Pages

Friday, December 23, 2011

မျက်နှာအနေအထားလေးပါ

(၁) မျက်နှာထားအလွန်တင်း၏။ (၂) အလွန်မောက်မာ၏။ (၃) သူတပါးအား မျက်မှောင်ကြုတ်ကြည့်လေ့ရှိ၏။ (၄) ဘယ်တော့မှမပြုံး။ (၅) သူတစ်ပါးအား ဘယ်တော့မှ စိတ်ဝင်စားမှုမရှိ။ (၆) အမြဲတမ်းမေးစေ့ကို ပင့်ထားလေ့ရှိသဖြင့် နှုတ်ခမ်းမှာ တင်းတင်းစေ့ထားလေ့ရှိပြီး မဆိုင်သလိုမျက်လုံးများ အေးစက်သောမျက်လုံးများ မျက်လုံးစိမ်းများနှင့် ကြည့်လေ့ ရှိ၏။ (၇) သူတစ်ယောက်ထဲ အေးစက်စိမ်းကားစွာနေလေ့ရှိ၏။ (၈) သူတစ်ပါးအား အလေးထားမှုမရှိ။ (၉) သူတစ်ပါးထက် သားသားနားနား သေသေသပ်သပ်(စမတ်ကျကျ)၀တ်စားလေ့ ရှိ၏။ (၁၀) ဟန်များ ပလွှားမှုကိုနှစ်သက်၏။ (၁၁) အရာရာကိုသူတစ်ယောက်ထဲသာ လျှင်သိတော့သလို ပြုမူလေ့ရှိပြီး၊အသံမြင့်မြင့် ကျယ်ကျယ်လောင်လောင် ပြောဆိုလေ့ရှိ၏။ (၁၂) သူတစ်ပါးစကားအား ဘယ်တော့မှနားထောင်လေ့မရှိ ၊အာရုံထားအလေးပေး ဂရုစိုက် လေ့မရှိ။ (၁၃) သူတစ်ပါးစကားဝိုင်းတွင် အတင်းဝင် ဖြတ်ပြောလေ့ရှိ၏။ (၁၄) သူတစ်ပါးအလေးပေးအာရုံစိုက် မှုကို အမြဲမျှော်လင့်လေ့ရှိ၏။ (၁၅) သူတစ်ပါးထက်ပိုပြီး ဗဟုသုတနှင့်ပြည့်စုံသည်၊ပိုပြီးပညာတတ်သည်၊ပိုပြီး အဆင့်မြင့်သည် ၊ ပိုပြီးကြည့်ကောင်းသည်၊ပိုပြီးကြွယ်ဝသည် ၊အရည်အသွေးပိုရှိသည်၊အစွမ်းပိုရှိသည် ။

No comments:

Post a Comment