အမျိုးသားကျန်းမာရေးဆိုင်ရာအယူအဆအလွဲ(၁၂)ချက်
(၁) ဦးထုပ် ပုံမှန်ဆောင်းခြင်း၊ Dryer ခေါ် ဆံပင်အခြောက်ခံစက် သုံးခြင်းသည် ဆံပင်ပါး၍ ထိပ်ပြောင်ခြင်းကို ဖြစ်စေသည်။
မှား ( ) မှန် ( )
(၂) အတွင်းခံဘောင်းဘီ စွဲစွဲမြဲမြဲ ၀တ်ခြင်းသည် ဖိုမျိုးပွားဆဲလ် ဖြစ်သော သုက်ကောင် အရေအတွက်ကို ကျဆင်းစေသည်။
မှား ( ) မှန် ( )
(၃) မုတ်ဆိတ်မွေးများသည် ရိပ်လေလေ ထူလာလေလေ ဖြစ်သည်။
မှား ( ) မှန် ( )
(၄) ဖိနပ်ဆိုက် ကြီးလေလေ (ခြေထောက် အရွယ်အစား ကြီးလေလေ) အမျိုးသားအင်္ဂါ ကြီးလေလေ ဖြစ်သည်။
မှား ( ) မှန် ( )
(၅) အမျိုးသား တစ်ယောက်၏ လိင်ပိုင်းဆိုင်ရာ စွမ်းရည်သည် အသက် ၁၈ နှစ် ပတ်ဝန်းကျင်၌ အမြင့်ဆုံး ဖြစ်သည်။
မှား ( ) မှန် ( )
(၆) အနာမခံလျှင် အသာမစံရ။ ပြင်းထန် ပင်ပန်းစွာသော ကိုယ်လက်လှုပ်ရှားမှုများမှ အကျိုးရှိသည်။
မှား ( ) မှန် ( )
(၇) အမျိုးသားများတွင် သေပျောက်မှု အများဆုံး ကင်ဆာသည် ဆီးကျိတ်ကင်ဆာ ဖြစ်သည်။
မှား ( ) မှန် ( )
(၈) အမျိုးသားများသည် ရင်သားကင်ဆာ မဖြစ်နိုင်။
မှား ( ) မှန် ( )
(၉) အမျိုးသားများသည် အရိုးပါးရောဂါ (Osteoporosis) ဖြစ်မလာနိုင်။
မှား ( ) မှန် ( )
(၁၀) အမျိုးသား လိင်အင်္ဂါသည် ကျိုးနိုင်၏။
မှား ( ) မှန် ( )
(၁၁) ဘီယာသောက်ခြင်းသည် ဘီယာဗိုက်ခေါ် ဗိုက်ပူခြင်းကို ဖြစ်စေသည်။
မှား ( ) မှန် ( )
(၁၂) မီးကင်ထားသော အစားအစာများတွင် ကင်ဆာရောဂါ ဖြစ်နိုင်စွမ်းကို တိုးမြှင့်ပေးသော အရာများ ပါဝင်နေသည်။
မှား ( ) မှန် ( )
အဖြေများ
အောက်ပါ အဖြေမှန်များနဲ့ သင့်ရဲ့ ယူဆချက်များကို တိုက်ဆိုင်စစ်ဆေးကြည့်ပါ။ မှန်နေရင် သင်သိထားတဲ့ ဗဟုသုတ၊ သင်တွေးထားတဲ့ အတွေးတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်နေလို့ ပျော်စရာ ဖြစ်သလို လွဲနေရင်လည်း အယူအဆမှားကို ပစ်ချကာ အမှန်ကို စွဲမှတ်သွားနိုင်ပါလိမ့်မယ်။
(၁) မှား
ဦးထုပ် ပုံမှန်ဆောင်းခြင်း၊ Dryer ခေါ် ဆံပင်အခြောက်ခံစက် သုံးခြင်းဟာ ဆံပင်ပါးပြီး ထိပ်ပြောင်ခြင်းကို ဖြစ်စေတယ် ဆိုတဲ့ အချက်အတွက် ခိုင်မာတဲ့ သက်သေ လုံးဝမရှိပါဘူး။ အမျိုးသားတွေ ထိပ်ပြောင်ရခြင်းဟာ ဆံပင်တွင်းပေါက်လေးများ တဖြည်းဖြည်းနဲ့ သေးငယ်လာပြီး ထွက်တဲ့ ဆံပင်တွေကလည်း လိုက်သေးကာ တိုလာပြီး နောက်ဆုံး ဆံပင် မထွက်တော့လို့ ဖြစ်ရတာ ဖြစ်ပါတယ်။ ဒါဟာ အသက်အရွယ်အရ ဖြစ်လာတဲ့ ဟော်မုန်းနဲ့ အာဟာရ ချို့တဲ့မှုတွေနဲ့သာ ဆိုင်တယ်လို့ တွေ့ရှိထားရပါတယ်။
(၂) မှား
အမျိုးသားတွေ အတွက် အချိန်ကြာမြင့်စွာ အပူချိန်မြင့်မြင့်နဲ့ တင်ပဆုံပိုင်း ထိတွေ့နေခြင်းဟာ သားသမီး ရနိုင်ရေးမှာ အရေးပါတဲ့ သုက်ကောင် အရေအတွက်ကို လျော့နည်းစေနိုင်ပေမယ့် အတွင်းခံဘောင်းဘီ စွဲစွဲမြဲမြဲ ၀တ်ဆင်ရုံနဲ့ ဒီလို ထိခိုက်မှုမျိုး မရှိနိုင်ဘူးလို့ တွေ့ရှိထားရပါတယ်။
(၃) မှား
မယုံချင်စရာ အဖြေပါပဲ။ အမွေးဆိုတာ ရိတ်လေ သန်လေ ဆိုတဲ့ ကောက်ချက်ကို ကျွန်တော်တို့ အားလုံး တူညီစွာ လက်ခံထားကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းကတော့ ဆံပင် အပါအ၀င် ခန္ဓာကိုယ်က အမွေးတွေရဲ့ အလုံးအကြီးအသေးနဲ့ အနုအကြမ်းကို သက်ဆိုင်ရာ မွေးညှင်းပေါက်တွေရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်က အဆုံးအဖြတ်ပေးပါ သတဲ့။ မွေးညှင်းပေါက်ကြီးရင် ဆံလုံးကြီးမယ်၊ သေးရင် ဆံလုံး သေးမယ်၊ မွေးညှင်းပေါက်ရဲ့ ပုံစံက မညီညာရင် ထွက်တဲ့ အမွေးက ကောက်မယ်၊ ညီညာရင် ဖြောင့်စင်းမယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ ခဏခဏ ရိတ်ပေးခြင်းဟာ မုတ်ဆိတ်မွေးတွေရဲ့ မွေးညှင်းပေါက်တွေရဲ့ အရွယ်နဲ့ ညီညာမှုအပေါ် သက်ရောက်မှု မရှိလို့ အဖြေမှားတယ်လို့ ပြောရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမွေးကို မကြာခဏဖြတ်ပေးခြင်းဟာ ရှည်ထွက်ခြင်းကို အနည်းငယ် အားပေးပေမယ့် အမွေးဆိုတာ ဆဲလ်အသေတွေ စုပေါင်းပြီး ဖြစ်လာရတာမို့ ဆဲလ်သေနှုန်း ကသာ အမွေးတွေ အရှည်မြန်ခြင်း မမြန်ခြင်းကို ပြဌာန်းတာ ဖြစ်ပါတယ်။
(၄) မှား
ဒီလို ပြုံးစရာ ကောင်းတဲ့ အယူအဆမှားဟာ လူအတော်များများမှာ ရှိနေတာ တွေ့ရပါတယ်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၊ စိန့်မေရီ ဆေးရုံက ဆီးနဲ့ ကျောက်ကပ်ဆိုင်ရာ အထူးကုဆရာဝန် နှစ်ဦးက ဒီကိစ္စရဲ့ အဖြေကို အမျိုးသားများ အပေါ် သုတေသန မှတ်တမ်းပြုစုပြီး ရှာဖွေခဲ့ရာမှာ ဒီနှစ်ခုဟာ တိကျသော ဆက်စပ်မှု မရှိတာကို တွေ့ရှိခဲ့ရပါတယ်။
(၅) မှန်
အမျိုးသား တစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းရည်ဟာ အသက် ၁၈ နှစ် ပတ်ဝန်းကျင်မှာ အမြင့်ဆုံး ဆိုတဲ့ အချက်ဟာ တကယ်မှန်ပါတယ်။ အမျိုးသား မျိုးပွားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) ဟာ အဲဒီအသက်လောက်မှာသာ အမြင့်ဆုံး ပမာဏကို ရောက်ရှိပြီး အသက် ၂၀ ကျော်ရင် မသိမသာ စကျပါတယ်။ တက်စတိုစတီရုန်းရဲ့ အာနိသင်ကြောင့် အဲဒီအရွယ် ကောင်လေးတွေမှာ ကောင်းတဲ့ဖက်က ကြည့်ရင် စွန့်စားလိုစိတ်၊ မကောင်းတဲ့ ဖက်က ကြည့်ရင် မိုက်ရူးရဲ ဆန်စိတ်၊ တလွဲမာနစိတ်တွေ အများဆုံး ဖြစ်နေတတ်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဟော်မုန်းသဘောအရသာ ပြောတာ ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံနဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အသက် ၂၀ ကျော်ကနေ ၄၀ ကြား အမျိုးသားတွေလောက် မကောင်းသေးလို့ စွမ်းရည်သာ အမြင့်ဆုံး ဖြစ်ပြီး စွမ်းဆောင်မှုကတော့ အမြင့်ဆုံး ဖြစ်မလာနိုင်ပါဘူး။
(၆) မှား
ကိုယ်ခန္ဓာ ကြံ့ခိုင်မှု လေ့ကျင့်ခြင်းရဲ့ သဘောမှာ အနာခံခြင်း ဆီကနေ ဘာအသာမှ ရစရာ မရှိပါဘူးတဲ့။ နာကျင်တဲ့ ခံစားမှု ရောက်အောင်၊ ကျော်လွန်သွားအောင် လေ့ကျင့်မယ်ဆိုရင် ဒဏ်ဖြစ်ခြင်းကိုပဲ ဦးတည်ပြီး ကြံ့ခိုင်ကျန်းမာမှု အကျိုး တစ်စုံတစ်ရာ သင်မရနိုင်ပါဘူးလို့ ကာယပညာရှင်များက ဆိုပါတယ်။
(၇) မှား
လက်ရှိ ကမ္ဘာတစ်လွှား အမျိုးသားများ သေဆုံးမှု အများဆုံးကင်ဆာဟာ ဆီးကျိတ်ကင်ဆာ မဟုတ်ပါဘူး။ ဆေးလိပ်သောက်ခြင်းကြောင့် အဓိကဖြစ်ရတဲ့ အဆုတ်ကင်ဆာပဲ ဖြစ်ပါတယ်။ အမေရိကန်လို အမျိုးသမီးတွေပါ ဆေးလိပ်သောက်တဲ့ အလေ့ရှိတဲ့ နိုင်ငံမှာဆို အမျိုးသမီးတွေမှာပါ အဆုတ်ကင်ဆာဟာ အသေအပျောက်အများဆုံး ကင်ဆာတွေထဲက နံပါတ်တစ် ဖြစ်နေတာ တွေ့ရပါတယ်။ ကိုယ်တိုင်မသောက်ပေမယ့် သူများသောက်တဲ့ ဆေးလိပ်ငွေ့ ရှူမိခြင်း (Passive Smoking) ကြောင့်လည်း ပါပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပျမ်းမျှ အမျိုးသား ၃၆ ဦးမှာ တစ်ဦးသာ သေဆုံးစေတဲ့ ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေ အသက်ကို အခြိမ်းခြောက်ဆုံး ကင်ဆာရောဂါ မဟုတ်သေးဘူး ဆိုတာပါပဲ။
(၈) မှား
ရင်သားကင်ဆာဟာ အမျိုးသမီးတွေမှာပဲ အဖြစ်များပေမယ့် ရှားရှားပါးပါး အနေနဲ့ အမျိုးသားတွေလည်း ခံစားရနိုင်တယ် ဆိုတာ သိထားသင့်ပါတယ်။ အမျိုးသားတွေ အသက်ကြီးလာရင် အယောက် ၁၀၀၀ မှာ တစ်ယောက် ဖြစ်နိုင်တယ်လို့ စစ်တမ်းများအရ သိရပါတယ်။ မိသားစု မျိုးရိုး ထဲမှာ (အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ) ရင်သားကင်ဆာ ဖြစ်ဖူးသူ ပါခြင်း၊ မျိုးရိုးဗီဇ အရ အမျိုးသား ဖြစ်ပေမယ့် အမျိုးသမီးဟော်မုန်း အီစထရိုဂျင် (Estrogen) ပမာဏ သွေးထဲမှာ များနေခြင်း၊ နာတာရှည် အသည်းရောဂါ တစ်ခုခု ရှိခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်းနဲ့ အ၀လွန်ခြင်း စတဲ့ အချက်တွေ တစ်ချက်ချက် ရှိရင် အမျိုးသားပေမယ့် ရင်သားကင်ဆာ ဖြစ်နိုင်ပါတယ်။
(၉) မှား
အရိုးပါးရောဂါ (Osteoporosis) ဆိုတာ ခန္ဓာကိုယ်ကို ပုံဖော် ထောက်ကန် ပေးထားတဲ့ အရိုးငြမ်းအဖွဲ့အစည်းရဲ့ အရိုးတွေ ကျစ်လျစ်သိပ်သည်းမှု အားနည်းလာပြီး တော်ရုံတန်ရုံ ထိခိုက်မှုမျိုးနဲ့ ကျိုးလွယ်တဲ့ အနေအထား ရှိနေခြင်းကို ခေါ်တာဖြစ်ပါတယ်။ အဖြစ်အများဆုံး အကြောင်းရင်းကတော့ နေ့စဉ်စားတဲ့ အစားအသောက်ထဲမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ ကယ်လ်စီယမ်နဲ့ အခြား သတ္တုဓာတ်များ၊ ဗိုက်တာမင် D စတဲ့ အရိုးအတွက် အဓိက လိုအပ်တဲ့ အာဟာရတွေ ချို့တဲ့လို့ပဲ ဖြစ်ပါတယ်။
အမျိုးသမီးတွေအတွက် အရိုးရဲ့ ကြံ့ခိုင်မှုကို ထိန်းသိမ်းပေးထားတာဟာ မဟော်မုန်း အီစထရိုဂျင် ဖြစ်ပါတယ်။ သွေးဆုံးချိန် ဒီဟော်မုန်းရဲ့ သွေးတွင်းပမာဏ ကျဆင်းသွားခြင်းဟာ အမျိုးသားတွေ အသက်ကြီးချိန် တက်စတိုစတီရုန်း ကျလာတာထက် အများကြီး ပြင်းထန်လို့ အမျိုးသမီးတွေက အမျိုးသားတွေထက် အရိုးပါးခြင်း၊ ပွခြင်း ပိုဖြစ်ပေမယ့် အမျိုးသားတွေက လုံးဝမဖြစ်နိုင်ဘူးလို့ မဆိုလိုပါ။ သွေးဆုံးခြင်း မကြုံရသလို အရိုးတွေရဲ့ အရွယ်အစား ပိုကြီးတာမို့ အရိုးပါးဝေဒနာကို အမျိုးသားတွေက အမျိုးသမီးတွေလောက် မခံစားရပေမယ့် ပုံမှန်ထက် တက်စတိုစတီရုန်း ပမာဏ နည်းသူတွေ၊ အရက်သောက်သူတွေ၊ ဆေးလိပ်သောက်သူတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါ တစ်ခုခု ရှိနေလို့ အာာရ စုပ်ယူမှု မကောင်းသူတွေ၊ ရောဂါတစ်ခုခု ရှိလို့ စတီးရွိုက်ဆေးတွေ စွဲသောက်နေရသူတွေ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းမှု တစ်ခုခု ရှိလို့ လှုပ်ရှားသွားလာခြင်း မပြုနိုင်သူတွေဟာ အရိုးပါးရောဂါ ခံစားရဖို့ အထူးနီးစပ်ပါတယ်။
(၁၀) မှန်
အမျိုးသား အင်္ဂါ အတွင်းမှာ အရိုးမပါပေမယ့် လိင်စိတ် နိုးကြွမှု ရှိချိန်မှာ အင်္ဂါ မာတောင့်အောင် ဆွဲဆန့်ပေးရတဲ့ tunica albuginea လို့ ခေါ်တဲ့ အမျှင်တစ်သျှူးအလွှာ ပြဲသွားရင် ကျိုးသလိုဖြစ်သွားစေပါတယ်။ ဒါကို လိင်တံကျိုးခြင်း (penile fracture) လို့ ခေါ်ပါတယ်။ မတော်တဆ ထိခိုက်မိခြင်း (သို့) အင်္ဂါကိုလှန်ချိုးသလို ဖြစ်သွားစေတဲ့ လိင်ဆက်ဆံမှုမျိုးကြောင့် ဖြစ်တတ်ပါတယ်။ များသောအားဖြင့် ခွဲစိတ်ကုသမှု ခံယူရပါတယ်။ ဖြစ်တောင့် ဖြစ်ခဲ ကိစ္စမျိုးမို့ သိပ်တော့ ကြောက်စရာ မလိုပါဘူး။
(၁၁) မှန်
ပိုလျှံလာတဲ့ ကယ်လိုရီတွေဟာ အဆီတွေ အဖြစ် ၀မ်းဗိုက်မှာ စုမှာမို့ ဘီယာသောက်ရင် ဘီယာဗိုက် ဖြစ်လာမယ် ဆိုတာ အမှန်တရားပါပဲ။ ဘီယာနဲ့ အရက်တွေဟာ ကယ်လိုရီ မြင့်မားလို့ အလွန်အကျွံ သောက်ရင် ကိုယ်မှာ အဆီတွေ များလာစေသလို သောက်တဲ့ အချိန်မှာ အစားအသောက်တွေ မဆင်မခြင် စားဖြစ်တဲ့ အတွက်လည်း ဗိုက်ရွှဲ လာနိုင်ပါတယ်။ ဘီယာထဲမှာ တဆေးခေါ် yeast ပါဝင်ပြီး ၄င်းဟာ အူနဲ့ ၀မ်းတွင်းကလီစာတွေကို ကြီးလာစေတဲ့ အစွမ်း အနည်းငယ် ရှိလို့ ဘီယာ ရေရှည် သောက်သူ တစ်ယောက်ဟာ အားကစားသမား ဖြစ်လို့ ဗိုက်အဆီ မများရင်တောင် ဗိုက်ကတော့ ပူလာမှာပဲ ဖြစ်ပါတယ်။
(၁၂) မှန်
အသားကင် မျိုးစုံကို အမျိုးသားတိုင်းလိုလို ကြိုက်နှစ်သက်ကြပါတယ်။ အသားကင် တိုင်းမှာ ကင်ဆာရောဂါ ဖြစ်စေတဲ့ ဒြပ်ပေါင်း အမျိုးအစား နှစ်မျိုး တွေ့နိုင်တာမို့ သတိပြု စရာပါပဲ။ တစ်ခုက PAHs လို့ အတိုကောက် ခေါ်တဲ့ Polycyclic Aromatic Hydrocarbons အမျိုးအစား ဓာတုဒြပ်ပေါင်းတွေ ဖြစ်ပြီး နောက်တစ်မျိုးကတော့ HCAs လို့ အတိုကောက် ခေါ်တဲ့ Heterocyclic Amines တွေ ဖြစ်ပါတယ်။ အသားတွေထဲက အဆီတွေ၊ အရည်တွေ မီးထဲကျသွားရင် ဖြစ်ပေါ်လာတဲ့ မီးတောက်နဲ့ မီးခိုးငွေ့တွေမှာ PAHs တွေ ပါလာစေပြီး အသားရဲ့ မျက်နှာပြင်ပေါ်မှာ ကပ်ငြိသွားစေပါတယ်။ အသားတွေမှာ အဓိက ဖွဲ့စည်းမှု ပစ္စည်းဖြစ်တဲ့ အမိုင်နိုအက်ဆစ်တွေ၊ အပေါ်က လိမ်းကျန်ထားတဲ့ ကစီဓာတ်ပါတဲ့ အရည်တွေ၊ အသားထဲက Creatine ဆိုတဲ့ ပစ္စည်းတစ်မျိုးရယ်၊ မီးတောက်ရဲ့ မြင့်မားတဲ့ အပူချိန်ရယ် အားလုံး ပေါင်းစပ်ပြီး HCAs တွေ ဖြစ်လာစေပါတယ်။ ဒီဒြပ်ပေါင်းများဟာ အစာရေမျို၊ အစာအိမ်၊ အူမကြီး စတဲ့ အစာလမ်းကြောင်း တောက်လျောက်မှာ ကင်ဆာ ဖြစ်စေဖို့ အထူးအားပေးပါတယ်။ အကင်ကို တို့စားတဲ့ ဆော့စ်ထဲမှာ ဆိုးဆေးတွေပါ ပါလို့ကတော့ ကင်ဆာဖြစ်ဖို့ အဆင်းဘီးတပ်ပေးသလို ပါပဲ။ ဒီနေရာမှာ တစ်ခု ပြောလိုတာက အသားကင်တွေဟာ အဆိုးဆုံးဖြစ်သလို အသီးအရွက်ကင်တွေဟာလည်း အန္တရာယ် အနည်းငယ်စီ ရှိကြတယ် ဆိုတာပါပဲ။
ဒါကြောင့် အကင်မျိုးစုံ စားကြရင် ကင်ဆာအန္တရာယ်ကို အတိုင်းအတာ တစ်ခု အထိ လျှော့ချနိုင်တဲ့ နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။ အကောင်းဆုံး နည်းတစ်ခုက သတ္တုအပါးပြား တစ်ခုခုကို ကင်မယ့်အသား လုံအောင် ထုတ်ပြီး ကင်တာ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာ ခေါ်နေကြတဲ့ ခဲပတ် ဆိုတာကို ပြောတာ ဖြစ်ပါတယ်။ ဒါမျိုးသုံးရင် PAHs တွေ ဖြစ်ပေါ်ခြင်းကို အတော်လေး တားနိုင်တယ်လို့ သိရပါတယ်။ ကြိုချက်ပြုတ်ပြီးသား အသားတွေကို ကင်တာဟာလည်း ကင်တဲ့ အချိန် တိုသွားစေလို့ ကင်ဆာဖြစ်နိုင်စွမ်း လျှော့ချနိုင်ပါတယ်။ HCAs ဒြပ်ပေါင်းတွေဟာ တူးပြီး မီးခိုးရိုက်တဲ့ နေရာတွေ၊ အကျက်လွန်တဲ့ နေရာတွေမှာ အများဆုံး တည်ရှိနေလို့ ဒီလို နေရာတွေကို ဖယ်စားရင် သင့်ကျန်းမာရေးကို ဂရုစိုက်ရာ ရောက်စေပါတယ်။
အသားတွေ မချက်ခင် အထူးသဖြင့် မကင်ခင်မှာ ဆီနဲ့ အရသာ အမွှေးနံ့ ပေးတဲ့ ဖြည့်စွက်ပစ္စည်းတွေပါတဲ့ marinade ခေါ် အရောအနှော အရည်နဲ့ အချိန်အကြာကြီး နှပ်ထားခြင်းဟာလည်း ကင်ဆာဒြပ်ပေါင်းတွေ ဖြစ်ပေါ်ခြင်းကို အတိုင်းအတာ တစ်ခုအထိ ဟန့်တားနိုင်တယ်လို့ အာဟာရ ပညာရှင်များက ဆိုပါတယ်။ တော်ရိလျော်ရိ ဆီ၊ဆား၊ အချိုမှုန့်လောက်နဲ့ နှပ်တာ မဟုတ်ဘဲ ၀ိုင်၊ ရှာလကာရည်၊ မဆလာ၊ ဒိန်ချဉ်ရေကြည်၊ အချို့သော အပင်ထွက် ပစ္စည်းတွေ (ဥပမာ ခရမ်းချဉ်သီးဆော့စ်၊ သံပုရာရည်) စသဖြင့် နေရာဒေသ လူမျိုးအသီးသီးအလိုက် သုံးကြတဲ့ အာဟာရ တန်ဖိုးမြင့် marinade တွေနဲ့ နှပ်ပြီးမှ ကင်စားနိုင်ရင် အသင့်တော်ဆုံးပါပဲ။
ဒေါက်တာ သီဟသစ်
MM Daily news မှ........
အိပ်နေလိုက်ဦး
အပိုင်သိမ်းထားလို့ ဘယ်ဖြစ်မလဲ
နင်ရှေ့ကစီနီယာတွေကို ကျော်တက်ရဲလို့လား.....
ငယ်ပါသေးတယ်.... ခလေးရယ် ပုခက်ထဲပြန်
အိပ်နေလိုက်ဦး...အလှည့်ရောက်ရင်နှိုးမယ် .........
Jummy ရဲ့ ၁၂ ရာသီခွင်စကားလုံးလေးများ
အလုပ်တွေများပင်ပန်းပြီး ကိုယ့်နဂိုကိုမေ့နေခဲ့ပြီလား? စိတ်ကူးအိပ်မက်နဲ့
ဝေးသထက်ဝေးလာတဲ့အခါ ဒီရိုးရှင်းတဲ့စာသားလေးတွေက ကျွန်တော်တို့ရဲ့
အပြန်လမ်းကို ရှာပေးပါလိမ့်မယ်။
(၁) Aries (မိဿရာသီ)
"မိုးချုပ်တော့မယ်။ နေရဲ့နောက်ဆုံးအလင်းတန်းလေး ပျောက်ကွယ်တော့မယ်။
အဲဒီဘောလုံးပွဲမှာ ငါတို့ရှုံးနိမ့်ခဲ့တယ်။
အားလုံးက ကြေကြေကွဲကွဲခေါင်းငိုက်စိုက် ထွက်ခွာသွားကြတယ်။
ဘာပဲဖြစ်ဖြစ် အောင်နိုင်တဲ့လက်ဟန်တွေ ငါတို့မြှောက်ကြရအောင်!
နှစ်တွေကြာလာတဲ့အခါ
လူကိုစိတ်ဓာတ်ကျစေခဲ့တဲ့ ဒီဘောလုံးပွဲကို ဘယ်သူတွေ မှတ်မိနေကြဦးမလဲ?
ဓာတ်ပုံထဲက ပြုံးရယ်နေတဲ့ ငါတို့ရဲ့တောက်ပအပြုံးကိုပဲ လူတွေကမြင်ကြရမှာ"
ဘောလုံးပွဲမှာ သဲသဲမဲမဲထိုးစစ်ဆင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို မှတ်မိသေးလား?
ဘောလုံးအတူကန်ခဲ့တဲ့၊ အတူပစ်လဲခဲ့တဲ့ သူငယ်ချင်း အပေါင်းအသင်းတွေကို မှတ်မိသေးလား?
အားလုံးက အသက်ရှင်နေရက်ပါ။ ဒါပေမဲ့ အဲဒီဘောလုံးကွင်းဆီ ဘယ်သူမှ ထပ်မရောက်ခဲ့ကြတော့ဘူး။
(၂) Taurus (ပြိဿရာသီ)
"လူတစ်ယောက်နဲ့တွေ့ဆုံဖို့ အချိန်တစ်စက္ကန့်ပဲလိုတယ်။
လူတစ်ယောက်နဲ့ ခင်မင်ရင်းနှီးဖို့ အချိန်တစ်မိနစ်ပဲလိုတယ်။
လူတစ်ယောက်ကို နှစ်သက်မိဖို့ အချိန်တစ်နာရီပဲလိုတယ်။
လူတစ်ယောက်ကို ချစ်မိဖို့ အချိန်တစ်ရက်ပဲလိုတယ်။
ဒါပေမဲ့ လူတစ်ယောက်ကို မေ့ဖို့ အချိန်တစ်ဘဝစာလိုတယ်"
သင့်ကို ခွဲသွားခဲ့သူရဲ့အရိပ်တွေ သင့်အတွေး၊ သင့်ဦးနှောက်ထဲမှာ တဝဲဝဲလည်နေတုန်းလား? ကြီးပြင်းရာလမ်းတစ်လျှောက်မှာ ထင်ကျန်ခဲ့တဲ့ခြေရာတွေ သင်ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း မှတ်ကျောက်တင်ထားခဲ့ပြီ ထင်ပါတယ်!
(၃) Gemini (မေထုန်ရာသီ)
"မျက်လုံးချင်းတူပေမဲ့ အမြင်ချင်းမတူကြဘူး။
နားရွက်ချင်းတူပေမဲ့ နားထောင်ပုံချင်းမတူကြဘူး။
ပါးစပ်ချင်းတူပေမဲ့ ပြောဆိုပုံချင်းမတူကြဘူး။
စိတ်နှလုံးသားချင်းတူပေမဲ့ တွေးတောပုံချင်းမတူကြဘူး။
ဒါကြောင့်မို့ပဲလား... လူလူချင်းတူပေမဲ့ ဝမ်းနည်းပူဆွေးမှုတွေကွဲပြားကြတယ်"
ကိုယ့်ပတ်ဝန်းကျင်က သူငယ်ချင်းတွေတိုင်းမှာ မတူတဲ့သောကကိုယ်စီရှိကြတယ်။ လူတိုင်းက ဒါကိုပဲ ညည်းတွားရေရွတ်ကြတယ်။ သူတို့ညည်းတွားတာတွေကို ကျွန်တော်တို့နားမလည်သလို နားလည်းမထောင်ချင်ခဲ့တော့ဘူး။ မောပန်းပြီး စိတ်သောကတွေပဲ ကျန်ရစ်ခဲ့တယ်။
(၄) Cancer (ကရကဋ်ရာသီ)
"ပျော်ရွှင်တဲ့အချိန်ကျမှ ကြောက်ရွံ့စိတ်ပါးလျလျကို ခံစားရတယ်။
ပက်ပက်ဟက်ဟက် ရယ်မောချိန်ကျမှ စိတ်လှုပ်ရှားတဲ့မျက်ရည်တွေက ကျလာတယ်။
ရိုးရှင်းတဲ့ ပျော်ရွှင်ခြင်းကို ငါမယုံကြည်ခဲ့ဘူး။
လူ့ဘဝရဲ့ အပျော်နဲ့ဝမ်းနည်းခြင်းတွေကို ငါ မတုန်လှုပ်ပေမဲ့ စိတ်ထင့်ထင့်ဖြစ်ခဲ့ရတယ်"
ဒီလောကကြီးက ပြောင်းလဲခြင်းတွေ မြန်ဆန်လွန်းတယ်။ လက်ထဲဆုပ်ကိုင်ထားတယ်ဆိုတိုင်း ငါ့အတွက်ဖြစ်လေမလား? စိတ်တထင့်ထင့်.. တထင့်ထင့်ပါပဲ။ နင့်ရဲ့ အပွေ့အဖက်ကို ငါလိုတယ်။ တခဏလေးပဲဖြစ်ဖြစ်ပေါ့။ ဒါဟာလည်း တကယ့်နွေးနွေးထွေးထွေးရှိစေခဲ့တာပဲ။
(၅) Leo (သိဟ်ရာသီ)
"အတောင်တစ်စုံရှိတာနဲ့ ငါဟာ ငှက်တစ်ကောင်ဖြစ်သွားပြီလို့ ထင်ခဲ့တယ်။
ငှက်ဖြစ်သွားတာနဲ့ လွတ်လပ်မှုတွေ ပိုင်ဆိုင်ရပြီလို့ ထင်ခဲ့တယ်။
အခုတော့ မျှော်လင့်ခဲ့တဲ့ အတောင်တစ်စုံ ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမဲ့ နေရာသေးသေးထဲမှာပဲ ပျံသန်းခဲ့ရတယ်။ လွတ်လပ်မှုတွေ ဆုံးရှုံးခဲ့ရတယ်။
တကယ်တော့ ငါ့ကိုယ်ငါ နားမလည်ခဲ့တာပါ။
ငါလိုချင်တာက အတောင်ပံတစ်စုံလား! ပျံသန်းခြင်းလား! လွတ်လပ်မှုလား!
ဒါမှမဟုတ် ပျံသန်းခြင်းကို လိုက်လံဖမ်းဆုပ်ချင်တဲ့ ခံစားမှုသက်သက်လား!"
သင့်ဆန္ဒတွေဖြစ်မြောက်ခဲ့ပြီလား?
သင်လိုချင်တဲ့အရာ သင့်ရှေ့မှောက်ရောက်နေတာတောင် သင်ဝမ်းနည်းကြေကွဲနေရသေးတယ်။
စစချင်းကတည်းက မှားခဲ့လို့လား! သင့်ကိုယ်သင် နားလည်မှုလွဲခဲ့လို့လား! ဒါမှမဟုတ် သင်ပြောင်းလဲသွားလို့လား?
(၆) virgo (ကန်ရာသီ)
"ကြောင် ရေငုပ်တာကို ငါတွေ့ခဲ့တယ်။ နင့်ကို ငါမတွေ့ခဲ့ဘူး။
ခွေးတောင်တက်တာကို ငါတွေ့ခဲ့တယ်။ နင့်ကို ငါမတွေ့ခဲ့ဘူး။
နွေရာသီမှာ နှင်းကျတာကို ငါတွေ့ခဲ့တယ်။ နင့်ကို ငါမတွေ့ခဲ့ဘူး။
ဆောင်းတွင်းမှာ မုန်တိုင်းတိုက်တာ ငါတွေ့ခဲ့တယ်။ နင့်ကို ငါမတွေ့ခဲ့ဘူး။
ဝက်တွေစည်းလုံးတာကို ငါတွေ့ခဲ့တယ်။ နင့်ကို ငါမတွေ့ခဲ့ဘူး။
ထူးခြားတဲ့အရာတွေကို ငါတွေ့ခဲ့တယ်။ မထူးခြားတဲ့နင့်ကို ငါလုံးလုံးမတွေ့ခဲ့ဘူး။"
အကောင်းဆုံးမဟုတ်ပေမယ့်လည်း သင်လိုချင်တာကို သင်တောင့်ခံခဲ့တယ်။ သည်းခံစောင့်ဆိုင်းခြင်းက အကောင်းဆုံးလို့ သင်ယုံကြည်ထားတယ်။ ဒါပေမဲ့
နောက်ဆုံးမှပြုတ်ကျလာတဲ့ ပန်းသီးနီနီက အချဉ်ဆုံးဖြစ်နေတတ်တယ်။
ရင်ကိုမွှေနှောက်နိုင်စွမ်းတဲ့အချစ်က ကြာကြာစောင့်ပြီးမှ
ရလာခဲ့တာမဟုတ်ပါဘူး။
(၇) Libra (တူရာသီ)
"ပြတင်းအပြင်ဖက်မှာ နေသာနေပြီ။ အိမ်ထဲမှာတော့ မိုးရွာနေတုန်းပဲ။
ငါပြုံးတိုင်း ငါပျော်နေတယ်လို့ မဆိုနိုင်ဘူး။
ငါထီးဆောင်းတာဟာ မိုးခိုဖို့လည်း မဟုတ်နိုင်ဘူး။
ငါဘာတွေးနေတယ်ဆိုတာ နင်ဘယ်တော့မှ သိနိုင်မှာမဟုတ်ဘူး။
လူတိုင်းကို ငါပွေ့ဖက်ချင်ရင် ငါ့ကိုယ်ငါ အရင်နွေးထွေးရတယ်။
ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်သည်းခံပါ။
နင့်ကို ခွင့်လွှတ်သည်းခံနိုင်ဖို့ ငါလေ့ကျင့်နေလို့ပါ။"
နေ့စဉ်နေ့တိုင်း ကိုယ့်ရဲ့ရည်မွန်တဲ့အမူအကျင့်ကို မငြီးမငွေ့ ထိန်းသိမ်းနေသလား?
မနှစ်သက်တဲ့လူနဲ့တွေ့တိုင်း ပြုံးရယ်နိုင်ဖို့ သင်လေ့ကျင့်နေလား?
မနှစ်သက်တဲ့အရာတွေတွေ့တိုင်း သဒ္ဒါတရားထက်သန်စွာနဲ့ သင်လက်ခံနေတုန်းပဲလား?
(၈) Scorpio (ဗြိစ္ဆာရာသီ)
"လှမ်းမမီတဲ့ကြယ်က အလင်းလက်ဆုံးပဲ။
လွတ်သွားတဲ့ငါးက အလှဆုံးပဲ။
မကြည့်ဖြစ်တဲ့ရုပ်ရှင်က အကောင်းဆုံးပဲ။
ဆုံးရှုံးသွားတဲ့ချစ်သူက ငါ့ကို နားအလည်ဆုံးပဲ။
ဒါတွေက ဘာသဘောတရားတွေလဲ ငါလုံးဝနားမလည်ခဲ့ဘူး..."
နှစ်သက်တဲ့အရာတွေကို အမြဲအိမ်သယ်မပြန်ပါနဲ့။ သင့်အိမ်မဆန့်သလို သင့်နှလုံးသားမှာလည်း ထည့်ဖို့မဆန့်ဘူး။ နဂိုရှိနေတဲ့နေရာမှာပဲ သူတို့ရှိနေပါစေ။ သူတို့ကို သတိရတဲ့အခါ ငါတို့အတူ တွေးတောကြတာပေါ့။
(၉) Sagittarius (ဓနုရာသီ)
"ဝမ်းနည်းကြေကွဲမှုတိုင်းက ပျော်ရွှင်တဲ့သဲလွန်စတော့ ချန်ခဲ့တတ်တယ်။
နောင်တပူဆွေးမှုတိုင်းက စံထားလောက်တဲ့ထောင့်တစ်ထောင့်တော့ ချန်ခဲ့တတ်တယ်။
ရေခဲတွေဖုံးလွှမ်းထားတဲ့ ပင်လယ်ပြင်မှာ ငါဟာ မျှော်လင့်ချက် အကွဲအအက်လေးကိုရှာခဲ့တယ်။
ညသန်းခေါင် လန့်နှိုးချိန်မှာ လှပတဲ့ လရောင်ကို ရုတ်တရက်တွေ့လိုက်တယ်။"
ဘာဖြစ်လို့ ကျွန်တော်တို့ကြိုးစားလျှောက်လှမ်းချိန်မှာ ကျွန်တော်တို့ဘယ်ကိုဦးတည်ရမှန်းမသိအောင် ရှေ့ကလမ်းက ပိုပိုမှောင်မိုက်လာရသလဲ? လောကမှာ အမှောင်မည်းဆုံးနေရာဆိုခဲ့ရင်တောင် ရှေ့ဆက်မယ့် သင့်လမ်းကိုရှာဖွေနိုင်အောင် အလင်းပေးလမ်းပြမယ့် ကြယ်တွေရှိခဲ့ပါတယ်။
(၁ဝ) Capricorn (မကာရရာသီ)
"ဆုပေးကြေညာသံမြည်လာချိန်မှာ ကျွန်တော်နေမသိထိုင်မသာဖြစ်မိတယ်။
ပထမဆုရသူ ပျော်လွန်းလို့ ဆေးရုံရောက်သွားတယ်။ ဆုလာမယူနိုင်ပါ။
ဒုတိရဆုရသူ မကျေနပ်လို့ ဆုယူဖို့ ငြင်းဆန်ပါတယ်။
စတုထ္တဆုရသူ အဆင့်တစ်၊ နှစ်၊ သုံးထဲမဝင်လို့ ဆုယူဖို့ရှက်ပြီး ဆုလာမယူပါ။
ပဉ္စမဆုရသူကပြောတယ် "စတုထ္တဆုရသူတောင် ဆုလာမယူတာ၊ ငါလဲယူရမှာ ဝန်လေးတယ်"
တတိယဆုရသူ အထီးကျန်လိုက်တာ..."
"ဖြစ်စဉ်က ရလဒ်ထက် ပိုအရေးပါသလား?"
"ယှဉ်ပြိုင်ဖို့က ပထမ၊ ဆုယူဖို့က ဒုတိယလား?" ကိုယ်တိုင်သတ်မှတ်ခဲ့တဲ့ကစားနည်းကို လူတွေဘာကြောင့် မကစားကြတော့တာလဲ?
(၁၁) Aquarius (ကုံရာသီ)
"လူကငါးမဟုတ်တော့ ငါးစိတ်ညစ်တာကို ဘယ်နားလည်နိုင်မလဲ!
ငါးကငှက်မဟုတ်တော့ ငှက်ရဲ့ပျော်ရွှင်ခြင်းကို ဘယ်နားလည်နိုင်မလဲ!
ငှက်ကလူမဟုတ်တော့ လူရဲ့အလိမ်အညာကို ဘယ်နားလည်နိုင်မလဲ!
လူကငှက်မဟုတ်တော့ ငှက်ရဲ့လွတ်လပ်မှုကို ဘယ်နားလည်နိုင်မလဲ!
ငှက်ကငါးမဟုတ်တော့ ငါးရဲ့လေးနက်မှုကို ဘယ်နားလည်နိုင်မလဲ!
ငါးကလူမဟုတ်တော့ လူရဲ့ကလေးဆန်တာကို ဘယ်နားလည်နိုင်မလဲ!
နင့်က ငါမဟုတ်တော့ ငါ့ကို ဘယ်လိုနားလည်နိုင်မလဲ!"
လောကမှာ ကျွန်တော့်လိုပဲ တခြားလူနဲ့မတူတဲ့ လူတစ်ယောက်ရှိတယ်လို့ ကျွန်တော်ယုံကြည်ထားတယ်။ သူဘယ်မှာရှိမှန်း ကျွန်တော်မသိဘူး။ ဒါပေမဲ့
ကျွန်တော်ခံစားလို့ရတယ်။ ဒါကြောင့် ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေ
ကျွန်တော့်ကိုနားလည်သည်၊ နားမလည်သည်ဖြစ်စေ ကျွန်တော်ဂရုမစိုက်ခဲ့ပါဘူး။
(၁၂) Pisces (မိန်ရာသီ)
"ဗိုက်ဆာပြီ ထမင်းစားမယ်
စားဝပြီ နင့်ကိုသတိရတယ်
ပင်ပန်းပြီ အိပ်တော့မယ်
မျက်လုံးပွင့်ပြီ နင့်ကိုသတိရတယ်
ညအမှောင်ရောက်လာချိန်ထိ ဘာမှလည်းမဖြစ်ခဲ့ပါဘူး....."
မငေးငိုင်ရတာ ကြာနေပြီ။ အရင်တစ်ခေါက် ငေးငိုင်တာက ဘယ်တုန်းကပါလိမ့်! သူဌေးဒေါသကြီးကြီး ဆူဆဲတဲ့အချိန်ကလား! ဒါမှမဟုတ် မုန့်စားပြီး ပိုက်ဆံမရှင်းမိတဲ့အချိန်ကလား!
ပေါင်းသင်းခြင်း အနုပညာ
လောကကြီးမှာ ယောက်ျားနဲ့မိန်းမဆိုတဲ့ လူနှစ်မျိုးနှစ်စားပဲရှိတယ်။ လိင်မတူတဲ့ ဒီလူနှစ်မျိုးနှစ်စားက အချင်းချင်းဆွဲငင်တတ်ကြသလို ချစ်ရည်လူးတဲ့စကားတွေကိုလည်း ပြောဆိုတတ်ကြတယ်။ ယောက်ျားရဲ့အခြားတစ်ခြမ်းက မိန်းမလို့ဆိုရင် မိန်းမရဲ့အခြားတစ်ခြမ်းဟာလည်း ယောက်ျားပဲဖြစ်ပါတယ်။ ယောက်ျားမရှိတဲ့မိန်းမ၊ မိန်းမမရှိတဲ့ယောက်ျားတွေဟာ အခြမ်းမပြည့်စုံသူတွေဖြစ်တယ်။ စက်ဝန်းတစ်ခုအဖြစ် အခြမ်းနှစ်ခုပေါင်းစပ်ပြီး ရှေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လှိမ့်နိုင်ဖို့ မောင်နှံနှစ်ဦးရဲ့ ပေါင်းသင်းခြင်းအနုပညာကို သင်ယူတတ်မြောက်ထားဖို့ လိုပါလိမ့်မယ်။
အပြန်အလှန် တန်ဖိုးထားနှစ်သက်ခြင်း
ဇနီးမောင်နှံအတွက် အမှာစကား၊ မင်္ဂလာစကားတွေ အများကြီးရှိပေမယ့် အဲဒီစကားတွေရဲ့ အခြေခံသဘောတရားက “(၁) တစ်ဘက်လူရဲ့ တန်ဖိုးထားနှစ်သက်ခံရသူဖြစ်အောင် ကြိုးစားပါ။ (၂) တစ်ဘက်လူကို တန်ဖိုးထားနှစ်သက်တတ်သူဖြစ်အောင် ကြိုးစားပါ”ဆိုတဲ့ အချက်နှစ်ချက်ကို ဆိုလိုခြင်းဖြစ်ပါတယ်။
အချစ်ရဲ့တကယ့်အနှစ်သာရက အချင်းချင်းနှစ်သက်တာကို ရှာဖွေတွေ့ရှိခြင်းပဲဖြစ်တယ်။ တန်ဖိုးထားနှစ်သက်တာကို “ပန်း”လို့တင်စားရင် အချစ်က “အသီး”ပဲဖြစ်မယ်ထင်ပါတယ်။ ကိုယ်ချစ်တဲ့လူကို ချစ်ကြောင်း အရှက်အဝံ့မရှိ ထုတ်ဖော်ပြောပါ။ ချီးမွမ်း၊ ချီးကျူးစကားပြောဖို့ ကပ်စီးမနဲပါနဲ့။ သင့်တော်တဲ့နေရာ၊ ဆီလျော်တဲ့အမူအရာနဲ့ ကိုယ်ချစ်တဲ့လူကိုပြောတဲ့ “နင့်ကို ငါချစ်တယ်”ဆိုတဲ့ စကားတစ်ခွန်းဟာ တပ်တစ်တပ်ထက် အင်အားကြီးပါတယ်။ တန်ဖိုးထားနှစ်သက်တယ်ဆိုတာက တစ်ဘက်သားကို အသိအမှတ်ပြုခြင်း၊ အတည်ပြုခြင်းနဲ့ အားပေးဖေးမခြင်း စတာတွေကို ခံစားစေသလို ကျေနပ်အားရတဲ့ခံစားချက်ကိုလည်း ဖြစ်စေပါတယ်။ နားလည်ခြင်းဆိုတဲ့အဓိပ္ပာယ်မှာ အသိအမှတ်ပြုခြင်း၊ အတည်ပြုခြင်း၊ ချီးကျူးခြင်းနဲ့ တန်ဖိုးထားနှစ်သက်ခြင်းတွေ ပါပါတယ်။ နှစ်ဦးနှစ်ဖက်ရဲ့ရင်ထဲမှာ တန်ဖိုးထားနှစ်သက်ခြင်းက လိုကိုလိုအပ်ပါတယ်။ ဒါဟာလည်း ဇနီးမောင်နှံနှစ်ဦးရဲ့ ပေါင်းသင်ခြင်းလျှို့ဝှက်ချက်ထဲက တစ်ခုဖြစ်ပါတယ်။
ခံစားမှုကို စုဆောင်းခြင်း
လူတိုင်းရင်ထဲက အနက်ရှိုင်းဆုံးတစ်နေရာမှာ ခံစားမှုတွေကို စုဆောင်းထားတဲ့ ဘဏ်လေးတစ်ခုရှိပါတယ်။ တကယ်လို့ အဲဒီဘဏ်လေးထဲမှာ အချစ်နဲ့ရယ်မောစရာတွေကို အမြဲစုထားရင် ပျော်ရွှင်ခြင်း၊ ချမ်းမြေ့ခြင်းစတဲ့အရာတွေက တိုးတိုးလာသလို ပြုံးရယ်ခြင်း၊ နူးညံ့ခြင်း၊ အားပေးခြင်း၊ နှစ်သိမ့်ခြင်းစတဲ့ အတိုးအမြတ်တွေကိုလည်း ဖြစ်ထွန်းစေပါတယ်။ တစ်ခါတလေမှာ တကိုယ်ကောင်းဆန်မိ၊ မယုယမကြင်နာဖြစ်မိပြီး ဘဏ်ထဲဘာမှ မစုဆောင်းမိရင်တောင် ဘဏ်ကoverdraw မဖြစ်သွားနိုင်ပါဘူး။ ကြည်နူးပျော်ရွှင်ခြင်းတွေ စုဆောင်းထားတာနည်းရင်တော့ ငြင်းခုန်ရန်ဖြစ်တိုင်း ပြင်းထန်မှုတွေ ကြီးကျယ်စေတတ်ပါတယ်။
ယုံကြည်ခြင်းနဲ့တန်ဖိုးထားနှစ်သက်ခြင်းကို အကြွေးစာရင်းထဲမှာပဲထားပြီး စုဆောင်းထားတာကိုပဲ အမြဲထုတ်ထုတ်သုံးနေရင်လည်း နောက်ဆုံးမှာ ခံစားချက်ပြိုကွဲခြင်း၊ အိမ်ထောင်ရေးအက်ကြောင်းထခြင်း စတဲ့ အပျက်အဆီးထဲ ရောက်သွားနိုင်ပါတယ်။ လူ့ဘဝက ရှုပ်ထွေးပွေလီလွန်းပါတယ်။ တစ်ခါတလေမှာ ကျွန်မတို့ဟာ အထိန်းအချုပ်မဲ့ပြီး တစ်ဘက်လူ၊ ကိုယ့်အိမ်ထောင်ဖက်ကို ထိခိုက်နာကျင်အောင် လုပ်မိတတ်ပါတယ်။ ခံစားမှုဘဏ်အကောင့်လေး overdrawမဖြစ်သွားစေတဲ့ အကောင်းဆုံးနည်းက ဘဏ်ထဲကို နာလိုဖွယ်စကား၊ ချစ်ခင်နှစ်သက်တဲ့ခံစားမှု၊ တန်ဖိုးထားမြတ်နိုးတဲ့ အပြုအမူတွေ အမြဲတမ်း စုဆောင်းနေဖို့ပဲဖြစ်ပါတယ်။
ကိုယ်ပိုင်လွတ်လပ်မှု
လက်ဘနွတ်စာရေးဆရာ (Kahlil Gibran)က “နှစ်ခုကို တစ်ခုဖြစ်အောင် ပေါင်းတဲ့အထဲမှာ နေရာလပ်လေးတစ်ခုတော့ ရှိဖို့လိုတယ်”လို့ ဆိုခဲ့ပါတယ်။ တယောကြိုးတွေဟာ အသံတစ်သံထဲမှာ တုန်ခါနေတယ်ဆိုပေမယ့် ကြိုးတိုင်းမှာ မတူတဲ့အသံကိုယ်စီနဲ့ ကွဲပြားကြပါတယ်။ ဒါမှလည်း သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံတွေကို တီးခတ်နိုင်မှာဖြစ်တယ်။ အိမ်ထောင်ရေးဆိုတာ တစ်ဦးချင်းရဲ့လွတ်လပ်မှု၊ တစ်ဦးချင်းရဲ့ ဒီမိုကရေစီဖြစ်တယ်။ “နင်က ငါ့ဟာပါ”လို့ သံသယမလွန်ကဲပါနဲ့။ ဒါဟာ အချစ်အိမ်လေးကို လှောင်အိမ်အချုပ်ဖြစ်အောင် ဖန်တီးလိုက်တာနဲ့ အတူတူပါပဲ။ အချစ်ကို အဓွန့်ရှည်တည်တံစေချင်ရင် ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ပေးရပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုပြောင်းလဲဖို့ ပြောနေတာမဟုတ်သလို တခြားသူကိုပြောင်းလဲနိုင်ဖို့ ကြိုးစားခိုင်းတာလည်း မဟုတ်ပါဘူး။ သင့်တော်တဲ့အခြေအနေတစ်ခု၊ နေရာတစ်ခုဖြစ်အောင် အချင်းချင်းထိန်းညှိဖို့၊ အတူတကွဆိုပေမယ့်လည်း ကိုယ်ပိုင်နေရာလေးရှိဖို့တော့ လိုအပ်ပါတယ်။ အိမ်ထောင်ရေးဆိုတဲ့မြေကြီးထဲမှာ ကိုယ်ပိုင်အပင်လေးနှစ်ပင် လွတ်လွတ်လပ်လပ် ရှင်သန်ကြီးထွားစေခြင်းအားဖြင့် ပျော်ရွှင်တဲ့အသီးအပွင့်တွေကို ဝေဝေဆာဆာ ဖူးပွင့်စေနိုင်ပါတယ်။
အပြန်အလှန် လေးစားခြင်း
“သင့်ကို လူတွေဘယ်လို ဆက်ဆံစေချင်ရင် လူတွေကို သင်လည်းဘယ်လိုဆက်ဆံပါ”ဆိုတဲ့ စကားအတိုင်း အိမ်ထောင်ရေးတည်မြဲဖို့ အဓိကအရေးပါတဲ့အချက်က အချင်းချင်းလေးစားတတ်ဖို့ပဲဖြစ်ပါတယ်။ တစ်ဘက်သားကို လေးစားတတ်မှ တစ်ဘက်သားရဲ့လေးစားမှုကိုရမှာဖြစ်တယ်။ တစ်ဘက်သားကို လေးစားတတ်ရုံတင်မက သူ့မိဘ၊ သူ့ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းတွေကိုပါ လေးစားတတ်ရပါမယ်။ တကယ်လို့ တစ်ဘက်သားရဲ့မိသားစုကို မလေးစား၊ မထီမဲ့မြင်ပြုတယ်။ တချို့က တစ်ဘက်ရဲ့မိသားစုကို ကိုယ့်ပြိုင်ဖက်လို သဘောထားတယ်။ ဒါဟာ အင်မတန် ရုပ်ဆိုးအကြည်တန်တဲ့ တုံးအမှုပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို အထီးကျန်ကမ္ဘာထဲ တွန်းပို့နေသလို သင့်ရဲ့အိမ်ထောင်ရေးကိုလည်း ပြိုကျပျက်ဆီးစေနိုင်ပါတယ်။
ငွေကြေးနဲ့အချစ်…. မိသားစုရဲ့အခြေခံမှာ ငွေကြေးနဲ့အချစ် တစ်ခုခုလစ်ဟနေလို့မဖြစ်ပါဘူး။ ပြောနေကျစကားအတိုင်းပြောရရင် အချစ်ဆိုတာလိုအပ်သလို ပေါင်မုန့်ဆိုတာလည်း လိုအပ်ပါတယ်။ ငွေကြေးမရှိရင် အချစ်ကိုသက်ရောက်တတ်တာကိုတော့ ဘယ်သူမှငြင်းဆန်လို့ မရနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ငွေကြေးက ကောင်းကျိုးကိုလည်းဖြစ်စေသလို ဆိုးကျိုးကိုလည်း ဖြစ်စေပါတယ်။ မိသားစုဘဝမှာ ငွေကြေးကို အရမ်းအလေးထားလို့ မဖြစ်ပါဘူး။ “စီးပွားရေးစီမံကိန်း”ဆိုပြီး တစ်ဘက်သားကို ထိန်းချုပ်ခြယ်လှယ်တာမျိုး၊ တစ်ဘက်သားကို ငွေကြေးနဲ့ပတ်သက်တဲ့လုပ်ပိုင်ခွင့် မပေးတာမျိုး ဖြစ်စေတတ်လို့ပါ။ သင့်ရဲ့ဒီလိုစီမံကိန်းကို မခံမရပ်နိုင်တဲ့တစ်နေ့မှာ မိသားစုအိမ်ငယ်လေးထဲကနေ သူထွက်ပြေးသွားတတ်ပါတယ်။ ဒီလိုအချိန်ရောက်မှ ငွေကြေးဆိုတာ ဒြပ်မဲ့၊ လူကမှ သက်ရှိ၊ လူသာလျှင် ချစ်ခြင်းအဆောက်အဦးကြီးရဲ့ ထုပ်တန်းဆိုတာကို သင်သိလာမှာဖြစ်တယ်။
ဖူးစာကံကို တန်ဖိုးထားပါ
“ရှေးဘဝရဲ့အတိတ်ကံကြောင့် ဒီဘဝမှာလာတွေ့ကြတယ်”ဆိုတဲ့အတိုင်း အပြောကျယ်တဲ့လောကကြီးမှာ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့အခြားတစ်ခြမ်းနဲ့ လာဆုံခဲ့ကြတယ်။ အတိတ်ကံ ဘယ်လောက်ကောင်းခဲ့သလဲ! ဒါကြောင့် ဒီကံကို ကျွန်မတို့တန်ဖိုးထားသင့်ပါတယ်။ ဖူးစာကံကြောင့် လာဆုံကြတဲ့ ဒီအိမ်ထောင်ရေးကို တီဗီကြည့်သလိုမျိုး အချိန်မရွေး ဟိုချန်နယ်ချိန်း၊ ဒီချန်နယ်ချိန်း မလုပ်သင့်ပါဘူး။ ပထမအိမ်ထောင်ရေးမှာ တည်ကြည်လေးနက်မှုမရှိသူဟာ ဒုတိယအိမ်ထောင်ရေးကိုလည်း ကောင်းကောင်းလည်ပတ်စေနိုင်မှာ မဟုတ်ပါဘူး။ လူသားတွေရဲ့ စဉ်းစားတွေးခေါ်မှု၊ အသိဉာဏ်ရှိမှုနဲ့ ပြောင်းလဲတတ်တဲ့ခံစားချက်တွေက ယောက်ျားနဲ့မိန်းမရဲ့ ပေါင်းသင်းခြင်းတည်မြဲရေးကို သက်ရောက်စေတတ်ပါတယ်။ တကယ်လို့ ကယ်တင်လို့မရနိုင်တော့တဲ့ သေကွဲအိမ်ထောင်ရေးမဟုတ်ခဲ့ရင် အတတ်နိုင်ဆုံး ကြိုးစားကုသပါ။ လက်စတွဲပြီဆိုတာနဲ့ “ပျိုမျစ်တဲ့လက်ကနေ အိုမင်းတဲ့လက်ဖြစ်သည်အထိ” တွဲပါ။ စကားတစ်ခွန်းကြောင့်၊ အခက်အခဲလေးတစ်ခုကြောင့်နဲ့ လက်တွဲမဖြုတ်လိုက်ပါနဲ့။
ပေးဆပ်တတ်ပါစေ
လူအများက “အချစ်ခံ”ရတာကို နှစ်သက်တတ်ကြပြီး “ချစ်ဖို့”ကိုတော့ မေ့နေတတ်ကြတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုချစ်ဖို့ကောင်းအောင် နေမလဲဆိုတာကိုပဲသိကြပြီး တစ်ဘက်သားကို ဘယ်လိုချစ်မယ်၊ ဘယ်လိုဂရုစိုက်မယ်ဆိုတဲ့ ခြေလှမ်းကိုတော့ စမလှမ်းချင်ခဲ့ကြဘူး။ တကယ့်အချစ်က အရာရာအားလုံးကို “ပေးဆပ်”တာပါ၊ “ရယူ”တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ခွန်အားနဲ့ သူ့ရဲ့ခွန်အားကို တက်ကြွစေတာပါ။ ပေးဆပ်ခြင်းက ရယူခြင်းထက် လူကိုပိုပျော်ရွှင်စေပါတယ်။ ပေးဆပ်လိုက်ရလို့ ဆုံးရှုံးချို့ငဲ့သွားတာ မဟုတ်ပါဘူး။ ပေးဆပ်လိုက်ရလို့ ဘဝကဖြစ်တည်သွားတာပါ။ အချစ်ဆိုတာ ဖြူစင်သန့်ရှင်းတဲ့အရာပါ။ အချစ်ထဲမှာ တောင့်တမှုတွေ၊ အကျိုးအမြတ်တွေ ရောစပ်မနေသင့်ပါဘူး။ အချစ်ဆိုတာ မျှဝေခြင်းပါ၊ တစ်ဘက်သတ်မဟုတ်ပါဘူး။ အချစ်ဆိုတဲ့အရာထဲမှာ ဂရုစိုက်ခြင်း၊ တာဝန်ယူခြင်း၊ လေးစားခြင်း စတဲ့အသိဉာဏ်တွေ ပါပါတယ်။ “သူ့ထဲမှာ ကိုယ်ရှိပြီး ကိုယ့်ထဲမှာ သူရှိ”တာဟာ အိမ်ထောင်ရေးရဲ့ အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။
အပြန်အလှန် ကြင်နာခြင်း
ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကြင်နာတတ်သူနဲ့အကြင်နာခံချင်သူတွေ ဖြစ်ကြပါတယ်။ သင်တွေ့ဆုံခဲ့တဲ့သူက လူတွေကိုပဲကြင်နာတတ်ပြီး အကြင်နာမခံချင်တဲ့ ဖခင်လိုယောက်ျားမျိုး၊ မိခင်လို မိန်းမမျိုးလို့ မထင်လိုက်ပါနဲ့။ ဇနီးမောင်နှံဆိုတာ တူတစ်စုံနဲ့တူပါတယ်။ ဘဝထဲက ချဉ်၊ ငံ၊ စပ်၊ ခါးအရသာတွေကို အတူတကွ ခံစားသင့်ပါတယ်။ သူ(သူမ)အလုပ်ပြန်ချိန် ရေအေးလေးတစ်ခွက်ကမ်းတာ၊ သူအိပ်ပျော်ချိန် စောင်လေးခြုံပေးတာ… ဒါတွေဟာ မပြောပလောက်တဲ့ အပြုအမူဆိုပေမယ် အချစ်ကို အဓွန့်ရှည်စေတယ်၊ အကြင်နာတွေ နှလုံးသားထဲ တစိမ့်စိမ့်ဝင်စေတယ်၊ အိမ်ထောင်ရေးကို ထာဝရတည်မြဲစေပါတယ်။
ခွင့်လွှတ်ခြင်းကို သင်ယူပါ
ဝတ်စားဆင်ယင်မှုရဲ့ အမြင့်ဆုံးအဆင့်က ဆွဲဆောင်မှုရှိခြင်းဆိုရင် အချစ်ရဲ့အမြင့်ဆုံးအဆင့်က ခွင့်လွှတ်ခြင်းပဲဖြစ်မယ် ထင်ပါတယ်။ အိမ်ထောင်ရေးကို မှန်မှန်ကန်ကန်လည်ပတ်နိုင်ဖို့ဆိုတာ ဇနီးမောင်နှံနှစ်ဦးလုံး အချင်းချင်း လိုက်လျောညီထွေအောင် နေတတ်ရုံမက အပေးအယူလည်းသင့်ဖို့ လိုပါတယ်။ အိမ်ဆိုတာ ချစ်ခြင်းမေတ္တာအကြောင်း ပြောဖို့နေရာလေးပါ။ အကျိုးအကြောင်းမသင့်တဲ့အရာတွေ ငြင်းခုန်တဲ့နေရာမဟုတ်ပါဘူး။ ဒဿနပညာရှင်တစ်ဦးက “မင်္ဂလာမဆောင်ခင် မျက်လုံးနှစ်လုံးကို ကျယ်ကျယ်ဖွင့်ပါ။ မင်္ဂလာဆောင်ပြီးရင် မျက်လုံးတစ်လုံးကို မှိတ်ထားပါ”လို့ ဆိုခဲ့ပါတယ်။ လူတိုင်း ခြောက်ပစ်မကင်းနိုင်ပါဘူး။ ဒီလူကို ချစ်ကြိုက်ခဲ့တယ်ဆိုတာက သူ့မှာ သင့်ကိုဆွဲဆောင်နိုင်တဲ့အရာ ရှိခဲ့လို့ပဲ မဟုတ်ပါလား?
တကယ်လို့ လူတစ်ယောက်ကို သင်နှစ်နှစ်ကာကာချစ်တယ်ဆိုရင် သူ့ရဲ့အရာရာကို ခွင့်လွှတ်နားလည်နိုင်ဖို့ ကြိုးစားပါ။ တကယ်လို့ လူတစ်ယောက်ကို သင်ခွင့်လွှတ်နားလည်တယ်ဆိုရင် သူ့ကိုသင်အရမ်းချစ်လို့ပါပဲ။ ခွင့်လွှတ်ခြင်းက အချင်းချင်းဆက်ဆံပြောဆိုမှုကို ချောမောပြေပြစ်စေနိုင်သလို သင့်ကိုလည်း စိတ်ချမ်းသာပြောရွှင်မှုတွေ ပေးနိုင်ပါတယ်။
နားလည်ပေးပါ
ဇနီးမောင်နှံကြားမှာ အချင်းချင်း “နားလည်”တတ်ရပါတယ်။ “နားလည်ခြင်း”ဆိုတာ အရှုံးနဲ့ သင်ရင်ဆိုင်ရချိန် သင့်ကိုလေးစားမှုပျက်စေတဲ့စကား မပြောသူ၊ သင်စိတ်လိုက်မာန်ပါလုပ်ချိန် သင့်ကို လေသံချိုချိုနဲ့ ရှင်းပြဖြေရှင်းချက်ပေးသူ၊ သင်စိတ်ဆင်းရဲချိန် သင့်ကိုဝန်မပိုစေသူ၊ သင်ပြုံးရင် သူအရင်ရယ်သူ၊ သင်စိတ်ညစ်ရင် သူအရင်စိတ်ပူတတ်သူ၊ သူပျော်တာတွေ သင့်ကိုပြောပြတတ်သူ၊ သူစိတ်ညစ်တာတွေ သင့်ကို မသိစေချင်သူ၊ မိုင်ပေါင်းထောင်သောင်းဝေးလည်း သင့်ကို ယုံကြည်စိတ်ချသူ… နားလည်တတ်ဖို့ ဂရုစိုက်ကြင်နာခြင်းတွေလိုအပ်သလို ချစ်ခြင်းတွေလည်း လိုအပ်ပါတယ်။
ချစ်ခင်တတ်ကြပါစေ...
မူရင်းလင့်.. http://www.duwenzhang.com/wenzhang/shenghuosuibi/20090819/65879.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
Chatting Signs
IT ခေတ်ကြီးမှာ တနေ့ထက် တနေ့ တိုးတက်မှူတွေက အံ့မခန်းပါပဲဗျာ :P
ဘာလို့လဲဆိုတော့ ကျွန်တော်ပဲ မသိတာလားတော့မသိဘူး..
ခါတိုင်းလို သမရိုးကျ သုံးတဲ့ စလုံးလေးတွေကတော့ အားလုံးသိကြမှာပါ ဒါပေမဲ့ ခုဖော်ပြတဲ့
အထဲမှာစကားလုံး အဆန်းလေးတွေပါတယ်ဗျ.. ၀န်ခံပါတယ် ကွုန်တော်ကတော့
သူငယ်ချင်းပြောပြမှ စုံစုံလင်လင်သိရတာ............................ :D...............................
ဒါနဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ စုံစုံလင်လင်သိရတာပေါ့ဗျာ...ကဗျာချစ်သူ ဘလော့ဂ်လေး
ကိုလာလည်ကြတဲ့ သူငယ်ချင်းတွေ ထဲက မသိသေးတဲ့သူငယ်ချင်းတွေ အတွက် ရည်ရွှယ်မျှဝေ ပေးလိုက်ပါတယ်ခင်ဗျာ.............................
Chatting ထိုင်ရင်းနဲ့ကောင်မလေးက IH8U (or) HQ လေးတော့ အပြောမခံရပါစေနဲ့ လို့
ကဗျာချစ်သူ မှ ဆုတောင်းပေးလိုက်ပါတယ် .........:P.........
ATM = At the moment = ဒီခဏ၊ အခု၊ အခိုက်အတန့်မှာ
;-) = wink = သိတယ် မဟုတ်လား
:-{ = sad face = ၀မ်းနည်းနေတယ်။
10Q = thank you = ကျေးဇူ
24/7 = 24 hours a day, 7 days a week = တစ်ပတ်မှာခုနှစ်ရက်၊ တစ်ရက်မှာ၂၄
နာရီ
brb = be right back = အခုပြန်လာခဲ့မယ်
B4 = before = ...မတိုင်ခင်
B/C = because = ဘာဖြစ်လို့လဲဆိုတော့
afaik = as far as I known = ငါသိထားတာနဲ့ ဝေးလွန်းတယ်
asap = as soon as possible = ဖြစ်နိုင်ရင် အခုချက်ချင်း
cu18R = see you later = နောက်မှတွေ့မယ်
u = you = သင်
esp = especially = အထူးသဖြင့်
18R = later = နောက်မှ
MYOB = mind your own business = ကိုယ့်လုပ်ငန်းကိုယ် အာရုံစိုက်ပါ
ppl = people = လူများ
FYI = for your information = မင်းရဲ့ သတင်းအတွက်
IH8U = I hate you = မင်းကိုမုန်းတယ်
wtg = way to go = သွားဖို့နည်းလမ်း
wtrdo'n = what are you doing = ဘာလုပ်နေလဲwuteva = what ever =
ဘာပဲဖြစ်ဖြစ်
wuz = was = N/A
xcuz = excuse = ခွင့်ပြုပါ
whoz = who is = ဘယ်သူရဲ့
xqzme = excuse me = င့ါကို ခွင့်ပြုပါ
xlnt = excellent = အကောင်းဆုံး
yw = you are welcome = ကြိုဆိုပါတယ်
yvw = you are very welcome = ကြိုဆိုပါတယ်
yt = you there = မင်းဒီမှာ လား
yrs = years = နှစ်များ
ya = yes = ဟုတ်ကဲ့
uno = you know = မင်းသိတယ်
U/I = upload = file ကို web ပေါ်တင်ခြင်း
da = the = N/A
hw = home work = အိမ်စာ
d/l = download = web ပေါ်မှ file ကို ရယူသည်
duz = does = N/A
h/o = hold on = ဆက်လုပ်
h8 = hate = မုန်းတယ်
goin = going = သွားခြင်း
goz = go to = သွားရန်
gn = good night = မင်္ဂလာညပါ
duz = does = N/A
duznt = doesn't = N/A
e1 = everyone = လူတိုင်း
ez = easy = အလွယ်လေး
fu = follow up = နောက်ဆက်တွဲ
gbu = god bless you = ဘုရားသခင် ကောင်းချီးပေးပါစေ
gimme = give me = ပေးပါ
gi = good job = အလုပ်ကောင်း
8 = ate = စားသည်
BB = bye bye = တာ့တာ
KK = OK = အိုကေ
obtw = oh..by the way = ဒါနဲ့ ..စကားမစပ်
lol = laugh out loud = ရယ်လိုက်ရတာ
BRB = be right back = ပြန်လာခဲ့ပါ
coz = cause = အကြောင်းက
noob = = လူသစ်
m4dskIIIZ = တစ်ခုခုတွင် အထူးကျွမ်းကျင်သည့်လူ
joo = ဗန်းစကားပြောခြင်း
IMHO = In my honest opinion = ငါ့ရဲ့ အရိုးဆုံးဆန္ဒက
b4k4 = တစ်ကိုယ်ကောင်းဆန်သူ
gg = good game = ပွဲကြီးပွဲကောင်း
pron = porn ကို ကျော်သည်
pwn = လွှမ်းမိုးခြင်း
ub3r = ကျော်လွှားရယူသည်
woot = ၀မ်းသာအံ့သြစွာ ပျော်ရွှင်မှု...
ull = you'll = N/A
uno? = you know? = မင်းသိလား
ur = you are = မင်းဟာ...
v v = vice vesa = အပြန်အလှန်အားဖြင့်
w8 = wait = စောင့်ပါ
w/ = with = ..နှင့်..
w/e = whatever = ဘာပဲဖြစ်ဖြစ်
w-end = weekend = နောက်ဆုံးရက်သတ္တပတ်
w/o = without = မပါဘဲ
wazzup = what up? = ဘာဖြစ်တာလဲ
wanna = want to = ဆန္ဒရှိတယ်
wb = welcomeback = ပြန်လာတာ ကြိုဆိုပါတယ်
ltnc = long time no see = မတွေ့တာကြာပြီ
u'd = you had = N/A
wnwu = what new with you = ဘာသတင်းတွေ မင်းမှာရှိသလဲ
wru = who are you? = မင်းဘယ်သူလဲ
Ruok = are you ok? = အဆင်ပြေလား
PAW = parents are watching = မိဘတွေ ကြည့်နေတယ်
OIC = oh, I see = ငါသိပြီ
NP = no problem = ပြဿနာမရှိ
NO1 = no one = ဘယ်သူမျှ
NE1 = anyone = လူတစ်ယောက်မျှ
NE = any = N/A
Lv = love = အချစ်
>^,,^
hay
(အော်..ခေါ်တဲ့အသံ)
:-| = hmm = ဟမ်!
#:-o = oh! no = အို..ဟင့်အင်း
{ } = no comment = ထင်မြင်ချက် မပေး
: - x = tongue-tied = ပါးစပ်ချုပ်ထားတယ်
: - #
my lips are sealed
ပါးစပ် ကော်ကပ်ထားတယ်
:- e = dissapointed = အားငယ်တယ်
:- (*) = sick comment = ဖျားနာနေတယ်
:^D" = great! I like it = ကောင်းတယ် ကြိုက်တယ်
:-( = totally inbelievale = မယုံကြည်နိုင်လောက်အောင် ၀မ်းနည်း
:-@ = screaming = အလွန်
(:-) = blad = ထိပ်ပြောင်ပြောင်နဲ့
:-||
angry
ဒေါသဖြစ်တယ်
:-( = very angry=အရမ်းစိတ်ဆိုးတယ်
|-| = sleeping = အိပ်ပျော်နေတယ်
gt8 = great = ခမ်းနားတယ်
hb = hurry back = အမြန်ပြန်ခဲ့
hud = how you doing? = ဘယ်လို လုပ်တာလဲ
ibyp = I beg your pardon = တောင်းပန်ပါတယ်
idk = I don't know = ငါမသိဘူး
Ilu = I love you = မင်းကိုချစ်တယ်
gonna=going to= သွားတော့မလို့...
gl=good luck=ကံကောင်းပါစေ
gm=good morning=မင်္ဂလာနံနက်ခင်း
ROFL=rolling on floor laughing=လူးလိမ့်နေအောင် ရယ်သည်
tgif=thank god it's friday = -
w8ing=waiting = စောင့်စိုင်းခြင်း
piss-->=piss off= ထွက်သွား
runu?=Are you nuts?= မင်းရူးနေလား
BCNU=be seeing you= တွေ့ရတာ
B2B=business to business= စီးပွားရေးဆန်သော ဆက်သွယ်မှု
P2P=peer to peer= P2P connection
g2g=google to guy= google မှ မှာကြားမှု
gtg=got to go= သွားလို့ရပြီ
GR8=great= ကြီးကျယ်ခမ်းနားတယ်
g2g=guy to girl= ယောကျာ်းလေးမှ မိန်းကလေး
IYQ=I Like you= မင်းကို နှစ်သက်တယ်
HQ=hate= မုန်းတယ်
HAND=have a nice day= မင်္ဂလာရှိသော နေ့ဖြစ်ပါစေ
sos=save our doul =ကယ်ပါ
soz=sorry= ၀မ်းနည်းပါတယ်
DYLM=do you like me= မင်းငါ့ကို ကြိုက်ရဲ့လား
f2T=free to talk = လွတ်လွတ်လပ်လပ်ပေါ့
k=okay= အိုကေ
Pls=please= ကျေးဇူးပြု၍
asl=age, sex, location= အသက်၊ လိင်၊ တည်နေရာ
%-}=intoxicated= ထိန်းမနိုင် သိမ်းမရပါလား
|-o=snoring= အိပ်ပျော်ရင်း ဟောက်တတ်သူ
|:-)
uncle sam = အမေရိကန် သင်္ကေတ@:-) = using a turban = ပန်ချာပီခေါင်းပေါင်းနဲ့ပါလား
MM = Myanmar = မြန်မာသင်္ကေတ
<:-| = Monk/Nun = ဘုန်းကြီး :-)
devil = နတ်ဆိုး};-)>
devil
နတ်ဆိုး
9) = taog = N/A
5:-) = prestey = ပရက်စလေ
@:-) = presley = ပရက်စလေ (အဆိုတော် ပရက်စလေ၏ သင်္ကေတ)
:-% = get lost = ရှုံးခဲ့ပြီ
:-]= =goofy = ကြောင်တောင်တောင်ပဲ
:-s = not making sense = အာရုံမရှိ
(-.-)Zzz = Sleep = အိပ်ပျော်နေတယ်
:***~) = wearing body glitter = ကိုယ်ရောင်ကိုယ်ဝါ ထွက်နေပါလား
:'-) = crying = ငိုမိတယ်
:-{} = wearing lipstick = နှုတ်ခမ်းနီ ဆိုးထားတယ်
8(:-) = Mickey Mouse = ကြွက်
:-p = naughty = လူဆိုးလေး (စနောက်ခြင်း)
^)
open minded = ကျယ်ပြန့်တယ်:@) = pig = ၀က်
(8-) = Alternative! = ဟော့ရှော့
^(00)^ = spider = ပင့်ကူ
(:::[]:::) = plaster = ပလာစတာ
ဆောင်ရွက်နိုင်လျှင်အကျိုးရှိသောအချက်ဆယ့်နှစ်ချက်
၂။မှား၍ အသစ်ပြန်လုပ်ရခြင်း
၃။မှားကြောင်း ဝန်ခံခြင်း
၎။တစ်ကိုယ်ကောင်း မကြံခြင်း
၅။သူတစ်ပါးထံမှ အကြံဉာဏ်တောင်းခြင်း
၆။ရက်ရောခြင်း
ရ။အခါခါ ရှုံးသော်လည်း ဆက်၍ ကြိုစားခြင်း
၈။တွေးတောဆင်ခြင်ပြီးမှလုပ်ခြင်း
၉။ထောက်ထားစာနာတတ်ခြင်း
၁ဝ။အမှားကို သင်ခန်းစာအဖြစ် ယူတတ်ခြင်း
၁၁။တစ်ပါးသူကိုခွင့်လွှတ်ခြင်း
၁၂။မိမိအပေါ်သို့ ကျသင့်ကျထိုက်သော အပြစ်ဒဏ်ကို ခံယူခြင်း။
*စိတ်စူးစိုက်ချက်၊ဒဏ်ပြင်းလာသောအခါ စိတ်သည်တန်ခိုးရှိ၍ မိမိလိုသောအတိုင်းပြည့်စုံဖြစ်ပေါ်လာလိမ့်မည်။
(လယ်တီပဏ္ဌိတဦးမောင်ကြီး)
ကိုယ့်ကိုကိုယ်တန်ဖိုးထားပါ…..
ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။ ဘယ်သူမှ သော့တံမရှိတဲ့ သော့ခလောက်ကို မဖန်တီးပါဘူး။ အဲဒီလိုပဲ မြတ်စွာဘုရားကလည်း အဖြေမရှိတဲ့ ပြဿနာကို မပေးပါဘူး။ သင်စိတ်ညစ်နေတဲ့အခါမှာ ဘ၀က သင့်ကိုရယ်တယ်။ သင်ပျော်ရွှင်နေတဲ့အခါမှာ ဘ၀က သင့်ကို ပြုံးပြီးကြည့်တယ်။ သင်သူများတွေကို ပျော်ရွှင်အောင် လုပ်ပေးတဲ့အခါမှာတော့ ဘ၀က သင့်ကို အလေးပြုတယ်။ အောင်မြင်သူတိုင်းမှာ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိဖူးပါတယ်။ ပင်ပန်းဆင်းရဲတဲ့ ဇာတ်လမ်းတိုင်းမှာလည်း အောင်မြင်တဲ့ဇာတ်သိမ်းတစ်ခုရှိပါတယ်။ လွယ်တာက သူများရဲ့အမှားကို ဝေဖန်အကဲဖြတ်ဖို့ပါ။ ခက်တာကတော့ ကိုယ့်အပြစ်ကို အမှန်အတိုင်း သိမြင်ဖို့ပါ။
ဘယ်သူမှ အတိတ်ကို ပြန်သွားပြီး ဆိုးရွားတဲ့အစကို ပြင်လို့မရပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့ အဆုံးသတ်ရဖို့ အခုချက်ချင်း စတင်လှုပ်ရှားတာကိုတော့လူတိုင်း လုပ်လို့ ရပါတယ်။ ပြဿနာတစ်ခုဟာ ဖြေရှင်းလို့ရနိုင်တာဆိုရင် ဘာမှစိတ်ပူစရာ မလိုပါဘူး။ ဖြေရှင်းလို့ မရနိုင်ဘူး ဆိုရင်လည်း စိတ်ပူနေလို့ ဘာများထူးမှာ မို့လို့လဲ။ အခွင့်အရေးတစ်ခုကို ဆုံးရှုံးလိုက်ရပြီဆိုရင် သင့်မျက်လုံးတွေကို မျက်ရည်တွေနဲ့ ပြည့်မနေပါစေနဲ့။ မျက်ရည်တွေက သင့်ရှေ့က ပိုကောင်းတဲ့နောက်ထပ် အခွင့်အရေးတစ်ခုကို ကွယ်ပစ်လိုက်ပါလိမ့်မယ်။
မျက်နှာကိုပြုပြင်လိုက်တာ (Changing the face) ဟာ ဘာကိုမှ ပြောင်းလဲစေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို ရင်ဆိုင်လိုက်တာ (Facing the change) ကတော့ အရာရာကို ပြောင်းလဲသွားစေနိုင်ပါတယ်။ သူများတွေအကြောင်း မကျေမနပ် ညည်းညူမနေပါနဲ့။ ငြိမ်းချမ်းချင်ရင် ကိုယ့်ကိုကိုယ်ပဲ ပြောင်းလဲ ပြုပြင်လိုက်ပါ။ အမှားတွေက ဖြစ်ပျက်နေတဲ့အချိန်မှာတော့ နာကျင်ပင်ပန်းစေပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာလို့ အဲဒီအမှားတွေ စုပေါင်းလိုက်တဲ့အခါမှာတော့ သင့်ကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားမယ့် “အတွေ့အကြုံ”ဆိုတာ ဖြစ်လာပါတယ်။
ကျရှုံးတဲ့အချိန်မှာ ရဲရင့်မှုရှိပါ။ အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်မှုရှိပါ။
အပူပေးခံထားရတဲ့ ရွှေတွေဟာ အလှဆင်ပစ္စည်းတွေ ဖြစ်လာပါတယ်။ ပြင်းပြင်းထန်ထန် နန်းဆွဲခံထားရတဲ့ ကြေးတွေဟာ ၀ိုင်ယာကြိုးတွေ ဖြစ်လာပါတယ်။ ထွင်းထုခံထားရတဲ့ ကျောက်တုံးတွေဟာလည်း ရုပ်ထုတွေ ဖြစ်လာပါတယ်။ ဒါကြောင့် သင့်ဘ၀မှာ နာကျင်မှုခံစားရမှုတွေ များလာလေ သင့်ရဲ့တန်ဖိုးတက် လာလေပါပဲ။
လူ့ဘဝအတွက် အကြီးမားဆုံးသော သတိရစရာများ
၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ရန်သူသည် မိမိကိုယ်တိုင် ပင်ဖြစ်သည်။
၂။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ဆုံးရှုံးခြင်းသည် မိမိဧ။် မာနကြောင့်ဖြစ်သည်။
၃။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အသိမဲ့ခြင်းသည် မိမိ ကိုယ့်ကိုမိမိ လိမ်လည်နေ ခြင်းဖြစ်သည်။
၎။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ၀မ်းနည်းရခြင်းသည် မိမိဧ။် မနာလို ၀န်တိုသော စိတ်ကြောင့်ဖြစ်သည်။
၅။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော မှားယွင်းမှု လုပ်ရပ်သည် မိမိဧ။် စိတ်ဓာတ်ကျဆင်း ခြင်းကြောင့်ဖြစ်သည်။
၆။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပြစ်မှုပြုခြင်းသည် မိမိဧ။် အနိုင်ကျင့်လိုသော စိတ်ဓာတ်ကြောင့် ဖြစ်သည်။
၇။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော သနားစရာကောင်းခြင်းသည် မိမိဧ။် စိတ်အားငယ်မှု ဖြစ်သည်။
၈။ လူ့ဘ၀ဧ။် အကြီးမားဆုံးလေးစားခံရခြင်း သည် မိမိဧ။် ကြံ့ခိုင်သည့် စိတ်ဓာတ်ဖြစ်သည်။
၉။ လူ့ဘ၀ဧ။် အကြီးမားဆုံး စီးပွားပျက် ရခြင်းသည် မိမိဧ။် ကိုယ်ပိုင်အနာဂတ် မျှော်လင့်ချက် ကင်းမဲ့ခြင်း ကြောင့်ဖြစ်သည်။
၁၀။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ချမ်းသာရခြင်းသည် မိမိဧ။် ကျန်းမာရေး ကောင်းမွန်ခြင်းဖြစ်သည်။
၁၁။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော အကြွေးသံသရာ ဖြစ်ခြင်းသည် လူမှုရေး အကြွေးသံသရာဖြစ်သည်။
၁၂။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။် သည်းခံခွင့် လွတ်တတ်သော စိတ်ဓာတ် ဖြစ်သည်။
၁၃။လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။် အကြင်နာတရား မေတ္တာ စိတ်ဓာတ်ဖြစ်သည်။
၁၄။ လူ့ဘ၀ဧ။် အကြီးမားဆုံးသော ပီတိသည် အလှူဒါန ပြုခြင်း ဖြစ်သည်။
အားလုံးပျော်ရွှင်လန်းဆန်းကြပါစေ……
Phone Application များ
Phone Application များ
15
May
ဘာ Application များ ပါသလဲ ဆိုရင်တော့ ..
Adobe Reader
Aazan
Flash Player
FLV Player
Mundu Radio
IM+ v4.30
Shutdown Software
Flash Lite
iMate Suite PPC
Media Ham Mobile
.Net Framework 2.0
Nimbuz
Opera
Pocket TV
Real Player
VNC Viewer
Windows Mobiel Storage Manager
Real Player
Youtube Download
Youtube Player
Voice Twister
Smart Movie
English Oxford Dictionary
English Synonyms
Pocket Quake
Sompy Player
Windows Media Player Skins
tGPS
Airscanner Mobile Antivirus
Button max
Megasoft POcket Clock
MIRC
Opera 8.65
PC Cillin
Pocket Music Player
Smart Movie 3.31
SoftMem Maid
Speed Booster
tcp Music Player
Vito Voice Dialer…….and Many More
လိုချင်ရင်တော့ ထုံးစံအတိုင်း အောက်မှာ Download လိုက်ပါ . မနည်းကို တင်လိုက်ရတယ် .
နောက်ထပ်လင့်တစ်ခုလည်းထပ်တင်ထားပါတယ်……. စိတ်ကြိုက်တွေ့ရာဒေါင်းပါ……..
ယောက်ျားလေးတွေ ရဲ့ ခံစားမှု ကို နားလည်စေလိုတဲ့သဘောနဲ့ ဒီ ပိုစ် လေး ကိုတင်လိုက်ရတာပါ။
မချစ်ဘူးအစကထဲကပြတ်သားပေးပါ ။
(ဆန်းစစ်ဖို့ လုံလောက်တဲ့ အချိန်ကိုယူပါ..တဖက် ယောက်ျားလေးကလည်း နားလည်နိုင်ပါတယ်)
2. ၇ည်းစားဟောင်း ရှိခဲ့ဖူးတာ ချစ်သူရှိခဲ့ဖူးတာ အပြစ်မဟုတ်ပါဘူး ဒါပေမယ့် အတတ်နိုင်ဆုံး
အမှန်အတိုင်းချစ်သူယောက်ျားလေးကို ပြောပြပေးပါ။အချိန်ကြာပြီးမှ
လိမ်ညာတယ်ဆိုတာ သိ၇တဲ့အခါ ခံစားရတဲ့ သူမှာ ပိုပြီးနာကျင်စေပါတယ်။
3. ချစ်သူယောက်ျားလေးေ၇ှ့ မှာ အရင်၇ည်းစားဟောင်းအကြောင်းကို ခဏခဏပြောဖို့မသင့်တော်ပါဘူး…
မီးကို မမွှေးသင့်ပါဘူး..
4. မိန်းကလေးအများစု
ပြောတတ်ကြပါတယ် …သူတို့ ဘ၀တစ်ခုလုံးပေးအပ်လိုက်ရတာပါ တဲ့
ယောက်ျားလေးတွေကရော …. နှလုံးသားတစ်ခုလုံး ပေးဆပ်ပြီးမချစ်ခဲ့ရလို့လား ?
5.
ယောက်ျားလေးတွေဟာ
ချစ်သူ နဲ့ ပါတ်သက်တဲ့ နေ့၇က်တွေထက် အဲဒီနေ့၇က်တွေမှာ ဘာလုပ်ခဲ့တယ်
ဆိုတာကို သတိပိုရတတ်တယ် … မိန်းကလေးတွေနဲ့ ကွာနေတဲ့အချက်ကတော့
နေ့စွဲတွေကို မှတ်တတ်တာမျိုးမဟုတ်ပါဘူး … နေ့ စွဲတွေက
အလွတ်ကျက်ထားလို့၇ပေမယ့် အမှတ်တ၇လေးတွေကို အလွတ်ကျက်ထားဖို့
့ဆိုတာမဖြစ်နိုင်ပါဘူး။
6.ယုံကြည်မှုပေးပါ
– ယောက်ျားလေးတိုင်းဟာ အခွင့်အေ၇းသမားတွေမဟုတ်ပါဘူး …လွတ်လပ်စွာ
နေချင်ရုံသက်သက်ကို ဆိတ်ကွယ်၇ာလို့ မထင်မှတ်ပါနဲ့ ။
7.ယောက်ျားလေးတွေမှာလည်း
မိန်းကလေးသူငယ်ချင်းတွေ ဆိုတာ ရှိတတ်ပါတယ်… ဒါပေမယ့်
ကိုယ့်ရဲ့ချစ်သူနဲ့ယှဉ်လိုက်မယ်
ဆိုရင် သူတို့ ရဲ့ပတ်သက်မှုက
ကွာခြားလွန်းပါတယ်…မောင်၊နှမလို သဘောထားမျိုးပါ …။
8.. ယောက်ျားလေးတွေက
ချစ်သူ မိန်းကလေး ကိုလှစေချင်ကြတယ် …. လှလို့ ချစ်ခဲ့တာမဟုတ်ပေမယ့်
ကို့ချစ်သူ လှနေတာကို အမြဲ မြင်ချင်ကြတယ် ….။
9.တခါတ၇ံ မဖြစ်စေချင်တဲ့ ကိစ္စလေးတွေကို ချုပ်ချယ်တယ်လို့  မိန်းကလေးတွေက
ထင်တတ်ကြတယ် … အဲလိုမဟုတ်ပါဘူး ကိုယ့်ချစ်သူကို မဖြစ်သင့်တာတွေကို
မဖြစ်ရလေအောင် သတိပေးခြင်းမျိုးပါ..။
10.ရှိတတ်ပါသေးတယ် … မိန်းကလေးတွေဟာ သူတို့ သူငယ်ချင်းတွေ ရှေ့ မှာ ကို့ ချစ်သူလို့ ပြောဖို့ ၊
မိတ်ဆက်ပေးဖို့ ရှက်တတ်ပေမယ့် … ကောင်လေးသူငယ်ချင်းတွေ ရှေ့ မှာကျတော့
ကို့ကိုချစ်သူ လို့ အသိပေးစေချင်ကြတယ် …
11. ဘ၀မှာ ၇င်ဆိုင်ဖို့ အားအင်တွေ နဲ့အခြေတည်ဖို့ လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အချိန်မှာ တခါတရံ
လစ်ဟာမှုလေးတွေ ရှိခဲ့၇င် နားလည်ပေးပါ … ဂရုမစိုက်တာမဟုတ်ပါဘူး
နောင်တစ်ချိန်မှာပိုပြီး ဂရုစိုက်နိုင်ဖို့ပါ ။
12.ဂိမ်း ၊ ဘောလုံးပွဲ မက်တဲ့ ယောက်ျားလေးတွေရှိတယ်… စိတ်အတွက်ဖျော်ဖြေမှုတစ်ခုအနေနဲ့
ကစားနေတာပါ… တစ်သက်လုံး အဖော်ပြု ပေးနေမှာ ကွန်ပျူတာတစ်လုံး နဲ့
ဘောလုံးကွင်း တစ်ခုမဟုတ်တာ ယောက်ျားလေးတိုင်း သိထားကြပါတယ် ။
13.ချစ်သူနှစ်ယောက် ဘ၀တစ်ခု ထူထောင်ဖို့ ဆိုတာ ယောက်ျားလေး၇ဲ့ တာဝန်ပါ …
ဒါပေမယ့် သူ့ မိသားစု အခြေအနေကို ငဲ့ကြည့်ပေးသင့်ပါတယ် …။
14. မိန်းကလေးတစ်ယောက်က
ထက်မြက်နေဖို့ မလိုပါဘူး ဘေးနားကနေ အလိုက်အထိုက်အကြံဥာဏ်ပေးနိုင်ရင်ရပြီ
၊ကူညီပေးနိုင်၇င်တော့ အတိုင်းထက်အလွန်ပေါ့ …။
15.ဥပုသ်စောင့်တဲ့ ကျား မရှိဘူး တဲ့ … မှန်ပါတယ် ဒါပေမယ့် ဦးနှောက် ၊ အသိပညာတွေ နဲ့ 
ထိန်းချုပ်နိုင်မှုစွမ်း၇ည်တွေက အလကား ထားတာမဟုတ်ပါဘူး … လူ့ တန်ဖိုးရဲ
့အဆုံးအဖြတ်တွေပါ ။
16. ယောက်ျားလေးတွေ၇ဲ့ မကောင်းတဲ့အကျင့် တစ်ခုခု( ဆေးလိပ် ၊အ၇က် ၊ကွမ်း)စတာတွေကို မကြိုက်၇င်
ချစ်သူမိန်းကလေး က ပြောင်းလဲပစ်နိုင်ပါတယ် … ချစ်သူမိန်းကလေး၇ဲ့ ပါးနပ်စွာပြောဆို နိုင်မှုနဲ
့ နားလည်နိုင်မှုအပေါ် မူတည်ပါတယ်။အထက်စီးကပြောရင်တော့မရဘူးနော်။
17့  မာန်မာန ပါပဲ …လူတိုင်းရှိတတ်ကြတာပါ။
ယောက်ျားလေးတစ်ယောက်၇ဲ့ မာန်မာနကို အတတ်နိုင်ဆုံး မစော်ကားမိပါစေနဲ့ ။ ယောက်ျားတစ်ယောက်ဟာ
မိမိချစ်သူ မိန်းကလေးအတွက် မာန်မာနတွေကို လျော်ထားတတ်ကြတယ်။ ဒါပေမယ့်
ယောက်ျားတစ်ယောက်၇ဲ့မာန က မာနကြီးလှပါတယ်ဆိုတဲ့ မိန်းကလေးတွေထက်
အဆပေါင်းများစွာ ပိုပါတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိကြပြီဆိုရင်တော့
တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလေးတွေ ရှိဖို့တော့လိုတာပေါ့..
18.ယောက်ျားလေးက အလျှော့ပေးသလောက်မိန်းကလေးက ကအနိုင်ကျင့်နေမယ်ဆိုရင်လည်း
တစ်ချိန်ချိန်မှာ လုံးဝ(လုံးဝ) မထင်ထားတာတွေဖြစ်တတ်ပါတယ်
19.နောက်ဆုံးတစ်ချက်ကတော့ ကို့ချစ်သူ ဒါမှမဟုတ် ကိုရည်းစားနဲ့ အဆက်အသွယ်ရတဲ့အခါ
ငါဒီမှာနောက်တစ်ယောက်ရနေပြီ လို့မပြောမိဖို့ပါပဲ
...
နံပါတ် 20 ကတော့ ရင်ထဲမှာပဲ သိမ်းထားလိုက်ပါ့မယ်..:(
ချစ်သူအားလုံးအဆင်ပြေနိုင်ကြပါစေ....................၊၊
မိတ်ဆွေတွေကို E-card ပို့ရအောင်
@www.aeclectic.net @www.tarot.com @www.catharinaweb.nl
အချစ်နဲ့ အသက်အရွယ်
(၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ် လို့ ပြောတယ်။နင် ခေါင်းကို ငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါဘာအဓိပ္ပါယ်လည်း လို့ ငါ့ကို မေးခဲ့တယ်။
(၁၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။အကျီ အနားစကို အဓိပ္ပါယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကို ငုံ့လို့ရှက်သွေးတွေ ဖြာပြီး နင် ပြုံးနေခဲ့တယ်။
(၂၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။ငါ့ ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါ ပျောက်ကွယ်သွားမျာ စိုးတဲ့အလားငါ့လက်မောင်းကို နင် တင်းတင်း လေး ဖက်ထားခဲ့တယ်။
(၂၅)နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး "သိပါတယ်... ထပါတော့လူပျင်းလေးရယ်" လို့ ချစ်စနိုးနဲ့ နင် ပြောခဲ့တယ်။
(၃၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။"တစ်ကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေ ကိုလည်းဝယ်ခဲ့ဖို့ မမေ့နဲ့" လို့ နင် ရယ် ပြီး ပြောခဲ့တယ်။
(၄၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ.. ကလေးတွေကို စာပြလိုက်ပါဦး" လို့နင် စိတ်မရှည်စွာ ပြောခဲ့တယ်။
(၅၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။သိုးမွှေးချည် ထိုးရင်း "တစ်ကယ်လား... နင့်စိတ်ထဲမှာ ငါ့ကို စောစောသေစေချင်နေတယ် မဟုတ်လား" လို့ ပြောပြီး တခစ်ခစ်နဲ့ နင် ရယ်ခဲ့တယ်။
(၆၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။ငါ့လက်မောင်းကို တစ်ချက်ထုရင်း "အဘိုးကြီး... မြေးတွေတောင် ကြီးနေပြီအပြောက မက်တုန်း" လို့ ပြောခဲ့တယ်။
(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ ခုံပေါ်မှာ အတူတူထိုင်ပြီးလွန်ခဲ့တဲ
့အနှစ် ၅၀ က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့တွန့်ကြေနေတဲ့ လက်ကို ငါ
ဆုပ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။အကြင်နာတွေ ပြည့်နေတဲ့
မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။အရစ်ကြောင်းတွေနဲ့ တွန့်ကြေ နေပေမယ့်
နင့်မျက်နှာဟာ လှပနေဆဲပါ။
ဘ၀လက်ဆောင် ကိုသတိရပါ
စကားမပြောနိုင်တဲ့ သူကို သတိရပါ။
တကယ်လို့ သင်ဟာ သင့်ရဲ့ အလှအပကို အလိုမကျခဲ့ရင်...
ကိုယ်လက်အင်္ဂါချို့တဲ့ နေသူတွေကို သတိရပါ။
တကယ်လို့ သင်ဟာ သင့် အစာရဲ့ အရသာကို မနှစ်မြို့ခဲ့ဘူးဆိုရင်...
အစားအစာ ငတ်မွတ်သူ ကို သတိရပါ။
တကယ်လို့ သင့်အိမ်ထောင်ဖက် (သို့) ချစ်သူ ကို အလိုမကျဖြစ်နေမယ်ဆိုရင်...
ဘ၀လက်တွဲဖော်ကို ဘုရားသခင်ဆီမှာ အသနားခံတောင်းဆို နေတဲ့ သူကို သတိရပါ။
တကယ်လို့ သင့်ဘ၀ကို မကျေမနပ်ဖြစ်နေမယ်ဆိုရင်...
အစောကြီး လောကထဲမှ ထွက်ခွာသွားရတဲ့ ကံဆိုးတဲ့ ကလေးငယ်တွေကို သတိရပါ။
တကယ်လို့ သင့်သားသမီးတွေပေါ်မှာ စိတ်တိုင်းမကျခဲ့လို့၇ှိရင်...
ကလေးလိုချင်ပေမဲ့ သားသမီးမရနိုင်တဲ့ မိဘတွေကို သတိရပါ။
တကယ်လို့ သင့်အိမ် ပေပွညစ်ပတ်နေတာ၊ လူတွေ စည်းကမ်းမရှိတာကို တွေ့ခဲ့ရင်...
လမ်းပေါ်မှာ ဘ၀ကို အသက်ဆက်နေရတဲ့ လူသားတွေကို သတိရပါ။
တကယ်လို့ သင့်ရဲ့ အလုပ်မှာ မောပန်းတယ်.... ငြီးငွေ့တယ်လို့ ခံစားရရင်...
အလုပ်လက်မဲ့ လူတန်းစားကို သတိရပါ။
တကယ်လို့ သူများကို လက်ညှိုးထိုး အပြစ်ပြောချင်တယ်ဆိုရင်တော့....
လူသားတိုင်း အပြစ်နဲ့ မကင်းဘူးဆိုတာကို လက်ခံသတိရပေးပါ။
တကယ်လို့ စိတ်ဓာတ်ကျစရာ အတွေးတွေက အိပ်မက်တွေကို ဖျက်ဆီးတဲ့ အခါ...
သင့် မျက်နှာပေါ်မှာ အပြုံးရိပ်ကို ပန်ဆင်ပြီး၊ လောကကြီးမှာ သင်အသက်ရှင်နေသေးတာကို သတိရပါ။
စိတ်ဝိညာဉ်အတွက် ပုံပြင်တိုလေးများ
ကျွန်တော်အလယ်တန်းတုန်းက ကျောင်းမှာ အတန်းလိုက် ရူပဗေဒအသိပညာပြိုင်ပွဲတစ်ခု ကျင်းပခဲ့တယ်။ အမှတ်တွေမြင့်အောင်၊ အဆင့်တွေရအောင် ဆရာမက ပြိုင်ပွဲရဲ့အရေးပါတဲ့အချက်တွေ ကျွန်တော်တို့ကို ပြောပြနေခဲ့တယ်။ အဲဒီနောက် ဆရာမက အတန်းနောက်ဆုံးမှာထိုင်နေတဲ့ ရူပဗေဒဘာသာမှာ အဆင့်အနိမ့်ဆုံးရ ကျောင်းသားဆီသွားပြီး "ဒီတစ်ခေါက် ရူပဗေဒအသိပညာပြိုင်ပွဲမှာ အဆင့်ချိတ်ဖို့ မင်းကို အားကိုးရလိမ့်မယ်" လို့ ခေါင်းကိုပွတ်သပ်ပြီး ပြောလိုက်ပါတယ်။
ဆရာမစကားကို တစ်တန်းလုံးက နားမလည်ခဲ့ကြဘူး။ ဒါကို ဆရာမက ဖြေးဖြေးညင်သာနဲ့ ရှင်းပြပါတယ်။
"ဒီအတန်းထဲက အတန်းသားအားလုံးကို ဝိုင်းဖွဲ့စုစည်းလိုက်ရင် သစ်သားစည်ကြီးတစ်ခုနဲ့ တူနေပါတယ်။ အတန်းထဲက ကျောင်းသားတစ်ယောက်တိုင်းဟာ စည်ပတ်လည်က သစ်သားချပ်လေးတစ်ချပ်ဖြစ်တယ်။ ဒီစည်ကြီးထဲ ရေဘယ်လောက်ထည့်နိုင်မယ်၊ မထည့်နိုင်ဘူးဆိုတာ အရှည်ဆုံးသစ်သားချပ်ပေါ် မူတည်တာမဟုတ်ပါဘူး။ အတိုဆုံးသစ်သားချပ်ပေါ်မှာပဲ မူတည်တာပါ"
နောက်ဆုံးပြိုင်ပွဲမှာ ကျွန်တော်တို့အတန်းက ပထမရခဲ့သလို အဲဒီကျောင်းသားကလည်း တိုးတက်မှုရှိခဲ့ပါတယ်။
(တကယ်တော့.... အဖွဲ့တစ်ဖွဲ့ ထူးချွန်မှုရှိမရှိ၊ စည်းလုံးမှုရှိမရှိဆိုတာကို အညံ့ဆုံးအဖွဲ့ဝင်က အဆုံးအဖြတ်ပေးပါတယ်)
(၂)
အပြောကျယ်တဲ့ သဲကန္တာရတစ်နေရာမှာ သူဌေးသားတစ်ဦးနဲ့ ဆင်းရဲသားတစ်ဦး ဦးတည်ရာပျောက်ပြီး တဝဲလည်လည်ဖြစ်နေခဲ့ကြတယ်။
သူဌေးသားက "လူတွေ ငါ့ကိုလာကယ်လိမ့်မယ်။ ငါတို့အိမ်က ချမ်းသာတယ်။ ငါ့အဖေက ဟယ်ရီကော်ပတာငှားပြီး ငါ့ကိုအရှာခိုင်းလိမ့်မယ်။ ငါ့ကိုရှာတွေ့တဲ့လူ ဆုတွေအများကြီးရမှာ သေချာတယ်"ဆိုပြီး နေရာမှာတင်ရပ်ပြီး လူတွေလာရှာတာကို စောင့်နေခဲ့တယ်။
ဆင်းရဲသားက ဘာမှမပြောဘဲ ရှေ့ဆက်လျှောက်နိုင်သမျှ လျှောက်တယ်။ ကုလားအုတ်တွေရဲ့ ခြေရာတွေကို ကြိုးစားရှာရင် ရေရှိရာနေရာကို သူရှာတွေ့ခဲ့တယ်။ နေကိုမော့ကြည့်ပြီး အရပ်လေးမျက်နှာခွဲလို့ သူရှေ့ဆက်လျှောက်ခဲ့တယ်။
ရက်အတန်ငယ်အကြာမှာ ဆင်းရဲသားက သဲကန္တာရကနေ လွတ်မြောက်ခဲ့တယ်။ ဟယ်ရီကော်ပတာတွေ သူဌေးသားကိုရှာတွေ့ချိန်မှာ သူဟာသေဆုံးနေပြီးဖြစ်တယ်။
(တကယ်တော့... ငွေကြေးက နေရာတိုင်းမှာ အရေးပါနိုင်တာမဟုတ်ပါဘူး။ အသိဉာဏ်နဲ့လှုပ်ရှားမှုလည်း လိုအပ်ပါသေးတယ်)
(၃)
မိုးပျံပူဖောင်းတစ်လုံးဟာ ကောင်းကင်အမြင့်ထက်ကို ပျံတက်သွားတယ်။ တိမ်ဖြူဘေးကိုရောက်တော့ တိမ်ဖြူက "အမြင့်ကို ဆက်မပျံနဲ့တော့ အန္တရာယ်ရှိတယ်"လို့ သတိပေးတယ်။ ဒါကို မိုးပျံပူဖောင်းက မာနကြီးကြီးနဲ့ သူအမြင့်ပျံနိုင်တာကို တိမ်ဖြူမနာလိုလို့ ထင်ပြီး အမြင့်ပေါ်ဆက်ပျံသွားတယ်။ လေထုတွေ တဖြေးဖြေးနည်းလာတယ်။ လေထုဖိအားအပြောင်းအလဲကြောင့် မိုးပျံပူဖောင်းဟာ "ဖောင်း"ခနဲ ကွဲထွက်သွားတော့တယ်။
(တကယ်တော့.... တတ်နိုင်သလောက်ပဲ သင့်တင့်မျှတလုပ်တာက အကောင်းဆုံးဖြစ်တယ်)
(၄)
မြို့နယ်အဆင့် သချာင်္ပြိုင်ပွဲကိုဝင်ပြိုင်ဖို့ ဒုတိယတန်းကျောင်းသားလေးတွေထဲက ကျောင်းကိုယ်စားပြု ကျောင်းသားတစ်ဦးကို ဆရာ/ဆရာမတွေက ရွေးချယ်နေကြတယ်။ နောက်ဆုံးမှာ မောင်မောင်နဲ့ အောင်အောင်လို့ခေါ်တဲ့ ကျောင်းသားနှစ်ဦးဟာ အဆင့်တူ၊ အမှတ်တူနေတာကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ တစ်ကျောင်းမှာ တစ်ယောက်ပဲဝင်ပြိုင်ရမှာဆိုတော့ ဆရာ/ဆရာမတွေက မေးခွန်းတစ်ခုထုတ်လိုက်တယ်။ မေးခွန်းက တြိဂံတစ်ခုရဲ့ထောင့်သုံးခုအဖြေကို အချိန်အတိုဆုံးအတွင်းမှာ ဖြေဆိုဖို့ဖြစ်တယ်။
မောင်မောင်က တြိဂံရဲ့ထောင့်တစ်ခုစီကို တိတိကျကျတိုင်းတာတယ်။ အောင်အောင်က တြိဂံရဲ့အနားတွေကို တိုင်းတာတယ်။
မောင်မောင်ရော ၊ အောင်အောင်ရော ထောင့်တထောင့်စီဟာ ၆ဝံဆိုတဲ့အဖြေကို မြန်မြန်ဆန်ဆန်ရခဲ့ပါတယ်။ ဒါပေမဲ့ အောင်အောင်က ဆရာမကို "တြိဂံကိုကြည့်လိုက်တာနဲ့ သုံးနားညီတြိဂံဖြစ်မယ်လို့ ကျွန်တော်ထင်လိုက်တယ်။ သေချာအောင် အနားတွေကို ကျွန်တော်တိုင်းလိုက်တယ်။ ကျွန်တော်ထင်ထားသလိုပါပဲ... နောက်တော့ အနားညီတြိဂံရဲ့နိယာမနဲ့အညီ ထောင့်တစ်ခုစီဟာ ၆ဝံဖြစ်တယ်ဆိုတာကို ရလိုက်တယ်"လို့ ပြောပြပါတယ်။
နောက်ဆုံးမှာ ဆရာမတွေက အောင်အောင်ကို မြို့နယ်သချာင်္ပြိုင်ပွဲဝင်ပြိုင်ဖို့ ရွေးလိုက်ပါတယ်။ အကြောင်းက အောင်အောင်ဟာ တတိယတန်းဖြေရှင်းနည်းကို သုံးတတ်ခဲ့လို့ဖြစ်တယ်။
(တကယ်တော့.... ယှဉ်ပြိုင်မှုတွေထဲမှာ အသိဉာဏ်၊ အမြင်ကို ဦးဆောင်နိုင်ခဲ့ရင် ကိုယ့်ပြိုင်ဖက်ကို ပိုအလဲဖြိုနိုင်မှာဖြစ်တယ်)
(၅)
ဦးစိမ်းနဲ့ဦးလွန်းတို့က ကုမ္ပဏီတစ်ခုရဲ့ လက်ထောက်မန်နေဂျာတွေဖြစ်တယ်။ ကုမ္ပဏီက အထပ်ငါးထပ်မှာရှိတာမို့ ဦးစိမ်းက အမြဲတမ်း ဓာတ်လှေကားစီးတယ်။ ဘယ်တော့မှ လှေကားဖက်ကနေ လမ်းလျှောက်မတက်ဘူး။ ဦးလွန်းက ဓာတ်လှေကား အစီးနည်းတယ်။ အမြဲတမ်းလှေကားတွေပဲ အသုံးပြုတယ်။
နှစ်အတန်ကြာတော့ ကုမ္ပဏီက ဦးလွန်းကို မန်နေဂျာရာထူးခံအပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကို ဦးစိမ်းက မကျေနပ်ဘူး။ အကြီးအကဲ ရုံးခန်းနားသွားပြီး ဖြေရှင်းချက်တောင်းတယ်။
အကြီးအကဲက ဖြေဖြေချင်းရှင်းပြပါတယ်။
"ဦးလွန်းက နေ့တိုင်း လှေကားကနေတက်ဆင်းတယ်။ အထပ်တိုင်းမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ ခေါ်ပြောနှုတ်ဆက်တယ်။ သန့်ရှင်းရေးလုပ်တဲ့ အဒေါ်ကြီးပါမကျန် အလုပ်အကြောင်း၊ မိသားစုအကြောင်း ဆွေးနွေးတယ်။ ကုမ္ပဏီရဲ့ လည်ပတ်မှုတိုင်းကို သူသိတယ်။ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အကြိုက်တွေကို သူနားလည်တယ်"
(တကယ်တော့.... လူလုပ်တယ်ဆိုတာ အမြင့်ဆုံးမှာပဲနေဖို့ မဟုတ်ပါဘူး။ ကြိုးကြိုးကုတ်ကုတ်၊ ဖော်ဖော်ရွေရွေနဲ့ နေရာ(ရာထူး၊ ဂုဏ်)ကိုလည်း လက်လွတ်တတ်ဖို့ ပိုလိုအပ်ခဲ့ပါတယ်)
(၆)
ကိုစိုင်းဟာ ငယ်ငယ်လေးကတည်းက အားကစားသမားတစ်ဦးဖြစ်ချင်ခဲ့သူပါ။ ဒါပေမဲ့ ဟန်ချက်ကို သူရှာမတွေ့ခဲ့ဘူး။ သူ့ရဲ့ခန္ဓာကိုယ်ဟန်ချက်က အရမ်းညံ့ခဲ့တယ်။ ဒါကြောင့် ခန္ဓာကိုယ်ဟန်ချက်ညီအောင်ဆိုပြီး ကျောင်းဆင်းအိမ်ပြန်တိုင်း ရထားသံလမ်းတစ်လျှောက် သူလမ်းလျှောက်ပြန်ခဲ့တယ်။ အထက်တန်းအောင်တဲ့အထိ တိုးတက်မှုမရှိပေမယ့် အားကစားတစ်ဦးဖြစ်ချင်တဲ့ အိပ်မက်ကိုတော့ သူလက်မလွတ်ခဲ့ဘူး။
ကျောင်းပြီးတဲ့နောက် ကိုယ့်နေရပ်ကိုပြန်ပြီး သံထည်အနုပညာဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။ ဟိုးအရင် သံလမ်းပေါ်မှာလမ်းလျှောက်ခဲ့တုန်းက သံထည်တွေရဲ့ပုံစံမျိုးစုံကို သူသတိရပြီး သံထည်နဲ့ အနုပညာပုံအမျိုးမျိုး သူပြုလုပ်ခဲ့တယ်။ သူ့ရဲ့သံထည်ပစ္စည်းတွေ ရောင်းအားတက်ပြီး နောက်ဆုံးမှာ နာမည်ရှိတဲ့ သံထည်အနုပညာတစ်ယောက်ဖြစ်ခဲ့တယ်။
(တကယ်တော့.... ငယ်အိပ့်မက်တွေက အောင်မြင်ချင်မှ အောင်မြင်ပါလိမ့်မယ်။ ဒါပေမဲ့ အောင်မြင်မှုက သင်ကြီးပြင်းရာလမ်းတလျှောက်မှာ ရှိနေပါတယ်)
(၇)
နာမည်ကြီးစန္ဒယားဆရာတစ်ဦးက တပည့်ရွေးမယ်ဆိုလို့ ကျောင်းပေါက်ဝမှာ တပည့်ခံဖို့ လာလျှောက်ကြတဲ့ ကျောင်းသားတွေနဲ့ ပြည့်ကြပ်နေတယ်။ စလျှောက်ချိန်မရောက်ခင် ငါးမိနစ်အလိုမှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်။ လမ်းမပေါ်မှာ အဘွားအိုတစ်ဦးမေ့လဲသွားတာပါ။ အဲဒီအချိန်မှာပဲ ကားတစ်စီးရောက်လာပြီး ကားထဲကနေ လူလတ်ပိုင်းတစ်ဦး ဆင်းလာပါတယ်။ အဲဒီလူဟာ အဘွားအိုကို ဆေးရုံပို့ဖို့ ထူလိုက်ရင်းက ကျောင်းပေါက်ဝဖက်လှည့်ပြီး "အဘွားအိုကို ဆေးရုံပို့ဖို့ တစ်ယောက်ယောက်လာကူပါဦး" လို့ အော်လိုက်တယ်။
ကျောင်းသားတွေက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘယ်သူမှ နေရာက မခွာချင်ခဲ့ကြဘူး။ စလျှောက်ချိန်လည်း နီးလာလို့ဖြစ်တယ်။ အဲဒီအချိန်မှာ ကျော်ကျော်ရောက်လာပြီး "ကျွန်တော်ကူမယ်"လို့ ဆိုပါတယ်။
နောက်ဆုံးတော့ ကျော်ကျော် အရွေးခံလိုက်ရပါတယ်။ အဲဒီ ကားမောင်းလာတဲ့လူဟာ တပည့်ရွေးဖို့လာတဲ့ နာမည်ကြီးစန္ဒယားဆရာဖြစ်လို့ပဲဖြစ်တယ်။
(တကယ်တော့.......... အောင်မြင်ဖို့ရာ ချစ်ခြင်းမေတ္တာလည်းလိုအပ်ပါတယ်)
(၈)
လက်ထောက်မန်နေဂျာတစ်ဦး နိုင်ငံခြားကုမ္ပဏီတစ်ခုနဲ့ (၈ဝဝ)တန်လက်ကိုင်ဖုန်းကို အလုံး(၅ဝဝ)ဝယ်ဖို့ သွားရောက်ဆွေးနွေးခဲ့တယ်။ သဘောတူစာချုပ်မချုပ်ခင် အထက်မန်နေဂျာကို သဘောတူမတူ မက်ဆေ့ပို့ခဲ့တယ်။ အထက်မန်နေဂျာက ဒီဈေးနှုန်းဟာဈေးမြင့်ပြီး တကယ်လို့ ဝယ်ယူရင် ရှုံးနိုင်တယ်ဆိုတာကိုသိတော့ သဘောမတူလို့ မက်ဆေ့ပြန်ပို့လိုက်တယ်။
ဒါပေမဲ့ စာရိုက်ချိန်မှာ သဘောမတူကို သဘောတူလို့မှားရိုက်မိလိုက်တယ်။ နောက်ဆုံးမှာ သဘောတူစာချုပ် ချုပ်ခဲ့မိတဲ့အတွက် ကုမ္ပဏီက အရှုံးနဲ့ရင်ဆိုင်လိုက်ရတယ်။
(တကယ်တော့.... အောင်မြင်ဖို့ရာ အသေးစိတ်ဖို့လည်း လိုပါတယ်)
(၉)
ငယ်ရွယ်တဲ့စိုက်ပျိုးရေးသမားတစ်ဦးဟာ တောင်ဖက်ဒေသမှာ ပန်းသီးပင်တွေပျိုးဖို့ ဆုံးဖြတ်လိုက်တယ်။ သက်ကြီးစိုက်ပျိုးရေးသမားတွေက တောင်ဖက်ဒေသတွေက ရာသီဥတု၊ မြေဆီလွှာတွေဟာ ပန်းသီးစိုက်ဖို့ မသင့်တော်ကြောင်း ဒီစီမံကိန်းကို လက်လွတ်ဖို့တားတယ်။ ဒါပေမဲ့ လူငယ်က သူတို့စကားကို နားမထောင်ခဲ့ဘူး။ သူ့ဆုံးဖြတ်ချက်အတိုင်း ပန်းသီးပင်တွေကို စပျိုးခဲ့တယ်။ နောက်ဆုံးမှာ ပန်းသီးတွေ အသီးသီးလာပါတယ်။ ဒါပေမဲ့ ပန်းသီးတိုင်းက မချိုဘဲဖန်နေတာကို တွေ့ရတယ်။
ဒါကို လူငယ်က စိတ်မပျက်ခဲ့ဘူး။ ပန်းသီးပင်အားလုံးကို သစ်တော်သီးပင်နဲ့ သူကိုင်းဆက်လိုက်တယ်။ နောက်တစ်နှစ်မှာ သူ့ပန်းသီးပင်ကနေ ချိုမြတဲ့ ပန်းသစ်တော်တွေ သီးခဲ့ပြီး အရောင်းသွက်ခဲ့ပါတယ်။
(တကယ်တော့.... အောင်မြင်ဖို့ရာ အခြေအနေလိုအပ်သလို ဆန်းသစ်ထီထွင်တတ်ဖို့လည်း ပိုလိုအပ်ပါတယ်)
မူရင်း -- http://www.jj59.com/35/0104603.html
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
လျှို့ဝှက်တယ်ဆိုတာ
သိုသိပ်နိုင်ရတယ်....။ဟန်ဆောင်တယ်ဆိုတာ
မကောင်းပေမယ့် ထိန်းချုပ်တတ်ရတယ်....
။အေးစက်တယ်ဆိုတာ မကောင်းပေမယ့်
တည်ငြိမ်ရမယ်လေ....။
ဆရာတစ်ယောက်ပါ
အချစ်ကြောင့်ပဲ ချစ်တတ်လာတယ်
အချစ်ကြောင့်ပဲ မုန်းတတ်လာတယ်
အချစ်ကြောင့်ပဲ လွမ်းတတ်လာတယ်
အချစ်ကြောင့်ပဲ ကဗျာရေးတတ်လာတယ်
အချစ်ကြောင့်ပဲ သီချင်းတွေ ရေးဖြစ်ခဲ့တယ်
အချစ်ကြောင့်ပဲ ခံစားတတ်လာတယ်
နောက်အချစ်ကြောင့်ပဲ အရာရာကို သိနားလည်ခဲ့ရတယ်
ဒါကြောင့် အချစ်ကကောင်းတာရော မကောင်းတာရော အားလုံးကို
သင်ကြားပေးနိုင်တဲ့ ဆရာတစ်ယောက်ပါပဲ................
PC SMS Bulk Sender 2.0.6
3:04 AM
Andy Stone Cold
Windows Desktop application for send and receive thousands of SMS using
one GSM/UMTS device connected to PC.
Features :
* Send SMS from PC using GSM/UMTS phone or modem connected to PC. No
special hardware or SMS registration required connect you Nokia, Sony
Ericsson, Siemens phone or modem (see supported device list).
* No Internet connection required. Internet connection not required
for sending SMS, only using SMS feature on the GSM/UMTS phone or modem.
* Send up to 360 SMS per hour. (6 SMS per minute ) on GSM network.
* Send up to 1080 SMS per hour. ( 18 SMS per minute) on UMTS network.
* Multilanguage SMS message(Unicode SMS). Send SMS in any language,
Latin, German, Finnish, Japanese, Korean, Urdu, Arabic, Vietnamese,Thai
etc.
* Phonebook. Simplify manage contact list using "Import Phonebook
Wizard" , very fast and efficient importing SMS from CSV or MS Excel
files.
* Personalized SMS. Create custom SMS for each recipient using "Mail Merge" like feature.
* Scheduled SMS Send. Support send SMS on scheduled date and time.
* Store SMS on SQL Database. Robust and scalable for storing large number of SMS.
* Search SMS*1). Searching SMS based on sender, recipient, message and created date.
* Notes: Searching SMS when using Oracle database is case sensitive.
System Requirements :
Operating System (Microsoft Windows version 5 or above):
- Microsoft Windows 2000 all editions.
- Microsoft Windows XP all editions.
- Microsoft Windows 2003 Server all editions.
- Microsoft Windows Vista all editions.
- Microsoft Windows 2008 Server all editions.
GSM/UMTS Device(Phone or modem)
- Support send and receive SMS in PDU mode (auto detect by SMSgee Software)
- Attached active SIM card for connected to the GSM Network.
- Connected to PC either using serial cable, USB cable, Bluetooth, or Infra red (IrDA).
SQL Database :
- Microsoft Access version 2000 (default Database on installer) or above.
- My SQL 5 or above
- Microsoft SQL 2005 or above
- Microsoft SQL Express
- Oracle 9 or above (unicode is not supported)
- The Database Table SQL Script available for each database vendor on the installer.
Share9
Mobile Master 7.6
4:20 AM
Andy Stone Cold
Master is a mobile phone software tool for mobile phone management and
SMS communication that can be used to exchange data between mobile phone
and PC. Via cable, infrared, or Bluetooth, the system automatically
detects the mobile phone and assigns it its own profile, making it
possible to manage several phones without creating chaos with the data.
An assistant helps with the settings.
Even users with no prior
knowledge can, for example, download their phone s address book data to
the PC with just a few mouse clicks. Edit and synchronize calendar
entries (appointments and tasks). Send, read, archive SMS Note: the SMS
Servant is included in the Mobile Master installation but requires an
extra license. Logo-Editor, modify ring tone.
Copy Station for
transmitting your address book easily from one phone to the other.
Mobile Master Agent: reach always the important functions easily and
start e.g. Mobile Master automatically as soon as your mobile phone is
connected to the PC.
One click synchronization solution for your
mobile phone, edit all you phones data with the computer.
Synchronization of contacts and the calendar, Many filter possibilities,
AddIns for Outlook, Lotus Notes, Palm Desktop and Thunderbird.
Mobile Master synchronizes or just copies all data with/to your mobile phone.
Synchronize
with: Outlook, Lotus Notes, Novell Groupwise, Palm Desktop,
Thunderbird, Tobit David, Eudora, The Bat, Outlook Express, Google
calendar, Windows contacts and calendar, iTunes.
new cell phone:
Mobile Master copies the phone/address book from your old to your new
one regardless the manufacturer of the phones new phone number,
appointment or note:type it in with your PC and send it easily to the
cell phone.
Many import and export filters, e.g. one click to
export to excel or open office. Can import e.g. vcf file with more than
one contact and that has unicode format.
Connection with the phone: serial or USB cable, infrared or Bluetooth, up to COM Port 300 supported.
Share
LINUX OS (Ubuntu-11.04)
ကျွန်တော်တို့ ပြတိုက်ကလေးမှာ OS တွေစုံလင်စေချင်တဲ့ဆန္ဒရယ် နောက်ပြီး LINUX သုံးစွဲသူတွေအတွက်ရယ်
စမ်းသပ်ပြီးသုံးစွဲလိုသူတွေအတွက်ရယ် အလွယ်တစ်ကူယူလို့ ရနိုင်ရန်ရည်ရွယ်ပါတယ်။ကိုယ်တိုင် Upload တင်မပေး
တော့ဘဲ မူရင်းလင့်များကိုသာချိတ်ဆက်ပေးထားပါတယ်။နောက်ပြီး LINUX OS ရဲ့ အကြောင်းကို ပြုစုတင်ပြထားတဲ့
Knowledgebridge Magazine Editor ကိုကိုရဲ၏စာများအား PDF / WORD ဖိုင်များဖြင့်လေ့လာနိုင်ရန်တင်ပေးထား
ပါတယ်။
LINUX OS ဟာ Microsoft OS များကဲ့သို့ လိုင်စင်များမလို၊Softwares များသီးခြားသွင်းစရာမလို၊မြန်မာဖေါင့်အ
တွက်လည်း ဇော်ဂျီဝမ်း၊ယူနီကုတ်တို့ အားအဆင်ပြေပြေသွင်းနိုင်ပြီး OS နှင့်အတူ ၀င်းဒိုးတစ်ခုအတွက်လိုအပ်သော
အသုံးချဆော့ဖ်ဝဲလ်များတစ်ပါတည်းပါဝင်ခြင်း၊Open Office အဆင်သင့်ပါဝင်၍ ရုံးသမားများအတွက်အဆင်ပြေခြင်း၊
Windows Virus များမ၀င်နိုင်ခြင်း၊Firefox ကဲ့သို့ သောBrowserနှင့် Gtalk,Yahoo,AIM,MSN,QQ စတဲ့ IM များသုံး
ရန် Pidgin ပါဝင်ခြင်း၊Audio , Graphic Driver များတစ်ပါတည်းပါရှိခြင်း၊windows မှ USB အနေဖြင့်သာသိနိုင်သော
MP4 Player များ Mobile Phone များကိုပင် LINUX က Phone/Firmware Model ကိုပါသိနိုင်ပါတယ်။Printer
Scanner များကိုလည်း Autodetect သိနိုင်ပါတယ်။Internet ချိတ်ဆက်ထားပါက အလိုအလျှောက် Driver Update
ပင်လုပ်ပေးပါသေးတယ်။အသုံးဝင် Windows Application exe ဖိုင် (၇၈၀၀)ခန့် ကိုထည့်သွင်းအသုံးပြုနိုင်ရုံသာမက
LINUX OS အား Windows OS နှင့်အတူထည့်သွင်းအသုံးပြုပါကလည်း ယ္ခင်ဝင်းဒိုးအားတစ်စုံတစ်ရာမျှထိခိုက်မှုမ
ရှိစေခြင်း၊အသုံးမပြုခြင်ပါကလည်း ၀င်းဒိုးမှ ဆော့ဖ်ဝဲလ်များပြန်ထုတ်သကဲ့သို့  Uninstall လွယ်ကူစွာလုပ်နိုင်ခြင်း၊
CD Rom ပေါ်မှပင် LINUX OS အားအသုံးပြုနိုင်ခြင်းစတဲ့ထူးခြားချက်တွေများစွာပါဝင်ပါတယ်။အပြည့်အစုံသိချင်
လျှင် အောက်မှာတင်ပေးထားတဲ့စာဖိုင်များအားလေ့လာဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။ကဲစိတ်ဝင်စားပြီး ပညာအစုံလေ့လာ
ထားချင် အသုံးပြုကြည့်ချင်သူများ အောက်မှသူ့ မူရင်းလင့်မှာ ဒေါင်းယူပြီး ခွေသာ ISO နဲ့ ကူးထားလိုက်တော့ဗျာ။
685 MB လောက်ရှိပြီး CD ခွေနဲ့ ကူးလို့ ရပါတယ်။အဲဒီမှာ Win XP မှာဘယ်လို Win 7 မှာဘယ်လိုလုပ်ရမယ်ဆိုတာ
လေးတွေတောင်ပုံနဲ့ ပြထားသေးပါတယ်။Show Me How ဆိုတာကိုကလစ်လုပ်ပြီးကြည့်ပါ။ကဲအဆင်ပြေနိုင်ကြပါစေ။
(၁) LINUX OS (Ubuntu-11.04) ယူရန်
(၂) PDF Files ယူရန် 1.pdf...2.pdf...3.pdf...4.pdf...5.pdf...6.pdf..7.pdf
(၃) Word File ယူရန်
You might also like:
လမ်းခွဲခြင်း
အားနည်းချက်ဆိုတာကို စမြင်လာတဲ့အချိန်ဟာ
လမ်းခွဲခြင်းကို စတင်လာတဲ့အချိန်ပါပဲ
တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံဖို့
ကံတွေပါလာတယ်
တစ်ယောက်နဲ့တစ်ယောက်ခွဲခွာဖို့
ကံတွေပါလာတယ်..
ဝလုံးလား သုညလား အမြင်တွေကွဲပြား
တစ်ယောက်နဲ့တစ်ယောက်ငြင်းကြခုန်ကြရင်း
လမ်းခွဲခြင်းဆိုတာ စတင်လာခဲ့တယ်…
အခုထိဆုံနိုင်ခွင့် မရှိသေးတဲ့ တို့နှစ်ယောက်ဘဝ
ဒါကို အချစ်လို့ ယူဆခဲ့ကြတယ် ..
အငွေ့ပျံ၍ ပျောက်ကွယ်သွားသောအရာများတွင်
ချစ်ခြင်းတရားများ အဖော်လိုက်လေတော့
လမ်းခွဲခြင်းဆိုတာကိုလည်း မတားဆီးနိုင်တော့ဘူး ..
အချစ်ကိုတိုင်းတာဖို့ ပေတံရှာမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
ချစ်ခြင်းတရားတွေအနားက ထွက်ခွာသွားခဲ့တာ
အဆုံးရလဒ်က လမ်းခွဲခြင်းသာ
အချစ်မှာလောဘကြီးတော့
တကယ်ရင်မောရတယ်..
ဖိတ်မံတကာ စိတ်ကြံရာပြု
နှလုံးသားကို အလှူပေး
အဝေးကို ပြေးပါပြီ
ချစ်တယ် ဆိုတာ
ပုံပြင်ဖြစ်သွားပြီ ။
Snuo Mwoani
ခွဲခွာခြင်း၊ ဝေးကွာခြင်း ကင်းဝေးကြပါစေ...
Posted by
ချစ်သောကမ္ဘာမြေ
at
11:14 PM
3
comments
Labels:
Poem
အဌာရသအတတ်ပညာ (၁၈) မျိုးပါ။
အတတ်ပညာ (၁၈) မျိုး
၀၁။ သုတိ - အကြားအမြင်
၀၂။ သမ္မုတိ - ဓမ္မသတ်
၀၃။ သင်္ချာ - ဂဏန်း
၀၄။ ဇယာဂါ - တံစည်း၊ ဆူးဆောက်အတတ်
၀၅။ နီတိ - နီတိကျန်းအတတ်
၀၆။ ၀ိသေသကာ - ယာယီယတြာအတတ်
၀၇။ ဂန္ဓဗ္ဗ - စောင်းညှင်းအတတ်
၀၈။ ဂဟိကာ - လက်ဆစ်ချိုးအတတ်
၀၉။ ဓနုဗေဒ - လေးအတတ်
၁၀။ ပုရဏာ - စကားဟောင်းအတတ်
၁၁။ တိကိစ္ဆာ - ဆေးအတတ်
၁၂။ ဣတိဟာသ - ရယ်ရွှင်မှုအတတ်
၁၃။ ဇောတိ - ဗေဒင်အတတ်
၁၄။ မာယာ - လှည့်ပတ်အတတ်
၁၅။ ဆန္ဒတိ - ဆန်းကျန်းအတတ်
၁၆။ ကေတု - သံတမန်အတတ်
၁၇။ မန္တန - မန္တန်အတတ်
၁၈။ သဒ္ဒါ - သဒ္ဒါကျမ်းအတတ်
ဗဟုသုတ အဖြစ် သိစေရန် ...
ယောက်ျားလေးများအတွက် အလှအပ ထိန်းသိမ်းနည်း .
ဆယ်ကျော်သက် ယောက်ျားလေးဘ၀မှာ အရေပြားပြဿနာတွေကို အများဆုံးကြုံတွေ့ရနိုင်ပါတယ်။ ဒီအရွယ်မှာ ဟော်မုန်းပြောင်းလဲတာ၊ အဆီထုတ်လုပ်မှုများတာ၊ ချွေးထွက်များတာနဲ့၊ လေနဲ့ရေ ညစ်ညမ်းမှုတွေကြောင့် ၀က်ခြံတွေအများအပြား ပေါက်တတ်ပါတယ်။ ၀က်ခြံတွေက မျက်နှာမှာသာမက နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်တွေမှာလည်း ပေါက်တတ်ပါတယ်။ ဒါကြောင့် အသားအရေ ထိန်းသိမ်းစောင့်ရှောက်မှုအတွက် မှန်ကန်တဲ့ပစ္စည်းတွေကို လိုအပ်သလို သုံးဖို့ အရေးကြီးပါတယ်။
* သင့်အသားအရေ အမျိုးအစားအလိုက် ခြောက်သွေ့တာ၊ အဆီပြန်တာ၊ ထိခိုက်လွယ်တာ စတဲ့ အချက်ပေါ်မူတည်ပြီး သင့်လျော်တဲ့ မျက်နှာသစ်ဆပ်ပြာနဲ့ ကိုယ်တိုက်ဆပ်ပြာကို သုံးပါ။
* သင့်အရေပြားကို တင်းတင်းရင်းရင်း ဖြစ်စေဖို့အတွက် Toner သုံးပါ။
* အစိုဓာတ်ထိန်းဆေး (Moisturizer) ကတော့ သင့်မျက်နှာကို ချောမွေ့နူးညံ့စေပါတယ်။
* မုတ်ဆိတ်ရိတ်တဲ့အခါ အရေပြားပေါ်မှာ မုတ်ဆိတ်ရိတ်ဓားကို ချောချောမွေ့မွေ့ သုံးနိုင်စေဖို့ အတွက် မုတ်ဆိတ်ရိတ်ဂျဲလ် (Shaving Gel) ကို သုံးပါ။
* သင့်အရေပြားမှာ မပျောက်နိုင်တဲ့ ၀က်ခြံ ဒါမှမဟုတ် တခြားအဖုအပိန့်နဲ့ အနာ၊ ဒဏ်ရာတွေရှိရင် အရေပြားအထူးကုဆရာဝန်ကိုပြပါ။
* နေ့စဉ် နေရောင်ကာ လိမ်းဆေး လိမ်းပြီးမှ အပြင်ထွက်ပါ။
သွားကို ဂရုစိုက်သန့်ရှင်းခြင်း
ကောင်းမွန်တဲ့ ခံတွင်းသန့်ရှင်းရေးဟာ အလှအပတင်မက ကိုယ်ရည်ကိုယ်သွေးအတွက်ပါ အရေးကြီး ပါတယ်။ ညစ်ပတ်ပြီး မည်းနေတဲ့ သွားတွေ၊ ရောင်နေတဲ့ သွားဖုံးတွေနဲ့ ခံတွင်းနံ့ဆိုးတွေက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
* သင့်ပါးစပ်နဲ့ အဆင်ပြေပြီး နူးညံ့တဲ့ အမျှင်တွေပါတဲ့ သွားတိုက်တံကို ၀ယ်ပါ။
* ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ မနက်တကြိမ်၊ ညတကြိမ် သွားတိုက်ပေးပါ။
* သွားမှန်မှန်တိုက်ပေမယ့်လည်း သွားတိုက်တံအမျှင်တွေ မရောက်နိုင်တဲ့ နေရာမှာ စားကြွင်းစားကျန်တွေ ခိုအောင်းနေနိုင်ပါသေးတယ်။
ဒါကြောင့် တနေ့တကြိမ် သွားကြားပွတ်ကြိုး သုံးဖို့လည်း လိုအပ်ပါတယ်။
* သင့်သွားတွေကို သွားဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးပါ။
ဆံပင်ကို ပြုပြင်ထိန်းသိမ်းခြင်း
ယောက်ျာလေးတယောက်ရဲ့ အလှအပနဲ့ တကိုယ်ရေ သန့်ရှင်းရေးအတွက် ဆံပင်ကို ပြုပြင်ထိန်းသိမ်းမှု ကလည်း အရေးကြီးပါတယ်။
* သင့်မျက်နှာပုံစံနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံညှပ်ပါ။
* သင့်ဆံပင်သား အမျိုးအစားအလိုက် ပါးတာ၊ ထူတာ၊ အရောင်ဆိုးတာ၊ ခြောက်သွေ့တာ၊ အဆီပြန်တာ စတဲ့ အချက်တွေပေါ်မူတည်ပြီး သင့်လျော်တဲ့ ခေါင်းလျှော်ရည် သုံးပါ။
* သင့်ဆံပင်ကို ကျန်းမာတောက်ပြောင်ပြီး ချောမွေ့စေဖို့အတွက် Conditioner သုံးပေးပါ။၏
* ဆံပင်ပုံကျသပ်ရပ်ဖို့ ပုံမှန်ခေါင်းဖြီးပေးပါ။
* သင့်ဆံပင် စတိုင်ပေါ်မူတည်ပြီး လိုအပ်မယ့် ဂျဲလ် ဒါမှမဟုတ်-တခြားပစ္စည်းတွေကို သုံးပါ။
အခြားအချက်များ
* မနက်ခင်းတိုင်း ချွေးနံ့ထိန်း ချိုင်းလိမ်းတောင့် (Deodorant) လိမ်းပေးပါ။
* သင့်မျက်ခုံးနှစ်ခုကြားထဲက နေရာလွဲနေတဲ့ အမွေးတွေကို နုတ်ပစ်ပါ။
* သင့်နှာခေါင်း၊ ဒါမှမဟုတ်- နားရွက်ထဲက အမွေးတွေ မြင်ရရင် တိပေးပါ။
* သင့်နှုတ်ခမ်းမွေးတွေ ခြောက်သွေ့ ကွဲအက်နေရင် အရောင်မပါတဲ့ နှုတ်ခမ်းအဆီ (Lip Balm) လိမ်းပေးပါ။
(A....To....Z) ချစ်သူသို့ပြန်စာ...
ကိုကိုရေ . . .
ကိုကို့ကိုပြန်မချစ်သေးတာကသမီး
မ(A..)..သိသွားမှာစိုးလို့ပါ..
ကိုကို(B)ယာတွေသောက်နေတာလည်းပါ
တယ်...သမီးမကြိုက်ဘူးကိုကို....
ကိုကိုအဲလိုဆက်သောက်နေမယ်ဆိုရင်...သမီးရဲ့..ပြန်ချစ်မယ့်အ(C)အစဉ်ကို
တစ်နာရီတိတိပြန်သိမ်းထားမှာနော်..သိလား
(D)တော့မှကိုကို...အမြီးဖြတ်ခံရတဲ့ခွေးလို...ခွေး(E)ဘောလောကြီးဖြစ်သွားမယ်..အဟစ်
အလကားနောက်ပြီး...တကယ်စတာပါကိုကို...စိတ်မဆိုးပါနဲ့နော်..
ကိုကိုကလေ....သိပ်ဆိုးတာပဲသိလား...
ချစ်တယ်ချစ်တယ်ဆိုပြီး...(F)ကြောင်းထပ်အောင်ပြောဖို့ပဲကိုကိုနားလည်တယ်မဟုတ်လား
သမီးကိုနဲနဲပါးပါး...က(G)ကဂျောင်ကျပြီးဖက်နမ်းလိုက်ပါလားကိုကိုရဲ့...(သမီးကသိပ်ရှက်နေတော့...အဖြေပေးဖို့ခက်နေတဲ့ဟာကို)
ကိုကိုသာဇွတ်ကရင်လုပ်လိုက်......တခါတည်းပွဲပါပြီးသွားမယ်...မီးကို..အချဉ်မမှတ်နဲ့..သိလား
ပြီးတော့ဟိုနေ့က...သမီး..တစ်ယောက်တည်း
(H)နေတုန်း...ခွေးသူခိုးခြေလှမ်း..နဲ့လှမ်းပြီး
ကိုကိုလာချောင်းတာ...သမီးမသိဘူးများမှတ်နေလား...သမီးလည်း....လှန်ပြီးဆေးနေလို့.
.(အဲ...အဲ..ထမင်းအိုးဟင်းအိုးတွေနော်..ကို့).ပြန်မချောင်းဖြစ်တာ...အ..တယ်မထင်နဲ့..သိလား
ကိုကိုက
(I)တွေ.တိုင်းခြေမဆေးဘူးဆိုတော့....ကိုကို့အချောင်းကြီးမှာရွှံ.တွေတော်တော်များနေမှာပဲနော်..
(ခြေချောင်း....ခြေချောင်း)အဟင်း...
ကိုကို့နှုတ်ခမ်းမွှေးကြီးတွေကလေ...
.(J)မောင်မောင်.ဆိုတဲ့သီချင်းထဲက...မင်းသားပြုတ်ရဲ့ကတ်ဖုတ်(K)
ကျနေတာပဲ....သိပ်အသည်းယားဖို့ကောင်းတာပဲနော့....(L)ဒီ့နှုတ်ခမ်းမွှေးကြီးမဖြုတ်သရွေ.
ကိုကိုနဲံမအိပ်.....အဲလေ..မွှားကုန်ပြီ..ကိုကိုနဲ့မတွေ.ဘူး...အဟုတ်
ကိုကို့ကိုပြန်ချစ်ဖို့...တွေးမိတိုင်း...ကိုကို.နှုတ်ခမ်းမွှေးကြီးမြင်ပြီး.....ရင်တွေတုန်လို့.....
မထွေးနိုင်မ(M)နိုင်...အမြဲပဲငုံငုံထားမိတာ..အမြဲ..(မီးလက်ညှိုးကို..ပြောပါတယ်..ငုံတာက)
မီး(N)တီကပြောတယ်..ကိုကို့ကိုပြန်မကြိုက်နဲ့တ.ဲံ....ကိုကိုကတော်တော်ပြူးတယ်..(O)လာရင်ရွဲသွားမှာတဲ့
သူပြောတာက..မျက်လုံးပါကိုကို......။မီးအဖေကဆို..ကိုကို့ကိုရိုက်မယ်ချည်းပဲလုပ်နေ(P)
အဲဒါကိုကို...ည...ည..ထွက်မခံ..နဲ့တော့နော်....အော်....ကိုကိုကလည်း....မိုးရေကိုပြောတဲ့ဟာကို..ကိုကိုနော်..ဇွတ်လျှောက်တွေးမနေနဲ့
အဲ...ကိုကိုထွက်ခံလို့ကတော့..မီးဖေဖေကရိုက်ပြီပဲ..4x6ပုံကြိုက်လား..ပက်စပို့စ်..(အမယ်လေး....စဘတ်..အဲ.ပါးစပ်ယားလိုက်တာနော်)ပုံကြိုက်လားပဲပြောတဲ့
ဖေဖေကပြောတယ်...(Q)ပင်ခုတ်...ကျူငုတ်ပါမကျန်စေရဘူးတဲ့.....ကိုကိုတော့...အပြတ်ပဲ...သိလား
(R)လာဒင်တောင်ကယ်နိုင်မှာမဟုတ်ဘူးတကယ်.....
ကိုကို...မီးကိုတကယ်ချစ်ရင်....မီးလောင်မယ်....အဲလေ...တကယ်ချစ်ရင်...
(S)ဆစ်မစားပြပဲ...ကော်ပတ်ပဲစားပြပါလားဟင်.......နောက်တာမဟုတ်ဘူးနော်..အ(T)ပြောတာ..
ကိုကို...ဟိုတနေ့က...ညဘက်ကြီးအခွေထွက်ငှားတာ...ကိုကို့အတွက်ဂွင်ဆင်ပေးတာ....သိလား
သူ..ကသိပ်နုံတာပဲ..။ပေးတုန်းမ(U)ဘူး..အောက်သွားမရှိတဲ့.နွားပြာကြီး...တီ(V)ဖြစ်နေသလို
နောက်ကနေ..အဟွပ်...အဟွပ်နဲ့..ဖိုသံပေးဖို့လောက်ပဲတတ်လား....။
ကိုကို(W)ဘောလုံးကြီးခဏခဏမကန်နဲ့နော်...မတော်တာတွေကျိုးကုန်မယ်.....သိလား
ကိုကို့ဟာ..အရှည်ကြီးကို...မီးက(X)ရင်းဖတ်နေတာ..(စာ..စာကိုပြောတာ)
ကိုကို့အတွက်ကဗျာရေးပေးလိုက်ပါတယ်....
(Y)ယာလက်ကြိုး...ခေါင်းမှာထိုး
ထိုးပြီးရစ်လျှက်...နှစ်ပတ်ပတ်
ပတ်ပြီးသောအခါ..မီးဘုတ်မှာ..
ပလပ်ထိုးလိုက်ပါ...
ဓါတ်လိုက်ပြီးတော့မသေဘူးဆို
ဝရင်းဒုတ်ဆွဲထုတ်..
(Z)ပိုးအုပ်..
မီးပြန်ချစ်မယ်အဟုတ်.....။ ။
ညီမလေးသို့  (မိန်းကလေးများ အတွက်သာ သီးသန့် )
ညီမလေးပြောခဲ့တဲ့.............
“အပျိုမိန်းကလေး တစ်ယောက်အနေနဲ့  ကိုယ်ဝန်ရသွားခဲ့ ရင် ဘ၀ပျက်သွားခဲ့ ရင် အမြဲတမ်း ပတ်ဝန်းကျင်အနေနဲ့  ဘာလို့ မိန်းကလေးကိုပဲ တန်ဖိုးမဲ့ တယ်လို့ ပြောကြ ကဲ့ ရဲ့ အပြစ်တင် ရှုံ့ ချကြ ရတာလဲ..........။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ....။ ညီတူ ညီမျှမှားခဲ့တဲ့ ယောကျာ်းလေးတွေ ကိုရော အပြစ်မတင်ကြတော့ဘူးလား..........။ ယောကျာ်းလေးတစ်ယောက်ရဲ့  တန်ဖိုးကရော မကျနိုင်တဲ့ အရာလား ။ ဘာဖြစ်လို့ မိန်းကလေး တွေကိုဘဲ တားမြစ် ပညာပေးကြ ပြီး ဖြစ်လာရင်လဲ မိန်းကလေးတွေကိုပဲ ဘာကြောင့် အပြစ်တင် ရတာလဲ။ မိန်းကလေးတွေကပဲ ယောကျာ်းလေးတွေထက် အသိဥာဏ် ပိုပြီးကင်းမဲ့နေတာလား ။
ဘာလို့  မိန်းကလေးတွေကို ပန်းနဲ့  နှိုင်းရတာလဲ......။မိန်းကလေးတွေကို နှိမ်ရာကျ လွန်းပါတယ်........။ မိန်းကလေးတွေကို ယောကျာင်္းလေး တွေက ကောက်ချင်တိုင်း ကောက် ခူးချင်တိုင်း ရွေးခူးလို့ ရပေမဲ့ နင်းချင်တိုင်းနင်း တော့မရဘူးထင်တယ်နော်.........။ ယောကျာင်္းလေး ရော မထိန်းသိမ်းသင့်တော့ဘူးလား။ သဘောက ယောင်္ကျားလေးက နေချင်သလိုနေကြ ပြီး သူတို့ အိမ်ထောင်ကျ ခါနီးမှ အပျိုစင် တွေကို ကောက်ယူလို့ ရတဲ့ သဘောလား။”
ပန်းလေးတစ်ပွင့်နဲ့ တူတဲ့ ညီမလေးရေ.........
ပန်းဆိုတာ နူးညံ့လှပတဲ့ သဘာဝအလှတရားပါ ညီမလေးရယ်..........။ အမြင်မှာ တင့်တယ်သလို ကြွေရန် လွယ်တယ်လေ.......။ ပင်ကိုယ် သက်တမ်းစေ့လို့  ကြွေရတာထက် တစ်ပါးသူ အခြွေမခံရအောင်တော့ ကိုယ့်ကိုကိုယ် ကာကွယ်တတ်ရမယ် ညီမလေးရယ်...။
တန်ဖိုးရှိတဲ့ ပန်းလေးတစ်ပွင့်ဖြစ်ဖို့  အဆင်းရနံ့ တော့ ပြည့်စုံဖို့ လိုတာပေါ့........။ တန်ဖိုးဆိုတာ မျိုးကောင်းမျိုးသန့် မှ မဟုတ်ပါဘူး ညီမလေးရယ်.........။ လှပစွာ ပွင့်လန်းနေတဲ့ အလေ့ကျ တောရိုင်းပန်းလေးတွေကိုလဲ မြတ်မြတ်နိုးနိုးနဲ့  ပန်ဆင်လိုချင်သူတွေ ရှိပါတယ်...........။
ပန်းဆိုတာ လှပလွန်းရင်လဲ ခူးယူ ခြွေချင်သူတွေ ပေါများကြပါရဲ့ .........။ ကိုယ့်ရဲ့ အလှအပကို ဝင့်ကြွားဂုဏ်ယူပြီး ကြွားဝါနေတာထက် လှလှပပ သိမ်သိမ်မွေ့ မွေ့ လေးပဲ နေပါ ညီမလေးရယ်....။
ပင်မြင့်မှာ အိနြေ္ဒရရ လှပစွာ ပွင့်လန်းနေတဲ့ ပန်းလေးတစ့်ပွင့် အခြွေခံလိုက်ရရင် အခြွေခံရတဲ့ ပန်းကို သနားကြပြီး ခြွေခဲ့သူကိုသာ အပြစ်တင် ပြောဆိုကြတာ ၊ ပန်းလေးကို နှမြောတသ ဂရုဏာသက်ကြတဲ့ အဖြစ်မျိုး ညီမလေးလဲ ကြုံဖူး ကြားဖူးမှာပါ........။ အဲ့ဒီလိုပန်းလေး အခြွေမခံရအောက် ဝိုင်းဝန်း စောက်ရှောက်ကြမှာပါ......။
ဒါပေမဲ့ အခြွေခံလိုက်ရတဲ့ ပန်းလေးက လေတိုက်တိုင်း မျက်စေ့စပါးမွေး စူးလောက်အောင် လှုပ်ရမ်းနေတဲ့ပန်းလေးတစ်ပွင့် ၊ ဆိုးရွာတဲ့ အနံ့ အသက်ကို ပိုင်ဆိုင်ထားတဲ့ ပန်း ဆိုရင်တော့ ထင်သားပဲ ကြည့်နေတာ ဘယ်တော့ အခြွေခံရမလဲဆိုတာ ၊ အခြွေခံရတာတောင်နည်းသေးတယ် ဆိုပြီး ထောပနာတွေ ပြုကြတာ ညီမလေးလဲ ကြားခဲ့ဖူးမှာပါနော်.....။
ညီမလေးသာ ပန်းလေးတစ်ပွင့်ဆိုရင် ဘယ်လိုပန်းမျိုး ဖြစ်ချင်ခဲ့သလဲ ညီမလေး.........။ ဘယ်တန်ဖိုးနဲ့  နေချင်သလဲ.......။
ပန်းနဲ့ တူတဲ့ အပျိုမိန်းကလေးတစ်ယောက်အနေနဲ့  ကိုယ်ဝန်ရသွားခဲ့ရင် ဆိုတဲ့ စကားလုံးလေးကို ကြားရတာနဲ့ တင် ရင်နင့်လှပါတယ် ညီမလေးရယ်............။
မိန်းမသားဘဝဆိုတာ အထိလွယ် အကြွေလွယ်ပါတယ်...။
အကြွေလွယ်သွားခဲ့တဲ့ ပန်းလေးတွေကို အပြစ်တင် ရှုံချကြတာဟာ မကြွေအောင်ကာကွယ်နိုင်ဖို့ ခြံစည်းရိုးတစ်ခု ၊ တံတိုင်းကြီး တစ်ခုအနေနဲ့ ပါ ညီမလေး.........။
လူဆိုတာ ပတ်ဝန်းကျင်ဆိုတဲ့ စည်းဝိုင်းထဲမှာ နေကြရတာပါ.........။
စည်းဆိုတာ ညီမလေးကို ကာကွယ်ပေးနိုင်တဲ့ အတားအဆီးပါ......။
ညီမလေးက စည်းကို ဂရုစိုက်ရင် စည်းကလဲ ညီမလေးကို အပြည့်အဝကာကွယ်ပေးထားပါတယ်...။
ကြေမွခဲ့တဲ့ မိန်းကလေးကို အပြစ်ပြောရတာဟာ မကြေမွသွားအောင် ကာကွယ်ဖို့ ပါ ညီမလေးရယ်...။
ညီမလေးက စည်းပြင်မရောက်ခင် ကိုယ့်ကိုကိုယ်ကာကွယ်ထားပါနော်........။
ဒါဆိုရင် ဘယ်သူအပြောမှ မခံရပဲ စည်းရဲ့  စောင့်ရှောက်ခြင်းကို ညီမလေးရမှာပါ.....။
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ..။ ယောင်္ကျားလေးရော တန်ဖိုးမကျဘူးလား..သူတို့ ကိုရော အပြစ်မပြောကြဘူးလားလို့  ညီမလေး မေးခဲ့တယ်နော်............။
လက်ခုပ်ကို နှစ်ဖက်စလုံးတီးမှတော့ နှစ်ဖက်စလုံးက တူတူပဲ နာကြရတာပဲပေါ့............။ ပတ်ဝန်းကျင်မှာ နှမချင်း ကိုယ်ချင်းမစာနာတဲ့ ယောင်္ကျားလေး တစ်ယောက်ကို ဘယ်သူက အထင်ကြီးလေးစားကြမလဲ ညီမလေးရယ်.......။ သူဟာ ဒီလို ယောင်္ကျားပါလားဆိုတာကို သူ့ ကိုမြင်တဲ့ သူတိုင်းက လက်တို့ ပြီး ပြောနေကြပြီးသားပါ.....။
သူ့ မှာ ယုံကြည့်ရလောက်တဲ့ အကျင့်မရှိဘူး....။ လေးစားရလောက်တဲ့ သိက္ခာမရှိဘူးဆိုတာ သူ့ ရဲ့  လုပ်ဆောင်ချက်တွေကို ကြည့်ပြီး ပတ်ဝန်းကျင်က မှတ်ချက်ပေးထားပြီးသားပါ....။
ညီမလေး မကျေမနပ်ပြောနေတဲ့ ပတ်ဝန်းကျင်ကလဲ သူ့ ကို ပြစ်တင်ပြောဆိုနေပါတယ်ညီမလေးရေ.....။ ဒီနေရာမှာ လက်ဆုပ်လက်ကိုင်တွေနဲ့  ကျန်ခဲ့တဲ့ ညီမလေးက ပိုပြီး အထိနာနေတယ်လို့  ထင်ရပေမဲ့ သူကိုယ်တိုင်လဲ အထိနာနေပါတယ် ညီမလေး......။ ဒါကြောင့် နှစ်ဦးနှစ်ဖက် အခြေအနေ မလွန်ခင် ကာကွယ်ကြတာဟာ အမှားများစွာထဲ ကျရောက်တော့မည့် ကိုယ့်ဘဝကို ကယ်တင်နေတာပါ ညီမလေး....။
ညီမလေးပြောခဲ့တဲ့ ဘာကြောင့် မိန်းကလေးတွေကိုပဲ ပညာပေးတားမြင့်နေကြရတာလဲ ..မိန်းကလေးတွေက ပိုပြီး အသိဥာဏ်မဲ့ကြလို့ လား ဆိုတဲ့ မေးခွန်းလေးကို မေ ဖြေပေးပါရစေနော်...........။
မိန်းကလေးတွေဟာ ယောင်္ကျားလေးတွေထက် အသိဥာဏ်မမဲ့ပါဘူး ညီမလေးရေ......။ ယောင်္ကျားလေးတွေထက်ကို ပိုပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်လို့  ပြောရင် ဘယ်သူငြင်းမှာလဲ..။ ယောင်္ကျားလေးတွေထက်လဲ ပိုပြီး ဇွဲကောင်းကြတယ် ညီမလေးရယ်...။ မယုံရင် စာသင်ခန်းထဲမှာ စာကို ဘယ်သူပိုတော်ကြလဲကြည့်လိုက်.... မိန်းကလေးဦးရေက ပိုများကြပါတယ်...။ မိန်းကလေးတွေ ဥာဏ်ပိုကောင်းပြီး ဇွဲပိုကြီးကြလို့ ပေါ့...။ ဒါပေမဲ့ ဒါက လေ့လာသင်ယူနေရတဲ့ အတန်းပညာမှာပါ ညီမလေးရေ....။
အတန်းပညာ မဟုတ်တဲ့ ဘဝနဲ့  သက်ဆိုင်တဲ့ ဒီလိုဗဟုသုတတွေမှာတော့ မေတို့ မိန်းကလေးတွေက ဗဟုသုတတွေ နည်းကြတယ်........။ မိဘတွေရဲ့ အတားအမြစ်အောက်မှာ ကြီးပြင်းလာရတဲ့ မိန်းမသားတွေမှာ သင့်တင့်တဲ့ ဗဟုသုတလေ့လာမှုအားနည်းသွားရရှာတယ်.........။ အရှက်အကြောက် ဆိုတဲ့ မြန်မာမိန်းကလေးအတွက် ကာရံထားတဲ့ စည်းကြောင့်လဲ တစ်ခါတစ်ရံ ဘာမျှမသိနိုင်အောင် အမှောင်ဖုံးပြီး လေ့လာနိုင်စွမ်းအား နည်းသွားခဲ့ရလို့  ညီမလေးဟာ တစ်ခါတစ်ရံမှာ “အယုံလွယ်သူ” ဆိုတဲ့ စာရင်းထဲမှာ ပါဝင်သွားခဲ့ရတာပါ.....။
လှပတဲ့ ဘဝလေးကို ပိုင်ဆိုင်ဖို့  ညီမလေးက မျက်စေ့ကို ကျယ်ကျယ်ဖွင့်....နားကို ကားကားစွင့်ထားပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းကို မွေးမြူထားပေးလိုက်ပါနော်.........။ ညီမလေးမှာ ပြည့်ဝတဲ့ ကာကွယ်မှုလေးတစ်ခု ပိုင်ဆိုင်လာမှာပါ.......။
ယောကျာင်္းလေး ရော မထိန်းသိမ်းသင့်တော့ဘူးလား။ သဘောက ယောင်္ကျားလေးက နေချင်သလိုနေကြ ပြီး သူတို့ အိမ်ထောင်ကျ ခါနီးမှ အပျိုစင် တွေကို ကောက်ယူလို့ ရတဲ့ သဘောလား လို့  ညီမလေး မေးခဲ့တယ်နော်........။
လူဆိုတာ အတ္တတွေကို ရင်ဝယ်ပိုက်လာကြတဲ့ သူတွေပါ ညီမလေးရေ........။ အကောင်းဆုံးဆိုတာတွေကိုပဲ ပိုင်ဆိုင်ချင်ကြတာ လူသားတွေရဲ့  ဆန္ဒပါ.....။ ဒါပေမဲ့ သက်ရောက်မှုတိုင်းမှာ တူညီတဲ့ တုန့် ပြန်မှုဆိုတာ ရှိတာကို ညီမလေးသဘောပေါက်တယ်မဟုတ်လား.....။ သူတို့ မှာလဲ တူညီတဲ့ တုန့် ပြန်မှုလေးတော့ လက်ခံရရှိသွားမှာပါ.....။ တစ်ခါတစ်လေ သူတို့ ကိုယ်တိုင်တောင် မသိလိုက်နိုင်ပါဘူး.....။ တစ်ခါတစ်လေတော့လဲ အချိန်များစွာ နောက်ကျပြီးမှ ရရှိခဲ့တဲ့ အဖြစ်မျိုးပေါ့ ညီမလေးရယ်......။ သူတို့ တွေ အတွက်ကို တွေးတောနေမဲ့ အစား ကိုယ့်ကိုကိုယ်သာ ကာကွယ်ပြီး စည်းတားထားပါ ညီမလေးရေ......။ ပိုပြီး လုံခြုံပါတယ်...။
မိန်းကလေးတွေကို ယောကျာင်္းလေး တွေက ကောက်ချင်တိုင်း ကောက် ခူးချင်တိုင်း ရွေးခူးလို့ ရပေမဲ့ နင်းချင်တိုင်းနင်း တော့မရဘူးထင်တယ်နော်....လို ညီမလေး ပြောခဲ့တယ်နော်......။
မေကတော့ တစ်ခုကိုမှ လက်မခံဘူး ညီမလေးရေ.......။ ခူးချင်းတိုင်းလဲ ခူးခွင့်မရှိသလို ကောက်ချင်တိုင်းလဲ ကောက်လို့ မရပါဘူး ....။ နင်းဖို့ ဆိုတာ ဝေလာဝေးပေါ့ ညီမလေးရယ်..........။
တန်ဖိုးရှိတဲ့ ပန်းလေးတစ်ပွင့်ကို အလွယ်တစ်ကူ ခူးခွင့်မရသလို တန်ဖိုးရှိတဲ့ မိန်းကလေးကိုလဲ အလွယ်တကူ မရယူနိုင်ပါဘူးညီမလေးရယ်.....။
ကောက်ယူတယ်ဆိုတာ အကြွေပန်းကိုမှ ကောက်ယူခွင့်ရမှာပါ......။ ညီမလေးကသာ အစထဲက တန်ဖိုးရှိတဲ့ ပန်းလေးတစ်ပွင့်အဖြစ် ပင်မြင့်ထက်မှာ လှလှပပပွင့်နေမယ်ဆိုရင် သူ့ မှာ ကောက်ယူနိုင်ဖို့ ရာ အခွင့်အရေး မရှိပါဘူးနော်..........။
ကောက်ယူနိုင်ဖို့ တောင် အခွင့်အရေးမရှိရင် နင်းချဖို့  ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ ညီမလေးရေ..........။
ညီမလေးရေ...................။
ပန်းဆိုတာ ခူးယူဖို့  ၊ ကောက်ယူဖို့  ၊ နင်းချဖို့  အတွက်သာ ပွင့်လာရတာ မဟုတ်ပါဘူး....။ ပန်းဆိုတာ တန်ဖိုးထားသူတွေအတွက် တန်ဖိုးရှိတဲ့ ရတနာပါ..........။ လှပရင်လှပသလောက် ၊ တန်ဖိုးထားတတ်ရင် တန်ဖိုးထားတတ်သလောက် အမြင့်စံပြီး လောကကြီးကို အလှဆင်ပေးနိုင်တဲ့ ရတနာပါ.......။ အမုန်းတွေကို ချေဖျက်ပေးနိုင်တာလဲ ပန်းတွေပါပဲ....။ ချစ်ခြင်းတွေကို သယ်ဆောင်ပေးတာလဲ ပန်းတွေပါပဲ ညီမလေးရေ.....။ လောကကို အလှဆင်ပြီး လောကကြီးသာယာ လှပအောင် ဖန်တီးပေးတာလဲ ပန်းလေးတွေရဲ့  အစွမ်းပါပဲ ညီမလေး.............။
ညီမလေးဟာ သဘာဝက ပေးလာတဲ့ အထိအကြွေလွယ် ပန်းလေးတစ်ပွင့် ဖြစ်လာခဲ့မယ်ဆိုရင်လဲ ဝမ်းနည်းနေဖို့ မလိုသလို ကိုယ့်ဘဝကို မကျေမနပ် ဖြစ်နေစရာလဲ မလိုပါဘူးနော်..........။
ညီမလေးရရှိနေတဲ့ ဘဝလေးမှာ အမြင်တင့်ပြီး တန်ဖိုးရှိတဲ့ အခြေအနေနဲ့  မြင်သူတကာ အားကျ အတုယူနိုင်ဖွယ်ရာ လှပတဲ့ ပန်းတစ်ပွင့် အဖြစ်နဲ့  ရပ်တည်နိုင်အောင် ကြိုးစားလိုက်ပါညီမလေး.....။
ပန်းသတင်းလေညှင်းဆောင်ပြီး လှပအဖိုးတန်းပန်းတစ်ပွင့်ရှိနေကြောင်းကို လေပြေလေညှင်းတွေက ဖော်ကြူးဖွင့်ဆိုပြမှာပါ.........။ ဝဲပျံလာမဲ့ အတုအယောင်ပျားပိတုန်းတွေရဲ့  လက်က လွတ်အောင်ကိုတော့ အလိမ္မာနဲ့  ရှောင်ရှားရမယ်နော်.........။
ညီမလေးရေ...........
ခုလောက်ဆိုရင် ညီမလေးရဲ့  တန်ဖိုးရှိလှတဲ့ ဘဝလေးကို သဘောပေါက်လောက်ပြီထင်တယ်နော်....။ ညီမလေးရရှိထားတဲ့ အဖိုးတန်ပန်းတစ်ပွင့်ရဲ့  ဘဝလေးကို တန်ဖိုးထား မြတ်နိုးရမှန်း သိပြီပေါ့နော်........။
ညီမလေးကိုယ် ညီမလေး ကာကွယ်ထိန်းသိမ်းရမယ်ဆိုတာလဲ သိပြီပေါ့နော်............။
မေ့ညီမလေး အဖိုးတန် ပင်မြင့်စံ ပန်းတစ်ပွင့်အဖြစ်နဲ့  လှပစွာ ဖူးပွင့်နိုင်ပါစေလို့  မေ ဆုတောင်းပေးလိုက်တယ်နော်.........။
**************မေသဇင်*******************