Pages

Friday, December 23, 2011

ယောင်္ကျားလေးတွေ ရည်းစားများများထားတာက.

၁။ ရှေးလူကြီးတွေအဆိုမိန့်တွေရှိတယ်မဟုတ်လား ယောက်ျားကောင်းတော့ မောင်းမတစ်ထောင်တဲ့ ယောက်ျားကောင်းမဖြစ်မှာဆိုးလို့ ရည်းစားများရတာပါ ။ ၂။ တယောက်ထဲထားပြီး ရွေးချယ်ရမှာထက် အများကြီးထားပြီးရွေးချယ်ရတာက ပိုကောင်းပါတယ် ။ ၃။ ယောက်ျားလေးတယောက်ဟာ ရည်းစာများလေလေ ဘ၀ရဲ့ အကောင်းဆုံးဖော်မွန်ကို ရွေးချယ်နိုင်ခွင့် များလေလေဘဲ။ ၄။ ရည်းစားများများထားဘူးတဲ့ ယောက်ျားလေးဟာ ရည်းစားမထားဘူးတဲ့ မိန်းကလေးတွေရဲ့စိတ်ကို မှန်ကန်အောင်အကဲခက်နိုင်စွမ်းများလေဘဲ။ ၅။ ဘယ်ရည်းစားက ကိုယ်ဘ၀အတွက် အကောင်းဆုံးဖြစ်မလဲဆိုတာလေ့လာပါ စမ်းသပ်ပါ ပြီးရင်အကောင်းဆုံးကို ရွေးချယ်ပါ ...ကျနော်တို့ ယောက်ျားလေးတွေဆိုတာက မိန်းမတယောက်ယူပြီးသွားရင် မိဘဆွေမျိုးသားချင်းတွေတောင် ပြန်လှည့်မကြည့်နိုင်ဘူလေ... ရသမျှ သူတို့ကို အကုန်အပ်ရမှာမဟုတ်လား ...တသက်လုံးလဲ လုပ်ကျွေးရမယ်...အဲဒီတော့ မယူခင်ထဲက သေချာလေး လေ့လာပါ စမ်းသပ်ပါ သူအသိုင်းဝိုင်း ကိုယ့်အသိုင်းဝိုင်း ညှိလို့ရမရ ဖြစ်နိုင်မဖြစ်နိုင်.....မယူခင်ထဲက မဖြစ်နိုင်ဘူးဆိုရင်တော့ နောက်တယောက်ရှာထား..... ယူပြီးသွားရင်တော့ ကျနော်တို့ မြန်မာလူမျိုတွေရဲ့ တလင် တမယားစနစ်ကိုဘဲ ကျင့်သုံးပါ ....မယူခင်ကြိုက်သလောက်ထားလို့ရတယ်နော်... ယူပြီးသွားရင်တော့ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ကိုယ့်ဇနီးမယားကိုဘဲ ကြင်နာပါ ၊ ချစ်ခင်ပါ ၊ဂရုစိုက်ပါ....ဘာအကြောင်းနဲ့မှ ကွဲကွာတာ မဖြစ်စေပါနဲ့ .... ဒီ တယောက်မကောင်းလို့ နောက်တယောက်ပြောင်းလို့မကောင်းတော့ပါဘူး.....လူတိုင်းမှာ အားနည်းချက်တွေ ကိုယ်စီရှိကြစမြဲပါ.... အဲဒီ အားနည်းချက်တွေကို ခွင့်လွှတ်နိုင်အောင်ကြိုးစားပါ.... အကောင်းဘက်ကကြည့်ပါ..စိတ်ဆိုးနေတုန်းမှာ ဘာမှမလုပ် ဘာမှမပြောဘဲ တနေရာသာ ရှောင်ထွက်သွားလိုက်ပါ.... အကျင့်စရိုက်ဆိုတာ အဖြူရောင်စာရွက်နဲ့တူတယ်..တစ်ခါစွန်းထင်သွားရင် ပြန်ဖြူအောင်လုပ်ဖို့ ခဲယဉ်းပါတယ်...အဲဒီတော့ ဘာမှမစွန်းထင်ပါစေနဲ့နော်.... အမှားပါရင်ခွင့်လွှတ်ပါ

No comments:

Post a Comment