောက်သင့်သည်။ အထူးသဖြင့် ပူသော(သို့) လေအေးစက်ဖွင့်ထားသော နေအိမ်နှင့်ရုံးခန်းတွင် လေထုခြောက်ကပ်သောနေရာတွင် ပိုမိုသောက်သင့်သည်။ နေ့စဉ်ထမင်းသုံးနပ်ကြားနှင့် ထမင်းစားချိန်တွင် ရေမကြာခဏသောက်ပေးသင့်သည်။ သို့သော် တစ်ကြိမ်တည်းတွင် အလွန်အမင်း မသောက်သင့်ပေ။
မနက်စာ အစားဝရုံမက အကောင်းစားသင့်သည်
"မနက်စာ ဝဝစား၊ နေ့လယ်စာ ကောင်းကောင်းစား၊ ညစာ နည်းနည်းစား" ဆိုသည့်အတိုင်း "မနက်စာ ဝဝရင်ရပြီ" ဟု လူအများက ဆိုကြသည်။ ထိုထက်သာမက မနက်စာသည် တစ်နေ့တာအတွက် အရေးပါသော နပ်တစ်နပ်ဖြစ်သည်။ အာဟာရပြည့်သော၊ ပရိုတင်းဓာတ်ပါသော မနက်စာသည် ဂလုကို့ကို ခန္ဓာထဲတွင် ကြာရှည်ထိန်းထားပေးနိုင်သည်။ မနက်စာတွင် hot drinkဖြစ်သော ကော်ဖီ၊ လက်ဖက်ရည်အပြင် ကောက်ပဲသီးနှံစာများ (ဂျုံဖြင့်စီမံထားသော အစားအစာ)၊ တိရစ္ဆာန်မှရသော ပရိုတင်း(နွားနို့၊ ဒိန်ချဉ်၊ ကြက်ဥ)၊ သစ်သီး (သို့) သစ်သီးဖျော်ရည်နှင့် အချိုဓာတ်၊ အဆီဓာတ်နည်းသော အစားအစာများကို စားသုံးသင့်သည်။ မနက်စာကို အဝစားရုံမက အကောင်းစားသင့်သည်။
အမေရိကန် ချီကာဂိုတက္ကသိုလ်မှ လေ့လာချက်အရ ပရိုတင်းဓာတ်များသောမနက်စာကို စားသုံးခြင်းဖြင့် ဂလုကို့မှာ (၁၅)မိနစ်အတွင်း မစားသုံးမီ ၇ဝ~ ၈ဝ Mg ထက် ၁၄ဝ~၁၅ဝMg ထိမြင့်တက်သွားသည်ကို တွေ့ရသည်။ (သာမန် ကလုကို့အဆင့်မှာ ၈ဝ~၁၂ဝMg ကြားတွင်ရှိသည်)။ လူ့ခန္ဓာအတွက် အားအင်ကို သာမန်ထက် (သို့) သာမန်ထက်မြင့်သော သွေးဖိအားမှ ရရှိခြင်းဖြစ်သည်။
စပျစ်ဝိုင်၏ အသုံးဝင်ပုံ
(၁) သင့်တင့်သော စပျစ်ဝိုင်ကို သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါဖြစ်ပွါးမှုကို ကာကွယ်ပေးနိုင်သည့်အပြင် နှလုံးသွေးကြောများကိုလည်း ပြုပြင်ထိန်းသိမ်းပေးနိုင်သည်။ တစ်ကြိမ်တွင် ၂၅~၅ဝဂရမ်ဖြင့် တစ်ရက်တွင် တစ်ကြိမ် (သို့) နှစ်ကြိမ်သောက်သုံးနိုင်သည်။
(၂) စပျစ်ဝိုင်ဖြူသည် ချိုမြပြီး ချဉ်စုတ်စုတ်အရသာရှိသည်။ ထမင်းစားပြီး သောက်သုံးခြင်းဖြင့် အစာချေရည်ကို နှိုးဆွခြင်း၊ သည်းခြေရည်ဖြစ်ပေါ်ခြင်း၊ အဆီကိုချေပေးခြင်းများ ပြုလုပ်ပေးသည်။
(၃) စပျစ်ဝိုင်တွင် သကြားဓာတ်၊ Amino acidများပါဝင်သည့်အပြင် ပြည့်ဝသော ဗီတာမင် B12, B1、B2 နှင့် ဗီတာမင်C များပါဝင်သောကြောင့် သွေးအားနည်းရောဂါအတွက် အကောင်းဆုံးဖြစ်သည်။
(၄)စပျစ်ဝိုင်ဖြင့် တုပ်ကွေးရောဂါကို ကုသနိုင်သည်။ ကုသနည်းမှာ စပျစ်ဝိုင် ၃ဝ~ ၉ဝgအား အနွေးဓာတ်ပေးပြီး တစ်နေ့ ၂ကြိမ်မှ ၃ကြိမ်အထိ သောက်ပေးခြင်းဖြစ်သည်။
လက်ဖက်ခြောက်
လက်ဖက်ခြောက်သည် သွေးတိုးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးသည်။ လက်ဖက်ခြောက်တွင်ပါဝင်သော catechins၊ ဗီတာမင်Cနှင့်ဗီတာမင်Pများသည် သွေးကြောပျော့ပျောင်းခြင်း၊ သွေးထဲတွင်ပါဝင်သော ကိုလက်စထရောအား လျော့ချပေးခြင်း၊ အသဲတွင်စုနေတတ်သော အဆီဓာတ်များကို ချေဖျက်ပေးခြင်းများ ပြုလုပ်ပေးခြင်းဖြင့် သွေးတိုးရောဂါ၊ နှလုံးလုပ်ဆောင်အားနည်းခြင်းနှင့် အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးသည်။ အသုံးပြုနည်းမှာ တစ်ကြိမ်တွင် Green Tea (မလှော်ရသေးသည် လက်ဖက်ခြောက်အစိမ်း) ၁~၂gနှင့် Crataegusအခြောက်၅gကို နေ့စဉ်အတူထည့်ခတ်သောက်ပါ။ အမြဲသောက်သုံးပေးရန် လိုပါသည်။
http://yourlifesuccess.blog.com/category/self-improvement/
(၁) သည်နေ့အတွက် ငါ ပျော်ပျော်နေမယ်။ (ဤအကြံသည် အမေရိကန် သမ္မတကြီး အေဗရဟင်လင်ကွန်း ပြောသော ” လူတို့သည် မိမိတို့ စိတ်ပိုင်းဖြတ်ထားသလောက်သာ ပျော်ရွှင်ကြသည် ” ဟူသော စကားနှင့် ကိုက်ညီပေသည်။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုမှာ အပြင်အပက လာသည်မဟုတ။ မိမိ၏ ကိုယ်တွင်းသန္တန်မှသာ လာနိုင်သည်။ )
(၂) သည်နေ့အတွက်တော့ ငါ ဖြစ်သမျှကို လက်ခံမယ်။ ငါဖြစ်ချင်တာမဖြစ်တိုင်း အတင်း မဖြစ်မကျယ် မလုပ်ဘူး။ ငါ သည်နေ့တော့ ငါ့သားမယား၊ ငါ့အလုပ်အကိုင် ၊ ငါ့ဖြစ်သမျှအကြောင်းတို့နဲ့ ညီညွတ်အောင်နေမယ်။ ငါ့အလိုအတိုင်း ကတောက်ကဆ မဖြစ်စေရဘူး။
(၃) သည်နေ့အတွက်တော့ ငါ့ကိုယ်ကာယကို ငါ ဂရုစိုက်မယ်။ အညောင်းအညာဖြေမယ်။ အာဟာရဖြစ်အောင် စားသောက်မယ်။ ငါ့ကိုယ်ကာယကို ပစ်မထားဘူး။ အလွဲမသုံးစားဘူး။ အဲသည်ကိုယ်ကာယကို ကျကျနနထားမှ ငါ့စိတ်တိုင်းကျလုပ်ငန်းကို လုပ်ဆောင်နိုင်ပေမယ်။
(၄) သည်နေ့အတွက်တော့ ငါ့စိတ်အင်အား တိုးအောင်ကြိုးစားမယ်။ အဖိုးတန်တဲ့ ပညာဗဟုသုတကို ဆည်းပူးမယ်။ ငါ့စိတ်ကို အလေမခံဘူး။ တွေးရ၊ မှတ်ရ၊ ကြံရတဲ့စာမျိုးဖတ်ပြီး စိတ်ကို တည်ငြိမ်အောင် လုပ်မယ်။
(၅) သည်နေ့အတွက်တော့ ငါ ကောင်းမှုပြုမယ်။ သူတစ်ပါးကို ကောင်းမှုဆောင်မယ်။ သူ ကျေးဇူးတင်ရုံကလေးမဟုတ်ဘဲ တကယ့်စေတနာနဲ့ ဆောင်ရွက်ပေးမယ်။ ငါ မလုပ်ချင်တဲ့အလုပ်ကို အနည်းဆုံး နှစ်ခုတော့ လုပ်မယ်။ သည်းခံနိုင်အောင်ကျင့်တဲ့ နည်းအဖြစ်နဲ့ လုပ်ရလိမ့်မယ်။
(၆) သည်နေ့အတွက်တော့ ငါ သူတစ်ပါးနဲ့တည့်အောင်နေမယ်။ ငါ့မျက်နှာ ကြည်လင်နိုင်သမျှ ကြည်လင်အောင် ထားမယ်။ အ၀တ်အစား သန့်သန့်ရှင်းရှင်း ၀တ်မယ်။ စကားကို ညင်ညင်သာသာ ပြောမယ်။ ယဉ်ယဉ်ကျေးကျေး ပြုမူမယ်။ သူတစ်ပါးကို ချီးကျူးမယ်။ မနှိမ်ဘူး။ အပြစ်မရှာဘူး။ ဘယ်ကိစ္စမှာဖြစ်ဖြစ် အာဏာသံနဲ့ မပညတ်ဘူး။
(၇) သည်နေ့အတွက်တော့ ဒီနေ့မှာရှိတဲ့ ကိစ္စတွေလောက်သာ စဉ်းစားဆောင်ရွက်မယ်။ နောင်ရေးလဲ တွေးမပူဘူး။ နောက်ကဖြစ်ခဲ့တာတွေလည်း တွေးပြီး မဆွေးဘူး။ သည်ကနေ့ကိစ္စကို သည်နေ့ပြီးအောင် ပိုင်းဖြတ်ပြီးလုပ်မယ်။
(၈) သည်နေ့အတွက်တော့ ငါ အလုပ်ကို အစဉ်အတိုင်းလုပ်မယ်။ တစ်နေ့လုံးအတွက် နာရီတိုင်းဘာလုပ်မယ်ဆိုတာကို ရေးချထားမယ်။ ရေးထားတဲ့အတိုင်း တစ်သဝေမတိမ်း လုပ်မယ်တော့ မဟုတ်ဘူး။ အကြောင်းသင့်သလို လုပ်ရမှာပေါ့။ ဒါပေမယ့် လုပ်ငန်းစဉ်ကလေးကတော့ လုပ်ထားမယ်။ ကတိုက်ကရိုက်ဆိုတာရယ်၊ ချီတုံချတုံဆိုတာရယ် အဲသည်နှစ်ခုဟာ အဖျက်အဆီးတွေပဲ။ သည်အဖျက်အဆီးတွေကို ချေမှုန်းပစ်လိုက်မယ်။
(၉) သည်နေ့အတွက်တော့ နာရီဝက်လောက် တစ်ကိုယ်တည်း ကို်ယ်ရောစိတ်ရော အညောင်းအညာဖြေဖို့ အနားယူမယ်။ အဲသည်တော့မှ ငါ့ဘ၀အကြောင်း ငါ ပြန်ပြီးသုံးသပ်ဖို့ ဥာဏ်ပွင့်လန်းလာမယ်။
(၁၀) သည်နေ့အတွက်တော့ ငါ ကြောက်စိတ်ကို ဖျောက်ပစ်မယ်။ ပျော်ပျော်နေဖို့ မကြောက်ဘူး။ မေတ္တာတရားပွားများဖို့ မကြောက်ဘူး။ ကိုယ်မေတ္တာပွားသလောက် သူတစ်ပါးကလည်း ကိုယ့်ကို မေတ္တာထားကြလိမ့်မယ်လို့ ယုံကြည်ရမှာ မကြောက်ဘူး။
( How To Stop Worrying And Start Living by Dale Carnegie ကို ဆရာကြီးတက်တိုး ဘာသာပြန်သော သောကကင်းဝေး နေနိုင်ရေး စာအုပ်မှ ထုတ်နှုတ်သည် )
♫♥♫မိန်းကလေးအတွက် ဘဝဒဿန♫♥♫
(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။ Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေးမတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေဖြစ်တယ်။
(၃) အချစ်ကို သင်ယုံကြည်လို့ရတယ်။ ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင်လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။ တော်ထက်တဲ့ယောက်ျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူမဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။
(၄) ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။ ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု..... ဘုရားသခင်က သင့်ကို လှပတဲ့မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။
(၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။ ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ကပေးတဲ့ အဖိုးတန်ဈေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင်လက်ခံယူမလဲ! ဇနီးမယား? ချစ်သူရည်းစား? တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူးဆိုခဲ့ရင် ဒီလက်ဆောင်အတွက် ဘယ်လိုပေးဆပ်ခြင်းမျိုးကို သင်ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။
(၆) ရိုးသားလို့ရတယ်၊ ဒါပေမဲ့ ရိုးစင်းနုံအလို့ မရဘူး။
ရိုးရှင်းလို့ရတယ်၊ ဒါပေမဲ့ အလွယ်လိုက်လို့မရဘူး။
အိမ်အလုပ်၊ အိမ်ပစ္စည်းတွေကို သင်နားမလည်လို့ရတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေရဲ့ အညွန်းစာအုပ်ကို သင်ဖတ်နိုင်ရမယ်။ ကိုယ့်အပေါ် ကူညီခဲ့သူတွေအတွက် ကျေးဇူးတရားကို ရင်ထဲအမြဲထည့်ထားပါ။ ကိုယ့်အပေါ် ကဲ့ရဲ့လှောင်ပြောင်သူတွေအတွက် ပုံမန်၊ သာမန်စိတ်ကိုမွေးပါ။
(၇) ငွေကြေးတွေကို အမြော်အမြင်ရှိရှိ သုံးပါ။
ကိုယ့်အတွက် ကောင်းမွန်တဲ့အတွင်းခံ၊ ဖိနပ်တွေဝယ်ဖို့ မနှမြောပါနဲ့။
အပြင်ပန်းလှပအောင် ဝတ်ဆင်တယ်ဆိုတာ သူတစ်ပါးကြည့်ဖို့အတွက်ပါ။ ဒါဟာ ဝင့်ဝါခြင်းကို ဝတ်ဆင်တာဖြစ်တယ်။ သင့်တော်ကောင်းမွန်တဲ့ အတွင်းဝတ်တွေက ကိုယ်တိုင်အတွက်ပါ။ ဒါဟာ သက်တောင့်သက်သာရှိခြင်းကို ဝတ်ဆင်တာဖြစ်တယ်။
(၈) လိုက်လျောညီထွေတဲ့စကားကို ပြောဆိုတတ်ရမယ်။ ကလေးကလားနိုင်တဲ့၊ ကပ်ချွဲနှပ်ချွဲစကားတွေက သင့်မှာရှိသင့်တဲ့ အမှတ်တံဆိပ်တွေ မဟုတ်ဘူး။
သင့်မှာ ဗဟုသုတမရှိလို့ရတယ်၊ ဒါပေမဲ့ အဆင့်အတန်းမရှိလို့ မရဘူး။
အမြင်မတူ၊ အသွင်ကွဲလို့ရတယ်။ ဒါပေမဲ့ လေးစားရိုသေမှုတော့ ရှိရတယ်။
ဖြစ်ခဲ့၊ ပျက်ခဲ့တဲ့အကြောင်းကိုပဲ ထပ်တလဲလဲ နာနာကျင်ကျင် မရွတ်ဆိုပါနဲ့။
ဒေါသထွက်နေတုန်း စကားတစ်ခွန်းပြောဖို့ ၁ကနေ ၂ဝအထိ ရေတွက်ပြီးမှ ပြောပါ။
(၉) သင်ဟာ တကိုယ်တည်းသမားပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် ဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက တစ်ပါးသူကို မှီတွယ်မယ်ဆိုတဲ့စိတ် မရှိဖို့ပဲလိုတယ်။ အရာရာတိုင်း သူတစ်ပါးကို အားကိုးနေလို့မဖြစ်ပါဘူး။ သိန်းသောင်းချီတဲ့ လခရနေတာက အကောင်းဆုံးပေါ့။ ထောင်ဂဏန်းလခဆိုလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုရှင်သန်အောင် ရပ်တည်နိုင်တဲ့အစွမ်း သင့်မှာရှိသေးတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်ယူစရာဖြစ်တယ်။
(၁ဝ) ဘဝကပေးတဲ့ အရာတိုင်းကို တန်းဖိုးထားမြတ်နိုးပါ၊ သင်ယူပါ။
အချစ်ခံရ၊ အနှစ်သက်ခံရတယ်ဆိုတာ ပျော်ရွှင်တဲ့ဥစ္စာပစ္စည်းဖြစ်တယ်။
သူတစ်ပါးကိုချစ်တယ်၊ နှစ်သက်တယ်ဆိုတာ ပျော်ရွှင်တဲ့ပေးဆပ်ခြင်းဖြစ်တယ်။
တကယ်လို့ သင့်ကို သူခွဲသွားမယ်ဆိုရင် ပြုံးပြုံးရွှင်ရွှင်နဲ့ တောင်းဆုတွေပေးပါ။
အထီးကျန်တာကို ဂုဏ်ရှိရှိခံယူတာက နာနာကျင်ကျင်ချစ်နေရတာထက်စာရင် ကောင်းပါတယ်။
ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ။ သူ့တစ်ပါးကို ခွင့်လွှတ်နားလည်တတ်ပါစေ။
ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်၊ ခွင့်လွှတ်နားလည်တဲ့စိတ်၊ တာဝန်သိတတ်စိတ် .. စတဲ့စိတ်တွေ တစ်ခုမှ သင့်မှာ လျော့နေလို့ မဖြစ်ဘူးဆိုတာကို နားလည်ထားပါ။
မူရင်း-- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/2011...
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
★ သူစိမ်းတယောက် ဖြစ်ခွင့်...... ♪♫
ပျော်ရွှင်ခဲ့တဲ့ ဒို့နှစ်ယောက်
ဘေးစကားဆိုတဲ့သံစဉ်ရိုင်းတွေက
မင်းအတွက်နားဝင်ချိုနေတော့
တမိုးအောက်တယောထဲ
မေကလွဲရင် မချစ်ခဲ့ဘူးလို့ကျိန်ပြောလည်း
မင်းနားထဲမှာ သံစဉ်ရိုင်းတွေပဲရှိနေလေရဲ့.........
အချစ်ဦးမဟုတ်ခဲ့ပေမယ့်
အရူးမူးပဲ ချစ်ခဲ့မိတယ်
မင်းပြောသမျှကို ငြင်းဆန်ဖို့ဆိုမထားနဲ့
မင်းရှေ့ရောက်တိုင်း
ကိုယ့်ဆန္ဒတွေကို အမြဲမြိုသိပ်ထားခဲ့သူပါ
ဟုတ်ရင်ကျော် ပုတ်ရင်ပေါ်မှာပဲ
ငါမင်းနောက်ကွယ်မှာ
ဇာတ်လမ်းတွေရှိနေတယ်ဆိုရင်
တနေ့မင်းစီကို သတင်းတချို့ကြားရမှာပါ
ဘေးစကားတော့ မယုံစေချင်ဘူး.....
ချစ်သူတွေဆိုတာက
နားလည်မှုတွေဖလှယ်နေကြတာလေ
မင်းတယောက်ကတော့ သံသယတွေနဲ့ပေါ့
ကို့အချစ်ကပူလောင်တယ်ဆိုရင်
ချစ်သူမင်းအပင်ပန်းမခံပါနဲ့ ပျော်သလိုနေပါ
ပြီးတော့...ငါ့ကိုလည်း
သူစိမ်းတယောက်ဖြစ်ခွင့် ပေးပါ
မင်းနဲ့အဝေးဆုံးကို ထွက်သွားပါ့မယ်.......။..။
အသွင်တစ်မျိုးနဲ့ ကျူမဲ့ ဘောလုံးရည်းစားစာ
ချစ်သူကိုဘယ်လိုချစ်စကားပြောမလဲ အနုအရွတွေက ရိုးတယ်။ တစ်ချို့စာသားတွေက
လူရွင်တော်တွေပျက်တယ် (၀န်ခံတာပါ) တစ်ချို့စကားလုံးတွေကတော့ ကိုယ့်ဟာကိုတွေးတာများပါတယ်။ အဲတော့
အချစ်ကိုဘောလုံးလို့ သဘောထားပြီး ချစ်သူနဲ့ ကမ္ဘာအနှံ့ခြေဆန့်ရအောင်။ ချစ်သူတွေအဆင်ပြေပါစေ။
ကဲ.....စပြီနော်.... ရဲဘော်တို့
အခုစစချင်း မင်းရဲ့အလှတရားကို တို့က ကမ္ဘာဖလားနဲ့ တောင်မလဲနိုင်တဲ့အကြောင်း စပြောပါရစေနော်။
အချစ်ဆိုတာ ရီးရဲမက်ဒရစ်လို ပိုက်ဆံချမ်းသာတိုင်း ၀ယ်လို့မရနိုင်ဘူးဆိုတာ မင်းအနည်းနဲ့အများတော့
နားလည်လိမ့်မယ်လို့ထင်ပါတယ်။
မန်ယူလို အကြံတူတဲ့လူတွေရှိနေမှန်းလဲသိပါတယ်။ မင်းရဲ့အနားမှာ စည်းကြပ်ဒိုင်တွေရှိလို့
အနီးကပ်တောင်မထိုင်ရဲပါဘူးကွာ။ တို့ကို အဖြောင့်တည်ကြည်သဘောနဲ့ ထောင့်တည်ဘော
တစ်လုံးလောက်မျှော်လင့်ခွင့်ပေးပါလား။
မင်းရဲ့အချစ်တွေက တို့အပေါ်မှာ ဘလက်ဘန်းလို အရမ်းလန်းနေတော့ တို့ရင်ထဲမှာ ဖူလ်ဟမ်လို
လိုအပူကန်နေပါတယ်ချစ်သူရယ်။
မင်းကိုတို့က ဆီနီဂေါ လို တစ်ကယ် အပီပြောမယ်ကြံကာမှ မင်းက ဘရာဇီးလို အထာကြီးနဲ့နေနေတဲ့အတွက် တို့မှာ
အင်္ဂလန်လို ရင်ခံနေရပါတယ် ချစ်သူရယ်။
အဲဒီအတွက်မင်းက လစ်ဗျားလို အပြစ်စကားဆိုရင်လဲ တို့လက်ခံပါ့မယ်။
တို့ကမင်းကို ဟော်လန်လို အပျော်ကြံတာမဟုတ်ပဲ ပြင်သစ်လို အရင်ချစ်ခဲ့တဲ့အတွက် မင်းအနားကို
ဒိန်းမတ်လို တစ်စိမ်းကပ်တာတောင်မကြိုက်ပါဘူး။
ယူဂိုဆလပ်လိုအူတိုမတတ်ချစ်ခဲ့ တာကို မင်းကဂရုမစိုက်ပဲ စပါးစ်လို ကုလားတစ်ယောက်နဲ့
စကားပြောနေတာကိုမြင်လိုက်ရတဲ့တို့မှာ လီဗာပူးလို အတည်ငါရူးနေပြီဆိုတာ မင်းတွေးမိသေးရဲ့လား?
မင်းရဲ့အကြည့်တစ်ချက်က တို့ရဲ့ရင်ထဲကို ဘိုင်ယန်မြူးနစ်လို အမှန်တစ်ကယ်စူးနစ်နေပြီ။
မင်းရဲ့အနားလာ ကပ်ပြီး ဂျပန်လို မဟန်တော့မှ နောက်ဆုတ်သွားတဲ့လူမျိုးတွေထဲမှာ တို့မပါဘူးဆိုတာ
မင်းသိစေချင်တယ်ကွာ။
မင်းတို့ကို ဆက်ဆံပုံက ပါးမားလို တစ်အားများပြီးမှားရင်တော့ တို့က အေစီလို သေပြီပေါ့ကွာ။
မင်းကို ဆမ်ဒိုးရီးယားလို မြတ်နိုးမိရသူပါ စတုဂတ်လို ဘုပြောတတ်တဲ့ မင်းကိုချစ်တယ်။
ဒါကို ဟန်နိုဗာလို အပိုပါလို့ မပြောနဲ့နော်.။
မင်းကို ပို့စ်မောက်လို အမျိုးတစ်ယောက်လို ကြင်နာမှုမျိုးတွေနဲ့ ထားချင်တယ်။
လက်ဆောင်ပေးတိုင်း အနားမှာတွေ့တာနဲ့ ၀ုပ်ဖ်ဘတ်လို ထုတတ်တဲ့ အပြုအမူတွေ နောက်တစ်ခါမလုပ်နဲ့တော့နော်။
တို့ကို အင်တာလို အစဉ်သာကြင်နာပေါ့။
ပြီးတော့ ဗီလာလို ကြည်ကြည်သာသာလေးနေနော်။
ရိုးမားလို တစ်မျိုးစကားပြောရရင် ရေးစင်းလို ပြေးမနင်းနဲ့ (ဆိုက်ကားပြောပါတယ်) မင်းကို ဟမ်းဘတ်လို
အရမ်းဖက်ချင်တယ်သိလား။
အခုပြောနေတာတွေက ဂီဂျွန်လို အပီတွန်နေတယ်လို့ ထင်နေတယ်မဟုတ်လား။
ဟွန်းနော်..
ပြီးတော့မှ မာဆေးလ်လို အထာမပေးနဲ့ ဂျာမနီလို အသာတစ်ကြည် မလာတော့ဘူးမှတ်။
အခုပြောနေတာတွေကို နယူးကာဆယ်လို ရူးပါတယ်လို့ဝေဖန်ရင်လဲ ကျေနပ်ပါတယ်။
ရင်ထဲက ခံစားချက်တွေကို နာပိုလီလို စာတွေစီနေတဲ့အတွက် တိုဂိုလို အပိုတစ်လုံးမှမပါဘူးဆိုတာ ယုံစေချင်တယ်။
အီကွေဒေါလို တစ်ကယ်အတည်ထပ်ပြောမယ် ယူကရိန်းလို တစ်ကယ်မစိမ်းပါနဲ့ လိုင်လီလို
ဆိုင်သည်လို့ပဲပြောထားပါရစေနော်။
မင်းနဲ့ ဖရီးကစ်လို တစ်သီးတစ်ခြားမဖြစ်ပါစေနဲ့လို့ ဆုတောင်းတယ်သိလား။
တို့ရဲ့ရင်ခွင်ထဲကိုမင်းက ချဲလ်ဆီးလို အပြတ်ကြီးနဲ့ အာဆင်နယ်လို လာချင်တယ်ဆိုရင် မန်စီတီးလို
အနမ်းကြီးပေးပြီးကြိုမယ်နော်။
ဒီစာလေးကို ဘာစီလို မင်းက အသာတစ်ကြည်နဲ့ ယူမယ်ဆိုရင်တော့ ကိုလုံးလို အပျော်ဆုံးဖြစ်နေမဲ့ လူလို့ ပြောရင်း
ဂီတာဖေးလို အပီစာပေးလိုက်ပါတယ်ကွာ.....။
ချစ်လားမချစ်လားသိဖို့အတွက်အားလုံးကို နည်းလမ်း၁၂ ခုဝေမျှပေးချင်ပါတယ်။
မှန်လားမမှန်လားတော့ ကိုယ့်ဘာသာစမ်းသပ်ကြည့်ကြပါ။
ဖတ်ပြီးရင်လည်း ဝေဖန်ချက်လေးပေးကြပါဦးနော်။
ဆက်ရေးဖို့အတွက် ခွန်အားလေးများပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ချစ်လားမချစ်လားသိဖို့အတွက်နည်းလမ်း ၁၂ သွယ်
၁၂ : သင်ဟာ သူနဲ့ ညဘက်ထိစကားပြောမယ်။ အဲဒါတောင်မှ အိပ်ရာထဲရောက်ရင်လည်း
သင်ဟာ သူအကြောင်းကို တွေးနေမိလိမ့်မယ်။
၁၁ : သင် သူနဲ့တွဲပြီးလမ်းလျှောက်တဲ့အခါမှာ သင်ခြေလှမ်းတွေနှေးနေလိမ့်မယ်။
၁၀ : သင် သူနဲ့ဝေးနေရတဲ့အခါ သင်ဝမ်းနည်းသလိုခံစားရလိမ့်မယ်။
၉ : သင် သူအသံကိုကြားတာနဲ့ပျော်ရွှင်နေလိမ့်မယ်။
၈ : သင် သူကိုကြည့်နေတဲ့အခါ သူတစ်ယောက်ကိုပဲမြင်လိမ့်မယ်။ သင်ဟာ
ပတ်ဝန်းကျင်ကို ဂရုစိုက်မှာ မဟုတ်တော့ဘူး။
၆ : သင်ရဲ့အတွေးထဲမှာ သူကအမြဲစိုးမိုးနေလိမ့်မယ်။ သင်
စဉ်းစားသမျှအရာအားလုံးဟာ သူအတွက်ပဲ။
၅ : သင် သူနဲ့တွေ့တဲ့အခါအမြဲပျော်ရွှင်နေလိမ့်မယ်။ သင်မျက်နှာမှာ
အပြုံးတွေစိုးမိုးနေလိမ့်မယ်။
၎ : သင် သူနဲ့တွေ့ရဖို့အတွက် ဘာမဆိုလုပ်လိမ့်မယ်။
၃ : သင် ဒီစာကိုဖတ်စဉ်မှာ တစ်စုံတစ်ယောက်ဟာ
သင့်နှလုံးသားထဲမှာအချိန်တိုင်းရှိနေလိမ့်မယ်။
၂ : သင်ဟာ အဲဒီတစ်ယောက်အကြောင်းတွေးနေလို့
သင့်ဦးနှောက်အလုပ်ရှုပ်နေတာကြောင့် သင်ဟာ နံပါတ် ၇
ကျန်ခဲ့တာကိုသတိထားမိမှာမဟုတ်ဘူး။
၁ : သင်ဟာ နံပါတ် ၇ ကျန်ခဲ့သလားလို့အပေါ်မှာပြန်စစ်ပြီး
သင်ဟာသင်ကြိတ်ပြီးရယ်နေလိမ့်မယ်။
ဒီစာထဲကလိုသင်တကယ်ဖြစ်နေရင်တော့။
အသင့်နှလုံးသားထဲမှာရှိတဲ့လူကို ချစ်မိနေပါပြီလို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။
ကိုယ့်ကိုကိုယ်စမ်းသပ်ကြည့်ကြပ
ကောင်လေးတွေအတွက်
ဒါကတော့ လိမ်တာ မဟုတ်ပါဘူး ဟန်ဆောင်တာပေါ့ဗျာ သူစိတ်ဝင်စားအောင်ပေါ့ သူကို့  တွေ့ ရင် ရင်ဘက်ကလေး ဖိပြီး ခံစားလိုက်ရတာမျိုးပေါ့ အလွန်တော့ မဖြစ်စေနဲ့ ပေါ့
မိန်းကလေးတွေက သူတို့ အတွက်ခံစားပြရင် ကြိုက်တယ်ဗျ မိန်းကလေးတွေ စုမိရင်
ဘယ်ကောင်လေးက ဘယ်လောက် သူ့အတွက် ခံစားရတာဆို ပြီး ပြောတက်ကြတယ်လေ
(အတင်းပြောတာပေါ့) ကိုယ့်ဘက်ကတော့ လိမ္မာအောင်နေပေါ့ဗျာ လူရိုးလေးဆိုရင်
နေရာပေးတက်တယ် အားလုံးတော့ မဟုတ်ဘူးပေါ့ တစ်ချို့ တစ်ဝက်ပေါ့
ဒါကတော့ နည်းနည်းရှားတယ် (ကိုယ်က လူဆိုးတစ်ယောက်လို ) ဆိုးနေရင်လဲ
စိတ်ထဲ မထားပါနဲ့  တစ်ချို့ သော မိန်းကလေးတော်တော်များများကလည်း နစ်သက်တက်ပါတယ် ဘာလို့ လဲ ဆိုတော့ မိန်းကလေးတွေမှာ ဆရာလုပ်ချင်တဲ့ စိတ်လေးရှိလို့ ပါ သူတို့ က လူဆိုးတစ်ယောက်ကို ပြုပြင်ပေးချင်တဲ့  ၀ါသနာပါလာလို့ ပါပဲ
ဟုတ်တယ်မလား အမြဲတမ်းအလိုလိုက်နေရင်လဲ မကောင်းဘူးထင်တယ်ဗျ သူကတော့ ပျော်မယ်လေ ကိုယ်ကတော့ နောက်ကျရင် ခိုင်းချင်သလို အခိုင်းခံရတော့တာပါပဲဗျာ
မလျှော့မတင်းလေးပေါ့ စောင်းကြိုးလေးလို့ ပေါ့ ဟဲ ပြီးမှ တီးပေတော့ အဲ
ထိန်းထားပေတော့ ဂျိုကာပြောတာ မှန်မယ်မဟုတ်လားဟင်
ဆံပင်ရှည်တဲ့ ကောင်မလေးတွေ လက်သည်းအရှည်ထားတဲ့ ကောင်မလေးတွေက
စိတ်ရှည်တက်တယ်ဗျ အသံကျယ်ကျယ်ပြောတဲ့ လူတွေကတော့ မလေးနက်တက်ဘူး သတ္တိကောင်းတက်တယ် တိုးတိုးလေး ပြောတက်သူတွေကတော့ နူးညံ့တက်တယ်လို ဂျိုကာထင်တယ်ဗျာ အေးစက်စက်ပြောတဲ့ လူကတော့ နဲနဲ ကြောက်တယ် သူတို့ ကို ကြည့်ရတာ (နေပူပူမှာ ရေပူပူကို အနွေးထည်ပူပူ ၀တ်ပြီး သောက်ရသလိုပဲ ချွေးသံတရွှဲရွှဲနဲ့ 
ကြိုးစား ဆက်ဆံတာတောင် ကြိုက်ချင်မှ ကြိုက်တာ ဂျိုကာလည်း သူတို့ ကို ကြောက်တယ်)
လူဆိုတာ ရယူခြင်းကို နစ်သက်လို့  ကိုယ်ကတော့ ပေးဆပ်ရတက်တယ်လေ
တစ်ခုကို လိုချင်လို့  တစ်ခု ပေးဆပ်ရတာမျိုးပေါ့ မိန်းကလေးတော်တော်များများက
စောင့်ရတာကို မကြိုက်တက်ဘူးဗျ သူတို့ အတွက် အဆင့်သင့်ဆိုရင်တော့ ကိုယ့်လူရေ
ခင်ဗျား အတွက်တော်တော် good တယ်ဗျို့  ချစ်သူဖြစ်နေခဲ့ ရင်လဲ အသေးစိတ် ဂရူစိုက်ပါဗျာ မှာချင်တယ် မုန့် စားနေရင် တစ်ရှူး အဆင့်သင် ကမ်းပေးတာမျိုး
တူဖောက်ပေးတာမျိုး ရေထည့်ပေးတာမျိုး ကော်ဖီ မွှေပေးတာမျိုးပေါ့
ကိုယ်က ဗိုက်ဆာလို့  ခေါင်းငုံဆွဲနေရင်တော့ ကောင်မလေးက ခင်ဗျားကို မျက်စောင်းဆယ်ခါလောက် ထိုးနေပြီးလောက်ပြီထင်တယ် အဲ့ တော့ သူအရင် စားပါစေ
ကိုယ်က ခဏတော့ စောင့်ကြည့်ပေါ့ သူက ကိုယ်လဲ စားလေဆိုတာနဲ့  one two three
ရေပြီးတော့သာ ဆွဲပေတော့ မြန်မြန်တော့ မစားနဲ့ နော် မိန်းကလေးတွေက သူ့ ချစ်သူစားနေတာကို ကြည့်ပြီး ကြည်နူးတက်လို့ ပါတဲ့ ဗျာ အသည်းကွဲအလွမ်းစာတွေ ကဗျာတွေ ရေးတဲ့  အနောက်ပိုင်းဂျိုကာက ဒီလို မျိုး ပြောလို့  တစ်မျိုးမထင်ပါနဲ့  နော်
မရိုးနိုင်သော အဖိုးတန်စကားလေး “ချစ်တယ်”
ချစ်ခင်မေတ္တာမျှကြတဲ့ လူ ၂ ဦးကြားမှာ တစ်ခါတစ်ရံ အေးစက်တဲ့ ဆက်ဆံရေးတွေနဲ့ သွေးမနွေးတော့ဘူးဆိုတာမျိုးတွေ ရှိနေတတ်ကြမှာပါပဲ ။
အဲဒီလို အခြေအနေမျိုးတွေအထိ တွေ့ကြုံမလာကြစေဖို့ မရိုးနိုင်တဲ့ စကားလေးတွေ၊ ဟန်ဆောင်မှုမပါတဲ့ ကိုယ်ဟန်အမူအရာကလေးတွေနဲ့ ချစ်သူ ၂ ဦးကြားက အချစ်စိတ်ကို နွေးထွေးတက်ကြွလာစေနိုင်တယ် ဆိုတာ အကြံပေးချင်လို့ပါ။
လက်တွေ့ဘ၀ထဲက နည်းလမ်းကလေးတွေ ဖြစ်ပြီး သင်နဲ့ သင့်လက်တွဲဖော်တို့ကြားက အချစ်တွေ သွေးနွေးလာစေဖို့ အသုံးဝင်နိုင်စရာတွေလည်း ဖြစ်ပါလိမ့်မယ် ။
၁။ “မင်းကိုချစ်တယ်” ဆိုတဲ့ စကားလေးပါ ။ ရှက်နေဖို့ မလိုပါဘူး ။ တကယ်ရင်မှာရှိနေတာပဲ။ နေ့စဉ် ၁ ကြိမ်လောက်တော့ ကိုယ့်ချစ်သူကို ပြောလိုက်ပါ ။ ဒီစကားလေးကို ကြားရတဲ့ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာင်္းလေးပဲဖြစ်ဖြစ် ကိုယ့်အပေါ် ယုံကြည်စိတ်ချမှု ပိုတိုးလာပါတယ် ။ ဒါ့အပြင် ကိုယ့်အပေါ် တုံ့ပြန်ချစ်စိတ်တွေလည်း သူ့ဆီမှာ နိုးကြားလာပြီး အချစ်တွေ နုပျိုရှင်သန်နေပါလိမ့်မယ် ။
၂။ ကိုယ့်လက်တွေဖော်ကို သူ မမျှော်လင့်လဲ ရုတ်တရက် ပွေ့ဖက်လိုက်တာ၊ ကြင်နာမှုအပြည့်နဲ့ အနမ်းပွင့်ချွေလိုက်တာ၊ ဒါမှမဟုတ် ကလိထိုး စနောက်လိုက်တာမျိုးဟာ သူ့ကို ရုပ်ပိုင်းဆိုင်ရာ လန်းဆန်းအားတက်မှုကိုဖြစ်စေပါတယ် ။ အရေးကြီးတဲ့ အပြုအမူ ၃ ခုလို့ ဆိုချင်ပါတယ် ။
၃။ ဓါတ်ပုံဟောင်းလေးတွေကို ၂ ယောက်အတူ ပြန်ကြည့်ရင်း တစ်ချိန်က သတိရစရာလေးတွေ၊ ချစ်ပုံရိပ်တွေကို စမြုံ့ပြန်ကြတာဟာလည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ် ။
၎။ ချစ်သူရဲ့ မွေးနေ့နဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ကို မမေ့စေနဲ့ ။ ဒီထက်အရေးကြီးတာ ဘာမှမရှိလို့သာ အပြီးတိုင်မှတ်ထားကြစို့ ။
၅။ ပြုံးပြပါ ။ ဘာအကြောင်းမှမရှိလည်း ပြုံးပါ ။ တစ်ဦးနဲ့တစ်ဦး ပြုံးပြီးကြည့်ပါ ။
၆။ သင့်ချစ်သူကို သင် ဘာကြောင့်ချစ်တယ်ဆိုတာ ပြောပြဖို့လည်း မမေ့ပါနဲ့။ ရိုးသားလို့၊ဥာဏ်ထက်လို့၊ စိတ်ကူးသစ်တွေရှိလို့ သဘောကျမိတာ ဆိုတာမျိုး ပြောပြထားခြင်းဟာ သူ့စိတ်ဓါတ်နဲ့ သူ့အားမာန်ကို အကောင်းဆုံးပြုစုပျိုးထောင် ပေးခြင်းပင် ဖြစ်ပါတယ် ။
၇။ သင့်ချစ်သူပြောချင်တဲ့ စကားလေးတွေကို နားထောင်ပေးပါ ။ကိုယ်နဲ့တိုက်ရိုက် မသက်ဆိုင်ရင်တောင် သူ့ရင်ထင်မှာ တင်းကျပ်လို့ ဖွင့်တာကို ဂရုတစိုက်နားထောင်ပေးတာဟာ သူ့ကို သိပ်ကြင်နာရာ ရောက်ပါတယ် ။ကိုယ့်အကြိုက်နဲ့ ထပ်တူကျကျ မကျကျ အတူတူမျှဝေပေးတယ်ဆိုတာ ချစ်သူတွေကြားက အရေးပါတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ် ။
၈။ လက်ကို မြဲမြဲဆုပ်ကိုင်ပေးပါ ။ သိပ်ရိုးစင်းတဲ့ အပြုအမူပဲလို့ ထင်စရာရှိပေမဲ့ ကြင်နာသူကို သိပ်အားရှိသွားစေတဲ့ အားပေးမှုဆိုတာ အသေအချာပါ ။ လက်ချင်းမြဲမြဲဆုပ်တာ တကယ့်အားဆေးပါ ။
အားလုံးပဲ ကိုယ်ချစ်တဲ့သူနဲ့ အဆင်ပြေနိုင်ကျပါစေ …………
လွယ်ကူခြင်း Vs ခက်ခဲခြင်း
လူတစ်ယောက်ရဲ. Address book မှာ နေရာ တနေရာစာရဖို. လွယ်ကူပါတယ်။
လူတစ်ယောက်ရဲ. နှလုံးသား မှာ နေရာတနေရာ ရဖို. ခက်ခဲပါတယ်။
သူများ အမှား၊အပြစ် ကို ရှာ ဖို. အင်မတန်လွယ်ကူပါတယ်။
မိမိ အမှားကို မှတ်ယူ၊ ရှောင်ကျဉ် ဖို. ခက်ခဲပါတယ်။
မစဉ်းစားပဲ စကား လျှောက်ပြောဖို. လွယ်ကူပါတယ်။
အမှားကင်း အောင် စကားပြောဖို. ခက်ခဲပါတယ်။
မိမိကို ချစ်ခင်တဲ. လူကို စိတ်နာကျင်အောင်လုပ်ဖို.လွယ်ကူပါတယ်။
ထိုစိတ်နာကျင် မူကို ပြန်လည်ကုစားဖို. ခက်ခဲလှပါတယ်။
တပါးသူကို မိမိက ခွင်.လွတ်ဖို. လွယ်ကူပါတယ်။
တပါးသူ ကို မိမိအား ခွင်.လွတ်ဖို. တောင်းဆိုရတာ ခက်ခဲပါတယ်။
စည်းကမ်း၊မျဉ်း တွေ ချမှတ်ရတာ လွယ်ကူပါတယ်။
လိုက်နာ ဖို. ခက်ခဲပါတယ်။
အောင်နိုင်သူ ဖြစ်ရတာ လွယ်ကူပါတယ်။
သိက္ခာရှိရှိ ရှူံး နိမ့် သူ ဖြစ်ဖို. ခက်ခဲပါတယ်။
ကျောက်တုံး နှင်. ခလုတ် တိုက်မိဖို. လွယ်ကူပါတယ်။
ပြန်ထ ရတာ ခက်ခဲပါတယ်။
နေ.တိုင်း ဘ၀ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရတာ လွယ်ကူပါတယ်။
တန်ဖိုးရှိရှိ ဖြတ်သန်းဖို. ခက်ခဲပါတယ်။
ဂတိ တခု လွတ်ခနဲ ပေးဖို. လွယ်ကူပါတယ်။
ဂတိ အတိုင်းလိုက်လုပ် ဖို. ခက်ခဲပါတယ်။
ချစ်တယ် လို ပြောရတာ လွယ်ကူပါတယ်။
အမြဲတမ်း ချစ်ပြနေဖို. ခက်ခဲပါတယ်။
သူများကို ဝေဖန် ရတာ လွယ်ကူပါတယ်။
မိမိကိုယ်ကို တိုးတက်အောင် လုပ်ရာမှာ ခက်ခဲပါတယ်။
အမှားတခု လုပ်ရတာ လွယ်ကူပါတယ်။
အဲဒီ အမှားကနေ သင်ယူကို ခက်ခဲပါတယ်။
ပြီးဆုံးသွားတဲ. အချစ်ဇာတ်လမ်းကို ပူဆွေး တောင့်တ ရတာလွယ်ပါတယ်။
အဲ့လို ပြီးဆုံးမသွားအောင် လုပ်ဖို.က ခက်ခဲပါတယ်။
တိုးတက်ကြီးပွားဖို. စဉ်းစားရတာ လွယ်ပါတယ်။
စဉ်းစားတာတွေ ရပ်ပြီး လက်တွေ.အကောင်အထည်ဖော်ဖို. က ခက်ခဲပါတယ်။
ချစ်သူငယ်ချင်းရေ လို. နူတ်ကပြောရတာလွယ်ပါတယ်။
ထိုကဲ့သို. ချစ်ချစ်ခင်ခင် ပေါင်းသင်းဖို. ခက်ခဲပါတယ်။
စိုင်းထွန်း(ဘာသာပြန်)
ပညာပေးစကားများ
ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။
ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။
သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။
အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခု ရှိပါတယ်။
လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။
ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့ လူတိုင်းလုပ်လို့ ရပါတယ်။
ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။
အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။
မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။
သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲပြုပြင်လိုက်ပါ။
အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် "အတွေ့အကြုံ"ဆိုတာ ဖြစ်လာပါတယ်။
ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။
အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက်လာလေပါပဲ။
SKY ယောက်ကျားလေးများသိထားသင့်သောအချက်များ...
၂။စက္ကန့် တိုင်းမင်းကိုသတိရနေမှာမဟုတ်ပါဘူး။မင်းနဲ့ အတူတူလောက်ပါပဲ။
၃။ကောင်လေးချောတာလေးတွေ့ ရင် ငါတို့ လည်းကြည့်ချင်တာပေါ့။
၎။ငါမင်းကိုရစ်နေတယ် ရှုပ်နေတယ်ဆိုတာကလဲ မင်းကိုဂရုပိုစိုက်စေချင်လို့ ပါ။
၅။မင်းချမ်းသာဖို့ မလိုပါဘူး ဒါပေမဲ့ ချမ်းသာတဲ့သူဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိရင် လုံလောက်ပါပြီ။
၆။တခါတလေ အပြင်သွားရင် သပ်သပ်ရပ်ရပ်လေးတော့ ဝတ်လာမှပေါ့။
၇။ငါကလည်း အချောဆုံးအလှဆုံးမဟုတ်ပါဘူး။ဒါပေမဲ့ ငါ့ကို လှတယ် ချစ်ဖို့ ကောင်းတယ် နူးညံ့သိမ်မွေ့ တယ်လို့  ပြောတာတော့ကြားချင်တာပေါ့။
၈။အသိအမှတ်ဖြစ်တဲ့ရက် မွေးနေ့ တွေကိုမင်းသိ၇မယ်။
၉။တခါတလေ အိပ်ခါနီးဖုန်းလေးတချက်လောက်ဆက်ပါလား။ဖုန်းပြောပြီးမှအိပ်သွားတာလဲငါတို့ ကြည်နူးစရာပါ။
၁၀။မင်းချောဖို့ မလိုပါဘူး။သန့် နေရင်သပ်သပ်ရပ်ရပ်နဲ့ ကိုယ်စတိုင်လ်နဲ့ ကိုနေပါ။
၁၁။ငါလဲဒေါသထွက်တတ်တာပေါ့။အဲ့လိုဆိုရင် တလမှာ ၃ ရက်လောက်တော့ခွင့်လွတ်ပါ။
၁၂။တချို့ တွေကို ငါလဲလုပ်တတ်ပါတယ်။ဒါပေမဲ့ မင်းလုပ်ပေးတာကိုလိုချင်လို့ ပါ။
၁၃။မင်းဘယ်နေရာမှာ ဘယ်သူနဲ့ ဆိုတာတွေကိုဖုန်းဆက်ပြီးပြောပြပါ မင်းရဲ့ အရိပ်လိုသိနေချင်တယ်။တဆင့်စကားကနေကြားရင် မိန်းကလေးဆိုတဲ့အတိုင်း အားငယ်တတ်တယ် စိတ်ဆိုးတတ်တယ် ပြီးရင်ဝမ်းနည်းနေမယ်။
၁၄။ငါ့ဖုန်းကိုဒီအတိုင်းချလိုက်ရင် မင်းချက်ချင်းဖုန်းပြန်ဆက်ပါ....
၁၅။ငါ့သူငယ်ချင်းတွေကိုလည်း မင်းလက်ခံနိုင်အောင်ကြိုးစားပါ။
၁၆။ငါထမင်းဟင်းတွေချက်ကျွေးရင် စားပဲမစားနဲ့ ကောင်းတယ်လို့ တော့တခွန်းလောက်ပြောမှပေါ့။
၁၇။ငါ့အလုပ်ကိုလေးစားရမယ်။
၁၈။နူးညံ့သိမ်မွေ့ တယ်ဆိုပေမဲ့ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အရည်အချင်းရှိပါတယ်။
၁၉။ငါကဘယ်ကိုသွားမလဲလို့ မေးရင် ကြိုက်တဲ့နေရာသွားလို့ မပြောနဲ့ ။အဲဒါက အလိုလိုက်တာမဟုတ်ဘူး ငါနဲ့ ချိန်းတွေ့ တာစိတ်မပါသလိုခံစားရလို့ ပါ။
၂၀။မိန်းကလေးသူငယ်ချင်းတွေကို ရင်းရင်းနှီးနှီးမဆက်ဆံပါနဲ့ ။ချစ်သူရှိကြောင်းပြောပြပြီး စည်းလေးတစ်ခုနဲ့ နေပါ။မိန်းကလေးတစ်ယောက်က အရှက်သိက္ခာနဲ့ လူလုပ်နေတာပါ။
၂၁။ငါ့မှာ ယောက်ကျားလေးသူငယ်ချင်းတော့ရှိသင့်တာပေါ့။မိန်းကလေးတွေကအချစ်နဲ့ ခင်မင်မှုကိုစည်းနဲ့ မဟုတ်ပါဘူး...တံတိုင်းနဲ့ 
ကိုခြားထားတာပါ။
၂၂။ငါကတော့ မင်းနဲ့ သိတဲ့မိန်းကလေးတွေအားလုံးကို အဘွားကြီး အဒေါ်ကြီး ဒါမှမဟုတ် ရုပ်ဆိုးတဲ့ ရွယ်တူကောင်မလေးပဲဖြစ်စေချင်တယ်။
၂၃။မင်းရဲ့ အရင်ရည်ူစားတွေအကြောင်းအားလုံးကိုသိချင်တယ်။အသေးစိတ်ကိုသိချင်တာ။
၂၄။ငါတို့ တွဲတာကြာပြီဆိုပေမဲ့ မထင်မှတ်တဲ့ surprise လေးတော့မင်းဆီကလိုချင်တာပါပဲ။
၂၅။ငါကို ချစ်တယ်လို့ ပြောပါ။အပြောရင် မချစ်တော့ဘူးလားဆိုပြီး တွေးနေတတ်လို့ ပါ။
၂၆။လူတွေရဲ့ အရှေ့မှာ ငါ့ကိုမအော်ပါနဲ့ ။ငါလည်းမင်းကိုလေးစားမှာပါ။မင်းရဲ့ သူငယ်ချင်းရှေ့မှာတောင် မင်းကိုမျက်နှာပျက်အောင်မလုပ်ပါဘူး။
၂၇။ငါလုပ်တာမှားသွားလို့  မင်းဆုံးမမယ် မင်းအော်မိမယ်ဆိုတာတွေထားပါ။အရေးကြီးတာတော့ ပြီးသွားရင် အနမ်းလေးနဲ့ တော့ချော့ပါ။
၂၈။ငါစိတ်ဆိုးလို့ ငါ့ကိုနောက်လာမရှာနဲ့ ဖုန်းမဆက်တော့နဲ့ လို့ ပြောနေတာက မင်းကိုလာရှာခိုင်းတာ ဖုန်းဆက်ခိုင်းတာပါ။
၂၉။ငါမင်းဘေးမှာရှိတဲ့ မိန်းကလေးသူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်တယ်ဆိုတာက ငါကသူတို့ ထက်မင်းကိုစိုးမိုးနိုင်တယ် မင်းကိုရင်ခုန်အောင်ငါပဲလုပ်နိုင်တာပါ။ငါကလွဲလို့  ဘယ်သူကိုမှမချစ်ဘူးဆိုတာကိုသိချင်နေလို့ ပါ။
၃၀။ငါကြိုက်တယ်လို့ ပြောတဲ့ပစ္စည်းတွေကိုအားလုံးဝယ်ပေးစရာမလိုပါဘူး။အမှတ်တရဖြစ်စေတဲ့နေ့ တွေမှာ တခုနှစ်ခုလောက်ဝယ်ပေးရင် ကျေနပ်ပါတယ်။မင်းစိတ်ထဲမှာ ငါ့အတွက်ရှိနေတာသိရင်လုံလောက်ပါပြီ။
၃၁။ချစ်သူပြောရင်သေချာနားထောင် ဒီဘက်နားဝင် ဟိုဘက်နားထွက်တော့မလုပ်ပါနဲ့ ။
၃၂။သူငယ်ချင်းတွေနဲ့ သွားပါ။လည်ပါ။တခါတလေတော့ ငါလဲလိုက်ချင်တာပေါ့။မင်းရဲ့ သူငယ်ချင်းတွေက ငါကမင်းရဲ့ ချစ်သူပါဆိုတာကိုသိစေချင်တယ်လေ။
၃၃။shopping ထွက်တာမိန်းကလေးတွေရဲ့ သဘာဝပါ။ဒါကိုအပြစ်မပြောပါနဲ့ ။
၃၄။မင်းရဲ့ မိဘရှေ့မှာ ငါအိမ်အလုပ်မလုပ်တတ်ဘူးလို့ မပြောနဲ့ ။လုပ်တတ်တယ်လဲမပြောပါနဲ့ ။
၃၅။ဖြစ်သလို ဘယ်တော့မှလက်ဆောင်မပေးပါနဲ့ ။
**ချစ်ခရီးလမ်းလေးမှာခလုတ်မတိုက်မိချင်ရင်**
ချစ်သူနှစ်ဥိးအတွက်အရေးကြီးဆုံးအချက်ကတော့..တစ်ယောက်ကိုတစ်ယောက်
ရိုးသားဖို့ပဲလေနော်...တစ်ယောက်ကိုတစ်ယောက်လိမ်ညာနေမယ်ဆိုရင်...ယုံကြည်မှုဆိုတာဝေးလာဝေးပဲလေ..
ယုံကြည်မှုမဲ့ရတဲ့..အချစ်ခရီးလေးဟာလည်း..ဘယ်နည်းနဲ့မှ..သာယာမယ်လို့..ဆုဂျေတို့နှစ်ယောက်တော့..
မထင်ရေးချမထင်ပါရှင်...
**Be Faithful =သစ္စာရှိပါ...
ဒါလေးကလည်း...ချစ်သူနှစ်ဦးကြား..မရှိလို့ကိုမရတဲ့အရာလေးပါနော်...ချစ်သူနှစ်ဦး
လမ်းခွဲရခြင်းရဲ့အဓိကအကြောင်းရင်းလေးရှာကြည့်လိုက်မယ်ဆိုရင်...သစ္စာမရှိလို့ကများတယ်လေ..
တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ဝေးဝေး.သစ္စာရှိရှိချစ်ကြမယ်ဆိုရင်...ဘယ်သူခွဲခွဲ...ဘယ်လို
မှမကွဲနိုင်တဲ့..စုံတွဲလေး..ဖြစ်လာမှာမလွဲဧကန်ပါပဲရှင်..
**Give him/her pure belief=အပြည့်အ၀ယုံကြည်ပေးပါ..
ကဲ..ဒီအချက်လေးကလည်း..တော်တော်ကြီးကို..အရေးပါလှတယ်နော်..ယုံကြည်မှု
မရှိတဲ့အချစ်ခရီးဟာ..သံသယများစွာနဲ့..ဘယ်လိုမှ..မသာယာနိုင်ပါဘူးနော်...အမြဲတမ်းပူလောင်နေတတ်တယ်..
သူဘာလုပ်လုပ်...အကောင်းမမြင်တော့ဘဲ...အောင့်သက်သက်နဲ့အတော့ကို...ခံရခက်လှပါတယ်နော်..
ဒီတော့..ယုံကြည်မှုလေးတွေနဲ့ချည်နှောင်ပြီး..သာယာတဲ့ချစ်ခရီးလေးကို..တည်ဆောက်ကြည့်ပါလားနော်..
**Take Care=ဂရုစိုက်ပေးပါ..
ဘယ်သူမဆို..ကိုယ့်ကိုဂရုစိုက်ရင်..မကြိုက်တဲ့သူရယ်လို့မရှိဘူးလေနော်...လူတိုင်းလူတိုင်း..
ကိုယ့်ကိုဂရုစိုက်တာကို..ကျေနပ်တတ်ကြတာမလား...ကိုယ့်ချစ်သူလည်း..လူသားတစ်ဦးပဲလေနော်..
ဒီတော့..ယောက်ျားလေးကပဲဂရုစိုက်ရမယ်...မိန်းကလေးကပဲဂရုစိုက်ရမယ်..လို့မခံယူဘဲနဲ့..တစ်ယောက်ကို
တစ်ယောက်..အပြန်အလှန်..စာနာနားလည်ဂရုစိုက်ကြရင်...သေချာတယ်...သိပ်ကိုပျော်စရာကောင်းတဲ့..
ချစ်သူနှစ်ဦးဖြစ်မှာဆိုတာကိုပေါ့...
**Give him/her precious time=အချိန်ပေးပါ..
ချစ်သူကိုချစ်နေရုံနဲ့မပြီးပါဘူးနော်...သူ့အတွက်အချိန်လေးလည်းပေးတတ်ရသေးတယ်လေ..
တစ်ချို့သော..ယောကျာ်းလေးတွေက..ကိုယ့်ချစ်သူအတွက်ရည်ရွယ်တယ်ဆိုပြီး...စီးပွားတွေကျူံးရှာကောင်း
ရှာတတ်ကြတယ်လေ...တကယ်တော့...မိန်းကလေးတွေလိုချင်မက်မောကြတာ...သူတို့ကိုအချိန်ပေးတာကိုပါ..
ကိုယ်မအားတဲ့ကြားလေးကနေ...ချစ်သူအတွက်အချိန်လေးနည်းနည်းဖဲ့ပေးလိုက်ရတာကို..ကိုရွှေပုရိသများ
မတွန့်တိုကြပါနဲ့လား....(ဆုဂျေချစ်သူလည်းပါတယ်နော်..း)
**Give Understanding=နားလည်မှုပေးပါ..
တစ်ယောက်ကိုတစ်ယောက်နားလည်တယ်ဆိုတာ...အင်မတန်ကိုသာယာတဲ့ဆက်ဆံရေးလေးပါနော်..
နားလည်မှုဆိုတာလည်း..ပြောတာသာလွယ်တာမလား..တကယ်တမ်းသုံးကြည့်တော့..တော်တော့်ကိုဖန်တီးပေး
ရတဲ့အရာလေးနော်..ဘာပဲဖြစ်ဖြစ်ပေါ့...ကိုယ့်ဘက်ကိုချည်းမကြည့်ဘဲနဲ့..သူ့ဘက်လေးလည်း..ထည့်တွက်ပေး
မယ်ဆိုရင်တော့...နားလည်မှုဆိုတာလည်း...အလွယ်တကူဖန်တီးနိုင်ပါလိမ့်မယ်နော်..(ဒါလေးကတော့..
ဆုဂျေလုပ်ယူရမယ့်အရာလေးပါနော်...း)
**Take Sympathy=ကိုယ်ချင်းစာစိတ်ထားပါ..
ဒီစိတ်လေးသာရှိမယ်ဆိုရင်...ဘယ်သူမဆို..မတရားတာတွေမလုပ်မိတော့ပါဘူးနော်..
ကိုယ့်ကိုလိမ်ရင်ကိုယ်ကြိုက်လား..မကြိုက်ဘူးလေ..ဒါဆို..သူများကိုမလိမ်နဲ့ပေါ့။...ကိုယ့်ကိုအော်ရင်
ကိုယ်ကြိုက်လား။မကြိုက်ဘူးလေ..ဒါဆို..သူများလည်းမအော်နဲ့ပေါ့။..အဲလိုသူ့နေရာမှာငါသာဆိုရင်
ဆိုတဲ့စိတ်လေးနဲ့ဆက်ဆံကြမယ်ဆိုရင်တော့...စာနာမှုတွေထုံမွှမ်းထားတဲ့..အချစ်ရေးလေးရမှာ..
မြေကြီးလက်ခပ်မလွဲပါဘူးနော်..