Home / All post
ဘာလဲအချစ်ဆိုတာ
အချစ်ဆိုတာ ဘာလဲ
၁။ အချစ်ဆိုတာ သဲနာရီနဲ့ တူတယ်။ သံယောဇဉ်တွေ အသည်းနှလုံးထဲ ပြည့်သွားရင် ဦးနှောက်ထဲမှာ ဗလာချည်း သက်သက်ပဲ ကျန်တော့တယ်။ (ဂျူလိစ်ရေးနောက်)
၂။ အချစ်ဆိုတာ လိပ်ပြာနဲ့ တူတယ်။ ပျော်ရွှင် ကျေနပ်မှု ပေးနိုင်တဲ့ အရပ်ကို ပျံသန်းပြီး အဲဒီအရပ်ကိုလည်း တဖန် ပြန်လည် ပျော်ရွှင် ကြည်နူးစေတယ်။ (အမည်မသိ)
၃။ အချစ်ဆိုတာ လူနှစ်ယောက်ကြားက ခွဲခြေ ဖျက်ဆီးပစ်လို့ မရတဲ့ ကျောက်တုံးနဲ့ တူ တယ်။ (လီလီယန်)
၎။ အချစ်ဆိုတာ ဘာအကြောင်းပြချက်မှ မလိုပဲ ပေးရတဲ့ နှင်းဆီနီ လှလှလေး တစ်ပွင့်နဲ့  တူတယ်။ (မီဂန်အက်စ်)
၅။ အချစ်ဆိုတာ အဆုံးအစ မရှိ စီးဆင်းနေတဲ့ မြစ်တစ်စင်းနဲ့  တူပြီး အချိန်ကြာလာတာနဲ့  အမျှ ပိုပို ကောင်းလာတယ်။ (မောရိုက်စ်)
၆။ အချစ်ဆိုတာ ပန်းတိုင်မရှိတဲ့ ခရီးတစ်ခုနဲ့  တူတယ်။ (ဆီလီနာ သောမက်စ်)
၇။ အချစ်ဆိုတာ အပြန်အလှန် ပေးရတဲ့ ပျော်ရွှင်မှု တစ်မျိုးပဲ ဖြစ်တယ်။ (အမည်မသိ)
၈။ အချစ်ဆိုတာ အခက်အခဲ တွေ့ တိုင်း လမ်းသစ်ဖောက်ပြီး စီးဆင်းသွားတဲ့ နဒီ (မြစ်) တစ်စင်းနဲ့  တူတယ်။
၉။ အချစ်ဆိုတာ မိမိ ကိုယ်ကို အနှေးကွေးဆုံး သတ်သေနည်းပဲ ဖြစ်တယ်။ (ဗက်စ်ကွီစ်)
၁၀။ အချစ်ဆိုတာ လျစ်လျူရှု ဥပေက္ခာပြုလို့ မရတဲ့ ရာသီဥတုနဲ့  တူတယ်။ (ကတ်ဝက်ဆင်)
Valentine Day သင်္ကေတ
မြားနတ်မောင်
ရောမလို Cupid လို့ ခေါ်တဲ့ မြားနတ်မောင်ကို ဂရိတွေက Eros လို့ ခေါ်တယ်။ ဗီးနပ်စ် နတ်ဘုရားမရဲ့ သားပေါ့။ လေးနဲ့ မြား ကိုင်တဲ့ ပူတူတူး နတ်သားလေးပါ။ သူ့  မြားစာမိတဲ့သူ ဟာ အချစ်စိတ်တွေ ၀င်လာတော့တယ်။ ဒါကြောင့် Cupid နတ်သားဟာ ချစ်သူတွေ ချစ်မိ ကြိုက်မိခြင်းရဲ့ လက်သည်လို့ ယူဆကြတယ်။ တစ်ယောက်ကို တစ်ယောက် ချစ်မိရင် မြားနတ်မောင်ရဲ့ အချစ်မြား စိုက်တယ်လို့  ဆိုပြီး ပြောလေ့၊ သုံးနှုန်းလေ့ ရှိကြတယ်။
နှင်းဆီ
နှင်းဆီဟာ ကမ္ဘာတစ်ဝှမ်းလုံးက အချစ်ရဲ့ သင်္ကေတ အဖြစ် အသိအမှတ်ပြုထားတဲ့ ပန်း တစ်မျိုးပါ။ နှင်းဆီကို အချစ်၊ ငြိမ်းချမ်းမှု၊ ခင်မင်မှု၊ သံယောဇဉ်ရဲ့ သင်္ကေတအဖြစ် အဓိ ပ္ပာယ် ဖွင့်ဆို ထားကြတယ်။ နှင်းဆီပန်းဟာ အရောင် အမျိုးမျိုး ရှိတယ်။ အနီရောင် အပါအ၀င် အဖြူ၊ အ၀ါ၊ ပန်းရောင် စသဖြင့် ရှိကြတယ်။ အများက သတ်မှတ်ထားကြတဲ့ အဓိပ္ပာယ်ကတော့ အနီက ရမ္မက်၊ အ၀ါက ခင်မင်မှု၊ အဖြူက အချစ်စစ်နဲ့  သစ္စာတရားတို့ ကို ဖော်ညွှန်းတယ်။
အသည်းပုံစံများ
များသောအားဖြင့် ချစ်သူတွေဟာ တစ်ယောက်နဲ့  တစ်ယောက် ချစ်ကြောင်း ပြသတဲ့ အရာအားဖြင့် အသည်းပုံစံလေးတွေ ပေးကြ တယ်။ အသည်းပုံစံ သကြားလုံးက အစပေါ့။ အသည်းကို မြားစိုက်တဲ့ပုံစံလေးတွေဟာ Valentine Day မှာ အပေးများတဲ့ လက်ဆောင်လေးတွေပဲ ဖြစ်ပါတယ်။
ဖဲကြိုးလေးများ
ဖဲကြိုးလေးတွေဟာလည်း ချစ်ခြင်းကို ဖော်ညွှန်းတဲ့ အထိမ်းအမှတ်တွေပါပဲ။
ချစ်ခြင်းကိုယ်စားပြု ပန်းများ
အနောက်တိုင်းတွေမှာ အချစ်နဲ့  ပတ်သက်ပြီး ဖော်ညွှန်းထားတဲ့ ပန်းလေးတွေ ရှိပါတယ်။ မိမိဆိုလိုချင်တာကို ပန်းလေးတွေနဲ့  ဖွင့် ဆိုကြတဲ့ ဓလေ့ ရှိပါတယ်။ ခဏအနေနဲ့  တစ်ရက် တာ အငှားသုံးစွဲချင်ရင်တော့ အားလုံး အဆင်ပြေစေဖို့ ရယ်၊ ၀ယ်ရတာ လွယ်စေဖို့  နှင်းဆီပန်း တစ်မျိုးတည်းကိုပဲ ဖော်ပြလိုက်ပါတယ်။
အနီ - ကိုယ်က မင်းကို ချစ်တယ်။ (I Love You)
အဖြူ` - အဆုံးအစမရှိတဲ့ အချစ်၊ အပြစ်ကင်းစင်ခြင်း
အ၀ါ - ခင်မင်မှု၊ မနာလိုဝန်တိုမှု
ပန်းရောင် - ပြီးပြည့်စုံသော ပျော်ရွှင်မှု၊ ကျေးဇူးပြုပြီး ငါ့ကို ယုံကြည်ပေးပါ။
အနက် - သေမင်း

ပျော်စရာ cartoon လေးတွေပါ...........
မျောက်များပုံပြင်
ကျွန်တော့်ဘလော့ဂ်မှာ မျောက်များပုံပြင်ဆိုပြီး ဆရာအော်ပီကျယ်ရဲ့ ကာတွန်းလေးကို တင်ပေးခဲ့ဖူးပါတယ်။ အောက်ဆုံးမှာ မှတ်ချက်ကလေးရေးပြီးတော့တောင် အဲဒီကာတွန်းလေးက ကောင်းလွန်းလို့ မူလသရဖူမဂ္ဂဇင်းမှာပါတဲ့အတိုင်း စကင်ဖတ်ပြီး တင်ပေးချင်တာလို့ ရေးခဲ့ပါသေးတယ်။ ဟော... အခုတော့ ကိုယ်တိုင်တောင် စကင်ဖတ်စရာမလိုတော့ဘူး။ ဒီနေ့ ကျွန်တော့်အီးမေးလ်ထဲကို ဖော်ဝပ်(ဒ)မေးလ်အနေနဲ့ ရောက်လာပါတယ်။ ဘယ်လောက်များ ပျော်စရာကောင်းလိုက်သလဲနော်။ အစကတော့ တွေးပါသေးတယ်။ ဖော်ဝပ်(ဒ)မေးလ်တောင် ပို့နေကြပြီဆိုတော့ တစ်ယောက်ဆီကိုတစ်ယောက် လက်ဆင့်ကမ်းပြီး အားလုံးသိပြီး၊ ဖတ်ပြီးဖြစ်နေလောက်ပြီ။ တင်ပေးမနေတော့ပါဘူးလို့။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင်ကိုက သဘောကျလွန်း၊ ကြိုက်လွန်းတဲ့အတွက် အခြားလူတွေ ဖတ်သည်၊ မဖတ်သည်ထက် နောင်တစ်ချိန်မှာ ကျွန်တော်ပြန်ဖတ်တဲ့အခါ အဆင်သင့်ရှိအောင်ဆိုပြီး တင်ပေးလိုက်ပါတယ်။ ဖတ်ဖူးပြီးတဲ့လူတွေလည်း ထပ်ဖတ်လို့ရပါတယ်။ မဖတ်ရသေးတဲ့လူတွေအတွက်တော့ သဘောကျမယ်လို့ မျှော်လင့်ရင်းနဲ့ပါ။ အောက်မှာ ခံစားနိုင်ကြပါပြီ။

သင်ပုန်းကြီးဖတ်စာ ကာတွန်းများ
အင်တာနက်စာမျက်နှာတစ်ခုကနေ ကူးထားတာအတော်ကြာပါပြီ။ ကွန်ပျူတာထဲမှာပြန့်ကြည့်တိုင်း သဘောကျမိ၊ ပြုံးမိ၊ ကြည်နူးမိတာမို့ တင်ပေးလိုက်တာပါ။ ကာတွန်းဒီရေရဲ့ ဒဂုံသင်ပုန်းကြီးဖတ်စာကာတွန်းတွေ ဖြစ်ပါတယ်။ အမောအပန်းပြေ ရယ်မောပျော်ရွှင် နိုင်ကြပါစေဗျာ။

အားလုံးပျော်ရွှင်ကြ
Subscribe to:
Posts
(
Atom
)
kothu1987@gmail.com. Powered by Blogger.